← Chapters

နှိမ့်ချပြီးနေတာပဲ

Vol. 37 Ch. 555

နှိမ့်ချပြီးနေတာပဲ

Vol. 37 Ch. 555

ရုံးခန်းထဲရှိလူတိုင်းသည်ပျော်ရွှင်နေကြသော်လည်းလင်းချင်ကျူနှင့်နင်းကျန်းကျန်းတို့၏စိတ်ထဲတွင်ဖိအားကိုခံစားလိုက်ရလေသည်။

ဘာကြောင့်လဲ ဆိုတော့ လောလောဆယ်တွင်သူတို့သည်ဘာဆုမှမရသေးလို့ပင်ဖြစ်၏။

ဒါကလင်းဖန်၏ မျက်လုံးများကိုနောက်ပစေလေသည်။

လင်းဖန်က “ဒီနေ့ကတစ်ကယ်ကိုပျော်စရာကောင်းတဲ့နေပဲ။ဒါကြောင့်ညနေကျရင်အားလုံးကို အရသာရှိတဲ့စားသောက်ဆိုင်ကိုခေါ်သွားပေးမယ်”

“ရေး....” အားလုံးက တညီတညွတ်တည်း အော်လိုက်ကြသည်။

ဆုရတဲ့သူတွေက သဘာဝအတိုင်း ပျော်ရွှင်ကြလေသည်။

ဆုမရရှိခဲ့သောသူများသည်လဲအရသာရှိသော အစားအစာကို စားရတော့မည်ဖြစ်သောကြောင့် စိတ်ထဲတွင်ရှိသောစိုးရိမ်သောကများကို ချက်ချင်း ဖယ်ထုတ်ပစ်လိုက်သည်။

အဲဒီအထဲမှာရှောင်ပန် နဲ့ ရှောင်အန်းတို့က အပျော်ဆုံးပင်ဖြစ်သည်။

ဘာလို့လဲဆိုတော့ သူမတို့သည်လင်းဖန်နဲ့ညစာစားရလို့ပင်ဖြစ်၏။

...

လင်ဖန်းသည် Cullinan(ကား) တစ်စီးသာ မောင်းနှင်ခဲ့သောကြောင့်လူခုနစ်ဦး ထိုင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပေ။

ကံကောင်းထောက်မစွာဖြင့်ဟော့ကျောက်ဝူသည် မကြာသေးမီက တစ်ပတ်ရစ် Volkswagen(ကား)ကိုဝယ်ခဲ့တာကြောင့်အကုန်အဆင်ပြေခဲ့သည်။

လင်းဖန်၏ ဦးဆောင်မှုအောက်တွင် လင်းချင်ကျူတို့အဖွဲ့သည် ဘစ်ပါဖစ်စ့်စားသောက်ဆိုင်လို့ရောက်ရှိရန် အချိန်မကြာခဲ့ပေ။

လီယွင်ဟိုင်သည်လင်းဖန်ကိုနောက်ဆုံးအကြိမ်တွေ့တုန်းကဒီဆိုင်ကိုခေါ်လာပြီးကတည်းကလင်းဖန်သည်ဒီဆိုင်၏အဓိကဟင်းလျာဖြစ်သောငါးပူတင်းဟင်းကိုလုံးဝမမေ့ပေ။ထို့ကြောင့်ဒီဟင်းကိုသူ့တပည့်တွေလဲစားလို့ရအောင်ခေါ်လာပေးခြင်းဖြစ်သည်။

“ငါးပူတင်း ဒါက အရသာရှိလို့လား” ဟော့ကျောက်ဝူက မေးသည်။

လင်းဖန်က ပြုံးပြီး “မင်း စားကြည့်ပြီးမှသိလိမ့်မယ်” လို့လျှိို့ဝှက်သောပုံစံဖြင့်ပြောလိုက်လေ၏။

ငါးပူတင်းအိုးကြီးတစ်လုံးစားပွဲပေါ်လာမတင်ခင်နာရီဝက်လောက်ကြာခဲ့လေသည်။

စားပွဲထိုးသည် အိုးအဖုံးကိုဖွင့်လိုက်သောအခါ ငါးပူတင်းအသားနံ့သင်းသင်း၏ ရနံ့သည် နှာခေါင်းထဲသို့ ချက်ချင်း စိမ့်ဝင်သွားလေသည်။

“ဂလု.....”

