← Chapters

အခန်း (၉၂)

Vol. 8 Ch. 92

အခန်း (၉၂)

Vol. 8 Ch. 92

မတ်လရဲ့ နွေဦးအစောပိုင်းကာလမှာ၊ နေ့နဲ့ညရဲ့ အပူချိန်ကွာခြားချက်က ကြီးမားလှသည်။ ညနေခင်းမှာ မိုးရွာတဲ့အခါ၊ လေအေးတွေနဲ့ မိုးဖွဲဖွဲလေးက လူတွေကို ချမ်းတုန်အောင် လုပ်နိုင်‌သည်။

လူကုန်ကူးသမားတွေ ငါးစာကို မြှားမိ‌ဖို့အတွက်၊ ရုပ်ဖျက်ထားတဲ့ ရွှီရှန်းချန်က အမည်းရောင်ဆံကျစ်နှစ်ခုကိုသာ မြင်သာအောင်ပြထားပြီး သူမရဲ့ခေါင်းကို ရိုးရှင်းကျော့မော့တဲ့ လည်စည်းနဲ့ တင်းကြပ်စွာ ပတ်ထားခဲ့သည်။

ပြီးတော့ "သူမ"ရဲ့ ရင်ဘက်ဖောင်းဖောင်းကို ပန်းရောင်ဂွမ်းအနွေးထည်နဲ့ ကြပ်နေအောင် ပတ်ထားခဲ့သည်။ သူက အပြာရောင် အကြမ်းထည် ဘောင်းဘီကို ဝတ်ထားပြီး သူ့ခြေထောက်မှာ ဂွမ်းအနွေးဖိနပ်ကိုစီးထားသည်။ ဒီဝတ်စုံက အပြင်ထွက်တဲ့အခါ ဝတ်ဖို့ သာမန်အကျဆုံးဖြစ်သည်။

တစ်ခြားမိန်းကလေးတွေဝတ်တဲ့အခါ၊ ဖောင်းနေတတ်ပေမယ့်၊ နေရာတိုင်းမှာပုန်းကွယ်နေကြတဲ့ ရဲသားလေးတွေက အစ်ကိုကြီးထို့ထို့ရဲ့ ကျက်သရေရှိမှု၊ အထူးသဖြင့် မျက်စိကိုဖမ်းစားထားတဲ့ ထင်းထွက်နေတဲ့ရင်သားတစ်စုံရဲ့ ကျက်သရေရှိမှုကို မြင်ခဲ့ကြသည်။

ဒါတွေအားလုံးက အစ်ကိုကြီးထို့ထို့ရဲ့ မိတ်ကပ်နဲ့ လှိုင်းအနည်းငယ်ထန်စေတဲ့ "ရင်သား" စတိုင်လ်အတွက် အလုပ်ကြိုးစားထားကြတဲ့ ပြည်သူ့လုံခြုံရေးဌာနက မိန်းကလေးတွေရဲ့ ကျေးဇူးပဲဖြစ်သည်။

--အဲ့တာတွေက လက်ထောက်ဒါရိုက်တာကု အိမ်ကယူလာခဲ့တဲ့ နူးညံ့တဲ့ ပေါက်စီကြီးနှစ်ခုဖြစ်ကြသည်။

အစ်ကိုကြီးထို့ထို့ရဲ့ဝတ်စုံ စတင်ထွက်ပေါ်လာတုန်းက၊ အကုန်လုံး အော်ရယ်မိတော့မလို ဖြစ်သွားစေခဲ့သည်။

အဲ့ဒီ ဂိုဏ်းစတားတစ်ချို့ရဲ့ ဝန်ခံချက်အရ၊ လူကုန်ကူးသမားအုပ်က မှောင်လာတဲ့အချိန် (သို့) ရာသီဥတုမကောင်းတဲ့အချိန်၊ ညနေခင်းပိုင်းမှာ စစ်‌ဆင်ရေးတွေကို ရွေးချယ်ပြီး လုပ်ကိုင်ကြလိမ့်မည်ဖြစ်ပြီး လူထူထပ်တဲ့ ဘူတာရုံတွေနဲ့ ဘက်စ်ကားမှတ်တိုင်တွေက သူတို့ရဲ့ ပထမဆုံးရွေးချယ်ထားတဲ့နေရာဖြစ်သည်။

ရွှီရှန်းချန်က ထီးတစ်ချောင်းကိုကိုင်ထားပြီး သူ့ရဲ့ "ဆွဲဆောင်မှုရှိတဲ့" အသွင်အပြင်ကိုဖော်ပြဖို့ တမင်သက်သက် လမ်းကို ကျော့ကျော့မော့မော့လျှောက်ခဲ့သည်။

