← Chapters

လီယောင်နဲ့ပြန်တွေ့ခြင်း

Vol. 37 Ch. 550

လီယောင်နဲ့ပြန်တွေ့ခြင်း

Vol. 37 Ch. 550

[နစ်ရှင်နယ်လီဒေးလီး- အသရေဖျက်ခြင်းနှင့် တစ်ပါးသူကိုထိခိုက်အောင်ဆဲဆိုခြင်းတို့နှစ်ခုလုံးသည် ရာဇ၀တ်မှုမြှောက်လေသည်။ မကြာသေးမီက ကျန့်ပေ့တက္ကသိုလ်မှမစ္စ တန် သည် အင်တာနက်ကို အသုံးပြု၍ တစ်ပါးသူကိုမဟုတ်မမှန်ပြောခြင်းသည် သူမစိတ်ဓာတ်ကမကောင်းဘူးဆိုတာကို ကိုယ့်ဘာကိုဖော်ထုတ်လိုက်တာပင်ဖြစ်၏။ဒါကြောင့်အားလုံးပဲသူမကိုဥပမာယူပြီးသူတစ်ပါးကိုမဟုတ်မမှန်မပြောဖို့မျှော်လင့်ပါတယ်။ 】

ဒီဆောင်းပါးက မရှည်ပေ။

သို့သော်အစကမယုံကြည်သေးသောလူတစ်ချို့သည်ထိုဆောင်းပါးကိုတွေ့ပြီးနောက်တန်စီကလင်းဖန်ကိုမကောင်းကြံလိုက်တာဆိုတာကိုအားလုံးကယုံလိုက်ကြတော့သည်။

သူတို့ဘာလို့ယုံကြလဲဆိုလျှင်ဒီဆောင်းပါးကိုတင်တာက နစ်ရှင်နယ်လီဒေးလီးဖြစ်နေလို့ပင်ဖြစ်၏။

နစ်ရှင်နယ်လီဒေးလီးသည် တရားမျှတပြီးမဟုတ်မမှန်သတင်းများကိုမတင်သောကြောင့်ဒီသတင်းဌာနကိုရဲများထက်တောင်ပြည်သူများကနစ်ရှင်နယ်လီဒေးလီးပြောတာကိုပိုယုံကြလေသည်။

[လီရို: ဒီဆိုဒါက ဒီလိုပေါ့။ငါတို့ကတန်စီရဲ့လှည့်စားတာကိုခံလိုက်ရတာပဲဟ...】

[ချမ်နိုနို- ငါတို့ကိုက အယုံလွယ်လို့လှည့်စားခံရတာ 】

[ယူကီ: ဒီအမျိုးသမီးက တစ်ကယ်ကြောက်ဖို့ကောင်းတာပဲ။လူတွေရဲ့သနားမှုနဲ့လုံးဝကိုမတန်တဲ့သူပဲ.......။ 】

[ပန်ရီ: အရင်က တန်စီဖက်ကနေ ကာပြောနေတဲ့အကောင်တွေဘယ်ရောက်နေကြတာလားဟ။မြန်မြန်လာပြီးတန်စီဖက်ကနေလာပြောကြလေ 】

[အဲလ်- သူမကို အပစ်ဒဏ်ကြီးကြီးမားမားပေးဖို့တောင်းဆိုပါတယ်.... 】

[မူး- ငါလည်း သူ့ကိုအပစ်ပြင်းပြင်းထန်ထန် ပေးဖို့တောင်းဆိုပါတယ်..... 】

…………

ညဘက်ရောက်တိုင်းတန်စီသည်အရင်ကဆိုရင်သူမရဲ့တိုးလာတဲ့ဖောလိုဝါတွေကိုကြည့်ရင်းပြုံးပျော်နေတတ်လေ၏။

သို့သော်ယနေ့ညတွင်တော့တန်စီ ကို ကျန်ပေ့တက္ကသိုလ် ရှိခေါင်းဆောင်ကြီးများကသူမကိုရုံခန်းသို့လာရန်ခေါ်လိုက်လေ၏။

ရုံခန်းထဲတွင်ကျောင်းရှိအာဏာရှိလူများအားလုံးရှိနေလေ၏။

ကျောင်းရှိအထက်ပိုင်းလူများကတန်စီကို မေးခွန်းများတစ်ယောက်ပြီးတစ်ယောက်မေးလေ၏။သူတို့မေးသောမေးခွန်းများကိုလဲတန်စီအနေဖြင့်မငြင်းနိုင်ပေ။အဘယ့်ကြောင့်ဆိုသော်သူတို့တစ်ခါမေးလိုက်တိုင်းသက်သေနှင့်တကွပြောသောကြောင့်ပင်ဖြစ်လေ၏။

