← Chapters

မစ္စလင်း အစ်မ ချီးမွမ်းတာ လွန်သွားပြီ

Vol. 9 Ch. 126

မစ္စလင်း အစ်မ ချီးမွမ်းတာ လွန်သွားပြီ

Vol. 9 Ch. 126

ဒုတိယအစ်ကိုနဲ့ အစ်မကြီးတို့ရဲ့ အရှုပ်တော်ပုံကို ဒီတစ်ကြိမ်တော့ ကြေညာလိုက်ပြီ…

ပေယွီထန်မှာ လန့်ဖျပ်ပြီး ကြောက်လန့်တကြား ဖြစ်နေသည်။ လင်းယန်နှင့် ပေရှုနန်တို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်ပြီး သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ကြသည်။ ထုံထိုင်းနေသည့် ပေယွီထန်က သူတို့၏ အကြည့်ကို မြင်သောအခါအလျင်အမြန် ရေဒီယိုကို ပိတ်လိုက်သည်။ သူ ပိတ်လိုက်သောအခါ ကားထဲတွင် တင်းမာသည့် တိတ်ဆိတ်မှုက လွှမ်းခြုံသွားသည်။

အစ်ကိုကြီးမှာ ပရိသတ်များအားလုံးကို သူတို့၏ ချစ်ရသည့် Idol များ စွန့်လွှတ်စေနိုင်သည့် စွမ်းရည်ရှိရက်သားနှင့် သူက သစ္စာဖောက်ခံရသည်တဲ့လား။

ပေယွီထန် တစ်ကိုယ်လုံးကျုံ့ပြီး တုန်ယင်နေသည်။ သူ အသံကျယ်ကျယ်ပင် မရှူရဲလောက်အောင် တိတ်ဆိတ်နေသည်။

ငါ ဘာလို့ ကားထဲမှာ ရှိနေရတာလဲ။ ငါ ကားရဲ့နောက်ဖုံးထဲမှာပဲ နေချင်တယ်…..

သို့သော် အနားတွင် အသနားဆုံးပုဂ္ဂိုလ်ကမူ လင်းယန်ပင်။ သူမက ချက်ချင်း ကိုယ့်ကိုယ်ကို သတ်သေရန် စိတ်ကူးရှိနေပြီဖြစ်သည်။

ရုတ်တရက် ရူးသွပ်သည့် အကြံဉာဏ်တစ်ခု သူမဆီ ချက်ချင်းဝင်ရောက်လာသည်။ သူမ… ဤအခွင့်အရေးကို အသုံးချပြီး ပေယွီချန်နှင့် လမ်းခွဲသင့်သလား။

လင်းယန်က သူမ၏ကိုယ်ကို ကားဘေးကို မှီပြီး ကားရှေ့သို့ နည်းနည်းချင်း တိုးသွားသည်။ တိုးတိုးလေးနှင့် “တတိယမောင်လေး အစ်မကြီးရဲ့ ရည်းစားက သူ့ကို သစ္စာဖောက်တယ်ဆိုတာ မင်းအစ်ကိုသိသွားရင် ဘာဖြစ်မလဲ” ဟု မေးလိုက်သည်။

ပေယွီထန်က တင်းကျပ်နေသည့် အသံနှင့် ပြန်ဖြေသည်။

“ကျွန်တော်က ဘယ်လိုသိမလဲ။ ကျွန်တော့်အစ်ကိုကို ဘယ်သူမှ သစ္စာမဖောက်ဖူးဘူး။ သူက မိန်းကလေးတွေကိုတောင် သူတို့ရဲ့ Idol တွေနဲ့ ရည်းစားတွေကို ဆန္ဒအလျောက် စွန့်လွှတ်စေခဲ့တဲ့သူပဲလေ”

လင်းယန်က စုံစမ်းမေးမြန်းလိုက်သည်။

“ခန့်မှန်းကြည့်လို့ မရဘူးလား...”

ပေယွီထန်က ပြန်ဖြေသည်။

“ခန့်မှန်းခိုင်းတာလား။ ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားလိမ့်မယ် ထင်တယ်…”

လင်းယန်က အတော်လေး တုန်လှုပ်သွားတော့သည်။

“သူက အဲဒီလောက်... ကြောက်စရာ ကောင်းတာလား”

ပေယွီထန်က ပြန်ဖြေသည်။

“ဒါကြောင့် အစ်မက ကျွန်တော့်အစ်ကိုအကြောင်း လုံးဝမသိဘူးလို့ ကျွန်တော် ပြောတာ။ အရင်က သူဘယ်လိုလူလဲဆိုတာသာ သိရင် တစ်မိနစ်အတွင်း ကမ္ဘာ့တစ်ဖက်ခြမ်းကို ထွက်ပြေးမှာ သေချာတယ်”

လင်းယန်မှာ စကားပင်မပြောနိုင်တော့...

