← Chapters

ပေရှုနန်က မျက်စိကွယ်နေတာလား။

Vol. 9 Ch. 121

ပေရှုနန်က မျက်စိကွယ်နေတာလား။

Vol. 9 Ch. 121

သူမသည် လင်းယန်နှင့်ပတ်သက်၍ မကြာသေးမီကမှ အရှုပ်တော်ပုံဖြစ်ထားပြီး ယခုတော့ တကယ်ပင် သူ့ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရသည်။

၎င်းသည် မည်မျှပင် စိတ်မသက်မသာ ဖြစ်လိုက်သည်နည်း။

ဒါကဘယ်လောက်လောက်တောင်မှ စိတ်မသက်မသာဖြစ်စရာကောင်းလိုက်လဲ။

ဒူဒူ တကယ်ကို ငိုချင်စိတ်ပေါက်သွားသည်။ လင်းယန်၏ ချစ်သူများက တကယ်ကို နေရာတိုင်းတွင် ရှိနေသည်မို့ မည်သည့်အချိန်မဆို တစ်ယောက်ယောက်နှင့် တွေ့နိုင်ပေသည်။ ဤကြားထဲတွင်မူ သူက အကြီးဆုံးပင်။

“မစ္စတာပေ” ဟု ကျောက်ဟုန်လင်းက ယဉ်ကျေးစွာ အရိုအသေပြုပြီး နှုတ်ဆက်လိုက်သည်။ လင်းယန် လုပ်ခဲ့သည့်ကိစ္စများကြောင့် သူမကို မြင်ရသူ မည်သူမျှ စိတ်ကျေနပ်မည်မဟုတ်ပေ။

ကံကောင်းစွာဖြင့် ပေရှုနန်သည် မြင့်မြတ်သည့်အဆင့်အတန်းရှိသော ထင်ပေါ်ကျော်ကြားသူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူက ဤကဲ့သို့ သေးနုပ်သည့် ကိစ္စများနှင့် သိပ်ပြီး စိတ်အနှောင့်အယှက်ခံမည်မဟုတ်ပေ။ ကျောက်ဟုန်လင်း သူ့ကုမ္ပဏီကို ကိစ္စရှင်းလင်းရန် သွားတုန်းကလည်း လူတိုင်းက ယဉ်ကျေးပြီး ဆင်ခြင်တုံတရားရှိပုံရသည်။

သူမသည် ဒူဒူနှင့် လင်းယန်တို့၏ လက်များကို ဆုပ်ကိုင်ပြီး ဘေးတစ်ဖက်စီတွင် ရပ်နေကြသည်။ ဒူဒူက လင်းယန်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ပေရှုနန် သူတို့ဆီသို့ လျှောက်လှမ်းလာသည်ကို ကြည့်နေရင်း သူတို့က ထောင့်တစ်နေရာသို့ ဖြေးဖြေးခြင်း ဆုတ်ခွာသွားကြသည်။

ပေရှုနန် ရုတ်တရက် ရပ်တန့်ပြီး လှည့်လာမည်ဟု မည်သူမျှ မထင်ခဲ့ပေ။ သူက ပြန်လှည့်လာပြီး ခေါင်းငုံ့ထားသည့် သုံးယောက်ရှေ့တွင် ရပ်လိုက်သည်။ ဒူဒူက မည်သည့်မိန်းကလေးကိုမဆို ကိုယ်ဝန်ရသွားစေနိုင်သည့် အသံကို ကြားလိုက်ရသည်။

“မစ္စလင်း”

ထိုအသံက ပေရှုနန်၏ အသံပင်။

သူ... ဆုရမင်းသား ပေရှုနန်... က လင်းယန်နှင့် စကားပြောနေခြင်း…

ဒူဒူက အံ့သြစွာဖြင့် သဘာဝအတိုင်း ခေါင်းမော့ကြည့်လိုက်သည်။

သို့သော် လင်းယန် ပေရှုနန်နှင့် စကားပြောခြင်းက ဤပထမဆုံးအကြိမ်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူမက သူ၏ပရိသတ်တစ်ဦး ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီပင်။ သူမ ပေရှုနန်ရှေ့တွင် ရပ်နေချိန်တွင် စိတ်လှုပ်ရှားမှုနှင့် အခြားသော အားပြင်းသည့် စိတ်ခံစားမှုများကြောင့် တုန်ယင်နေမိသည်။

ပေရှုနန်က စကားစပြောလိုက်သောအခါ သူမတော်တော်လေး အံ့အားသင့်သွားသည်။ ထို့ကြောင့် သူမက တုန်ရင်စွာဖြင့် “ဟိုင်း... ဆရာ…” ဟု ထစ်ငေါ့ပြီး ပြောလိုက်သည်။

ပေရှုနန်က အကူအညီမဲ့သလိုမျိုး ရယ်လိုက်သည်။

“မစ္စလင်း အဆင်ပြေရင် မင်း ကျွန်တော့်ကို ခေါ်တဲ့ပုံစံကို ပြောင်းလို့ရမလား။ မင်းရဲ့ ဆရာလို့ ခေါ်ဖို့အတွက် ကျွန်တော်က မထိုက်တန်ဘူးလို့ ထင်ပါတယ်”

