← Chapters

အဆင့် 1 ကို ဖြတ်ကျော်ခြင်း

Vol. 37 Ch. 541

အဆင့် 1 ကို ဖြတ်ကျော်ခြင်း

Vol. 37 Ch. 541

3

2

1

ရေတွက်ချိန်သည်0သို့ ရောက်သွားသည်နှင့်တပြိုင်နက််ရေကျယ်လောင်သောအသံတစ်ခုထွက်လာလေ၏။

“၁၊ ၂၊ ၃...လာကြ...”

ထိုအသံကိုကြားပြီးနောက်ပြိုင်ပွဲဝင်အားလုံး မဆိုင်းမတွဘဲ ရှေ့ကို အမြန်ပြေးသွားကြသည်။

သူတို့၏ခေါင်းထဲတွင်ယွမ်200,000 သာကြီးစိုးနေလေ၏။

အစိမ်းရောင်ယူနီဖောင်းဝတ်ထားတဲ့ လူ ၅၀၀ လုံးပြေးနေတဲ့ မြင်ကွင်းက တကယ်ကို မိုက်လေသည်။

ထိုအချိန်တွင် ကျယ်လောင်သောအသံထပ်မံထွက်ပေါ်လာသည်။

“၁၊ ၂၊ ၃၊ ရပ်!”

နောက်အခိုက်အတန့်တွင်ပြေးနေသော လူအုပ်ကို ကျောခိုင်းထားတဲ့ ရုပ်သေးရုပ်က ရုတ်တရက် ခေါင်းကို လှည့်လိုက်လေ၏။

“စကွက်ဂိမ်း”စီးရီးကိုကြည့်သောအခါ ပထမအဆင့်သည် အလွန်ရိုးရှင်းသည်ဟု လူတချို့က ထင်မြင်ကြသည်။

ရုပ်သေးလှည့်ပြီးရင်သူတို့ခန္ဓာကိုယ်မလှုပ်ရှားသရွေ့ ဤအဆင့်ကို အလွယ်တကူ ကျော်ဖြတ်နိုင်မယ်လို့ထင်နေကြလေသည်။

ယခုတွင်မူ။

ရုပ်သေးလှည့်လိုက်တဲ့အခါ လူအများစုဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ကြလေ၏။

သို့သော် သူတို့ထဲတွင်စိတ်လှုပ်ရှားမှုကြောင့်ဖြစ်စေ၊ ခန္ဓာကိုယ်အားနည်းသောကြောင့်ဖြစ်စေ… ၎င်းတို့၏ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်ဘဲ မြေပြင်ပေါ်သို့ပင် လဲကျသွားသည့် လူများလဲ ရှိသေးသည်။

သို့သော်သူတို့သည်မြေပြင်ပေါ် သို့မကျမီဘေးရှိလူများကိုလမ်းဆွဲလိုက်သေးသည်။ထို့ကြောင်တစ်ယောက်ပြီးတစ်ယောက်မြေကြီးနှင့်မျက်နှာမိတ်ဆက်သွားတော့သည်။

“ဒါ့ ဒါ့ ဒါ့”

ခပ်လှမ်းလှမ်းတွင် ရပ်နေသော အနီရောင်မျက်နှာဖုံးများ တပ်ဆင်ထားသည့် အမျိုးသားများသည် သေနတ်များကို မြှောက်ကာလှုပ်နေသောသူများကိုပစ်လိုက်လေသည်။

ထိုသို့ပစ်လိုက်ခြင်းကြောင့်ပြိုင်ပွဲဝင်တွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ အနီရောင်ဆေးများပေသွားတော့သည်။

သေနတ်အပစ်ခံရသူများသည်သူတို့ခန္ဓာကိုယ်ပေါ်ရှိ အနီရောင်ဆေးကို ကြည့်ပြီး သက်ပြင်းချနိုင်ရုံမျှသာတတ်နိုင်သည်။

ကံကောင်းထောက်မစွာ၊ ၎င်းသည် တကယ့်သေနတ်စစ်ဟုတ်မနေပေ။

ထို့နောက်တွင်တော့ သူတို့သည်နောက်ထပ်တစ်ခါသက်ပြင်းချလိုက်ပြန်သည်။

ဘာလို့ဆိုသူတို့ဆုကြေးငွေ သန်း 500 မရနိုင်တော့ဘူးဆိုတာသိလိုက်ရလို့ပင်ဖြစ်၏။

ထို့နောက်ဂိမ်းက ဆက်၍ဆော့နေလေသည်။

“၁၊ ၂၊ ၃...လာကြ...”

