← Chapters

အခန်း (၉၁)

Vol. 8 Ch. 91

အခန်း (၉၁)

Vol. 8 Ch. 91

၁၉၆၀ ခုနှစ်၊ မတ်လ ယွင်‌ရွှေကောင်တီမှာ၊ ကြောက်စရာကောင်းတဲ့ လူပျောက်မှုများစွာ ဖြစ်ပေါ်ခဲ့သည်။

ပျောက်ဆုံးနေတဲ့ လူတွေအားလုံးက စက်ရုံတွေမှာ အလုပ်လုပ်ကြတဲ့ အသက် ၁၇/၁၈ အရွယ် မိန်းမပျိုလေးတွေ ဖြစ်ကြသည်။

ပထမဆုံးမှာ၊ အိမ်က မိဘတွေက အတည်မမှတ်ယူခဲ့ကြပေ။ ဒီနေ့ခေတ် စက်ရုံတွေမှာအလုပ်လုပ်ကြတဲ့ မိန်းကလေးတွေရဲ့တစ်ဝက်လောက်က အဆောင်နေသူတွေဖြစ်ကြသည်။ သူတို့က တစ်နေကုန်နီးပါး မတ်တပ်ရပ်နေရတဲ့ အလုပ်ရုံတွေမှာပဲ အလုပ်လုပ်လေ့ရှိကြသည်။ သူတို့ရဲ့ခြေထောက်တွေနဲ့ ခြေဖဝါးတွေက ခန္ဓာကိုယ်တစ်ခုလုံးက့အရိုးတွေအားလုံးကို ဖြုတ်ထားသလို ခံစားရလောက်အောင် အရမ်းပင်ပန်းကြရသည်။ အနီးနားက အဆောင်မှာနေထိုင်ရင်၊ ပိုအနားယူလို့ရခဲ့ကြသည်။

လက်တလောမှာ ပျောက်သွားခဲ့တဲ့ မိန်းကလေးက ယွင်ရွှေ ကောင်တီသူ(နယ်ခံ)တစ်ယောက်ဖြစ်ပြီး ယွီချိုးလီလို့ခေါ်ပါသည်။ ဒီမိန်းကလေးက လင်းယောင်အလုပ်လုပ်တဲ့ ယွင်ရွှေ ကောင်တီရဲ့အကြီးဆုံးစက်ရုံတွေထဲက တစ်ခုဖြစ်တဲ့ အထည်စက်ရုံမှာပဲ အမျိုးသမီးအလုပ်သမားအဖြစ် လုပ်ကိုင်သည်။

ငတ်မွတ်ခေါင်းပါးမှုကြောင့်၊ စက်ရုံထုတ်လုပ်ရေးက နှစ်ဝက်ကျော်ကြာတဲ့အထိ ပိတ်သိမ်းခဲ့ရသည်။ အခု အခြေအနေတွေက တိုးတက်လာပြီး စက်ရုံမှာ အမှာစာတွေ တိုးလာသည်။ ထုတ်လုပ်ရေးကို သေချာစေဖို့အတွက်၊ စက်ရုံ၊ အလုပ်ရုံအများစုရဲ့ အလုပ်သမားတွေက အလုပ်ချိန်သုံးချိန် လုပ်ကြသည်။

ယွီချိုးလီ မပျောက်သွားခင်မှာ၊ သူမက တစ်နေ့လုံး စက်ရုံမှာ အလုပ်လုပ်နေခဲ့သည်။ ညနေ ၆ နာရီခွဲမှာ သူမ အလုပ်ဆင်းခဲ့သည်။ အဖိုးကြီယွီက သူ့သမီးအလုပ်ပြီးတဲ့အခါ သွားကြိုဖို့ သူ့သားကြီးကို ပြောခဲ့သည်။

ယွီမိသားစုရဲ့ သားကြီးက သူ့ရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာခဲ့ပြီး သူ့ညီမလေးကို ကြိုဖို့ အထည်စက်ရုံကို လာခဲ့သည်။ ရလာဒ်အနေနဲ့၊ တစ်နာရီလောက် စောင့်ပြီးနောက်မှာ၊ ယွီချိုးလီက ထွက်မလာခဲ့ပေ။ ယွီ မိသားစုရဲ့ သားကြီးက စိတ်ပူလာခဲ့ပြီး တံခါးစောင့်ကြီးကို မေးမြန်းခဲ့သည်။

ငါးနာရီဝန်းကျင်လောက်မှာ ယွီချိုးလီက စက်ရုံကနေထွက်သွားခဲ့ပြီး အခုထိ ပြန်မရောက်လာသေးဘူးလို့ အဖိုးအိုက ပြောပြခဲ့သည်။

