← Chapters

မယုံနိုင်စရာပဲလား။

Vol. 9 Ch. 123

မယုံနိုင်စရာပဲလား။

Vol. 9 Ch. 123

ဒူဒူက လုံးဝမယုံကြည်ဟန်ဖြင့် မျက်လုံးကျဉ်းလိုက်သည်။

“အစ်မရဲ့ မျိုးရိုးနာမည်ကလင်းဖြစ်ပြီး သူ့မျိုးရိုးနာမည်ကပေလေ။ ဘယ်လိုလုပ် ဆွေမျိုးတော်စပ်နိုင်မှာလဲ”

လင်းယန်က ပေါ့ပါးစွာ ပြန်ပြောလိုက်သည်။

“မျိုးရိုးနာမည်မတူရင် ဆွေမျိုးမတော်စပ်နိုင်ဘူးလား”

“တော်စပ်နိုင်ပါတယ်။ ဒါပေမဲ့... အရင်က ဘာလို့ မပြောပြခဲ့တာလဲ”

ထိုအရာသာ တကယ်မှန်လျှင် လင်းယန်က လူအများသိအောင် ခြိမ့်ခြိမ့်သဲသဲ ကြေညာပြီး သူမ၏ နာမည်ကျော်ကြားမှုကို မြှင့်တင်သင့်သည်။

ထို့ကြောင့် လိမ်တာဖြစ်ဖို့ အများဆုံးပင်...

ဒူဒူက သံသယရှိနေဆဲဖြစ်ပြီး ကျောက်ဟုန်လင်းကို လှမ်းကြည့်လိုက်သည်။ ကျောက်ဟုန်လင်းလည်း ဘာမှမသိခဲ့သည်မှာ ထင်ရှားသည်။ သို့သော် လင်းယန်က သိပ်ပြီးတော့ ပြောချင်ပုံမရသည်ကို သူမသိသောကြောင့် ဆက်၍ ဖိအားမပေးတော့ပေ။

လင်းယန်က စကားဆက်ပြောလိုက်သည်။

“သူက ဝေးတဲ့ဆွေမျိုးပါ။ အရမ်းကို ဝေးလံတဲ့ ဆွေမျိုးမျိုးပါ။ အစ်မတို့အားလုံး မသိတာက ပုံမှန်ပါပဲ။ အဓိကကတော့ သူက အရမ်းကောင်းတာ။ ဒါကြောင့် သူကူညီတာပါ...”

သူမ ဤအကြောင်းပြချက်က မှန်ကန်သည်ဟု ယုံကြည်သည်။ မည်သို့ပင်ဖြစ်စေ သူမ ပေယွီချန်နှင့် လမ်းခွဲခဲ့လျှင် ပေရှုနန်နှင့် လုံးဝကို ဆွေမျိုးမတော်တော့ပေ။

ဒူဒူက အံ့သြသံလေးနှင့် “ဒါဆို အစ်မက နာမည်ကြီး ဆုရမင်းသား ပေရှုနန်နဲ့ ဆွေမျိုးတော်စပ်တယ်ပေါ့။ မယုံနိုင်စရာပဲ”

ဝေးသည့်ဆွေမျိုးများ ဖြစ်သော်လည်း အံ့ဩဖို့ကောင်းနေတုန်းပင်။

လင်းယန်က သူမနှုတ်ခမ်းကို စေ့လိုက်သည်။

“အဲဒီလောက်တောင် မယုံနိုင်စရာလား”

ဘာလို့ ဒီလောက်တောင် အကြီးအကျယ် ဖြစ်နေရတာလဲ။ သူမက အငယ်ဆုံးညီလေး ပေယွီထန်၏ ဖေဖေလည်း ဖြစ်နေတာပင်။

လင်းယန်က ဒူဒူနှင့် အချိန်အတော်ကြာ တိုးတိုးတိတ်တိတ် စကားပြောနေခဲ့သည်။ ဤအတောအတွင်း ပေရှုနန်က အေးဆေးတည်ငြိမ်စွာ ရပ်ပြီး စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။ နောက်ဆုံးတော့ ဒူဒူနှင့် ကျောက်ဟုန်လင်းတို့ သူ့ကို သတိထားမိသွားပြီး ပေရှုနန် လင်းယန်နှင့် စကားပြောနိုင်ရန် အနည်းငယ် နောက်ဆုတ်ပေးလိုက်ကြသည်။

“စင်္ကြံရဲ့အဆုံးမှာ အိမ်သာရှိတယ်။ အစ်မ အထဲမှာ အဝတ်လဲလို့ရတယ်” ဟု ပေရှုနန်က အကြံပြုလိုက်သည်။

လင်းယန်က တော်တော်လေး ချီတုံချတုံ ဖြစ်နေသည်။ ပေရှုနန်၏ အကူအညီကို လက်ခံရမည်ကို သူမ စိတ်လှုပ်ရှားပြီး ကြောက်ရွံ့နေသည်။ မည်သို့ပင်ဖြစ်စေ ပေယွီချန်နှင့် သူမ၏ ဆက်ဆံရေးက ရှုပ်ထွေးပြီး လုံးဝကို သူမထိန်းချုပ်၍ မရပေ။

သူမ ရွေးချယ်ခွင့်ရမည်ဆိုလျှင် ပေယွီချန်နှင့် ဘာမှမပတ်သက်ချင်ပေ။ သို့သော် သူမ၏ အသက်က ပို၍တန်ဖိုးရှိသည်….

