← Chapters

လစာ2ဆပေးခြင်း

Vol. 37 Ch. 551

လစာ2ဆပေးခြင်း

Vol. 37 Ch. 551

ဝမ်ဝမ်သည် အမျိုးသားတစ်ယောက်ကိုမြင်တာနဲ့ထိုအမျိုးသား၏စီးပွားရေအခြေအနေများကိုအကြမ်းဖျင်းခန့်မှန်းနိုင်သည်ဟုသူမကိုသူမယုံကြည်လေသည်။

သူမသည်အမျိုးသားတစ်ယောက်ကိုမြင်တာနဲ့နာရီကိုအရင်ကြည့်လေသည်။

ပြီးနောက်ဒုတိယအနေနဲ့အဝတ်အစားကိုကြည့်လေ၏။

နောက်ဆုံးအနေနဲ့ကတော့ထိုအမျိုးသားဝတ်ဆင်ထားတဲ့ ဖိနပ်ကိုကြည့်လေသည်။

သူမသည် ကားရှိမရှိကို မကြည့်ပေ။အဘယ့်ကြောင့်ဆိုသော်တစ်ချို့သော်သူဌေးကြီးများသည်ကားမရှိချင်ယောင်ဆောင်သည် ကိုသူမကိုယ်တိုင်မြင်ဖူးသောကြောင့်ဖြစ်၏။

ပိုက်ဆံရှိတဲ့အမျိုးသားလူငယ်အများစုသည် နာမည်ကြီးဘရန်း နာရီများကိုဝတ်ဆင်ရတာကြိုက်လေ၏။

လင်းဖန်သည် နာရီဝတ်ထားသော်လည်း ၎င်းသည် ဖုန်းနာရီသာဖြစ်၏။

ဒါကတော်တော်ရယ်စရာကောင်းတာပင်ဖြစ်၏။ယခုခေတ်တွင်လင်းဖန်လိုလူငယ်အများသည်စုသည်ပိုက်ဆံရှိသည်နှင့် ရိုလတ်စ် နာရီတစ်လုံးတော့သူတို့အနေနဲ့ဝယ်ကြလေသည်။

သို့သော် ဝမ်ဝမ်သည် လင်းဖန်တွင် ရိုလတ်စ်ထက်စျေးကြီးသောနာရီများရှိတယ်ဆိုတာကိုအဘယ်မှာသိမည်နည်း။

သို့သော် လင်းဖန်သည် ၎င်းတို့အားလုံးကို မဝတ်ထားတာကအကြောင်းအရင်းရှိလေသည်။ထိုစျေးကြီးသောနာရီများသည်အချိန်ကိုကြည့်ရုံသာကြည့်နိုင်လေသည်။

စူပါစမတ်နာရီနှင့် မည်သို့ နှိုင်းယှဉ်နိုင်မှာလဲ။

…………

လူငယ်အမျိုးသား အများစုသည် တံဆိပ်ရှိအဝတ်အစားများကိုဝတ်ဆင်ရတာကြိုက်လေသည်။

အဝတ်အစားများသည် အမျိုးသားများ၏ အဆင့်အတန်းကို ကိုယ်စားပြုလေသည်။

ဝမ်ဝမ်၏အမြင်တွင်လဲထိုအတိုင်းပင်ဖြစ်၏။

သူဌေးတွေအဝတ်အများဆုံးဘရန်းများသည် LV၊ဘလန်စီယာကာ......စသည်တို့ဖြစ်သည်။

အားကစားဝတ်စုံဝတ်ရင်တောင်အနည်းဆုံးတော့ နိုက်ကီ ဒါမှမဟုတ် အက်ဒီးဒတ် တို့ကိုသာဝတ်ကြသည်။

ဒါပေမယ့် အခု လင်းဖန်ဝတ်ထားသောအဝတ်အစားများသည် ဘရန်းများမဟုတ်တာတော့သူမအနေနဲ့အတတ်ပြောနိုင်သည်။ဘာလို့ဆိုသူမသည်ဘရန်းအဝတ်အစားအသစ်တစ်ခုထွက်တိုင်းအမြဲမှတ်ထားသောကြောင့်ဖြစ်၏။

