← Chapters

အချင်းချင်း ခြိမ်းခြောက်၊ အယ့်အဆင့်

Vol. 22 Ch. 319

အချင်းချင်း ခြိမ်းခြောက်၊ အယ့်အဆင့်

Vol. 22 Ch. 319

ချန်ထန်လည်း လှည်းပေါ်ကဆင်းပြီး သဘောကျမှုကို ပြသလိုက်သည်။

"မိသားစုနောက်ခံက တကယ်ကို ထူးထူးခြားခြားပါပဲ... ကျွန်တော်မျိုးထန် ဒါကို အရမ်းလေးစားပါတယ်"

ယန်ရှန့်ကျစ်က သူ့မျက်နှာကို ကြည့်ပြီး သဘောကျမှုရှိမရှိ လေးလေးနက်နက် ကြည့်နေသလိုမျိုး တိတ်ဆိတ်နေသည်။ ထိုစဥ် ချန်ထန်က သူ့ကို ပျော်ရွှင်စေသည့် ချီးမွမ်းမှုကို ပြသလာခဲ့သည်။

ယန်ရှန့်ကျစ်က ပြုံးပြီးပြောလိုက်သည်။

"လူကြီးမင်းချန်ထန် ကောင်းကင်မှာ ဒီလိုထူးဆန်းတဲ့ ဖြစ်စဉ်ကို မင်းမြင်နိုင်တာပဲ... မင်းရဲ့ ဆယ်နှစ်ကြာအောင် အေးခဲနေတဲ့ ဓားကို ဘယ်တော့မှ မစမ်းသပ်ဖူးဘူး... ဒီနေ့ ငါမင်းကို ပြမယ် မိသားစုကြီးဆယ့်သုံးခုထဲက ငါ့ဓားကလည်း ထက်မြက်နေသေးတယ်.... ဒီဓားကို မင်းအဖေ အရင်တုန်းက မြင်ဖူးတယ် အခု မင်းကိုလည်း မြင်အောင် ပြကြည့်ရမယ်"

ချန်ထန် လေးစားအားကျစွာ ပြန်ပြောလိုက်သည်။

"မိသားစုကြီးဆယ့်သုံးခုမှာ နက်နဲတဲ့ နောက်ခံနဲ့ ရည်မှန်းချက် ကြီးကြီးမားမား ရှိတာပဲ...."

ယန်ရှန့်ကျစ်က သူ့ကို လေးလေးနက်နက် ကြည့်ပြီး ပြုံးလိုက်သည်။

"မင်းမြင်ပြီးရင် အပြင်လူကိုတော့ မပြောရဘူး"

သူ လက်ခုပ်တီးလိုက်တော့ စာရေးကြီးများစွာ ပျံဝဲလာပြီး စပျစ်ရည်နဲ့ အသုံးအဆောင်များကို သယ်လာပေးကြသည်။ ယန်ရှန့်ကျစ်က သေရည်ငှဲ့ပေး၏။

"မင်း နှစ်ပေါင်းများစွာ အရာရှိဖြစ်ခဲ့ပြီး တရားရုံးက မင်းကို ဘယ်တုန်းကမှ မတရားသဖြင့် ဆက်ဆံခဲ့တာ မရှိဘူး... မင်းသူငယ်ချင်း တော်တော်များများကို စိတ်ပျက်စေခဲ့တယ်"

"ဒါ ကျ​နော့်ရဲ့ အပြစ်ပါ"

ချန်ထန်က မြေပြင်ကို ဦးညွှတ်ချပြီး။

"လူကြီးမင်း အပြစ်ပေးချင်ရင်တော့ အခု ခင်ဗျားအပေါ်မှာပဲ မူတည်ပါတယ်"

ယန်ရှန့်ကျစ်က သေရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး ပြုံးလျက်။

"ငါမင်းကို အပြစ်ပေးစရာ မလိုပါဘူး။ နောက်ဆုံးတော့ မင်းနဲ့ ငါက အတူတူ တရားရုံးမှာ နှစ်အတော်ကြာ အရာရှိဖြစ်ခဲ့တာပဲလေ... ငါတို့က ခင်မင်ရင်းနှီးသူတွေ မဟုတ်ပေမယ့် အခွန်ဝန်ကြီးဌာနရဲ့ တာဝန်တွေကို မင်း အသိစိတ်နဲ့ ထမ်းထားပြီးတော့ ဒုက္ခမပေးခဲ့ဘူး တရားရုံးရဲ့ ချောချောမွေ့မွေ့ လည်ပတ်မှုကို သေချာစေခဲ့တယ် မင်းရဲ့ အရည်အချင်းကို ငါ သဘောကျတယ်... တရားရုံး တစ်ခုတည်းမှာ ဆယ်နှစ်ကျော်ကြာ ခင်မင်ရင်းနှီးမှု အတွက် ငါမင်းကို တစ်ခွက် ပေးလိုက်မယ်...."

ချန်ထန် လက်ခံလိုက်သည်။

"ကျေးဇူးတင်ပါတယ် လူကြီးမင်း!"

ယန်ရှန့်ကျစ်က နောက်ထပ် တစ်ခွက်ကို ကောက်ယူလိုက်ပြီး နှစ်ယောက်စလုံး ​မော့သောက်လိုက်သည်။

ယန်ရှန့်ကျစ် : "မင်း ရှင်းရှန်ကို ပြန်ရောက်ရင် ချန်ယန်တောင်မှာ ကောင်းကောင်းနေထိုင်ပါ။ မင်းရဲ့တရားဝင်ရာထူးကို တရားရုံးက ဆက်လက်ထိန်းသိမ်းထားမှာ... မင်းရဲ့လစဉ်လစာကို ရှင်းရှန်ခရိုင် အစိုးရက မင်းအိမ်ဆီ ပို့လိမ့်မယ်... လူကြီးမင်းလေးချန်က မင်းအရင် နေခဲ့သလို ရှီးကျင်းမှာရှိနေမှာမို့ မင်းသူ့ကိုစိတ်ပူစရာ မလိုဘူး"

