ဖြေရှင်းပေးခြင်း
Vol. 37 Ch. 546
[တန်စီ- ကျောင်းကိုစလာတဲ့နေ့မှာပဲငါ့တင်ပါးကိုအမျိုးသားတစ်ယောက်ကလာကိုင်သွားတယ်။ဖြစ်ပုံကဒီလိုငါကျောင်းမှာစားရင်းသွားပြီးတာနဲ့ဘတ်စကက်ဘောကွင်းကိုဖြတ်လျှောက်တော့မီးခိုးရောင်ဝတ်ထားတဲ့အမျိုးသားကငါ့တင်ပါးကို ကိုင်ပြီးထွက်ပြေးသွားတယ်။ငါလဲသူ့ကိုအမအရဓာတ်ပုံရိုက်လိုက်ပေမဲ့နောက်ကျောကိုပဲရိုက်မိသွားတယ်။ဒါကိုအားလုံးသိအောင်ရှယ်ပေးကြပါအုံး 】
တန်စီသည် သူမ၏သူငယ်ချင်းဂရုကို ပို့ပြီးနောက်၊ သူမသည် သူမရဲ့အတန်းဂရု......အုပ်စုတို့ကို ထပ်မံပ်ု့ခဲ့ပြီးလူအများသိအောင်ရှယ်ပေးဖို့နောင်းဆိုခဲ့သည်။
[ဒန့်- နေ့ခင်းကြောင်တောင် ကောင်မလေးတင်ပါးကို ကိုင်တာလားဟ....စိတ်မပူနဲ့အဲ့ကြောင်းလူအများကြီးသိအောင်ငါရှယ်ပေးမယ်။ 】
[ကင်း: ငါလည်း အဲဒါကို လူသိများအောင်ရှယ်ပေးမယ်။ 】
[ ချော့ပါ : ငါရောပဲ...... 】
[ဖန်ဖန်: တန်စီက ချောလဲချောတယ်။ကြည့်လို့လဲကောင်းတယ်။ခန္ဓာကိုယ်အချိုးအစားကလဲမိုက်တော့ သူ့တို့ကိုယ်သူတို့မထိန်းချုပ်နိုင်တာသဘာဝကျပါတယ်။ဒါပေမဲ့ အဒ့လိုလုပ်တာတော့တစ်ကယ်ရှက်စရာပဲ။ 】
[ရှန့်- ဒီကောင်လေးက ငါတို့ ကျန်းပေ့ တက္ကသိုလ်အတွက် တကယ်ကို အရှက်ရစရာပဲ။】
[ရှင်း: ဒါကလုံးဝရှက်စရာကြီး၊ တန်စီ မင်းရဲကို ဖုန်းဆက်ပြီး သူ့ကို ဖမ်းဖို့ အကြံပေးတယ်။ 】
လူသိပိုများလာသည်နှင့်အမျှ တန်စီကိုလူများစွာကအဆက်မပြတ် ချီးကျူးခဲ့ကြသည်။
တန်စီသည် လင်းဖန်အပေါ် လူအများက ကဲ့ရဲ့ရှုံ့ချပြီးသူမကို အကုန်လုံးကချီးမွန်းပြောဆိုတာကိုမြင်တော့သူမအရမ်းပျော်သွားလေသည်။
ဒီခံစားချက်ကို သူမအရမ်းကြိုက်လေ၏။
တစ်ချိန်တည်းမှာပင် တန်စီ၏စိတ်သည်မိုးမမြင်လေမမြင်ဖြစ်လာလေ၏။
အင်တာနက်တွင်ဆယ်လီတစ်ယောက်ဖြစ်ဖို့ရုပ်ရည်ချောဖို့နှင့်အရည်အချင်းတစ်ခုခု ရှိရမည်ဖြစ်သည်။(ယောက်ကျားလေးတွေမပါ)
ဒါကိုတွေးရင်း တန်စီရဲ့ နှလုံးခုန်သံကမြန်လာလေ၏။
သူမသည်ဝိုက်ဘွန်ကိုဖွင့်ကာပို့စ်တစ်ခုကိုထပ်မံတင်လိုက်သည်။
ထို့နောက် သူမသည်အရင်ကပို့ခဲ့အတိုင်းပို့ကာလူအများသိအောင်ရှယ်ပေးဖို့ထပ်မံတောင်းဆိုပြန်သည်။
