ငြင်းခြင်း
Vol. 37 Ch. 545
“ရွှေရောင်စာအိတ်ငါးခု၊ကဲ ဘာတွေများရမလဲကြည့်ရအောင်”
“ရွှေစောင်စာအိတ််၅ခုစလုံးဖွင့်မယ်”
【ဒင်း! ဂုဏ်ပြုတယ် ၊ သင် ယွမ် 500,000 လက်ခံရရှိသည်။ 】
【ဒင်း! ဂုဏ်ပြုပါတယ်၊သင် ယွမ် 100,000 လက်ခံရရှိသည်။ 】
【ဒင်း! ဂုဏ်ပြုပါတယ် ၊ သင် ယွမ်900,000 ကို လက်ခံရရှိသည်။ 】
【ဒင်း! ဂုဏ်ပြု ပါတယ်၊သင် ၁ ယွမ် ကတ်ကို ရရှိသည်။ 】
【ဒင်း! ဂုဏ်ပြုပါတယ််၊ သင်သည် နတ်ဘုရားအဆင့် ပစ်ခတ်မှုစွမ်းရည်ကို ရရှိသည်။ 】
လင်းဖန်သည် ပထမစာအိတ်အနီလေးစောင်မှရရှိသည်များကိုလျစ်လျူရှုလိုက်ပြီးနတ်ဘုရားအဆင့်ပစ်ခတ်မှုစွမ်းရည်ကိုအာရုံအာရုံစိုက်လိုက်သည်။
ကျွမ်းကျင်မှုစွမ်းရည်တွေမရတာအတော်ကြာပြီဟုတွေးလိုက်မိသည်။
[နတ်ဘုရားအဆင့်ပစ်ခတ်မှုစွမ်းရည်- သေနတ်အားလုံး၏ တိကျသောဖွဲ့စည်းပုံနှင့် အသုံးပြုမှုများကို သိရှိပြီး လက်နက်အားလုံး၏ ထိရောက်မှုအကွာအဝေးထက် နှစ်ဆဝေးသောနေရာများကို 100% ထိ ထိမှန်နိုင်စွမ်းရှိသည်။ သေနတ်ပစ်ချက်ပိုတိကျလေလေ၊ ဆွဲဆောင်မှုပိုရှိလာလေဖြစ်၏။ 】
တစ်ချိန်တည်းမှာပင် လင်းဖန်သည် သူ့စိတ်ထဲတွင်မရေမတွက်နိုင်သော ရှုပ်ထွေးပွေလီသော သေနတ်နှင့်ပတ်သက်သောအကြောင်းအရာများပေါ်လာခဲ့လေသည်။
ဒါကိုကြည့်ရင်းလင်းဖန်၏ မျက်လုံးများ ချက်ချင်းတောက်ပလာသည်။
သူသည် သေနတ်ပစ်ခန်းပါတဲ့ဇာတ်ကားများကိုကြည့်ရတာကြိုက်လေသည်။
အကြောင်းရင်းကတော့ သေနတ်ပစ်တဲ့စွမ်းရည်ကစော်ပိုကြည်စေတယ်လို့ထင်လို့ပင်ဖြစ်သည်။
သူသည် သေနတ်သမားတစ်ယောက်ဟုစိတ်ကူးယဉ်ကြည့်ဖူးလေသည်။
မမျှော်လင့်ဘဲ ယနေ့သည် သူဖြစ်ချင်တာကိုလက်တွေ့ဖြစ်လာခဲ့သည်။
သနားစရာကောင်းတာက သူ့မှာ သေနတ်မရှိလို့ လုံးဝမပစ်နိုင်ဘူးလို့တွေးမိပြီးခေါင်းခါလိုက်လေသည်။
…………
အချိန်ကုန်တာအရမ်းမြန်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နွေရာသီအားလပ်ရက်ဟာကုန်ဆုံးသို့သွားခဲ့သည်။
