← Chapters

အမှန်တရားပေါ်ခြင်း

Vol. 37 Ch. 547

အမှန်တရားပေါ်ခြင်း

Vol. 37 Ch. 547

နေဝင်သည်နှင့်အမျှလင်းဖန်သည်ပန်းလုံဗီလာသို့သွားလိုက်လေသည်။ထို့နောက်လင်းဖန်သည် ညစာစားပြီးသည်နှင့်တစ်ပြိုင်သူသည် ဆိုဖာပေါ်တွင်ထိုင်ကာ ဝိညာဉ်ရေးလက်ဖက်ရည်သောက်ပြီး ပြတင်းပေါက်အပြင်ဘက်ရှုခင်းကို ခံစားနေလိုက်သည်။

…………

အွန်လိုင်း။

“ကျန်ပေ့တက္ကသိုလ်တွင်အမျိုးသမီးတစ်ယောက်လိင်ထိပါးခြင်းခံရမှု” ၏ ခေါင်းစဉ်သည်ရှာဖွေမှာစားရင်းတွင်ထိပ်ဆုံးတွင်ရှိသောကြောင့်ထိုအကြောင်းကိုလူအများကအဆက်မပြတ်ဆွေးနွေးကြသည်။

[ပူးဝါး- သူ့လို့ကောင်းသားရှိတာကျန်းပေ့တက္ကသိုလ်အတွက်လုံးဝကိုမကောင်းတာပဲ။ဒီကောင်က အမှိုက်လိုကောင်ပဲ 】

[ဘေဘီ: ကျန်ပေ့တက္ကသိုလ်ကသူဘယ်သူလဲဆိုတာအမြန်စုံစမ်းပြီးသူ့က်ုထိရောက်တဲ့အပစ်ပေးပါ 】

[စီးတီး- ကျန်ပေ့တက္ကသိုလ်ကဒီကျောင်းသားအကြောင်းမစုံးစမ်းသေးဘူးလားဟ...ကိစ္စကဒီလောက်ကြီးနေပြီကို.....နှစ်သစ်ကူးတာကိုစောင့်နေတာလားဟ..... 】

[ရီးရဲ: သူ့ကိုကျောင်းထုတ်လိုက်တာက သူ့အတွက် အရမ်းပေါ့ရော့လွန်းတယ်။သူ့ကို ဖမ်းပြီး ထောင်ချသင့်တယ်! 】

…………

တန်စီ၏ ဖော်လိုဝါသည်လည်း 1120 မှ တစ်ရက်အတွင်း 300,000 အထိတိုးလာခဲ့သည်။

သးမသည်တိုးလာသောဖော်လိုဝါများကိုကြည့်ရင်းသူမကအခုဆယ်လီဖြစ်ပြီဆိုပြီးအရမ်းပျော်နေလေ၏။

ဒီစာကို သူမတင်လိုက်တာမှန်သည်ဆိုပြီးထင်နေလိုက်သည်။

အင်တာနက်ပေါ်က လူတော်တော်များများက တန်စီကို ရဲခေါ်ပြီး သးမတင်ပါးကိုင်သွားသောသူကို ဖမ်းဆီးခိုင်းကြသည်။

သူမသည် သနားကြင်နာသောပုံစံဖြင့် ပြန်ပြောလိုက်သည်- သူလဲကျန်းပေ့တက္ကသိုလ်ကိုဝင်နိုင်ဖို့ကြိုးစားထားရတယ်လေ။ဒါကြောင့်သူ့အရည်အချင်းကိုလေးစားသောအားဖြင့်သူ့ကိုရဲမတိုင်တော့ပါဘူး။

တန်စီ ဤကဲ့သို့ တုံ့ပြန်ရခြင်းမှာလင်းဖန် သည် သူမ၏ တင်ပါး ကို လုံးဝ မထိိကြောင်း သူမကိုယ်တိုင်သာသိသောကြောင့်ဖြစ်၏။အကယ်၍ရဲကိုသာအကြောင်းကြားလိုက်ရင်သူမလိမ်ညာထားသည်များလုံးဝပေါ်သွားမည်ဖြစ်၏။