“၁၊ ၂၊ ၃... ရပ်!”

ရုပ်သေးက လှည့်ပြန်သည်။

ဒီတစ်ကြိမ်တွင်လည်းပထမတစ်ခါတုန်းကလိုပင်ဖြစ်၏။

လင်းရှောင်ရီသည်လဲသူဘေးရှိလူကြောင့်သတိလက်လွတ်ဖြစ်ပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်ခဲ့သည်။

လင်းဖန်သည် အလွန်လျင်မြန်စွာဖြင့်လင်းရှောင်ရီကို ဖမ်းမိခဲ့လို့သာတော်သေးသည်။မဟုတ်ရင်သူမလဲမြေကြီးနှင့်မျက်နှာမိတ်ဆက်မည်မှာမလွဲဧကန်ပင်ဖြစ်သည်။

သူမက လွတ်မြောက်ခဲ့ပေမဲ့တစ်ချို့လူများသည်ကံမကောင်းတာကြောင့်မြေကြီးနဲ့မျက်နှာမိတ်ဆက်ရပြန်သည်။

“ဒါ ဒါ ဒါ!”

အနီရောင်မျက်နှာဖုံးရှိလူများသည် ၎င်းတို့အား ပစ်ရန် မတွန့်ဆုတ်ပေ။

ထို့နောက်ဂိမ်းက ဆက်ဆော့နေသည်။

ဂိမ်းရဲ့ စည်းမျဉ်းစည်းကမ်းများသည် အရမ်းရိုးရှင်းပါသည်။

သီချင်းက တက်ကြွပြီး ချစ်စရာကောင်းတယ်။

သို့သော်သူတို့သည်စိတ်လှုပ်ရှားလွန်းတာကြောင့်ထိုဂိမ်းကိုမအောင်ခြင်းဖြစ်သည်။

နောက်ဆုံးတွင် ပထမလူအုပ်စုသည် ၎င်းတို့၏ပန်းတိုင်သို့ ရောက်ရှိသွားသည်။

သူတို့အားလုံးသည်ဘေးကပ်ဆိုးမှ လွတ်မြောက်လာသလိုမျိုး စိတ်လှုပ်ရှားစွာဖြင့်အော်ဟစ်ရယ်မောနေကြသည်။

မကြာခင်မှာပဲ ဒုတိယလူအုပ်စုသည်လဲပန်းတိုင်သို့ရောက်ရှိလာလေ၏။

...

ဖြတ်သန်းနိုင်သူတွေကတော့ သဘာဝအတိုင်း ပျော်ရွှင်နေကြလေသည်။

မအောင်မြင်သေးတဲ့သူတွေကတော့ နည်းနည်းစိုးရိမ်နေသည်။အဘယ့်ကြောင့်ဆိုသော်ပန်းတိုင်ကသူတို့နဲ့ဝေးနေသေးလို့ပင်ဖြစ်၏။

“၁၊ ၂၊ ၃၊ ရပ်...”

ဒီတစ်ခါတွင်လည်းရုပ်သေးက လှည့်လိုက်တာနဲ့ဒါဇင်နဲ့ချီတဲ့ လူတွေက သူတို့ရဲ့ ခန္ဓာကိုယ်လှုပ်နေလေ၏။

“ဒါ ဒါ ဒါ!”

ဂိမ်းက ဆက်သွားနေသည်။

ဂိမ်းတွင် ပေးထားထားသောအချိန်မှာစက္ကန့် 30သာကျန်တော့သည်ကိုတွေ့သောအခါပါဝင်သူများသည် ထိတ်လန့်သွားကြသည်။

လင်းရှောင်ရီက စိုးရိမ်တကြီးလေသံနဲ့ “အစ်ကို၊ အခု ငါတို့ ဘာလုပ်ရမလဲ”ဟုမေးလိုက်သည်။

သူမသည်လင်းဖန်နဲ့အတူဆုကိုယူချင်နေ၏။

သို့သော်ယခုပုံစံအရသူမတို့သည် ပထမဂိမ်းမှာပင်ဖယ်ထုတ်ခံရမလိုဖြစ်နေလေ၏။

လင်းဖန်က “ငါ့ကိုသာယုံထားလိုက်!”ဟုရယ်ရင်းပြောလိုက်၏။

ထိုအချိန်တွင် ရုပ်သေးသည် ပြန်လှည့်သွားသည်။

“၁၊ ၂၊ ၃...လာကြ...”

