သရဖူဆောင်းထားသော အမျိုးသမီးဇာတ်ဆောင်
Vol. 9 Ch. 132
‘ဘုရားရေ ထုတ်လုပ်ရေးက လင်းယန်ကို ငါတို့ရဲ့ ချစ်လှစွာသော ရှုဖုန်းနဲ့ ဘယ်လိုလုပ် တွဲခွင့်ပြုရဲတာလဲ။ သောက်လခွမ်း….’
‘လင်းယန်က အရမ်းရုပ်ဆိုးတယ်။ ဒါ့အပြင် သူက ပရိယာယ်များပြီး ဟန်ဆောင်တတ်တဲ့ ခွေးမပဲ။ သူက နတ်သမီး လင်းဖျန်ရွှမ်အဖြစ် ဘယ်လိုလုပ် သရုပ်ဆောင်နိုင်တာလဲ။ သရုပ်ဆောင်ရွေးပွဲတုန်းက ထုတ်လုပ်ရေးအဖွဲ့မှ ဆေးမိနေတာလား’
‘အားလုံး 'Meeting One's Match' ကို သပိတ်မှောက်ဖို့ တောင်းဆိုတယ်။ လင်းယန်သာ လင်းဖျန်ရွှမ်အဖြစ် သရုပ်ဆောင်ရင် ငါ လုံးဝမကြည့်ဘူး။ ဒီလောက် စက်ဆုပ်ဖွယ်ကောင်းတာကို ဘာလို့ ကြည့်ရမှာလဲ’
‘လင်းဖျန်ရွှမ်မှာ ကိုယ်ပိုင် မြှင့်တင်ရေးဓာတ်ပုံတွေတောင် မရှိဘူးဆိုတာ ဘယ်သူမှ သတိမထားမိဘူးလား။ ထုတ်လုပ်ရေးတောင် သူ့ရုပ်ရည်က ပြသဖို့ ရှက်စရာကောင်းလွန်းတယ်ဆိုတာ သိတယ်’
သရုပ်ဆောင်များ၏ တရားဝင်စာရင်း ထွက်လာပြီးနောက် ဝေရွှီဖုန်း၏ ပရိသတ်များက အင်အားအပြည့်ဖြင့် တိုက်ခိုက်ခဲ့ကြသည်။ အနည်းငယ် ပိုမိုပြင်းထန်ပြီး စိတ်လှုပ်ရှားနေသည့် ပရိသတ်အချို့က လင်းယန်၏ မျက်နှာကို ဖြတ်တောက်ပြီး သေဆုံးသူတစ်ဦး၏ ဓာတ်ပုံထဲသို့ Photo-shop ဖြင့် ထည့်ခဲ့ကြသည်။
လင်းယန်က ဤဝေဖန်မှုများနှင့် ပတ်သက်ပြီး မည်သည့်တုံ့ပြန်မှုမျှ မပေးခဲ့ပေ။ သူမက သူမ၏ နေ့စဉ် post ကိုသာ ထပ်မံတင်နေခဲ့သည်။
‘ဒီနေ့ ချမ်းသာသွားပြီလား။ မဟုတ်သေးဘူး’
လင်းယန်က ဝေရွှီဖုန်းနှင့် သိပ်ရင်းနှီးတာ မရှိပေ။ သူ၏အကြောင်းကို ကြားဖူးရုံသာမက သူ၏သီချင်းများကိုသာ ရိုးရိုးရှင်းရှင်း သဘောကျသည့် ပရိသတ်တစ်ဦး ဖြစ်သည်။
ဝေမိသားစုက ရတနာလုပ်ငန်းကို လုပ်ကိုင်ပြီး မြို့တော်တွင် ဂုဏ်သိက္ခာရှိသည့် မိသားစုတစ်ခု ဖြစ်သည်။ ဝေရွှီဖုန်းက မိသားစု၏ အငယ်ဆုံးအဖွဲ့ဝင်ဖြစ်ပြီး အချစ်ဆုံးသားလည်း ဖြစ်သည်။
ဝေရွှီဖုန်းက ဂီတတွင် တကယ်ပင် အရည်အချင်းရှိသည်။ သူ ကလေးဘဝကတည်းက ဂီတကို လေ့လာခဲ့ပြီး ၁၈ နှစ်သားတွင် ပွဲဦးထွက်ခဲ့သည်။ သူက သီချင်းရေးစပ်နိုင်သည်၊ စာသားရေးနိုင်သည်၊ သီချင်းဆိုနိုင်သည်၊ တူရိယာမျိုးစုံ တီးနိုင်သည်။