သူမ ဤကိုကြားတော့ လင်းယန်က လမ်းခွဲရန် အကြံပြုမည့် အတွေးကို ဘေးဖယ်ထားလိုက်သည်။ သူမက လမ်းခွဲရန် ပိုမိုလုံခြုံသည့် နည်းလမ်းကို ရွေးချယ်မည်ပင်။

ဘာဖြစ်လို့ ငါ့ကိုယ်ငါခက်ခဲအောင်လုပ်ရမှာလဲ။

ထို့အပြင် သူမ၏ ကိုယ်အခြေအနေကို မသေချာပေ။ သူမ ထိန်းချုပ်မရ ဖြစ်ပြီး ပေယွီချန်ကို ထပ်မံ၍ မလေးမစားလုပ်မိနိုင်သည်။ သူမ အသက်ရှင်ရန်အတွက် ‘ရည်းစားပုံစံ’ လိုအပ်သည်။

လင်းယန်က သူမ၏ ဦးနှောက်ကို ဒေါသတကြီး မုန်တိုင်းကဲ့သို့ ပြန်လည်အလုပ်လုပ်စေခဲ့သည်။ သူမ ပေယွီချန်ကို သတိထားပြီး လှမ်းကြည့်လိုက်ပြီး အလျင်အမြန် ရှင်းပြလိုက်သည်။

“မစ္စတာပေ ရှင်ဖျော်ဖြေရေးလောကအကြောင်းကို သိပ်မသိပေမဲ့ ဒီကောလာဟလတွေအားလုံးက အမှန်မဟုတ်ပါဘူး။ ရှင့်ရဲ့ညီအကြောင်း ရှင်ကောင်းကောင်းသိမယ်လို့ ကျွန်မ

ထင်တယ်၊ ဒါကြောင့် ကျွန်မ ရှင်းပြဖို့ မလိုပါဘူး။ ရှင်တို့က သွေးသားတော်စပ်ကြတာဆိုတော့ သူက ရှင့်လိုပဲ မြင့်မြတ်ပြီး ဂုဏ်ယူစရာ အရသာရှိတာ သဘာဝပါပဲ။ ဥက္ကဋ္ဌပေ လိုအပ်နေတဲ့သူတွေကို ကူညီတာက ရှင့်ညီရဲ့ သဘာဝဖြစ်သလို ရှင့်ရဲ့ သဘာဝလည်း အဲ့လိုပဲလေ။ ဒီကောလာဟလတွေက စိတ်ညစ်ညူးပြီး သေးနုပ်တဲ့လူတွေက စတင်ခဲ့တာပါ။ သူတို့က မိုက်မဲတဲ့ ဇာတ်လမ်းတွေ ဖန်တီးခဲ့ကြတာ...”

“အခုဖော်ပြထားတဲ့ တခြားယောက်ျားတွေနဲ့ ပတ်သက်ရင်လည်း ဒီဟာတွေအားလုံးက အဓိပ္ပာယ်မရှိတဲ့ ကောလာဟလတွေချည်းပါပဲ”

လင်းယန်က ခါးမတ်စွာ ထိုင်လိုက်ပြီး တည်ကြည်ဖြောင့်မတ်သည့် ပုံစံဖြင့်။ သူမ၏အသံက ထပ်မံ၍ ကြည်လင်စွာ မြည်ဟိန်းလာသည်။

“ဒါ့အပြင် ကျွန်မက မျက်စိကန်းနေတာမှ မဟုတ်ဘဲ။ ဘာလို့ သူတို့ကို စိတ်ဝင်စားရမှာလဲ။ ကျွန်မမှာ အရသာကောင်း ရှိတယ်ဆိုတာ ရှင်သိပါတယ်နော်”

“ဟန်ရီရွှမ်က ကျွန်မရဲ့ ရည်းစားဟောင်းဖြစ်တာ မှန်ပါတယ်။ ဒါပေမဲ့ သူက လူဆိုးတစ်ယောက်ပဲ။ ကျွန်မ သူ့နဲ့ ဘာမှမပတ်သက်တော့ဘူး။ လူတစ်ယောက်က သူ့ရည်းစားဟောင်းကို မမေ့နိုင်ရင် အခုလက်ရှိ လက်တွဲဖော်က မကောင်းလို့တဲ့။ ဒါ ကျွန်မနဲ့ လုံးဝမဆိုင်ဘူး။ ကျွန်မရည်းစားက သူ့ကို စက္ကန့်ပိုင်းအတွင်း ရှင်းထုတ်ပစ်နိုင်တယ်”

ပေရှုနန်မှာ စကားပင်မပြောနိုင်တော့...

