ဆုရခြင်း
Vol. 37 Ch. 554
လီယောင်သည် ကျန်ပေ့တက္ကသိုလ်သို့ ပြန်ရောက်သောအခါ ည ၉ နာရီ ထိုးနေပြီဖြစ်၏။
သူမအိပ်ဆောင်ထဲကိုဝင်လိုက်တာနဲ့ဝမ်ဝမ်ကသူမကိုအမြန်နှုတ်ဆက်လိုက်လေသည်။ “လီယောင် နင်ပြန်လာပြီလား...”
“နင် အခုမှအပြင်က ပြန်ရောက်တာဆိုတော့ရေဆာနေမှာပဲ။ရေသောက်မလား ငါသွားယူပေးမယ်လေ”
ဝမ်ဝမ်သည် သူမတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးကိုပြန်အဆင်ပြေချင်နေသည်မှာထင်ရှားလေ၏။
လီယောင်က “ရေမဆာဘူး။ငါရေဆာတောင် ကိုယ့်ဘာသာကိုထည့်သောက်မယ်။ နင်ခပ်ပေးစရာမလိုဘူး”
ပြောပြီးတာနဲ့ သူ့မကုတင်ပေါ်သူမတက်သွားလေ၏။
ဝမ်ဝမ်သည်သူမ၏အပြောကြောင့်အနည်းငယ်ရှက်သွားလေသည်။
သူမသည်အံ့ကြိတ်ရင်းလီယောင် နားသို့လာပြီး “လီယောင် ဒါတွေအားလုံးက ငါ့အမှားတွေပါ.....”
“အဲဒီတုန်းက နင့်မှာဒီလိုကျောထောက်နောက်ခံရှိမယ်လို့မထင်ထားဘူး...”
“တန်ဂျေရီကို မြင်လိုက်တာနဲ့ သူ့ရဲ့မိသားစုအခြေအနေ၊ပြီးတော့သူ့ပုံစံက နင်နဲ့အဆင်ပြေမဲ့ပုံစံမို့ နင်တို့နှစ်ယောက်ကိုအောင်သွယ်ပေးဖို့လုပ်ခဲ့တာပါ”
“နင်ငါ့အပေါ် စိတ်မဆိုးပေးလို့ရမလား။ငါတောင်းပန်ပါတယ် နင့်ကိုအဲ့လိုအောင်မသွယ်ပေးလိုက်သင့်ဘူး....အရင်လိုငါနင်နဲ့သူငယ်ချင်းဖြစ်နေဖို့မျှော်လင့်တယ်......”
ဝမ်ဝမ်သည်စကားပြောနေရင်းသူမ၏အမူအရာသည်သနားစရာကောင်းသောပုံစံဖြစ်လာသည်။
သို့သော်၊ ယင်းက လီယောင်ကို မျက်မှောက်မကြုတ်ပဲမနေနိုင်ပေ။
သူမ မသိဘူးလား။
သူမမှာကြိုက်တဲ့သူရှိတယ်လို့ရှင်းရှင်းလင်းလင်းပြောထားတာကို......။
အရေးကြီးဆုံးကတော့ဝမ်ဝမ်က လင်းဖန်ကို နှိမ်လို့ပင်ဖြစ်၏။
ဒါက လီယောင်ဆိုတဲ့သူမ လုံးဝခွင့်မလွှတ်နိုင်တဲ့အရာပင်ဖြစ်၏။
ထို့ကြောင့်လီယောင်ကအေးစက်စွာပြောလိုက်သည် “နင်နဲ့ငါ ဘယ်တုန်းကမှ သူငယ်ချင်းဖြစ်ဖူးတာမှမဟုတ်တာ....ဘာတွေလာပြောနေတာလဲ......”
သူမသည်ထိုစကားများပြောပြီးနောက်ဝမ်ဝမ်ကိုလုံးဝ လျစ်လျူရှုလိုက်တော့သည်။
...
