← Chapters

ကံကောင်းခြင်း

Vol. 37 Ch. 542

ကံကောင်းခြင်း

Vol. 37 Ch. 542

လူတိုင်း၏မျှော်လင့်ချက်နှင့်အတူနောက်ဆုံးတွင်ကျယ်လောင်သောအသံထပ်မံထွက်လာသည်။

“ဒုတိယဂိမ်းက ပေးထားတဲ့ပစ္စည်းကနေကြယ်တွေကိုဆက်ရမှာပါ’’

ဒီစကားကိုကြားတော့လူတော်တော်များများ အံ့ဩသွားကြလေသည်။

ကြယ်တွေကို ဆက်တာလား။

တီဗီစီးရီးတွေအရ၊ သကြားမုန့်ဖြစ်သင့်တာမဟုတ်လား?

ဘာကြောင့် ကြယ်ဆက်တာဖြစ်သွားတာလဲ။

ဒါကို လင်းဖန်က တမင်တကာ ပြောင်းလဲထားတာဆိုတာကိုဘယ်လိုသိမှာလဲ။

တီဗီစီးရီးတွေအရသကြားမုန့်ထဲကပုံစံနစ်ခုကိုရအောင် လျှာနဲ့ လုပ်ဖို့လိုလေသည်။

လင်းဖန်သည်ဒီလိုလုပ်ရပ်မျိုးကို မလုပ်ချင်ပေ။

ကျယ်လောင်သော အသံသည် လူတိုင်း၏အတွေးများကို ဂရုမစိုက်ဘဲ “၅ မိနစ်အတွင်း ကြယ်တွေကိုဆက်နိုင်ရင်ဒုတိယအဆင့်ကိုကျော်ဖြတ်နိုင်ပြီလို့သတ်မှတ်တယ်။ကြယ်တစ်ပွင့်စီအတွက် ယွမ် ၂၀၀,၀၀၀ ချီးမြှင့်မည်ဖြစ်ပြီး ကြယ်တစ်ပွင့်မှမဆက်နိုင်တဲ့ရှုံးနိမ့်သူတွေကတော့ယွမ်၁၀၀,၀၀၀ ရရှိမည်ဖြစ်သည်။”

ဤကြေငြာချက်ထုတ်ပြီးသည်နှင့် တပြိုင်နက် ပါဝင်ကစားသမားများအားလုံးသည် တက်ကြွတဲ့ကြက်ဖတွေဖြစ်သွားလေသည်။

သကြားမုန့်မဟုတ်တဲ့ ဒုတိယအဆင့်ဆိုတာကိုလူတိုင်းမေ့သွားကြသည်။

ကြယ်တစ်ပွင့် 200,000 ယွမ်။

ဒါက ရိုးရိုးရှင်းရှင်းကို... ချမ်းသာဖို့ အခွင့်ရေးပင်ဖြစ်သည်။

အထူးသဖြင့် လင်းရှောင်ရီက စိတ်လှုပ်ရှားစွာဖြင့် “အစ်ကို၊ဒီကယ်ဆက်တာကိုငါအရမ်းကျွမ်းတယ် !”

ဘာလို့လဲဆိုတော့ အိမ်မှာအားနေတဲ့အချိန်တွင်သူမသည် ကြယ်တွေကိုဆက်ပြီး ကစားရတာကို နှစ်သက်လို့ပင်ဖြစ်သည်။

လင်းဖန်က ပြုံးကာ ခေါင်းညိတ်သည်။

...

ကွင်းအပြင်ဘက်ရှိ လူအုပ်ကြီး၏ မျက်လုံးများမှာလည်း အနည်းငယ်နီနေသည်။

ဒါကသူတို့မနာလိုမှုအရမ်းကြီးလို့မျက်လုံးကတောင်နီနေတာပင်ဖြစ်သည်။

“အိုး ဘုရားသခင်၊ ကြယ်ဆက်တာလား။ဒါကဒီလောက်လွယ်တာကို 5 မိနစ်မှာကြယ်နှစ်လုံးဆက်လိုက်နိုင်ရင်.. ဒါဆို အနည်းဆုံး ယွမ် 400,000 ရနိုင်တာမဟုတ်လား?”