ချန်ထန် တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။

"မင်းထွက်သွားပြီးရင် ဘယ်တော့ ပြန်တွေ့နိုင်မလဲ မသိဘူး... နည်းနည်းတော့ စိတ်မကောင်းဖြစ်မိပါတယ်"

ချန်ထန်က သက်ပြင်းချလိုက်ပြီး သူ့ကို နှုတ်ဆက်လိုက်၏။ ယန်ရှန့်ကျစ်လည်း အဝေးမှ လက်ပြနှုတ်ဆက်ရင်း ထွက်သွားတာ စောင့်ကြည့်နေခဲ့သည်။

ချန်ထန် လှည်းပေါ်တွင်ထိုင်ကာ နောက်သို့ လှည့်ကြည့်လိုက်သည်။ ကောင်းကင်၌ နတ်ဘုရားများကို မြင်နိုင်သေးသည်။ သူတို့သည် ဆယ့်သုံးမိသားစု၏ ဘိုးဘေးများ ဖြစ်သည်။ အနှစ်ခြောက်ထောင် အဆက်မပြတ် မွှေးပျံ့သော နံ့သာပေါင်းက သူတို့၏ နတ်ဘုရားတန်ခိုးများကို မယုံနိုင်လောက်အောင် အဆင့်သို့ ရောက်ရှိသွား​စေခဲ့သည်။

သစ်သားလှည်း မိုင်တစ်ထောင် ခရီးနှင်ပြီးတာတောင် ကောင်းကင်၌ နတ်ဘုရားများ၏ ရူပါရုံက ထိုနေရာတွင် ရှိနေသေးသည်။ သူနောက်ကို လှမ်းကြည့်တိုင်း ကောင်းကင်မှာ နတ်ဘုရားတွေဟာ အဆုံးမရှိ အမွှေးတိုင်တွေနဲ့ ဖူးတွေ့ခံနေရတာကို မြင်ရပါ၏။

ညဘက်တွင် သစ်သားလှည်းသည် ပင်ပန်း၍ အနားယူရန် ရပ်တန့်ခဲ့သည်။ ချန်ထန်လည်း လရောင်အောက်တွင် နတ်ဆိုးများကို တားဆီးရန် မီးပုံးကို ချိတ်ထားသည်။

သူသည် နတ်သားရဲ၏အသားကို ထုတ်ကာ လှည်းကိုကျွေးသည်။ မီးကိုထွန်းညှိကာ ချက်ပြုတ်ပြီး ချန်ရှီအမေကိုကျွေးသည်။ ဒါတွေ ပြီးစီးရန် သူ့အတွက် အချိန်အတော်ကြာခဲ့သည်။

ညဉ့်နက်နေပြီ။

ချန်ထန် နောက်ပြန် လှည့်ကြည့်လိုက်တဲ့အခါ သူ့မျက်လုံးတွေကို ဖမ်းစားလိုက်တဲ့အရာက လရောင်မဟုတ်ဘဲ တောက်ပတဲ့ နတ်ဘုရားအလင်းရောင်ပါပဲ။

ကောင်းကင်က နတ်ဘုရားများကို မြင်နိုင်သေးသည်။

နှစ်ရက်အကြာတွင် သူတို့သည် သဲကန္တာရကို ဖြတ်ကျော်ပြီး အနောက်ရေကန်သို့ ရောက်လာကြသည်။ ချန်ထန် နောက်ပြန်လှည့်ကြည့်တော့ ကောင်းကင်မှာ နတ်ဘုရားတွေကို တွေ့လိုက်ရပြန်သည်။

နောက်တစ်ရက်အကြာတွင် သူသည် ရှင်းရှန်သို့ရောက်ပြီး သူနှင့် အချိန်အတော်ကြာ ဝေးကွာခဲ့သော ချန်ယန်တောင်သို့ ပြန်​ရောက်လာခဲ့သည်။

ဒီခရီးက ဖုန်ထူပြီး ပင်ပန်းပါ၏။ သူ့ကိုယ်သူ စိတ်မပူပေမယ့် ဇနီးသည်က ခံနိုင်ရည်ရှိပါ့မလား။

ညမိုးချုပ်သောအခါ ဟွမ်​ဖေယရွာသို့ ရောက်လေ၏။ ရွာအဝင်ဝတွင် ခဏ တုံ့ဆိုင်းနေပြီး အရှိန်ကို မသိစိတ်ဖြင့် အရှိန်လျှော့လိုက်သည်။

"ထန်လေး..... ထန်လေး ပြန်လာပြီ!"

အဖွားယွိကျူးသည် ရွာအဝင်ဝတွင် ပဲပုတ်များကို လှုပ်ရန် ခြင်းတောင်းကို သယ်လာ၏။ သူမက သစ်သားလှည်းကို ကြည့်လိုက်ပြီး ချန်ထန်ဆီသို့ သူမ၏ မျက်လုံးမှိန်မှိန်ဖြင့် ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ အချိန်အတော်ကြာအောင်ကြည့်ပြီးနောက် ချန်ထန်သည် အမှန်တကယ် ချန်တန်ဖြစ်ကြောင်း သူမ အတည်​ပြုလိုက်သည်။ သူမက ခြင်းတောင်းကို အမြန်ချလိုက်ပြီး။

"ချန်ထန် မင်းက အသက်ကြီးနေပြီပဲ... မင်းထွက်သွားတာ နှစ်အတော်ကြာပြီ မင်းအဖေကလည်း သေသွားပြီ!"

