နောက်ဆုံးဂိမ်း
Vol. 37 Ch. 543
သူတို့ဒီလိုတွေးတာလဲအံ့သြစရာတော့ မဟုတ်ပေ။
…………
လွန်ဆွဲပွဲ၏ စည်းမျဥ်းစည်းကမ်းများနှင့် ဆုကြေးငွေများကို ကြားသိပြီးနောက် အားကစားကွင်းအပြင်ဘက်ရှိ ပရိသတ်များက ထပ်မံ၍ ဆွေးနွေးသံများ ထွက်ပေါ်ခဲ့သည်။
“လွန်ဆွဲပွဲကိုအောင်နိုင်သရွေ့ ယွမ် 500,000 ရနိုင်တယ် ဘုရား ဘုရား။ ဘာလို့ ငါ့ကိုမရွေးရတာလဲ”
“500,000!”
“ငါသာရွေးချယ်ခံရရင် ချက်ချင်း ယွမ် 500,000 ရလိမ့်မယ်...”
…………
မကြာမီအေအိုင်ရဲ့ကျယ်လောင်သောအသံထွက်ပေါ်လာသည်။
“ ပထမအသင်းကနေအစဉ်လိုက်လွန်ဆွဲပြိုင်ပွဲကို လာကြပါ။”
ထို့ကြောင့် အနီနှင့် အပြာ နံပါတ် ၁၊ နံပါတ် ၂... နံပါတ် ၁၀ ပြားများ ကိုင်ဆောင်ထားသူများ တယောက်ပြီး တယောက် လွန်ဆွဲဖို့သတ်မှာတ်ထားသော နေရာကို ရောက်လာကြကြသည်။
“လွန်ဆွဲပွဲကြီး၊ စပြီ!”
မကြာမီမဆုတ်မနစ်ကြိုးစားမှုဖြင့် နောက်ဆုံးတွင် တစ်စုံတစ်ဦး အနိုင်ရခဲ့သည်။
သူတို့ထဲတွင်တစ်စုံတစ်ယောက်က နိုင်ပြီး တစ်ချို့လူများက ရှုံးလေသည်။
မအောင်မြင်တဲ့သူတွေကသူတို့ခန္ဓာကိုယ်ပေါ်တွင်အနီရောင်ဆေးများ ချက်ချင်းပေါ်လာပြီး ထွက်သွားရလေသည်။
အသင်း 30 ယှဉ်ပြိုင်ပြီး မကြာခင်မှာပဲ Lin လင်းဖန်နဲ့ လင်းရှောင်ရီတို့ အလှည့်သ်ု့ရောက်ရှိလာသည်။
သတ်မှတ်ထားသောလွန်ဆွဲရောမှာရပ်နေတဲ့ လင်းရှောင်ရီက ကြိုးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်သည်။
လင်းဖန်သည် သူမ၏စိုးရိမ်နေသော အမူအရာကို ကြည့်ပြီး ပြုံးကာ မနေနိုင်ဘဲ “စိတ်လျှော့ပါ၊ ငါတို့ မကြာခင် အနိုင်ရမှာပါ”
ထိုအချိန်တွင် အေအိုင်အသံကြီးထပ်မံထွက်ပေါ်လာသည်။
“လွန်ဆွဲပွဲ၊ စပြီ!”