သူ ပွဲဦးထွက်တုန်းက သူ၏ မယုံနိုင်စရာ အရည်အချင်းနှင့် ဂီတစွမ်းရည်များက စက်မှုလုပ်ငန်းတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။ မကြာမီမှာပင် သူ သရုပ်ဆောင်ခြင်းဘက်ကိုပါ ကူးပြောင်းခဲ့သည်။
သူက အလွန်ပင် ထူးချွန်သည်မို့ ကောင်းကင်ဘုံက သူ့ကို ကောင်းချီးပေးထားသလိုပင်။
ကံမကောင်းစွာဖြင့် သူကဲ့သို့ ထူးချွန်ပြီး အရည်အချင်းရှိသည့်သူတစ်ယောက်က လင်းရွှေယာကို သဘောကျခဲ့သည်။
သူတို့နှစ်ဦးစလုံးက Triumph Entertainment တွင် အလုပ်လုပ်ကြပြီး သူက လင်းရွှေယာ၏ ဆရာအဆင့်ဟု သတ်မှတ်ခံရသည်။ လင်းရွှေယာ ပွဲဦးထွက်တုန်းက ဝေရွှီဖုန်းက သူမကို ကောင်းကောင်း ဂရုစိုက်ပေးခဲ့သည်။ သူမကို ရင်းနှီးမြှုပ်နှံသူများနှင့် မိတ်ဆက်ပေးခဲ့ပြီး ဂရုစိုက်မှုနှင့် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်လျှံစေခဲ့သည်။
ပရိသတ်များက သူတို့၏ ဆက်ဆံရေးအကြောင်း ကောလာဟလများ ဖန်တီးခဲ့ကြသော်လည်းသူတို့က ဆရာနှင့် တပည့်ကဲ့သို့ တစ်ဦးကိုတစ်ဦး လေးစားရုံသက်သက်သာဟု ရှင်းပြခဲ့ကြသည်။
ကြည့်ကောင်းသည့် ယောက်ျားတစ်ယောက်နှင့် လှပသည့် မိန်းကလေးတစ်ယောက်က ပြီးပြည့်စုံသည့် စုံတွဲဖြစ်စေသည်။ သူတို့ ချစ်ကြိုက်နေသည့် ကောလာဟလများ ထွက်လာရင်တောင် သူတို့၏ ပုံရိပ်ကို မထိခိုက်ခဲ့ပေ။ ဤကဲ့သို့ ကောလာဟလများက စုံတွဲအဖြစ် သူတို့ကို သဘောကျသည့် ပရိသတ်အရေအတွက်ကို တကယ်ပင် တိုးပွားစေခဲ့သည်။
ပရိသတ်များနှင့် လူအများ မသိလိုက်သည်မှာ ဝေရွှီဖုန်းက လင်းရွှေယာကို တကယ်ပင် ချစ်မိသွားခဲ့ခြင်း ဖြစ်သည်။ လင်းရွှေယာ ဟန်ရီရွှမ်နှင့် တွဲပြီးသည့်နောက်မှာတောင် ဝေရွှီဖုန်းက လင်းရွှေယာကို ချစ်ရေးဆိုရန် ကြိုးစားခဲ့သည်ဆိုသည်ကို သူတို့ကုမ္ပဏီမှ လူများ သိခဲ့ကြသည်။
လင်းရွှေယာ၏ နတ်သမီးဆန်ပြီး ချစ်စရာကောင်းသည့် ပုံစံကြောင့် ပရိသတ်များနှင့် ထောက်ခံသူများ အများအပြား၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။ ဝေရွှီဖုန်းလည်း သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။