တစ်ခုခုမှားနေပြီဆိုတာ ခံစားမိပြီး၊ ယွီမိသားစုက သူတို့ရဲ့အလုပ်တွေကို ပစ်ထားခဲ့ကြပြီး သူတို့ရဲ့သမီးငယ်လေးကို ရှာဖို့ ထွက်လာခဲ့ကြသည်။ တစ်ညလုံး ရှာဖွေခဲ့ကြပေမယ့် နောက်တစ်နေ့ မနက်စောစောအထိ ယွီချိုးလီ ကို ရှာမတွေ့ခဲ့ကြပေ။

အဖိုးကြီး ယွီက သွေးပေါင်ချိန်တွေ တက်လာတဲ့အထိ စိုးရိမ်ကြောင့်ကြနေခဲ့ပြီး ကောင်တီကျန်းမာရေးဌာနကို ပို့ခဲ့ကြရသည်။ ဆေးရုံတက်ခဲ့ရပြီး တစ်မနက်လုံး နှောင့်နှေးသွားခဲ့ရသည်။ နေ့လည်ခင်း မရောက်ခင်အထိ အစိုးရိမ်လွန်ခဲ့ကြပြီး အမှုကိုတင်ပြဖို့ ပြည်သူ့လုံခြုံရေးဌာနကို သွားခဲ့ကြသည်။

ဒီနေ့က ရွှီရှန်းချန်ရဲ့ တာဝန်ကျရက်ဖြစ်ခဲ့သည်။ တိုင်ချက်ရရှိပြီးနောက်၊ ကုရှီအန်းကို ခေါ်ဖို့ ခြံဝင်းကို ရောက်လာခဲ့သည်။

အားလုံး‌ပြီးတဲ့နောက်မှာ၊ ဒါရိုက်တာက အကူအညီတောင်းဖို့ မြို့တော်ကို သွားခဲ့သည်။ ရွှီအဖေမှာ ခါးမကောင်းတဲ့ ပြဿနာရှိတာကြောင့် ပြည်သူ့လုံခြုံရေးဌာနကို ကုရှီအန်းက ခေါင်းဆောင်ခဲ့သည်။

ကုရှီအန်းက မျက်မှောင်ကြုတ်ခဲ့သည်။ သူ့လက်ထဲက တုတ်ကို ချလိုက်ပြီး အဝတ်အစားလဲကာ ရဲဝန်ထမ်းတွေကို စုစည်းဖို့ ပြည်သူ့လုံခြုံရေးဌာနကို ပြန်သွားခဲ့သည်။ မသွားခင်မှာ၊ ညနေခင်းမှာ ညစာအတွက် ပြန်လာဖို့မသေချာဘူးလို့ လင်းယောင်ကို ပြောခဲ့သည်။

အစ်ကိုကြီးထို့ထို့ပြောတာကို သူမ ကြားတဲ့အခါ၊ လင်းယောင်က ထိတ်လန့်နေဆဲဖြစ်သည်။ မြန်မြန်ခေါင်းညိမ့်ခဲ့ပြီး လုပ်စရာရှိတာလုပ်ဖို့ ပြောခဲ့သည်။

လင်းယောင်က မိန်းကလေး ယွီချိုးလီကို စက်ရုံမှာ အကြိမ်အနည်းငယ်လောက် ဆုံ‌ဖူးခဲ့သည်။ တစ်ခါက၊ ဒီမိန်းကလေးက နွေရာသီစက်ရုံဝတ်စုံတွေယူဖို့ ထောက်ပံ့ပို့ဆောင်ရေးဌာနကို လာခဲ့သည်။ ဒီမိန်းကလေးက ပင်ကိုစရိုက် အရမ်းကောင်းပြီး ဟာသဉာဏ်ရွှင်သည်။ အစ်မကြီးက သူမကို အကျယ်ကြီး အော်ရယ်စေခဲ့သည်။ အဲ့ဒီအချိန်မှာ၊ ရုံးက အစ်မကြီးဟယ်ကလဲ ဒီမိန်းကလေးကို သဘောကျခဲ့ပြီး သူမတူရဲ့ဇနီးဖြစ်စေချင်ခဲ့သည်။

မမျှော်လင့်ထားပဲ၊ ဒါက ရက်အနည်းငယ်သာ ကြာခဲ့သည်...