ထိုအနံ့ကြောင့်ဟော့ကျောက်ဝူနှင့်တစ်ခြားသူများအားလုံးသည်တံတွေးကိုမြိုချလိုက်ရလေသည်။

လင်းဖန်က ပြုံးပြီး “မင်းတို့ဘာလို့ကြောင်နေသေးတာလဲဟ၊မြန်မြန်စားကြနော်၊ကုန်မှဘာမှလာမပြောနဲ့.....”

“ဟုတ်ကဲ့။” လူတိုင်းဖြေပြီးတာနဲ့ငါးပူတင်းကို ကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်ကြသည်။

ဟော့ကျောက်ဝူ က “အရမ်းအရသာရှိတယ်၊ ဒါကပါးစပ်ထဲရောက်တာနဲ့နွေရာသီမှာရေခဲရေသောပ်လိုက်ရသလိုမျိုးလန်းဆန်းသွားတာပဲ...”

အားလုံးက ဒီဟင်းကို အရမ်းကြိုက်ကြလေ၏။

...

လျှပ်တစ်ပြက်တွင်နောက်ထပ်ရက်အနည်းငယ်ကုန်လွန်သွားခဲ့သည်။

ဒီနေ့မှာတော့လင်းဖန်က Cullinan(ကား) ကို ချင်ရှီ ဆီကို မောင်းသွားပြီးသူ့မိဘတွေကို ခေါ်လာလေသည်။

ထို့နောက် လင်းရှောင်ရီ၊ လင်းတန်နှင့် ဒေါင်ဝေဝေ တို့ကို ကျန်ပေ့အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခေါ်လာခဲ့လေ၏။

လင်းတန်နှင့် ဒေါင်ဝေဝေတို့သည် အလွန်ကို လေးနက်သော ပုံစံဖြင့်နေကြလေ၏။

ဘာကြောင့်လဲ ဆိုတော့ ဒီနေ့တွင်နိုဘယ်လ်ဆုပေးပွဲ အခမ်းအနားကို တက်ရောက်ဖို့ လင်းဖန်နဲ့ အတူ နိုင်ငံခြားကို သွားကြမလို့ပင်ဖြစ်၏။

လင်းတန်နှင့် ဒေါင်ဝေဝေတို့၏လေးနက်မှုနဲ့ယှဉ်ရင်......

လင်းရှောင်ရီ သည် အရာအားလုံးကို စူးစမ်းလိုစိတ်အပြည့်ဖြင့် နေရာတိုင်းကိုကြည့်ရှုနေလိုက်လေသည်။

ဒါကသူမအတွက်ပထမဆုံးအကြိမ် လေဆိပ်ကို ရောက်ဖူးတာနဲ့ပထမဆုံးအကြိမ်လေယာဉ်စီးမှာပင်ဖြစ်၏။

ထိုအချိန်တွင် ရှဂိုလေကြောင်းလိုင်းမှ လေယာဉ်မယ် သုံးဦး ရောက်လာလေသည်။

လင်းဖန်၊ လင်းရှောင်ရီ၊လင်းတန်နှင့်ဒေါင်ဝေဝေတို့သည် လေယာဉ်မယ်များ၏ ကြိုဆိုမှုအောက်တွင် ဇိမ်ခံလေကြောင်းလိုင်းရှေ့သို့ ရောက်ရှိလာခဲ့သည်။

“ရှဂို လေကြောင်းလိုင်းမှ မစ္စတာလင်းရဲ့ မိသားစုကို ကြိုဆိုပါတယ်။” ဟုလှပသောလေယာဉ်မယ်များသည်ကော်ဇောနီခင်းထားသောတစ်ဖက်စီတွင်နေ၍တစ်ညီတစ်ညွှတ်ထဲနှုက်ဆက်လိုက်လေ၏။