ဒါ့အပြင်... သူမက ပေရှုနန်၏ ကားထဲသို့ နေ့ခင်းကြောင်တောင် လူအများစု၏ စူးစူးစိုက်စိုက်ကြည့်နေခြင်းကို ခံပြီး ဝင်သွားရမည်ပင်...

ဒါက... အရမ်းစိတ်လှုပ်ရှားစရာ မကောင်းဘူးလား။

လင်းယန်က သတ္တိကို မွေးပြီး သူ၏ ကူညီမှုကို အတင်းအကြပ် ငြင်းပယ်ခဲ့ရသည်။

“ကူညီပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒါက နည်းနည်းတော့ စွန့်စားရာ ရောက်တယ်။ ပရိသတ်တွေသာ မြင်ရင် ကျွန်မ နာမည်ဖျက်ခံရလိမ့်မယ်။ အဲဒါက ကျွန်မအတွက် အဆင်ပြေပေမဲ့ ဆရာ့ရဲ့ ဂုဏ်သတင်းကို ဘယ်လိုနည်းနဲ့မှ ထိခိုက်စေလို့ မရဘူး။ အဲ့ဒီအစား ဆရာ့အဝတ်တွေကိုပဲ ကျွန်မယူလိုက်ပါ့မယ်။ နောက်မှ ထွက်သွားဖို့ နည်းလမ်းရှာပါ့မယ်”

လင်းယန်သည် သူမက ပြီးပြည့်စုံပြီး သိမ်မွေ့သည့် ဆင်ခြေတစ်ခု ပေးနိုင်ခဲ့သည်ဟု ခံစားလိုက်ရသည်။ သူမ၏ စကားကို ကြားပြီးနောက် ပေရှုနန်က ဆက်၍ အတင်းအကြပ်လုပ်မည်မဟုတ်ဟု သူမ ယုံကြည်သည်။

နောက်ဆုံးတွင်မူ ပေရှုနန်က သူမကို အဓိပ္ပာယ်ပါသည့် အမူအရာဖြင့် ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်တော့်အစ်ကိုက ကားထဲမှာ မင်းကို စောင့်နေတယ်”

လင်းယန်မှာ စကားပင်မပြောနိုင်တော့ပေ...

သူ့အစ်ကို... ကားထဲမှာ... သူမကို... စောင့်နေတာလား။

သူမ ဘယ်လိုလုပ်ငြင်းဆန်နိုင်မှာလဲ။

သူ ဒါကို စောစောကတည်းက ပြောပါ့လား။

ထိုသို့ဆိုပါက သူမ သူ၏အကူအညီကို ငြင်းဆန်ရန် ဆင်ခြေရှာပြီး ဦးနှောက်ခြောက်ခံ စဉ်းစားစရာ မလိုတော့ပေ။

လင်းယန်က ငိုတော့မလိုပုံစံ ဖြစ်နေသည်။

“အာ ကောင်းပါပြီ ဒါဆို… ခဏလေး ကျွန်မ အဝတ်လဲလိုက်မယ်”

ပေရှုနန်က ရယ်လိုက်သည်။

“ကောင်းပြီ အေးဆေးလုပ်ပါ။ ကျွန်တော် စောင့်နေပါ့မယ်”

ပေရှုနန်က အဝတ်များကို ဆုပ်ကိုင်ထားသည့် ကောင်မလေးကို ကြည့်နေရင်း သူ၏မျက်လုံးများထဲတွင် သံသယများ လင်းခနဲ ဖြစ်သွားသည်။

ထိုကောင်မလေးသည် သေရမည့် နေရာသို့ လျှောက်သွားနေသည့် ကြေကွဲစရာ သူရဲကောင်းတစ်ယောက်ကဲ့သို့ပင်။

ဘာလို့ ဒီကောင်မလေးက... သူ့အစ်ကိုနှင့် တွေ့ရမည်ကို မျှော်လင့်နေပုံမရတာလဲ... ချစ်သူတစ်ယောက်လိုလည်း လုံးဝမဟုတ်ပေ။ ထို့အစား... ကြောက်ရွံ့နေသလိုပင်။

All Chapters