ကုရှီအန်းက ယွီချိုးလီရဲ့မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူငယ်ချင်းတွေကို ချက်ချင်းစုံစမ်းစစ်ဆေးဖို့ ပြည်သူ့လုံခြုံရေးဌာနက လူငယ်တွေကို ဦးဆောင်ခဲ့သည်။ ယွီချိုးလီက ရိုးရှင်းတဲ့ဘဝမှာနေတဲ့ မိန်းကလေးတစ်ယောက်ဖြစ်သည်။ သူမက နေ့တိုင်း အလုပ်ရုံ၊ ကော်ဖီဆိုင်နဲ့ အိမ်မှာ အလုပ်လုပ်ပြီး အထည်အလိပ်စက်ရုံမှာလဲ အလုပ်လုပ်သေးသည်။ အဆောင်နေသူတွေက စက်ရုံက မိန်းကလေးတော်တော်များများနဲ့ အဆောင်တစ်ခုတည်းမှာပဲ နေထိုင်ကြသည်။

အထည်အလိပ်ရဲ့ အဆောင်က အနီရောင်အုတ်ခဲနဲ့ဆောက်လုပ်ထားတဲ့ နှစ်ထပ်အိမ်ဖြစ်သည်။ စက်ရုံက အမျိုးသမီး အလုပ်သမားတွေအများစု နေထိုင်ကြသည်။ ဒုတိယထပ်က လျှောက်လမ်းမှာ အမျိုးသမီးအလုပ်သမားတွေရဲ့ အဝတ်အစားတွေနဲ့ ပြည့်နေခဲ့သည်။

ယွီချိုးလီရဲ့အိပ်စင်က စောင်တွေနဲ့ သပ်သပ်ရပ်ရပ်ခေါက်ထားသည်။ အဝတ်စတစ်ချို့နဲ့ဖုံးထားခဲ့ပြီး၊ အချိန်အကြာကြီး ဘယ်သူမှမအိပ်ခဲ့ဘူးဆိုတာ သိသာပါသည်။

အဆောင်က အမျိုးသမီးအလုပ်သမားတစ်ယောက်က ယွီချိုးလီက အဆောင်မှာ တစ်ပတ်ထက်ပိုပြီး မနေဘူးလို့ ပြောပြခဲ့သည်။

ရွှီရှန်းချန်က အဆောင်က နံရံတွေအားလုံးကို အတည်ပေါက်နဲ့ လိုက်ခေါက်နေခဲ့သည်။ ခေါင်းကိုမော့ပြီး ကုရှီအန်းကို ပြောခဲ့သည် - " ကု၊ ဒီနံရံက လှိုဏ်သံပေါက်နေတယ်လို့ မထင်ဘူးလား? "

ကုရှီအန်းက စုံစမ်းစစ်ဆေးချက် မှတ်တမ်းတွေကို ဖတ်နေခဲ့ပြီး သူတို့ကို စိုက်ကြည့်နေခဲ့သည်။ " မင်း ဝင်ပြီးတော့ တစ်ချက်စစ်ကြည့်လိုက်ပါလား။ "

အစ်ကိုကြီးထို့ထို့ - " . . . . . . "

ယွီချိုးလီရဲ့ အမှု ပေါ်ထွက်လာတာနဲ့၊ နှစ်ရက်အတွင်းက အမှုကိစ္စတွေကို တင်ပြဖို့ မိဘတွေအတော်များများ ရောက်လာခဲ့ကြသည်။ ချွင်းချက်မရှိ၊ ပျောက်သွားတဲ့လူတွေက အကုန်လုံး ချောမောကြပြီး လက်ထပ်ထားတဲ့ မိန်းကလေးတွေ ဖြစ်ကြသည်။

သူတို့ထဲက တစ်ချို့က အလွန်ကြည့်ကောင်းကြသည်။ စေ့စပ်ထားကြတာဖြစ်ပေမယ့် အခု မိန်းကလေးက ပျောက်ဆုံးနေခဲ့သည်။ သူမရဲ့မိဘတွေ၊ သတို့သားလောင်းနဲ့ သူမရဲ့ မိသားစုတစ်ခုလုံးက အိုးပူပေါ်က ပုရွက်ဆိတ်တွေလိုမျိုး စိုးရိမ်ကြောင့်ကြနေခဲ့ကြသည်။

အသက် ၁၈/၁၉ အရွယ်က သေချာပေါက် ဘဝမှာ အကောင်းဆုံး အသက်အရွယ်ဖြစ်သည်။ အရွယ်ကောင်း မိန်းကလေးတွေ ၇/၈ ယောက်လောက်က သေလား၊ ရှင်လားမသိရပဲ ရုတ်တစ်ရက် ပျောက်ဆုံးသွားခဲ့ကြသည်။