လင်းဖန် သည် ထိုသို့သောမြင်ကွင်းများကို မြင်ဖူးသောကြောင့်ကျင့်သားရနေပြီဖြစ်သည်။

လင်းတန်နှင့် ဒေါင်ဝေဝေတို့သည်ကတော့အံ့သြမင်သက်နေကြလေသည်။

လင်းရှောင်ရီ၏ မျက်နှာတွင်တော့စိတ်လှုပ်ရှားမှုနှင့် စူးစမ်းလိုစိတ်များနှင့်သာပြည့်နှက်နေလေသည်။

ဇိမ်ခံလေယာဉ်ထဲသို့ ဝင်ပြီးနောက်၊ ပုစွန်ကင်၊ ငှက်သိုက်၊ လက်တေး၊အခြားအစားအစာနှင့် ဝိုင်များကို လာချပေးသောအခါ လင်းရှောင်ရီ သည် ပို၍ပင် စိတ်လှုပ်ရှားလာသည်။

“စားလို့ကောင်းလိုက်တာ!”

“ဒီပုဇွန်က အရမ်းကြီးတာပဲ”

“ဖေဖေ၊ မေမေ၊ ဒီအသားကို စားကြည့်ပါဦး...”

“အစ်ကို၊ လေယာဉ်ပေါ်မှာ ဒီလိုအရသာရှိတဲ့ အစားအစာတွေ အများကြီးစားရတာကြောင့်လူတိုင်းကလေယာဉ်စီးရတာကိုနှစ်သက်တာမဆန်းပါဘူး.....။”

...

ဆယ်နာရီခန့်အကြာတွင် ဇိမ်ခံလေယာဉ်သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂေါလမုတွင် ရပ်တန့်သွားသည်။

ထိုအချိန်တွင် Audi ကားသုံးစီးသည် ဤနေရာတွင် အစောကြီးပင် ရပ်ထားသည်။

မျက်မှန်နှင့် ရှပ်အင်္ကျီု့အဖြူဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် လင်းဖန်တွေ့တာနဲ့ချက်ချင်းနှုတ်ဆက်လိုက်လေသည်။

“ပရော်ဖက်ဆာ လင်း၊ဆွစ်ဇာလန်ကနေကြိုဆိုပါတယ်။ ကျွန်တော်ကတော့ ဆွစ်ဇာလန်က တာဝန်ရှိသူ လီကျောက်ဟိုပါ။အနားယူချင်တာဖြစ်ဖြစ်၊လုပ်ချင်တာရှိတာပဲဖြစ်ဖြစ်ကျနော့်ကိုပြောပေးပါ”

လင်းဖန်က “မရှိပါဘူး။ ငါတို့ လေယာဉ်ပေါ်မှာ အနားယူပြီးပါပြီ။မစ္စတာလီကိုသာအားနာတာဗျ။ဒီလိုမျိုးစောင့်စေမိတဲ့အတွက်....”

ဤစကားကိုလင်းဖန်သည် နှိမ့်ချပြီး ပြောတာမဟုတ်ပေ။

ဒါကသူ့ရင်ထဲစကားပင်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော်၊ ကိုယ်ပိုင်ဇိမ်ခံလေယာဉ်ပေါ်တွင်စားချင်တာပဲဖြစ်ဖြစ်၊လိုချင်တာအားလုံးကိုတောင်းဆိုနိုင်သောကြောင့်အဘယ်မှာပင်ပန်းမည်နည်း။

တစ်ဖက်တွင်၊ လီကျောက်ဟို၏နဖူးတွင် ချွေးများထွက်နေလေသည်။

ဒါကသူလေယာဉ်ကွင်းကိုအချိန်မှီမရောက်တာသိသာလေသည်။

ဒါကလည်း ပုံမှန်ပင်ဖြစ်သည်။

လီကျောက်ဟိုက “မဟုတ်တာ၊မစ္စတာလင်းကိုစောင့်ရမှာက ကျနော့တာဝန်ပဲလေ.....’’