ထို့အပြင်သူမဟာ သူမကိုယ်သူမကြင်နာတတ်ပြီး အပြစ်ကင်းတဲ့ ဇာတ်ရုပ်တစ်ခုကို တည်ဆောက်ချင်တာကြောင့်ပင်ဖြစ်သည်။

သေချာတာကတော့ သူမဒီလိုတုံ့ပြန်လိုက်ပြီးနောက်မှာတော့ ဖော်လိုဝါအရေအတွက်ဟာ ထပ်ပြီးတိုးလာခဲ့သည်။

သို့သော်လည်း သူမသည် ရဲများကို ဖုန်းမခေါ်သော်လည်း ‘မတရားခံရတာကိုလက်ပိုက်ကြည့်မနေတတ်သောကယ်တင်ရှင်’ များသည် ရဲကို ဖုန်းဆက်အကူအညီတောင်းလိုက်ကြသည်။

မကြာခင်မှာပဲ ကျန်းပေ့ပြည့်သူ့စုံစမ်းစစ်ဆေးရေးအဖွဲ့(ရဲတပ်ဖွဲ့နဲ့အတူတူပါ)က ကြေညာချက်ထုတ်ပြန်လိုက်သည်။ဒါကတော့သူတို့ကဒီကိစ္စကို သေသေချာချာစုံစမ်းစစ်ဆေးသွားမယ်ဆိုတာပင်ဖြစ်၏။

ထိုသို့သောကိစ္စများနှင့် ပတ်သက်၍ ကျန်းပေ့တက္ကသိုလ်က ရဲများပါဝင်ရမလိုကြောင်းနဲ့မိမိတို့ကျောင်းစုံစမ်းရေးအဖွဲ့သာစစ်ဆေးမှုတွေလုပ်မည်ဟုကြေညာချက်ထုတ်ပြန်လိုက်၏။

ထို့နောက်စုံစမ်းစစ်ဆေးရသည်များကိုလဲအများပြည်သူသိရအောင်ကြေညာပေးမည်ဟုထပ်ဆင့်ကြေညာခဲ့သည်။

…………

အမျိုးသားအိပ်ဆောင်။

တစ်နေ့တာလုံး စာကျက်ပြီးတဲ့နောက်ဂျင်ချန်ကျူ ဟာ ရေအေးနဲ့ ရေချိုးပြီး ကုတင်ပေါ်မှာ ထိုင်ပြီး ဖုန်းသုံးနေလိုက်သည်။

“ကျန်ပေ့တက္ကသိုလ်တွင်အမျိုးသမီးတစ်ယောက်လိင်ထိပါးခြင်းခံရမှု” ဆိုတာကိုတွေ့တော့သူကချက်ချင်းနှိပ်လိုက်လေသည််။

“ကြည့်ရှုသူအရေအတွက်က သိန်း 350 တောင်ပြီးတော့ မှတ်ချက် အရေအတွက် 87,000 တောင်၊လူတော်တော်များများက အဲအကြောင်းကိုဆွေးနွေးနေကြတာပဲဟ...။” အံ့သြသွားသည်။

ထို့နောက် ဂျင်ချန်ကျူ သည်မိန်းကလေးတင်ပါးကိုကိုင်သောသူ၏နောက်ကျောကိုကြည့်လိုက်လေသည်။

ထို့နောက်မျက်မှောင်ကြုတ်ရင်း“ဒီအဝတ်အစားက........ပါမောက္ခလင်းမဟုတ်ဘူးလား…” လို့ပြောလိုက်သည်။

ထို့နောက်ဂျင်ချန်ကျူသည်’’ဆရာလင်းတပည့်’’ဆိုတဲ့ဂရုကိုဖွင့်ပြီးမက်ဆေ့ခ်ျပို့လိုက်သည်။