“ဂိမ်းမှာပါဝင်ဖို့ ငါဘာလို့အရွေးမခံရတာလဲ။”

“စာရင်းမသွင်းမိတာ ကိုနောင်တရတယ်ကွာ”

...

ဂိမ်ကစားမည့်သူများကိုအနက်ရောင်မျက်နှာဖုံးတတ်ထားသောသူများကကြယ်ဆက်မည့်ပစ္စည်းများကိုပေးအပ်လိုက်လေသည်။

ထို့နောက်ကျယ်လောင်သောအသံကထပ်မံပေါ်ထွက်လာသည်။ “ဒုတိယဂိမ်းက်ု စတင်ပါတော့မယ်”

10!

9

8

…

စင်မြင့်ပေါ်ရှိ နံပါတ်များသည် ဆက်တိုက် လျော့နေသည်။

၂

၁။

“ဒင်း!”

ဂိမ်းကစားပွဲစတင်သည်နှင့်တပြိုင်နက်ဂိမ်းကစားသမားများသည်လေးလေးနက်နက်ဖြင့်ကြယ်များကိုစတင်ဆက်တော့သည်။

ကြယ်တွေကို ဘယ်လိုဆက်ရမလဲ မသိတဲ့သူတွေကတော့တ်တပ်ရပ်ပြီး လေးလေးနက်နက်ကြယ်တွေကိုဆက်နေသူများကနေတိတ်တဆိတ် လေ့လာနေကြသည်။

ကြယ်ကိုလုပ်နိုင်သူများသည် ပြောစရာမရှိအောင်ပင်ကြယ်များကိုလွယ်ကူစွာလုပ်နိုင်လေသည်။

အဲဒီအထဲတွင်လင်းဖန်ဟာ သဘာဝအတိုင်း မပါဝင်ပေ။

လင်းဖန်သည် ကြယ်များကို အစီစဉ်တကျလျင်မြန်စွာ ဆက်နေသောလင်းရှောင်ရီ ကို တိတ်တဆိတ် ကြည့်နေလေသည်။မကြာမီတစ်မိနစ်ကုန်သောအခါလင်းရှောင်ရီသည် ကြယ်တစ်ပွင့် ရရှိသွားတော့သည်။

ထို့နောက် သူမသည် ဒုတိယကြယ်ကို အလျင်အမြန် လုပ်ဖို့စလိုက်သည်။

ဒါက်ုကြည့်ရင်း....

လင်းဖန်သည် မနေနိုင်ဘဲ ပြုံးကာ ခေါင်းခါလိုက်သည်။

သူသည် ကြယ်များကို ဘယ်တော့မှမဆက်ဖူးသော်လည်း လင်းရှောင်ရီ ၏ ကြယ်များဆက် ပုံအသေးစိတ်ကိုသူ၏စကန်ဖတ်မျက်လုံးဖြင့်မှတ်ထားလေသည်။

လင်းဖန်သည်သာမန်လူများထက်ပိုပြီးစွမ်းအားကြီးသောကြောင့်လင်းဖန်သည် ပထမဆုံးကြယ်ပွင့်ကိုဆက်ဖို့စက္ကန့် ၄၀ ခန့်သာ အချိန်ယူခဲ့သည်။

ဒုတိယကြယ်ကိုဆက်ရန်စက္ကန့် ၃၀ ခန့် သာကြာတော့သည်။

တစ်ချို့လူတွေက သင်ယူပြီးတာနဲ့ ချက်ချင်းတတ်မြောက်ကြပေမယ့် တချို့ကတော့ ဘယ်လောက်သင်သင်မတတ်မြောက်ကြပေ။

မကြာမီ၅ မိနစ်ကုန်ဆုံးသွားတော့သည်။

“အချိန်ကုန်ပြီ ရပ်လိုက်ပါ”

ကျယ်လောင်သောအေအိုင်အသံထွက်ပေါ်လာသည်။

တချို့လူတွေက မရပ်ဘဲ ကြယ်တွေကို အမြန်လုပ်တုန်းပင်ဖြစ်သည်။

“ဒါ ဒါ ဒါ!”