ထို့ကြောင့်နောက်ဆုံးတွင်သူမ မှားကြောင်းကိုပဲဝန်ခံလိုက်ရတော့၏။

သူမ မှားကြောင်းဝန်ခံလိုက်ပေမဲ့လဲကျောင်းရှိအထက်ပိုင်းလူများကသူမကိုအပစ်ကြီးကြီးတစ်ခုပေးလိုက်လေ၏။

အကယ်၍တန်စီသာသူမ မှားကြောင်းကိုမဝန်ခံခဲ့ရင်သူမကိုတက္ကသိုလ်ကနေ တိုက်ရိုက်ထုတ်ပယ်မှာပင်ဖြစ်၏။

ဒါနဲ့တင်မပြီးသေးပေ။

တန်စီသည် သူမအိပ်ဆောင်သို့ ရောက်သည်နှင့်ရဲနှစ်ဦးက သူမစီသို့အပြေးလာလိုက်ကြသည်။

“ဟဲလို၊ မစ္စ တန်စီလား။ တခြားသူကို ထိခိုက်အောင်ပြောဆိုတယ်ဆိုပြီး တိုင်ထားလို့ပါ။ကျေးဇူးပြုပြီး ငါတို့နဲ့ လိုက်ခဲ့ပေးပါ။”

ဒါကိုတွေ့တေ့တန်စီသည်သူမ၏လုပ်ရပ်များအပေါ်အကြီးကြီးနောင်တရနေလေ၏။

…………

လင်းဖန်သည် ဒါကို လုံးဝမသိပေ။

သူသိနေရင်တောင် လုံးဝ ဂရုစိုက်နေမှာမဟုတ်ပေ။

နောက်တစ်နေ့တွင်လင်းဖန်သည်ထုံးစံအတိုင်း ကျန်ပေ့တက္ကသိုလ်ကို ရောက်လာ၏။

မနေ့ညက ရှောင်ပန်နှင့် ရှောင်အန်းတို့သည် တန်စီဘယ်လိုဖြစ်သွားလဲဆိုတာကို သိထားပြီးဖြစ်သောကြောင့်သူမတို့၏မျက်နှာပေါ်တွင် အပြုံးများဖြင့်ပြည့်နေလေ၏။

သူမတို့ပျော်နေတာကလဲအကျိုးအကြောင်းသင့်ပေသည်။ဘာကြောင့်လဲ ဆိုတော့ မနေ့က ဖြစ်ပျက်ခဲ့တဲ့တန်စီ ကိစ္စမှာသူမတို့လဲတစ်စိတ်တစ်ပိုင်းပါဝင်လို့ပင်ဖြစ်၏။(တန်စီကိုအပစ်ပေးနိုင်အောင်ကူညီလိုက်တာကိုပြောချင်တာပါ)

ရက်အနည်းငယ်သည်လျှပ်တပြက်အတွင်း ကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် စနေနေ့ဖြစ်သည်။

အားလပ်ရက်ဖြစ်သောကြောင့်လင်းဖန်သည်ချင်ရှီမြို့ရဲ့အလှတွေကိုပြန်တွေးနေလိုက်သည်။

ခဏအကြာတွင်လင်းဖန်သည်ပျင်းလာသောကြောင့်အပြင်သို့ထွက်လာလေ၏။

…………

ဒီနေ့မှာတော့ဝမ်ဝမ် နဲ့ လီယောင်တို့သည်အတူတူဈေးဝယ်ထွက်ရန် ဖန်စီလမ်းသို့ရောက်လာလေ၏။

မူလက လီယောင်သည် စျေးဝယ်မထွက်ချင်ပေ။

သို့သော် ဝမ်ဝမ်သည်သူမကိုအကြိမ်ကြိမ်ဖိတ်ခေါ်သောကြောင့် သူမနဲ့အတူစျေးဝယ်ထွက်ဖို့ကိုသဘောတူလိုက်လေ၏။

သူမတို့နှစ်ယောက်ဟာ အခန်းဖော်တွေဖြစ်ပေမဲ့ ဆက်ဆံရေးက အရမ်းမကောင်းပေ။

စာရင်းသွင်းခြင်း ဒုတိယနေ့တွင်၊ ဝမ်ဝမ်၏ အကြံပြုချက်အရ အိပ်ဆောင်ရှိ လူလေးဦးသည် အတူတကွ ညစာစားကြသည်။