ချန်ထန်ရဲ့နှလုံးသားက ရုတ်တရက် ငြိမ်ကျသွားပြီး ပြုံးပြလိုက်သည်။

"အဒေါ်... ကျနော် ပြန်လာပြီ အဆင်ပြေရဲ့လား"

အဖွားယွိကျူးက သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး။

"မင်း ငယ်ငယ်ကမှ ဖတ်လို့ရသေးတယ်... မင်းအဖေက ဆင်းရဲလို့ ကျောင်းမတတ်နိုင်ဘူးဆိုတာကို ငါမှတ်မိပါ​သေးတယ်... ရွာပြင်က ကုန်းစောင်းမှာ ဖတ်ဖို့ စာအုပ်တွေ ယူသွားပြီး အကျယ်ကြီး အော်ဖတ်နေတာလေ...မင်းက အရမ်းဉာဏ်ကောင်းပြီး ရွာကလူတွေအားလုံးက မင်းကို ချီးကျူးကြတယ်.... နောက်တော့ မင်း စာမေးပွဲအောင်ပြီး အိမ်ထောင်ပြုသွားတယ်... မင်းမိန်းမက ကြင်နာတတ်တယ်နော်"

ချန်ထန် ပြုံးလိုက်သော်လည်း သူ့အမူအရာမှာ အနည်းငယ် ဝမ်းနည်းနေပုံ ဖြစ်သည်-

"သူ လှည်းထဲမှာ ပါပါတယ် အဒေါ်... ကျန်းမာရေး မကောင်းမွန်လို့ နှစ်ပေါင်းများစွာ မေ့မြောနေခဲ့တာ"

"ဟုတ်သား ငါမှတ်မိပြီ... မင်းမိန်းမ ရူးသွားပြီး လေဖြတ်သွားတယ်မလား... မင်းသားသေသွားတော့ ရူးသွားတာ... မင်းရဲ့သား သေသွားပြီလို့ ပြောတော့ သူ မယုံသလို မနေနိုင်လို့ ရူးသွားတယ်မလား... နောက်တော့ လေဖြတ်သွားပြီး မင်းသူမကို ဆေးကုဖို့ ရှီးကျင်းကို ခေါ်သွားတယ်မလား... ဆယ်နှစ်ကျော်သွားပြီ... မသက်သာသေးဘူးလား .... မင်းအဖေက တစ်ဆယ်လေးကို အသက်ပြန်သွင်းထားတာကို မင်းကို ပြန်ပြောပြဖို့ မေ့သွားတယ်... ငါတို့တောင် လန့်သွားတာ ငါတို့လည်းအစက သူ့ကို နတ်ဆိုးလို့ ထင်နေတာ... သူ့ကို မြင်ပြီးပြီလား?"

ချန်ထန် ပြုံးပြုံးရွှင်ရွှင်နဲ့ နားထောင်နေခဲ့သည်။

"ဟုတ် တစ်ဆယ်လေးနဲ့ တွေ့ပြီးပါပြီ"

"တစ်ဆယ်လေးကို မနှိပ်စက်ပါနဲ့ သူ တော်တော် ဒုက္ခရောက်နေခဲ့ရတာ"

"ဟုတ်ကဲ့ အဒေါ် ကျွန်တော် တစ်ဆယ်လေးကို မနှိပ်စက်ပါဘူး။"

  ...

ချန်ထန်သည် အဘွားယွိကျူးနှင့် ခွဲခွာပြီးနောက် ရွာထဲသို့ လျှောက်သွားခဲ့သည်။ တွေ့တဲ့ ရွာသူရွာသားတိုင်းကို ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်ပြီး သူတို့က စကားပြောလာရင် ခဏ ရပ်ပြီး အတိတ်အကြောင်း ပြောတာကို နားထောင်လိုက်သည်။ မရင်းနှီးသော မျက်နှာများစွာကို သူမြင်ခဲ့ရပြီး အချို့မှာ သူထွက်ခွာသွားပြီးနောက် မွေးဖွားလာသော ကလေးငယ်များဖြစ်ပြီး အချို့မှာ အသက်ကြီးလာသောအခါမှ ရင်းနှီးခဲ့သူများ ဖြစ်သည်။

ရင်းနှီးသော မျက်နှာများစွာကလည်း ပျောက်ဆုံးသွားခဲ့ပြီ။ ဆုံးပါးသွားကြတာ ဖြစ်မည်။

အဘွားအိုဝူကျူလည်း ရောက်လာသည်။ ဖရဲစိုက်ခင်းမှာ သူခိုးတွေကို နှစ်အတော်ကြာအောင် ဖမ်းနေတာကြောင့် သူ့မျက်လုံးတွေက အရမ်းကောင်းပါတယ်။ သူ့ကိုမြင်တော့ သူမ အံ့သြသွားပြီး

"ချန်ထန် မင်း တစ်နှစ်ခွဲလောက် ပျောက်သွားတာပဲ... မင်းကို မနှစ်က တွေ့တယ်လေ... အဲဒီအချိန်တုန်းက မင်းအရမ်းကို တက်ကြွနေခဲ့တာပါ!"

"အဒေါ် မြင်တဲ့လူက ကျနော်အစ်ကို ချန်ဝူပါ"

"ပေါက်ကရ! တစ်ဆယ်လေး သူ့ကို အဖေလို့ခေါ်တာ ကြားလိုက်တယ်။ မင်းအစ်ကို ချန်ဝူသာ ဆိုရင် သူငါ့ကို ဘာလို့မစားလဲ?"

"သူက ကျနော့်အစ်ကို ချန်ဝူပါ..."

ချန်ထန်က ထပ်ရှင်းပြသည်။

အဘွားကြီးဝူကျူလည်း ဖြူဖျော့ဖျော့မျက်နှာဖြင့် တုန်တုန်ယင်ယင် အိမ်သို့ ပြန်လာခဲ့သည်။ အခေါင်းထဲတွင် ခဏအိပ်ပြီး နံ့သာပေါင်းနှစ်ချောင်းဖြင့် သူ့ဘာသာသူ ပူဇော်လိုက်ရင်း သူ့အာရုံတွေ ပြန်ပေါ်လာဖို့ အချိန်အတော် ကြာသွားရှာသည်။

"ကံကောင်းပြီး အသက်ရှည်ပါစေ!"