အသံဆုံးသွားသည်နှင့် လင်းဖန်နှင့် လင်းရှောင်ရီ တို့၏ ပြိုင်ဘက်များသည် အားအကုန်သုံးကယဆွဲလေသည်။
သို့သော်လည်း လင်းဖန်တို့က လုံးဝ မလှုပ်တာကို တွေ့ရတော့ သူတို့ အံ့သြသွားကြလေ၏။
သိရန်……
ထိုအချိန်တွင် လင်းဖန်သည် ကြိုးကိုဆွဲရန် လက်တစ်ဖက်တည်းသာ အသုံးပြုနေခဲ့သည်။
လင်းဖန်သည် လက်တစ်ဖက်နှင့် ကြိုးကို ကိုင်ထားစဉ်တွင်ပင် သူမ၏ သွားများ အံကြိတ်နေသော လင်းရှောင်ရီ ကို ကြည့်လိုက်သည်။
ဒါကိုတွေ့တော့လင်းဖန်ကသူ၏ညာလက်ဖြင့်ကြိုးကို ညင်သာစွာ ဆွဲလိုက်လေသည်။
နောက်အခိုက်အတန့်တွင်...…
ဗလတောင့်သောအမျိုးသားနှစ်ယောက်သည်လင်းဖန်တို့ဘက်သို့ဆွဲခြင်းကိုခံလိုက်ရလေသည်။
ပြိုင်ပွဲဟာပြီးသွားလေပြီဖြစ်၏။
အနီးနားတွင် ရပ်နေသော မျက်နှာဖုံး တပ်ထားသော အမျိုးသားသည် သေနတ်ဖြင့်ဗလတောင့်သောအမျိုးသားနှစ်ယောက်ကိုပစ်လ်ုက်လေသည် ။
လင်းရှောင်ရီသည် အစပိုင်းတွင် အနည်းငယ်ကြောင်နေလေသည်။
ထို့နောက်သူမသည် လင်းဖန်၏ရင်ခွင်ထဲသို့ ဝင်ကာ “အစ်ကို၊ ငါတို့အနိုင်ရတယ်”လို့ဝမ်းသာအားရပြောလိုက်သည်။
လင်းဖန်က ခေါင်းညိတ်ပြီး “ဟုတ်တယ်” ဟုပြောသည်။
လွန်ဆွဲပွဲပြီးဆုံးသည်အထိအချိန်များစွာသုံးသုံးစွဲရလေသည်။
“တတိယဂိမ်းကိုအောင်နိုင်သူ 134ယောက်ကိုဂုဏ်ပြုပါတယ်”
“ဤဂိမ်းကတော့နောက်ဆုံးဂိမ်းလည်းဖြစ်ပါတယ်!”
လူတိုင်းက စကားပြောနေတာကိုရပ်ပြီးအေအိုင်ပြေတာကိုလေးလေးနက်နက်အာရုံစိုက်လိုက်သည်။
၎င်းသည်နောက်ဆုံးဂိမ်းဖြစ်သည်၊ ဆိုလိုသည်မှာသူတို့သည်ဆုကြေးငွေသန်း 500ရရန်ခြေတစ်လှမ်းသာဝေးတော့သည်။
ထိုအတွေးကြောင့်လူတိုင်း၏ နှလုံးသားခုန်နှုန်းများသည် ဒရမ်တီးသကဲ့သို့အရူးအမူးခုန်နေလေသည်။
“လူ 13 ယောက် သို့မဟုတ် 14 ယောက်တိုင်း ကျပန်းအုပ်စုတစ်ခုစီဖွဲ့ပါမယ်... အုပ်စုတစ်ခုစီ၏အလယ်တွင် ထိုင်ခုံတစ်လုံးစီချထားပါမယ်။ဒီလိုမျိုးစုစုပေါင်း10ဖွဲ့ဆော့ရပါမယ်”
“သီချင်းဖွင့်ပေးမယ်ရပ်လို့ပြောလိုက်တာနဲ့ထိုင်ခုန်ပေါ်ထိုင်နေသူကအနိုင်ရရှိမည်ဖြစ်ပြီးကျန်တဲ့သူတွေကအနီရောင်ဆေးရည်သေနတ်ပစ်ခြင်းကိုခံရကာထွက်ရမှာဖြစ်သည်။ဒီလိုမျိုးမနိုင်မခြင်းဆော့ရပါမယ်”
“ရှုံးတဲ့သူက ဘောနပ်စ် ယွမ် 300,000 ရရှိပါမယ်”
“အဆင့်တစ်ခုကိုအောင်မြင်တဲ့သူတိုင်းက ဘောနပ်စ် ယွမ် 500,000 ရရှိမှာဖြစ်ပါတယ်”
ဒီတစ်ခါ အေအိုင် အသံသည်အရင်အခေါက်ကအသံတွေထက် ပိုကျယ်လေသည်။
အနီရောင်မျက်နှာဖုံးတပ်ဆင်ထားသူများသည်မကြာမီသာမန်ခုံ၁၀ ခုံကိုယူလာကြသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ကံစမ်းမဲပုံးကိုယူကာတစ်ယောက်ချင်းစီနိုက်ခိုင်းလေသည်။
ကံစမ်းမဲအရ လင်းဖန်သည် နံပါတ် 2 အသင်းတွင် ကျပြီးလင်းရှောင်ရီ သည် နံပါတ် 5 အဖွဲ့တွင် ကျလေသည်။
“ဂိမ်း၊စတင်ပါတော့မယ်”
10!
