← Chapters

အခန်း (၉၃)

Vol. 8 Ch. 93

အခန်း (၉၃)

Vol. 8 Ch. 93

စန်းရွှေဟူးထုန်မှာ ယွင်ရွှေကောင်တီ၏ တောင်ဖက်ဆုံးပိုင်းတွင်ရှိသည်။ ဆိုရိုးရှိသည့်အတိုင်း အရှေ့ဘက်ကချမ်းသာကာ အနောက်ဘက်က မြင့်မြတ်သည်။ တောင်ဘက်ကဆင်းရဲကာ မြောက်ဘက်ကနှိမ့်ချသည်။

ထိုဆိုရိုးမှာ ပေကျင်းမြို့တော်ဟောင်းမှ ဆင်းသက်လာခြင်းဖြစ်သည်။ ထိုသည်မှာ မြို့တော် ၄၉ ခု၏ ပုံစံပင်ဖြစ်သည်။ ယွင်ရွှေကောင်တီကဲ့သို့ မြို့အသေးလေးကို ထိုနည်းအတိုင်း တည်ဆောက်ခဲ့သည်။

စန်းရွှေဟူးထုန်၏ ဤဧရိယာတွင် အိမ်နိမ့်လေးများနှင့်ပြည့်နေကာ သက်ကယ်အမိုးပေါ်တွင် ရေညှိများဖြင့်ပြည့်နေလေသည်။ သကြားနှင့်မီးခြစ်ဆံစက်ရုံကဲ့သို့စက်ရုံအသေးလေးများမှ မိသားစုများ နေထိုင်ကြသော ခြံဝန်းကြီးများလည်း ရှိကြလေသည်။

သံတိုသံစကောက်သူများ၊ တစ်အိမ်မှတစ်အိမ်သွားလာနေသောတွန်းလှည့်ဖြင့် ဈေးရောင်းသူများနှင့် လက်မှုပညာသည်များလည်း ရှိကြသည်။ လူတိုင်းကသွားလာနေကြသည်။ ရွှီရှန်းချန်မှာ ထီးတစ်ချောင်းကိုကိုင်ကာ အဘွားအိုအား လူရှင်းသောလမ်းကြားထဲတွင် တွဲကာ လိုက်ပို့ပေးနေလေသည်။ လမ်းလျှောက်ရင်း ပိုဝေးဝေးရောက်သွားသည်။

ဤလမ်းကြားမှာအချိုးအကွေ့များနှင့်ပြည့်နေကာ ရပ်ကွက်တွင်‌နေထိုင်သူအစ်ကိုကြီးထို့ထို့ပင်လျှင်ရှုပ်ထွေးသွားရသည်။ရွှီရှန်းချန်မှာ သူကံကောင်းသွားသည်ဟု မခံစားမိပဲမနေနိုင်တော့။ ကံကောင်းစွာနှင့် သူ လောင်ကုပြောသည်ကိုနားထောင်ကာ ထုံးမှုန့်ကိုမသုံးပဲ ပဲစေ့များကိုချထားခဲ့လေသည်။ မဟုတ်ပါက မိုးရွာလျှင် ထုံးမှုန့်မှာရေနှင့် ပါသွားပေလိမ့်မည်။

တစ်ခေါင်းလုံး ဆံဖြူနေသော အဖွားအိုမှာ လမ်းတစ်လျှောက်လုံး အစ်ကိုကြီးထို့ထို့၏ လက်အားတင်းတင်းကိုင်ထားကာ ကြင်နာတတ်သော မျက်နှာထားနှင့် တစ်လမ်းလုံး မေးနေလေသည်။

"မိန်းကလေး မင်းမိသားစုတွေက ယွင်ရွှေကောင်တီရဲ့ဘယ်နေရာမှာနေကြတာလဲ? မင်းမှာ ညီအစ်ကိုမောင်နှမတွေရောရှိလား?"

"မင်းမိဘတွေရော ဘာလုပ်နေကြလဲ? မင်းဘာလို့အိမ်ပြန်ပြီး သူတို့ကိုမကြည့်တာလဲ?"