ချန်ထန်သည်လည်း ချန်အိမ်ဟောင်းသို့ လမ်းလျှောက်ရန် အချိန်အတော်ကြာခဲ့သည်။ အိမ်တွင် လအတော်ကြာအောင် ဘယ်သူမှ မနေထိုင်ခဲ့ကြသော်လည်း ကံကောင်းထောက်မစွာပင် ၎င်းသည် ဖုန်မှုန့်သန့်စင်ခြင်း အဆောင်လက်ဖွဲ့ ကပ်ထားတာကြောင့် အလွန်သန့်ရှင်းနေသေးသည်။

အခန်းထဲတွင် အလွန်ခြောက်သွေ့နေကာ အိပ်ယာက စိုစွတ်ပြီး မှိုတက်နေသော အနံ့အသက်မျိုး မရှိပေ။ ဇနီးဖြစ်သူကို ချပေးပြီးနောက် ချန်ယင်တူးရဲ ဝိညာဥ်ကမ္ဗည်ပြားကို ထားရှိကာ အမွေးတိုင်များ မီးရှို့ခဲ့သည်။

ဆူညံသံတွေ အားလုံး ပျောက်သွားသလိုမျိုး နောက်ဆုံးတော့ သူ ငြိမ်သက်သွားခဲ့သည်။

ညဉ့်နက်ပြီ။

သူ ပြန်လှည်းကြည့်တော့ ကောင်းကင်ကြီးမှာ နတ်အလင်းရောင်တွေ အပြည့်နဲ့ပင်။ အမွှေးနံ့သာအိုး အကြီးကြီး၊ နံ့သာပေါင်းနဲ့ ကောင်းကင်မှာ ရပ်နေတဲ့ နတ်ဘုရားတွေကို တွေ့လိုက်ရသည်။

အဲဒီနောက် နေ့တိုင်း ပြန်ကြည့်တိုင်း ကောင်းကင်မှာ နတ်ဘုရားတွေကို မြင်နေရဆဲပါပဲ။ ဒါက သူ့အတွက် မိသားစု ဆယ့်သုံးစု၏ ခြိမ်းခြောက်မှုပင်။

"အဖေရော ဟိုတုန်းက တွေ့ခဲ့ရလား"

ခပ်တိုးတိုး ရေရွတ်မိသည်။

ထိုအချိန်က ချန်ယင်တူးသည် ရှီးကျင်းမှ ထွက်ခွာပြီးနောက် ခေါင်းလှည့်သည့်အခါတိုင်း နတ်ဘုရားများက သူ့ကို ကြီးကျယ်ခမ်းနားစွာ စိုက်ကြည့်နေသည်ကို အမြဲတွေ့နေရသည်။

ဒါဟာ မျဉ်းမဖြတ်ဖို့၊ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ မလုပ်မိဖို့နဲ့ ကမ္ဘာကြီးကို မှောက်လှန်ဖို့ မကြိုးစားဖို့ သတိပေးသလို ကြီးမားတဲ့ ဖိအားနဲ့ ထိတ်လန့်စရာ ကောင်းလှသည်။

"မလုံလောက်ဘူး... အဆောင်နတ်ထျန်းကျီး ၃၇ ကောင်လည်း မလုံလောက်သေးဘူး!"

ချန်ထန် တိုးတိုးလေး ရေရွတ်လိုက်သည်။

"တစ်ဆယ်လေး မင်းက ရှီးကျင်းမှာနေရင်... ထိန်းထားရမယ်!"

.........

ယန်ရှန့်ကျစ် ရှီးကျင်းမြို့သို့ ပြန်လာခဲ့သည်။ သူသည် ယန့်မိသားစု၏ အကြီးအကဲကြီး မဟုတ်သော်လည်း သူ့အရည်အချင်းမှာ ထက်မြက်လွန်းသည်။ အနောက်နွားရှင်းကျိုးရဲ့ ပြည်နယ်ငါးဆယ်ကို ကိုင်တွယ်နိုင်ပြီး တည်ငြိမ်နေဆဲဖြစ်သည်။ သူသည် ယန်အိမ်သို့ ပြန်လာကာ ယနေ့ညအတွက် စိုးရိမ်သဖြင့် စာဖတ်ခန်းသို့ ရောက်လာခဲ့သည်။

ဆယ့်သုံးခန်းမြောက်က သူ၏ကိုယ်လုပ်တော် အသစ်သည် အလွန်တောင်းဆိုလွန်းသော အမျိုးသမီးငယ်တစ်ဦး ဖြစ်ပြီး သူ့ကို အနည်းငယ် ထိတ်လန့်စေခဲ့သည်။

"မြည်းတစ်ကောင်တောင် အချိန်အကြာကြီး ကြိတ်ပြီး တစ်ညလုံး အနားယူနိုင်ပေမယ့် ငါ့အရိုးဟောင်းတွေကတော့ ငြိမ်ငြိမ်ချမ်းချမ်း မနေရဘူး ဒီညကို ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ထိုအချိန်တွင် ယန်မိသားစု၏ သူလျှိုရောက်လာပြီး သတင်းပေး၏။

"လူကြီးမင်း ချန်ရှီက မြို့ကို လှည့်ပတ်နေပါတယ်... ​​ဘာမှ ထူးထူးခြားခြား မရှိပါဘူး"

ယန်ရှန့်ကျစ်သည် သူ့လက်ကို ဝှေ့ယမ်းပြီး ချန်ရှီကို အချိန်တိုင်း စောင့်ကြည့်ဖို့ အမိန့်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပဲ မရဏကမ္ဘာကို စောင့်ကြည့်ဖို့နဲ့ ချန်ရှီ မြေအောက်ကမ္ဘာကနေ လွတ်မြောက်အောင် လုပ်တဲ့အခါ ဟန့်တားထားဖို့ ဧကရာဇ်နက္ခတ်ဌာနကိုလည်း အမိန့်ပေးခဲ့ပါသည်။