အတိတ်မှာ၊ သမီးတစ်ယောက်ရဲ့ဂုဏ်သတင်းနဲ့ပတ်သက်ပြီး ပြဿနာတွေဖြစ်လာမှာနဲ့ အနာဂတ်မှာ အိမ်ထောင်မကျမှာကို မိသားစုတွေက ကြောက်လန့်ခဲ့ကြသည်။ တစ်ခုခုမှားနေတဲ့အခါ၊ တစ်ယောက်ယောက်ကို သူတို့ကိုယ်တိုင်ရှာဖွေခဲ့ကြပြီး ရဲတွေကို မခေါ်ခဲ့ကြပေ။ အချိန်တွေ ပြောင်းလဲလာတဲ့အခါ၊ မိဘတွေက ငြိမ်ငြိမ်လေး ထိုင်မနေနိုင်ခဲ့ကြပေ။

သေသေချာချာ စစ်ဆေးပြီးတဲ့နောက်မှာ၊ ကောင်တီပြည်သူ့လုံခြုံရေးဌာနက ဒါဟာ ကြိုတင်စီစဉ်ထားတဲ့ ကွင်းဆက် လူကုန်ကူးမှုတစ်ခုဆိုတာကို ရှာတွေ့ခဲ့ကြသည်။

လူကုန်ကူးမှုရဲ့ ပစ်မှတ်တွေက ငယ်ရွယ်လှပပြီး၊ မရင့်ကျက်သေးတဲ့ မိန်းကလေးတွေ ဖြစ်ခဲ့ကြသည်။ သူတို့က မိန်းကလေးတွေကို သတိလစ်ပြီး မြေပေါ်ကိုလဲကျသွားစေဖို့ နည်းလမ်းအမျိုးမျိုးကို သုံးခဲ့ကြသည်။ သူမက ဝေးလံတဲ့တောင်တန်းဒေသမှာ နေထိုင်ပြီး အမြတ်ထုတ်ဖို့ လူပျိုကြီးတစ်ယောက်ရဲ့ ဇနီးမယားအဖြစ် လုပ်ကိုင်သည်။

ပြည်သူ့လုံခြုံရေးရဲဘော်တွေကို ဝင်ရောက်လာတဲ့ဧည့်သည်တွေကို အနီးကပ်စစ်ဆေးဖို့ ယွင်ရွှေ ကောင်တီဘူတာရုံနဲ့ အဝေးပြေးဘက်စ်ကားဂိတ်မှာ တာဝန်ချထားခဲ့ကြသည်။ ဘယ်အချိန်မဆို အနီးနားပတ်ဝန်းကျင်မှာ ကြည့်ရှုနိုင်ဖို့ လျှောက်သွားနေခဲ့ကြတဲ့ အရပ်ဝတ်တွေလဲ ရှိကြသည်။ ကောင်တီစစ်တပ်နဲ့ တပ်မတော်ဌာနက ရဲဘော်တွေက ရှေ့ပြေးစစ်ဆေးမှုတွေလုပ်ကြပြီး လက်နက်ကိုင်ကာ အဆက်မပြတ် အသင်းလိုက် ကင်းလှည့်ကြသည်။

ကောင်တီမှာ တင်းမာတဲ့အခြေအနေရှိခဲ့ပြီး ကောင်တီတပ်ဖွဲ့ကလဲ လုံခြုံရေးတင်းကြပ်ထားခဲ့သည်။ အတိတ်မှာ စိတ်ကြီးဝင်နေခဲ့ကြတဲ့ လူကုန်ကူးသမားတွေက ကြောက်လန့်နေခဲ့ကြပြီး ပုန်းကွယ်နေခဲ့ကြသည်။

လူကုန်ကူးသမားတွေက မလှုပ်ရှားရဲခဲ့ကြပေ။ ကောင်တီ ပြည်သူ့လုံခြုံရေးဌာနက လူတွေက ရက်ပေါင်းများစွာ အလုပ်ရှုပ်နေခဲ့ကြပြီး သူတို့ရဲ့ဝန်ခံချက်အရ၊ ငါးနဲ့ပုစွန်အနည်းငယ်ကိုသာ ဖမ်းမိခဲ့ကြသည်။

ကောင်တီ ပြည်သူ့လုံခြုံရေးဌာနမိသားစုက နောက်ဆုံးမှာ လူကုန်ကူးသမားတစ်ချို့ရဲ့ လှုပ်ရှားမှုတွေကို ကိုင်တွယ်နိုင်ခဲ့ကြသည်။ ကုရှီအန်းက လူတိုင်းအတွက် အစည်းအဝေး ကျင်းပပေးခဲ့ပြီး အမှုကို ဖြေရှင်းဖို့ သူခိုးတွေကို အုတ်ခဲတွေနဲ့ မြူဆွယ်ပြီး လူကုန်ကူးသမားတွေကိုမျှားခေါ်ဖို့ ငါးစာချမယ့် ဗျူဟာတစ်ခုကို အဆိုပြုခဲ့သည်။

