စစ်ဆေးခြင်း
Vol. 37 Ch. 548
ဆောင်မိသားစု။
လင်းဖန်၏ကူညီပေးမှုကြောင့်ဆောင်မိသားစု၏စီးပွားရေးစျေးကွက်ကျယ်ပြန့်လာရုံသာမကမိသားစုဝင်တိုင်းသည်အလုပ်နှင့်ပတ်သက်သည်များကိုမနားတမ်းလုပ်နေရလေသည်။
မူလက ဆောင်းမိသားစုသည်ဆောင်ကျင်းအန်းကိုဘွဲ့ရပြီးမှသာကုမ္ပဏီကိစ္စများကကိုင်တွယ်ခိုင်းဖို့စီစဉ်ထားလေသည်။
သို့သော်မကြာမီဆောင်မိသားစုသည်သူတို့၏ဆုံးဖြတ်ချက်ကိုပြောင်းလဲလိုက်ရသည်။
ဘာလို့သူတို့၏ဆုံးဖြတ်ချက်ကိုပြောင်းလိုက်ရတာလဲဆိုလျှင်ဆောင်းကျင်းအန်းသည်လင်းဖန်ရဲ့အတန်းဖော်ဖြစ်သည့်အပြင်သူတို့ကြားတွင်ထူးခြားသောဆက်ဆံရေးရှိလို့ပင်ဖြစ်လေ၏။
ထို့ကြောင့် ကျောင်းစတက်ရမည့်နေ့ကစ၍ဆောင်ကျင်းအန်းသည် ကျောင်းသို့မလာပဲကုမ္ပဏီကိစ္စများကို ကိုင်တွယ်ဖို့ကုမ္ပဏီကိုသွားလေသည်။
ယနေ့ညနေခင်းတွင်မူဆောင်ကျင်းအန်းသည်လန်းဆန်းသွားအောင်ရေချိုးလိုက်လေသည်။
ထို့နောက် ဆောင်ကျင်းအန်းသည် ပြတင်းပေါက်နားတွင် ထိုင်ကာ ဖုန်းသုံးနေလိုက်၏။
မကြာမီတွင်၊ သူမသည် ထိပ်တန်းရှာဖွေမှုစာရင်း၏ခေါင်းစဉ်တစ်ခုတွင်အကြည့်ကျသွားလေသည်။ဒါကတော့ “ကျန်ပေ့တက္ကသိုလ်တွင်အမျိုးသမီးတစ်ယောက်လိင်ထိပါးခြင်းခံရမှု” ဆိုတဲ့ခေါင်းစဉ်ပင်ဖြစ်၏။
ဒါကိုကြည့်ရင်းကြည့်ရင်းဆောင်ကျင်းအန်းမျက်မှောင်ကြုတ်လိုက်သည်။
သူမသည်မိန်းကလေးဖြစ်သည့်အလျောက်ဒီလိုအသားယူသည့်ယောက်ျားများကို အလွန်ရွံရှာလေသည်။
မထင်မှတ်ပဲ ဒီလိုလူကသူမတို့ကျောင်းမှာ ပေါ်လာလေသည်။
သူမသည်ဒေါသတကြီးဖြင့် သူမသည် ခေါင်းစဉ်ကိုနှိပ်ပြီးဝင်ကြည့်လိုက်သည်။
နောက်အခိုက်အတန့်တွင်ဆောင်ကျင်းအန်းသည် မိန်းကလေးကိုအသားယူလိုက်သောလူ၏နောက်ကျောကိုကြည့်ရင်းမျက်မှောင်ကြုတ်သွားသည်။
ဘာကြောင့်ဆိုရင်ထိုလူ၏မောက်ကျောကိုကြည့်ရုံဖြင့် ဤလူသည် လင်းဖန်ဖြစ်ကြောင်း သူမ ပြောနိုင်လေသည်။
လင်းဖန်က မိန်းကလေးတစ်ယောက်ကိုအသားယူတာလား။
ဒါက ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စပင်ဖြစ်၏။
ဒါကြောင့်ဆောင်ကျင်းအန်းကချက်ချင်းပဲဒါကရည်ရွယ်ချက်ရှိရှိလုပ်ကြံထားတယ်ဆိုတာသိလိုက်လေ၏။
ဆောင်ကျင်းအန်း၏မျက်နှာတစ်ခုလုံး ချက်ချင်းအေးစက်သွားကာ 001 ကိုတွေ့ကာ ဖုန်းခေါ်ဆိုလိုက်သည်။(ဒါက001ကနာမည်ပါ)
ကုမ္ပဏီကြီးများသည် မိိမိတို့၏လျှို့ဝှက်ချက်များမပေါက်ကြားအောင်မိမိတို့၏ဆိုက်ဘာလုံခြုံရေးအတွက်ဟက်ကာများကိုခန့်ထားလေ့ရှိလေသည်။
001 သည် ဆောင်မိသားစု ၏ အစွမ်းအထက်ဆုံး ဟက်ကာဖြစ်သည်။