သို့သော်ဝမ်ဝမ်မသိတာကတော့ လင်းဖန် ၏အဝတ်အစားများသည် LV၏နာမည်ကြီးဒီဇိုင်နာကိုယ်တိုင်လင်းဖန်အတွက်သီးသန့်ထုတ်ပေးထားတယ်ဆိုတာပင်ဖြစ်၏။

…………

ဖိနပ်သည်လဲ အမျိုးသားများအတွက်အလွန်ရေးပါလေ၏။

ဝမ်ဝမ်ရဲ့အမြင်အရ၊ ပိုက်ဆံနည်းနည်းရှိတဲ့လူတိုင်းက အနည်း ဆုံး ဘရန်းတံဆိပ်ဖိနပ်တစ်ရံရှိရမည် ဖြစ်၏။

လင်းဖန် အခုဝတ်ဆင်ထားသောဖိနပ်သည် ဘာနည်မည်ကြီးတံဆိပ်မှမဟုတ်သောကြောင့်သူမအနေဖြင့်လင်းဖန်သည်ယခုစီးလာသောဖိနပ်ကိုလမ်းဘေးမှဝယ်ထားသည်ဟုထဂ်မြင်လိုက်၏။

လပ်းဖန်ယခုစီးထားသောဖိနပ်က LV ရဲ့နာမည်အကြီးဆုံးဒီဇိုင်နာသည်လင်းဖန်အတွက်ကိုယ်တိုင်ကိုကျထုတ်ပေးထားတယ်ဆိုတာကိုသူမမသိပေ။

…………

ဝမ်ဝမ်၏အမြင်တွင်လင်းဖန်သည် လုံးဝ အရှုံးသမားပင်ဖြစ်၏။

ဝမ်ဝမ်သည်မထီမဲ့မြင်ပြုကာ ပြုံးလိုက်သည် ထို့နောက်သူမက “ဒါဆို ယောင်ယောင် ရဲ့အသိဆိုတော့ ကျွန်မရဲ့အသိပဲပေါ့....”

“မစ္စတာလင်းက ကျန်ပေ့ မှာ အလုပ်လုပ်တာလား “

လင်းဖန်က “ဟုတ်ပါတယ်”

ဤစကားသည် လုံးဝမှန်တယ်လို့ပြောလို့ရလေသည်။

အဘယ်ကြောင့်ဆိုသော် လင်းဖန်သည်ရှောင်ဝူ လက်ကားစီးတီးနှင့် ရန်ရှီဂရု ကဲ့သို့သော ကုမ္ပဏီများ၏ ရှယ်ယာအများစုကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။

သို့သော်လည်းသူသည် အမြတ်ငွေကိုသာ ယူလေ၏။

သို့သော် တစ်ချိန်တည်းမှာပင် သူသည်ဤကုမ္ပဏီများ၏ရှယ်ယာအများဆုံးဒါရိုက်တာ ရာထူးကိုရထားသောကြောင့် ၎င်းတို့ကိုကြည့်ပြီးသူအလုပ်လုပ်သည်ဟုမှတ်ယူနိုင်သည်။

လင်းဖန်၏ဘေးတွင် လီယောင်သည် လင်းဖန်အား စူးစူးစိုက်စိုက်ကြည့်နေလိုက်သည်။

အစ်ကိုလင်းက ကျန်ပေ့ တက္ကသိုလ်မှာ ပညာသင်နေတာမဟုတ်ဘူးလား။

ဘာလို့အလုပ်လုပ်နေသေးတာလဲ။

လီယောင်သည်ဒါကိုကြာကြာမတွေးခဲ့ပေ။

လင်းဖန်ပြောတာကိုကြားတော့ဝမ်ဝမ်က ပြုံးပြီး “ဒါဆို ဒီနေ့က မင်းအတွက်အခွင့်အရေးကောင်းပဲ!”

“ငါ့ဘေးနားက မစ္စတာ တန်ဂျေရီ က နာမည်ကြီး ဝူ့ခ်ကုမ္ပဏီ ရဲ့ ပိုင်ရှင်ဆိုတာ မသိသေးဘူးထင်သည်။အခုတော့သူကဘယ်သူလဲဆိုတာပြောပြလိုက်ပြီမို့သူနဲ့ဆက်ဆံရေးကောင်းအောင်အတတ်နိုင်ဆုံးကြိုးစားပါ။ သူနဲ့ ဆက်ဆံရေးကောင်းနေသမျှ အနာဂတ်မှာ မင်း သူ့ကုမ္ပဏီမှာ ရာထူးတိုးဖို့က ပြဿနာမရှိဘူး!”