အရင်တုန်းက ပေယွီထန်က လင်းရွှေယာ၏ လုပ်ငန်းနယ်ပယ်ထဲမှ ဆက်သွယ်မှုများ မည်မျှခိုင်မာသည်ဆိုသည်ကို ပြောခဲ့ဖူးသည်။ ထိုအရာက အမှန်ပင်။
လင်းရွှေယာ၏ ဖခင် လင်ယွဲ့ထုံက Triumph Entertainment ၏ ဥက္ကဋ္ဌ။ သူမ၏ ရည်းစား ဟန်ရီရွှမ်က ဟန်ကော်ပိုရေးရှင်း၏ အမွေခံ။ သူမ၏ ဆရာက ဂီတပညာရှင်ကြီး ဝေရွှီဖုန်း။ သူမ၏ စန္ဒရားဆရာက နာမည်ကြီး ဂီတပညာရှင် ယွီဇီဟန်။ သူမ၏ သရုပ်ဆောင်ဆရာက မြို့တော် ဒရာမာနှင့် ပြဇာတ်ကျောင်း၏ ဒုကျောင်းအုပ်…
သူမသည် ခေါင်းပေါ်တွင် တောက်ပသည့် သရဖူကို တကယ်ဝတ်ဆင်ထားသည့် ဝတ္ထုထဲမှ အမျိုးသမီးဇာတ်ဆောင်တစ်ဦးကဲ့သို့ပင်။ လူတိုင်းက သူမကို ချစ်ခင်နှစ်သက်ကြပြီး သူမက အကျိုးပြုသူများ အများအပြားနှင့် ဆုံတွေ့ခဲ့ရသည်။ ငယ်ရွယ်ချောမောသည့် ယောက်ျားများ အများအပြားက သူမကို ရူးမိုက်စွာ ချစ်မိခဲ့ကြသည်။
သူမနှင့်ယှဉ်လျှင် လင်းယန်က ဆိုးသွမ်းပြီး ပရိယာယ်များသည့် ခွေးမတစ်ကောင်ဖြစ်သည်။
ကောလာဟလများ ပြင်းထန်လာချိန်တွင် လင်းယန်နှင့် ဝေရွှီဖုန်းအကြောင်း ကောလာဟလများ ရုတ်တရက် ထပ်မံပေါ်လာပြန်သည်။
လူများသည် ဝေရွှီဖုန်းက လင်းယန်ကို လျှို့ဝှက်ချစ်နေသည်ဟု ပြောဆိုကြပြီး ၎င်းက ပရိသတ်များကို ဒေါသထွက်စေခဲ့သည်။
လင်းယန်က လူမိုက်မဟုတ်ပေ။ ၎င်းက လင်းရွှေယာ၏ ကြံစည်မှုဖြစ်သည်ကို သူမသိသည်။
ဝေရွှီဖုန်းက ဖန်စန်းယန်နေရာက သရုပ်ဆောင်မည်ဆိုသည်ကို လင်းယန် သိလိုက်ရချိန်တွင် သူမ ၎င်းကို ကြိုတင်ခန့်မှန်းထားနှင့်ပြီးဖြစ်သည်။ သူမက သူမ၏သခင်လေးနှင့် ဆက်လက်၍ ပဋိပက္ခဖြစ်မည်ဟု ထင်ခဲ့ခြင်းပင်။
သူမ မျှော်လင့်ထားသည့်အတိုင်းပင် ဝေရွှီဖုန်းက လင်းယန်ကို သူ၏အစ်မကို အနိုင်ကျင့်သည်ဟု ဆူပူသည့် Weibo post ကို Like လုပ်ခဲ့သည်။ သူက လင်းယန်နှင့် သူ၏ အရှုပ်တော်ပုံအကြောင်း ကိုယ်တိုင် comment ပါ ပို့စ်တင်ခဲ့သည်။
ဝေရွှီဖုန်းက ‘ကျွန်တော် သူ့ကို ချစ်တာလား။ ကျွန်တော် မျက်စိကွယ်နေမှ ဖြစ်မှာ’ ဟု ပြန်ဖြေခဲ့သည်။