ပြည်တွင်းထိပ်တန်းတက္ကသိုလ်ဆယ်ခုအနက်တစ်ခုအပါအဝင်ဖြစ်သောကျန်းပေ့တက္ကသိုလ်ကိုစိတ်စားမှုသည် အတိုင်းအတာတစ်ခုအထိရှိသည်။
သို့သော်လင်းဖန်သည် ကျန်းပေ့တက္ကသိုလ်သို့ဝင်ရောက်ပြီးနောက်သူသည် သင်္ချာပုစ္ဆာများကို ဦးစွာဖြေရှင်းခြင်း၊ စူပါဘက်ထရီများကိုတီထွင်ခြင်း၊ ငလျင်ကြိုတင်ခန့်မှန်းစက်၊ ကာဗွန်အခြေခံချစ်ပ်များစသည် နည်းပညာမြင့်ထုတ်ကုန်များစွာကို တီထွင်ခဲ့ပြီး နိုဘယ်ဆု လေးခု ရရှိခဲ့သည်။ ထို့ကြောင့်တက္ကသိုလ်၏ ဂုဏ်သိက္ခာနှင့် ကျော်ကြားမှုမှာ ပို၍ ကြီးမားလာခဲ့သည်။
ထို့အပြင် ဤသို့အမျိုးသမီးတစ်ယောက်ကိုစော်ကားမှုမျိုးလဲတက္ကသိုလ်သက်တမ်းတစ်လျှောက်တွင်တစ်ခါမှမဖြစ်ဖူးသောကိစ္စပင်ဖြစ်၏။
ထို့ကြောင့်လူအများကစိတ်ဝင်စားလာကြပြီးတန်စီ၏ပို့စ်အောက်တွင်မက်ဆေ့ပေါင်းဆယ်ခုမှရာ.....ထောင်.....သောင်း......သိန်း....အဆင့်သို့ ရောက်ရှိသွားသည်။
နောက်ဆုံးတွင်၊ ကျန်ပေ့တက္ကသိုလ်တွင် အမျိုးသားသမီးတစ်ယောက်လိင်ထိပါးခံရမှုဆိုတဲ့ ခေါင်းစီးတစ်ခု ပေါ်လာသည်။
ဤစိတ်ဝင်စားဖွယ်ကောင်းသောခေါင်းစဉ်ကြောင့်ည၊ ရှာဖွေမှုစာရင်း၏ထိပ်ဆုံးသို့လျှင်မြန်စွာရောက်ရှိသွားလေသည်။
လူအချို့ကလင်းဖန်ကို ရှုံ့ချကြပြီး၊အချို့က ရဲများကို ခေါ်ရန် အကြံပြုပြောဆိုကြပြီး အချို့က မီးခိုးရောင် တီရှပ်အင်္ကျီဝတ်ထားသည့် အမျိုးသားကို ရှာရန် ကျန်းပေ့ တက္ကသိုလ်သို့ တမင်တကာ လာရောက်ခဲ့ကြသည်။
...
ဒါတွေကိုလင်းဖန်ကလုံးဝမသိပေ။
ယခုအချိန်တွင်သူသည်သူ့ကိုယ်ပိုင်ရုံးခန်းကို ရောက်နေပြီဖြစ်၏။
သာမာန် တက္ကသိုလ်ကျောင်းသားများသာဆိုလျှင်ဒီလို နှစ်စအချိန်တွင်စာများကိုလေ့လာနေမည်မဟုတ်ပေ။
သို့သော် ရှောင်ပန်၊ရှောင်အန်းနှင့် အခြားသူများ သည် ၎င်းတို့၏ ကိုယ်ပိုင်စာလေ့လာမှုများတွင် နှစ်မြှုပ်နေကြသည်။
“ မြှောင်”
ဟော့ကျောက်ဝူပုခုံးပေါ်ရှိ ကြောင် ရှောင်ဘိုင်သည်လင်းဖန်ကိုတွေ့ပြီးနောက်ကျယ်လောင်စွာအော်လိုက်၏။
“သခင်၊ နောက်ဆုံးတော့ မင်းဒီကိုရောက်ပြီပဲ....!”
“မြှောင်”
“သခင်....မင်းကိုအရမ်းလွမ်းနေတာ!”