အစပိုင်းတွင် တန်ဂျေရီိသည် လီယွင်ဟိုင်နှင့်လင်းဖန်တို့ကြောင့်တစ်ခုခုဖြစ်သွားမှာကိုအလွန်စိုးရိမ်နေခဲ့သည်။
သို့သော် သူသည်ထို စိတ်ပူနေတာကိုပျောက်ရန်အချိန်အကြာကြီးမယူခဲ့ရပေ။
လီမိသားစုမှာ လုပ်ကိုင်နိုင်စွမ်းတွေအများကြီးရှိတယ်ဆိုတာသူသိလေသည်။
ဒီလိုမိသားစုကဆင်းသက်လာတဲ့သူတောင် လင်းဖန်ကိုအရမ်းရိုသေလေးစားနေတာကိုကြည့်ခြင်းဖြင့်တစ်ဘက်သူက ပေါ့သေးသေးမဟုတ်ဘူးဆိုတာသူသိလေသည်။
ဒါပေမဲ့ဒါကကြီးကျယ်တဲ့ကိစ္စလို့သူမထင်ပေ။ဘာလို့ဆိုသူသည်အနာဂတ်တွင်လီမိသားစုနဲ့မပတ်သတ်ရင်အဆင်ပြေမယ်ဆိုပြီးတွေးထားလို့ပင်ဖြစ်၏။
ထို့ကြောင့် တန်ဂျေရီ သည် ကလပ်တစ်ခုတွင်သက်သောင့်သက်သာရှိစွာအနားယူနေလေ၏။
“ကလင် ကလင် ကလင်”
ထိုအချိန်တွင် တန်ဂျေရီ၏ဖုန်းသည် အသံမြည်လာခဲ့သည်။
ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်တာနဲ့ဒါကသူ့အဖေ တန်ယွန်ရှင်းဆီက ဖုန်းမှန်းသိတာနဲ့ချက်ချင်းကောက်ကိုင်လိုက်လေသည်။
“ဖေဖေ ဘာလို့.....”
သို့သော် သူစကားမဆုံးမီတွင် တန်ယွန်ရှင်း၏ ဒေါသထွက်နေသောအသံသည်ဖုန်းထဲကနေ ထွက်ပေါ်လာသည်။
“တန်ဂျေရီ၊ မင်းဘာတွေလုပ်ခဲ့တာလဲ?!”
သူ့အဖေ၏ဒေါသဖြစ်နေသောအသံကိုကြားသောအခါတန်ဂျေရီသည်ချက်ချင်းထိတ်လန့်သွားလေ၏။
ထို့နောက်သူကအသံတုန်ယင်စွာဖြင့်သူက “သား.....ဘာမှမလုပ်ပါဘူး...”
“ဘာကို...ဘာမှမလုပ်ထားတာလား။လီဆေးကုမ္ပဏီ၊ဆောင်းဆေးကုမ္ပဏီ.....တို့က ဘာလို့ ငါတို့ ဝူခ့် ကုမ္ပဏီကို ပိတ်ဆို့လိုက်ရတာလဲ။”
“အခုမင်းကြောင့်ငါတို့ဝူခ့် ကုမ္ပဏီရဲ့ လက်ထဲမှာရှိတဲ့ ကုန်ပစ္စည်းတွေတစ်ခုမှ မရောင်းရတော့ဘူး၊ အရင်အမှာစာတွေအားလုံးကိုလည်း မှာထားတဲ့သူတွေကလာဖျက်သိမ်းလိုက်ကြပြီ... ဒီလိုရိုက်ချက်ကအရမ်းပြင်းထန်တယ်”
“အခု ဝူ့ခ် ကုမ္ပဏီက အချိန်မရွေး ဒေဝါလီခံသွားနိုင်တယ်!”
