အခန်း (၉၄)
Vol. 8 Ch. 94
လင်းယောင်က ကုရှီအန်း သူမကို မထင်မှတ်ပဲဘပွေ့ဖက်လာဖို့ မမျှော်လင့်ထားပေ။ ဒီလူရဲ့လက်ကြီးတွေက သန်မာလွန်းတာကြောင့် သူမ ရှောင်မပြေးနိုင်ခဲ့ပေ။ ဒေါသတကြီးဖြင့် သူ့ခါးကို ဆိတ်ဆွဲရန်လုပ်လိုက်သော်လည်း ခါးကို မထိလိုက်ပေ။ တစ်စုံတစ်ယောက်က လှည့်လာပြီး သူမကို ဖမ်းလိုက်သည်။ သူက သူမကိုလက်များထဲတွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး လင်းယောင်၏ ပျော့ပျောင်းသော ပခုံးများကြားတွင် သူ့ခေါင်းကိုမြှုပ်ထားကာ သူ၏အသံခပ်အုပ်အုပ်က ပင်ပန်းနွမ်းနယ်မှုကို ဖော်ပြနေပါသည်။
"ပင်ပန်းလိုက်တာ ယောင်ယောင်။ ကိုယ်နဲ့ ခဏအိပ်ပါဦး။"
ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် လင်းယောင်၏ နှလုံးသား ပျော့ပျောင်းသွားခဲ့သည်။လက်ထောက်ဒါရိုက်တာကုက ဘယ်တုန်းက ချွဲတတ်သွားတာလဲ။
လင်းယောင်သည် သူမ၏သားလေး အိပ်ပျော်သွားသည်ထင်လိုက်သည်။ ဒါကြောင့် သူမနိုးခင် ဘာလို့တစ်ရေးအိပ်ပြီး မစောင့်ရမလဲ။
မထင်မှတ်ပဲ သူမ ချက်ချင်း အိပ်ပျော်သွားသည်။ ကံကောင်းထောက်မစွာ လင်းယောင်သည် သွားတိုက်ပြီး ခြေထောက်ကို ကြိုတင်ဆေးကြောခဲ့သည်။ ညလယ်တွင် မိုးရွာသဖြင့် လင်းယောင်အအေးဒဏ်မှ နိုးလာခဲ့သည်။ သူမသည် သူမ၏ ဝကစ်သော သားဖြစ်သူကို ယောင်ဝါးဝါး ကြည့်နေလေသည်။
ကုသို့သို့သည် ခေါင်းပေါ်တွင် ခေါင်းအုံးလေးတစ်ခုဖြင့် အလွန်နှစ်ခြိုက်စွာ အိပ်နေပြီး သူ၏လက်လေးများကို စောင်ထဲတွင် ကွေးထားသည်။ လင်းယောင်သည် စိတ်သက်သာရာရသွားကာ ကုရှီအန်းထံသို့သွားပြီး သူ့ရင်ခွင်ထဲသို့ ဝင်လိုက်သည်။ အရမ်းနွေးထွေးပြီး သက်တောင့်သက်သာရှိပါသည်။ ဒီလူမှာ မီးစွမ်းအင်တွေ အများကြီးရှိပြီး ဆောင်းဦးနဲ့ ဆောင်းရာသီမှာ အေးတဲ့အခါ လင်းယောင် သူ့ဘေးမှာ အိပ်ရတာကို နှစ်သက်ပါသည်။
အပြင်ဘက်ရှိ ကြွေပြားများပေါ်သို့ မိုးရေများ တဖွဲဖွဲကျလာသည်။ လင်းယောင်သမ်းပြီး အိပ်ပျော်သွားပြန်သည်။
ဤတစ်ကြိမ်တွင် လင်းယောင်သည် ခုနစ်နာရီခွဲသည်အထိ အိပ်သည်။ သုန်ဇီက သူမကို ခေါ်လာတဲ့အခါ အပြင်မှာ လင်းထိန်နေလေပြီ။
"မရီး ၇ နာရီထိုးနေပြီ။ အမေက အိပ်ရာထဖို့ ခေါ်နေတယ်"
သုန်ဇီသည် ကျောင်းနောက်ကျခါနီးဖြစ်နေကာ ခြံထဲတွင် အော်ဟစ်နေ၏။
ကျန်းဆွေ့လန်က သူ့ကို မျက်နှာသုတ်ပုဝါနဲ့ ရိုက်လိုက်သည်။
"ဒီကောင်လေးက ဝံပုလွေတစ်ကောင်လို အော်နေတယ်။ မြန်မြန်သွားစား!"
