← Chapters

လက်ဆောင်ရခြင်း

Vol. 37 Ch. 553

လက်ဆောင်ရခြင်း

Vol. 37 Ch. 553

အချို့သော စက်ရုံကုမ္ပဏီများနှင့် နှိုင်းယှဉ်လျှင်ဝူ့ခ်ကုမ္ပဏီသည် စုစုပေါင်း စျေးကွက်ပေါက်စျေး သန်း 100 ကျော်မျှသာရှိသောကုမ္ပဏီတစ်ခုဖြစ်သည်။

ဝူ့ခ်ကုမ္ပဏီသည် လီမိသားစု၏ဆေးအဖွဲ့နဲ့ယှဉ်လျှင်ဆီနဲ့ရေလိုကွာခြားလေ၏။

လင်းဖန်သည် လမ်းသွားလမ်းလာအချို့က တန်ဂျေရီကြောင့်သူတို့ကိုကွက်ကြည့်ကွက်ကြည့်လုပ်နေသည်ကိုမြင်သောအခါမျက်မှောင်မကြုတ်ပဲမနေနိုင်ပေ။ထို့နောက်သူက ‘’ငါတို့ တစ်ခုခု သွားစားရအောင်” လို့ပြောလိုက်လေသည်။

“ယွင်ဟိုင်၊ ဒီနားမှာ စားလို့ကောင်းတဲ့ ဆိုင်ရှိလား”

လင်းဖန်အမေးကိုကြားတော့လီယွင်ဟိုင်သည်ချက်ချင်းပင်ပြန်လည်ဖြေကြားလိုက်သည်။”အစ်ကိုလင်း ဆိုင်ကောင်းကိုသိချင်တယ်ဆိုရင်တော့မင်းလူရွေးမှန်သွားပြီ။အဲ့ဆိုရင် ဘယ်လိုလဲ ငါအရမ်းကောင်းတဲ့ဆိုင်သိတယ်။ငါ အစ်ကိုလင်းကိုခေါ်သွားပေးမယ် ဒါကို အစ်ကိုလင်း ဘယ်လိုသဘောရလဲဲ။”

“မင်းအဆင်ပြေသလိုသာ လုပ်ကွာ၊ဒါပေမဲ့အရသာတော့ထိပ်တန်းဖြစ်ပါစေ” ဟုလင်းဖန်က ပြုံးရင်းပြောလိုက်သည်။

လီဟိုင်သည်လင်းဖန်၏စကား၏ကိုကြားသောအခါ’’တ ဟား ဟား’’ရီလိုက်လေသည်။

ထို့နောက်သူက “အစ်ကို လင်း ငါ့ကားမှာထိုင်ခုံတစ်ခုံပဲရှိတော့တယ်။နောက်ကားတစ်စီးဒီကိုလာပို့ခိုင်းလိုက်ရမလား “

လင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး “ရတယ် မလိုဘူး။ငါ့မှာကားပါတယ်၊ကားကရှေ့နားလေးတင် ရပ်ထားတာ” လို့ပြောလိုက်သည်။

စကားပြောနေရင်းလမ်းလျှောက်လာသောကြောင့် ကားနားရောက်သောအခါကားသော့ကိုထုတ်ယူလိုက်ပြီးနှိပ့်လိုက်လေသည်။

ထိုအခါ Cullinan(ကားနာမည်)ကား၏မီးသီးများသည် ချက်ချင်း လင်းသွားလေ၏။

ထို့နောက် လင်းဖန် က လီယောင်အား “ယောင်ယောင်၊ ငါ့နဲ့အတူအစာစားဖို့အားရဲ့လားမသိဘူး”

အစ်ကိုလင်းနဲ့ အတူစားတာလား?

