တောင်းပန်ခြင်း
Vol. 37 Ch. 552
ဒီလူက တော့လင်းဖန်နဲ့မတွေ့ရတာကြာပြီဖြစ်တဲ့လီယွင်ဟိုင်ပင်ဖြစ်၏။
အစပိုင်းတွင်လီယွင်ဟိုင်သည်လင်းဖန်နှင့်ကားပြိုင်ပွဲတွင်ရင်းနှီးခဲ့လေသည်။
နောက်ပိုင်းတွင် လင်းဖန်အား ပေကျင်းတွင် လေလံပွဲတစ်ခုအားတက်ရောက်ရန် ဖိတ်ခေါ်ခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပဲထိုပွဲတွင်ကျောက်မိသားစု၏ကျောထောက်နောက်ခံအကြီးအကဲ၏အသက်ကိုလင်းဖန်က ကယ်ပေးခဲ့လေသည်။
ထို့အပြင်လင်းဖန်သည် သုံးရက်အတွင်း စတော့ရှယ်ယာဈေးကွက်တွင် အမြတ်ငွေအများကြီးကိုရအောင်လုပ်ပေးခဲ့သည်။
မကြာသေးမီက လင်းဖန် သည် အင်ဆူလင်ပြန်လည်ထူထောင်ရေးဆေးကိုထုတ်ပြီး လီမိသားစုနှင့် ဆောင်မိသားစုအား အတူတူရောင်းချပေးရန်တောင်းဆိုခဲ့သောကြောင့် လီမိသားစုအစားသူသည်လင်းဖန်ကို အလွန်ကျေးဇူးတင်နေလေသည်။
အစကလင်းဖန်ကိုသူငယ်ချင်းကောင်းအဖြစ်သာမှတ်ယူထားလေ၏။
သို့သော် နောက်ပိုင်းတွင် လီယွင်ဟိုင် သည် သူ့ကိုယ်သူ ညီငယ်တစ်ဦးအဖြစ် လုံးဝမှတ်ယူလိုက်တော့သည်။
ညီလေးက အစ်ကို ကိုတွေ့ရင် အရိုအသေပေးတာကပုံမှန် ပင်ဖြစ်၏။
ဝမ်ဝမ်သည်ထိုမြင်ကွင်းကိုကြောင်အစွာကြည့်နေမိ၏။
သူမကြောင်နေရသည့်အကြောင်းအရင်းမှာလီယွင်ဟိုင်သည် လန်ဘော်ဂီနီမှဆင်းလာကာလင်းဖန်ကိုအလွန်လေးစားသောအသံဖြင့်နှုတ်ဆက်လိုက်သောကြောင့်ဖြစ်၏။
လေးစားတဲ့လေသံနဲ့လား....။
လန်ဘော်ဂီနီစီးတဲ့သူကဘာမှမဟုတ်တဲ့သူကိုလေးစားနေတာလား။
ဒီမှာ ဘာဖြစ်နေတာလဲ။
ဝမ်ဝမ်နဲ့ယှဉ်ရင်တန်ဂျေရီကပိုဆိုးနေလေ၏။အခုအချိန်တွက်တန်ဂျေရီ၏စိတ်သည်ဆင်လေးကောင်ပတ်ပြေးနေသလိုမျိုးတဒုန်းဒုန်းဖြစ်နေ၏။
အဘယ်ကြောင့်ဆိုသော် သူသည်လီယွင်ဟိုင်က ဘယ်သူလဲဆိုတာသိလို့ပင်ဖြစ်၏။
မကြာသေးခင်က ညစာစားပွဲတစ်ခုတွင် လီယွင်ဟိုင်ရောက်လာသောအခါသူသည်လူအများအာရုံစိုက်စရာလူဖြစ်လာခဲ့သည်။လူတိုင်းကသူ့ကိုဝိုင်းချီးမွမ်းကြကာဂုဏ်ပြုပေးကြလေ၏။ထိုအထဲတွင်တန်ဂျေရီ၏ဖခင်လဲအပါအဝင်ဖြစ်၏။
တန်ဂျေဏီသည်အစက လီယွင်ဟိုင်ကိုဘာလို့ဒီလိုဝိုင်းဂုဏ်ပြုနေလဲဆိုတာကိုနားမလည်ပေ။ထို့ကြောင့်သူ့အဖေကိုမေးကြည့်ရာ လီယွင်ဟိုင်သည် လီဆေးကုမ္ပဏီကြီးရဲ့သခင်လေးဖြစ်ပြီးသူသည်ငယ်ငယ်ရွယ်ရွယ်နဲ့ပဲကုမ္ပဏီ၏အလုပ်50ရာခိုင်နှုန်းလောက်လုပ်နေရတယ်ဆိုတာကိုသိလိုက်လေသည်။