ညစာစားဖို့လမ်းတွင်ပင် ဝမ်ဝမ် သည် သူ့သူငယ်ချင်းနှစ်ယောက်နှင့် တွေ့ဆုံခဲ့ပါသည်။

ထို့ကြောင့်သူမသည်သူမသူငယ်ချင်းယောက်ကျားလေးနှစ်ယောက်ကိုသူမတို့နှင့်အတူညစာ စားရန်ဖိတ်ခေါ်လေ၏။

ညစာစားနေစဉ်တွင် ဝမ်ဝမ် သည် လီယောင် ရှေ့တွင် တန်ဂျေရီ အမည်ရှိ အမျိုးသားတစ်ဦးကို တစ်မင်သက်သက်ရော ပေါ်တင်ရော ချီးကျူးလေ့ရှိသည်။

တန်ဂျေရီမိသားစုမှာ ယွမ်ငွေ သန်း ၁၀၀ နီးပါး ပိုင်ဆိုင်ပြီး ဗီလာကြီးတစ်ခုတွင် နေထိုင်ကာ စူပါပြိုင်ကားများလဲ ပိုင်ဆိုင်ထားကြောင်း ပြောကြားလေ၏။

သူမက လီယောင် တန်ဂျေရီအပေါ်ဘယ်လိုမြင်လဲတောင်မေးလေ၏။

လီယောင်သည် ဘာမှမသိသော ကလေးမဟုတ်ပေ။

ဝမ်ဝမ် ၏ ဆိုလိုရင်းကို သူမ သဘာဝကျကျ နားလည်သည်။

ဝမ်ဝမ်သည်တန်ဂျေရီနှင့်သူမကိုအောင်သွယ်ပေးနေတယ်ဆိုတာသိလေသည်။

ထို့ကြောင့်လီယောင်က “ငါ့မှာ ငါကြိုက်တဲ့သူရှိတယ်”

ဝမ်ဝမ်သည်ထိုစကားကိုကြားမှဘာမှထပ်မပြောတော့ပေ။

ဒီနေ့မှာတော့ လီယောင်သည် ဝမ်ဝမ်နဲ့အတူစျေးဝယ်ထွက်ရင်း အနောက်တိုင်းဝတ်စုံဝတ်ထားသောတန်ဂျေရီနှင့်ဆုံဖို့မမျှော်လင့်ထားပေ။

တစ်ကြိမ်ဆိုရင်ဒါကတိုက်ဆိုင်မှုလို့သတ်မှတ်နိုင်လေ၏။

အခုကနှစ်ကြိမ်မြောက်ပင်ဖြစ်၏။

ကမ္ဘာပေါ်မှာ တိုက်ဆိုင်မှုတွေ အဲ့လောက်ရှိလို့လား။

လီယောင်သည် တန်ဂျေရီနားကအမြန်ထွက်သွားချင်နေ၏။

သို့သော်လည်း တန်ဂျေရီသည် သူမနှင့်စကားပြောဖို့ကိုအကြောင်းအရင်းအမျိုးအမျိုးရှာနေလေ၏။

ယင်းကလီယောင်ဖြစ်တဲ့သူမကိုမျက်မှောင်ကြုတ်စေလေ၏။သူမသည်သူစီကနေဘယ်လိုမျိုးထွက်ရမလဲဆိုတာစဉ်းစားနေစဉ်တွင်အရပ်ရှည်ပြီးခန့်ညားသောသူတစ်ယောက်ကိုမြင်လိုက်လေ၏။

သူကတော့လင်းဖန်ပင်ဖြစ်၏။

ထိုအချိန်တွင်၊ လီယောင်၏ မျက်လုံးများသည်ချက်ချင်းတောက်ပသွားလေ၏။

လင်းဖန်သည် ဒါရိုက်တာ လင်းကျူ ကိုဖိတ်ခေါ်ကာသူမကိုကုသပေးခဲ့လေ၏။(အရင်ကလင်းဖန်ဆေးကုပေတဲ့သူက သူ့အမေရီဝေပါ...မူရင်းမှာလဲဟိုဟာပြောလိုက်ဒီဟာပြောလိုက်နဲ့မို့နည်းနည်းနားလည်ပေးပါခဗျ)

အစပိုင်းတွင် ကျေးဇူးတင်မိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ လင်းဖန်သည် သူမ၏နှလုံးသားတွင်နေရာခိုင်မြဲစွာယူထားတော့သည်။