လင်းဖန်သည် ဤနှစ်လတာလုံး သူ့မိဘအိမ်တွင်သာနေခဲ့သည် ။
လင်းဖန်သည်ဒီတစ်ခါမိသားစုတွေနဲ့အတူနေတာအကြာဆုံးပင်ဖြစ်လေ၏။
ယနေ့တွင် ဒေါင်ဝေဝေ သည် ဟင်းပွဲများစွာကို ချက်ပြုတ်ထားသောကြောင့်လင်ဖန်တို့သည်မစားနိုင်တော့တဲ့အထိဖြစ်သွာစလေ၏။
ထို့နောက် လင်းတန် နှင့် ဒေါင်ဝေဝေတို့ကိုနှုတ်ဆက်ပြီးနောက်လင်းရှောင်ရီနဲ့အတူ Culinan(ကား)ဖြင့်ကျန်းပေ့ တက္ကသိုလ်ဆီသို့ ဦးတည်သွားလိုက်တော့သည်။
သူမအိမ်မှာရှိစဉ်တုန်းက လင်းရှောင်ရီသည်ကျန်ပေ့ ကို သွားပြီး တက္ကသိုလ်မြန်မြန်တက်ချင်နေလေ၏။
ဘာလ်ု့ဆိုသူမတို့၏အထက်တန်းပြဆရာမသည် တက္ကသိုလ်မည်သို့ကောင်းကြောင်း၊လှပကြောင်းများကိုအဆက်မပြတ်ပြောထားသောကြောင့်ဖြစ်သည်။
ဒါပေမယ့် သူမတကယ်ကျန်းပေ့ကိုသွားရချိန်မှာတော့အိမ်နဲ့မခွဲချင်သောကြောင့်ဝမ်းနည်းသလိုခံစားရလေသည်။
လင်းဖန်ကသူမခံစားနေရသည်ကိုရိပ်မိကာ “စိတ်မပူပါနဲ့ကျန်းပေ့မှာငါရှိပါသေးတယ်၊အားရင်လဲအိမ်ပြန်လို့ရတာပဲလေ။’’
“အင်း” လင်းရှောင်ရီက အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။
လင်းဖန်၏စကားက အလုပ်ဖြစ်တယ်လို့ဆိုရမည်ဖြစ်သည်။မူလကဝမ်းနည်းနေသောလင်းရှောင်ရီသည်ယခုအခါတွင်သူမ ရဲ့ မျက်နှာပေါ်မှာ အပြုံးတွေနဲ့ ပြည့်လို့နေလေ၏။
ကားပြတင်းပေါက်အပြင်ဘက်ရှိ စိမ်းလန်းသောသစ်ပင်များနှင့် တောင်တန်းများကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ “အစ်ကို၊ ကြည့်စမ်း… အရမ်းလှတယ်!”
“ဟုတ်တယ် ....တစ်ကယ်လှတာ” လင်းဖန်က ပြောသည်။
“အစ်ကို၊ ကောလိပ်ကပျော်စရာကောင်းလား” လင်းရှောင်ရီက မေးသည်။
လင်းဖန် က “ ပျော်စရာကောင်းလဲကောင်းသလို၊လွတ်လဲလွတ်လပ်တယ်”
လင်းဖန်သည် ဤစကားကို အဓိပ္ပါယ်မဲ့စွာ ပြောခြင်းမဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သူကောလိပ်တက်စဉ်က အတန်းတိုင်းလိုလိုတွင် သူသည်အိပ့်ပြီးသာနေနေလေသည်။အတန်းမတက်ချင်ပါကလဲ အတန်းပျက်နိုင်လေသည်။ဒါကသေချာပေါက်ပျော်စရာကောင်းပြီးလွတ်လပ်တာပင်မဟုတ်ဘူးလား။