ကုရှီတုန်း မီးဖိုချောင်ထဲ ဝင်သွားသည်။ နိုင်ငံပိုင်ဝက်မွေးမြူရေးခြံနောက်တွင် တောင်ကုန်းနိမ့်တစ်ခုရှိသည်။ နွေဦးပေါက်လာသောအခါတွင် ဆလတ်ရွက်နှင့် မှင်သက်ပင်တို့သည် နိမ့်ပါးသော တောင်ကုန်းပေါ်တွင် ပေါက်လာသည်။ ကျန်းဆွေ့လန်က ဓာတ်မြေသြဇာ တစ်တောင်းကို တူးလိုက်သည်။ အရွက်နုလေးတွေ ထွက်လာတဲ့အခါ ခူးပြီး အဖုံးတစ်ခုနဲ့အုပ်ပြီး ခေါက်ဆွဲ ၂ ခုထည့်ကာ ဖက်ထုပ်ထုပ်ထားလိုက်သည်။ ဖက်ထုပ်များကို အိုးထဲတွင် ရေနွေးပူပူဖြင့် လှိမ့်ပြီး နံနံစေ့ကို လတ်ဆတ်ပြီး အရသာရှိစေရန် ဖြန်းလိုက်သည်။
လင်းယောင်သည် ကုတင်ပေါ်မှ ဖြည်းညှင်းစွာထလိုက်သည်။ ရေနွေးပူပူကို အခန်းတွင်းရှိ ကြွေဘေစင်ပေါ်တွင်ထားကာ သွားတိုက်ဆေးကို ညှစ်ထုတ်လိုက်သည်။
လင်းယောင် ဆေးကြောပြီးနောက် သူမသည် မှန်ရှေ့ရှိခရင်မ်ကိုလိမ်းကာ မနက်စာစားရန် အခန်းကြီးဆီသို့ သွားခဲ့သည်။
ဒီအချိန်မှာ ကလေးလေး ကုသို့သို့က သူ့အဖေရဲ့ ရင်ခွင်ထဲမှာ ထိုင်နေပြီး သူ့ပါးစပ်လေးကို ဖွင့်ကာ ဖက်ထုပ်တွေကို စားနေသည်။
ကုရှီအန်းက ဖက်ထုပ်သေးသေးလေးကို ယူပြီး အအေးခံကာ ဖက်တီးလေးရဲ့ပါးစပ်ထဲကို ထည့်လိုက်သည်။ ကုသို့သို့က "အာ ဝူး" ဆိုပြီး ပြောလေသည်။ဝဝကစ်ကစ် မျက်နှာလေးမှာ ဖောင်းနေပြီး သူ့လျှာလေးဖြင့်လျက်နေကာ အရသာရှိရှိနဲ့ ခေါင်းယမ်းနေသည့်ပုံစံမှာ ဘယ်လောက် ချစ်စရာကောင်းနေမှန်း ပြောစရာပင်မလိုချေ။
ကောင်လေးက တစ်ကြိမ်တည်းနှင့် ငါးခု ခြောက်ခုစားလိုက်သည်။ လင်းယောင်က ပြုံးပြီး သူ့သားရဲ့ ဗိုက်ကို ကိုင်လိုက်ကာ ထိုကလေး ထပ်မစားနိုင်လောက်တော့ဟု ခံစားလိုက်ရသည်။
ကုသို့သို့သည် လုံလောက်စွာ စားပြီးသောအခါတွင် လိမ္မာနေသည်။ သူ့မိဘတွေက စားပွဲမှာ စားကြပြီး အဖိုးအဖွားတွေနဲ့ ဦးလေးက အလုပ်သွား ကျောင်းသွားကြသည်။ သူသည် လမ်းလျှောက်လှည်းလေးတွင် ထိုင်ပြီး ခြေထောက်ဝဝလေးများဖြင့် လမ်းလျှောက်ကျင့်နေသည်။
