← Chapters

အခန်း (၉၀)

Vol. 8 Ch. 90

အခန်း (၉၀)

Vol. 8 Ch. 90

လင်း‌ယောင်က သူမရဲ့‌ ဒေါသ‌ပြေဖို့ အကြိမ်‌ပေါင်းများစွာ လူကြီး၏မျက်နှာကိုကိုက်ခဲ့သည်။ တစ်စုံတစ်ယောက်က ထပ်တလဲလဲ တောင်းပန်လိုက်မှသာ စိတ်ပြန်လျော့သွားသည်။

နှစ်သစ်ရဲ့ ၆ရက်မြောက်နေ့မှာ လက်ထောက်ဒါရိုက်တာကုသည် အနက်ရောင် ခေါင်းစွပ်ဆွယ်တာကို ဝတ်ဆင်ခဲ့သည်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ခြံထဲက ဝါးပင်နဲ့ထင်းရှူးပင်‌တွေကဲ့သို့ ဖြောင့်‌ဖြောင့်ရှည်ရှည်ဖြစ်သည်။သူ့မေးစေ့မှ သွားရာသေးသေးလေးများကို ဖုံးထားလိုက်သည်။

လင်းယောင်က ၈နာရီထိအိပ်ပြီး ထသည်။ပြီးလျှင်မျက်နှာသစ်သည်၊ သွားတိုက်သည်၊ ပြောင်းဆန်ပြုတ်အပူတစ်ခွက်ကို သောက်သည်၊ ကြက်ဥပြုတ်ကို အကာရော အနှစ်ရောစားသည်၊ ခုံရှည်သေးလေးကိုပြတင်းပေါက်ရှေ့ ရွေ့ပြီးထိုင်ခဲ့သည်။ သူမရဲ့အလုပ်သမား အကာအကွယ် လက်အိတ်တွေကို ချွတ်ခဲ့သည်။

စောစောတုန်းက အိမ်မှာ ဘယ်သူမှမရှိသည့်အချိန် သူမသည် နေရာလွတ်တွင် လျှောက်သွားပြီး သွင်းကုန်ပစ္စည်းတွေကို ရွေးထုတ်ပြီး 1950 နဲ့ 1960က အလုပ်သမား အကာအကွယ် လက်အိတ်တွေရဲ့‌ သေတ္တာတစ်ခုကို တွေ့ခဲ့သည်။

ဒီအလုပ်သမား အကာအကွယ် လက်အိတ်များမှာ ချောင်ထိုးခံထားရသည်။ လင်းယောင်မှာ ပျင်းနေခဲ့သောကြောင့် သူတို့ကိုခုထိ သတိမပြုမိခဲ့ပေ။

သေတ္တာထဲမှာ အနည်းဆုံး အလုပ်သမား

လက်အိတ်‌ ထောင်ပေါင်းများစွာရှိသည်။ သူတို့ကိုတစ်နေရာထဲမှာ ပုံထားသည်။ ကျန်းဆွေ့လန်က သူမ၏သား ဆွယ်တာနှင့်ဘောင်းဘီက အရမ်းတိုလွန်းနေတာကြောင့် သူမဆွယ်တာကို ချွတ်ချင်ပြီး သူမသားကို ဝတ်ပေးချင်ခဲ့သည်။

လင်းယောင်သည် သူမမှာ သိုးမွှေး လက်မှတ်တွေ ရှိ‌သေးကြောင်းပြောပြီး အလုပ်ကို လွှဲပြောင်းယူလိုက်သည်။

တကယ်တော့ သူမမှာ ဘာမှမရှိပေ။ ဒါပေမဲ့ သန့်ရှင်းတဲ့ ပန်းကန်တွေ၊ သူမမှာ မရေမတွက်နိုင်တဲ့ အလုပ်သမားလက်အိတ်တွေရှိသည်။ ပိုက်ဆံတော့ မရှိပါ။ သူမက အိမ်မှာအဲ့တာတွေကို မလိုအပ်ပေ။ အဲ့ဒါတွေက လင်းယောင်ရဲ့ အဖိုးတန်ပစ္စည်းတွေ ဖြစ်သည်။

လင်းယောင်သည် တစ်ဒါဇင်အစုံလိုက်ကို ဘောလုံးလို လုံလုံးလေး ထုတ်ပိုးခဲ့သည်။ သူတို့ကို မထုတ်ပိုးခင် သူမသည် သူမအစ်ကိုကို တချို့တဝက်ပေးဖို့ စဉ်းစားထားသည်။ သူမသည် သူတို့ကို ၆ထုတ် သို့မဟုတ် ၇ထုတ်လောက် ထုတ်ပြီးလျှင် သူမသည် ဆွယ်တာအသစ်နှင့် ဘောင်းဘီအရှည်အသစ်ကို ထိုးနိုင်သည်။

လင်းယောင်သည် တစ်မနက်ခင်းလုံး သိုးမွေးဘောလုံးတွေကိုဖြည်ပြီး ချည်လုံး ၂ လုံးဖြစ်အောင် လုပ်လိုက်သည်။

ကုသို့သို့သည် သူ့အဖွားကိုသူ့အား အိမ်ကြီးဆီသို့ သယ်ဆောင် သွားခိုင်းသည်။ ကျန်းဆွေ့လန်က အနည်းငယ်ဝသည့် လူလေးကို ကြက်‌ဥပေါင်းတစ်ပန်းကန်ကျွေးသည်၊ ကလေးအိပ်အောင် ချော့သည်၊ ပြီးနောက် နာရီကို ကြည့်ခဲ့သည်။ နေ့လယ်စာချက်ဖို့ အချိန်ရောက်ပြီ။

ခဏလောက်နားပြီးနောက် ကျန်းဆွေ့လန်သည် ယောက်ချိုတစ်ဇွန်းနဲ့ရေအေးကိုယူပြီး ဇလုံကို ဆေးချလိုက်သည်။ ပြီးနောက် လှီးထားတဲ့ ဂေါ်ဖီရွက်အချို့နဲ့ ဂျုံရွက်နုများကို ရောပြီး ယုန်တွေကို အစာကျွေးရန် ဇလုံထဲသို့ ထည့်လိုက်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က နှင်းပွင့်သေးသေးလေးတွေ အနည်းငယ် ကျခဲ့သည်။ ကုမန်ဆန်သည် လက်ကို ပွတ်လိုက်ပြီး တံမြက်စည်းတစ်လက်ကို ကိုင်ပြီး ခြံထဲကို သန့်ရှင်းရေး စလုပ်သည်။ အိမ်ရှေ့ဝါးတောထဲမှ နှင်းတွေကျလာခဲ့သည်။

အပြင်ဘက်က လေသည် နှင်းပွင့်လေးတွေကို ခြံနေရာအနှံ့ကို မှုတ်ထုတ်လိုက်သောကြောင့် သူတို့လေးတွေက မြေပြင်ပေါ်ကို ကျသွားခဲ့သည်။ ခြံထဲကို သန့်ရှင်းရေးလုပ်ပြီး မနက်ခင်းနှင်းကျခြင်းကြောင့် ချော်လဲလျှင်မကောင်းပေ။

ကုမန်ဆန်သည် ခြံထဲကို အမှိုက်လှည်းပြီးနောက် အမှိုက်ပစ်ဖို့ ထွက်သွားခဲ့သည်။ ကုမန်ဆန်သည် အမှိုက်ပစ်ပြီး အမှိုက်တောင်းတစ်ခုကို ကိုင်၍ ခြံထဲသို့ ပြန်အလာ အကွက်ဆင်း ကုတ်အင်္ကျီနဲ့ ချည်ထည်လက်ရှည် ဝတ်ထားသော ဦးလေးကျန်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့သည်။