လီယောင်သည်သူမတစ်ယောက်ထဲရှိစဉ် လင်ဖန်းနှင့် စကားစမြည်ပြောသည့်ပုံများ.....စသည့်အကြောင်းအရာများကို သူမစိတ်ထဲတွင် တွေးနေလိုက်၏။

တဖြည်းဖြည်းနှင့် လီယောင်သည် လင်းဖန် ကို ချစ်မိနေကြောင်း သိလိုက်ရသည်။

သူမသည်လင်းဖန်နှင့် တစ်ချိန်လုံးအတူရှိချင်သည်။

ထို့ကြောင့်လီယောင်သည် ကျန်ပေ့တက္ကသိုလ်သို့ဝင်ရောက်နိုင်ရန်ကြိုးစားလေ၏။

သူမရဲ့ကြိုးစားမှုကအရာထင်တယ်လို့ပြောရမည်ဖြစ်၏။ဘာလို့ဆိုသူမသည်ကျန့်ပေ့တက္ကသိုလ်ကိုအမှတ်ကောင်းကောင်းဖြင့်ဝင်ရောက်နိုင်သောကြောင့်ဖြစ်၏။

ကျန်ပေ့တက္ကသိုလ်ကို ရောက်ကတည်းက လီယောင်ဟာ လင်းဖန်နဲ့တွေ့ဆုံဖို့ မျှော်လင့်နေသည်။

ဒီနေ့တွင်တော့သူမတို့ပြန်တွေ့လေပြီ။

လီယောင်ကအသံအနည်းငယ်တုန်စွာဖြင့် ‘’လင်းဖန်”

လင်းဖန်က ပြုံးပြီး “မစ္စ ယောင်.”

ထို့နောက် လီယောင်သည် သူမအကြောင်းပြောနေသော တန်ဂျေရီ အား ဂရုမစိုက်တော့ဘဲ လင်းဖန်ဆီသို့ အမြန်ပြေးသွားလေသည်။

လင်းဖန်သည်လီယောင်ကိုခေါင်းအစခြေအဆုံးတစ်ချက်ကြည့်လိုက်လေသည်။လင်းဖန်သည်သူမနှင့်မတွေ့ရတာနှစ်လရှိပေမဲ့သူမ၏ မျက်နှာ၊ ခါးနှင့်......များ ပြောင်းလဲခြင်းမရှိပေ။

“ကျန့်ပေ့ တက္ကသိုလ်ကို လာတာလား။” လင်းဖန်က မေးသည်။

“ဟုတ်တယ်....!” လီယောင်က အားတက်သရော ခေါင်းညိတ်ပြပြီး သူမသည်စကားပြောနေစဉ်တွင် သူမ၏ လှပသော မျက်လုံးများသည် တောက်ပနေကာမျက်နှာတစ်ခုလုံးသည်စိတ်လှုပ်ရှားမှုကြောင့်အနည်းငယ်နီနေလေ၏။

သူ့နောက်က တန်ကျီယိုက ဒါကိုမြင်တော့ သူ့မျက်နှာအနည်းငယ်မဲ့သွားလေ၏။

ဝမ်ဝမ်ကသူတို့ဘေးကိုရောက်လာပြီးသူမက “ယောင်ယောင်၊ ဒါက မင်းသူငယ်ချင်းလား? ငါ့ကိုလဲမိတ်ဆက်ပေးပါအုံး”

ခေတ္တနားပြီးနောက် သူမက “ဟယ်လို၊ ငါက ယောင်ယောင် ရဲ့ အတန်းဖော်ဖြစ်တဲ့ဝမ်ဝမ်ပါ။”

ထို့နောက် “ဒါက ငါ့သူငယ်ချင်း တန်ဂျေရီ” လို့ မိတ်ဆက်ပေးခဲ့လိုက်သည်။

သူမသည်သူမကိုသူမနှင့်မိတ်ဆက်ပေးပြီးသည်နှင့်လင်းဖန်ကိုကြည့်နေလိုက်၏။

လင်းဖန်က “ ကျွန်တော်ကလင်းဖန် ပါ၊ယောင်ယောင်ရဲ့အသိပါ။”

လင်းဖန်သည်ဒီလိုမိတ်ဆက်ရတာကိုမကြိုက်ပေ။

သို့သော်လည်း တစ်ဖက်သူသည်ယောင်ယောင်၏အတန်းဖော်ဖြစ်သောကြောင့်သူပြန်မနှုတ်ဆက်ရင်ယောင်ယောင်မျက်နှာပူရမှာစိုးလို့ပြန်နှုတ်ဆက်လိုက်တာပင်ဖြစ်၏။

All Chapters