ကုမ္ပဏီ၏အလုပ်50ရာခိုင်နှုန်းကိုအထင်မသေးသင့်ပေ။ဘာကြောင့်ဆိုလဲ လီဆေးကုမ္ပဏီသည် အစကချန်ပြည်နယ်ရှိဧရာမဆေးကုမ္ပဏီကြီးတစ်ခုဖြစ်၏။
သို့သော်အင်ဆူလင်ပြန်လည်ထူထောင်ရေးဆေးရည်ကြောင့်လီဆေးကုမ္ပဏီနဲ့ဆောင် ဆေးကုမ္ပဏီတို့သည် ပြည်တွင်းရှိထိပ်တန်းဆေးဝါးကုမ္ပဏီများဖြစ်လာကြလေသည်။
ဒီလိုကုမ္ပဏီရဲ့ဆက်ခံသူကသူရှေ့မှာအမှန်တကယ်ရောက်နေတာလား။ဒါကတော့တန်ဂျေရီအတွက်မယုံနိုင်စရာအံ့ဖွယ်ပင်ဖြစ်၏။
လင်ဖန်းသည်လည်း လီယွင်ဟိုင်ကိုတွေ့တော့အနည်းငယ်် အံ့သြသောလေသံဖြင့််- “ယွင်ဟိုင် ငါ မင်းကို မတွေ့တာကြာပြီ၊ မင်းအခုတလောဘာတွေလုပ်နေတာလဲ... ‘’
လီယွင်ဟိုင်က ပြုံးပြီးပြောလိုက်လေသည်” အစ်ကိုလင်းက ကျွန်တော်တို့မိသားစုနဲ့ ဆောင် မိသားစုကို အင်ဆူလင်ပြန်လည်ထူထောင်ရေးဆေးကို ရောင်းခွင့်ပေးပြီးနောက်၊ မိသားစုရဲ့ဈေးကွက်တွေဖွင့်နေရတာနဲ့အလုပ်ရှုပ်နေတာပါ”
လီယွင်ဟိုင်၏ပြောစကားများကိုကြားသောအခါတန်ဂျေရီ၏စိတ်သည်ချက်ချင်းတုန်လှုပ်သွားတော့သည်။
လီယွင်ဟိုင်က ခုနငါနှိပ့်ချပြီးဆက်ဆံတဲ့သူကိုအစ်ကိုလင်းလို့ခေါ်တာလားဟ။
ထို့အပြင် လီယွင်ဟိုင်၏အဆိုအရ လီမိသားစုသည်အင်ဆူလင်ပြန်လည်ထူထောင်ရေးကိုရောင်းချနိုင်သည့်အကြောင်းအရင်းမှာလင်းဖန်ကြောင့်ဖြစ်သည်။
ဒါ....
ဒီလူငယ်က ဘယ်သူလဲ။
သူကဒီလိုလူကို လစာ2ဆပေးမယ်လို့ပြောခဲ့တာလား။
ထို့အပြင် လီယောင်သည်လင်းဖန်၏ ချစ်သူဖြစ်ပုံရသည်။
ဒါက.....
တန်ဂျေရီကို တွေးလေလေ တဖြည်းဖြည်းသူ့တစ်ကိုယ်လုံးချွေးတွေနဲ့ဖြစ်သွားလေ၏။
ဒုက္ခရောက်ပြီဆိုတာကိုသူနားလည်လိုက်သည်။
လင်းဖန်သည် တန်ဂျေရီ၏စိတ်အပြောင်းအလဲကိုမသိဘဲလီယွင်ဟိုင်နှင့်၏စကားပြောကာ ရယ်နေလိုက်သည်။
“မင်းမိသားစုနဲ့ ဆောင်း မိသားစုကို အင်ဆူလင်ပြန်လည်ထူထောင်ရေးဆေးကို ရောင်းခွင့်ပေးတာကြောင့်မင်းငါ့ကိုအပစ်မတင်ဘူးမလား”ဟုလင်းဖန်ကစနောက်သလိုပြောလိုက်လေသည်။
လီယွင်ဟိုင်ကလည်း “အစ်ကိုလင်းကို ဘာလို့အပြစ်တင်ရမှာလဲ၊အဲ့အစားအစ်ကိုလင်း ရောင်းခွင့်ပေးလို့တောင်ကျေးဇူးတင်နေတာ!”