ကုမန်ဆန်သည် ကမန်းကတန်း ဦးလေးကျန်းကို အိမ်မှ ကြိုဆိုလိုက်သည်။ ဦးလေးကျန်းက အေးတာကြောင့် လမ်းတစ်လျှောက် မြန်မြန်လာခဲ့သည်။ လေအေးက သူ့လည်ပင်း၊ ခြေတွေ၊ ခြေချောင်းတွေကို ဆက်တိုက် တိုက်ခတ်နေပြီး အရမ်းအေးနေခဲ့‌တာကြောင့် သူက ဘာတစ်ခုမှ မခံစားနိုင်ခဲပေ။

ကျန်းဆွေ့လန်သည် ဂျင်းရည်တစ်ခွက် လုပ်ပြီး ဦးလေးကျန်းကို နွေးသွားအောင် သောက်ဖို့ မေးခဲ့သည်။

ဦးလေးကျန်းသည် လောင်ကု၏ အိမ်သို့ ဝင်လာခဲ့သည်။အရင်င်ဆုံး သူ့ရဲ့လက်တွေကို မီးဖိုမှာ အပူပေးပြီးနောက် ထိုင်ခဲ့သည်။ အစပ်နှင့် သကြားရည်က လည်ချောင်းမှ အစာအိမ်ဆီသို့ ဘူးသေးတစ်ဝက်လောက် သောက်လိုက်ပြီးရောက်သွားကာ လေချဉ်တက်သွားသည်။

ကျန်းဆွေ့လန်က‌ "အရမ်းအေးတယ်။ အစ်ကိုကြီးမြို့ထဲကို မဝင်ခင် ရာသီဥတုကောင်းတဲ့အထိ ဘာလို့မစောင့်တာလဲ"ဟု ညည်းညူခဲ့သည်။

ဦးလေးကျန့်က ပြုံးသည်။ "ရတယ် ငါအဲ့လိုလုပ်လာတာ နှစ်တွေအများရှိပြီ။ ငါ့အမေက အိမ်မှာစားစရာမရှိမှာကို စိုးရိမ်နေခဲ့တယ်။ ဒါကြောင့် သူက ငါ့ကို ခြင်းတောင်းတစ်တောင်း ပို့ခိုင်းလိုက်တာ"

သူက စကားပြောပြီး ဝါးတောင်းထဲက အိတ်ကို မ,ပြီး ပြခဲ့သည်။

အိမ်တွင်စိုက်ထားသော ကြက်သွန်နီတွဲများ၊ ဂေါ်ဖီရွက်၊ကန်စွန်းဥများ၊ တောင်မှိုခြောက်တစ်ခြင်း၊မှိုနက်၊သစ်အယ်သီး စသည်တို့ဖြစ်သည်။

ဦးလေးကျန်းက ထပ်‌ပြောသည်။ "ငါတို့မိသားစုက ဖင်းဇီကလည်း စက်ရုံကိုဝင်ပြီး နယ်မြို့ဓာတ်အားပေးစက်ရုံမှာ အလုပ်လုပ်နေပြီ"

ဖင်းဇီမှာ ဦးလေးကျန်းတို့ မိသားစု၏ ဒုတိယအကြီးဆုံးသားဖြစ်သည်။ သူက ကောင်းကောင်းပညာသင်ကြားခဲ့ပြီး နည်းပညာကျောင်းကို နယ်မြို့မှာ တက်ခဲ့သည်။

ပညာသင်ကြားပြီးနောက် သူ့ကို နယ်မြို့ဓာတ်အားပေးစက်ရုံမှာ ခန့်အပ်ခဲ့သည်။

ကျန်းဆွေ့လန့်၏ မျက်လုံးများတောက်ပလာသည်။

"ဟေး ဒုတိယအစ်ကိုကြီး ဖင်းဇီက လျှပ်စစ်သမားလား?"

"မဟုတ်ဘူး ဒါပေမဲ့ ဓာတ်အားပေးစက်ရုံအဝယ်ဌာနကအဝယ်တော်"

ကျန်းဆွေ့လန့်၏ မျက်လုံးများသည် ပို၍တောက်ပါလာသည်။ " ငါ့ရဲ့မိသားစုက ရဲဘော်ဖြစ်လာပြီ"

"အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး၊ သူက အဝယ်တော်အငယ်စားလေးပါ။ လက်ထောက်ဒါရိုက်တာဖြစ်တဲ့ သို့သို့အဖေလောက်တော့ မကောင်းပါဘူး"

"ဘာပဲဖြစ်ဖြစ်‌လေ။ ဒါက ကောင်းတဲ့အရာပဲ။ ညီမတို့ ပွဲကျင်းပကြရအောင်။ အစ်ကိုကြီး ကျွန်မ ယုန်တစ်ကောင်ကိုသွားသတ်လိုက်ဦးမယ်။ ကျွန်မတို့မှာ အစားအစာကောင်းတွေရှိတယ်"

"ဟေး သို့သို့ဘယ်မှာလဲ။ သူ့ကိုချီပါရစေဦး"

သူ့ကို မတွေ့တာကြာပြီ ဖြစ်သောကြောင့် ဦးလေးကျန့်သည်ဖက်တီးလေးကို တကယ်လွမ်းနေခဲ့သည်။

"အိမ်ထဲမှာအိပ်နေတယ်။ နိုးလာရင်ပြောလိုက်မယ်"

"သို့သို့အဖေက ဘယ်မှာလဲ"

"အလုပ်သွားရတာ။ ပြည်သူ့လုံခြုံရေးဌာနက တရုတ်နှစ်သစ်ကူးမှာလည်း အလုပ်များတာပဲ"

နှစ်ယောက်လုံး ဆူညံနေအောင် စကားပြောနေကြသည်။လင်းယောင်သည် ဦးလေးကျန်း၏ လက်ဖက်ရည်ကို ကုန်တိုင်း ပြန်ပြန်ဖြည့်ပေးနေသည်။

ဖက်တီးလေးကို မွေးကတည်းက လက်ထောက်ဒါရိုက်တာကု၏ မိသားစုဂုဏ်က မြင့်တက်လာသည်။

ကုမန်ဆန်သည် အံဆွဲထဲမှာ ဖွက်ထားတဲ့ ဖန်းကျိုးဝိုင်ပုလင်းကို ဖွင့်လိုက်ပြီး သူ့ရဲ့‌ချွေးမ ကြော်ပေးထားတဲ့ မြေပဲကြော်ကို စားလိုက်သည်။ စားစရာတွေက အရမ်းအရသာရှိပြီး သူတို့က မိသားစုအကြောင်းကိစ္စတွေကို အိမ်ထဲမှာ ပြောခဲ့ကြသည်။

ကျန်းဆွေ့လန့်သည် ပျော်ပျော်ရွှင်ရွှင်နဲ့ ယုန်တစ်ကောင်ကို သတ်လိုက်ပြီး ‌အရေခွံခွာ၍ နှပ်လိုက်သည်။ယူလာတဲ့ အာလူးတွေကို အခွံခွာ နုပ်နုပ်စဉ်း၊ ဆေးပြီး ဝက်ဗိုက်သားထဲကို ထည့်ပြီး နှပ်လိုက်သည်။လင်းယောင်သည် မီးဖိုသို့သွားခဲ့သည်။ ဘဲဥဆားငံသုံးလုံး လေးလုံးလောက်ထုတ်ပြီး အစိတ်စိတ် အမွှာမွှာလှီး၍ ဟင်းတစ်ပွဲလုပ်လိုက်သည်။

ယောက္ခမနဲ့ချွေးမတို့သည် မီးဖိုချောင်ထဲမှာအလုပ်များနေသည်။ အခန်းထဲတွင် စာဖတ်နေသော ကုရှီတုန်းမှာ အော်ပြီးဝင်လာလေသည်။

"အမေ၊ မရီး၊ သို့သို့ထပ်ပြီး သေးပေါက်ချပြန်ပြီ"

လင်းယောင် - "......"