ဒါက အမြဲတမ်း သူမဖြစ်ချင်နေတာပင်မဟုတ်ဘူးလား။

ထို့ကြောင့်လီယောင်က လုံးဝမတွန့်ဆုတ်ဘဲ ချက်ချင်း ခေါင်းညိတ်ကာ “စားချင်ပါတယ်!”လို့ပြန်ပြောလိုက်သည်။

သူ့ဘေးရှိ ဝမ်ဝမ်သည် လင်းဖန်နဲ့လီယွင်ဟိုင်တို့ကို တန်ဂျေရီဘယ်လိုဆက်ဆံနေရလဲဆိုတာကိုသူမအစအဆုံးမြင်လိုက်ရလေသည်။

ထို့အပြင်လီယွင်ဟိုင်သည် လမ်ဘော်ဂနီ ကား ကိုမောင်းပြီးလင်းဖန်သည် Cullinan(ကား)ကို မောင်းလေသည်။

ဒီအချိန်မှာ သူမ ဘယ်လောက်ပဲ တုံးအနေဘာစေ လင်းဖန်က အကောင်ကြီးကြီးဆိုတာချက်ချင်းပြောနိုင်လေသည်။

ဝမ်ဝမ်က “ငါလဲ အတူတူလိုက်လို့ရမလား”

စကားပြောနေစဉ်တွင် သူမသည် သနားစရာကောင်းသောပုံစံကိုလုပ်နေလိုက်သည်။

လင်းဖန်သည် ဘာမှမပြောပဲလီယောင်ကိုပဲကြည့်နေလိုက်သည်။ထင်ရှားသည်မှာလင်းဖန်သည်လီယောင်၏ဆုံးဖြတ်ချက်ကိုစောင့်နေတာပင်ဖြစ်၏။

လီယောင်က’’မရဘူး’’ဆိုပြီးမြန်မာလိုငြင်းလိုက်လေသည်။

စကားပြောပြီးနောက် သူမသည်လင်းဖန် နှင့်အတူ Cullinan(ကား)ပေါ်တွင် ထိုင်လိုက်လေသည်။

လီယောင်နဲ့ဝမ်ဝမ်တို့သည် တစ်ပတ်လောက်အဆောင်မှာအတူနေရလေသည်။

သို့သော်သူမတို့သည်လုံးဝမရင်းနှီးသေးပေ။

အိပ်ဆောင်တွင်ညစာစားပြီးနောက် ဝမ်ဝမ် သည် လီယောင်၏ရှေ့တွင် တန်ဂျေရီအကြောင်းကိုတမင်တကာ ချီးမွမ်းနေခဲ့ပြီးသူမနဲ့တန်ဂျေရီကိုအောင်သွယ်လုပ်ပေးနေတယ်ဆိုတာကိုလီယောင်သဘောပေါက်လေသည်။ဒါကြောင့်သူမသည်ဝမ်ဝမ်ကိုအနည်းငယ်မကျေမနပ်ဖြစ်နေသည်။

ထို့အပြင်သူမသည်သူနှင့်အပြင်သွားရန်ခေါ်လေသည်။ထိုအခါသူမသည် ဝမ်ဝမ်၏ ဖိတ်ခေါ်မှုကို ချက်ချင်းငြင်းလိုက်လေသည်။ဘာလို့ဆိုဝမ်ဝမ်၏အကြံကိုသူမသိနေသောကြောင့်ဖြစ်၏။

ယနေ့တွင်လည်း လီယောင်သည်ပြတ်ပြတ််သားသား ငြင်းဆိုသော်လည်းဝမ်ဝမ်၏ထပ်ကာထပ်ကာဖိတ်ခေါ်မှုကြောင့်အားနာပြီး အပြင်သွားရန်သဘောတူလိုက်ရခြင်းဖြစ်သည်။သူမသည် ရိုးရိုးအပြင်သွားတာပဲဟုထင်မြင်ထားသည်။သို့သော်တန်ဂျေရီကိုမြင်ပြီးနောက် သူမအကြံကိုသဘောပေါက်သွားတော့သည်။ဒါကြောင့် ဝမ်ဝမ်ကို သူမစက်ဆုပ်သွားလေသည်။

လီယောင်၏ စိတ်ထဲတွင် ဝမ်ဝမ် အတွက်နေရာမရှိတော့ပေ။(သူငယ်ချင်းအဖြစ်မသတ်မှတ်တာကိုပြောတာပါ)

ထို့ကြောင့်သူမတို့နှင့်အတူ အစာလိုက်စားဖို့ကိုဘာလို့သဘောတူရမှာလဲ။

“ဗွမ်း!”