မျက်နှာဖုံးတပ်ဆင်ထားတဲ့သူတွေကထိုလူများကိုသေနတ်ဖြင့်ပစ်လိုက်လေသည်။

ဒုတိယဂိမ်းတွင်ထွက်ရသောလူပေါင်းတစ်ရာကျော်ရှိလေသည်။

ဒုတိယအဆင့်တွင်ရှုံးသွားသောကစားသမားများ၏မျက်နှာသည် ဝမ်းနည်းမှုမှားနှင့်ပြည့်နေလေသည်။

အနိုင်ရရှိသူများ၏ မျက်နှာသည် ပျော်ရွှင်မှုများနှင့်ပြည့်နှက်နေကြသည်။

မကြာမီမှာပဲလူတိုင်းရဲ့ အိတ်ကပ်ထဲရှိ ဖုန်းများ အနည်းငယ် တုန်ခါသွားသည် ။

“တရုတ်ဘဏ်မှ ယွမ် ၂၀၀,၀၀၀ ရရှိသည်။”

“တရုတ်ဘဏ်မှ ယွမ် ၄၀၀,၀၀၀ ရရှိသည်”

“တရုတ်ဘဏ်မှ ယွမ်100,000 ရရှိသည်။”

...

စာသားမက်ဆေ့ချ်ကိုမြင်ပြီးနောက် လူတိုင်းသည် အပြုံးများနှင့်ပြည့်သွားပြန်သည်။

အရှုံးသမား ထွက်သွားပြီးနောက် ရေဒီယို အသံထွက်လာပြန်သည်။

“ဒုတိယဂိမ်းကိုကိုအောင်မြင်သွားတဲ့လူ268ယောက်ကိုဂုဏ်ပြုပါတယ်’’

“ဒါဆို တတိယဂိမ်းအကြောင်းမိတ်ဆက်ပေးပါမယ်။”

ကွင်းထဲရှိသူများသည်ဂိမ်းနှစ်ပွဲဆက်တိုက်ကိုနိုင်ထားသောကြောင့်သူတို့သည်အနည်းဆုံး ယွမ် 400,000 ရရှိထားသည်ဟုဆိုနိုင်၏။

“တတိယဂိမ်းကတော့လွန်ဆွဲဂိမ်းဖြစ်ပါတယ်”

“အနီးစပ်ဆုံးလူနှစ်ယောက်က လွန်ဆွဲအဖွဲ့တစ်ခုဖွဲ့ပြီး တစ်ဖက်ပြိုင်ဘက်ကိုကျပန်းသတ်မှတ်ပေးမှာဖြစ်ပါတယ်။ ဂိမ်းတစ်ခုရဲ့အနိုင်ရသူတစ်ယောက်စီက ဘောနပ်စ် ယွမ် 500,000 ရရှိမှာဖြစ်ပါတယ်၊ ရှုံးသွားတဲ့သူကတော့ယွမ်200,000 ကိုအသီးသီးရရှိမှာဖြစ်ပါတယ်”

ဒါကိုကြားတော့လူတိုင်းသည်စိတ်လှုပ်ရှားမှာကြောင့်တုန်ရီသွားလေသည်။

ဆိုလိုတာက၊ငါတို့က အနည်းဆုံး ယွမ် ၂၀၀,၀၀၀ လောက်ရနိုင်တယ်လို့ဆိုလိုတာမဟုတ်ဘူလား။

အကယ်၍ဒီအဆင့်က်ုအနိုင်ရသည်နှင့်ယွမ် 500,000 ရမည်ဖြစ်သည်။

အားလုံးက သူတို့ဘေးမှာ ရပ်နေတဲ့လူကို တစ်ချက်ကြည့်လိုက်ကြသည်။

သန်မာသော အမျိုးသားများနှင့်အားနည်းသော အမျိုးသမီးများကို မြင်တွေ့ရသောအခါတွင် သူတို့၏တွဲဖက်သည်ပျော်ရွှင်ခြင်းသို့မဟုတ်ဝမ်းနည်းဖြင်းကိုဖြစ်ပေါ်စေသည်။

အမဲရောင်မျက်နှာဖုံးတတ်ထားတဲ့သူတွေက ဂိမ်းကစားသူများကို အပြာနှင့် အနီ နံပါတ်ပြားများ ပေးအပ်လိုက်သည်။