လင်ဖန်းသည် လင်းရှောင်ရီကို တိုက်ရိုက်ပွေ့ချီကာ ရှေ့သို့ တစ်ရှိန်ထိုးရုပ်သေးမလှည့်မီပြေးသွားလေ၏။

အခြားပါဝင်သူများသည် လဲလင်းဖန်လုပ်သလိုမျိုးအားလုံးက သူ့ထက်ငါအရင်အမြန်ပြေးသွားကြသည်။

ဤဂိမ်းသည် မီတာ 100 အပြေးပြိုင်ပွဲအဖြစ် ပြောင်းလဲသွားသလားအောင်းမေ့ရလေသည်။

မကြာမီအချို့သောသူများသည် ပန်းတိုင်သို့ရောက်သွားလေသည်။

တစ်ချို့လူတွေကတော့ပန်းတိုင်သို့မရောက်မီရုပ်သေးကလှည့်လိုက်သောကြောင့်ကြောက်လန့်ပြီးခန္ဓာကလှုပ်သွားသောကြောင့်မျက်နှာဖုံးတပ်ဆင်ထားတဲ့သူတွေရဲ့သေနတ်ပစ်ခြင်းကိုခံလိုက်ရလေသည်။

ပထမဆုံးဂိမ်းက တရားဝင်ပြီးဆုံးသွားလေသည်။

ပထမအဆင့်ကို ကျော်ဖြတ်သွားသူများသည် သူတို့မျက်နှာများပေါ်တွင် အပြုံးများဖြင့် ပြည့်နှက်နေကာစိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြသည်။

လင်းရှောင်ရီသည် လင်းဖန်၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားပြီး “အစ်ကို၊ ငါတို့ ပထမအဆင့်ကို ကျော်သွားပြီ၊ ကံကောင််းတာကအစ်ကိုရှိနေလို့မဟုတ်ရင်...!”

...

ပထမပွဲအားမြင်တွေ့ခဲ့ရသော အားကစားကွင်းအပြင်ဘက်ရှိ ပရိသတ်များက မှတ်ချက်များစွာပေးလိုက်ကြသည်။

“ဒီဂိမ်းက တကယ်ပျော်ဖို့ကောင်းတာပဲ”

“နောက်ဆုံးတစ်ယောက်ကကောင်မလေးချီပြီးပြေးတဲ့အရှိန်ကအရမ်းမြန်တာပဲ၊ဟုတ်တယ်မဟုတ်လား”

“ဟုတ်တယ်!”

...

ပထမဂိမ်းမှာ ကျရှုံးတဲ့သူတွေကတော့ခေါင်းငုံ့ပြီး အားကစားကွင်းကနေထွက်လာကြသည်။

တံခါးဝသို့ ရောက်သောအခါ ပရိသတ်အများအပြား ပြေးလာကအလျှင်အမြန်သူတို့သိချင်တာကိုမေးတော့သည်။

“ဘယ်လိုလဲ ဂိမ်းက ပျော်စရာကောင်းလား”

“မင်းစိတ်ဓာတ်မကျပါနဲ့၊မအောင်မြင်ရင်တောင် ယွမ် 100,000 ရမှာ မဟုတ်ဘူးလား”

“မင်း ပိုက်ဆံရခဲ့လား။”

ထိုအခါမှပထမပွဲတွင်ရှုံးသောကစားသမားကဒါကို သတိရပြီး ဝန်ထမ်းကို မေးဖို့ပြင်လိုက်သည်။

“ဒင်ဒေါင်!”