"မင်း ငါ့ကို ကတိပေးပြီးသွားပြီမလား"

"မိန်းကလေး မရှက်ပါနဲ့။ ယောကျ်ားတစ်‌ယောက်လက်ထပ်တဲ့အခါ မိန်းကလေးကတာဝန််ရှိတာ။ ဒီအဖွားကြီးမှာ မြေးတွေ အများကြီးရှိတယ်။ သူတို့နဲ့မင်းကိုမိတ်ဆက်ပေးရမလား?"

ရထားဘူတာမှာတုန်းက ဒီိအဖွားအိုကြီးက ငိုကြွေးကာမျက်ရည်များကိုသုတ်ပြီး သနားစရာကောင်းသ‌ယောင် ဟန်ဆောင်နေခဲ့သည်။ သူမက စန်းရွှေဟူးထုန်ကိုရောက်တော့ သူ့အိမ်သူ့ရာကို ရောက်သွားသလိုပင် ဖြစ်သွားကာ စကားများ တရစပ်ပြောနေပြီး သူမ၏အရိုး‌ငေါနေသောလက်များကလည်း အစ်ကိုကြီးထို့ထို့အား တင်းကျပ်စွာဆုပ်ကိုင်ထားကာ လွှတ်မပေးပေ။

အစ်ကိုကြီးထို့ထို့မှာ သင်္ကာမကင်း ဖြစ်နေလေသည်။ အဖွားအိုမှာ အသက် ၇၀ ဝန်းကျင်ရှိလောက်ပေပြီ။ရထားဘူတာမှာတုန်းက တုတ်နှင့်လမ်းလျှောက်ရသည်မှာပင် သူမအတွက် ခက်ခဲနေခဲ့သည်။ လှေကားဆင်းတုန်းက သူမမှာတုန်ယင်နေကာ တစ်စုံတစ်ယောက်က သူမကိုတွဲပေးရန်လိုအပ်ခဲ့သည်။

အခုသူမလက်မှအားကတော့ အဖွားကြီးတစ်ယောက်သုံးနိုင်သည့် အားမျိုးမဟုတ်ပေ။ သူခိုးဂျပိုးများကို ကိုင်တွယ်ခဲ့ရသည့် သူ၏နှစ်ပေါင်းများစွာ အတွေ့အကြုံအရဆိုလျှင် ဤအဖွားအိုမှာဟန်ဆောင်ထားသူ ဟုတ်လျှင်ဟုတ် မဟုတ်လျှင်တော့ နှစ်ပေါင်းများစွာ ကွန်ဖူးကျင့်ထားသူပင်။

တွေးနေစဥ်မှာပင် သူ့ဘေးမှအဖွားကြီးကို မျက်လုံးထောင့်မှ စွေကြည့်လိုက်သည်။ အဖွားကြီး၏နှုတ်ခမ်းထောင့်စွန်းမှာ တွန့်သွားကာ ထူးဆန်းပြီး ခန့်မှန်းရခက်သောအပြုံးမျိုးကို ပြုံးနေလေသည်။ သူမလက်ထဲမှအိတ်ကို ထုတ်လိုက်ကာ အစ်ကိုကြီးထို့ထို့ဖက်ကို ပက်လိုက်လေသည်။

ရွှီရှန်းချန်စိတ်ထဲတွင် အချက်ပေးသံများမြည်သွားသော်လည်း နောက်ကျသွားလေပြီ။ ထူးဆန်းသော မွှေးရနံ့တစ်ခုက သူ့နှာခေါင်းထဲရောက်လာကာ သူစိတ်ထဲတွင် ကျိန်ဆဲလိုက်တော့သည်။ အစ်ကိုကြီးထို့ထို့၏ လက်များ ခြေထောက်များမှာ ပျော့ခွေသွေားကာ အောက်သို့ငြင်သာစွာ ပြုတ်ကျသွားတော့သည်။