သူက ထီးတစ်ချောင်းကိုကိုင်ပြီး ယွင်ရွှေကောင်တီ ဘတ်စ်ကားမှတ်တိုင်ဝန်းကျင်မှာ အကြိမ်ပေါင်းများစွာ ပတ်လျှောက်နေခဲ့သည်။

ခြေကျင်လမ်းသွားတွေက အလောတကြီး လက်မှတ်ဝယ်ကာ လျှောက်သွားနေခဲ့ကြသည်။ ကားရောက်လာတဲ့အခါ၊ သူ့ကို ကြည့်တောင်မကြည့်ခဲ့ပေ။

ဘတ်စ်ကားမှတ်တိုင်မှာ ငါးကြီးဖမ်းမိနိုင်မယ့်ပုံ မပေါ်ခဲ့တာကြောင့်၊ လူတိုင်းက ဘူတာရုံကို ပြောင်းရွှေ့ခဲ့ကြသည်။

အေးချမ်းတဲ့နေ့မှာ၊ အစ်ကိုကြီးထို့ထို့ရဲ့မျက်နှာက အအေးဒဏ်ကြောင့် ဖြူဖက်ဖြူရော် ဖြစ်နေခဲ့သည်။ လူထူထပ်တဲ့နေရာနဲ့ ကြုံတဲ့အခါ၊ လူမြင်ကွင်းမှာ သူ့ရဲ့ရင်ဘက်ထဲက မုန့်ပေါင်းနှစ်ခုကို ညှစ်မိပြီး လမ်းပေါ်ကိုပြုတ်မကျစေဖို့ သူ့ရဲ့အိတ်ကပ်ထဲက ရင်ဘက်ကို အထူးဂရုစိုက်ခဲ့ရပါသည်။

ဒါကတစ်ကယ်သာဖြစ်ခဲ့မယ်ဆိုရင်၊ သူ့ရဲ့ဂုဏ်သတင်းကို သူ့ရဲ့ကျန်တဲ့သက်တမ်းတစ်လျှောက်လုံးမှာ ထိန်းသိမ်းနိုင်တော့မှာ မဟုတ်ပေ။

အစ်ကိုကြီးက သူ့ရဲ့တင်ပါးကို လှည့်လိုက်ပြီး ဘူတာရုံအပြင်ဘက်မှာ စူးစမ်းနေခဲ့သည်။ သူ့ကို ထူးဆန်းပြီး အဖြေရှာနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတဲ့ သက်တူရွယ်တူ မိန်းကလေးတွေများစွာကို သူဆုံတွေ့ခဲ့သည်။

ရွှီရှန်းချန်က ၁၈ နှစ်အရွယ်လေးတွေကို လူကုန်ကူးတဲ့ အဲ့ဒီလူကုန်ကူးသမားတွေကို စိတ်ထဲကနေ ဆူဆဲနေခဲ့ပြီး သူ့ရဲ့တင်ပါးကို တစ်ခြားတစ်ဘက်ကို လွှဲခဲ့သည်။

ညနေ ၇ နာရီခွဲမှာ၊ အပြင်ဘက်ကမိုးဟာ သဲပြီးရင်း သဲလာခဲ့သည်။ မြေပေါ်က မိုးရေတွေက သူ့ခြေကျင်းဝတ်အထိရောက်နေတာကို သူမြင်တဲ့အခါ၊ လူကုန်ကူးသမားတွေကို အရိပ်အယောင်တောင် မတွေ့ရသေးပေ။

ပြည်သူ့လုံခြုံရေးဌာနက လူတိုင်းက သူတို့ရဲ့ သက်ဆိုင်ရာနေတာတွေမှာ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေခဲ့ကြသည်။

ဒီညမှာ မြို့တော်ကိုသွားမယ့် ရထားတစ်စီးသာ ရှိခဲ့သည်။ ရထားအလာကိုစောင့်နေကြတဲ့ ခရီးသည်တွေ ၅/၆ ယောက်လောက်က စောင့်ဆိုင်းခန်းထဲက ဆေးရောင်တွေစွန်းထင်းနေတဲ့ ခုံတန်းတွေပေါ်မှာ ထိုင်စောင့်နေခဲ့ကြသည်။

ဘူတာရုံအပြင်ဘက်က အဖြူရောင် ရေငွေ့တွေက ကျယ်ပြန့်နေခဲ့ပြီး ဘတ်စ်ကားစောင့်နေတဲ့ ခရီးသည်တွေအများအပြားက အိပ်ငိုက်လာခဲ့ကြသည်။

ရုတ်တစ်ရက်၊ စောင့်ဆိုင်းခန်းမရဲ့ဝင်ပေါက်မှာ လူငယ်ဇနီးမောင်နှံနှစ်ယောက် စကားများနေခဲ့ကြသည်။ လူငယ်လေးက ကျယ်ပြန့်တဲ့ပုခုံးတွေ၊ ရှည်လျားတဲ့ခြေထောက်တွေနဲ့ အရပ်ရှည်ပြီး တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ချောမောခဲ့သည်။