လင်းရှောင်ရီက “ဒါဆို ဆရာမပြောတာမှန်တာပေါ့ “
တစ်နာရီခန့်အကြာတွင် Cullinan(ကား)သည် ကျန်းပေ့သို့ရောက်ရှိလာသည်။
လင်းဖန် သည် လင်းရှောင်ရီ ကို စူပါမားကတ်သို့ ခေါ်သွားကာ နေ့စဥ်လိုအပ်သော ပစ္စည်းအများအပြားကို ဝယ်ယူခဲ့သည်။
ထို့နောက် သူတို့သည် မြူချီလီ ကြယ်သုံးပွင့်စားသောက်ဆိုင်သို့ သွားကာ အရသာရှိသောအစားအစာများကိုစားကြသည်။
လင်းရှောင်ရီသည်ဒီလ်ုအရသာရှိလှသောအစားအစာများကိုမစားဖူးသောကြောင့်ခေါင်းမဖော်တန်းစားလေသည်။
နှစ်နာရီတောင်ကြာပြီးနောက်လင်းဖန်တို့သည်ပန်းလုံဗီလာသို့ ရောက်လာသည်။
လင်းရှောင်ရီသည်ပန်းလုံဗီလာရှိဇိမ်ခံပစ္စည်းများကိုကြည့်ရင်းသူမကိုယ်သူမဘုရင်မသဖွယ်ခံစားရလေသည်။
ယနေ့ညတွင် လင်းရှောင်ရီသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
…………
နောက်တနေ့။
ပြတင်းပေါက်အပြင်ဘက်ရှိ ငှက်များသည် အကိုင်းအခက်များပေါ်တွင် နားကာစကားပြောနေကြသည်။
“ဒီနေ့ ငါပိုးကောင်၁ကောင်စားထားတယ်။”
“ငါတော့တစ်ကောင်မှမစားရသေးဘူး...”
လင်းဖန်သည် ငှက်ကလေးများ၏စကားပြောသံကြောင့်နိုးလာလေသည်။ထို့နောက်သူသည်ဖုန်းကိုတစ်ချက်ဖွက်လိုက်သည်။ထိုအခါစခရင်ပေါ်တွင်မက်ဆေ့တစ်ခုပေါ်နေလေသည်။
“၀:၀၀ နာရီတွင် တရုတ်ဘဏ်မှ ယွမ် ၃၇၈၉၉၂၀၀ ရရှိသည်။”
ထို့နောက် သူသည် ဆိုင်းအင်ဝင်သည့်လုပ်ဆောင်ချက်ကိုအာရုံစိုက်လိုက်လေသည်။
“ဆိုင်းအင်ဝင်မယ် !”
【ဒင်း! ဂုဏ်ယူပါတယ် ယွမ် 10 သန်း ရသည်။ 】
ထို့နောက် သူထလိုက်သည်။
ထိုအချိန်တွင် လင်းရှောင်ရီ သည် ဧည့်ခန်းရှိ ဆိုဖာကြီးပေါ်တွင် ထိုင်နေပြီဖြစ်သည်။
လင်းဖန်ကိုတွေ့ပြီးနောက် သူမက ပြုံးပြီး “အစ်ကို မောနင်း ပါ”
လင်းဖန်က “မောနင်းပါ နင်မနေ့ကအိပ့်ရတာဘယ်လိုလဲ၊အဆေင်ပြေရဲ့လား “
လင်းရှောင်ရီက လေးလေးနက်နက်ပြောလိုက်သည် “အရမ်းအဆင်ပြေတယ်!”