ရွှီရှန်းချန်က စိတ်ဝင်စားလာခဲ့သည်။

" လောင်ကု၊ ဘယ်လိုဦးဆောင်ရမလဲဆိုတာ ကျေးဇူးပြုပြီး ‌ကျွန်တော့်ကို ပြောပြပေးပါ။ "

လွန်ခဲ့တဲ့ ရက်အနည်းငယ်မှာ၊ ဒီအမှုရဲ့ အချည်းနှီးဖြစ်မှုကြောင့် ရူးသွပ်နေခဲ့ရသည်။ အကောင်းဆုံးအသက်အရွယ်မှာ မိန်းကလေးတွေ အများကြီးကို မကောင်းဆိုးဝါးတွေက ဖျက်ဆီးနေကြပေမယ့် သူက အာဏာမရှိခဲ့ပဲ အရမ်းမသက်မသာခံစားခဲ့ရသည်။ မေ့လိုက်ပါတော့။

ကုရှီအန်းက ကြည့်လိုက်ပြီး ထိထိမိမိပြောခဲ့သည်။

" နတ်သမီးထောင်ချောက် "

" နတ်သမီးထောင်ချောက်? "

လူတိုင်းက ဒီအကြောင်းကို ပြောနေခဲ့ကြသည်။

ရွှီရှန်းချန်က အကြံတစ်ခုရခဲ့ပြီး ပျော်ရွှင်စွာနဲ့ ပြုံးစိစိလုပ်နေခဲ့သည်။ သူက ဆရာကု ပြောချင်တာကို နားလည်နေခဲ့ပါသည်။

အမှုကိုဖြေရှင်းဖို့ အဓိကအချက်က ပြည်သူ့လုံခြုံရေးဌာနထဲက ငါးစာအဖြစ်ဆောင်ရွက်ဖို့ ကျွမ်းကျင်သူတစ်ယောက်ကို ရွေးဖို့ပါပဲ။ အစွန်အဖျားမှာ လျို့ဝှက်စွာ ချောင်းမြောင်းတိုက်ခိုက်နိုင်ကြပြီး လူကုန်ကူးသမားတွေကို မြှားခေါ်နိုင်ကြသည်။

ကောင်တီပြည်သူ့လုံခြုံရေးဌာနမှာ အရည်အချင်းရှိတဲ့ မိန်းမလှလေးတွေ အများအပြား ရှိကြပေမယ့် ဆရာကုက ဘယ်သူ့ကို ရွေးထားလဲဆိုတာ မသိပေ။

ရွှီရှန်းချန်က စဉ်းစားနေခဲ့သည်။

ကုရှီအန်းက ရွှီအဖေကို စကားအနည်းငယ် တီးတိုးပြောခဲ့ပြီး ရွှီအဖေက ပျော်ရွှင်စွာနဲ့ လက်ခုပ်တီးခဲ့သည်။

" ဟုတ်ပြီ၊ ဒါက နည်းလမ်းကောင်းပဲ။ ဒီကောင်စုတ်လေးကို မိန်းကလေးဟန်ဆောင်ခိုင်းဖို့ ပြည့်စုံတယ်၊ ပြီးတော့ ငါးစာအနေနဲ့ သူ့ကို သုံးဖို့ ခွင့်ပြုလိုက်ပါ။ "

နောက်ပိုင်းမှာ၊ ရွှီအဖေက ပြည်သူ့လုံခြုံရေးဌာနရဲ့ ကုန်လှောင်ရုံမှာ သရုပ်ဆောင်ဟောင်းတွေ ကျန်ခဲ့တဲ့ ဆံပင်အတု‌တစ်ချို့ရှိသေးတယ်ဆိုတာ သတိရသွားခဲ့သည်။ အဲ့ဒါတွေကို အရင်ခေတ်တုန်းက အော်ပရာအဆိုတော်တွေက အသုံးပြုခဲ့ကြတာဖြစ်သည်။

လွတ်လပ်ရေးရပြီးနောက်မှာ၊ အော်ပရာအဆိုတော်တွေ နည်းပါးလာခဲ့တာကြောင့် အဲ့ဒီဆံပင်တုတွေကို ရဲစခန်းဆီ ပို့ခဲ့ကြသည်။ ဌာနက ကုန်လှောင်ရုံထဲမှာ ထည့်ထားခဲ့ကြပြီး ပြင်ဆင်ဖို့ ကပ်ကြေးကို အသုံးပြုခဲ့ကြသည်။

အဖေကြီးရွှီက ဆံပင်တုတွေကို ရှာဖို့ ကုန်လှောင်ရုံဆီ သူ့သားကို သွားခိုင်းခဲ့သည်။ အစ်ကိုကြီးထို့ထို့က တုံးအစွာ ပြောခဲ့သည်။

" အဖေ၊ ဆံပင်တုကို ဘာလို့ရှာနေတာလဲ? "

အမှုကို အလျင်စလို မဖြေရှင်းပါနဲ့!