လင်းယောင်မှာ ရွေးချယ်စရာမရှိတော့ပဲ လက်သုတ်ကာ သို့သို့တင်ပါးကို သုတ်ပြီး ဒိုက်ပါလဲရန်သွားရတော့သည်။

ဖက်တီးလေးကို လုပ်ပေးပြီးနောက် ကုရှီတုန်းထပ်ရောက်လာပြန်သည်။

"‌မရီး အစ်ကိုကြီးပြန်လာပြီ။ သူ့ကို သို့သို့

ဒိုက်ပါတွေလဲခိုင်းလိုက်လေ"

လင်းယောင် ခေတ္တမျှ စွံ့အသွားသည်။ ဒီကောင်လေးမလာခင် ဖက်တီးလေးရဲ့ အဝတ်တွေကို လဲပြီးသွားလေပြီ။

ကုရှီတုန်းသည် သို့သို့ရဲ့ ခြေထောက်ဝဝလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကန်နေတာကို တွေ့ရစဉ် သူ့ခေါင်းသူပွတ်ပြီး ရှက်ကိုးရှက်ကန်းနဲ့ မြန်မြန်ပြေးသွားခဲ့သည်။

လင်းယောင်သည် ခြံထဲကို လမ်းလျှောက်ထွက်ခဲ့ပြီး လက်ကို ဆေးခဲ့သည်။ ကုရှီအန်းသည် သူမအတွက် ရေနွေးဖြည့်ပေးခဲ့ပြီး ပဝါတစ်ခုနှင့် ဆပ်ပြာတစ်တုံး ချပေးခဲ့သည်။

လွန်ခဲ့တဲ့ရက်အနည်းငယ်က လင်းယောင်က‌ ဘယ်သူ့ကိုမှစိတ်မကြည်ခဲ့ပေ။

ကျန်းဆွေ့လန့်သည် တစ်ခုခုမှားနေတာကို သတိပြုမိခဲ့ပြီး သိုသိုသိပ်သိပ် မေးလိုက်သည်။ လင်းယောင်သည် ကုရှီအန်းက ဒုတိယကလေး လိုချင်သည်ဟုပြောကြောင်း စိတ်ဆိုးဆိုးနှင့်ပြောခဲ့သည်။

အမေအိုကြီးသည် စိတ်ဆိုးဆိုးနှင့် ကုရှီအန်းကိုဆူကာ ကုမန်ဆန်ကိုပါ ဆူခဲ့သည်။

ယောက်ျားတွေက သူတို့မှာ သားတစ်ယောက်ရှိလည်း မိန်းကလေးကို လိုချင်ကြသည်။ သူတို့က သူတို့ရဲ့ ပျော်ရွှင်မှုကိုပဲ အလေးထားတယ်၊ မိန်းမတွေရဲ့ကျန်းမာရေးကိုကျ ဂရုမစိုက်ကြဘူး။

ယောင်ယောင် သို့သို့ကို အရင်နှစ်ကပဲ မွေးထားတာကို ခုနောက်ထပ် မိန်းကလေးတစ်ယောက် လိုချင်နေပြန်ပြီ!

ကောင်စုတ် ဘာလို့ကောင်းကင်ဘုံကိုပဲ မသွားလိုက်တာလဲ?!

လက်ထောက် ဒါရိုက်တာကုသည် ရှင်းရှင်းလင်းလင်း ရှင်းမပြတတ်။ သူအဲ့လိုဆိုလိုတာ မဟုတ်ပေ။

အိမ်မှာကလေး ဘယ်နှယောက် လိုချင်လဲဆိုတာက ယောင်ယောင်သာ ဆုံးဖြတ်ရမည်ဖြစ်သည်။

သူလင်းယောင် လက်ကို ကိုင်ပြီး နမ်းဖို့ဆင်ခြေလိုက်ရှာနေခဲ့သည်။

"......"

*

နေ့လယ်မှာ ယုန်သားနှပ်တစ်အိုးကို သုံးဆောင်ကြသည်။ အချဉ်ဖောက်ထားသည့် ဂျုံမှုန့်နှစ်မျိုးကို ယုန်သားနှပ်ရယ် ဝက်ဗိုက်သားနဲ့ရောနယ်၊ ပဲပိစပ်အနှစ်နဲ့ သုတ်ပြီး အစိပ်စိပ်အမွှာအမွှာ လှီးပြီး ဘဲဥအငံဆီနှင့်‌ ပေါင်းလိုက်သည်။ အဲ့တာလေးက အရမ်းမွှေးပြီ ဦးလေးကျန်းကို လျှာလည်သွားစေသည်။

တရုတ်နှစ်သစ်ကူးအတွင်းမှာ ဝန်းထဲက အိမ်တိုင်းရဲ့လက်ရာမှာ မဆိုးလှပေ။

အိမ်နီးနားချင်းတွေက ဝန်းထဲမှ အသားနံ့မွှေးမွှေးလေးရသော်လည်း ဘာမှမဖြစ်သလိုပင်။

လျို့အာ့ဆွေ့ တစ်ဦးတည်းသာ ခြံရှေ့ကဖြတ်ပြီး လောင်ကု၏ အိမ် တံခါးငယ်လေးကို ချောင်းကြည့်နေသည်။

လင်းယောင်ကို တွေ့သောအခါမှာတောင် သူကစပ်စုရဲသေးသည်။

"ဟေး နင်တို့အိမ်က ဘာအရသာရှိတဲ့ နေ့လည်စာတွေချက်နေတာလဲ?"

လင်းယောင်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။ "ထွေထွေထူးထူး မဟုတ်ပါဘူး အိမ်ချက်ဟင်းလေးတွေပါပဲ"

လျို့အာ့ဆွေ့သည် သူမပြောခြင်းကို မယုံပေ။သူမထပ်ပြီး အသားနံ့ ရပြန်သည်။ ပြီးတော့ လောင်ကုတို့ အိမ်မှာ ဧည့်သည်ရောက်နေတာ။ အဲ့တော့ ဘာနေနေသူတို့အသားဟင်းစားကြမှာပဲ။

အသား‌အကြောင်းပြောနေစဉ် လျို့အာ့ဆွေ့သည် အရူးတစ်ယောက်လို သွားရည်တွေယိုလာသည်။

ကျန်းတာ့ချန် စတီးစက်ရုံကန်တင်းမှ စားဖိုမှူးကြီးအလုပ်ကို ဆုံးရှုံးသွားသောကြောင့် သူမ၏ ဘဝသည် အဲ့ကတည်းက ထိုးကျသွားခဲ့သည်။ သူမမှာ ဒီနှစ်တရုတ်နှစ်သစ်ကူးအဖို့ ဂျက်ကက်အသစ်ချုပ်ရန် ပိုက်ဆံမရှိပေ။ သားရေရှူးဖိနပ်ကို ခြေထောက်မှာ ဝတ်ဆင်ထားသော်လည်း ခြေစွပ်က အပေါက်ကနေ ခြေမကထွက်နေလေသည်!

သူမသည် ရှက်ရွံစွာနေထိုင်ရင်း သူမ၏ အသားစားချင်စိတ်က ပိုပိုဆိုးလာသည်။

လျို့အာ့ဆွေ့က ပြုံးပြပြီး မေးလိုက်သည်။ " ယောင်ယောင် နင့်အိမ်မှာ ဧည့်သည်တွေ ရှိတယ်မလား၊ အကူအညီလို‌သေးလား?"