9
…………
သီချင်းသံမြည်လာသည်နှင့်အမျှ ကစားသူများအားလုံးသည်သူတို့စိတ်ထဲတွင်မလိုအပ်သောအတွေးများကိုရှင်းထုတ်ကာသူတို့အဖွဲစီရှိထ်ုင်ခုံများကိုသာစူးစိုက်ကြည့်နေကြသည်။
သူတို့စိတ်ထဲတွင်အကြောင်းအရင်းတစ်ခုပဲရှိလေသည်။ဒါကပထမဦးဆုံးအကြိမ် ထိုင်ခုံပေါ်မှာ ထိုင်ရမှာဖို့ပင်ဖြစ်သည်။
“ရပ်....။”
တခဏချင်းမှာပဲ လူတိုင်းက အလျှင်အမြန်ပင်ထိုင်ခုံပေါ်ထိုင်ရဖို့လုပ်ကြတော့သည်။
မကြာမီမှာပဲအုပ်စုတစ်ခုစီရှိခုံများအားလုံးပြည့်သွားတော့သည်။
လင်ဖန်းသည်ခုံပေါ်တွင်တည်ငြိမ်စွာထိုင်နေလေသည်။
လင်းရှောင်ရီသည် အဖွဲ့၅၏ ထိုင်ခုံပေါ်တွင် ထိုင်နေသော်လည်း သူမ၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်ယင်နေသည်။
ထိုင်ခုံပေါ်တွင် မထိုင်နိုင်သူများသည် သုတ်ဆေးသေနတ်ဖြင့် ပစ်ခတ်ခြင်းခံရသည်။
ဒီတစ်ခါမှာတော့ သူတို့ထဲက တစ်ဝက်နီးပါးဟာ ဂိမ်းထဲက တိုက်ရိုက်ထွက်လိုက်ရသည်။ဒါကြောင့် အုပ်စုက1၊ 2၊ 3၊ 4၊5ဆိုပြီး အဖွဲ့ 5 ဖွဲ့သာကျန်ရှိတော့သည်။
လင်းဖန်သည် လေးလေးနက်နက်ထြစ်နေသောလင်းရှောင်ရီ ကို တွေ့တော့ခဏတာ ရယ်ချင်လာသည်။
“၁၊ ၂၊ ၃... ရပ်..!”