အဖွားကြီးက ၂ ကြိမ် လှောင်ပြုံးပြုံးလိုက်ပြီး လမ်းကြားထဲသို့ လေချွန်လိုက်သည်။ မှောင်ပြီး မိုးရွာနေသောလမ်းကြားထဲမှ လူ ၂ ယောက်လမ်းလျှောက်ကာ ထွက်လာသည်။ တစ်‌ယောက်မှာ အရပ်ရှည်ရှည် မျက်နှာတွင် အမာရွတ်နှင့် ဖြစ်ကာ နောက်တစ်ယောက်မှာ ပိန်ပိန်ပါးပါး ဆွဲဆောင်မှုမရှိလှသော ရုပ်ရည်နှင့်ဖြစ်သည်။

မျက်နှာတွင် အမာရွတ်နှင့်လူက လက်ဆန့်ကာ အစ်ကိုကြီးထို့ထို့၏ တင်ပါးကို ၂ ကြိမ် ညှစ်လိုက်သည်။ သူကအလွန်ပင်ကျေနပ်သွားကာ ပြောလေသည်။ "တတိယအဒေါ် ဒီနေ့ပစ္စည်းက တော်တော်ကိုအရည်အသွေးကောင်းတာပဲ။ တင်ပါးလေးကလုံးပြီး ခါလေးကဝိုင်းနေတာပဲ။ ကြည့်လိုက်တာနဲ့ ကောင်းမှန်းသိသာတယ်"

"ဝယ်သူတွေက ဒါမျိုးကိုကြိုက်ကြတာ။ တကယ်ကိုင်လို့ ကောင်းတာပဲ!"

ပိန်ပိန်ပါးပါးနှင့်လူက ထိုင်ချလိုက်ကာ အစ်ကိုကြီးထို့ထို့၏ ရင်သားများကို ကိုင်နေတော့သည်။

အစ်ကိုကြီးထို့ထို့ - "..."

ချီးပဲ လူကုန်ကူးတဲ့ကောင်တွေ!!

တတိယအဒေါ်က သူ့ကိုကြည့်နေပြီး သစ်ခြောက်ပင်အခေါက်လို သူမ၏ မျက်နှာမှာ ရှုံ့တွသွားကာ အော်လိုက်သည်။ "ပစ္စည်းကိုမြန်မြန်မြေအောက်ခန်းထဲကိုသယ်သွားလိုက်။ ငါပိုက်ဆံရှာတဲ့လုပ်ငန်း နှောင့်နှေးလို့ကတော့ မင်းကိုအရေခွံခွာပစ်မယ်"

ပိန်ပိန်နှင့်လူက သူ့လက်ကို‌‌ ဒေါသတကြီးနှင့် လွှတ်လိုက်ပြီး သူ့ဘေးမှအမာရွတ်နှင့်လူကိုလက်ဟန်ပြလိုက်သည်။ သူတို့ ၂ ‌ယောက်က အစ်ကိုကြီးထို့ထို့ကို ဝက်တစ်ကောင်လို သယ်သွားကြပြီး လက်များခြေထောက်များကိုကြိုးတုပ်ကာ ပါးစပ်ထဲတွင် အဝတ်စဖြင့် ဆို့ထားလေသည်။ ထို့နောက် နံရံထောင့်သို့ ပစ်ထားလိုက်သည်။ မြေအောက်ခန်းတံခါးကို သော့ခတ်ကာ ထင်းများဖြင့်ဖုံးထားပြီး သူတို့က လေချွန်ကာထွက်သွားကြကာ သောက်ရင်း ဝက်ခေါင်းသားများကို စားနေကြလေသည်။

ညလယ်ခေါင်တွင် တတိယအ‌ဒေါ်နှင့် လူကုန်ကူးသမား ၂ ‌ယောက်မှာ ဝိုင် ၂ ကရားကိုသောက်ကာ မူးနေကြလေသည်။ သူတို့၏ဟောက်သံများကို ခြံထဲမှပင် ကြားနိုင်သည် ။

ရုတ်တရက်ခြံအပြင်မှ အော်သံများမြည်လာလေသည်။ နှစ်ခါခေါ်ပြီးနောက် ခြံဝန်းမှာတိတ်ဆိတ်သွားသော်လည်း ဟောက်သံများကတော့ ရပ်မသွားပေ။