ဆိုလိုရင်းကတော့ အလွန်ပင် ရှင်းပါသည်။ ငါကနင်တို့မိသားစုကို ကူညီပေးမယ်။ ပြီးရင် နင်တို့က ငါ့ကို အသားပြန်ကျွေးရမယ်။

အတော်ကို အရေထူသည်ပင်။

လင်းယောင်သည် သူမဘာတစ်ခုမျှ မကြားခဲ့သလို အနောက်ကို ပြန်မကြည့်ပဲ မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။

လျို့အာ့ဆွေ့၏ မျက်နှာမဲ့သွားပြီး ဆဲဆိုပြီး အိမ်ပြန်သွားသည်။

ဦးလေးကျန်းသည် တော်တော်လေး စားသောက်ပြီးနောက် ဘာပစ္စည်းမှ မပါတော့သည့်ဝါးကို ကောက်ပြီး ကျေးလက်ဆီသို့ ပြန်သွားခဲ့သည်။ အမှန်တော့ ကောင်တီကို သည်တစ်ခေါက်လာတာက လောင်ကုတို့ကိုအစားအစာတွေပို့ပေးပြီး သတင်းကောင်းပြောပြရန်အပြင် ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေး သမဝါယမသို့သွားကာ ပြတင်းပေါက်ကပ်စက္ကူဝယ်ရန်ပင်။ အိမ်ပြန်ရောက်သောအခါ ထိုစက္ကူနှင့်ပြတင်းပေါက်ကို ကပ်ရန်ဖြစ်သည်။

ဆောင်းရာသီမှာ နှင်းတွေက အရမ်းကျပြီး လေတွေကလည်း အရမ်းတိုက်သည်။‌ လောင်ကျန်း၏ ပြတင်းပေါက်မှာ ကပ်ထားသည့် စက္ကူများသည် နာရီအနည်းငယ်အတွင်းမှာပဲ ကွာကျသွားခဲ့သည်။ အိမ်ထဲမှာ သူညအိပ်သည့်အခါ သူ၏နားထဲတွင် မကောင်းဆိုးဝါးလိုတစ်ကောင်က ငိုပြီး ခြောက်လန့်နေသလိုမျိုးတွေ ကြားခဲ့၏။

ကုရှီအန်း အလုပ်ကို မြန်မြန်လုပ်ပြီး မြို့မြောက်ဖက်မှာရှိတဲ့ ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေးသမဝါယမဆီသို့ ဦးလေးကျန်းကို စေလွှတ်လိုက်သည်။

ကုချွင်မေသည် အဲ့မှာအလုပ်လုပ်ပြီး ဦးလေးကျန်းသည် သူ့တူမ၏ အကူအညီနှင့် ပစ္စည်းတွေ အများကြီးဝယ်ချင်ခဲ့သည်။

နှစ်သစ်မတ်လမှာ နွေဦးရောက်ရှိပြီး အပင်လေးများက စိမ်းလန်းစိုပြေလာသည်။

ခုတစ်လော ဘာဖြစ်သည်မသိပေ။ တစ်နှစ်ပြည့်ပြီးသောရွှီထန်းယွမ်က ညဆို ငိုပြီး ညသန်းခေါင်လောက်ထိ ပြဿနာရှာ‌‌လေ့ရှိသည်။ တစ်မိသားစုလုံး စိုးရိမ်ပြီး မအိပ်နိုင်ကြပေ။

ကုချွင်မေနှင့် သူ့ခင်ပွန်းတို့သည် သူတို့ကလေးကို ချီပြီး ဆရာဝန်ဆီ သွားပြခဲ့သည်။

ဆရာဝန်က " ဘာမှ မဖြစ်ဘူး ကလေးက ညဆို ကြောက်နေတာ၊ ကလေးကို ပိုပြီး ဂရုစိုက်ပြီး ချော့ပေးပါ" ဟုပြောခဲ့သည်။

လင်မယားနှစ်ယောက်လုံး ရွေးချယ်စရာမရှိပဲ ကလေးကိုခေါ်ပြီး အိမ်ပြန်ခဲ့ကြသည်။ ဒါပေမဲ့လည်း သူတို့ကလေးသည် ညတိုင်း အော်ငိုနေဆဲပဲဖြစ်သည်။

ကုချွင်မေက သူ့သားပြဿနာကြောင့် ပင်ပန်းလာသည်။ဒါကြောင့် သူ့မိဘအိမ် သွားပြီး မိသားစု၏ အကြံပေးချက်တွေ တောင်းခဲ့သည်။

ကျန်းဆွေ့လန်သည် သူမ၏ ပေါင်က်ို ပုတ်လိုက်သည်။

"ငါတို့ရဲ့ကောက်ညှင်းဖက်ထုပ်လေးက လိပ်ပြာလွင့်သွားတာလား?"

ဝိညာဉ်ဆုံးရှုံးခြင်းဆိုတာက ယွင်ရွှေကောင်တီမှာ ဒေသစကားဖြစ်သည်။ ကလေးတွေ ကြောက်လန့်ပြီးသောအခါ လိပ်ပြာလွင့်သွားတတ်ကြသည်ဆို၏။

ကျန်းဆွေ့လန်က ကောင်တီရှိ မိန်းမကြီးတစ်ယောက်ဆီသို့ သူ့မြေးကိုခေါ်သွားခဲ့သည်။ ထိုညတွင် သူမက ရွှီအိမ်နှင့်လမ်းပေါ်တွင် စာကပ်ထားခဲ့သည်။

"ကောင်းကင်ဘုံသခင်၊ မြေကြီးရဲ့သခင် ညဖက်မှာငိုသံတွေရှိနေပါတယ်။ ဒီဟာကို ၃ ခေါက်ဆိုရင် မနက်အထိအိပ်လိမ့်မယ်"

ရလာဒ်အနေနဲ့ အဲ့ညမှာ ရွှီထန်းယွမ်သည် မငိုပဲ အေးချမ်းစွာ မိုးသောက်ချိန်ထိ အိပ်ပျော်ခဲ့သည်။ "ကလေးတွေက ညဆို လန့်ပြီး ငိုတတ်ကြတယ်။ အဲ့ဒါကြောင့် သူတို့စိတ်ငြိမ်ဖို့ လိုတယ်" လို့ ကုရှီအန်းက သိပ္ပံနည်းကျ ရှင်းပြခဲ့သည်။

လင်းယောင် အဲ့တာကို ကြားတဲ့အချိန်မှာ‌ ခေါင်းရှုပ်သွားခဲ့သော်လည်း အဲ့ဒါက လက်ထောက် ဒါရိုက်တာကုအား သူမကို ခြေထောက်ဆေးပေးရန် တောင်းဆိုမှာကိုတော့ မတားဆီးခဲ့ပေ။

"......."

မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုသို့သို့က ဆယ်လလောက် ရှိပြီ။ သူ့ရဲ့ ပါးစပ်သေးသေးလေးထဲမှာ သွားအသေးလေး နှစ်ချောင်းလောက် စပြီး ထွက်လာပါပြီ။‌ လောလောဆယ်‌တော့ အောက်သွားလေးတွေနဲ့မပေါက်သေးသေးပေ။ ကျန်းဆွေ့လန့်၏ ကလေးများကို ပြုစုပျိုးထောင်လာသည့် အတွေ့အကြုံရတော့ အောက်သွားပေါက်ရန် လိုသေးသည်။

ကောင်ကလေးက စကားမပီကလာ ပီကလာတွေပြောတတ်လာပြီး သူကိုယ်တိုင် ထိုင်ခုံကိုကိုင်ပြီး ကိုယ့်ဘာသာကိုယ် မတ်တပ်ရပ်နိုင်နေပြီ။ မိသားစုထဲက လူကြီးတွေ လုပ်တာကို လိုက်အတုယူသည်။ သူ့အမေနောက် တကောက်ကောက်လိုက်ပြီး လက်ဘယ်လိုယမ်းရမည်ကိုသင်သည်။ သူ့အ‌ဖေကို မပီကလာ ပီကလာနဲ့ အစားအစာများကို တောင်းသည်။

လင်းယောင်သည် ကောင်ကလေးကို ဘယ်လိုစကားပြောရမလဲဆိုတာကို သင်ပေးကာ မေမေဟုခေါ်ရန်သင်သည်။ ကုသို့သို့က "မာမား" ဟုပြောလာသည်။

သူ့ကိုဖေဖေဟုခေါ်ရန် သင်ပေးရမည်။

"ပါပါး!"

"မဟုတ်ဘူး။ မာမား"

"မာမား!"

"ယောင်ယောင်စိတ်မဆိုးပါနဲ့။ သားလေးရေ လုပ်ပါဦး။ပါပါးလို့ ခေါ်ပါဦး"

"ပါပါး!"

ဘေး‌တွင်ရပ်နေသော လင်းယောင်နှင့် ကုရှီအန်းမှာ ကြောင်သွားလေသည်။

သူမဘေးရှိ ကုချွင်မေမှာ ဗိုက်ကိုနှိပ်ပြီး ရယ်ရလွန်းလို့ မျက်ရည်များပင် ထွက်လာသည်။

ရွှီရှန်းချန်သည် ဝမ်းသာအားရ ရှေ့တိုးလိုက်နောက်ဆုတ်လိုက်နှင့် သို့သို့ကို သူ့အားဦးလေးဟုခေါ်ရန် နောက်ပြောင်လိုက်သည်။ မထင်မှတ်ပဲ ဖက်တီးလေးသည် အလွန်တရာပီသစွာ "ထို့ဖူး" ဟု အော်လိုက်သည်။

ဒါကလည်း အစ်ကိုကြီးထို့ထို့ကို ပျော်သွားစေသည်။ သူသည် ဖက်တီးလေးကို အမြင့်သို့ မြှောက်လိုက်ပြီး ကုသို့သို့က စိတ်လှုပ်ရှားစွာ ခစ်ခစ်ခစ်ရယ်ကာ သူ့ခြေထောက်များကို ကန်နေရင်း အော်ဟစ်နေသည်။

တစ်ချိန်တည်းမှာပင် လင်းတာ့ကော်နှင့် လီအိုက်ဖုန်းတို့သည် ရုပ်ဖျက်ပြီး ခို‌ဈေးသို့ သွားကာ အဝါရောင် ငါး ၂ ကောင်ကို ရောင်းချကာ လင်ဟုန်ဝူအတွက် ဇနီးမယားရှာရန်နှင့် ဘဝ၏ ပြဿနာကြီးများကို ဖြေရှင်းရန်အတွက် ငွေကိုသုံးရန် စီစဉ်ခဲ့သည်။

အိမ်ရှင်ဟောင်းအိမ်မှ လီအိုက်ဖုန်းရရှိခဲ့သော အဝါရောင် ငါးနှစ်ကောင်အကြောင်းကို ပြောရလျှင် ၁၉၄၉ ခုနှစ်တွင် ရွာမြေကို ခွဲဝေပေးခဲ့ပြီး လယ်သမားများသည် အိမ်ရှင်အိုကြီး၏ သဘောတူညီချက်နှင့် ပိုင်ရှင်များဖြစ်လာကြပြီး၊ အိမ်ပိုင်ရှင်ဟောင်း၏ အိမ်မှာ ရှုပ်ပွနေတော့သည်။

လီအိုက်ဖုန်း အဲဒီကိုသွားတဲ့အခါ အိမ်ပိုင်ရှင်ရဲ့အိမ်မှာရှိတဲ့ ကောင်းမွန်တဲ့ ပရိဘောဂအားလုံးကို ယူသွားကြလေပြီ။ မီးဖိုချောင်ရှိ အိုးခွက်များကိုပင်ယူသွားကာ အသုံးအဆောင်ခန်းမှာ ဘာမှမကျန်ပေ။ အနှစ်အိုးများနှင့် ဆီးအိုးများကိုပါ ယူလေသည်။ ဤအရာများသည် ဆင်းရဲသူများ၏ အမြင်တွင်တော့ အဖိုးတန်သောအရာများပင် ဖြစ်သည်။

ရလာဒ်အနေနှင့် လီအိုက်ဖုန်းသည် ဆီးအိုးထဲတွင် အဝါရောင်ငါးရုပ်လေးတွေကို တွေ့ရှိခဲ့သည်။ အိမ်ရှင်အိုကြီးနှင့် သူ့မိသားစုသည် ထိုအချိန်က ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ဟု မှန်းဆနိုင်သောကြောင့် အိမ်ရှင်အိုကြီးသည် ၎င်းတို့အား ဆီးအိုးထဲတွင် ဝှက်ထားခြင်းဖြစ်မည်။ ထွက်ပြေးသည့်အခါ ၎င်းကို ယူသွားနိုင်သည်။

လီအိုက်ဖုန်းမှာလည်း သူမရဲ့ ကိုယ်ပိုင်နည်းလေးတွေ ရှိသည်။ သူမသည် အုတ်ဖြင့် လုပ်ထား‌သော ကုတင်တွင် ရွှံ့အုတ်နှစ်တုံးကို တိတ်တဆိတ် တူးပြီး အဝါရောင် ငါးများကို အထဲမှာ ဝှက်ထားသည်။

ဆယ်နှစ်ကျော်ကြာအောင် ခံပေသည်။

အဝါရောင် ငါး ၂ ကောင်ကို ၁၅၅ ယွမ်ဖြင့် ရောင်းချခဲ့သည်။ လီအိုက်ဖုန်းသည် ပိုက်ဆံအထပ်လိုက်ကို ယွမ် 258,000 တန်ကြေးရှိသကဲ့သို့ပင် ဆုပ်ကိုင်ထားပြီး လင်းတာ့ကော်နှင့် တိုင်ပင်ရန်ပြင်လိုက်သည်။ သားကိုဘယ်လို ဇနီးမျိုးနဲ့ လက်ထပ်ပေးချင်လဲဆိုတာပင်။

လင်းတာ့ကော်က ဝက်အမြီးကို စားပြီးသွားပါပြီ။ ယခု သူသည် တံမြက်စည်းတစ်ချောင်းကို ကောက်ယူပြီး သွားကြားထိုးနေလေသည်။

"ငါတို့လင်းမိသားစုရဲ့ချွေးမက သီလရှိရမယ်။ လယ်လုပ်ပြီးတော့ အိမ်မှာ ထမင်းချက်ကျွေးရမယ်။ပြီးတော့ ငါတို့ လူကြီးလင်မယား ၂ ယောက်ကိုလည်း ပြူစုရမယ်"

"တင်ပါးကြီးရမယ်။ တင်ပါးကြီးရင် မြေးတွေရနိုင်တယ်။"

“မိသားစုက အရမ်းဆင်းရဲနေလို့ မရဘူး၊ မဟုတ်ရင် ဆင်းရဲသား ဆွေမျိုးတွေ ကျွန်မတို့ အိမ်ဆီ လာလိမ့်မယ်”