သူက သာမန်လူတစ်ယောက်နဲ့ မတူသလိုပါပဲ။ မိန်းကလေးက လှပပြီး လူငယ်လေးထက် အရပ်ရှည်နေခဲ့သည်။ သူမက နည်းနည်းပုတယ်ထင်ရပေမယ့်၊ အရပ်နည်းနည်းပိုရှည်ပြီး ကောင်းမွန်တဲ့အသွင်အပြင်ရှိခဲ့သည်။ ပြီးတော့ သူမရဲ့တင်ပါးက ကောက်သည်။ ပထမဆုံးအမြင်မှာ၊ သူမက မျိုးရိုးကောင်းပြီး သားယောင်္ကျားလေးမွေးဖွားနိုင်ပုံပေါ်ခဲ့သည်။

မိန်းမလှလေးက လူငယ်လေးရဲ့နှာခေါင်းကို လက်ညှိုးထိုးပြီး ကျိန်ဆဲခဲ့သည်။

" ရှင်က နှလုံးသားမရှိတဲ့လူပဲ၊ ကျွန်မနဲ့ အတူရှိနေပေးမယ်လို့ ကတိပေးထားပြီး ဘာလို့ ထပ်ပြီး စိတ်ပြောင်းသွားရတာလဲ! "

" တစ်ယောက်ယောက်ကို သဘောကျတဲ့အခါ၊ သူတို့ကို ချိုချိုသာသာပြောရတယ်။ သူတို့ငါ့ကို သဘောမကျတဲ့အခါ၊ မြက်တစ်ဆုပ်လို သူတို့ကို ငါလွှတ်ချလိုက်မှာ! "

" ရှင်တို့ယောင်္ကျားတွေ မကောင်းဘူး၊ အမှိုက်ကောင်ပဲ ချန်းရှစ်မေ "

လူငယ်လေးက တိတ်ဆိတ်နေခဲ့ပြီး စကားတစ်ခွန်းပြောဖို့ အချိန်အကြာကြီးယူခဲ့ရသည်။ " ငါ့အမေက မင်းကို သဘောမကျဘူး၊ ပြီးတော့ အဲ့ကိစ္စနဲ့ပက်သက်ပြီး ငါဘာမှမလုပ်ပေးနိုင်ဘူး။ "

" ခွေးကောင်၊ ရှင့်အမေနဲ့ပဲ ရှင်သွားနေလိုက်တော့! "

မိန်းမလှလေးက လူငယ်လေးကို အိတ်နဲ့ပစ်ပေါက်လိုက်ပြီး ဘူတာရုံရဲ့ စောင့်ဆိုင်းခန်းထဲကို ငိုရင်း ပြေးဝင်သွားခဲ့သည်။

လူငယ်လေးက လိုက်မသွားခဲ့ပေ။ အိတ်ကိုကောက်ပြီး ထွက်သွားဖို့ လှည့်သွားခဲ့သည်။

မိန်းကလေးက တံခါးကနေ ဝင်လာတာနဲ့၊ အေးစက်စိုစွတ်နဲ့ မိုးနဲ့မြူခိုးတွေက ဝင်လာခဲ့သည်။ သူမအနီးက အဒေါ်ကြီးက သူမကို မြင်တဲ့အခါ၊ စိတ်ထဲကနေသာ သက်ပြင်းချခဲ့မိသည်။ ဒီမိန်းကလေးက လှပတဲ့ခန္ဓာကိုယ်၊ တင်းရင်းတဲ့ရင်သားတွေနဲ့ တစ်ကယ်ကို လှပပါသည်။ ဒီနေ့ခေတ်မှာ၊ ကောင်းကောင်းမစားသောက်ရင်၊ မိန်းကလေးတွေက ကောင်းကောင်းထွားလာမှာမဟုတ်ပေ၊ ပြီးတော့ ပဲတောင့်ရှည်တွေလို ပိန်ကပ်နေကြပါလိမ့်မည်။

မိန်းကလေးက ပြေးရင်း သူမရဲ့မျက်လုံးတွေကို အုပ်ကာ ငိုနေခဲ့သည်၊ ခုံတန်းပေါ်မှာထိုင်ရင်း တစ်ရှုံ့ရှုံ့ငိုနေခဲ့ကာ အရမ်းသနားစရာကောင်းခဲ့သည်။

သူမဘေးက အဒေါ်ကြီးက ပူဆွေးနေခဲ့သည်။ " ဒီမိန်းကလေးကလဲ ကံမကောင်းဘူးကိုး။ "

" မဟုတ်ဘူး၊ ဘာလို့ ဒီမိန်းကလေးရဲ့အသံက အရမ်းကြမ်းနေရတာလဲ? "