ပေယွီထန်မှာ စကားပင်မပြောနိုင်တော့...

‘ဒယ်ဒီပြောတာ မှန်တယ်’ ဟု ပေယွီထန် သူ၏ဘာသာသူ တွေးလိုက်သည်။ ကောလာဟလများကို ရှင်းပြသည့်အပြင် သူမက အစ်ကိုကြီးကို အကြိမ်ကြိမ် ချီးမွမ်းခဲ့သည်။ ပေယွီထန် လုံးဝအထင်ကြီးသွားသည်။

“အစ်မကြီး အစ်မ ဘယ်ကနေ ဒီလိုချွဲချွဲနွဲ့နွဲ့ပြောတတ်တာလဲ။ ကျွန်တော့်ကို သင်ပေးလို့ ရမလား” ဟု ပေယွီထန်က သူမကို ရိုးသားစွာ မေးလိုက်သည်။

လင်းယန်က သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

“အဓိပ္ပာယ်မရှိတာ။ ငါ ဘယ်သူ့ကိုမှ ချွဲချွဲနွဲ့နွဲ့ ပြောနေတာ မဟုတ်ဘူး။ စကားလုံးတိုင်းက ရင်ထဲကလာတာ”

ပေယွီထန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

“ဟုတ်ပါတယ် ဟုတ်ပါတယ်...”

ဒယ်ဒီက အမြဲမှန်သည်။

ပေယွီချန်က ဤတစ်လျှောက်လုံး စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သူ၏မျက်နှာအမူအရာက ခန့်မှန်း၍ မရနိုင်ပေ။ လင်းယန် ပေယွီချန် ဘာတွေးနေသည်ကို လုံးဝမသိပေ။ သို့သော် သူမ တံတွေးမျိုချပြီး ဆက်ပြောလိုက်သည်။

“မစ္စတာပေ ဒါတွေအားလုံးက ကောလာဟလတွေပါ။ ကျွန်မ ဒီယောက်ျားတွေနဲ့ ဘာမှမပတ်သက်ဘူး...

ဥက္ကဋ္ဌပေ ရှင်က တကယ်အလုပ်များပြီး ကြီးမားတဲ့ ကုမ္ပဏီကြီးကို ဦးစီးနေတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒီလိုသေးနုပ်တဲ့ ကိစ္စတွေနဲ့ ရှင်စိတ်အနှောင့်အယှက်ဖြစ်စရာ မရှိသင့်ပါဘူး...

ဒါပေမဲ့... မလိုလားအပ်တဲ့ နားလည်မှုလွဲမှားမှုတွေကို ကာကွယ်ဖို့... ကျွန်မ ရှင့်ကို ရှင်းပြချင်တာပါ...”

ပေယွီချန်က သူ၏စာရွက်စာတမ်းများကို ဘေးဖယ်ထားပြီး သူ့လက်ကို မြှောက်လိုက်သည်။ သူက သူ၏လည်ပင်းပတ်လည်က လည်စည်းကို ပေါ့ပေါ့ပါးပါး ဆွဲလိုက်ရာ ချက်ချင်းပင် ပိုမို၍ စိတ်အပန်းဖြေပြီး လွတ်လွတ်လပ်လပ် ဖြစ်သွားကာ သူ၏ မူလကတင်းကျပ်သည့် ဟန်ပန်ကို လျော့ပါးသွားစေသည်။

သူက သူ၏လက်ကို နဖူးတွင် ထောက်ပြီး ကောင်မလေးကို ဘေးတစောင်း ကြည့်လိုက်သည်။

“မစ္စလင်း မင်း ကိုယ့်ကို အရမ်းအထင်ကြီးလွန်းတယ်။ မင်းရဲ့ ချီးမွမ်းမှုနဲ့ ကိုယ်က မထိုက်တန်ပါဘူး”

လင်းယန်က လန့်ပြီး “ဟမ်” ဟု ထအော်လိုက်သည်။

သူမ ပေယွီချန်၏ စကားကို သိပ်နားမလည်ပေ။

ပေယွီချန်က တုန်ယင်နေသည့် ကောင်မလေးကို စိုက်ကြည့်ပြီး သူ၏ နက်ရှိုင်းသည့်အသံဖြင့် ပြောလိုက်သည်။

“ကိုယ်လည်း သဝန်တိုတတ်တယ်”

သူမ၏ ချီးမွမ်းမှုနှင့် ချွဲချွဲနွဲ့နွဲ့ ပြောဆိုမှုက သူနှင့် မထိုက်တန်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း ကောလာဟလများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး သဝန်တိုတတ်သောကြောင့်ပင်။

All Chapters