ရာထူးတိုးဖို့လား

လီယောင်သည်ဝမ်ဝမ်ပြောသောစကားများကိုကြားသောအခါ ဘာပြောရမှန်းမသိဖြစ်သွားလေ၏။(လင်းဖန်ကိုနှိပ့်ချပြီးပြောနေတာကိုသူမသဘောပေါက်သွားတာကိုပြောချင်တာပါ)

လင်းဖန်သည် နာမည်ကြီးဆရာဝန်ကို ဖုန်းတစ်ချက်ဆက်ပြီးထိုဆရာဝန်ကိုအပြေးအလွှားလာခိုင်းတယ်ဆိုကတည်းကလင်းဖန်သည်ပိုက်ဆံမချို့တဲ့ဘူးဆိုတာပြနေတာမဟုတ်ဘူးလား။

တန်ဂျေရီသည် ပေါ့ပေါ့ပါးပါးအမူအရာဟန်ဆောင်ကာ လည်ပင်းကိုမြှောက်လိုက်ပြီး “ဒီလိုကုမ္ပဏီမျိုးဖြစ်အောင်ငါသုံးနှစ်လုံးကြိုးစားပြီးမှ ဒီ ဝူခ်ကုမ္ပဏီက အိုတီပီစားရင်းထဲကိုဝင်နိုင်ခဲ့တာပါ။”

ဝမ်ဝမ်ကဒါကိုကြားတော့ချက်ချင်းဆိုသလိုပင်သူမက ပါးစပ်အဟောင်းသားဖြင့် “ဒါက အရမ်းမိုက်တာပဲ”

ဤစကားလုံးများသည် ဝမ်ဝမ်စိတ်ထဲမှလာသောစကားများဖြစ်၏။

ဘာကြောင့်လဲဆိုတော့ အိုတီပီစာရင်းက ဘာကိုကိုယ်စားပြုလဲဆိုတာကို သူမကောင်းကောင်းသိလို့ပင်ဖြစ်သည်။

အိုတီပီစားရင်းကိုဝင်တယ်ဆိုတာကဝမ်ဝမ်တို့လိုသာမန်လူတွက်တော့လုံးဝကြီးကိုအထင်ကြီးစရာပင်ဖြစ်၏။

သို့သော်လင်းဖန်သည်ကတော့ဒီစားရင်းကိုမကြားဖူးသောကြောင့် ကြောင်တောင်တောင်လေးဖြစ်နေ၏။(ပြောချင်တာက ဒီစားရင်းက သူလိုလူမျိုးအာရုံစိုက်ဖို့မတန်တာကိုပြောချင်တာပါ)

တန်ဂျေရီကဘာမှမဟုတ်တဲ့ပုံစံဖြင့် သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်လေသည်’’ဒါကဘာမှမဟုတ်တဲ့အသေးအမွှားလေးပါ”။

“အောင်မြင်မှုအချို့ကိုရဖို့ ငါ့ရဲ့အစွမ်းနည်းနည်းပါးပါးကိုသုံးလိုက်တာပဲရှိသေးတာ”

ထိုအချိန်တွင်ဝမ်ဝမ် က “သူ့မိသားစုနောက်ခံက ကောင်းရုံတင်မကဘူး၊ သူ့ရဲ့စွမ်းရည်ကလည်း အရမ်းကောင်းတာပဲ “

သူမစကားပြောနေစဉ်တွင် သူမ၏မျက်လုံးများ သည်အရမ်းကိုလင်းလက်တောက်ပနေလေ၏။

တန်ဂျေရီယခုလိုမျိုးအနည်းငယ်အောင်မြင်လာခြင်းသည်သူ့စွမ်းဆောင်ရည်ကြောင့်လုံးဝမဟုတ်ဘူးဆိုတာကိုသူကိုယ်တိုင်သိလေသည်။