ဒီတစ်ခါတွင်သီချင်းသံကအနည်းငယ်ကြာသေယကြောင့်သီချင်းသံတွေင်စီးမျောမိသောကြောင့်တစ်ချို့သူတွေကမထိုင်လိုက်ရပေ။
လင်ဖန်းသည် ထိုင်ခုံပေါ်တွင် မထိုင်နိုင်သူဖြစ်သည်။
သို့သော် လင်းဖန်သည် သိသိသာသာဖြင့်သီချင်းတွင်စီးမျောယောင်ဆောင်လိုက်ခြင်းဖြစ်သည်။
ဤပြိုင််ဝင်သူများထဲတွင်သူ့၏အရှိန်နှင့် တုံ့ပြန်မှုစွမ်းအားသည်အကာင်းဆုံးဖြစ်သည်။
လင်းဖန်သာအလိုရှိလျှင် ဤပြိုင်ပွဲကို အလွယ်တကူ အနိုင်ယူနိုင်သည်။
သို့သော် မလိုအပ်ပေ။
ဒါကယွမ်သန်းရာဂဏန်းမျှသာဖြစ်သည်။
လင်းဖန်ဂိမ်းတွင်ပါဝင်ရသည့်အကြောင်းရင်းမှာ လင်းရှောင်ရီ နှင့်အတူကစားရခြင်းကြောင့်ဖြစ်သည်။
အခု သူနဲ့ အကြာကြီး ကစားပေးပြီးတယကြောင့်ဒါကလုံလောက်ပြီဖြစ်သည်။
ထိုင်ခုံပေါ်တွင် တုန်တုန်ယင်ယင်ထိုင်နေသော လင်းရှောင်ရီသည် လင်းဖန်၏ အခြေအနေကို လျင်မြန်စွာ သတိပြုမိလိုက်သည်။
“အစ်ကို၊ စိတ်ချပါ။ဒီဂိမ်းရဲ့နောက်ဆုံးအောင်နိုင်သူကငါပဲဖြစ်ရမယ်။”
လင်းဖန်သည် သူမ၏အတည်အပေါက်ပုံစံံကြောင့် ထူးဆန်းသော အပြုံးကို ပြုံးကာ “ကောင်းပြီ၊ ဖိုက်တင်း” ဟု ပြောလိုက််သည်။
လင်းရှောင်ရီသည်လင်းဖန်ပြောသောစကားများကိုကြားပြီးပြီးနောက်ခေါင်းညိတ်ပြလိုက်လေသည်။ထို့နောက်သူမသည်ထိုင်ခုံကိုသာမျက်တောင်မခတ်တမ်းစိုက်ကြည့်နေလိုက်သည်။
ထိုအချိန်တွင် သူမ၏ စိတ်ထဲတွင် ဂိမ်းကိုနိုင်ရမည်ဆိုတဲ့အတွေးတစ်ခုသာကျန်ရှိတော့သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး
အခန်း 544- မစ်ရှင်ပြီးခြင်း
“၁၊ ၂၊ ၃... ရပ်!”
အသံကျသွားသည်နှင့် အားလုံးက ခုန်ပေါ်ထိုင်ဖို့လုပ်ကြလေသည်။
လင်းရှောင်ရီသည် သူမ၏ လျင်မြန်မှုကို အားကိုးကာ ချက်ချင်းထိုင်လိုက်သည်။
တချို့လူတွေကတော့အချိန်မီထိုင်ခုံပေါ်မထိုင်နိုင်သောကြောင့်ပြိုင်ပွဲကနေထွက်လိုက်ရလေသည်။
ဒီတစ်ကြိမ်ပြိုင်ပွဲတွင်လည်းထက်ဝက်နီးပါး ဖယ်ရှားခြင်းခံရလေ၏။
လင်းရှောင်ရီသည်ဂိမ်းကိုလေးလေးနက်နက်ဆော့နေတယ်ဆိုတာပြောနိုင်လေ၏။
အချိန်တိုင်း၊ သူမသည်သီချင်းသံရပ်တာနဲ့အလျင်အမြန်ပဲထိုင်ခုံပေါ်မှာထိုင်နိုင်လေသည်။
ယခုအချိန်တွင် လင်းရှောင်ရီ နှင့်အရပ် 175 စင်တီမီတာခန့်မြင့်သော အမျိုးသားတို့သာကွင်းထဲတွင် ကျန်ရှိတော့သည်။