“ပြီးတော့ အစ်ကိုလင်းရဲ့ အင်ဆူလင်ဆေးကို စျေးကွက်အတွင်းရောင်းပေးတာကြောင့်အိမ်က ကျွန်တော့ကို ဘောနပ်စ်တွေအများကြီးတောင်ပေးသေးတယ်”
“ဒီဘောနပ်စ်တွေနဲ့ ကျွန့်တော့ ကားကို အမှန်အကန်ကြီး လန်းသွားအောင်လုပ်ရမယ်”
ဒါကိုပြောရင်း လီယွင်ဟိုင်၏မျက်လုံးများသည်ချက်ချင်းပင်တောက်ပလာတော့သည်။
လင်းဖန်သည် လီယွင်ဟိုင်ဖြစ်နေသည့်ပုံကိုကြည့်ရင်းရယ်နေလိုက်သည်။
ထို့နောက် လင်းဖန်က “စကားမစပ်၊ ဒါက ငါ့သူငယ်ချင်း လီယောင် “
လီယွင်ဟိုင်သည် လီယောင်၏လှပသောရုပ်ရည်သွင်ပြင်ကိုကြည့်ပြီး၏ လင်းဖန်ကိုတစ်လှည့်ပြန်ကြည့်ပြီးနောက် ချက်ချင်းပဲသဘောပေါက်သွားတော့သည်။(ဘာကိုပေါက်သွားလဲဆိုတာသိတယ်မလား)
ထို့ကြောင့် လီယွင်ဟိုင်ချက်ချင်းပဲ ‘’ဒါဆို ဒါက အစ်မလီယောင်ပေါ့။တွေ့ရတာဝမ်းသာပါတယ်’’
လီယွင်ဟိုင်သည်လီယောင်ထက်အသက်ကြီးလေသည်။
သို့သော်လည်းသူသည်လီယောင်ကိုအစ်မအဖြစ်ခေါ်ရသည်မှာလင်းဖန်ကြောင့်ဖြစ်၏။
လီယွင်ဟိုင်နှုတ်ဆက်တာကိုကြားတော့လီယောင်၏ လှပသော မျက်နှာသည် ချက်ချင်းပင် နီမြန်းသွားရင်းပြန်လည်နှုတ်ဆက်လိုက်လေသည်။
သူမရှက်သွားရသည်မှာ လီယွင်ဟိုင်ပြောချင်သည့်အဓိပ္ပါယ်ကို သူမ နားလည်လို့ပင်ဖြစ်၏။
လီယွင်ဟိုင်သည်လင်းဖန်ကို အစ်ကိုဟုခေါ်ပြီးသူမကိုအစ်မလို့ခေါ်လေသည်။
ဒါက......သူမသည်ဒါကိုတွေးရင်းတွေးရင်းရှက်ရှက်နှင့် ပျော်သွားလေသည်။
လီယွင်ဟိုင်သည် သူ့ကား၏နောက်ခမ်းကိုဖွင့်ကာကကျောက်စိမ်းလက်ကောက်ကို ထုတ်ကာ “အစ်မ လီယောင် ဒီနေ့ အမြန်ထွက်လာရလို့လက်ဆောင်တွေမပါလာခဲ့ဘူး။အစ်မသာ စိတ်မရှိရင်ဒီကျောက်စိမ်းလက်ကောင်ကို တွေ့ဆုံခြင်းလက်ဆောင်အဖြစ်ပေးချင်ပါတယ်’’
လီယောင်သည် အခြားသူများထံမှ လက်ဆောင်များကို လက်မခံပေ။
အထူးသဖြင့် ယောက်ျားလေးတွေစီကပင်ဖြစ်၏။
သို့သော် ဤသည်မှာ လင်းဖန်၏ သူငယ်ချင်းထံမှတွေ့ဆုံခြင်းလက်ဆောင်ဖြစ်သည်။
ထို့အပြင် တက်ဖက်လူကလဲသူမကိုအစ်မ လီယောင်ဟု ခေါ်သည်။
ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် လီယောင် သည် သူမ၏လက်ကို ဆန့်တန်းကာ “ကျေးဇူးတင်ပါတယ်...”