“မြှောင်”
“သခင်၊ငါ့အတွက် အရသာရှိတာတစ်ခုခုပေးလို့ရမလား”
ကြောင်ကလေးရှောင်ဘိုင်သည်အဆက်မပြတ်စကားပြောရင်းလင်းဖန်၏ခြေထောက်ကိုပွတ်ပေးနေလိုက်သည်။
လင်းဖန်သည်ကြောင်ရှောင်ဘိုင်ကိုပွတ်သတ်ပြီးနောက်သူသည်အမဲသားကြောင်စာတစ်ထုပ်ကိုစနစ်၏သို့လှောင်ရာနေကနေယူကာကြောင်ရှောင်ဘိုင်ကိုကျွေးလိုက်၏။
ကြောင်ရှောင်ဘိုင်သည်အမဲသားကြောင်စာကိုမြင်တာနဲ့ခေါင်းမဖော်တန်းစားတော့သည်။
ဒါပဲ!
အရမ်းအရသာရှိတယ်!
ထိုအချိန်တွင်၊ ဟော့ကျောက်ဝူ သည် ကြောင် ရှောင်ဘိုင်သည် သူ့ပုခုံးပေါ်တွင်မရှိတော့ဘူးဆိုတာကိုသတိပြုမိသည်။ထို့နောက်သူသည်ခေါင်းမော့လိုက်တာနဲ့လင်းဖန်ကိုတွေ့တော့စိတ်လှုပ်ရှားသောလေသံဖြင့် “ပါမောက္ခ လင်း!”ဟုခေါ်လိုက်၏။
ထို့အသံကိုကြားပြီးနောက်အားလုံးကသူတို့ ခေါင်းကို မြှောက်လိုက်ကြပြီး”ပါမောက္ခလင်း!”နှုတ်ဆက်လိုက်သည်။
သူတို့သည်လင်းဖန်နဲ့မတွေ့ရတာနှစ်လရှိပြီမို့ယခုပြန်တွေ့ရသောအခါအလွန်စိတ်လှုပ်ရှားနေကြသည်။
ပြီးတော့သူတို့အားလုံးသည်လင်းဖန်ကို လွမ်းနေကြသလိုကျေးဇူးလဲတင်နေကြသည်။
အဘယ်ကြောင့်ဆိုသော် နွေရာသီအားလပ်ရက်မတိုင်မှီ၊ သူတို့ရေးခဲ့သော စာတမ်းများအားလုံးကို လင်းဖန်ကပြန်လည်ပြင်ဆင်ပေးသောကြောင့်သူတို့စာတမ်းအားလုံးသည်သက်ဆိုင်ရာထိပ်တန်းစာစောင်တွင်ထုတ်ဝေနိုင်ခဲ့သောကြောင့်ဖြစ်၏။
တစ်နည်းပြောရရင် သူတို့သည် ထိပ်တန်း မဂ္ဂဇင်း(စာစောင်)များထဲတွင်သူတို့ကိုတိုင်ရေးထားသောစာတမ်းများကိုထုတ်ဝေနိုင်ခဲ့ပြီဖြစ်၏။
သိရန်ကျန်းပေ့တက္ကသိုလ်ရှိ ပါမောက္ခတော်တော်များများတောင်ဒီလိုသက်ဆိုင်ရာထိပ်တန်းစာစောင်တွင်ကိုယ်တိုင်ရေးထားသည်များကိုထုတ်ဝေနိုင်ခြင်းမရှိပေ။
ဒါတွေအားလုံးကလင်းဖန်ကြောင့်ဆိုတာသူတို့သိလေသည်။(လင်းဖန်ကကျိုးကြောင်းဆီလျှော်အောင်လုပ်ပေးတာပါ။ကျန်တာအားလုံးကသူတို့ဘာသာကြိုးစားပြီးမှရလာတဲ့အဖြေတွေပါ)
...
ရှောင်ပန်နှင့်ရှောင်အန်း တို့သည်ရေတစ်ပုလင်းစီကိုကိုင်ကာလင်းဖန်အားပေးလိုက်ကြသည်။
လင်းဖန်က သူမတို့ပေးသော ရေပုလင်းများကိုယူပြီးတစ်ငုံစီသောက်ပြီးနောက် “ပြီးခဲ့တဲ့နှစ်လအတွင်း မင်းတို့ဖြေရှင်းလို့မရတဲ့ ပြဿနာတစ်ခုခု ကြုံသေးလား?”
ဟော့ကျောက်ဝူက “ပါမောက္ခ လင်း၊ ငါ အာရုံကြောစနစ်နဲ့ ပတ်သက်ပြီး သုတေသနတချို့ လုပ်ထားတယ် ၊ ဒါပေမယ့် နားမလည်တာတွေ အများကြီးရှိတယ်...”