အမှောင်ထဲတွင် လူရိပ်များစွာက နံရံကိုကျော်တက်လာကာ ခြံထဲသို့ ညင်သာစွာ ဆင်းလိုက်သည်။ သူတို့ကခြံရှေ့နှင့်အနောက်ကို သေချာစွာလှည့်လည်ပြီးနောက် မြေအောက်ခန်းဝင်ပေါက်တွင် စိုနေသောခြေရာ ၂ စုံကိုတွေ့ခဲ့သည်။

ကုရှီအန်း သူ့နောက်သို့ လက်ဟန်ပြလိုက်ပြီးနောက် လူငယ် ၂ ‌ယောက်က မြေအောက်ခန်းရှေ့သို့ ရောက်လာကြသည်။

လူငယ်တစ်ယောက်က သူ့ခြေရင်းမှာ စောင်းနေတဲ့ဝိုင်ပုလင်းကို မတော်တဆ ထိမိသွားသည်။ ဝိုင်ပုလင်းက ဝေ့ဝဲသွားသည်။ ဟောက်နေတဲ့ တတိယအဒေါ်က မျက်လုံးဖွင့်ပြီး ရုတ်တရက် ထခုန်လာသည်။ သူမ၏ တစ်ကိုယ်လုံးသည် အခန်းထဲတွင် ဇောက်ထိုးကျနေသော လင်းနို့တစ်ကောင်လို တွဲလောင်းကျနေသည်။ ထုပ်တန်းပေါ်တွင် သူမသည် ခန္ဓာကိုယ်ကို ကိုင်းပြီး ပိန်လှီသောလက်များဖြင့် တစ်ကိုယ်လုံးတွင် ရှိ‌နေသော မကောင်းဆိုးဝါး အငွေ့အသက်ဖြင့် လူတိုင်းကို သတ်ရန်ကြိုးစားလိုက်သည်။

သူမနှင့် အနီးကပ်ဆုံး ရဲအရာရှိသည် အလုပ်စဝင်တာ ရက်ပိုင်းမျှသာရှိ‌သေးကာ ယခုလို တိုက်ပွဲမျိုး တစ်ခါမှ မတွေ့ဖူး‌ပေ။ တတိယအဒေါ်က သူ့ကိုတိုက်ခိုက်နေတာကိုမြင်တော့ သူ့ခန္ဓာကိုယ်ထဲက သွေးတွေခဲသွားပြီး သူလုံးဝမလှုပ်ရှားနိုင်တော့ပေ။

"အစ်ကိုကြီး မှတ်စုက ဒီမှာ!"

"ပြေး!"

အရက်မူးနေသော အမာရွတ်နှင့်လူအပြင် ပိန်ပိန်နှင့်လူတို့သည် နိုးလာပြီး ရုန်းရင်းဆန်ခတ်ဖြစ်မှုကို အခွင့်ကောင်းယူကာ ထွက်ပြေးသော်လည်း အနီးနားရှိ ရဲဘော်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

တခြားရဲဘော်တွေက ကယ်ဆယ်ရန် ခုလေးတင်ရောက်လာကြလေသည်။

"ကောင်လေး၊ ဒီနေ့က မင်းရဲ့အောက်မေ့ဖွယ်နေ့ပဲ"

တတိယအဒေါ်က နှစ်ကြိမ် ရယ်လိုက်ပြီး သူမ၏ လက်ကောက်ဝတ်ကို လှန်လိုက်ကာ သူမရဲ့ လက်ဖျားထိပ်မှာ တောက်ပနေတဲ့ ဓားတစ်ချောင်း ပေါ်လာသည်။ ရဲအရာရှိငယ်၏ လည်ပင်းကို ဓားထက်ထက်က လှီးဖြတ်တော့မည်ကို သူမ မြင်လိုက်ရသည်။