" မင်းခေါင်းမှာ စွပ်ပြီး မိန်းကလေးလို ဟန်ဆောင်ခိုင်းမလို့။ "

ရွှီရှန်းချန် - ? ? ?

*

မတ်လမှာ၊ ရာသီဥတုက တစ်ရက်ပြီးတစ်ရက် နွေးထွေးလာခဲ့သည်။ နွေဦးမိုး ရွာသွန်းပြီးတဲ့နောက်မှာ၊ ခြံဝင်းထဲက ကြွေပန်းတွေနဲ့ တလည်းသီးပင်တွေမှာ အဖူးလေးတွေ ဖူးလာခဲ့ကြသည်။ ရက်သတ္တပတ်တိုင်းမှာ အားလပ်ရက်တစ်ရက်ရှိသည်။ ဒီနေ့ နေ့လည်ခင်းမှာ နေရောင်ခြည်က နွေးထွေးလှသည်။

လင်းယောင်က ကုသို့သို့ ကို လမ်းလျှောက်ခုံထဲမှာ ထည့်ပြီး ခြံထဲကို တွန်းသွားခဲ့သည်။ ကုသို့သို့ က လမ်းလျှောက်ခုံထဲမှာ ခြေထောက်ဖောင်းဖောင်းလေးတွေနဲ့ လမ်းလျှောက်နေတုန်း၊ လင်းယောင်က ဟင်းသီးဟင်းရွက် စိုက်ခင်းထဲမှာ မြေဆွရင်း အလုပ်ရှုပ်နေခဲ့သည်။

ရှေ့မှာ၊ ကုမန်ဆန်က စိုက်ခင်းထဲမှာ ဟင်းသီးဟင်းရွက်အစေ့တွေကို ပျိုးနေခဲ့ပြီး အနံ့စူးစူးတွေ ပျောက်သွားဖို့ ရက်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။

လင်းယောင်က သူမရဲ့ ဖရဲစေ့တွေကို အရမ်းစိုးရိမ်နေခဲ့သည်။ သူမ အချိန်ရတိုင်း၊ ဟင်းသီးဟင်းရွက်စိုက်ခင်းထဲကို မြေဆွဖို့ သွားခဲ့သည်။ မနေ့က သူမစိုက်ထားတဲ့ ဖရဲစေ့တွေကနေ အစိမ်းရောင် အညှောင့်လေးတွေအများကြီး ထွက်နေတာကို သူမ တွေ့ရှိခဲ့သည်။

ဒါက လင်းယောင်ရဲ့ယုံကြည်ချက်ကို တိုးပွားစေခဲ့ပြီး သူမ စိုက်ခင်းထဲကို ပိုပြီးမကြာခဏ လာဖြစ်ခဲ့သည်။

ကျန်းဆွေ့လန်က အခန်းထဲမှာ သူမရဲ့အလုပ်ကို အပြီးသတ်ခဲ့ပြီး ဗီဒိုထဲက လီနင်အထည်စအရှည်ကို ယူကာ ကုသို့သို့ ရဲ့ ခါးတုတ်တုတ်လေး‌မှာ ပတ်ကာ ချည်နှောင်ခဲ့သည်။ ကုသို့သို့ က စိတ်လှုပ်ရှားစွာ ကခုန်နေခဲ့သည်။

" နွားနို့သောက်မယ်၊ သွားကြစို့! "

အခုဆို ကလေးလေးက လမ်းလျှောက်ရတာကို ပိုပိုပြီး စွဲလန်းလာခဲ့ပါပြီ။

" ဟုတ်ပြီ၊ သွားကြမယ်။ အဖွားက သို့သို့လေးကို ခေါ်သွားပေးမယ်။ "

ကျန်းဆွေ့လန်က အဝတ်စတစ်ခုနဲ့ ခြံထဲကနေရာလွတ်မှာ လမ်းလျှောက်နေခဲ့ပြီး နေရာလွတ်တစ်ခုကို ရှာတွေ့ခဲ့သည်။ ပထမဆုံး၊ ကလေးလေးရဲ့ တိုပြီး ကြာပုံခြေထောက်လေးတွေက အနည်းငယ်အားနည်းနေခဲ့ပြီး ဂဏန်းလေးလိုပဲ ကွေးကောက်စွာ လမ်းလျှောက်ခဲ့သည်။