" ဘာလို့လဲ? မိန်းကလေးတွေက ဒီလိုပဲပြောကြတာကို။ "

သူ့ဘေးက အဒေါ်ကြီးက အဲ့နားကိုသွားပြီး မိန်းကလေးကို စကားနည်းနည်းပြောခဲ့သည်။ ဆံပင်ဖြူနဲ့အဖွားအိုက စောင့်ဆိုင်းခန်းထဲကို ဝင်လာခဲ့သည်။ အဖွားအိုက စောင့်ဆိုင်းခန်းထဲကို တုတ်ကောက်တစ်ချောင်းကိုအမှီပြုပြီး အစည်းလေးတစ်ခုကိုကိုင်ကာ တုန်တုန်ယင်ယင်နဲ့ လမ်းလျှောက်ဝင်လာခဲ့သည်။

အဖွားအိုရဲ့ဘောင်းဘီအနားတွေက စိုနေခဲ့ပြီး သူမရဲ့ခန္ဓာကိုယ်တစ်ဝက်လောက်က စိုရွှဲနေခဲ့သည်။ မိုးသည်းထဲကနေ ဖြတ်လာရတဲ့ပုံပါပဲ၊ ပြီးတော့ လူတိုင်းက သူမနားကို စိတ်အားထက်သန်စွာနဲ့ စုဝေးလာခဲ့ကြသည်။

" အဒေါ်၊ ဘာဖြစ်လာတာလဲဟင်? "

" ငါ့ရဲ့သမီးလေးကို ရှာနေတာပါ။ ငါ့သမီးလေးက စန်းရွှေဟူးထုန်မှာရှိတယ်။ ဒါက စန်းရွှေဟူးထုန် မဟုတ်လား? "

" အိုး၊ မဒမ်၊ တစ်‌ယောက်ယောက်ကို ရှာချင်ရင် ပြည်သူ့လုံခြုံရေးဌာနကို သွားရမှာပေါ့။ ဒါက ဘူတာရုံပါ၊ စန်းရွှေဟူးထုန် မဟုတ်ဘူး။ အဒေါ့်သမီးကိုရှာဖို့ ဘူတာရုံကိုလာတာက အဒေါ့်အတွက် အကျိုးမရှိဘူးလေ။ "

" ပြည်သူ့လုံခြုံရေးဌာနက ဘယ်မှာလဲ? အဒေါ် လမ်းမသိဘူး။ "

" ကျွန်မတို့လဲ မသိဘူး။ အကုန်လုံးက တစ်ခြားမြို့ကပါ၊ ဆွေမျိုးတွေဆီ အလည်သွားဖို့ ယွင်ရွှေကောင်တီကို ရောက်လာခဲ့တာ။ အခု ကျွန်မတို့ သွားတော့မယ်နော်။ "

အကုန်လုံးကလဲ အဖွားအိုအတွက် စိတ်ပူနေခဲ့ကြသည်။

အဖွားအိုက မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ ခါးကုန်းကုန်းနဲ့ ထိုင်နေခဲ့သည်။ သူမက သူမအိတ်ထဲက ငွေနှစ်ပြားကို ထုတ်လိုက်ပြီး သူမသမီးကို အိမ်ပြန်ပို့ပေးဖို့ အားလုံးကို တောင်းပန်ခဲ့သည်။

" ငါ့သမီးလေးက စန်းရွှေဟူးထုန်မှာ ရှိတယ်။ ခရီးသွားဖို့အတွက် ငွေအနည်းငယ်လောက်ပေးပြီး အဲ့ဒီကို ပို့ပေးနိုင်မလား? "

လူတိုင်းက ဟိုလူ့ကြည့် ဒီလူ့ကြည့်နဲ့၊ သူတို့အားလုံး နည်းနည်းလေး ရှက်ကိုးရှက်ကန်းဖြစ်ခဲ့ကြသည်။

သူတို့က နယ်ခံတွေ မဟုတ်ခဲ့ကြပေ။ ပြီးတော့ ဒီနေရာကို မရင်းနှီးကြပေ။ ဒါ့အပြင်၊ သူတို့က အိမ်ပြန်ဖို့ ရထားကို စောင့်ကြရမည်။ ရထားလွတ်သွားရင်၊ တစ်ညကို တစ်ယွမ်ကျသင့်တဲ့ တည်းခိုဆောင်မှာသာ နေကြရပါလိမ့်မည်။ ငွေရေးကြေးရေးကြောင့်မဟုတ်ပဲ၊ သူတို့က ရထားကို မနက်ဖြန်အထိ စောင့်ကြရလိမ့်မည်ဖြစ်သည်။