“ဒါတွေအားလုံးဖြစ်အောင်မင်းလုပ်ခဲ့တာလို့တစ်ဖက်ကပြောတယ်၊ဒါတောင်မင်းကငြင်းချင်တုန်းလား!” တန်ယွန်ရှင်း က ကျယ်လောင်စွာ ဟောက်လိုက်လေ၏။
မူလက လီယွင်ဟိုင်သည် ဝူ့ခ်ကုမ္ပဏီကိုသူတစ်ယောက်တည်းရှင်းချင်လေသည်။
သို့သော် သူအိမ်ပြန်သွားပြီးနောက်ဝူ့ခ် ကုမ္ပဏီအကြောင်းလေ့လာရာတွင်ဖိုကုမ္ပဏီသည်အစွမ်းအစအနည်းငယ်ရှိကြောင်းတွေ့ရလေသည်။
ထို့ကြောင့်လီယွင်ဟိုင်သည်ဝူခ့်ကုမ္ပဏီကိုအတတ်နိုင်ဆုံး မြန်မြန်အပစ်ပေးနိုင်ဖို့အတွက်လင်းဖန်ရဲ့သူငယ်ချင်းတွေကြီးပဲဖွဲထားတဲ့ဂျီပီထဲတွင်ဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်လေသည်။
ထို့ကြောင့် လီဆေးကုမ္ပဏီ၊ဆောင်းဆေးကုမ္ပဏီ....စသည်တို့ကဝူ့ခ် ကုမ္ပဏီကို စတင်တိုက်ခိုက်ကြတော့သည်။
ဤအင်အားစုများထဲမှ တစ်ခုသည်ကပင် ဝူခ့် ကုမ္ပဏီထက်ကျော်လွန်နေသည်။
အဲ့လိုကျော်လွန်တဲ့ကုမ္ပဏီတွေပေါင်းပြီးတိုက်ခိုက်တာက ဝူခ့်လိုကုမ္ပဏီတောင့်ခံနိုင်စွမ်းရှိသည့်အရာမဟုတ်ပေ။
သူ့အဖေပြောသည်များကိုကြားပြီးနောက်တန်ဂျေရီသည်ထိတ်လန့်တကြားနဲ့ “ငါ…ငါ…ငါ…”
“မင်းဘာတွေလုပ်ခဲ့လဲအခုထိမပြောသေးဘူးလား” တန်ယွန်ရှင်းက အော်ပြောလိုကသည်။
“ဒီနေ့ လင်းဖန်ဆိုတဲ့ကောဂ်လေးရဲ့ရည်းစားကိုလိုက်ဖို့ကြိုးစားခဲ့တယ်။နောက်တော့လီယွင်ဟိုင်ကရောက်လာပြီးအဲ့လင်းဖန်ကိုအစ်ကိုလင်းလို့လေးလေးစားခေါ်လိုက်တယ်..........” တန်ဂျေရီကစကားထစ်ထစ်နဲ့ပြောလိုက်လေသည်။
“သေနာကောင်လေး” တန်ယွန်ရှင်းက ဒေါသတကြီးအော်လိုက်ပြီး “အခုချက်ချင်း...မင်းကုမ္ပဏီကိုလာခဲ့။ဆင်ခြေဆင်လက်တွေမကြားချင်ဘူး!”
“ဟုတ်ကဲ့..သားအခုချက်ချင်းလာပြီ” တန်ဂျေရီ က ပြောလိုက်သည်။
ထို့နောက်တန်ဂျေရီသည်ဖုန်းချပြီးနောက်ချက်ချင်းပဲဝူ့ခ်ကုမ္ပဏီသို့တန်းသွားလေသည်။
ဥက္ကဋ္ဌရုံးခန်းကို ရောက်သောအခါ တန်ဂျေရီသည် ခေါက်ပြီးနောက်အခန်းထဲသို့ဝင်သွားလေ၏။သူ့အဖေကိုတွေ့တာနဲ့စကားပြောဖို့လုပ်လိုက်လေသည်။ထိုအချိန့သူ့အဖေသည်သူနားလာပြီးနောက်ချက်ချင်းပဲတန်ဂျေရီ၏ဗိုက်ကိုကန်ထည့်လိုက်လေသည်။
“ဗွမ်း!”
“မင်းလိုသားမျိုးရှိတာငါ့အတွက်လုံးဝအမှိုက်ပဲ။အခုမင်းလုပ်လိုက်တာလဲကြည့်အုံး..ငါ့ဘဝသက်တမ်းတစ်ဝက်လောက်တည်ထောက်လာရတဲ့ကုမ္ပဏီကအချိန်မရွေးဒေဝါလီခံရတော့မယ်မင်းရဲ့လုပ်ရပ်ကြောင့်....!”
စကားပြောနေစဉ်တွင်တန်ယွန်ရှင်းသည် လက်သီးဖြင့် တန်ဂျေရီကို ထပ်မံ ကန်ထည့်လိုက်ပြန်သည်။
...
လင်းဖန်သည် ဒါကို လုံးဝမသိ။
ယနေ့တွင် လင်းဖန်သည် ရုံးခန်းထဲသို့ လှမ်းဝင်လာသောအခါ အတွင်းတွင် ဆူညံသံများထွက်နေလေသည်။
“ရှောင်ပန်၊ ရှောင်အန်းမင်းတို့က တကယ်တော်တာပဲ!”
“အရမ်းအံ့သြစရာကောင်းတယ်!”