တတိယအဒေါ်က မျက်လုံးမှိတ်ပြီး သွေးပူများ စီးကျလာသည့် ကြည်နူးမှုကို ခံစားရန်ပြင်နေစဉ်မှာပင် ဝမ်းဗိုက်ကို ချွန်ထက်သော ကန်ချက်ဖြင့် ကန်ထုတ်ခံလိုက်ရသည်။ သူမ ယိမ်းထိုးကာ မီတာအနည်းငယ်လွင့်ပျံသွားပြီး အကြိမ်အနည်းငယ် တွန့်သွားကာ ပါးစပ်ထဲမှ အနက်ရောင်သွေးများကို ထွေးထုတ်လိုက်သည်။ ထိန်းမရတော့ဘဲ မူးမေ့လဲမသွားခင် အေးစက်စက်အသံကိုသာ ကြားလိုက်ရသည်။ "သူ့ကို စောင့်ကြည့်။ ဘယ်သူ့ကိုမှ မသေစေနဲ့"

"..."

မိုးမှောင်သောညတွင် မြေအောက်ခန်းတံခါးကို ဖွင့်လိုက်သည်။

မြေအောက်ခန်းထဲမှာ လဲလျောင်းနေသည့် ရွှီရှန်းချန်က သတိပြန်ရလာသည်။ အပေါ်က သံချေးတက်နေသည့်သံ၏ ပွတ်တိုက်သံကိုကြားတော့ ဟိုလူ ၂ ယောက်ရောက်လာသည်ဟု သူထင်ခဲ့သည်။ သူဒေါသတကြီး ပြုံးလိုက်ပြီး လူယုတ်မာနှစ်ကောင် ဝင်လာကာ သူတို့ကို ကိုက်ပစ်ရန် စောင့်နေလိုက်သည်။

သူမော့ကြည့်လိုက်ပြီး ရင်းနှီးပြီးသား ချောမောသည့်မျက်နှာကို တွေ့လိုက်ရသည်။

"ဝူး!"

လောင်ကု မင်းနောက်ဆုံးတော့ ဒီကိုရောက်လာပြီ!

အကိုကြီးထို့ထို့ စိတ်လှုပ်ရှားလာသောအခါတွင် ငါးတစ်ကောင်လို ငေါက်ခနဲထကာ ရင်ဘတ်ပေါ်ရှိ ပေါက်စီကြီးတစ်လုံးသည် ဘောင်းဘီရှည်၏ ခါးနေရာဆီသို့ ပြုတ်ကျသွားသည်။ အခင်းဖြစ်ပွားရာနေရာကို စစ်‌ဆေးရန်အတွက် လက်ထိပ်ခတ်ခံထားရသော ပိန်ပိန်ပါးပါး အမျိုးသား၏ မျက်လုံးများသည် ပြုတ်ကျတော့မလိုပင်။

"မယုံနိုင်စရာပဲ၊ ဒီအမျိုးသမီးရဲ့ ရင်သားတွေ ပြုတ်ကျသွားပြီ!"

"..."

ယွင်ရွှေကောင်တီတွင် ရက်အတော်ကြာ ဒုက္ခရောက်ခဲ့သည့် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးသွားသည့်ကိစ္စမှာ နောက်ဆုံးတွင် ပြေလည်သွားခဲ့သည်။

ကောင်တီပြည်သူ့လုံခြုံရေးဌာနသည် ၎င်းတို့ဖမ်းမိသောငါးကြီး ၃ ကောင်မှ စတင်ကာ ဆက်စပ်‌နေသည့်ပျောက်ဆုံးမှုများစွာကို ဖြေရှင်းခဲ့သည်။ ဤသုံးယောက်သည် တောင်ဘက်ရှိဓါးမြကျေးရွာ ဇာတိဖြစ်သည်။ လွတ်မြောက်ပြီးနောက် ဓားပြကျေးရွာ ဖျက်ဆီးခံခဲ့ရသည်။

တတိယအဒေါ် ဖမ်းဆီးခံရပြီးနောက် သူမက ယွင်ရွှေကောင်တီသို့ ထွက်ပြေးခဲ့သည်။ သူမသည် အမျိုးသားအနည်းငယ်နှင့် ချိတ်ဆက်ပြီး လျှို့ဝှက်လူကုန်ကူးမှုလုပ်ငန်းများကို စတင်ခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူမလက်ထဲတွင် မိန်းကလေးများစွာ ရှိခဲ့သည်။