သူတို့နှစ်ယောက်လုံးရှိနဖူးမှ ချွေးများ စီးကျနေသော်လည်း မျက်လုံးများက ထိုင်ခုံကိုမျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။
ကွင်းအပြင်ဘက်တွင်ရပ်နေသောလူအုပ်ကြီးကလည်းတစ်ယောက်တစ်ပေါက်ဘယ်သူနိုင်မလဲဆိုတာဆွေးနွေးနေကြလေသည်။
“မင်းပြောကြည့် ဘယ်သူအနိုင်ရမယ်လို့ထင်လဲ”
“ငါကတော့ယောက်ျားလေးပဲအနိုင်ရမယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့သူ့ရဲ့အမြန်နှုန်း၊ တုံ့ပြန်မှုနဲ့ အမောခံနိုင်စွမ်းရည်က ဒီကမိန်းကလေးထက် ပိုကောင်းတယ်လို့ထင်တယ်။ နောက်ပြီး ဒီမိန်းကလေးကအရမ်းလဲငယ်သေးတယ်၊ သူမက အထက်တန်းကျောင်းတက်နေသေးတယ်ထင်တယ်။ဒီလိုမိန်းကလေးကယောက်ျားအရင့်မာကြီးကိုမယှဉ်နိုင်တာသဘာဝကျပါတယ်”
“ငါတော့အဲဒါမမှန်ဘူးထင်တယ်။ ဒီကောင်မလေးကို ငါတွေ့သလောက်တော့သူမရဲ့တုံ့ပြန်မှုက အရမ်းမြန်တယ်။ဒါကြောင့်ငါကတော့မိန်းကလေးအနိုင်ရမယ်လို့ထင်တယ်”
“သူတို့ထဲကဘယ်သူပဲအနိုင်ရရ၊ရတဲ့သူကတော့ယွမ်၁ဘီလီယံတောင်ရမှာ။”
“ငါကတော့အနိုင်ရမယ့်သူကိုကြိုပြီးမနာလိုဖြစ်နေပြီဟေ့.....။!”
…………
လင်းရှောင်ရီ နှင့် ပြိုင်ဘက်အမျိုးသားတို့သည် လဲသူတို့၏နှလုံးခုန်နှုန်းသည်မြင်းများပြေးနေသကဲ့သို့အလွန်လျင်မြန်စွာခုန်နေလေသည်။
“၁၊ ၂၊ ၃၊ ရပ်....!”
တစ်ချိန်တည်းမှာပင် လင်းရှောင်ရီ နှင့် ပြိုင်ဘက်အမျိုးသားတို့သည် ထိုင်ခုံတစ်လုံးပေါ်တွင် အတူထိုင်မိလိုက်ကြသည်။(ထိုင်ခုံကလူ၃ယောက်လောက်ထိုင်လို့ရတဲ့ထိုင်ခုံပါနော်)
ထို့နောက်နှစ်ယောက်သား ဖြည်းညှင်းစွာ မတ်တပ်ရပ်ပြီး ခုံကို နောက်တစ်ကြိမ် ထပ်ပြီးစိုက်ကြည့်ပြန်သည်။
“၁၊ ၂၊ ၃၊ ရပ်......!”
ဒီတစ်ခါတွင်ပြိုင်ဘက်အမျိုးသားသည်စိတ်လှုပ်ရှားမှုကြောင့်ခြေဝတ်ခေါက်ပြီးပြုတ်ကျသွားလေသည်။
လင်းရှောင်ရီသည် ထိုအခွင့်အရေးကိုဆုပ်ကိုင်ကာအလျင်အမြန်ပဲထိုင်ခုံပေါ်ထိုင်ချလိုက်လေသည်။
အခုအချိန်တွင်ဤဂိမ်း၏အနိုင်ရသူကို ဆုံးဖြတ်လိုက်ပြီဖြစ်၏။
“အနိုင်ရပြီဟေ့......”
လင်းရှောင်ရီက ဝမ်းသာအားရ အော်လိုက်သည်။
တကယ်တန်းတွင်လင်းရှောင်ရီသာ စိတ်လှုပ်ရှားနေရုံသာမက အပြင်ဘက်ရှိ လူအုပ်ကြီးလည်း အရမ်းကို စိတ်လှုပ်ရှားနေခဲ့ကြလေ၏။
“အနိုင်ရတဲ့သူကိုဆုံးဖြတ်ပြီးပြီဟ.....!”
“ငါပြောပါတယ် မိန်းကလေးအနိုင်ရမယ်လို့”
“ဒါကအရမ်းအံ့သြစရာကောင်းတဲ့ဂိမ်းပွဲကိုကြည့်လိုက်ရတာပဲ!”