သူဒီလိုမျိုးအောင်မြင်အောင်ဆိုပြီးသူ့နောက်ကွယ်ရှိမိသားစုကအားလုံးကိုထောက်ပံ့ထားသောကြောင့်ဖြစ်၏။သူ့အရည်အချင်းနဲ့သူသာဆိုရင်အစောကြီးကတည်းကသူ့ကုမ္ပဏီဒေဝါလီခံရမည်ဖြစ်၏။

တန်ဂျေရီသည်ဝမ်ဝမ်၏ချီးကျူးစကားများကိုအကျေနပ်ကြီးကျေနပ်နေလေ၏။

တန်ဂျေရီသည်သူ့ကိုယ်သူအကျေနပ်ကြီးရင်းကနေသူ့ဘေးတွင်လီယောင်၏အသိလဲရှိနေသေးတယ်ဆိုတာကိုပြန်သတိရမိလိုက်လေသည်။

ထို့ကြောင့်သူက လင်းဖန်ကို တစ်ချက်ကြည့်လိုက်ပြီး “မစ္စတာလင်း မင်းက ယောင်ယောင် ရဲ့ အသိဆိုတော့။ငါ့အသိပဲပေါ့။ မင်းအလုပ်မှာအဆင်မပြေရင်ငါကုမ္ပဏီကို လာလို့ရတယ်။ မင်းကို အရင်ကုမ္ပဏီပေးတဲ့လစာထက်နှစ်ဆပေးမယ်”

လစာ ၂ ဆ ?

ဒါကိုကြားတော့လင်းဖန်၏အမူအရာသည် အလွန်ထူးဆန်းသွားသည်။

သိရန်……

ရှောင်ဝူ လက်ကားစီးတီး နှင့် ရန်ရှီဂရုကဲ့သို့သော ကုမ္ပဏီများကနေသူ့အတွက် လစဉ်ငွေ သန်းပေါင်းများစွာကို ရရှိနေလေ၏။

လစာ ၂ ဆ ?

ဒီကောင်လာပြောင်နေတာလားဟုလင်းဖန်ကတွေးပြီးရီလိုက်လေသည်။

တန်ဂျေရီက လင်းဖန် ရဲ့ အဖြေကို စောင့်မနေဘဲ “ မင်း ငါ့စီမှာအလုပ်မလုပ်ချင်ဘူးဆိုရင်လဲရင်းနှီးမြှပ်နှံလို့ရပါတယ််။”

လင်းဖန်က ပြုံးပြီး “တကယ်လား ငါတကယ် နည်းနည်းရင်းနှီးမြှပ်နှံမှုလုပ်ချင်တယ်” လို့ဆိုလိုက်သည်။

“ပြဿနာမရှိပါဘူး!” တန်ဂျေရီက “မင်း ဘယ်လောက်ရင်းနှီးမြှပ်နှံချင်လဲ”

လင်းဖန်က “ငါအရင်ဆုံးစမ်းသပ်တဲ့အနေနဲ့.....”(နည်းနည်းပဲအရင်ရင်းနှီးမြှပ်နှံမယ်။နောက်မှမခြေအနေကြည့်ပြီးများများမြှပ်နှံမယ်ပြောတာပါ)

စကားပြောနေစဉ်တွင် လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။

စမ်းသပ်တာလား။

အဲ့ဆိုဘယ်လောက်ရင်းနှးမြှပ်နှံနိုက်မှာမို့လဲ။

10000?

100,000?

“ဗွမ်း!”

ထိုအချိန်တွင်၊ လန်ဘော်ဂီနီ သည် ကျယ်လောင်သောအင်ဂျင်အသံဖြင့်သူတို့နားလို့မောင်းလာလေသည်။

လင်းဖန်နားသို့ရောက်သောအခါ ကားသည်ချက်ချင်းပင်ရပ်သွားလေ၏။

ထို့နောက် အနောက်တိုင်းရှပ်အင်္ကျီ ၀တ်ထားသော အမျိုးသားသည် ကားပေါ်မှ ထွက်လာခဲ့သည်။

ထိုသူသည် အလွန်စိတ်လှုပ်ရှားပြီး လေးစားသောအသံဖြင့်“အစ်ကို လင်း၊တိုက်ဆိုင်လိုက်တာ၊ မင်းကို ဒီမှာတွေ့ဖို့ မမျှော်လင့်ထားဘူး”

ဒီစကားထွက်လာတာနဲ့ တပြိုင်နက် မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

All Chapters