လင်းရှောင်ရီက စိုးရိမ်တကြီးနဲ့ “အစ်ကို၊ ငါတို့ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ပါ့မလား”

နောက်ဆုံးတော့ သူမဟာ အထက်တန်းကျောင်းမှကျောင်းသူတစ်ယောက်ဖြစ်သောကြောင့်သူမမှာခွန်အား သိပ်မရှိပေ။

လင်းဖန်သည် သင်္ချာပုစ္ဆာပေါင်းများစွာကို ဖြေရှင်းနိုင်ခဲ့ပြီး အံ့သြဖွယ်ရာများစွာကို တီထွင်ခဲ့ကာ နိုဘယ်လ်ဆုကိုတောင် ရရှိခဲ့သည်။ထို့ကြောင့်လင်းဖန်သည် အလွန်အံ့သြဖွယ်ကောင်းသောပါမောက္ခတစ်ဦးဖြစ်ကြောင်း သူမသိလေသည်။

ထိုသို့အခြေအနေရောက်အောင်ကြိုးစားရသဖြင့်လင်းဖန်သည် လေ့ကျင့်ခန်းလုပ်ရန် အချိန်လုံးဝမရှိသောကြောင့်အားများစွာရှိမည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။(လင်းရှောင်ရီအတွေး)

လင်းဖန်သည် သူမ၏ စကား၏ အဓိပ္ပါယ်ကို မကြားပုံလုပ်ကာပြုံးရင်း သူမခေါင်းကို ကိုင်လိုက်ကာ “မပူပါနဲ့၊ ငါတို့ကျော်ဖြတ်နိုင်တယ်’’ လို့ ပြောလိုက်သည်။

သိရန်…

လင်းဖန်သည် ကိုယ်လုံးကိုယ်ပေါက် မြှင့်တင်ပေးသည့် ဆေးကို အကြိမ်များစွာ သောက်ခဲ့သောကြောင့်သူ၏ လက်ရှိ ခွန်အားသည် အလွန်းကြီးနေသည်ဆိုတာကချဲ့ကားခြင်းမဟုတ်ပေ။

လူနှစ်ယောက်မပြောနဲ့လူအယောက်20 ဆိုရင်တောင် အလွယ်တကူ အနိုင်ရနိုင်သည်။

လင်းရှောင်ရီက လင်းဖန်၏စကားကိုကြားပြီးနောက်သူမစိုးရိမ်နေသောစိတ်သည်ချက်ချင်းပျောက်ကွယ်သွားတော့သည်။

လင်းဖန်က လုပ်နိုင်တယ် လို့ ပြောနေသမျှ သူ့မစိတ်ထဲမှာ သေချာပေါက် လုပ်နိုင်မယ်လို့ယုံကြည်လေသည်။

အေအိုင်အသံ ထပ်မံမြည်လာပြန်သည်။

“လွန်ဆွဲပွဲတွင် ပါဝင်သူများသည် အပြာနှင့် အနီရောင် နံပါတ်တူ နှစ်သင်း ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်”

လင်းရှောင်ရီ နှင့် လင်းဖန်တို့၏ကဒ်သာ်အပြာရောင်နံပါတ် 33ဖြစ်သည်။

ခဏအကြာတွင် ဗလတောင့်ပုံရသောအမျိုးသားနှစ်ယောက်သည်ကဒ်အနီရောင် နံပါတ် 33 ကိုင်ကာလျှောက်လာခဲ့သည်။

၎င်းတို့သည် လင်းဖန်နှင့် လင်းရှောင်ရီတို့၏ လွန်ဆွဲပြိုင်ဖက်များဖြစ်သည်။

ဗလတောင့်သောအမျိုးသားနှစ်ယာက်သည်လင်းဖန်တို့ကိုတွေ့ပြီးနောက်ရယ်လိုက်ကြသည်။

“ငါတို့ကံကောင်းပုံရတယ်။”

“ဟုတ်တယ်”

ဒီလိုပြောပြီးတဲ့နောက်သူတို့မျက်လုံးကချက်ချင်းတောက်ပသွားပြီးယခုပွဲကိုသူတို့အနိုင်ရတာဆုငွေ ယွမ် 500,000 ကို အောင်မြင်စွာ ရတော့မယ်လို့တွေးလိုက်မိ၏။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

All Chapters