“ဟုတ်တယ်။ဒါက ငါကြည့်ဖူးသမျှထဲမှာစိတ်လှုပ်ရှားစရာအကောင်းဆုံးပြိုင်ပွဲပဲ”
…………
ထိုအချိန်တွင်အေအိုင်ကနေ ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာသည်။
“ယွမ်၁ဘီလီယံကိုရရှိတဲ့အတွက်ဂုဏ်ပြု ပါသည်။”
ဒီစကားထွက်လာတာနဲ့ တစ်ပြိုင်နက် အားကစားကွင်းတစ်ခုလုံး ဆူညံသွားလေသည်။
လင်းရှောင်ရီသည်ဆုကြေးငွေကိုကြားသောအခါထပ်မံစိတ်လှုပ်ရှားလာပြန်သည်။
လင်းရှောင်ရီ၏ပြိုင်ဘက်အမျိုးသားကတော့နောင်တများဖြင့်ပြည့်နေလေသည်။
ထိုကဲ့သို့ မြင့်မားသောဆုကြေးငွေကို ရရှိပြီးနောက်၊ လင်းရှောင်ရီသည် သဘာဝအတိုင်းသတင်းထောက်များနှင့် တွေ့ဆုံမေးမြန်းခြင်းများကို ရင်ဆိုင်ရနိုင်လေသည်။ဒါကတော်တော်စိတ်ရှုပ်စရာကောင်းတဲ့ကိစ္စပင်ဖြစ်၏။
သို့သော်လည်း ယခုအခါတွင် ဇိမ်ခံဂျက်လေယာဉ်သည် အဝေးမှပျံသန်းလာကာ လင်းရှောင်ရီနှင့် လင်းဖန် တို့ကို တင်ဆောင်ကာ လူတိုင်း၏အကြည့်အောက်ကနေထွက်သွားလေသည်။
လေယာဉ်ပေါ်ရောက်သည်အထိလင်းရှောင်ရီသည် အရမ်းစိတ်လှုပ်ရှားနေပါသေးသည်။
“အစ်ကို ငါ ယွမ်1ဘီလီယံကိုတစ်ကယ်ကြီးအနိုင်ရခဲ့တယ်!”
လင်းဖန်သည် သူမ၏မျက်နှာပေါ်ရှိအပြုံးကိုကြည့်ကာ “အေးပါ....’’ ဟုပျော်ရွှင်စွာပြောလိုက်လေ၏။
ထို့နောက် လင်းရှောင်ရီ သည် လင်းဖန်၏ ရင်ခွင်ထဲသို့ ဝင်ပြီးပြီး “အစ်ကို ကျေးဇူးတင်ပါတယ်!”လို့ပြောလိုက်၏။
သူမရဲ့အမြင်အရ လင်းဖန် က ဒီဂိမ်းပွဲကို စီစဉ်ဖို့ ယွမ် ၁ ဘီလီယံ သုံးစွဲရတဲ့ အကြောင်းရင်းက သူ့မကိုယ်ပျော်ရွှင်စေခြင်တာကြောင့်ဆိုတာသိလေသည်။
ဒီလိုအစ်ကိုရှိရတာ အရမ်းကောင်းလေသည်။
လင်းဖန် က ‘’မောင်နှမတွေကြားမှာကျေးဇူးတင်စကားပြောဖို့လိုသေးလို့လား”
ထိုအချိန်တွင် လင်းဖန်၏ စိတ်ထဲတွင် သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။
【ဒင်း! မစ်ရှင်ပြီးခြင်း။ လူ 500 ကျော်ပါဝင်သည့် အကြီးစား “စကွက်ဂိမ်း” ပွဲကို ကျင်းပခဲ့ပြီး ပါဝင်သူ 80% ကျော်ကထိုပွဲကို ချီးကျူးအောင်လုပ်ရမည်ဖြစ်သည်။
ဆုလတ်ကတော့ ရွှေရောင် အနီရောင် စာအိတ် ၅ စောင် ချီးမြှင့်မည်ဖြစ်သည်။ 】
“ဒင်း ရွှေရောင်အနီရောင်စာအိတ်၅စောင်ရရှိသည်။’’