လင်းဟုန်ဝူက "အသားမဲပြီး ရုပ်မလှတဲ့ ကောင်မလေးကို ကျွန်တော် မလိုချင်ဘူး၊ ကျွန်တော်က ဆွဲဆောင်မှုရှိတယ် ဒါကြောင့်မလို့ ရုပ်လှတဲ့ကောင်မလေးကိုပဲ ကျွန်တော်က ရွေးမှာ"လို့ထည့်ပြောခဲ့သည်။

လီအိုက်ဖုန်း မျက်နှာသည် ပီတိတွေနှင့် ပြည့်သွားသည်။

"ဟုတ်တယ် ငါ့သား ဟုန်ဝူလေးက ထူးချွန်ထက်မြက်တဲ့ကလေးပဲ။ မိန်းကလေးတွေ အများကြီး ငါ့သားကို လက်ထပ်ဖို့ အပြေးအလွှား လာနေကြတာ၊ ငါတို့က သေသေချာချာနဲ့ ငါ့သားလေးအတွက် ရွေးပေးမှာ"

အဲ့အကြောင်းပြောနေစဉ် လင်းတာ့ကော်သည် အဲ့ကိစ္စနှင့်စပ်လျဉ်းပြီး အတွေးတစ်ခုဝင်လာခဲ့သည်။ " လောင်ဝမ်ကျွမ်းတို့ ဘေးအိမ်က ဝမ်ရှန်းပေါင်က ကောင်မလေးတစ်ယောက်နဲ့ လက်ထပ်ထားတယ်။ အဲ့ကောင်မလေး နာမည်က ဟုတ်ဟွား။ အသက်က ၁၈ ဒါမှမဟုတ် ၁၉လောက်ပဲ၊ သူမက အရမ်းလှတာ ဘာမှကိုပြောစရာမရှိဘူး။ ဝမ်ရှန်းပေါင်က သားကလေးတစ်ယောက် မမွေးခင် မိန်းကလေးငါးယောက် အရင်မွေးခဲ့တာ။ သူတို့မိသားစုမှာ အဲ့သားက အဖိုးတန်တဲ့ ကလေးပဲ။ အဲ့တစ်ဦးတည်းကပဲ သုံးခုမြောက်မျိုးဆက်ကို အမွေဆက်ခံရမှာ။ မိန်းကလေးတွေက လက်ထပ်သွားပြီ။ သားကိုတော့မိန်းမတင်တောင်းဖို့ ပိုက်ဆံတွေ ပေးလိုက်တယ်တဲ့"

လီအိုက်ဖုန်းသည် အဲ့လိုမိသားစုမျိုးကို မကြိုက်ပေ။

"အဲ့မိသားစုက အရမ်းဆင်းရဲတာ။ အကျင့်မကောင်းပြီး မာနကြီးတဲ့ သူကိုလက်မထပ်နဲ့။ သားမိသားစုကို ထောက်ပံ့ပေးနိုင်မှာ မဟုတ်ဘူး"

လင်းဟုန်ဝူက မပျော်ခဲ့ပေ။ ဝမ်ရှန်းပေါင်တို့ မိသားစု၏ ယောက္ခမက အပေါက်ဆိုးသည့် မိန်းမကြီးဖြစ်သည်။ သူ့သမီးသည် သူ့အမေလိုလူမျိုး။ အဲ့ဒါကိုဘယ်လိုသည်းခံရမလဲ?

လီအိုက်ဖုန်းက စက်ဆုပ်နေလေသည်။

“လုပ်ရဲရင်လုပ်ကြည့်ပေါ့။ ငါတို့လင်းမိသားစုကိုလာရင် လင်းမိသားစုရဲ့ စည်းကမ်းကို နာခံရမယ်။ ရွာမှာရှိတဲ့ ချွေးမတွေအားလုံးက အတူတူပဲ။ ဝမ်မိသားစုက ကောင်မလေး ဝင်လာလို့ကတော့ ငါ့စကားနားမထောင်ရင် မင်းကို ငါရိုက်မယ်!"

လင်းဟုန်ဝူက ဘာသိဘာသာနဲ့ ခေါင်းညိတ်လိုက်သည်။

အိမ်ထောင်သည် ချွေးမကို ဘိုးဘေးတို့အား မပေးသင့်သလို နှစ်ရက်တစ်ကြိမ် ရိုက်နှက်ခြင်းလည်း မပြုသင့်ပါ။ မယားကို ရိုက်နှက်လိုက်လျှင် တစ်သက်လုံး တစ်ယောက်တည်းဖြစ်ပေမည်။

လင်းတာ့ကော်နှင့် သူ၏ဇနီးသည် သဘောတူညီမှုတစ်ခုရရှိခဲ့ပြီး သမ်းဝေ၍ အိမ်သို့ပြန်သွားကာ နောက်နေ့တွင် စုံစမ်းရန်ရန် လောင်ဝမ်ကျွမ်းသို့သွားခဲ့သည်။

လင်းတာ့ကော်၏ ခြေထောက်များသည် အနံ့အသက်များထွက်ကာ သူက ရေမဆေးဘဲ ကုတင်ပေါ်တက်ချင်သည်။

လီအိုက်ဖုန်းက သူ့ကို ခြေဆေးဖို့ မောင်းထုတ်ခဲ့ပြီး အခန်းထဲမှာ ဘယ်သူမှ မရှိချိန်မှာတော့ သူမရဲ့ ခါးပိုက်ထဲမှ ယွမ် ၁၅၀ ကို သစ်သားပုံးထဲမှာ ထည့်ထားခဲ့ပါသည်။ ရိက္ခာ၊ ငွေနှင့် ပြေစာအားလုံးကို အိမ်တွင် ထားခဲ့သည်။ ဤသစ်သားပုံးထဲတွင် သော့ကို သူမ၏ဘောင်းဘီခါးတွင် ချိတ်ထားသည်။ လီအိုက်ဖုန်းက အိပ်နေရင်တောင် မချွတ်ပေ။ လင်းတာ့ကော်သည် သူမနှင့် ဆယ်စုနှစ်များစွာ ပေါင်းသင်းခဲ့ပြီး အရက်သောက်ရင်း တစ်ကြိမ်မျှ မခိုးယူဖူးပါ။

သူမရဲ့ အချစ်ဆုံးသားလေးက အိမ်ထောင်ပြုတော့မှာ ဖြစ်ပြီး လီအိုက်ဖုန်းဟာ ​​သူမရဲ့ အိပ်မက်တွေထဲမှာတောင် ရယ်မောနိုင်ပါသည်။

ယခုပင် လင်းဟုန်ဝူသည် လီအိုက်ဖုန်း၏ လက်ထဲမှ ငါးယွမ်ကို ထုတ်ယူလိုက်သည်။ ပိုက်ဆံယူပြီးမှ အိမ်ပြန်အိပ်လိုက်ရင်း ငါးယွမ်ကို ဘယ်လိုသုံးရမလဲဆိုတဲ့ စိတ်တွေ ပြည့်နှက်နေသည်။

အားလပ်ရက် တစ်ရက်အတွက် မြို့သို့သွားရန် ငါးယွမ်က လုံလောက်ပါသည်။ သူသည် လျှော့စျေးပိတ်ပါးစပဝါကို ဝယ်ရန် ပစ္စည်းတင်သွင်းခြင်းနှင့် စျေးကွက်ဖြန့်ချိရေး သမဝါယမသို့ သွားကာ မုဆိုးမ'စု'ထံ ပို့လိုက်သည်။ မုဆိုးမစုနှင့် လင်းဟုန်ဝူတို့မှာ တွဲခုတ်နေကြလေသည်။ မုဆိုးမစုမှာ တင်ပါးကြီးကြီးတွေ ရှိသည်။ သူမရဲ့ ဆူဖြိုးနေတဲ့ ရင်သားတွေကြောင့် လင်းဟုန်ဝူဟာ သူမနဲ့ ကုတင်ပေါ်က ကိစ္စများဆောင်ရွက်ဖို့ ရက်အနည်းငယ်တိုင်း မြို့ကိုသွားပြီး ကာမစည်းစိမ်ကိုခံစားလေသည်။