“မစ္စဆောင်း၊ မင်္ဂလာပါ။”
ဆောင်ကျင်းအန်းက “ကျန်ပေ့ တက္ကသိုလ်မှာဖြစ်သွားတဲ့လိင်ထိပါးတယ်ဆိုတဲ့ကိစ္စနဲ့ပက်သတ်ပြီးအသေးစိပ်စုံစမ်းပေးပါအုံး”
“ဟုတ်ကဲ့ ဏစောင့်ပါ” လို့ ပြောလိုက်လေ၏။
ခဏအကြာတွင်၊ဆောင်ကျင်းအန်း ကွန်ပြူတာတွင်ဖိုင်တစ်ခုပေါ်လာလေ၏။
ဆောင်ကျင်းအန်းသည်ဖိုင်က်ိုလျှင်မြန်စွာ နှိမ့်လိုက်သည်။ သိပ်မကြာခင်မှာ တန်စီနဲ့ လင်းဖန်းတို့ဟာ စားရင်းပေးသွင်းသည့်နေရာတွင် ပထမဆုံးအကြိမ် တွေ့ဆုံကြပြီး ဒုတိယအကြိမ်တွေ့ဆုံမှုတွင်တန်စီသည်လင်းဖန်၏နောက်ကျောကိုဓယတ်ပုံရိုက်လိုက်ပြီးဒရာမာခင်းနေသည်များကိုအလုံးစုံမြင်လိုက်ရလေသည်။
ဆောင်ကျင်းအန်းသည်ဒါကိုကြည့်လေလေပိုမိုဒေါသထွက်လာလေဖြစ်၏။
“ဘယ်လောက်တောင်ယုတ်မာတဲ့ မိန်းမလဲ....!”
ထို့နောက် ပြည်သူ့သတင်းဌာနသို့ ဖုန်းခေါ်ဆိုလိုက်သည်။
“ငါ့ဆောင်းပါးတစ်ပုဒ် ပို့ပေးလိုက်မယ်။ဒါကိုအချိန်တိုတိုအတွင်းမှာကြည့်ရှုသူအများဆုံးဖြစ်အောင်လုပ်ပေးပါ”
“ဟုတ်ကဲ့!” ဖုန်းထဲကနေအသံတစ်ခု ထွက်ပေါ်လာသည်။
…………
ကျန်းပေ့တက္ကသိုလ်။
ကျောင်းရုံးခန်းတွင်ဒါရိုက်တာ ဟွမ်၊ သိပ္ပံကျောင်းမှ ပါမောက္ခဝမ် နှင့် လုံခြုံရေးရုံးပိုင်းကိုတာဝန်ယူထားရသောဒါရိုက်တာ လူ တို့ အတူတကွ ရှိနေကြလေသည်။
ဒါရိုက်တာ လူက “ဒါရိုက်တာဟွမ် ကျောင်းမှာရှိတဲ့စီစီတီဗီမှတ်တမ်းတွေအကုန်လုံးဒီမှာပါ’’
ဒါရိုက်တာ ဟွမ်က “ကျေးဇူးတင်ပါတယ်”
ထို့နောက် သူ့ဘေးနားမှ လူလတ်ပိုင်းအမျိုးသားအား “ပါမောက္ခဝမ်၊ မင်းကိုပဲဒက္ခပေးရတော့မှာပဲ”
ပရော်ဖက်ဆာ ဝမ် က “ဒါဟာ အသေးအမွှားကိစ္စပဲ”
စကားပြောပြီးနောက် သူသည် ကွန်ပြူတာရှေ့ထိုင်ကာ စီစီတီဗီမှတ်တမ်းများကိုကူးယူဖို့လုပ်လိုက်လေ၏။
ထိုအချိန်တွင် ပရော်ဖက်ဆာဝမ်က “စီစီတီဗီမှတ်တမ်းတွေကိုတစ်ယောက်ယောက်ဟက်သွားပုံရတယ်။”
“ဟက်သွားတာလား?” ဒါရိုက်တာ ဟွမ်က အနည်းငယ် မျက်မှောင်ကြုတ်ပြီးပြောလိုက်လေ၏။
ဒါရိုက်တာ လူ က “ ဘယ်အချိန်လောက်ဝင်ဟက်သွားတာလဲ။”
“ဒီနေ့၊ ခုနကပဲ...” ပရော်ဖက်ဆာ ဝမ် က “မင်း တို့အရမ်းစိုးရိမ်နေဖို့ မလိုပါဘူး။ တခြားလူက ကွန်ပြူတာကိုဟက်ပြီးစီစီတီဗီမှတ်တမ်းတွေပဲကူးသွားတာ” လို့ ပြောလိုက်လေသည်။
ထိုစကားကိုကြားပြီးမှဒါရိုက်တာ ဟွမ်နှင့် ဒါရိုက်တာ လူတို့သည် သက်ပြင်းချလိုက်ကြသည်တော့သည်
ထို့နောက်ပရော်ဖက်ဆာဝမ်က စကားမပြောတော့ဘဲ သူ့လက်တွေက ကီးဘုတ်ပေါ် အမြန်ရိုက်လိုက်လေတော့သည်။
မကြာခင်မှာပဲစီစီတီဗီမှတ်တမ်းတွေကိုကူးလို့ပြီးသွားလေ၏။
...........