လင်းဖန်ဒါကို ကြားလိုက်သောအခါ သူ့မျက်နှာပေါ်ရှိ အပြုံးက ပို၍တောက်ပလာခဲ့သည်။
“စကွက်ဂိမ်း” ပြိုင်ပွဲပြီးဆုံးပြီးနောက်၊ လူအုပ်ကြီးသည် အားကစားကွင်းအတွင်း အချိန်အတော်ကြာသည်အထိရှိပြီးးနောက်တစ်ယောက်ပြီးတစ်ယောက်အိမ်ပြန်သွားကြ၏။
အင်တာနက်။
[ကင်း- ချင်ရှီမှာ ကျင်းပတဲ့ စကွက်ဂိမ်း က တကယ်ကို မိုက်တယ်။ အင်တာနက်မှာ ကြော်ငြာထားတဲ့အတိုင်းပဲဆုကြေးငွေ၁ ဘီလီယံကို တကယ်ပေးတယ်ဟ။အစကငါ ဒါကိုလိမ်တယ်လို့ထင်ခဲ့တာ]
[ချန်အန်း- ဆုကြေးငွေသားကိုဖန်ပုံးထဲထည့်ထားတာကတစ်ကယ့်ကိုရိုးရိုးရှင်းရှင်းနဲ့ အံ့မခန်းပဲ။ ]
[ဒွန်ရီ: ဒီဂိမ်းပြိုင်ကိုအနိုင်မရရင်တောင်အဲ့ဂိမ်းပြိုင်ပွဲမှာပါတဲ့အဆင့်တွေကိုသာအောင်ရင်လည်းအနည်းဆုံးယွမ်သိန်းဂဏာန်းလောက်ကိုရနိုင်တယ်......။ ]
[ မိုက်ကယ် : ငါ စာရင်းသွင်းဖို့ မေ့သွားတာတစ်ကယ်ရင်နာတာပဲ။ ]
[ရာစုနှစ်-ငါကတော့ဒီဂိမ်းပြိုင်ပွဲမှာကစားချင်သေးတယ်။အနိုင်မရရင်တောင်ဒီဂိမ်းမှာကစားနိုင်တာနဲ့တင်ကျေနပ်နေပြီ။ဒီလိုဂိမ်းကိုဘယ်အချိန်လောက်ထပ်ပြီးကျင်းပမလဲမသိဘူး ]
[မွန်း- အနိုင်ရရှိတဲ့မိန်းကလေးကိုငါအရမ်းမနာလိုဖြစ်တယ်ကွာ... 】
…………
ဆွေးနွေးမှုတွင် ပါဝင်သူ ပိုများလာသည်နှင့်အမျှ “စကွက်ဂိမ်း” ၏ရေပန်းစားမှုသည်လဲတဖြည်းဖြည်းမြင့်တက်လာခဲ့သည်။
ထို့နောက် ချက်ချင်းပင်၊ နက်ဖလင်းဂရု ၏ ရှယ်ယာစျေးနှုန်းသည် နှစ်ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ပန်ကူဂရူ၏ ရှယ်ယာစျေးနှုန်းသည် တစ်ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။
လင်းဖန်၏ ရှယ်ယာ အချိုးအစားအရ လင်းဖန်၏ ပိုင်ဆိုင်မှုသည် ယွမ် ၄၄ ဘီလီယံ ထပ်မံတိုးလာသည်ဟုဆိုနိုင်သည်။
တစ်နည်းဆိုရသော် ပွဲများကျင်းပရန် ငွေ ၁ ဘီလီယံကို သုံးစွဲခဲ့ရာမှလင်းဖန်၏ ပိုင်ဆိုင်မှုသည်စုစုပေါင်း၈၆ ဘီလီယံ တိုးလာခဲ့သည်ဟုဆိုရမည်ဖြစ်သည်။
လင်းဖန်ကတော့ဒါတွေကို လုံးဝ ဂရုမစိုက်ပေ။
အိမ်ပြန်ရောက်ပြီးနောက် သူသည် ရွှေရောင်စာအိတ်များကို တိုက်ရိုက်အာရုံစိုက်လိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