“ဂုဏ်ယူပါတယ် ဂုဏ်ပြုပါတယ်!”
ဒါကိုကြားတော့လင်းဖန်က ပြုံးပြုံးလေးဖြင့် မေးလိုက်သည် “ဘာတွေဖြစ်လို့၊ဒီလောက်ဝမ်းသာနေကြတာလဲပြောပြပါအုံး....”
လင်းချင်ကျူ က “ရှောင်ပန်နဲ့ ရှောင်အန်းတို့က နိုင်ငံတကာကွန်ပြူတာတီထွင်ဆန်းသစ်မှုဆု အတွက် ရွေးချယ်ခံခဲ့ရပါတယ်!”
“အိုး?” လင်းဖန်က သူ့မျက်လုံးများ တောက်ပလာကာ “ကောင်းလိုက်တာ!”ဟုချီးကျူးလိုက်လေ၏။
လင်းဖန်ဤသို့ချီးကျူးရခြင်းမှာရှောင်ပန်နှင့်ရှောင်အန်းတနု့ဆုရလို့ပင်ဖြစ်သည်။ထို့အပြင်စနစ်ကပေးသောမစ်ရှင်ကိုလည်းသူမမေ့ပေ။
ရှောင်ပန်နှင့် ရှောင်အန်းတို့သည် လင်းဖန်၏ ချီးကျူးစကားကိုကြားပြီးနောက်၊သူမတို့၏ လှပသောမျက်နှာတစ်ခုလုံးသည်ပျော်ရွှင်လွန်းတာကြောင့််ချက်ချင်းပင် ခရမ်းချဉ်သီးမှည့်ကဲ့သို့ နီမြန်းသွားလေသည်။
သူမတို့၏ စိတ်ထဲတွင် လင်းဖန်၏ ချီးကျူးမှုသည်မည်သည့်ဆုနှင့်မျှ နှိုင်းယှဉ်၍ မရပေ။
ထိုအချိန်တွင် ဟော့ကျောက်ဝူကလဲ စိတ်လှုပ်ရှားစွာဖြင့်”ဟားဟား၊ ကျွန်တော်လဲဆုရတယ်....”
အခန်းထဲရှိလူတိုင်းကမနေနိုင်ပဲဟော့ကျောက်ဝူဘက်ကို လှမ်းကြည့်ကြသည်။
“ဘာဆုရခဲ့လဲ” လျင်းချင်ကျူက မေးသည်။
“နိုင်ငံတကာ အာရုံကြောဆိုင်ရာ သုတေသနဆု” ဟော့ကျောက်ဝူက စိတ်လှုပ်ရှားစွာပြောသည်။
လင်းဖန်သည်ဒါကို ကြားတော့ သူ့မျက်လုံးတွေ အနည်းငယ် လင်းလာပြီး “မဆိုးဘူး”ဟုချီးကျူးလိုက်လေသည်။
နိုင်ငံတစ်ကာဆုများရကြသောကြောင့်အခန်းတွင်းရှိလူများသည်ပျော်ရွှင်နေကြသလို၊တစ်ချို့ကလဲနိုင်ငံတစ်ကာဆုရဖို့ကိုပြင်းပြင်းထန်ထန်ကြိုးစားကြတော့သည်။
မျက်စိတစ်မှိတ်အတွင်း တစ်နေ့တာ ကုန်လွန်သွားလေသည်။
“ဒီး.......!”
ကျောင်းဝင်းအတွင်း ခေါင်းလောင်းသံ ကျယ်လောင်စွာ မြည်လာသောအခါ လင်းဖန်သည် ယနေ့ အတန်းပြီးကြောင်း ကြေညာရန် ထလာလေသည်။
ထိုအချိန်တွင်၊ ဂျင်ချန်ကျူ က စိတ်လှုပ်ရှားစွာဖြင့် “ကျွန်တော်လဲကမ္ဘာ့ပိုလီမာသုတေသနဆုတံဆိပ် ကို ရခဲ့ပါတယ်”
“ဂုဏ်ယူပါတယ်!”
“ဒီနေ့ ငါတို့ အတန်းမှာပျော်စရာကိစ္စကြီးပဲသုံးကြိမ်ဆက်တိုက်ရှိသွားပြီမဟုတ်လား...”
“အဲ့ကြောင့်စားပွဲကျင်းပကြမယ်ဆိုရင်ဘယ်လိုလဲ......”