ထို့နောက်သူသည်လင်းဖန်နဲ့ ပထမဆုံး လက်ဆွဲနှုတ်ဆက်လိုက်သည်။ထို့နောက်သူ သည် လင်းတန်၊ ဒေါင်ဝေဝေနှင့် လင်းရှောင်ရီတို့ကိုအသီးသီး လက်ဆွဲနှုတ်ဆက်လိုက်လေသည်။

ပြီးနောက်သူက “မစ္စတာလက်းကျနေည်တို့ကားပေါ်အရင်တက်ရအောင်”

“ကောင်းပြီ။” လင်းဖန်က ပြောလိုက်သည်။

ဤ Audi ကား၏တံခါးများသည် အလွန်မာကျောပြီးထိုင်ခုံ၏နူးညံမှုများကိုကြည့်ခြင်းဖြင့် ၎င်းသည် သာမန် Audi ကားမဟုတ်ကြောင်းသိသာလေ၏။

ဒါကြောင့်ဒီကားကိုအထူးပြုပြင်ထားမှန်းကလေးသွားမေးတောင်သိလေ၏။

လီကျောက်ဟို က “ကျွန်တော် ပရော်ဖက်ဆာလင်းကို လာကြိုဖို့တာဝန်မယူခင်မှာမစ္စတာလင်းက အရမ်းငယ်တယ်လို့ လူတွေက ပြောကြတာကို ကြားခဲ့ရတယ်၊ ဒါကြောင့် ကို့ယ်ရဲ့စိတ်ကိုပြင်ဆင်လာခဲ့ပေမဲ့၊တစ်ကယ်တစ်ကယ်မစ္စတာလင်းကိုလဲတွေ့ရောအံ့သြမိနေသေးတယ်.....”

“ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်အောင်မြင်မှုတွေ အများကြီးရခဲ့တာကို စိတ်ကူးကြည့်ဖို့ ခက်တယ်!”

“နိုဘယ်ဆုသည် ပညာရေးလောကတွင် အကြီးဆုံးဆုဖြစ်သည်။”

“သမိုင်းကိုပြန်ကြည့်ရင်မစ္စတာလင်းလိုမျိုးတစ်ခါတည်းနိုဘ်လ်ဆု4ခုကိုတစ်ခါတည်းရတဲ့သူမရှိသေးဘူး။ပါမောက္ခလင်းမင်းက တရုတ်နိုင်ငံရဲ့ ဂုဏ်ယူစရာပဲ”

လီကျောက်ဟို၏အသံသည်မြှောက်ပင့်ပြီးပြောတဲ့လေသံမဟုတ်ပေ။တစ်ကယ့်ကိုရင်ထဲကလာမှန်းလင်းဖန်တန်းသိလေသည်။

လီကျောက်ဟိုသည် ဆွစ်ဇာလန်တွင် နှစ်အတော်ကြာနေခဲ့ဖူးလေသည်။ သူမျှော်လင့်ထားသည့်အရာမှာ တစ်နေ့တွင် တရုတ်နိုင်ငံ၌ နိုဘယ်လ်ဆုရဖို့ပင်ဖြစ်၏။

အခု၊ နောက်ဆုံးတော့ လက်တွေ့ဖြစ်လာပြီဖြစ်သည်။

လင်းဖန်သည် သူ့မိဘများနှင့်သူ့ညီမလေးတို့ရှိရင်းချီးကျူးခံလိုက်ရသောကြောင့်အနည်းငယ်ရှက်သွားလေသည်။

ထို့ကြောင့်သူက “တကယ်တော့ ဒါက ဘာမှမဟုတ်ပါဘူး” လို့ ပြောလိုက်လေသည်။

ဘာမှမဟုတ်တာလား?

နိုဘယ်လ်ဆုတံဆိပ်ကို ဆွတ်ခူးခြင်းသည်ပင် အလွန်ထူးခြားသော အရာဖြစ်သည်။

လင်းဖန်သည် 4 ကြိမ်တိုက်ရိုက်ရသောကြောင့် ဒါကကြီးကြီးမားမားကိစ္စမဟုတ်ပေဘူးလား။

လီကျောက်ဟို က “ပါမောက္ခ လင်း မင်းကအရမ်းနှိမ့်ချပြီးနေတာပဲ။”ဟုဆိုလိုက်လေ၏။

All Chapters