သူက သက်ပြင်းတစ်ချက်ချကာ တိုးတိုးလေးပြောရင်း။

"ချန်ရှီက အိမ်မှာနေတာပဲ ဖြစ်ဖြစ် ဟန့်လင်ကျောင်းတော်ကို သွားနေတာဖြစ်ဖြစ် အကျင့်စာရိတ္တကောင်းတယ် ဒီနေ့ လမ်းလျှောက်ရတဲ့ အကြောင်းရင်းက သူ့ကို လူများများတွေ့အောင်ဆိုပြီး လုပ်နေတာ... သူက ချန်ထန်​နောက်ကို လိုက်ဖို့ မလိုဘူးထင်နေပုံပဲ... ဒီကလေးက ဘယ်အချိန် ရှေ့တိုးပြီး ဘယ်အချိန် နောက်ဆုတ်ရမယ်ဆိုတာ သိသားပဲ"

ခဏကြာတော့ သူလျှိုရောက်လာပြီး :"လူကြီးမင်း... ချန်ရှီ ဘေးမှာ မိန်းကလေးတစ်ယောက် ရှိတယ် အခု ချီးရှာဘုံကျောင်းမှာ ကစားနေတယ်"

ယန်ရှန့်ကျစ် အစကတော့ ဂရုမစိုက်ချင်ပေမယ့် ကောင်မလေးအကြောင်း ကြားတော့ စိတ်တွေမထိန်းနိုင်ဘဲ ဖြစ်လာသည်။

“ဘယ်မိန်းကလေးလဲ”

"ကျွန်တော် မသိပါဘူး"

"သူမ ဘယ်ကလာတာလဲ"

"မသိဘူး... ရုတ်တရက်ပေါ်လာတာ..."

ယန်ရှန့်ကျစ် စိတ်ဝင်တစား ဖြစ်လာသည်။

“မင်းတို့ကိုမေးတာ အဆင်မပြေဘူး... ငါ ကိုယ်တိုင် ကြည့်မယ် ”

သူ့လက်ကို ဆန့်တန်းကာ ညင်သာစွာ ပွတ်သပ်လိုက်ရာ စားပွဲရှေ့ရှိ လေသည် မှန်တစ်ချပ်လို ဖြစ်လာကာ ချီးရှာဘုံကျောင်းရဲ့ ရှုခင်းများ ထွက်ပေါ်လာသည်။ ယန်ရှန့်ကျစ် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ရှုခင်း ပို၍ နီးကပ်လာကာ ချန်ရှီရဲ့ ခြေရာကို သူ တွေ့လာရပါ၏။

ချန်ရှီ အနားတွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ချောမောလှပသော အမျိုးသမီးတစ်ဦးရှိနေသည်။

"လူကြီးမင်းလေးချန်လည်း အသက် ဆယ့်သုံးနှစ်ရှိပြီ... ဒါကြောင့် မိသားစုတစ်ခုစပြီး အသက်မွေးဝမ်းကြောင်းတစ်ခု တည်ဆောက်နိုင်မှာပါ... လူကြီးလူကောင်းတစ်ယောက်က ချောမောလှပတဲ့ မိန်းမတစ်ယောက်ကို ချစ်မိတတ်တယ်... သူ အရင်က ချောမောလှပတဲ့ မိန်းမတွေကို မကြိုက်ပေမယ့် နောင်ဖြစ်လာလိမ့်မယ်... မိန်းမက သူ့ကို ထိခိုက်လွယ်အောင် အသုံးချနိုင်တယ်"

ထိုအချိန်တွင် အဖြူရောင် ၀တ်စုံ အမျိုးသမီးသည် တစ်စုံတစ်ခုကို သတိပြုမိသွားပုံရပြီး ခေါင်းကို လှည့်ကာ ကောင်းကင်ကို မော့ကြည့်လာရာ ယန်ရှန့်ကျစ် သူမမျက်နှာကို မြင်လိုက်ရသည်။

ယန်ရှန့်ကျစ်လည်း သူမကို ရင်းနှီးသလိုလို ခံစားလိုက်ရသည်။ ထိုအခိုက် တစ်ခုခုကို ရုတ်တရက် သတိရသွားမိကာ သူ့မျက်နှာက ဖျော့တော့လာပြီး အလိုလို တုန်လှုပ်သွားခဲ့သည်။

ဝုန်း!

သူသည် စားပွဲနှင့် ကုလားထိုင်များကို တွန်းဖယ်ကာ နောက်သို့ ဆုတ်လိုက်တဲ့အခါ ထောင့်တွင် ချထားသော ပန်းအိုးကို ဝင်တိုက်မိသွားလေသည်။ သူ မှန်ထဲက အဖြူရောင် ၀တ်ထားသော အမျိုးသမီးကို မြင်လိုက်ရချိန်၌ တစ္ဆေမြင်လိုက်ရသလိုမျိုး ထိတ်လန့်စွာ ထွက်ပြေးမိလုနီးပါးပင်။

တစ်ချိန်တည်းမှာပင် အခြားမိသားစုများကလည်း ချန်ရှီရဲ့ လှုပ်ရှားမှုများကို စောင့်ကြည့်နေကြသည်။ သူတို့သည် အဖြူရောင်ဝတ်စုံဖြင့် အမျိုးသမီးကို တွေ့လိုက်ကြပြီးနောက် ကြောက်လန့်ကာ ခုန်ချမိလုနီးပါး ဖြစ်ကုန်ကြသည်။

ဝတ်ဖြူနတ်သမီးသည် လမင်းနန်းတော်ပြိုကျပြီးနောက် ကျောက်စိမ်းဖြူလမ်း၏ အဆုံးတွင် ပေါ်လာသောကြောင့် သူတို့နှင့် မရင်းနှီးခြင်း မရှိပေ။ အမတတံတားကောင်းချီးမြေနဲ့ ချီးရှာဘုံကျောင်း တိုက်မိသွားသောအခါ သူမသည် ချီးရှာဘုံကျောင်း၏ လျှို့ဝှက်ဆန်းကြယ်သော အချိန်နှင့် နေရာများမှ အမတတံတားကောင်းချီးမြေထဲ လမ်းလျှောက်ဝင်လာခဲ့ပြီး အမတတံတားကိုဖြတ်ကာ သက်ရှိကမ္ဘာထဲ ရောက်လာခဲ့သည်။