ထိုအချိန်တွင် သူ့အိတ်ကပ်ထဲမှ ဖုန်းကို ရုတ်တရက် အနည်းငယ်တုန်ခါသွားသည်။

“တရုတ်ဘဏ်မှ ယွမ် ၁၀၀,၀၀၀ ရရှိသည်။”

“အဲဒါ... ယွမ် 100,000 တစ်ကယ်ရတာပဲ..” ဟု ညည်းညူလိုက်သည်။

တကယ်တော့ သူ့ဖုန်းတစ်ခါထဲသာ တုန်ခါတာ မဟုတ်ဘူး။

ပထမပွဲတွင်ရှုံးသွားသောကစားသမားအားလုံးနှင့် ပန်းတိုင်သို့ဝင်သွားသောကစားသမားများ၏လက်ကိုင်ဖုန်းများသည်လဲ တစ်ချိန်တည်းတွင် တုန်ခါသွားကြသည်။(မက်ဆေ့ဝင်တာကိုပြောတာပါ)

“တရုတ်ဘဏ်မှယွမ် ၂၀၀,၀၀၀ ရရှိသည်။”

“တရုတ်ဘဏ်မှ ယွမ် 100,000 ရရှိသည်”

နောက်အခိုက်အတန့်…

ဒါကိုမြင်တော့လူတိုင်းက စိတ်လှုပ်ရှားစွာ အော်ပြောကြပြန်သည်။

“တစ်ကယ်ပိုက်ဆံပေးတယ်ဟ!”

“ပိုက်ဆံရောက်လာပြီ!”

ကွင်းပြင်ရှိလူအုပ်ကြီးသည် သူတို့ပြောသည့်အရာကို ကြားကြပြီးနောက်ဂိမ်းကစားခွင့်ရသူများကိုမနာလိုစွာ ကြည့်လိုက်ကြသည်။

ပထမပွဲတွက်ရှုံးသွားသောကစယးသမားများသည်လဲအနိုင်ရရှိသွားသောကစားသမားများကိုမနာလိုစွာ စိုက်ကြည့်နေကြသည်။

သို့သော်လည်း ၎င်းတို့၏ဖုန်းများတွင်SMS သတိပေးချက်ကို တွေ့ပြီးနောက်တွင် ၎င်းတို့၏ မျက်နှာများတွင် ဖုံးဖိ၍မရသော ပျော်ရွှင်သောအမူအရာထွက်ပေါ်လာခဲ့သည်။

မိနစ်အနည်းငယ်ဂိမ်းကစားပြီး ယွမ် 100,000 ရရှိခြင်းသည် မဆိုးပါဘူးဟုဖြေသိပ့်လိုက်ကြလေ၏။

...

အားကစားကွင်းထဲတွင်။

ပထမအဆင့် အောင်မြင်ပြီးသူများသည်လဲ၎င်းတို့၏ ဖုန်းများရှိ စာသားမက်ဆေ့ခ်ျကို ကြည့်ရင်း ၎င်းတို့၏ မျက်နှာပြင်တွင် အပြုံးပန်းများ ဝေဆာနေလေသည်။

ထိုအချိန်တွင် နောက်ထပ် အသံတစ်ခုထပ်မံ ထွက်ပေါ်လာသည်။

“ပထမဂိမ်းကို အောင်မြင်သူအရေအတွက်က ၃၄၉ ယောက်ရှိပါတယ်။ဒီ349ယောက်လုံးကိုဂုဏ်ပြု ပါတယ်။”

“ဒါဆို ဒုတိယဂိမ်းနဲ့ပတ်သတ်တာကိုမိတ်ဆက်ပေးပါရစေ”

ရုတ်တရက် အားကစားကွင်းတစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။

လူတိုင်းက ဖုန်းကြည့်တာကို ရပ်လိုက်ပြီးဆက်ပြောမည့်စကား ကိုအာရုံစိုက်လိုက်လေသည်။

ပထမအကြိမ်တွင် ယွမ် ၂၀၀,၀၀၀ ရရှိခဲ့သည်။

ဒုတိယဂိမ်းကို အောင်နိုင်ရင်ရောဘယ်လောက်ရနိုင်မလဲ။

အကယ်၍သူတို့သာဂိမ်းနစ်ခုလုံးကိုအောင်နိုင်ပါကဒေါ်လာသန်း500 ကိုဆုကြေးငွေအဖြစ်ရမည်ဖြစ်သည်။(မူရင်းမှာကယွမ်တစ်ဘီလီယံသုံးလိုက်ဒေါ်လာသန်း၅၀၀သုံးလိုက်ဖြစ်နေလို့ပါ)

လူတိုင်းက အဲဒါကို တွေးရုံနဲ့တင်သူတို့ရဲ့နှလုံးခုန်နှုန်းက တဖန်ပြန်မြန်လာပြီးတစ်ဖက်သူဆက်ပြောမည့်စကားကိုမျက်တောင်မခတ်တမ်းအာစိုက်နေတော့၏။

All Chapters