ပိုက်ဆံမရှိဘူး
Vol. 9 Ch. 134
ဝန်ထမ်းများ ရပ်လိုက်ပြီး တစ်ယောက်နှင့်တစ်ယောက် အဓိပ္ပာယ်ပါသော အကြည့်များ ဖလှယ်လိုက်ကြသည်။ တိုးတိုးလေးနှင့် “ဒါ့အပြင် ဝေရွှီဖုန်းက လင်းရွှေယာကို သဘောကျတယ်ဆိုတာ လူတိုင်းသိကြတယ်။ သူ့နတ်သမီး အနိုင်ကျင့်ခံရတာကို သူ ဘယ်လိုလုပ် ဘာမှမလုပ်ဘဲ နေနိုင်မှာလဲ”
“လခွမ်း….လင်းယန်လို မျက်နှာပြောင်တိုက်တဲ့သူပဲ လင်းရွှေယာနဲ့ ယှဉ်ပြီး ယောကျ်ားအတွက် တိုက်လိမ့်မယ်။ သူက လုပ်ငန်းတစ်ခုလုံးရဲ့ ရယ်စရာလူဖြစ်နေပြီဆိုတာ သူ မသိဘူးလား”
“သူမက လင်းဖျန်ရွှမ်အဖြစ် သရုပ်ဆောင်ဖို့တောင် လုပ်ရဲတယ်။ သူမ ဘာတွေ ထပ်လုပ်နိုင်သေးလဲ။ ငါတို့ရဲ့ ချစ်လှစွာသော မင်းသားဝေကို စော်ကားပြီးနောက် သူမ ထပ်ပေါ်လာရဲမလား မသိဘူး”
ဝန်ထမ်းများ စကားပြောပြီးသွားသောအခါ စတူဒီယိုက ရုတ်တရက် တိတ်ဆိတ်သွားသည်။
လင်းယန်က အဝတ်အစားပေါ့ပေါ့ပါးပါးဖြင့် ဦးထုပ်ဆောင်းပြီး ဝင်ပေါက်မှ ဝင်လာသည်။ သူမ၏လက်ထောက် ဒူဒူက သူမ၏နောက်တွင် ပါလာသည်။ သူတို့နှစ်ဦးစလုံး ဝင်လာသောအခါ မျက်လုံးအစုံများစွာက သူတို့ကို စူးစိုက်ကြည့်နေခဲ့ကြသည်။
“ဒီကို မြန်မြန်ကြည့် လင်းယန်ပဲ။ အိုး ဘုရားရေ သူ ဘယ်လောက်တောင် မျက်နှာပြောင်တိုက်တာလဲ။ သူ တကယ်ရောက်လာတာပဲ”
“သူမက ဝေရွှီဖုန်းနဲ့ စုံတွဲအဖြစ် သရုပ်ဆောင်ဖို့ အခွင့်အရေးကို နောက်ဆုံးတော့ ရသွားပြီ။ သူမ ဘယ်လိုလုပ် ဒါကို လွဲချော်နိုင်မှာလဲ။ သူမ လိုအပ်ရင် တွားသွားပြီးတောင် လာလိမ့်မယ်”
“မင်းသား ဝေရွှီဖုန်း ဘယ်တော့ရောက်လာမလဲ။ ဝေရွှီဖုန်း သူမကို တစ်စစီဆွဲဖြဲတာကို တကယ်ကြည့်ချင်နေပြီ။ အံ့မခန်း မြင်ကွင်းဖြစ်လိမ့်မယ်။ မစောင့်နိုင်တော့ဘူး”
ကျန်းစီးဖေးနှင့် အမြဲတွဲနေခဲ့သည့် ဒူဒူက လူတိုင်းက သူမကို ယဉ်ကျေးစွာ ဆက်ဆံတာကို အကျင့်ဖြစ်နေခဲ့သည်။ သို့သော် ယခု လင်းယန်နှင့် အတူရှိနေသောကြောင့် ရက်အနည်းငယ်အတွင်းမှာပင် လှောင်ပြောင်သရော်သည့် စကားများစွာ နားထောင်ခဲ့ရသည်။
ဒူဒူက မျက်နှာမဲ့ကာ သူ့မကို “ရိုးရိုးသားသားပြောရရင် ကျွန်မ ထုတ်လုပ်ရေးမှာ အလုပ်လုပ်ခဲ့တဲ့ နှစ်တွေအတွင်း အစ်မလောက် အမုန်းခံရတဲ့ အနုပညာရှင်ကို တစ်ခါမှ မမြင်ဖူးဘူး…” ဟုဆိုသည်။
လင်းယန်က အွန်လိုင်းပေါ်က လူစိမ်းများကို စည်းလုံးစေခဲ့သည်။ သူတို့၏ ပစ်မှတ်က လင်းယန်ဖြစ်နေသရွေ့ မည်သူမဆို သူငယ်ချင်းဖြစ်နိုင်သည်။
လင်းယန်က ထိုကောင်မလေးကို မျက်နှာချိုသွေးပြီး “အိုး ငါက ဒီလောက်တောင် အထင်ကြီးစရာ ကောင်းတာလား။ ဘယ်လိုလုပ် ငါ ဒီလိုလုပ်နိုင်မှာလဲ”
ဒူဒူ၏ နှုတ်ခမ်းထောင့်များ ကွေးသွားသည်။