“ကောင်းပြီ ဒါဆိုမနက်စာစားပြီး ကျောင်းသွားရအောင်” လင်းဖန်က ပြောသည်။
“ကောင်းပြီ။” လင်းရှောင်ရီက ဖြေသည်။
…………
ယနေ့ စက်တင်ဘာ ၁ ရက်နေ့သည်အရင်နေ့ကထက်ကားလမ်းပိုမိုကျပ်လေသည်။
ထို့ကြောင့် အရင်ကကျောင်းသို့သို့ရောက်ရန်မိနစ်20 သာကြာလေသည်။သို့သော်ယနေ့တွင်ကျောင်းသို့ရောက်ရန်တစ်နာရီနီးပါးကြာခဲ့သည်။
စာသင်နှစ်စ စတွင်”ကျောင်းသားသစ်များကိုကြိုဆိုပါ၏” ဟူသော ဆိုင်းပုဒ်များကို ကျောင်းတံခါးတွင်ထင်ရှားစွာ ချိတ်ဆွဲထားရမည်ဖြစ်သည်။
သို့သော်ဒီနှစ်တွင်တစ်ခြားဆိုင်းပုဒ်များကိုထင်ရှားစွာချိတ်ဆွဲထားလေသည်။
“သင်္ချာနိုဘယ်လ်ဆုကို ရရှိတဲ့ပါမောက္ခ လင်းဖန်ကို ဂုဏ်ပြုပါတယ်”
“ဓာတုဗေဒနိုဘယ်လ်ဆုရရှိတဲ့အတွက် ကျွန်ုပ်တို့ကျောင်းမှ ပရော်ဖက်ဆာ လင်းဖန် ကို ဂုဏ်ပြုပါတယ်”။
“ဆေးဘက်ဆိုင်ရာနိုဘ်လ်ဆုကိုရရှိတဲ့ကျွန်ုပ်တို့ကျောင်းမှ ပါမောက္ခ လင်းဖန်အား ဂုဏ်ပြုပါသည်”
…………
ကျောင်းတံခါးကိုကြည့်လိုက်တာနဲ့ပရော်ဖက်ဆာလင်းဖန်ကို ဂုဏ်ပြုပါတယ်ဆိုတဲ့ဆိုင်းပုဒ်များကထင်ရှားစွာရှိနေလေသည်။
“ကျောင်းသားသစ်များကိုကြိုဆိုပါတယ်” ဆိုင်းဘုတ်ငယ်ကတော့မထင်မရှားကျောင်းထောင့်စွန်းတွင်ချိတ်ဆွဲထားသည်။
ယင်းနှင့်ပတ်သက်၍...
ကျောင်းသားဟောင်းပဲဖြစ်စေ၊ ကျောင်းသားသစ်ပဲဖြစ်စေဒါကို မကျေနပ်တဲ့သူတစ်ယောက်မှမရှိပေ။
ဆန့်ကျင်ဘက်အနေဖြင့်သူတို့ကျောင်းမှာ ဒီလိုပါမောက္ခရှိတာကိုဂုဏ်ယူနေလေသည်။
လင်းရှောင်ရီက စိတ်လှုပ်ရှားစွာနဲ့ “အစ်ကို၊ မင်းအရမ်းတော်တာပဲ!”
လင်းဖန်က ရယ်လိုက်ပြီး “ဝင်ပြီးစာရင်းသွင်းရအောင်” လို့ ပြောလိုက်သည်။
လင်းရှောင်ရီသည် ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဓာတ်ပုံအနည်းငယ်ရိုက်ကာ “ကောင်းပြီ” ဟုပြောသည်။
လင်းဖန်သည်ကျန်းပေ့တက္ကသိုလ်တွင်တစ်နှစ်နီးပါး နေခဲ့သည့်အပြင် ကျန်းပေ့ တက္ကသိုလ်မှ ပါမောက္ခတစ်ဦးလည်းဖြစ်သည်။
ထို့ကြောင့် သူသည် စာရင်းသွင်းသည့်နေရာနှင့်ပတ်သက်၍အနည်းငယ်ရင်းနှီးမှုရှိလေသည် ။
10 မိနစ်ခန့် တန်းစီပြီးနောက် စာရင်းသွင်းရန် လင်းဖန်တို့အလှည့်ရောက်လာပြီဖြစ်သည်။
ထိုအချိန်တွင် မိတ်ကပ်ကိုတစ်ဗူးလုံးလိမ်းထားသလားအောင်းမေ့ရတဲ့ အမျိုးသမီးတစ်ဦးသည် Lin Fan ထံသို့ ရောက်ရှိလာပြီးနောင်သူမသည် ချိုမြိန်သည်ဟုထင်သော အသံဖြင့် “ဟယ်လို၊ အတန်းဖော်လေးရေငါ့မှာ အရေးတကြီး ကိစ္စတစ်ခုရှိလို့ မင်းနေရာငါ့ကိုပေးလို့ရမလား?”