ဒီနေ့ခေတ်မှာ၊ ခရီးသွားတဲ့အခါ၊ ထောက်ခံစာတစ်‌စောင် ရေးသွားဖို့လိုအပ်သည်။ ထောက်ခံစာအတွက် ရက်အနည်းငယ်သာ ကြာမြင့်ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ ပြဿနာတက်ပါလိမ့်မည်။

လူတိုင်း ဒုက္ခရောက်နေချိန်မှာ၊ နူးညံ့ပြီး အနည်းငယ်ကြမ်းတဲ့အသံတစ်ခု ပေါ်ထွက်လာခဲ့သည်။ " ကျွန်မဦးလေးရဲ့အိမ်က စန်းရွှေဟူးထုန်နားမှာပဲ။ အဖွား၊ ကျွန်မ ခေါ်သွားပေးမယ်။ "

အားလုံးက လှည့်ကြည့်ခဲ့ကြပြီး သူမရဲ့မျက်နှာကို အုပ်ပြီး ငိုနေခဲ့တဲ့ မိန်းမလှလေးက စကားပြောနေခဲ့တာကို မြင်ခဲ့ရသည်။

" ကလေးမလေး၊ မင်းက အရမ်းကြင်နာတတ်တာပဲ! "

" မှန်တယ်၊ မိန်းကလေး၊ ကောင်းတဲ့အပြုအမူကြောင့် ဆုချီးမြှင့်ခံရမှာပါ။ မင်းက သေချာပေါက် အနာဂတ်မှာ မင်းကိုပျော်ရွှင်စေမယ့် အမျိုးသားနဲ့ အိမ်ထောင်ကျပါလိမ့်မယ်! "

" မိန်းကလေး၊ လမ်းမှာ အေးတယ်၊ ဒါကြောင့် ဒီသကြားလုံးကို ယူပြီး လမ်းမှာစားလိုက်ပါ။ "

ခရီးသည်တွေအားလုံးက မိန်းမလှလေးကို ချီးမွမ်းပြီးရင်း ချီးမွမ်းနေခဲ့ကြပြီး သူမကို သကြားလုံးတွေ ပေးခဲ့ကြသည်။

မိန်းကလေးက အနည်းငယ် ရှက်ပုံပေါ်နေခဲ့ပြီး သူမရဲ့မျက်နှာပေါ်မှာ ရှက်ပြုံးလေးနဲ့ သူတို့ကို နူးနူးညံ့ညံ့လေး ကျေးဇူးတင်စကားပြောခဲ့သည်။ အပြင်မှာ မိုးရွာနေခဲ့ပြီး အပြာရောင် ကျောက်တုန်းလမ်းက ချော်နေခဲ့သည်။ အဖွားက အပြင်ထွက်ဖို့ လည်တစ်မျှော်မျှော်နဲ့ စိုးရိမ်နေခဲ့သည်။

မိန်းကလေးက လဲကျမှာကို ကြောက်နေခဲ့တာကြောင့်၊ စောင့်ဆိုင်းခန်းထဲက လူငယ်တစ်ယောက်ကို ဘူတာရုံအပြင်ဘက်ဆီ အဖွားအိုကို သယ်ပို့ပေးဖို့ တောင်းဆိုခဲ့သည်။

ဒီနေ့ခေတ်လူတွေက အရမ်းရိုးရှင်းပြီး တစ်ခြားသူတွေကို ကူညီချင်စိတ်ရှိကြတုန်းပါပဲ။ လူငယ်ရဲဘော်က သူ့ရဲ့ရင်ဘက်ကိုပုတ်လိုက်ပြီး သူ့ကျောပေါ်မှာ အဖွားကို ချီပိုးလိုက်ပြီး တစ်ခါတည်း သဘောတူခဲ့သည်။

ခြေလှမ်းတွေမှာ အာရုံစိုက်ဖို့ကိုလဲ မိန်းကလေးက ပညာရှိရှိနဲ့ သတိပေးခဲ့ပါသည်။ ဇနီးမယားတစ်ယောက်ကို ရှာမတွေ့သေးတဲ့ ရဲဘော်လေးကြောင့် စိတ်လှုပ်ရှားသွားခဲ့ပြီး အဲ့ဒီနှလုံးသားမရှိတဲ့လူကို သက်ပြင်းတိုတိုချရင်း စိတ်ထဲကနေ ကျိန်ဆဲခဲ့သည်။

သေစမ်း၊ ဒီလိုမိန်းမကောင်းလေး ရထားတာကို တန်ဖိုးမထားဘူး!

သူတို့အတွက် တစ်ကိုယ်တည်းသမားဖြစ်ရတာ ဘယ်လောက်တောင် အရှက်ရလိုက်ကြမလဲ!