လင်းဖန်သည်လီယောင်၏စကားကိုကြားပြီးနောက်လီယွင်ဟိုင်ကိုသွားရအောင်ဟုအချက်ပြကာ လီဗာကိုနင်းကို အရှိန်ပြင်းပြင်းမောင်းနှင်လိုက်လေ၏။

ခဏကြာတော့ သူတို့သုံးယောက်သည် ဘစ်ပါဖစ်စ့် လို့ခေါ်တဲ့ စားသောက်ဆိုင်ကို ရောက်လာလေသည်။

ဆိုင်တံခါးနားကို ရောက််တာနဲ့ သင်းပျံ့တဲ့ မွှေးရနံ့တစ်ခုက လူတွေရဲ့စားချင်စိတ်ကို ဖြစ်ပေါ်စေသည်။

လီယောင်သည်ဆိုင်ကိုမြင်လိုက်တာနဲ့သူမက” ဒီဆိုင်က ငါးပူတင်ဟင်းပွဲတွေရောင်းတဲ့နေရာမှာနည်မည်ကြီးတဲ့ဆိုင်မဟုတ်ဘူးလား၊ဒါပေမဲ့ ငါးပူတင်းက အဆိပ်ရှိတယ်လို့ကြားဖူးတယ်?”

လင်းဖန်က “ငါးပူတင်က မင်းပြောသလိုပဲအဆပ်ရှိတယ်။ပြီးတော့သူ့အဆိပ်ကလဲ တစ်ကယ့်ကိုပြင်းတယ်။’’

“ဒါကြောင့် ငါးပူတင်းချက်ပြုတ်တဲ့အခါ၊ အထူးသဖြင့် သားဥအိမ်နဲ့ အသည်းတွေကို လုံးဝဖယ်ရှားပစ်ဖို့အတွက်အတွေ့အကြုံရှိတဲ့ စားဖိုမှူးတစ်ဦးလိုအပ်တယ်။ ပြီးမှ ငါးပူတင်းကိုယုံကြည်စိတ်ချစွာ စားသုံးနိုင်မှာ။အဲ့လို ကျွမ်းကျင်သူမှမဟုတ်ရင် အဆိပ်မိသွားလိမ့်မယ်”

တကယ်တော့ ဒါတွေဟာ သာမန်လူတွေအတွက်သာ ဖြစ်သည်။

သူ့အတွက်တော့ ငါးပူတင်းတစ်ကောင်လုံးကိုဘာမှမဖာ်ပဲစားရင်တောင် အဆပ့်သင့်မှာမဟုတ်ပေ။အဘယ်ကြောင့်ဆိုသော်လင်းဖန်သည်အဆိပ်ပြီးသောကြောင့်ဖြစ်သည်။

လီယောင်သည်လင်းဖန်ပြောသည်များကိုနားထောင်ရင်းလင်းဖန်ကိုတောက်ပသောမျက်လုံးများဖြင့်ကြည့်နေလိုက်သည်။

လီယွင်ဟိုင်က “မျှော်လင့်ထားသလိုပဲ၊ အစ်ကို လင်းကတော့ ဒါတွေတောင်သိတယ်။အစ်ကိုလင်းငါးပူတင်ရောစားဖူးတာလား’’

လင်းဖန်က ပြုံးပြီး “ဒါတွေကို ငါကြားပဲကြားဖူးတာ၊ငါးပူတင်းကိုတစ်ခါမှမစားဖူးသေးဘူး၊အခုက ပထမဆုံးအကြိမ်ပဲ”

လီယွက်ဟိုင်က ပြုံးပြီးပြောလိုက်လေသည် “တကယ်လား ဒါဆို အရသာမြည်းကြည့်လိုက် အရမ်းကောင်တာ”

ခဏအကြာတွင် ငါးပူတင်းစွပ်ပြုတ်ကို အိုကြီးဖြင့်သယ်ကာလာချပေးလေသည်။

လီယွင်ဟိုင်သည်အရင်ဆုံးဟင်းရည်သောက်လိုက်ပြီး “အစ်ကို လင်းတို့ မြန်မြန်မြည်းကြည့်ဒါက သေလောက်အောင်အရသာရှိတာ” လို့ ပြောလိုက်သည်။