သူမသည် အဖြူရောင်ကျောက်စိမ်းလမ်း၏ အဆုံးက ထူးဆန်းသော နေရာတွင် ပိတ်မိနေသော အဖြူရောင်ဝတ် နတ်သမီးပဲ ဖြစ်ပါသည်။ သူမသည် လီယိရန် ကဲ့သို့သော ဘိုးဘေးများစွာကို ရိုက်နှက်ကာ ဒဏ်ရာရခဲ့သည်။ သူမသည် ရှီးကျင်းက နန်းတော်ကိုးခုအား ကောင်းချီးပြည်သို့ ပေါက်ကွဲရန် တိုက်တွန်းနိုင်ခဲ့ပြီး မင်္ဂလာမြေကို မရဏကမ္ဘာထဲသို့ ကျရောက်သွားစေခဲ့သည်။

ဒီနတ်သမီးလေးဟာ ဒုက္ခအများကြီး မပေးခဲ့ပေမဲ့ သူမကို မကောင်းဆိုးဝါး သတ္တဝါအဖြစ် လူသိများပြီး ရှီးကျင်းမှာ တားမြစ်ခံထားရ၏။ ဒဏ္ဍာရီအရ သူမ မွေးဖွားခဲ့လျှင် သူမသည် ဆိုးရွားသော အယ့်အဆင့် သဘာဝဘေးအန္တရာယ်ကို မလွဲမသွေ ဖြစ်စေလိမ့်မည်။

ဒါပေမယ့် အမတတံတားကောင်းချီးမြေ ဖြစ်ပျက်ပြီးတဲ့ နောက်မှာတော့ ဒီနတ်သမီးရဲ့ ခြေရာတွေလည်း ပျောက်ကွယ်သွားခဲ့ပါသည်။ ယန်ရှန့်ကျစ်သည် ဒီနတ်သမီးလေးကို စစ်မှန်တဲ့ဘုရင်ရဲ့ နန်းတော်ကိုးခုက သတ်ပစ်လိုက်ပြီလို့ ထင်ခဲ့သည်။ မထင်မှတ်ပဲ သူမသည် ယခုအချိန်တွင် ချန်ရှီဘေးတွင် ပေါ်လာ၏။

ချန်ရှီက သူမကို ချီးရှာဘုံကျောင်းကို လည်ပတ်ဖို့တောင် ခေါ်သွားပေးနေသေးသည်။ အကယ်၍ ဤဆိုးညစ်သော သတ္တဝါကြီး ကွဲထွက်သွားပါက အနောက်နွားရှင်းကျိုးက တစ်ဝက်ခန့် ပျက်စီးသွားလိမ့်မယ် ဆိုတာ သူ မသိနေခဲ့။

မကြာခင်မှာပဲ ဝမ်ယွမ်းနန်းတော်မှာ အစိုးရအဖွဲ့ဝင် ဆယ့်သုံးယောက် စုလိုက်သည်။ တစ်ယောက်စီ မျက်နှာဖြူဖွေးဖွေး​တွေနဲ့။ ယန်ရှန့်ကျစ်လက်များဆို တုန်ခါနေပြီး လက်ဖက်ရည်ခွက်ကို တည်ငြိမ်စွာ မကိုင်နိုင်တော့ဘဲ လက်ဖက်ရည်ခွက်အဖုံးက အသံကျယ်ကျယ်နဲ့ ကျကွဲသွား၏။

ဒါပေမယ့် သူ့လက်ဖက်ရည်ခွက်က ဒိုက်ထိုးနေရုံတင်မကဘဲ တခြားလက်ဖက်ရည်ခွက်ဆယ့်နှစ်ခွက်လည်း တုန်နေပယသည်။

"ချန်ရှီ.... မင်းက နတ်ဆိုးရဲ့ ကြံရာပါပဲ!"

ရှချန်းဟိုင် အသံသည် ပြတ်သားပြီး အမတ်တစ်ဦးကဲ့သို့ ထိတ်လန့်စွာ ထွက်ပေါ်လာသည်။

“သူတို့ကို သတ်လိုက်ရအောင်... နတ်ဆိုးနဲ့ ကြံရာပါတွေကို သတ်ဖို့ စစ်မှန်တဲ့ဘုရင်ရဲ့ နန်းတော်ကိုးခုကို ချက်ချင်း အသက်သွင်းလိုက်မယ်!”

ဖေ့ကျုံးက ခေါင်းယမ်းပြီး :"ဒါက ရှီးကျင်း! စစ်မှန်တဲ့ဘုရင်ရဲ့ နန်းတော်ကိုးခု စွမ်းအားက ရှီးကျင်းတစ်ခွင့် ပျံ့သွားလိမ့်မယ်!"

ရှချန်းဟိုင်: "သူ ရှီးကျင်းက ထွက်သွားတဲ့အထိ စောင့်ပြီးမှ သတ်ပစ်မယ်!"