ကျန်းဆွေ့လန်က သူမရဲ့မြေးလေးကို ခေါ်ထားခဲ့ချိန်မှာ၊ သူမက လင်းယောင်ကို လက်တစ်လော အမှုကိစ္စများစွာကို ပြောပြခဲ့သည်။

" ယောင်ယောင်၊ အဲ့ဒီမိန်းကလေးတွေ ပြန်လာနိုင်မယ်လို့ ထင်လား? အိုး၊ ဘယ်လောက်တောင် လိမ္မာတဲ့ မိန်းကလေးလဲ၊ သူမက ပန်းလေးတစ်ပွင့်လို ငယ်ရွယ်ပြီး သူမရဲ့မိဘတွေက သူမအတွက် စိုးရိမ်ပူပန်နေကြတယ်၊ ပြီးတော့ သူတို့ကို ချက်ချင်းကြီး ရှာမတွေ့နိုင်ဘူး။ ဒါက မိဘတွေအတွက် အရမ်းအဆင်မပြေဖြစ်တာပဲ။ "

သူမလဲ မိခင်တစ်ယောက်ဖြစ်သည်၊ သားသမီးတွေ တစ်ခုခုဖြစ်သွားရင် မိဘတွေ ဘယ်လိုခံစားရမလဲဆိုတာ သူမ မသိပဲနေပါ့မလား။

လက်ရှိအမှုကိစ္စကို စဉ်းစားလိုက်တဲ့အခါ၊ လင်းယောင်ရဲ့စိတ်တွေ အနည်းငယ် လေးလံလာခဲ့သည်။

" ဟုတ်၊ အမေ၊ မကောင်းဆိုးဝါးတွေကို အပြစ်ပေးပြီး လူကောင်းတွေကို ဆုပေးရမှာပါ။ ပြန်ပေးဆပ်ရမယ့်အချိန် မရောက်လာသေးလို့ ဖြစ်ပါလိမ့်မယ်။ ကုရှီအန်းသာ ဒီမှာရှိနေရင် မဖြေရှင်းနိုင်တဲ့ အမှုဆိုတာမရှိဘူးလို့ ဦးလေး ရွှီပြောသွားတယ်မလား။ စိတ်မပူပါနဲ့။ " လင်းယောင်က နှစ်သိမ့်ပေးခဲ့သည်။

ကျန်းဆွေ့လန်က အဲ့ဒီအကြောင်းကို စဉ်းစားနေခဲ့သည်။ သူမရဲ့သားကြီးမှာ အမှုတွေကိုဖြေရှင်းဖို့ နည်းလမ်းကောင်းတွေ တစ်ကယ်ကိုရှိပါသည်။ သူမ ခေါင်းကိုငုံ့လိုက်ပြီး ကုသို့သို့က လက်ကလေးတွေကို ကိုင်ထားပြီး မုန့်ပေါင်းကိုဝါးကာ သူ့သွားတွေကို ကြိတ်နေတာကို မြင်တဲ့အခါ၊ သူမ စတင်ရယ်မောခဲ့ပါသည်။

" သို့သို့ ရဲ့ အောက်သွားလေးတွေလဲ ပေါက်နေပြီပဲ။ သွားယားတတ်တဲ့ ကလေးလေးတွေက တစ်ခုခုဝါးစရာရှိမှ ဖြစ်မယ်။ ယောင်ယောင်၊ သမီးလုပ်တဲ့ ပေါက်စီလေးတွေက အရမ်းကောင်းတယ်။ ဘီစကစ်တွေလိုပဲ အရသာရှိကြတယ်။ "

" ဘယ်လိုလုပ်ရတာလဲ? အပြင်က ဘီစကစ်နဲ့ ပေါက်စီလုပ်တဲ့ လူတွေက အိုးကြီးနဲ့မုန့်ဖိုကို အသုံးပြုခွင့်မရှိကြပါဘူး "

လောင်ကုရဲ့အိမ်မှာ မုန့်ဖိုမှ မရှိပဲ။

လင်းယောင်က ဘီစကစ်တွေကို စိတ်အားထက်သန်စွာ စားနေတဲ့ ဖက်တီးလေးကို ကြည့်လိုက်ပြီး အပြုံးလေးနဲ့ ရှင်းပြခဲ့သည်။