သူတို့ကြားက ဝါစဉ်က မှားနေသည်။

လင်းယန်က “အာ…” ဟု ပြန်ဖြေလိုက်သည်။

“နန်ရှုလို့ပဲ ခေါ်ပါ”

ပေရှုနန်က သူမကို ပြုံးပြလိုက်သည်။

လင်းယန်က ချက်ချင်းဆိုသလို ပြင်းပြင်းထန်ထန် ခေါင်းခါလိုက်သည်။

“ဒါ… ဒါက သိပ်မသင့်တော်ပါဘူး…”

သူ့နာမည်ကို ရင်းရင်းနှီးနှီးခေါ်ရန် သူမနဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ။ တစ်ယောက်ယောက် ကြားသွားရင် ဘယ်လိုလုပ်မလဲ။

ပေရှုနန်က အတင်းအကြပ်မလုပ်တော့ဘဲ သူ၏လက်ထောက်ဆီမှ အိတ်တစ်လုံးယူပြီး လင်းယန်ကို ပေးလိုက်ကာ “မစ္စလင်း အပြင်မှာ ပရိသတ်တွေရှိတော့ မင်းထွက်သွားဖို့ ခက်လိမ့်မယ်။ ဒါကို အရင်ဝတ်ထားလိုက် ပြီးရင် ကျွန်တော် မင်းကို ခေါ်သွားပေးမယ်” ဟု ပြောလိုက်သည်။

လင်းယန်မှာ စကားပင်မပြောနိုင်တော့ပေ။

ဤအတောအတွင်းမှာမူ ဒူဒူက သူတို့စကားပြောဆိုမှုကြောင့် လုံးဝကို အံ့အားသင့်နေသည်။ တိတိကျကျပြောရလျှင် ပေရှုနန်က လင်းယန်ကို ဆက်ဆံပုံကြောင့် သူမ တုန်လှုပ်သွားခဲ့ခြင်းပင်။

သူမက ပေရှုနန်က လင်းယန်ကို မေးခွန်းများမေးလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း အခြေအနေက သူမထင်ထားသည်နှင့် လုံးဝကွဲပြားနေသည်။

သူက လင်းယန်ကို သူ့နာမည်နှင့် ခေါ်ခိုင်းခဲ့ပြီး သူမကို ကူညီရန်အတွက်ပင် ရပ်တန့်ခဲ့သည်။ သူက လင်းယန်အတွက် အဝတ်အစားများပါ ပြင်ဆင်ပေးထားခဲ့သည်။ ချစ်ရသည့်မင်းသား ပေရှုနန်က… ၎င်းက မယုံနိုင်လောက်အောင်ပင်။

ဤကဲ့သို့ ယူဆချက်က ဒူဒူ၏ ကမ္ဘာကြီးကို ပြိုလဲသွားစေခဲ့သည်။ သူမက ပေရှုနန်၏ ကာလရှည်ကြာ သစ္စာရှိပရိသတ်တစ်ဦး ဖြစ်ခဲ့သောကြောင့်ပင်။

စကားကို ဆက်၍ ထိန်းမထားနိုင်တော့သည့် ဒူဒူက တိုးတိုးလေး မေးလိုက်သည်။

“အစ်မယန် သူက ဘာလို့ အစ်မကို ဒီလောက် ကောင်းတာလဲ။ သူ ကူညီဖို့တောင် ကမ်းလှမ်းခဲ့တာ။ အစ်မတို့နှစ်ယောက် ဘာတော်လဲ”

လင်းယန်ကလည်း ရုတ်တရက် သူ့အပေါ် ကောင်းမွန်လွန်းသည့် ခံစားချက်ကြောင့် လွှမ်းမိုးနေသည်။

“မင်းထင်နေတဲ့ ဆက်ဆံရေးမျိုး မဟုတ်ပါဘူး…”

ဒူဒူက ရှူးရှူးလုပ်ပြီး “ဘာဖြစ်နိုင်သေးလဲ။ မင်းတို့နှစ်ယောက်ကို အခုကြည့်ဦး” ဟု ပြောလိုက်သည်။

သူမ သံသယများ မှန်နေသည်ကို မလိုချင်သော်လည်း ပေရှုနန်၏ သဘောထားက သူမကို ဤကဲ့သို့တွေးရန် တကယ်ပင် တွန်းအားပေးခဲ့သည်။

လင်းယန်က အကူအညီမဲ့စွာ ပြန်ဖြေလိုက်သည်။

“ဘာတွေတွေးနေတာလဲ။ သူက ငါ့ကိုကြွေလောက်အောင် မျက်စိကွယ်နေတယ်လို့ မင်းထင်နေတာတော့ မဟုတ်ပါဘူးနော်”

ဒူဒူက ခေါင်းကို ပြင်းပြင်းထန်ထန်ခါပြီး “မဟုတ်ဘူး” ဟု ပြန်ဖြေလိုက်သည်။

လင်းယန်က “အဲဒါ မင်းရဲ့အဖြေပဲ” ဟု ပြန်ဖြေလိုက်သည်။

ပေရှုနန် မျက်စိမကွယ်ပေမဲ့ … သူ့အစား… သူ့အစ်ကိုကတော့…

All Chapters