ဂျင်ချန်ကျူ: မင်းတို့ရှာဖွေမှုစာရင်းရဲ့ထိပ်ဆုံးမှာရှိတဲ့အကြောင်းအရာကိုသိပြီးပြီလား။

ဟော့ကျောက်ဝူ: ငါကဘယ်လိုလုပ်သိမှာလဲဟ။ငါကဂိမ်းသမားလေ

နင်းကျန်းကျန်း - ထူးခြားတဲ့သတင်းရှိလို့လား

လင်းချင်းကျူ- ဘာတွေဖြစ်နေလို့....

ဂျင်ချန်ကျူ : ငါလင့်ပို့လိုက်မယ်။ဝင်ကြည့်ကြ..

ထို့နောက် လင့်ခ်ကို တင်ပို့လိုက်သည်။

ရှောင်ပန်: မိုက်ရိုင်းလိုက်တာ...

ရှောင်အန်း : မိုက်ရိုင်းလိုက်တာ...

ရှောင်ပန်နှင့် ရှောင်အန်းတို့သည်တစ်ချက်ကြည့်လိုက်တာနဲ့ဒါကလင်းဖန်ဆိုတာသိလိုက်သည်။

ထို့ကြောင့်သူမတို့သည်အင်တာနက်ပေါ်တွက်ပြောသောအကြောင်းအရာများကိုမယုံကြပေ။

လင်းချင်းကျူ: ပရော်ဖက်ဆာ လင်းကဘာလို့အဲ့လိုလုပ်ရမှာလဲဟ...

သူမက ဒီကိစ္စကို အရမ်းသေချာသည်။ဘာလို့ဆိုအဲ့ပို့စ့်တင်သောတန်စီထက်ရှောင်ပန်နှင့်ရှောင်အန်းထက်ကပိုလှနေသောကြောင့်ဖြစ်သည်။ဒါပြင်လင်းဖန်ရဲ့အရည်အချင်းနဲ့ဆိုကြိုက်တဲ့မိန်းကလေးကိုကောက်တွဲနိုင်လေသည်။

ဒါကြောင့်သူမသည်ဒါကလှည့်ကွက်ဆိုတာနားလည်လိုက်သည်။ထို့နောက်သူမသည်ဘတ်စကတ်ဘောကွင်းတွင်ဖြစ်ပျက်ခဲ့သည်များကိုတွေးရင်းသူမမျက်နှာပေါ်တွင်ထူးဆန်းသောအပြုံးပေါ်လာလေ၏။

ဟော့ကျောက်ဝူ: ဒါက ပရော်ဖက်ဆာလင်းကို တမက်သက်သက်ယုတ်မာတာပဲ

နင်းကျန်းကျန်း - တန်စီဆိုတဲ့လူအကြောင်းက်ုမြန်မြန်ဖော်ထုတ်ရမယ်၊မဟုတ်ရင် ပရော်ဖက်ဆာလင်းအတွက်မကောင်းဘူး။

…………

ရှောင်ပန်နှင့် ရှောင်အန်း တို့သည် ဂရုထဲတွင်စာများမပို့တော့ပေ။

သူမတို့က ကွန်ပြူတာကို ကမန်းကတန်းဖွင့်ပြီး ကီးဘုတ်ပေါ် အမြန်ရိုက်လိုက်သည်။

သူမတို့သည်လင်းဖန်၏ အပြစ်ကင်းစင်မှုကို ဖော်ပြခြင်နေကြသည်။

များစွာသောကုဒ်များ ကွန်ပြူတာစခရင်ပေါ်တွင် ပေါ်လာလေသည်။

ထို့နောက်မကြာမီ တန်စီ ၏ကျောင်းအခြေအနေ၊ စာမေးပွဲရမှတ်များ၊ ကျောင်းစွမ်းဆောင်ရည်၊ ကောလိပ်အတန်း၊ ဆက်သွယ်ရန်အချက်အလက်စသည်ဖြင့် အရာအားလုံးသည် စခရင်ပြင်ပေါ်တွင် ပေါ်လာလေ၏။