" အမေ၊ သမီးတို့ရဲ့ မုန့်ဖိုက ဘယ်ကရောက်လာမှာလဲ? အိမ်က အိုးထဲမှာပဲ ပေါင်းတာပါ။ "

ဒီနေ့ခေတ်မှာ၊ ကလေးတွေ သွားပေါက်တဲ့အခါ၊ သူတို့ရဲ့သွားတွေနဲ့ ကြိတ်ဝါးဖို့ ပြောင်းဖူးမုန့်ကို စားကြသည်။ ကုသို့သို့ က နူးညံ့တဲ့သွားဖုံးလေးတွေနဲ့ဆိုတော့ သူမက သကြား၊ ကြက်ဥတွေနဲ့ ဘီစကစ်ပုံစံ မုန့်ပေါင်းတွေကို အထူးပြုလုပ်ပေးခဲ့သည်။ ချိုတဲ့အရသာရှိပြီး ကုသို့သို့ ကို ကျွေးခဲ့သည်။သို့သို့အတွက် သွားတွေခိုင်ဖို့ ဒါက နည်းလမ်းမှန်ပါသည်။

ဘီစကစ်တွေနဲ့ ပေါက်စီတွေကို ကုသို့သို့ စားလို့ပြီးတဲ့နောက်မှာ၊သူ့ရဲ့လက်လေးတွေက စေးကပ်နေခဲ့သည်။

ကလေးလေးက အသန့်အရှင်းကြိုက်တာကြောင့် မျက်မှောင်ကြုတ်ကာ လင်းယောင်ကို လက်ပြနေခဲ့သည်။

" မေမေ၊ လက်ဆေးပေးဦး။ "

လင်းယောင်က သူမသားလေးရဲ့ ညစ်ပတ်နေတဲ့လက်တွေကို ကြည့်ကာ ဆေးကြောပေးခဲ့သည်။

မိသားစုက နေ့လည်စာစားနေခဲ့ကြသည်။ ကုသို့သို့ က အားတွေပြည့်နေခဲ့သည်။ အိပ်ယာပေါ်မှာ လှဲပြီး တစ်ရေးအိပ်နေတယ်လို့မထင်ရပဲ သူ့ရဲ့ခြေထောက်တွေကို တွဲလောင်းချထားကာ သူ့ရဲ့လက်တွေကို ကိုက်ဝါးနေခဲ့သည်။ လင်းယောင်က ပုံပြင်စာအုပ်တစ်အုပ်ကို ယူပြီး ကလေးလေးကို သားချော့တေးနဲ့ ပုံပြင်တွေ စတင်ပြောပြခဲ့သည်။

ပုံပြင်တစ်ပုဒ် ဖတ်လို့မပြီးခင်မှာ၊ ကုသို့သို့က သူ့ပါးလေးတွေကို ဖောင်းပြီး မျက်လုံးလေးတွေမှေးကာ အိပ်ပျော်သွားခဲ့သည်။

ညနေခင်းမှာ ကောင်းကင်က မှောင်မဲလာပြီး အပြင်ဘက်မှာ လေအေးတွေ တိုက်နေသည်။ လမ်းကြားဝင်ပေါက်က ညောင်ရွက်တွေက တရှဲရှဲမြည်နေကြသည်။ မိုးရွာတော့မည့်ပုံပါပဲ။ ခြံဝင်းထဲက အိမ်တိုင်းကနေ မီးခိုးတွေ ထွက်လာခဲ့သည်။ ဒီနေ့က စက်ရုံက လုပ်အားခတွေနဲ့ အမြတ်အစွန်းရတဲ့နေ့ဖြစ်သည်။ စက်ရုံကြီးတွေက အလုပ်သမားတွေအားလုံးက သူတို့အိမ်အတွက် စက်ရုံကထုတ်ပေးတဲ့ ဆန် အိတ်ကြီးအိတ်ငယ်တွေ၊ ခေါက်ဆွဲနဲ့ အသားဝယ် လက်မှတ်တွေကို သယ်ကာ ပြုံးပျော်နေခဲ့ကြသည်။

ကောင်တီက မိသားစုကြီးတွေရဲ့ ခြံဝင်းထဲမှာ ဆီနံ့တွေ ပျံ့နှံ့နေကြပြီး အပြင်ဘက်မှာ မိုးရွာလာခဲ့သည်။ ဘူတာရုံကနေ ဝေးလံတဲ့လမ်းကြားထဲမှာ၊ ကျက်သရေရှိတဲ့ အသွင်အပြင်နဲ့ မိန်းမလှလေးတစ်ယောက်က ထီးတစ်ချောင်းနဲ့ ပေါ်ထွက်လာခဲ့သည်။

All Chapters