ကုယန်ရှန်း : "သူ ထွက်မသွားရင် ဘယ်လိုလုပ်မလဲ အဲ့သတ္တဝါဆိုးက ငါတို့ရဲ့ရန်လိုမှုကို ခံစားပြီး ရှီးကျင်းမြို့မှာ ရန်ပွဲ စတင်လိုက်ရင် ဘယ်လိုလုပ်မလဲ"

ရှချန်းဟိုင်လည်း လက်သီးတွေကို တင်းတင်းဆုပ်ထားရင်း သူ့မျက်နှာက ပြာသွားကာ စကားစဲသွားသည်။ ထို့အတူ အစိုးရအဖွဲ့ကလည်း အသံတိတ်သွားသည်။

စစ်မှန်သော ဘုရင်ခေတ်တွင် မော်အဆင့် နတ်ဆိုးများနှင့် ဘေးဥပဒ် ကျိုင်းအဆင့်ထက် သာလွန်သော နတ်ဆိုးပြည်မှ နတ်ဆိုးများ ရှိသည်။ ၎င်းတို့သည် သမိုင်းမတင်မီ ကျန်ရှိသော ပစ္စည်းများထဲတွင် မသေနိုင်သော အလောင်းများဖြစ်သည်ဟု ဆိုကြပြီး ရှေးဟောင်း မကောင်းဆိုးဝါးဟု ခေါ်ကြသည်။

ရှဲ့အဆင့် သတ္တဝါဆိုးများသည် လူတစ်ဦးတည်း သို့မဟုတ် လူအနည်းငယ်ကိုသာ ပစ်မှတ်ထားတာ ဖြစ်သည်။ နတ်သန့်စင်ခြင်းနယ်ပယ်က အားနည်းသော ကျင့်ကြံသူ တစ်ယောက်ပင် ၎င်းတို့ကို သတ်ပစ်နိုင်သည်။ ဥပမာအားဖြင့် သင်သည် ကပ်ပါးကောင်၏ ဦးခေါင်းခွံကို ဖွင့်ပြီး ဦးနှောက်သန်ကောင်ကို ဆွဲထုတ်ပါက သာမန်လူများပင် ၎င်းကို နင်းမိ၍ သေဆုံးနိုင်သည်။ အစွမ်းထက်သော ရှဲ့အဆင့် မကောင်းဆိုးဝါးများသည် ရွှေအမြုတေနဲ့ အခြေတည်ဝိညာဉ် နယ်ပယ်ရှိ လူများကိုပင် သက်ရောက်မှုရှိနိုင်ပြီး ၎င်းတို့သည် မယုံနိုင်လောက်အောင် စွမ်းအားများကို စတင်ခံစားလာရနေပြီ ဖြစ်သည်။

ဆွေ့အဆင့်ဟာ သာမာန်လူများ နားလည်ရန် ခက်ခဲသော စွမ်းရည်ရှိသော သရဲသတို့သမီး ကဲ့သို့သော သောင်းကျန်းတတ်သော သတို့သမီးများ ဖြစ်ကာ တချို့ ကန့်ညောင်ကို သတ်ပစ် နိုင်သည်။ ရွာမှ လူများကို စားသောက်ကာ မြို့ကို ခြိမ်းခြောက်နိုင်သည်။ ၎င်း၏စွမ်းအားသည် အခြေတည်ဝိညာဉ် နယ်ပယ်ရှိ လူများနှင့် နတ်ပြောင်းလဲခြင်း နယ်ပယ်က လူများကိုပင် တိုက်ခိုက်နိုင်သည်။ အချို့သော တန်ခိုးကြီး ဆွေ့များသည် မော်အဆင့် နတ်ဆိုး၏ စွမ်းရည်များပင် ရှိသော်လည်း လွှမ်းခြုံမှုကတော့ သေးငယ်လှသည်။

မော်အဆင့် နတ်ဆိုးသည် မိုင်ရာနှင့်ချီ၍ ပြောင်းလဲကာ အလွန်ထူးဆန်းသော နတ်ဆိုးအသွင်ပြောင်း ဧရိယာအဖြစ် ပြောင်းလဲနိုင်သည်။ အလောင်းသုံးကောင်ဘုံနဲ့ နတ်သန့်စင်နယ်ပယ်က သန်မာသူသည် ၎င်း၏ ပြိုင်ဘက် မဟုတ်ပေ။ နတ်ဆိုးအသွင်ပြောင်းပြီးသည်နှင့် နတ်ဆိုးသည် ပြီးပြည့်စုံသော ပုံစံသို့ ကြီးထွားလာပြီးနောက်တွင်ပင် ၎င်း၏ ခွန်အားသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းပြီး မဟာယာနနယ်ပယ်ပင်လျှင် ၎င်းကို နှိမ့်ချနိုင်မည် မဟုတ်ပေ။

သဘာဝဘေး ကျိုင်းအဆင့် နတ်ဆိုးအသွင်ပြောင်းခြင်းသည် မိုင်ထောင်ချီသော မြေပြင်ကို လွှမ်းခြုံထားပြီး သဘာဝဘေးအန္တရာယ်ဟု ခေါ်သည်။ ၎င်းကို အနှစ်တစ်ရာလျှင် တစ်ကြိမ် ကြုံတွေ့ရန်ပင် ခက်ခဲလှသည်။

အယ့်အဆင့်သည် မိုင်ထောင်ချီ၍ အလောင်းကောင်များကို ဖြတ်ကျော်သွားနိုင်သော ဒဏ္ဍာရီလာ မကောင်းဆိုးဝါး သတ္တဝါဖြစ်ပြီး သက်ရှိသတ္တဝါ မရှိနိုင်တော့ပေ။ ၎င်းက မကောင်းမှုများ၏ အမြင့်ဆုံးအဆင့် ဖြစ်သည်။

စစ်မှန်သောဘုရင် ချန်ထားခဲ့သော အမတနန်းတော် ကိုးခုသည် ဤဆိုးယုတ်မှုကို နှိမ်နင်းရန်ဖြစ်သည်။ နန်းတော်ကိုးခု၏ အခန်းကဏ္ဍမှာ နတ်ဆိုးမွှားမွှားနှင့် ပြီးပြည့်စုံသော ပုံစံသို့ မကြီးထွားမီ နှိမ်နင်းသတ်ဖြတ်ဖို့ပင်။ အယ့်အဆင့် မကောင်းဆိုးဝါးသည် ပြီးပြည့်စုံသော ပုံစံသို့ ကြီးထွားလာပါက စစ်မှန်သောဘုရင်၏ နန်းတော်ကိုးခုတောင် ၎င်းကို မနှိမ်နင်းနိုင်တော့မှာ ကြောက်ရသည်။