“မရဘူး” လင်းဖန်က ရိုးရိုးသားသားပြောလိုက်သည်။
ဒါကိုကြားတော့ထိုအမျိုးသမီးက ချက်ချင်း အံ့အားသင့်သွားလေသည်။
သူမနားကို သူမှမယုံနိုင်လောက်အောင် ဖြစ်သွားလေသည်။သူမလိုလှပတဲ့မိန်းကလေးကိုမကူညီချင်တာလား။
လင်းဖန်သည် ထိုမျှလောက်ကို လျစ်လျူရှုကာ “ရှောင်ရီ မြန်မြန်စားရင်းသွင်းလိုက်” ဟုဆိုကာ ရှေ့ကို ဆက်လျှောက်သွားခဲ့သည်။
“ကောင်းပြီ။” လင်းရှောင်ရီ က ပြန်ဖြေသည်။
သူမကိုဂရုမစိုက်တာလား?
မိက်ကပ်တစ်ဗူးလုံးလိမ်းထားတဲ့မိန်းမချောလေး၏ မျက်နှာသည် အနည်းငယ် နီမြန်းသွားသည်။
ကျောင်းသားသစ်များ သည် ဝင်ခွင့်ကိုအရင် လျှောက်ထားကြပြီး ၎င်းကို ရရန် တစ်နာရီ သို့မဟုတ် နှစ်နာရီ ထက်မနည်း ကြာသည်။
သို့သော်လည်းလင်းဖန် သည် လုပ်ထုံးလုပ်နည်းအားလုံးကို အပြီးသတ်ရန် မိနစ် 20 ကျော်သာ ကြာပြီးနောက် လင်းရှောင်ရီကိုမိန်းကလေးအိပ့်ဆောင်နားသို့လိုက်ပို့ပေးလိုက်၏။
ကောလိပ်ရှိကျောင်းသားအားလုံး ကျောင်းဝင်းထဲတွင် နေထိုင်ရမည်ဖြစ်သည်။သို့သော်လင်းဖန်၏အဆင့်အတန်းဖြင့်ဆိုလျှင်လင်းရှောင်ရီသည်ကျောက်းအပြင်မှာနေလို့ရလေသည်။
သို့သော် လင်းရှောင်ရီ သည် မိန်းကလေးအဆောင်တွင်နေရန်သာဆုံးဖြတ်ခဲ့သည်။
လင်းဖန်သည် ဒါကို မကန့်ကွက်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် အိပ့်ဆောင်တွင်နေထိုင်ခြင်းသည် မကောင်းသောအရာမဟုတ်ဟု ခံစားရသောကြောင့်ဖြစ်သည်။
လင်းဖန်သည် လင်းရှောင်ရီကိုလိုက်ပို့ပြီးနောက်တွင် သူ့ရုံးခန်းဆီသို့ လျှောက်လာခဲ့သည်။
နောက်ဆုံးတွင်သူသည် ဆရာတစ်ယောက်ဖြစ်နေသေးသည်။
တပည့်တွေကို မတွေ့တာ နှစ်လရှိပြီမို့သူတို့မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ ရှိရင်ဘယ်လိုလုပ်မလဲဟုတွေးရင်းရုံးခန်းသို့လျှောက်လာခဲ့သည်။
ယခုအချိန်တွင် လင်းဖန်ငြင်းလိုက်သောအမျိုးသမီးသည်လဲအဝေးမှ လျှောက်လာခဲ့သည်။
လင်းဖန်ကိုတွေ့တော့သူမ၏အမူအရာသည်အနည်းငယ်ပြောင်းသွားလေသည်။
လင်းဖန်သည် အဝေးသို့ ထွက်သွားတော့မည်ကို မြင်လိုက်ရသဖြင့် သူမသည် ဖုန်းကို အမြန်ကောက်လိုက်ပြီး လင်းဖန်၏ ကျောပြင်ကို ဓာတ်ပုံရိုက်ကာ ပါးစပ်ဖြဲပြီးပြုံးလိုက်လေသည်။
“ငါ့ကို ငြင်းတဲ့အတွက်တွေ့မယ်.....”
စကားပြောနေစဉ်တွင် သူမသည် သူငယ်ချင်းဂရုကို ဖွင့်လိုက်သည်..။