အမာရွတ်ရှိသောလူနှင့် ခပ်ပိန်ပိန်အမျိုးသား၏ ပါးစပ်များကို ဖွင့်ရန်ကြိုးစားကာ လူကုန်ကူးသူများ ဖမ်းဆီးခေါ်ဆောင်သွားသော ကောင်တီအတွင်းမှ မိန်းကလေး ခုနစ်ဦး သို့မဟုတ် ရှစ်ဦးကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ပြီး လူကုန်ကူးသူများကို တစ်‌ယောက်ပြီးတစ်ယောက်ဖမ်းဆီးနိုင်ခဲ့သောကြောင့် အခြားကောင်တီနှင့် မြို့များတွင်လည်း လူကုန်ကူးခံရသူများကို ကယ်ဆယ်နိုင်ခဲ့သည်။

အစ်ကိုကြီးထို့ထို့သည် ဖြောင့်မတ်ခြင်းအတွက် သူ့ကိုယ်သူ အနစ်နာခံကာ သူသည် အမျိုးသမီးတစ်ဦးအဖြစ် ဟန်ဆောင်ကာ ရန်သူ၏ အတွင်းပိုင်းကို ဝင်သွားခဲ့သောကြောင့် ပြည်သူ့လုံခြုံရေးဌာန၏ ရဲဘော်ရဲဘက်များက တညီတညွတ်တည်း ချီးကျူးခဲ့ကြသည်။

ယခင်ဒါရိုက်တာကြီး အနားယူရာကနေ ပြန်ရောက်တဲ့အခါ သူက အကိုကြီးထို့ထို့ရဲ့ ပုခုံးကိုပုတ်ပြီး ရွှီအဖေရှေ့မှာ ခေါင်းအစခြေအဆုံး ချီးကျူးလိုက်သည်။

" လောင်ရွှီရေ ကျားအဖေမှာ သားမရှိဘူးဆိုတာ အမှန်ပါပဲ။ မင်းမိသားစုက တကယ်ကို ထက်မြက်ပြီး ရဲရင့်တယ်။ မင်းရဲ့ ဉာဏ်ပညာနဲ့ မိန်းကလေးတွေနဲ့ မိသားစုတွေကို မင်းအများကြီး ကယ်တင်ခဲ့တယ်။ မင်းဟာ ပြည်သူ့လုံခြုံရေးဌာနက ရဲဘော်အားလုံးရဲ့ စံပြတစ်ယောက်ပဲ!"

ရွှီအဖေသည် ပါးစပ်နားရွက်တတ်ချိတ်တော့မတတ်ပင်ပြုံးကာ ကျိုးနွံစွာပြောလိုက်သည်။ " မင်းရဲ့အလုပ်ကို သဘောကျရမယ်။ ပြည်သူကို အလုပ်အကျွေးပြုတာက ဒီကလေးရဲ့ တာဝန်ပဲ။ ဒါကလက်ထောက် ဒါရိုက်တာကုရဲ့ အကြံလည်းပါပါတယ်။ ပြီးတော့ ရဲဘော်အားလုံးရဲ့ အားထုတ်မှုနဲ့ပါ။ သူတစ်ယောက်တည်းဆို ဒီလိုဖြစ်မလာနိုင်ပါဘူး!"

အဲဒီနောက် ဒါရိုက်တာကြီးက ကုရှီအန်းကို သတိရပြီး လှည့်ကြည့်ပေမယ့် ဘယ်သူ့ကိုမှ မတွေ့ရပေ။

"ဟုတ်သား ဒီကောင်လေး ရှီအန်းဘယ်​မှာလဲ"

"လက်ထောက်ဒါရိုက်တာကုက သူ့မိန်းမနဲ့သားကိုတွေ့ဖို့ အိမ်ပြန်သွားပါတယ်!"