" . . . . "

ထီးတွေကိုင်တဲ့လူက ထီးတွေ ကိုင်ထားကြပြီး အိတ်သယ်တဲ့လူက အိတ်တွေသယ်ကြသည်။ သူတို့က အဖွားအိုကို ဘူတာရုံအပြင်ဘက်ဆီ ပို့ဖို့ အလုပ်ရှုပ်နေခဲ့ကြသည်။ လူငယ်လေးရဲ့ကျောပေါ်မှာ လှဲနေတဲ့ အဖွားအိုကို ဘယ်သူမှ သတိမထားမိခဲ့ကြပေ။ သူမရဲ့နဂို မှုန်ဝါးနေတဲ့မျက်လုံးတွေက လက်လာခဲ့သည်။ ဟိုဟိုဒီဒီပြောနေခဲ့ကြသည်။

*

တုန်းဖန်းဟောင် ထုတ်လုပ်ရေးအသင်း။

အပြင်ဘက်မှာ မိုးရွာပြီး လေထန်နေခဲ့သည်၊ ပြီးတော့ လီအိုက်ဖုန်းက သံချေးတက်နေတဲ့သံဘူးထဲက လက်ချောင်းအရွယ်အစားရှိတဲ့ သကြားညိုတစ်ခဲကို ယူကာ သကြားညိုရည် တစ်ပန်းကန်လုပ်ဖို့ ပန်းကန်လုံးတစ်ခုကိုအသုံးပြုခဲ့ပြီး အိမ်ထဲကနေ ပျော်ရွှင်စွာထွက်လာခဲ့သည်။ တစ်ခါသောက်ရင် ပါးစပ်အပြည့်သောက်ခဲ့သည်။ အရသာရှိခဲ့ပါသည်။

မနေ့က၊ လင်းတာ့ကော်တို့ မိသားစုက လောင်ဝမ်ရဲ့ မိသားစုနဲ့ လက်ထပ်ကြောင်းလမ်းခြင်းကို အပြီးသတ်ခဲ့ကြသည်။

လီအိုက်ဖုန်းက ဝမ်ရှန်းပေါင်ရဲ့ ရှေ့ကို ယွမ် ၂၀ ပစ်ပေးလိုက်သည်၊ ပြီးနောက် ဝမ်ရှန်းပေါင် ရဲ့ ဇနီးကို နောက်ထပ် ငါးယွမ်ပေးခဲ့သည်။ လင်မယားနှစ်ယောက်က ပိုက်ဆံတွေကိုမြင်တဲ့အခါ၊ နှစ်ပေါင်းများစွာ အသားမစားရသေးတဲ့ ဝံပုလွေတွေလိုမျိုးဖြစ်နေကြပြီး ပိုက်ဆံကို အပြေးကောက်ယူခဲ့ကြသည်။

၂၅ ယွမ်အတွက်နဲ့၊ ဝမ်ရှန်းပေါင်က သူ့ရဲ့ခမည်းခမက်ကို တုံ့ဆိုင်းခြင်းမရှိပဲ လက်ခံခဲ့သည်။

Mrs.ဝမ်ရှန်းပေါင်က ဗိုက်ဆာနေတဲ့ ဝံပုလွေလိုမျိုး ပိုက်ဆံတွေကို စိုက်ကြည့်နေပြီး သူမရဲ့နှုတ်ခမ်းထောင့်က နီရဲနေတဲ့မျက်လုံးတွေကို လျက်လိုက်သည်။

ဘဝထက် အရေးကြီးတဲ့ ပိုက်ဆံအတွက် ဒီလိုအပြုအမူမျိုးကို လီအိုက်ဖုန်းမြင်တဲ့အခါ၊ သူမက ကြောက်လန့်နေခဲ့မိသည်။

ဆင်းရဲတဲ့တောင်တန်းဒေသတွေနဲ့ ကြမ်းတမ်း‌တဲ့ရေမြေက ထိန်းသိမ်းလို့မရတဲ့လူတွေကို မွေးထုတ်ပေးတယ်လို့ ပြောကြရင်ရော?

ဘယ်ခေတ်ကာလကိုပဲရောက်ရောက်၊ ဆင်းရဲနွမ်းပါးခြင်းက မူလအပြစ် ဖြစ်သည်။

ပိုက်ဆံမရှိရင်၊ ဘယ်သူက မော်ကြည့်မှာလဲ?