ကုရှီအန်းသည် လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက လူကုန်ကူးသူများအား လိုက်ဖမ်းခဲ့ပြီး အစားပင်မစားဘဲ အိပ်စက်ခဲ့သည်။
လင်းယောင် သူမ၏ ဝဝကစ်ကစ်သားကို ကျွေးပြီးနောက် ဖက်ထုပ်တစ်ပန်းကန်ကို ဖြည့်ရန် မီးဖိုချောင်သို့ သွားကာ ကုရှီအန်းအား ကျွေးခဲ့သည်။ လင်းယောင်က သူ့ကို မသီးစေရန် ဖြည်းဖြည်းချင်း စားခိုင်းကာ သူ့မျက်နှာကိုသုတ်ပေးဖို့ လက်ကိုင်ပုဝါကို ထုတ်လိုက်သည်။
"ရှင်အပြင်မှာ ဘာတွေစားဖြစ်လဲ"
"အသားနဲ့ ကြက်ဥပေါက်စီ"
ကုရှီအန်း၏ စကားများသည် တိုတိုတုတ်တုတ်ဖြစ်ပြီး မျက်ခုံးများက အဆင်မပြေဖြစ်ကာ ဖက်ထုပ်များကို စားရန် ခေါင်းငုံ့ထားသည်။ သူက သူ့မိန်းမကို သက်တောင့်သက်သာရှိစေချင်သည်။
လင်းယောင်က အိမ်ထောင်ကျတာ ကြာပြီဆိုတော့ ဒီလူပြောတာ မှန်လား မှားလားဆိုတာ ဘယ်လိုမပြောနိုင်ပဲနေမည်နည်း။
လင်းယောင် တမင်တကာ ထုတ်မပြောခဲ့ပေ။
"အစားအစာက တော်တော်ကောင်းပါတယ်။ မနက်စာက မလုံလောက်သေးဘူး။ ရှင့်အတွက် ကြက်ဥပန်ကိတ် ဖုတ်ပေးရမလား"
လက်ထောက်ဒါရိုက်တာကုသည် များသောအားဖြင့် ကြက်ဥပန်ကိတ်ကို စားရတာ အကြိုက်ဆုံးဖြစ်သည်။ ထိုအကြောင်းတွေးရင်း သူ့နှုတ်ခမ်းပေါ် အပြုံးကို မထိန်းနိုင်ပေ။ သူက "အင်း" ဟုပြောကာ ကူညီရန်ထလိုက်သည်။
"ရှင်က လုပ်တတ်တာမဟုတ်ဘူး။ စောင့်သာနေ။ ခဏပဲကြာမှာ"
လင်းယောင်သည် လက်ကိုဆေးပြီး ခေါက်ဆွဲဗူးဆီသို့သွားကာ ဂျုံမှုန့်တစ်ပန်းကန်ကို ထုတ်ပြီး ရေထည့်ကာ ကြက်ဥနှစ်လုံးကို ပါးပါးလှီးထားသော အသားနှင့် ရော၍ ဒယ်ပြားထဲတွင် ရွှေအိုရောင် နူးညံ့သော ကြက်ဥပန်ကိတ်အနည်းငယ်ကို ဖုတ်လိုက်သည်။ လက်ထောက်ဒါရိုက်တာကု တစ်ကိုက်ကိုက်လိုက်သည်နှင့် သူ့ပါးစပ်သည် အရသာရှိသော အစားအစာများဖြင့် ပြည့်သွားသည်။
စားသောက်ပြီးသောအခါ ကုရှီအန်းသည် ပန်းကန်များနှင့် တူများကို ချောမွေ့စွာ ဖယ်ထားလိုက်သည်။ ဖက်တီးလေးက ငါးဝကစ်ကြီးကို ပွေ့ဖက်ပြီး ကုတင်သေးသေးလေးထဲမှာ ကစားနေသည်။ လင်းယောင် အခန်းထဲသို့ ပြန်ဝင်ကာ စောင်ကိုခါလိုက်ပြီး လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်ကို ဖွင့်လိုက်သည်