" ဒီကောင် ဘာလို့ပျောက်နေတာလဲ"

"အစ်ကိုရွှီလည်း ပြန်ပြေးသွားပါတယ်!"

ဒါရိုက်တာကြီး - "..."

*

မနေ့ညက တညလုံး မိုးရွာသည်။ ကုသို့သို့ဟာ မနက်ခင်းမှာ အစာစားခဲ့ပေမယ့် ဝမ်းလျှောပြီး အပြင်ထွက်ကစားချင်တာကြောင့် အိပ်မရခဲ့‌ပေ။

လင်းယောင်သည် သူမ၏သား ဖက်တီးလေးကို ချီလိုက်ပြီး ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ အိမ်ထဲမှာ ဝါးဖျာခင်းပြီး ပါးလွှာတဲ့ စောင်တစ်ထည်ထပ်ထပ်ကာ အပေါ်မှာ ခေါင်းအုံးအသေးလေးနဲ့ ဝဝကစ်ကစ်ကောင်လေးက ငါးနဲ့ ကျားရုပ်တို့ဖြင့် ကစားလေ့ရှိသည်။

မိသားစုက မနက်ခုနစ်နာရီကျော်တဲ့အထိ စောင့်ခဲ့ပေမယ့် ကုရှီအန်းက ပြန်မလာသေးပေ။

ကျန်းဆွေ့လန် သက်ပြင်းချလိုက်သည်။

"မစောင့်နဲ့။ ထမင်းချက်ရအောင်"

ကြာကြာစောင့်ရင် အလုပ်နောက်ကျလိမ့်မယ်။

"ပါပါး!"

ကုသို့သို့သည် သူ့လက်ထဲတွင် ကျားရုပ်ကြီးကို ကိုင်ထားလေသည်။

အဖေဖြစ်သူသည် ဤရက်များတွင် အိမ်ပြန်မလာသောကြောင့် ဝကစ်ကစ်ကလေးလေးသည် သူ့ကို အလွန်ပင်လွမ်းနေပါသည်။

"ပါပါးက ပြန်မလာသေးဘူး၊ အရင်စားရအောင်"

လင်းယောင်သည် သူမလက်ထဲရှိ ကြက်ဥပူတင်းကို မှုတ်လိုက်ပြီးပြောနေချိန်တွင် သူမသည် ခေါင်းကိုလှည့်ကာ တစ်စုံတစ်ယောက် ပြန်မလာတော့ဟုတွေးပြီး အကြိမ်ပေါင်းများစွာ အပြင်ကို လှမ်းကြည့်လိုက်သည်။

မိုးရွာပြီးနောက် နေရောင်သည် တောက်ပနေသည်။ ကျန်းဆွေ့လန်သည် ပြောင်းဖူးဆန်ပြုတ်ကျိုပြီး မနေ့ညကကျန်သော ပန်ကိတ်များကို နွှေးလိုက်သည်။ မိသားစုက ဆားရည်စိမ် မုန်လာဥခြောက်တစ်ပန်းကန် စားပြီး အလုပ်သွားသူကသွား ကျောင်းသွားသူက သွားကြသည်။

လက်ထောက်ဒါရိုက်တာကုသည် အမှုကိစ္စများဖြေရှင်းရန် အလုပ်များနေပြီး အိမ်တွင် ကလေးလေးအား ပြုစုစောင့်ရှောက်ပေးမည့်သူ မရှိသောကြောင့် လင်းယောင်သည် အိမ်တွင်တစ်ရက်အနားယူခဲ့သည်။

မနေ့ညက မိုးရွာကာ ဟင်းသီးဟင်းရွက်ဥယျာဉ်က စေးကပ်နေသည်။ မြက်ပင်ငယ်များစွာ ပေါက်ရောက်နေလေသည်။ လင်းယောင်သည် မြက်များကို ဆွဲနှုတ်ကာ မြေကို ပေါက်ပြားဖြင့် ဆွလိုက်သည်။ သူအလုပ်လုပ်နေစဉ် ကြောင်ဝါကြီးသည် ဟင်းသီးဟင်းရွက်ဥယျာဉ်ဘေးတွင် ထိုင်နေခဲ့သည်။ အိပ်ယာပေါ်မှာ သူကခဏလောက် သူ့ခြေသည်းတွေကို လျှာဖြင့်လျက်နေပြီး ဟင်းရွက်ခြံထဲမှာ ပျားရည်စုဆောင်းနေသော ပျားတွေကို ဖမ်းဖို့ ပြေးထွက်လာသည်။