ဆယ်မိနစ်အတွင်းမှာပဲ လင်းဖန်နှင့်တန်စီတို့၏ပုံရိပ်များသည်ကွန်ပြူတာဖန်သားပြင်ပေါ်မှာ ပေါ်လာလေသည်။
ပရော်ဖက်ဆာဝမ် က “ဒါက လိင်ထိပါးခံရတာကဒီနားထင်တယ်”
ထို့နောက် သုံးယောက်သား မြင်ကွင်းကို အတူတူကြည့်လိုက်ကြလေသည်။
နောက်အခိုက်အတန့်တွင် ဒါရိုက်တာ ဟွမ်၊ ပရော်ဖက်ဆာဝမ်နှင့် ဒါရိုက်တာလူ တို့သည် မျက်လုံးများပြူးကျယ်ကာအံ့သြတကြီးဖြင့် “ဘာ......”
လင်းဖန်။
တန်စီပြောတဲ့သူမကိုလိင်ထိပါးတဲ့သူကလင်းဖန်လား။
ဒါရိုက်တာ ဟွမ်က ပထမဦးစွာ “ဘယ်လောက်တောင်မိုက်ရိုင်းလိုက်လဲ!”
ပရော်ဖက်ဆာ ဝမ်ကလည်း “လူတွေရဲ့စိတ်က တစ်ကယ့်ကိုတစ်ကိုယ်ကောင်းဆန်ကြတာပဲ.....!”
ဒါရိုက်တာ လူ က “ဒီကလေးမလေးက လုံးဝ ကိုအကျင့်ပိုင်းလုံးဝမကောင်းဘူးပဲ...!”
သူတို့ရဲ့ ကနဦး အတွေးအမြင်အရ၊ စီစီတီဗီ မှတ်တမ်းကို ရှာဖွေပြီးတင်ပါးကို ကိုင်လိုက်တဲ့သူ့ကိုရှာပြီး သေချာစုံစမ်းဖို့ဖြစ်၏။
ဒါပေမယ့် အခုတော့ မလိုအပ်တော့ပေ။
လင်းဖန်က ဘယ်သူလဲ။
သင်္ချာဘာသာရပ်တွင် မဖြေရှင်းနိုင်သော ပြဿနာပုစ္ဆာများစွာကို ဖြေရှင်းနိုင်သူ ဖြစ်သည့်အပြင်၊ငလျင်ကြိုတင်ခန့်မှန်းစက်၊ စူပါဘက်ထရီနှင့် အင်ဆူလင် ဆေးရည်....တို့ကိုတီထွင်ထားတဲ့စူပါဉာဏ်ကြီးရှင်ဖြစ်လေ၏။
ပရော်ဖက်ဆာ ဝမ်က “ဒါရိုက်တာ ဟွမ် ကျောင်းက ဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ်ရမယ်ထင်တယ်၊ မဟုတ်ရင် ပါမောက္ခလင်းလိုမျိုး ဥာဏ်ကြီးရှင်တစ်ယောက် မတရားခံရမှာကိုငါကြောက်တယ်”
ဒါရိုက်တာ ဟွမ်က “ဒီကိစ္စကို အပြင်းထန်ဆုံးနဲ့ အလျင်မြန်ဆုံးကိုင်တွယ်ဖြေရှင်းဖို့ ကျောင်းရဲ့အထက်ပိုင်းကိုအခုပဲ သတင်းပို့လိုက်မယ်၊ ပရော်ဖက်ဆာလင်းနစ်နာမှုမရှိအောင်အကောင်းဆုံးကြိုးစားမယ်!”
ထို့ကြောင့် ထိုနေ့ညပိုင်းတွင် ကျောင်းဥက္ကဌ၊ ဒုဥက္ကဋ္ဌ၊ ပညာရေးညွှန်ကြားရေးမှူးနှင့် ကျန်ပေ့တက္ကသိုလ်၏အထက်ပိုင်းများအားလုံးသည်အရေးပေါ်အစည်းအဝေးကို ပြုလုပ်ခဲ့ကြတော့သည်။