လင်မယားနှစ်ယောက်သည် အသိုက်ထဲရှိ ယုန်များကို အစာကျွေးရန် ရေထည့်ကြသည်။ ကုရှီအန်းသည် သူ၏ ဝဝကစ်ကစ် ကလေးငယ်ကို ချီပိုးသည့်ဟာလေးဖြင့် ချီထားကာ ကလေးလေးသောက်နေကျ နို့ဗူးများ၊ နို့မှုန့်များနှင့် ဒိုက်ပါများကို ကောက်ယူကာ စက်ဘီးကို တွန်းထုတ်ခဲ့သည်။
လင်းယောင်က အလျင်စလို အလုပ်သွားရန်ပြင်သည်။ အစကသူမ ဒီနေ့ လမ်းလျှောက်သွားရမယ်လို့ ထင်ခဲ့သည်။ သူမ ထွက်လိုက်တာနဲ့ လက်ထောက်ဒါရိုက်တာကုက သူ့စက်ဘီးကိုတွန်းပြီး တံခါးနားမှာ စောင့်နေလေပြီ။
လင်းယောင် ပြေးထွက်သွားပြီး ဆုချသည့်အနေနှင့် အနမ်းလေး ပေးလိုက်သည်။ "ငါတို့ လက်ထောက် ဒါရိုက်တာကုက အရမ်းကောင်းတာပဲ!"
ဤစကားများ ထွက်လာသည်နှင့်တပြိုင်နက် ကုသို့သို့လေး စိတ်ညစ်သွားလေသည်။ ဖက်တီးလေးက လင်းယောင်၏ ကျစ်ဆံမြီးကို ဆုပ်ကိုင်လိုက်ပြီး ပြောလေသည်။ "မာမား သားလည်းနမ်းချင်တယ်"
"ဟုတ်ပြီ သို့သို့ကိုလည်း နမ်းမယ်"
လင်းယောင်သည် သားဖြစ်သူ၏ မျက်နှာဝကစ်ကစ်လေးကို သူမ၏လက်ထဲတွင် ကိုင်ထားလိုက်ပြီး လင်မယားနှစ်ယောက် ခေါင်းငုံ့ကာ တစ်ချိန်တည်းမှာ နမ်းလိုက်ကြသည်။
ဖက်တီး၏ မျက်နှာသည် ရွှင်မြူးစွာဖြင့် နီရဲသွားသည်။
ကုရှီအန်းနှင့် သူ့သားတို့သည် လင်းယောင်ကို အထည်စက်ရုံသို့လိုက်ပို့ပြီး ကောင်တီပြည်သူ့လုံခြုံရေးဌာနကို သွားခဲ့သည်။
ကောင်တီအတွင်း ပျောက်ဆုံးမှုဖြစ်စဉ်ကို ဖြေရှင်းပြီးဖြစ်သော်လည်း အပြီးသတ်လုပ်ဆောင်ရန် ဆက်တိုက်လုပ်ဆောင်နေကြဆဲဖြစ်သည်။
တတိယအဒေါ်က အရမ်းမာကျောပြီး သူမပါးစပ်ကို ဖွင့်လို့မရပေမယ့် အမာရွတ်လူနဲ့ ပိန်ပိန်ပါးပါး အမျိုးသားကတော့ ကိုင်တွယ်ရတာ ပိုလွယ်ပါသည်။
သူတို့ပါးစပ်မှ ထွက်လာသော စကားလုံးများသည် နီးစပ်ရာ ကောင်တီနှင့် မြို့ကြီးများတွင် ကြီးကြီးမားမား အမှုများကို ဖြေရှင်းရန် ကောင်တီမြို့တော်ရှိ အဆင့်မြင့် အာဏာပိုင်များထံ လွှဲပြောင်းပေးရန် လိုအပ်သော အမှုအခင်းများ ဖြစ်သည်။