လင်းယောင်က သူ့ကို တွေ့ပြီးပြောသည်။ "မင်းဘာလုပ်နေတာလဲ။ ပျားကိုဖမ်းလို့ရလို့လား။ ပျားတွေအကိုက်ခံရရင် မင်းပါးစပ်က ဝက်ခေါင်းလို ဖောင်းလာလိမ့်မယ်နော်"

သူနားလည်နေသလိုပင် ကြောင်ကြီးက မြောင်ဟုအော်လေသည်။ သူသည် သူအိပ်သည့်အရာကို စင်္ကြံဆီသို့ သယ်သွားပြီး နေပူထဲတွင် ပျင်းရိစွာ နေနေလေသည်။

လင်းယောင်သည် ဟင်းသီးဟင်းရွက်စိုက်ခင်းရှိ မြေဆီလွှာများကို ပေါက်ပြားဖြင့် ဆက်လက်ဆွပေးကာ လက်ထောက် ဒါရိုက်တာကုသည် အိမ်ထဲသို့ဝင်လာ‌လေသည်။ သူ တစ်ညလုံး မအိပ်ရသေးပေ။ သူ့မျက်လုံးများမှာ နီနေကာ ပန်ဒါမျက်လုံးဖြစ်‌နေလေသည်။ သူက မတ်တပ်ရပ်နေကာ ရဲယူနီဖောင်းမှာ ညစ်ပတ်လွန်းလို့ မြင်တောင်မမြင်ရပေ။ သူ့ကိုကြည့်ပြီး ဝမ်းနည်းသွားသည်မှာ သိသာသော်လည်း လင်းယောင်သည် သူ့ဆီသို့ အပြေးအလွှားသွားကာ မျက်နှာတွင် မျက်ရည်များ စီးကျလာသည်။

"လူယုတ်မာကြီး။ ရှင်ဘာလို့ ပြန်လာတာလဲ။ ပြန်မလာနဲ့။ သားလေးနဲ့ ကျွန်မက ရှင့်ကိုအလိုမရှိတော့ဘူး။"

"အင်း ကိုယ့်အမှားပါ။ ကိုယ်တောင်းပန်ပါတယ်။ ထပ်မလုပ်တော့ဘူးနော်"

တစ်ယောက်ယောက်က တောင်းပန်တဲ့အခါ လင်းယောင်က သူ့ကို ရက်ရက်ရောရောပင် ခွင့်လွှတ်ခဲ့သည်။

ကုရှီအန်းပြန်ရောက်လာပြီး သူ့လက်ကို ဆေးပြီးနောက် သူ့သားကို ပွေ့ဖက်လိုက်သည်။ သူသည် အလွန်ချောမောသောကြောင့် ထိုကောင်လေးသည် သူ့အဖေ၏ လည်ကုတ်ပေါ်တွင် ခိုစီးကာ စိတ်ချမ်းသာစွာ ရယ်မောနေလေသည်။

လင်းယောင်က ရေနွေးအိုးကျိုပြီး သူ့သားကို အိပ်ခိုင်းလိုက်ကာ ကုရှီအန်းကို ရေချိုးဖို့တွန်းပို့လိုက်သည်။

ကုရှီအန်း ရေချိုးပြီး ကုတင်ပေါ်ခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားသည်။ သူ အိပ်ပျော်သွားတော့ မွန်းတည့်ချိန်မရောက်သေးပေ။ လင်းယောင် သူနိုးပြီလားဆိုတာကြည့်ဖို့ အခန်းထဲဝင်လာတော့ တစ်ယောက်သောသူက သူမကို ပွေ့ဖက်လိုက်သည်။

All Chapters