စကားပြောနေစဉ်သူသည် စာဖိုင်တစ်အုပ်ကို ထုတ်ယူလိုက်သည်။
စာရွက်များ၏ စာမျက်နှာတစ်ခုစီတွင်၊ အာရုံကြောကြိမ်နှုန်းများနှင့်အာရုံကြောပုံစံများကိုအများအပြားဆွဲထားပြီး တစ်ခို့သောအာရုံကြောများကိုအရောင်ခြယ်ကာအမှတ်အသားပြုထားလေသည်။
သာမန်ဆရာတစ်ယောက်သာဆိုရင်ဒီလိုရှုပ်ထွေးတဲ့အာရုံကြောပုံများနှင့်ကြိမ်နှုန်းများကိုမြင်လျှင်ချက်ချင်းခေါင်းကိုက်သွားမည်ဖြစ်၏။
သို့သော် လင်းဖန်ကတော့သာမန်ဆရာတစ်ယောက်မဟုတ်ပေ။ထို့ကြောင့်လင်းဖန်သည်စာဖိုင်ကိုလုံးဝဂရုမစိုက်ဘဲ ဟော့ကျောက်ဝူကို အနည်းငယ်ခြားနားစွာ ကြည့်လိုက်သည်။
ထို့နောက် စာရွက်ကို အမြန်လှန်ကြည့်လိုက်တော့သည်။
၂ မိနစ်ခန့်အကြာတွင် လင်းဖန် သည် အကြောင်းအရာအားလုံးကို ဖတ်ပြီးသောကြောင့်ဟော့ကျောက်ဝူလုပ်နေသည့်ကိစ္စအားလုံးကို နားလည်လိုက်သည်။
“မင်းက....အာရုံကြောချိတ်ဆက်မှုတွေကိုပိုကောင်းအောင်လုပ်ဖို့လိုတယ်။ပြီးတော့မင်းကြိမ်နှုန်းတွေကိုပိုပြီးတိကျလိုက်ရင် မင်းမဖြေရှင်းနိုင်တဲ့ဟာကိုလွယ်လွယ်ကူကူဖြေရှင်းနိုင်သွားလိမ့်မယ် ။”
ဒါကိုကြားတော့ဟေ့ကျောက်ဝူသည်မျက်လုံးချက်ချင်းတောက်ပသွားကာ က “ဒါဆို ဒါကဒီလိုပေါ့.....ကျေးဇူးတင်ပါတယ် ပါမောက္ခ!”
တစ်ချိန်တည်းမှာပင် သူက လင်းဖန်ကို ပိုပြီးလေစားသွားလေ၏။
ဒီလိုရှုပ်ထွေးတဲ့စာဖိုင်ကိုတစ်ချက်ကြည့်တာနဲ့ဖြေရှင်းဖို့နည်းလမ်းကိုပြောနိုင်တယ်။ဒါက လုံးဝငါလေးစားတဲ့ ပါမောက္ခဖြစ်ထိုက်ပါပေတယ်ဟုဟော့ကျောက်ဝူကတွေးလိုက်လေသည်။
ထို့နောက် နင်းကျန်းကျန်းနှင့်တစ်ခြားသူများသည်လဲစာဖိုင်များကိုယူလာကာသူတို့မဖြေရှင်းနိုင်သည်များကိုပြောပြလေတော့သည်။
လင်းဖန်သည် သူတို့၏မေးခွန်းများကိုဖြေဆိုရန် 10 မိနစ်ခန့်အချိန်ယူခဲ့ရသည်။
ထို့နောက် သူကရှောင်ပန်နှင့် ရှောင်အန်း တို့ကို စိုက်ကြည့်လိုက်ကာ”မင်းတို့ရော..နားမလည်တဲ့ဟာတွေရှိလား...”ဟုဆို၏။
လင်းဖန်စကားကိုကြားသောအခါ ရှောင်ပန်နှင့်ရှောင်အန်း တို့ ၏ လှပသော မျက်နှာများသည် ချက်ချင်းပင် နီရဲသွားကာ အထပ်ထပ်ခေါင်းညိတ်ကာ “ရှိတယ်”
စကားပြောပြီးနောက် သူမသည် စာဖိုင်တစ်အုပ်ကိုထုတ်ယူကာသူမတို့မဖြေရှင်းနိုင်သည်များကိုမေးလေ၏။
ပါရမီရှင်များသည် သာမန်လူများထက် ပိုကြိုးစားကြသည်ဟုအဆိုစကားရှိကြလေသည်။
ယခုတွင်တော့ဒီစကားမှန်တယ်ဆိုတာ ရှောင်ပန်၊ရှောင်အန်း နှင့် တခြားသူများသည်အကောင်းဆုံးသက်သေဖြစ်သည်။