ဆက်သွယ်ရန်အချက်အလက်များကိုသိရသော်လည်းရှောင်ပန်နှင့်ရှောင်အန်းတို့သည်သူမကိုတိုက်ရိုက်ဆက်သွယ်ခြင်းမရှိပေ။

လင်းဖန်ကို တခြားဘက်က စော်ကားသောကြောင့်အဲ့အတွက်အဖိုးအခပေးရမည်ဖြစ်သည်။

သူမတို့သည်ကီးဘုတ်များကို လျင်မြန်စွာ ရိုက်လိုက်သည်။

ကျောက်နီဝင်လာပြီးနောက်သူမက “ရှောင်ပန်၊ ရှောင်အန်း နင်တို့ ဘာလုပ်နေတာလဲ”ဟုမေးလိုက်လေသည်။

ရှောင်ပန်၊ ရှောင်အန်း နှင့် ကျောက်နီတို့၏ဆက်ဆံရေးသည်အလွန်ကောင်းမွန်လေ၏။

အရင်တုန်းကကျောက်နီဘာပြောပြောသူမတို့ပြန်ဖြေလေသည်။

သို့သော် ယနေ့တွင်သူမတို့သည် ကျောက်နီပြောသည်များကိုမကြားတော့ပေ။

အကြောင်းမှာ၊ ယခုအချိန်တွင် ရှောင်ပန် နှင့် ရှောင်အန်းတို့သည် လင်းဖန်၏ အပြစ်ကင်းစင်မှုကို ဖြစ်နိုင်သမျှအမြန်ဆုံးဖော်ပြချင်နေပြီးမဟုတ်မမှန်ပြောသောသူကိုလဲထိခိုက်စေချင်သောကြောင့်ဖြစ်သည်။

ခဏအကြာတွင် စခရင်ပေါ်တွင် ဗီဒီယိုတစ်ခုပေါ်လာသည်။

ဤသည်... ကျန်းပေ့တက္ကသိုလ်၏ ကျောင်းဝင်းအတွင်း စီစီတီဗီပင် ဖြစ်၏။

မနက်ခင်းတွင် ကျောင်းသား၊ကျောင်းသူများစာရင်းသွင်းနေကြသောကြောင့်ကျောင်းဝင်းတစ်ခုလုံးတွင် ကျောင်းသား၊ကျောင်းသူများနှင့်သာပြည့်နှက်နေလေသည်။

သိပ်မကြာခင်မှာပဲ လင်းဖန် ပေါ်လာတော့သည်။

ရှောင်ပန် နှင့် ရှောင်အန်းတို့သည်လင်းဖန်ကိုတွေ့လိုက်သောအခါ သူမတို့၏လှပသောမျက်လုံးများသည်ချက်ချင်းတောက်ပသွားလေသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် တန်စီ၏ပုံရိပ်ပေါ်လာလေသည်။

ရှောင်ပန် နှင့် ရှောင်အန်းတို့သည် သူမကိုတွေ့လိုက်သောအခါ သူမတို့၏လှပသောမျက်လုံးများသည် အနည်းငယ်အေးစက်သွားကြသည်။

........

မကြာမီလင်းဖန်သည်သူ့ညီမကိုလိုက်ပို့ပြီးနောက်ဘတ်စကတ်ဘောကွင်းကိုဖြတ်သွားလေသည်။

ဒါကိုတန်စီကလင်းဖန် ၏နောက်ကျောပုံကိုရိုက်ပြီးနောက်သူမ၏မျက်နှာတွင် လှောင်ပြောင်သောအပြုံးတစ်ခုပေါ်လာလေသည်။

ဒါကိုကြည့်ခြင်းအားဖြင့်အမှန်တရားက ထင်ရှားသွားလေတော့သည်။

All Chapters