ထို့ကြောင့်နှစ်ယောက်သား ဟင်းရည်သောက်လိုက်ကြသည်။

ဟင်းရည်သောက်လိုက်ပြီးနောက်လီယောင်သည်အရသာရှိလှသောကြောင့်ချက်ချင်းအံ့သြသွားရသည်။

လင်းဖန်က “ကောင်းတယ်”

ဒါကိုကြားတော့လီယွင်ဟိုင်က ဝမ်းသာသွားပြီး “ငါးပူတင်းကိုလဲ စားကြည့်ကြရအောင်” လို့ဆိုလိုက်သည််။

ငါးပူတင်စားပြီးနောက်လီယောင်က “အရသာရှိလိုက်တာ”ဟုမပြောပဲမနေနိုင်ပေ။

လင်းဖန်က ခေါင်းညိတ်သူမပြောတာကိုခေါင်းညိမ့်ထောက်ခံလိုက်သည်။

လီယွင်ဟိုင်သည် လင်းဖန်နှင့် ရှားရှားပါးပါး တွေ့ဆုံသောကြောင့်သူ့စိတ်ထဲတွင် လင်းဖန်နှင့်စကားအများကြီးပြောချင်နေလေသည်။

သို့သော် ယခုအချိန်သည် စကားပြောရန်လုံးဝမသင့်တော်ကြောင်းကိုနားလည်သည်။အကယ်၍သူသာစကားပြောလိုက်ရင်လင်းဖန်နှင့်လီယောင်တို့ကိုနှောက်ယှက်သလိုဖြစ်စေမည်ဖြစ်သည်။

ထို့ကြောင့် နေ့လည်စာစားပြီးနောက် လီယွင်ဟိုင်သည် အကြောင်းပြချက်တစ်ခုရှာပြီး စောစောထွက်လာခဲ့သည်။

လင်းဖန်က “ယောင်ယောင် မင်းအရင်က ကျန်းပေ့ကို ရောက်ဖူးလား”

လီယောင်က ခေါင်းခါပြီး “မရောက်ဖူးဘူး” လို့ပြောလိုက်သည်။

လင်းဖန်က “ဒါဆို ငါမင်းကိုကျန်းပေ့ မြို့အနှံ့လိုက်ပြပေးမယ်”

“ကောင်းပြီ။” လီယောင်ကပျော်ရွှင်စွာပြောလိုက်လေသည်။

သူ့မစိတ်ထဲတွင်လင်းဖန်နဲ့သာရှိနေသရွေ့ ဘာမဆိုလုပ်နိုင်လေသည်။

လင်းဖန်သည်လီယောင်ကို ကျန်းပေ့ရှိ နာမည်ကြီးလှပသော သဘာဝရှုခင်းများကို ခံစားရန် ပထမဆုံး လိုက်ပြလေသည်။

ထို့နောက် အမ်မော သို့ ခေါ်သွားခဲ့သည်။

ကာတိမ် ဆိုင်ကို ဖြတ်သွားတဲ့အခါ အရေင်းမလေးရဲ့ အကြံပြုချက်အရ လီယောင် အတွက် လည်ဆွဲတစ်ကုံးဝယ်ပေးခဲ့လေသည်။

လီယွင်ဟိုင်ပင်လင်လက်ဆောင်ပေးလေသည်။သူလက်ဆောင်မပေးရင်ဒါမကောင်းပေ။

ယခုအချိန်တွင်လီယောင်ရဲ့ မျက်နှာတစ်ခုလုံးသည်ပြုံးရွှင်နေလေသည်။

ကျန်းပေ့မြို့၏လှပသောရှုခင်းကိုမြင်ရခြင်းကြောင့်မဟုတ်သလို သာယာဝပြောသော ကျန့်ပေ့မြို့ကိုမြင်တွေ့ရခြင်းကြောင့်လည်းမဟုတ်ပေ။

သူမအဲ့လိုပြုံးပျော်ရွှင်နေရသည်မှာ လင်းဖန်နဲ့အတူတူနေ့လည်စာစားရပြီးလင်းဖန်စီကလက်ဆောင်ရလို့ပင်ဖြစ်၏။

All Chapters