အစ်ကိုကြီးထို့ထို့သည် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း အလွန်ပျော်ရွှင်နေပါသည်။ ဌာနရှိအချက်အလက်များကို အမျိုးအစား ခွဲနေတုန်းမှာပင် ကုရှီအန်းသည် ကနေသော ဖက်တီးလေးကို ရုံးခန်းထဲသို့ ခေါ်ဆောင်လာသည်ကို တွေ့လိုက်ရသည်။
ရွှီရှန်းချန်၏ မျက်လုံးများတောက်ပလာသည်။ "အိုး၊သို့သို့လေး ဒီကိုရောက်လာပြီ၊ ဦးဦးကိုဖက်ပါဦး"
ဖက်တီးလေးက အရူးလေးဖြစ်သည်။ သူသည် သူ့အဖေနှင့် ပြည်သူ့လုံခြုံရေးဌာနသို့ လိုက်လာဖူးပြီး ဌာနနှင့် အလွန်ရင်းနှီးသည်။ သူသည် သူ့လက်နှစ်ဖက်ကိုကမ်းကာ ရွှီရှန်းချန်ဆီသို့ သူ့ကိုယ်သူ ပစ်ဝင်လိုက်သည်။ သူက စားပွဲခုံကိုပုတ်ပြီး စိတ်လှုပ်ရှားစွာပြောနေသည်။ "ထို့ဖူး ထို့ဖူး သတင်းပို့ သတင်းပို့!"
"ဒါက ထို့ဖူးမဟုတ်ဘူး၊ ဦးဦး!"
"ထို့ဖူး?"
"ဦးဦး!"
ဖက်တီးလေးက ရယ်လိုက်သည်။ "ထို့ဖူး!"
အစ်ကိုကြီးထို့ထို့က သူ့ကံကြမ္မာကိုသူ နှုတ်ထွက်လိုက်ပြီး သက်ပြင်းချလိုက်သည။ "ထို့ဖူးဆိုတာ ထို့ဖူးပဲ၊ ဘာပဲဖြစ်ဖြစ် ငါတို့က တစ်ခုတည်းပဲမလား"
ရွှီရှန်းချန်က သတင်းစာတစ်စောင်ကို ဆွဲထုတ်လိုက်ပြီး ဖက်တီးလေးရဲ့လက်ထဲကို ထည့်လိုက်သည်။ "ဘိုးဘေးလေးရေ တော်လောက်ပြီ"
ကုသို့သို့က မတ်တပ်ထရပ်ပြီး ရုံးခန်းထဲက ဆိုဖာပေါ်တင်ပါးကိုတင်ကာ လက်နှစ်ဖက်နဲ့ သတင်းစာကို ဖြန့်ထုတ်ပြီး ဒါရိုက်တာကြီးလုပ်သလို လိုက်လုပ်နေသည်။ ခေါင်းလေးကိုပါ တညိမ့်ညိမ့် လုပ်နေသေးသည်။
ပြည်သူ့လုံခြုံရေးဌာနမှ လူငယ်အုပ်စုသည် သဘောတကျရယ်မောကြပြီး ဖက်တီးလေးသည် ဒါရိုက်တာကြီး၏ ပုံစံအတိုင်း တကယ်ကို တုပနိုင်ကြောင်း ပြောကြသည်။
*
တုန်းဖန်းဟောင် ထုတ်လုပ်ရေးအသင်း
မကြာသေးမီက ရွာတွင် အသစ်အဆန်းတစ်ခု ဖြစ်ပျက်ခဲ့သည်။
ရွာမှာ နာမည်ဆိုးရှိတဲ့ လင်းတာ့ကော်ဟာ ရုတ်တရက် ချမ်းသာလာပြီး ဘေးရွာလောင်ဝမ်ကျွမ်းမှ လှပတဲ့ မိန်းကလေးကို လင်ဟုန်ဝူရဲ့ ဇနီးအဖြစ် ဝယ်ဖို့ နှစ်ဆယ့်ငါးယွမ်ကို သုံးစွဲခဲ့သည်။