လီအိုက်ဖုန်းက ကွာရှင်းစာချုပ်ကို အမြန်လှမ်းပေးခဲ့ပြီး ဝမ်ရှန်းပေါင်နဲ့ သူ့ဇနီးကို လက်ဗွေနှိပ်ဖို့ ပြောခဲ့သည်။ သူတို့နှစ်ယောက်လုံးက ကန်းနေခဲ့ကြပြီး စာလုံးတစ်လုံးမှတောင် မဖတ်နိုင်ခဲ့ကြပေ။ သူတို့ရဲ့မျက်လုံးထဲမှာ၊ သူတို့သမီးက အရှုံးသမားတစ်ယောက်ဖြစ်ပြီး ရောင်းစားလို့ရနေခဲ့သည်။ ၂၅ ယွမ်ပေးပြီး လက်ဗွေနှိပ်ပြီးတဲ့နောက်မှာ၊ ဝမ်ဟုန်ဟွား သေသေရှင်ရှင် လောင်ဝမ်တို့ မိသားစုနဲ့ မသက်ဆိုင်တော့ပေ။

ဝမ်ရှန်းပေါင် ဘယ်လောက်ကောင်းပေးတယ်ဆိုတာကို ဂရုမစိုက်ပဲ၊ ဒီ ဝမ်ဟုန်ဟွားက တစ်ကယ်ကို ကောင်းပါသည်။

ဒီမိန်းကလေးက တောင်တက်ပြီး ထင်းခုတ်၊ မြက်ခြောက်တွေ ကောက်နိုင်သည်၊ ပြီးတော့ တောင်အောက်ကိုဆင်းကာ ထင်းတွေကို ချိုးပြီး ဝက်အညစ်အကြေး မြေဩဇာတွေကို သယ်ပေးနိုင်သည်။ ဘာပဲဖြစ်ဖြစ်ပါ၊ အမျိုးသားတွေ လုပ်နိုင်တဲ့ဘာမဆိုနဲ့ အမျိုးသမီးတွေ လုပ်နိုင်တဲ့ဘာမဆို သူမ လုပ်နိုင်သည်။

Mrs.ဝမ်ရှန်း‌ပေါင်ရဲ့ ပြောစကားအရ၊ သူမက အိမ်မှာ၊ လျှော်ဖွတ်ဆေးကြောစရာတောင် မလိုခဲ့ပေ။

အရေးအကြီးဆုံး အချက်ကတော့ ဒီမိန်းကလေးက စိတ်ထားကောင်းတာပါပဲ။ အရိုက်ခံ၊ အဆူခံရတဲ့အခါ၊ သူမက ပြန်တိုက်ခိုက်မှာ မဟုတ်ပေ။ ဒီလို ချွေးမမျိုးကို ဘယ်မှာ ရှာလို့ရပါ့မလဲ!

လီအိုက်ဖုန်းက ချက်ချင်း ဆုံးဖြတ်ချက်ချခဲ့ပြီး သူမကို အိမ်ခေါ်သွားဖို့ ဝမ်ဟုန်ဟွားကို ၂၅ ယွမ် ပေးခဲ့သည်။

သူမက မနက်ဖြန် လင်းဟုန်ဝူ ပြန်လာတာကို စောင့်နေခဲ့ပြီး လင်းမိသားစုကြီးနဲ့ လက်ထပ်ကြောင်းလမ်းတာကို ဆက်လုပ်ဖို့ ဝမ်ဟုန်ဟွားနဲ့ မင်္ဂလာကိစ္စဆွေးနွေးနေခဲ့သည်။

ညနေ ၈ နာရီလောက်မှာ၊ ခြံဝင်းထဲမှာ မှောင်နေခဲ့ပြီး မိုးရွာနေခဲ့သည်။ ကျန်းဆွေ့လန်က ပန်းကန်တွေဆေးပြီး ကုသို့သို့ကို ကြည့်ဖို့ ရောက်လာခဲ့သည်။

ကုသို့သို့ က နေ့လည်ခင်းမှာ တစ်ရေးအိပ်နေခဲ့ပြီး ညနေခင်းမှာ အာလူးထောင်းတစ်ပန်းကန်နဲ့ နို့တွေအများကြီး သောက်ခဲ့သည်။ လက်တလောမှာ သူ့အမေလုပ်ပေးထားတဲ့ ကာတွန်းအရုပ်လေးတွေနဲ့ ဘောင်းဘီကိုဝတ်ပြီး ခုံအသေးလေးကိုကိုင်ရင်း အိမ်ထဲမှာ သူက လမ်းလျှောက်ကျင့်နေခဲ့သည်။

ကျန်းဆွေ့လန်က အိမ်ထဲကိုဝင်လာတဲ့အခါ၊ ကလေးလေးက သူ့အမေနဲ့အတူ ဆော့နေခဲ့ပြီး ယုန်လေးတွေကို ကြည့်ဖို့ ခြံထဲကို သွားချင်နေခဲ့သည်။ လင်းယောင်က ရက်စက်ပါသည်။

" မသွားရဘူး၊ အပြင်မှာ မိုးရွာနေတယ်၊ ယုန်လေးတွေလဲ အိပ်နေလောက်ပြီ။ မနက်ဖြန်မှ သွားရအောင်။ "

ကလေးလေးက အပြင်းအထန် ငြင်းဆန်ခဲ့သည်။

" မိုးရွာရင် ထီးဆောင်းမှာပေါ့။ "