လင်းဟုန်ဝူသည် ခေါင်းအုံးအောက်တွင် ငါးယွမ်ထည့်ကာ သီချင်းတစ်ပုဒ်ကို ညည်းရင်း အိပ်ပျော်သွားသည်။

နောက်တစ်နေ့တွင် လင်းဟုန်ဝူသည် မြို့ထဲသို့သွားကာ အမှောင်ထဲတွင်ရှိနေသည့် လီအိုက်ဖုန်းမှာ အဝတ်အစားများလဲကာ ဝမ်ရှန်းပေါင်တို့ မိသားစုအကြောင်း စုံစမ်းရန်ရန် လောင်ဝမ်ကျွမ်းသို့ သွားလေသည်။

လီအိုက်ဖုန်းသည် လောင်ဝမ်ကျွမ်းအနီးတစ်ဝိုက်တွင် ခိုးကြောင်ခိုးဝှက်နေပြီး စကားအနည်းငယ်ပြောရုံဖြင့် ဝမ်ရှန်းပေါင်၏ အသေးစိတ် အချက်အလက်များကို သိရှိသွားခဲ့သည်။

ဝမ်ရှန်းပေါင်သည် ယခုနှစ်တွင် အသက်ငါးဆယ်ရှိပြီဖြစ်သည်။ သူ့မိသားစုသည် လယ်ယာလုပ်ငန်းကို အစဉ်အဆက် လုပ်ကိုင်လာခဲ့သည်။ ထိုမိသားစုတွင် လူဦးရေ များပြားပြီး သမီးငါးဦးနှင့် သားတစ်ယောက် စုစုပေါင်း ပါးစပ်ခြောက်ခုရှိသည်။ ဝမ်ရှန်းပေါင်နဲ့ သူ့မိန်းမက မြေကြီးတူးပြီး အလုပ်လုပ်ဖို့ပဲ အားကိုးသည်။ အလုပ်ရမှတ်များက အလွန်ပင်နည်းလေသည်။

ဝမ်ရှန်းပေါင်သည် မသန်စွမ်းသူ ဖြစ်နေသေးသည်။ သူ့ကို ယခင်ခေတ်တွင် မွေးဖွားခဲ့သည်။ ထိုအချိန်က သူ့မိသားစုအားလုံးသည် မြေပိုင်ရှင်များအတွက် နှစ်ရှည်အလုပ်သမားများအဖြစ် လုပ်ကိုင်ခဲ့ကြသည်။ သူတို့သည် တစ်နေကုန် အလုပ်လုပ်ပြီး အိမ်တွင် ကလေးများကို မပြုစုနိုင်ပေ။

ဝမ်ရှန်းပေါင်၏ မိခင်သည် ဝမ်ရှန်းပေါင် ကို မြေအောက်ခန်းထဲတွင် ရိုက်နှက်ခဲ့သည်။ ရလာဒ်အနေနှင့် မိသားစုမှ မွေးမြူထားသော ဝက်များသည် တွင်းထဲမှ ပြေးထွက်လာပြီး မြေအောက်ခန်းထဲတွင် ဝမ်ရှန်းပေါင်၏ ငိုသံကို ကြားလိုက်ရသည်။ သူတို့သွားတော့ ဝမ်ရှန်းပေါင်၏ ခြေထောက်တစ်ဖက်မှာ ဝက်များကိုက်ဝါးခံလိုက်ရလေပြီ။

ထိုအချိန်မှစ၍ ဝမ်ရှန်းပေါင်သည် ထော့နဲ့ထော့နဲ့ လျှောက်ခဲ့ရပြီး သူမွေးထားသော မိန်းကလေးငါးယောက်က‌တော့ လှပလေသည်။ ထို့အပြင် ဝမ်မိသားစုမှ မိန်းကလေးများနှင့် လက်ထပ်ရန်မှာ ဈေးသက်သာပြီး ၎င်းတို့ကို ယွမ်နှစ်ဆယ်ဖြင့် ခေါ်သွားနိုင်သည်။

ယခုအချိန်မှစ၍ ဝမ်ဟုန်ဟွား အသက်ရှင်သည်ဖြစ်စေ သေဆုံးသည်ဖြစ်စေ ဝမ်၏မိသားစုနှင့် ဘာမှမသက်ဆိုင်တော့ပေ။

ဤစျေးနှုန်းက လီအိုက်ဖုန်းကို အလွန်စိတ်လှုပ်ရှားစေသည်။

*

ရှင်းကျန်းရှိ ဂိုဘီ သဲကန္တာရသည် ယခုနှစ်တွင် အံ့သြစရာကောင်းလောက်အောင် အေးနေသည်။

ယခင်နှစ်များက ဂိုဘီ သဲကန္တာရသည် အေးခဲသော်လည်း မတ်လနှင့် ဧပြီလတွင် ပိုပူလာသည်။ ယခုနှစ် မတ်လလယ်တွင် ဂိုဘီ သဲကန္တာရတွင် နှင်းထူထပ်စွာကျဆဲဖြစ်သည်။ အပြင်မှာ နှင်းတွေက ခြေကျင်းဝတ်အထိ ရောက်သည်။ မရှင်းရင် စစ်သားတွေက အဲဒီမှာပဲ နေတော့ မြေအောက်စခန်းပြိုကျတော့မည်။

လင်းရိသည် စစ်အင်္ကျီ၊ လက်အိတ်နှင့် ဦးထုပ်တို့ကို ၀တ်ဆင်ထားကာ အေးခဲနေသည့်ကြားတွင် နှင်းများကိုနည်းနည်းချင်း တူးနေလေသည်။

သူ့ဘေးနားက စစ်သားငယ်လေးက သူ့ခြေထောက်ကို ဆောင့်နင်းလိုက်သည်။ "ဒီနှစ် ဘာဖြစ်နေတာလဲ။ ဂိုဘီ သဲကန္တာရမှာ ဘာလို့ ဒီလောက်အေးနေရတာလဲ"

"ဘယ်သူသိမှာလဲ။ ရာသီဥတုက နှစ်တိုင်းပြောင်းနေတာ"

"ညက ခြေဖဝါးတွေ အေးခဲပြီး အိပ်လို့တောင်မပျော်ဘူး"

"ငါရောပဲ။"

လင်းရိ၏ မျက်တောင်များသည် နှင်းခဲများဖြင့် ဖုံးလွှမ်းနေပြီး ယခုနှစ်တွင် အေးလွန်းသည်ဟု သူ ခံစားခဲ့ရသည်။

နှစ်သစ်ကူးပြီးတာ တစ်လကျော်ရှိပြီဖြစ်ပြီး အပြင်မှာ အပူချိန်က သုညအောက် ဆယ်ဒီဂရီထက် ပိုနေသေးတာကြောင့် ခါတိုင်းနှစ်တွေထက် ပိုအေးနေပါတယ်။

" ဟုတ်ပြီ။ စကားပြောတာရပ်ပြီး နှင်းတွေကို ဂေါ်ပြားနဲ့ပြန်ကော်မယ်!"