“အစ်မ ဘယ်လိုလုပ် ဒီလောက်ရဲတင်းနေလဲဆိုတာ ကျွန်မ မသိဘူး။ ဒီတစ်ခါ အစ်မ ဘယ်သူ့ကို စော်ကားထားလဲဆိုတာ အစ်မသိလား။ အစ်မ သေရတော့မယ်ဆိုတာကိုသိတာတောင် ဘယ်လိုလုပ် လှောင်ပြောင်နေနိုင်သေးတာလဲ”
“ဝေရွှီဖုန်းက တကယ်ကို ကြောက်စရာကောင်းတာလား”
လင်းယန်က မျက်ခုံးပင့်လိုက်သည်။
ဒူဒူမှာ အတန့်သား ဖြစ်သွားသည်။
“သေချာတာပေါ့ ဝေရွှီဖုန်းအကြောင်း မကြားဖူးဘူးလား။ သူက အင်အားကြီးတဲ့ မိသားစုကနေ ဆင်းသက်လာတာ။ သူ ပွဲဦးမထွက်ခင်ကတည်းက သူ့ရဲ့ ပျော်ပါးမှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေတာ”
“သူက သူလိုချင်တာကို ရအောင်ယူတဲ့ အာဏာရှင်ပဲ။ ဘယ်သူမှ သူ့ကို မစော်ကားရဲဘူး။ သူ့စိတ်တိုင်းမကျရင် ဖျက်ဆီးပစ်နိုင်တယ်”
“သူ့နာမည်ကို လူသိအောင် လုပ်တုန်းက ပထမဆုံးအကြိမ် အစ်မ ကံကောင်းသွားတာ။ ဒါပေမဲ့ အရှုပ်တော်ပုံက ထပ်ကြီးလာတာဆိုတော့ သူ သေချာပေါက် ငြိမ်ခံနေမှာ မဟုတ်ဘူး”
ဒူဒူက စကားပြောရင်း ပိုမိုဒေါသထွက်လာသည်။
“အစ်မ ဘာလို့ အစ်မလင်းရဲ့ နောက်ကွယ်မှာ အရှုပ်တော်ပုံ နောက်တစ်ခု ထပ်ဖြစ်အောင် လုပ်ရတာလဲ။ အစ်မ အသက်ရှင်ရတာ ပင်ပန်းနေပြီလား။ ဒါကြောင့် ဒီလို အန္တရာယ်များတဲ့သူကို စော်ကားရတာလား”
လင်းယန်က အပြစ်ကင်းစင်စွာ မျက်တောင်ခတ်လိုက်သည်။
“ဘယ်သူက ငါ အဲဒီအရှုပ်တော်ပုံကို ဖန်တီးတယ်လို့ ပြောတာလဲ”
ဒူဒူက “တခြား ဘယ်သူဖြစ်နိုင်သေးလဲ” ဟု ရွဲ့ပြောလိုက်သည်။
လင်းယန်က “ငါ့မှာ ပိုက်ဆံမရှိဘူးလေ။ ဘယ်လိုလုပ် အဲဒီလိုလုပ်နိုင်မှာလဲ” ဟု ပြန်ဖြေလိုက်သည်။
မယုံနိုင်စရာပဲ…
သို့သော် ဒူဒူက တကယ်ပင် လည်ချောင်းနာပြီး စကားပင်မပြောနိုင်ဖြစ်သွားသည်။ သူမက လင်းယန် ပိုက်ဆံမရှိဘူးဆိုတာ သေချာသည်။
သူမ၏ အဝတ်အစားများအားလုံးက စျေးပေါသည်။ သူမ၏အိတ်ကလည်း စုတ်ပြတ်နေ၏။ သူမ အိတ်ပေါ်တွင် ‘အမြန်ချမ်းသာပါစေ’ ဆိုသည့် စာသားကြီးကိုပင် ချုပ်ထားသည်။
သူမ ယခု ရင်ဆိုင်နေရသည့် အန္တရာယ်ရှိသော အခြေအနေကြားကပင် ယနေ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကို ရွေးချယ်စီးနင်းခဲ့သည်။ ပိုက်ဆံက သူမ၏အသက်ထက်ပင် ပိုအရေးကြီးသည်…
ဒူဒူက သူမ၏ Weibo အကောင့်အသစ်နှင့် နေ့တိုင်း တူညီနေသည့် post အဟောင်းကို ကြည့်ရသည်မှာ မခံနိုင်တော့ပေ။
လင်းယန်က ဒူဒူ စကားပြောရခက်နေသည်ကို သတိထားမိပြီး သူ၏ပခုံးကို နူးညံ့စွာ ပြုံးလျက် ပုတ်လိုက်သည်။
“ငါ စွမ်းဆောင်နိုင်နေတာကို ဘာလို့ မလိုအပ်တဲ့အရာတွေမှာ ပိုက်ဆံဖြုန်းရမှာလဲ”
ဒူဒူက သူ၏ဘာသာသူ တွေးလိုက်သည်။
‘ကောင်းပြီ နင် အနိုင်ရတယ်။ နင် ပျော်နေသရွေ့ပေါ့’