လီယွင်ဟိုင််ကပြုံးလိုက်ပြီး “အစ်မလီယောင် ကျေးဇူးတင်ဖို့မလိုပါဘူးဗျ...။”
လီယွင်ဟိုင်သည်စကားအပြောကောင်းတယ်လို့ဆိုရမည်ဖြစ်သည်။အချိန်တခဏအတွင်းမှာပင်လီယောင်နဲ့ရင်းနှီးသွားလေသည်။
ထိုအချိန်တွင် လင်းဖန် သည် တစ်ခုခုကို တွေးမိလိုက်ပြီး တန်ဂျေရီ အား “ဟုတ်သားပဲ။ငါမင်းစီမှာ 10ဘီလီယံမြှပ်နှံမယ်။မင်းငါ့ကိုရင်းရင်းနှီးမြှပ်နှံငွေနှစ်ဆကိုဆက်ရက်အတွင်းပြန်ပေးရမယ်။ငါအဲ့လိုပြောတာကလဲမင်းပြောတဲ့စကားအရ အဲ့လောက်ပမာဏက မင်းအတွက်ပမွှားပဲရှိတယ်မလား....”
10 ဘီလီယံ?
တန်မိသားစုတစ်ခုလုံးကို ရောင်းစားလိုက်ရင်တောင် 10ဘီလီယံရဖို့မလုံလောက်ပေ။
လင်းဖန်ကတမင်တကာသူ့ကိုလုပ်နေမှန်းသိလေသည်။
သို့သော်လည်းသူသည် သနားစဖွယ်လေသံဖြင့် “လင်း...မစ္စတာလင်း၊ တောင်းပန်ပါတယ်......”
လင်းဖန်က “ဘာတွေလာတောင်းပန်နေတာလဲ မင်းတို့ဝူ့ခ် ကုမ္ပဏီက အကြီးကြီးဆို အဲ့လောက်ပမာဏတော့တတ်နိုင်သင့်တယ်.....”
တန်ဂျေရီဒါကိုကြားတော့ငိုလုနီးပါး ထိတ်လန့်တကြားနဲ့ “မစ္စတာလင်း၊ တောင်းပန်ပါတယ် တောင်းပန်ပါတယ်... လီယောင်နား ဘယ်တော့မှ ထပ်မကပ်တော့ပါဘူး၊ တောင်းပန်ပါတယ်...”
လင်းဖန်ကသူ့ကိုဘာမှမပြောပဲစိုက်ကြည့်နေလိုက်သည်။
လီယွင်ဟိုင်သည်သူတို့ပြောစကားအနည်းငယ်ကိုကြားပြီးနောက်ဘာတွေဖြစ်ပျက်သွားတာလဲဆိုတာကိုအလွယ်တကူ သိလိုက်သည်။
လီယောင်၏အလှကိုမြင်သော တန်ဂျေရီသည်သူ့မသူ့ကိုစိတ်ဝင်စားလာအောင်သူ့ရဲ့ နောက်ခံကိုရှိတာထက်ပိုကြွားလုံးထုတ်ခဲ့သည်။
ဒါက လင်းဖန်ရဲ့ရှေ့မှာသူ့ရဲ့ကောင်မလေးကိုကြောင်တောင်နိုက်နေတာမဟုတ်ဘူးလားဟ။
လီယွင်ဟိုင်၏ မျက်နှာတစ်ခုလုံး ချက်ချင်း ဒေါသများနှင့်ပြည့်သွားပြီး “ဝူ့ခ်ကုမ္ပဏီ၊ဒီ ကုမ္ပဏီက အရမ်းချော့မွေ့လွန်းနေတာထင်တယ်”
ဒါကိုကြားတော့တန်ဂျေရီ၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး အလွန်ထိတ်လန့်သောလေသံဖြင့်် လင်းဖန်ကို” မစ္စတာလင်း........မစ္စတာလင်း ငါတောင်းပန်ပါတယ် ၊ တောင်းပန်ပါတယ် ... “