ဌာနချုပ်တပ်ရင်းမှူးမှ ပြောသောအခါ ရဲဘော်လေးများ အားလုံး ပါးစပ်ပိတ်သွားကြသည်။

ပထမတပ်ရင်းမှ စစ်သားများသည် မြေပြင်ပေါ်ရှိ နှင်းများကို ရှင်းလင်းကာ လူများ လျှောက်လှမ်းနိုင်ရန် လမ်းဖွင့်ပေးခဲ့သည်။ ညနက်သန်းခေါင်မှာ ပြန်လာကြတော့ အပြင်မှာ နှင်းတွေကျလာပြီး စစ်သားတွေလည်း အအေးဒဏ်ကြောင့် လူတိုင်း ချမ်းတုန်နေကြသည်။

အအေးမမိစေရန် တပ်ရင်းမှူးမှ ချက်ပြုတ်ရေးအဖွဲ့အား သကြားညိုကို အိုးများစွာ ကျိုခိုင်းသည်။

ယေဘုယျအားဖြင့် ပြောရလျှင် ဂျင်းရည်သည် အအေးမိခြင်းကို သက်သာစေရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

ဒါပေမယ့် ဂိုဘီ သဲကန္တာရမှာ ဂျင်းကို ဘယ်မှာရနိုင်မည်နည်း။ သကြားညိုကိုတောင် တပ်ရင်းမှူးရဲ့ ညီမက ပို့ပေးထားခြင်းဖြစ်သည်။

အားလုံးက ပွက်ပွက်ဆူနေသော သကြားညိုအရည်ကို သောက်ပြီး လင်းရိကို ကျေးဇူးတင်ကြသည်။ လင်းရိ၏ မျက်လုံးများ တောက်ပလင်းလက်ကာ သူ့ညီမအတွက် အလွန်ဂုဏ်ယူနေလေသည်။

*

ယန်ချွင်တွင် မတ်လ၌ နွေဦးပေါက် မိုးစွာရွာသွန်းခဲ့ပြီး အပြင်ဘက်ရှိ သစ်ပင်များပေါ်တွင် ရွက်နုကလေးများ ပေါ်လာသည်။ နိုင်ငံပိုင်ဝက်မွေးမြူရေးခြံတွင် toon ပင်များစွာရှိသည်။ ကျန်းဆွေ့လန်နှင့် အစ်မကြီး အချို့သည် toon ပင်အသေးလေးများကို ခူးပြီး ပြုတ်ကြသည်။ ကြက်ဥနဲ့ ကြော်ထားလို့ စားလို့ကောင်းလေသည်။

ကုရှီအန်းသည် အလုပ်မှပြန်လာပြီး ယခုလအတွက် စပါးဝယ်ယူရန် ဆန်စပါးရုံးသို့ သွားခဲ့သည်။

လင်းယောင်သည် ဆန်အိတ်ကို တစ်ချက်ကြည့်လိုက်သည်။ ဆန်တစ်ဝက်နဲ့ ဆန်မှုန့်တစ်ဝက်။ ဒီရက်ပိုင်း ဆန်မှာ ကျောက်ခဲလေးတွေ အများကြီးရှိတာကြောင့် မစားခင် ရွေးရပါမည်။

ကိုယ်တိုင် အိမ်ရှင်မဟုတ်ရင် ထင်း၊ ဆန်၊ ဆီ၊ ဆား စျေးကြီးမှန်း သိမည်မဟုတ်ပေ။

လင်းယောင်သည် စည်အပြည့်ရှိနေသောစပါးကို ကြည့်ပြီး ပေါင်းပင်များကို ဆွဲထုတ်ရန် ဟင်းသီးဟင်းရွက်ခြံသို့ ပျော်ရွှင်စွာ သွားခဲ့သည်။ ယခုနှစ်တွင် ကုမိသားစု၏ ဟင်းသီးဟင်းရွက်ခြံတွင် ပထမဆုံး ဟင်းသီးဟင်းရွက်ပျိုးပင်များကို စိုက်ပျိုးခဲ့သည်။ လင်းယောင်က လက်ထောက် ဒါရိုက်တာကုကို ဖရဲသီးအစေ့အနည်းငယ်ဝယ်ခိုင်းသည်။ နံရံနားမှာ ဖရဲသီးပျိုးပင်တချို့ စိုက်ဖို့ စီစဉ်ထားသည်။ မြေသြဇာကျွေး ရေလောင်းပြီး ဖရဲသီးတွေ ပေါက်မလားကြည့်ရပေမည်။

ဖရဲသီး စိုက်ပျိုးနိုင်ရင် နွေရာသီမှာ အိမ်မှာ ဖရဲသီးစားရင် အဆင်ပြေပါလိမ့်မည်။

မနက်ခင်းတွင်၊ ကုရှီအန်းသည် ဖက်တီးလေး၏ အနှီးကို လျှော်ပြီး အခြောက်လှန်းကာ ယခု သူသည် ဟင်းသီးဟင်းရွက်ခြံတွင် မြေပြင်ကို ပေါက်ပြားဖြင့် ဆွပေးနေသည်။

လင်းယောင်သည် အိမ်လုပ်သကြားကိတ်မုန့်တစ်ပန်းကန် ယူလာကာ ကိုယ်ကိုကိုင်း၍ ကုရှီအန်းအား တစ်ပိုင်း ပေးလိုက်သည်။

"စားမလား?"

ကုရှီအန်းက စကားထစ်သွားပြီး အနည်းငယ် ပြုံးလိုက်သည်။ "အရသာရှိတယ်"

"သကြားအများကြီး ထည့်ထားတာ မဟုတ်ဘူးလား"

"အတော်ပါပဲ"

လင်းယောင်က အခုမှ သက်သာရာရသွားသည်။ သူမသည် အဖြူရောင် သကြားကိတ်မုန့်တစ်ဖဲ့ကို ယူပြီး ပါးစပ်ထဲသို့ထည့်ကာ ပါးများမှာ ဖောင်းနေလေသည်။ ဤသကြားကိတ်တွင် နို့အနည်းငယ် ထည့်ထားသည်။ နို့နံ့သင်းသင်းလေး ရနေပေမယ့် အပြင်မှာရောင်းတဲ့ပစ္စည်းတွေလို အရသာမရှိပေ။ အရမ်းချိုသည်။ ကုသို့သို့အတွက်တော့ အတော်လောက်ပင်။

ကုရှီအန်းသည် မြေကိုဆွပြီးနောက် ဟင်းသီးဟင်းရွက်စိုက်ခင်းများကို ဖို့ရန်အတွက် တိရစ္ဆာန်မစင်များကို ယူရသည်။ ကျေးလက်တွင် ဟင်းသီးဟင်းရွက်များကို ဖို့ရန် တိရစ္ဆာန်မစင်ကို အလွန်အသုံးများသည်။ ထိုဟာဖြင့်ဖို့ခြင်းသည် ဓာတုမြေဩဇာသုံးခြင်းထက် ပိုကောင်းသော်လည်း အနံ့ပြင်းလွန်းသည်။ လောင်းပြီးတိုင်း အနံ့က ရက်အနည်းငယ်ကြာအောင် စွဲနေတတ်သည်။

လင်းယောင်သည် သူမ၏ နှာခေါင်းကိုပိတ်ကာ အိမ်ထဲတွင် ပုန်းနေချိန်၌ ရွှီရှန်းချန်သည် ခြံဝင်းထဲသို့ ပြေးဝင်လာကာ တံခါးကို ရောက်ရောက်ချင်း လှမ်းအော်လိုက်သည်။

"လောင်ကု မင်းဘာလုပ်နေတာလဲ။ အလုပ်လုပ်မနေနဲ့တော့။ ကောင်တီမှာ တစ်ခုခုဖြစ်သွားပြီ!"

All Chapters