ဒီရက်ပိုင်းမှာ ကျေးလက်မှာ ချွေးမနဲ့ လက်ထပ်တဲ့အခါ သုံးယွမ်မှငါးယွမ်၊ ဝက်သားခုတ်ဓားနဲ့ ဆန်စပါး ကီလိုဂရမ်အနည်းငယ်ကို ပေးကြသည်။ လင်းမိသားစုသည် တစ်ကြိမ်တည်းနှင့် ယွမ်နှစ်ဆယ် ပေးကမ်း၍ ဤမျှ ရက်ရောလေသည်။
မည်သို့ပင်ဆိုစေ လင်းဟုန်နသည် မြို့တွင်းရှိ ရဲဘော်မိသားစုနှင့် လက်ထပ်ခဲ့ပြီး သူမ၏ မိဘများကလည်း ကောင်းချီးမင်္ဂလာများကို ခံစားရသည်ကိုး။
မဟုတ်ရင် လင်းတာ့ကော်နဲ့ သူ့သားတို့ နှစ်အတော်ကြာအောင် အလုပ်လုပ်ရင်တောင် ပိုက်ဆံအများကြီး ရှာနိုင်မှာမဟုတ်ပေ။
ရွာရှိ အမျိုးသမီး အများအပြားသည် ကွာစေ့များကိုစားနေကြသည်။ ညောင်ပင်ကြီးအောက်မှာ ကွာစေ့အခွံတွေက နေရာအနှံ့ ပျံဝဲနေပြီး အမျိုးသမီးတွေရဲ့ ပါးစပ်ကနေ တံတွေးတွေ လွင့်စင်နေသည်။
" လောင်လင်း ဝယ်လာတဲ့ချွေးမက ဟုန်ဟွားလို့ခေါ်တယ်။ သူက တော်တော်ချောတယ်။"
" ချောတော့ရောဘာလုပ်ရမှာလဲ။ သူက ပိန်လွန်းတော့ လေပြင်းတိုက်ရင် လွင့်သွားလိမ့်မယ်"
"သူက လောင်ဝမ်ကျွမ်းမှာရှိတဲ့ ဝမ်ရှန်းပေါင်မိသားစုရဲ့ သမီးတဲ့။ သူကလည်း လိပ်ဥပဲ"(အကျင့်မကောင်း)
"လိပ်ဥနဲ့လိပ်ဥ။ ဝမ်ရှန်းပေါင်နဲ့ လင်းတာ့ကော်တို့က ခမည်းခမက်တွေအဖြစ် မွေးဖွားလာကြတာ"
"ဟားဟား ဟုတ်ပ။ အစောပိုင်းတုန်းက လီအိုက်ဖုန်းက မြို့ထဲက ခမည်းခမက်တွေက လင်းဟုန်ဝူအတွက် သံပန်းကန်လုံး(ချမ်းသာတဲ့ဇနီး)ရှာပေးချင်တယ်လို့ ပြောနေခဲ့တာ အမှန်ပဲလား။"
"မဟုတ်တာ သူ့အရေမရ အဖတ်မရတွေကို နားထောင်မနေနဲ့။ လင်းဟုန်ဝူက လင်းမိသားစုကလေ။ စွင်းမိသားစုကမှမဟုတ်တာ။ စွင်းမိသားစုက သူတို့မြေးအကြောင်းပဲ စဉ်းစားမှာပေါ့။ သူတို့မြေးနဲ့တင် စွင်းမိသားစုကခေါင်းခဲနေတာ။ ဘယ်သူက သူများကိစ္စ လိုက်လုပ်ပေးနေမှာလဲ။ လူတွေက ခွေးချီးတွေ့ရင် ဘာလို့ရှောင်သွားကြလဲ စဉ်းစားကြည့်လေ "
"အဲ့ဒါအဓိပ္ပာယ်ရှိတယ်"
မိန်းမတွေ အားလုံး တညီတညွတ်တည်း ရယ်လိုက်ကြသည်။