" မင်း ထီးကိုတောင် မကိုင်နိုင်ပဲနဲ့။ "

ကုသို့သို့ က နှုတ်ခမ်းလေးကို ထော်ထားခဲ့ပြီး ပတ်ဝန်းကျင်ကို ကြည့်နေခဲ့သည်။ သူ့အဖေက အိမ်မှာမရှိခဲ့ပေ၊ သူ့အဖိုးအဖွားတွေရောပေါ့။

ကလေးလေးက အရမ်းဆိုးပါသည်၊ ပြီးတော့ သူ့အမေကို သွားရှုပ်လို့မရဘူးဆိုတာလဲ သိပါသည်။ သူက နှုတ်ခမ်းထော်ထားခဲ့ပြီး သူ့ဘာသူ လမ်းလျှောက်ကျင့်နေခဲ့သည်။

လင်းယောင်က သူ့ကို လျစ်လျူရှုထားခဲ့ပြီး သူမဘာသာ ဆွယ်တာထိုးနေခဲ့သည်။

ကျန်းဆွေ့လန် အိမ်ထဲကိုဝင်လာတာနဲ့၊ ကုသို့သို့က သူ့ကို အချစ်ဆုံးဖြစ်တဲ့ သူ့အဖွားလာနေတာကို မြင်ခဲ့ပြီး သူက ဘဲလေးတစ်ကောင်လို သူမဆီကို ယက်ကန်ယက်ကန်နဲ့ သွားခဲ့သည်။

" ဘွားဘွား၊ အပြင်သွားမယ်၊ အပြင်ထွက်မယ်။ "

ကျန်းဆွေ့လန်က သူ့မြေးလေး အိမ်ထဲမှာ မနေနိုင်တာကို သိပေမယ့် မိုးအနည်းငယ် ရွာနေခဲ့ပါသည်။ ဘယ်လောက်ပဲ အလိုလိုက်တယ်ဆိုဆို၊ သူ့ကို အပြင်ခေါ်သွားလို့မဖြစ်ပေ။ ဒါကြောင့် ငှက်ပျောသီးတွေပေါ် မိုးရေတွေကျနေတာကို ကြည့်ဖို့ ပြတင်းပေါက်ရှေ့မှာ ကုသို့သို့ ချီထားရင်း မကြားသလို ဟန်ဆောင်နေခဲ့သည်။

ကုသို့သို့ ရဲ့ မျက်လုံးဝိုင်းဝိုင်းကြီးတွေက ဘာကိုမှမမြင်နိုင်တော့သလိုပါပဲ။ တစ်ခါတစ်လေ၊ အပြင်ဘက်က မိုးရေစက်တွေကို လက်ညှိုးထိုးပြပြီး အော်ဟစ်နေခဲ့သည်။ ပြီးတော့ တစ်ခါတစ်ရံ၊ သူ့ခြေထောက်လေးတွေနဲ့ ခြံထဲက ရေအိုင်ထဲကို နင်းချင်နေခဲ့ပြီး မြေကြီးပေါ်မှာ လူးလှိမ့်ဖို့ စိတ်အားထက်သန်နေခဲ့ပါသည်။

ကုရှီတုန်းက သူ့အခန်းထဲကနေ ထွက်လာခဲ့ပြီး ကလေးလေး ကစားဖို့ ဝါးဓါးခုတ်ကောင် အရုပ်အိမ်လေးကို ယူလာခဲ့သည်။

ကလေးလေးက သူ့ရဲ့လက်ဖောင်းဖောင်းလေးတွေနဲ့ ဓါးခုတ်ကောင်လှောင်အိမ်ကို ကိုင်ထားခဲ့ပြီး တစ်နာရီခွဲကျော်ကြာတဲ့အထိ ဆော့ကစားနေခဲ့ပါသည်။ သူ အိပ်ငိုက်လာခဲ့ပြီး သူ့အဖွားရဲ့ပုခုံးပေါ်မှာ ခေါင်းလေးမှီရင်း အိပ်ပျော်သွားခဲ့သည်။

" ကလေးက အိပ်ပျော်တာ အရမ်းမြန်တာပဲ။ "

ကျန်းဆွေ့လန်က သူမမြေးလေးရဲ့တင်ပါးလေးကို ချစ်စနိုးနဲ့ ပုတ်နေခဲ့သည်။ လင်းယောင်က ပြုံးပြီး ဒီည လူကုန်ကူးသမားတွေကို ဖမ်းသင့်တယ်လို့ တွေးရင်း ပြတင်းပေါက်အပြင်က မိုးရေစက်တွေနဲ့၊ အခိုးအငွေ့တွေကို ဝါးလိုက်ကာလေးဖယ်ကာ ကြည့်နေခဲ့သည်။

All Chapters