ရွာအရှေ့ဘက်ရှိ လင်းအိမ်တွင် လီအိုက်ဖုန်းသည် အိမ်တွင် ဆဲဆိုနေလေသည်။
"ဆင်းရဲပြီး အရှက်မဲ့လိုက်တာ။ သမီးမိန်းကလေးတစ်ယောက် လက်ထပ်တာကို ဘာမှမပေးဘဲ သူ့ကို ထုတ်ပစ်တာ။ ငါ့ရဲ့ လင်းမိသားစုက ကံမကောင်းဘူး။ ငါတို့မိသားစုက ဒီလိုလူမျိုးနဲ့လက်ထပ်ရတာ ကံမကောင်းဘူး။"
လီအိုက်ဖုန်းသည် ဝမ်ရှန်းပေါင်နှင့် သူ့ဇနီး၏ မျက်နှာကို တွေးလိုက်သောအခါတွင် သူမသည် အလွန်ဒေါသထွက်ကာ အိပ်ယာပေါ်မှ မထနိုင်ဖြစ်နေသည်။
မနေ့မနက်က ဝမ်ဟုန်ဟွားထွက်သွားသည်။ ဝမ်မိသားစုသည် သူတို့၏ သမီးအတွက် ဘာမှ မပြင်ဆင်ထားပေ။ ဝမ်ဟုန်ဟွားသည် ဤဖာထေးထားသော အဝတ်အစားများကို ၀တ်ထားကာ အိတ်သေးသေးလေးကိုယူပြီး အပြင်သို့ထွက်ခဲ့သည်။ ရွာကလူတွေက သူ့မိသားစုကို ကဲ့ရဲ့လေတော့သည်။ ခန်းဝင်ပစ္စည်းမပါဘဲ ဝမ်ရှန်းပေါင်က ပြုံးနေသေးသည်။
ဝမ်ရှန်းပေါင်၏ ဇနီးသည် သူမ ခက်ခက်ခဲခဲ ရုန်းကန်နေရသလိုလုပ်ပြီး ကျိုးနေသော အနက်ရောင်သစ်သားဘီးတစ်ချောင်းနှင့် အဝတ်စုတ်တစ်ထည်ကို ခန်းဝင်ပစ္စည်းအဖြစ်ပေးခဲ့သည်။ မိသားစုတစ်စုလုံး ဝမ်ဟုန်ဟွားကို ပလိပ်ရောဂါလို လွှတ်ပစ်လိုက်ကြသည်။
ဤအရာက လီအိုက်ဖုန်းကို အရှက်မရှိသလို ခံစားရစေပြီး ဝမ်ဟုန်ဟွားကို ခပ်မာမာပင်ကြည့်လိုက်သည်။
ဝမ်ဟုန်ဟွား၏ မျက်နှာသည် မှုန်မှိုင်းနေသည်။ ညဘက် သတို့သမီး အခန်းထဲကို ဝင်လိုက်တော့ သူမက သစ်သားတုံးလိုပင်။ လင်းဟုန်ဝူသည် တုံ့ပြန်မှုမရှိဘဲ တစ်ညလုံး လူးလှိမ့်နေခဲ့သည်။ အခန်းထဲမှ ထွက်သွားတော့ သူ စိတ်မချမ်းသာသလို ဖြစ်နေသည်။
လီအိုက်ဖုန်းသည် သားဖြစ်သူ၏ အကြောင်းကို ကြားသောအခါ ပို၍ပင် ဒေါသဖြစ်ခဲ့သည်။ သူမသည် လွန်ခဲ့သောနှစ်ရက်လုံး အလုပ်မသွားဘဲ သူတို့မိသားစုကံဆိုးပြီး ဒီလိုလူနှင့် လက်ထပ်ရသည်ဟုဆိုကာ အိမ်တွင် နေ့စဉ်ပြစ်တင်ပြောဆိုနေခဲ့သည်။
လီအိုက်ဖုန်းသည် ချွေးမအား ကြိမ်းမောင်းရုံတင်မကပဲ သူမသည် ရွာရှိ ဆိုးသွမ်းသော ယောက္ခမများကဲ့သို့ပင် သူ့ချွေးမကို ညှဉ်းပန်းနှိပ်စက်ရန် ကြိုးစားလေသည်။
လင်းတာ့ကော်တွင် အိမ်သုံးလုံးရှိသည်။ လီအိုက်ဖုန်းနှင့် လင်းတာ့ကော်တို့က တစ်အိမ်တွင် နေထိုင်ကြပြီး လင်းဟုန်နသည် ယခင်က တစ်အိမ်တွင်နေကာ နောက်တစ်အိမ်မှာ လင်းဟုန်ဝူ၏ အိမ်သစ်ဖြစ်သည်။
လင်းဟုန်ဝူသည် မင်္ဂလာပွဲကို မကျေနပ်သဖြင့် မုဆိုးမ'စု'နှင့်တွေ့ရန် မြို့သို့သွားခဲ့သည်။
လီအိုက်ဖုန်းက ဝမ်ဟုန်ဟွားကို အသုံးမဝင်တဲ့အတွက် အပြစ်တင်ခဲ့ပြီး ထိုချွေးမက ကိုယ့်ယောက်ျားကိုယ်တောင် မဆွဲဆောင်ထားနိုင်ပေ။ သားဖြစ်သူကအမျိုးသမီးတစ်ဦးကို ရှာဖွေဖို့ ထွက်သွားတော့ ဝမ်ဟုန်ဟွားကို အိမ်အသစ်ကနေ ထုတ်ပစ်ပြီး ထင်းတဲမှာ အိပ်စင်လုပ်ခိုင်းလေသည်။
လွန်ခဲ့သည့်ညများတွင် လင်းတာ့ကော်နှင့် သူ့ဇနီးသည် ဝက်သေများကဲ့သို့ အိပ်ပျော်နေခဲ့ကြသည်။ သူတို့ချွေးမဖြစ်သူက မီးဖိုချောင်သုံးဓားကိုကိုင်ကာ ညဘက်တွင် ဆံပင်ဖားလျားနှင့် ခြံဝန်းအတွင်း လှည့်လည်သွားလာနေသည်ကို သတိပြုမိခြင်းမရှိပေ။
လင်းဟုန်ဝူသည် ဘေးဒုက္ခ ခံစားခဲ့ရသည်။ ထိုညတွင် သူသည် မြို့မှ ပြန်လာခဲ့သည်။ ရက်အနည်းငယ်ကြာအောင် မြို့အနှံ့လှည့်ပတ်ပြီး ကောင်းကောင်းမစားနိုင်။ အိမ်ပြန်ရောက်သည်နှင့် မီးဖိုချောင်သို့ တည့်တည့်သွားကာ မည်းနေသောပေါက်စီ ၂ ခုကို ယူစားလိုက်သည်။ ပြောင်းဖူးဆန်ပြုတ်တစ်ပန်းကန်ကိုလည်း သောက်နေလေသည်။
ရုတ်တရက် "ကျွိ" ခနဲအသံကြားလိုက်ရသည်။ ဝမ်ဟုန်ဟွားသည် မီးဖိုချောင်သုံးဓားဖြင့် ဝင်လာပြီး သစ်သားစားပွဲပေါ်ကို “ဒုန်း” ခနဲ ခုတ်လိုက်သည်။ ဝမ်ဟုန်ဟွားသည် အပြေးအလွှားသွားကာ စားသောက်နေသော လင်းဟုန်ဝူကို ပစ်ချလိုက်သည်။ သူမ ခြေထောက်ကို မြေပြင်ပေါ်သို့ ကန်ချလိုက်ပြီး လက်ချောင်းများကို မြှောက်ကာ မြင့်မြတ်သော မိန်းမတစ်ယောက်လို အသံမျိုးနှင့် ပြောလာသည်။
"ခွေးကောင် ငါနင့်ကိုသခင့်ကို သွေးဆောင်ခိုင်းလိုက်တာ။ နင့်ပါးစပ်ကို ဆွဲမဖြဲဘူး မထင်နဲ့"
ထိုသို့ပြောပြီးနောက် ဝမ်ဟုန်ဟွားသည် လင်းဟုန်ဝူကို ပါးစပ်အဟောင်းသား ဖြစ်သွားစေတော့သည်။