သမိုင်းမတင်မီ အကြွင်းအကျန်ရှိ အမတ အလောင်း​ကောင်များ အားလုံးသည် ဆိုးယုတ်သော အဆင့်ရှိ ဆိုးညစ်သော သတ္တဝါများပင် ဖြစ်သည်။ ၀တ်စုံဖြူဝတ်ထားသော အမျိုးသမီးနတ်သမီးသည် အစစ်အမှန် လောကထဲသို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေပြီး အချိန်မရွေး ပေါက်ကွဲလာနိုင်သည့် မကောင်းဆိုးဝါး တစ်ကောင်သာ။

ယခု ဤဆိုးညစ်မှုသည် ချန်ရှီနှင့်အတူ ရှီးကျင်းမြို့တဝိုက်တွင် ပျံ့လွင့်နေသည်။

ဝန်ကြီးအဖွဲ့၏ အငွေ့အသက်သည်လည်း အလွန် စိတ်ပျက်ဖွယ် ကောင်းလာသည်။ ချန်ထန်က ချန်ရှီကို ဓားစာခံအဖြစ် ထားခဲ့ပေမယ့် ဒီဓားစာခံက သူတို့ကို ဒုက္ခအကြီးအကျယ် ဖြစ်စေလိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားခဲ့ပါဘူး။

ယန်ရှန့်ကျစ်က ခေတ္တ ငြိမ်သက်သွားပြီးမှ ပြောလာသည်။

"ဒီကိစ္စကို ဖြည်းဖြည်းချင်း ဖြေရှင်းသင့်တယ်လို့ ငါထင်တယ်..."

ထိုအခိုက်တွင် ဧကရာဇ်နက္ခတ္တဗျူရိုမှ စာရေးတစ်ဦး ရောက်လာပြီး အလျင်စလို တင်ပြလေသည်။

"လူကြီးမင်း.... ချန်ရှီနဲ့ ဝတ်ရုံဖြူအမျိုးသမီးက ချီးရှာဘုံကျောင်းက ထွက်ခွာပြီး အတွင်းမြို့ကို ဦးတည်သွားနေပါတယ်!"

ယန်ရှန့်ကျစ် တုန်တုန်ယင်ယင်ဖြင့် စကားထုတ်ပြောရန် ကြိုးစားသော်လည်း သူ့လည်ချောင်းမှာ ပွက်ပွက်ဆူနေပြီး ဘာအသံမှ မထွက်လာပေ။

ချန်ရှီသည် အဖြူရောင်ဝတ် နတ်သမီးနှင့်အတူ ချီးရှာဘုံကျောင်းက ထွက်လာခဲ့သည်။ အခုလေးတင်ပဲ မိသားစု ၁၃ စုရဲ့ ရန်လိုမှုကို လျှော့ချပြီး သူတို့ကို စိတ်ချထားနိုင်ဖို့ မြို့ကို လှည့်ပတ်ခဲ့တာကနေ ချီးရှာဘုံကျောင်းကို မသိလိုက်ဘဲ ရောက်လာခဲ့ပါ၏။ သူ့ဘုံကျောင်းငယ်လေးရဲ့ နတ်ကွန်းမှာ ပြန်လည် နာလန်ထူနေတဲ့ ဝတ်ဖြူဖြူဝတ် ကောင်မလေးက ဘာကြောင့်ရယ်မသိ ပြေးထွက်လာပြီး အာဘာဘာပုံစံနဲ့ ပြောကာ ချီးရှာဘုံကျောင်းထဲ သွားချင်နေ၏။

ချန်ရှီ သူမ ပြောတာကို နားမလည်ပေမယ့် ကံကောင်းစွာပဲ ဟေးကော်သည် မိန်းကလေးက ဒီနေရာကို နားမလည်နိုင်လောက်အောင် ရင်းနှီးတယ်လို့ ခံစားရကြောင်း နားလည်​နေခဲ့ပြီး အလေးအနက်ထား ပြောပြနေခဲ့သည်။

"အာဘာ...." ကောင်မလေးက ခွေးခေါင်းကို ဝမ်းသာအားရ ကိုင်လိုက်သည်။

ချန်ရှီ သူမကို ချီးရှာဘုံကျောင်းထဲ ခေါ်သွားလိုက်သည်။ တစ်ခုခုကို မှတ်မိလိမ့်မည်ဟု သူထင်ခဲ့သော်လည်း သူမသည် တစ်စုံတစ်ရာကိုမျှ မမှတ်မိတော့ပေ။ ခေါင်းကိုသာ ကိုင်ကာ နာကျင်စွာ ငိုနေ၏။

ချန်ရှီ သူမကို ပြန်ခေါ်ထုတ်လာပြီး အတွင်းမြို့ဘက်ကို လှမ်းကြည့်ရင်း ဆိုလိုက်သည်။

"နန်းတော်ကိုးခုကို သွားကြည့်မယ်... ဒါမှ သူတို့က ငါ့ကို မြင်ရမှာ... မမြင်ရရင် ချန်ထန်အတွက် မကောင်းဘူး... စစ်မှန်တဲ့ ဘုရင်ရဲ့ နန်းတော်အပြင်ဘက်မှာ ငါပေါ်လာရင် ငါက ချန်ထန် ထားခဲ့တဲ့ ဓားစာခံပဲဆိုတာ မိသားစုဆယ့်သုံးခုလည်း သိသွားလိမ့်မယ်"

အစိုးရအဖွဲ့အတွင်း၌ ယန်ရှန့်ကျစ်နှင့် အခြားသော အရာရှိ ၁၃ ဦးသည် တစ်နေရာသို့ ထိတ်လန့်စွာ ကြည့်နေသည်။ လူကြီးမင်း ကောင်းချွမ်က တုန်လှုပ်​နေသော အသံဖြင့် ဆိုလာသည်။

“သူ အတွင်းမြို့ထဲ ဝင်လာပြီး စစ်မှန်တဲ့ ဘုရင်ကျန်းရဲ့ နန်းတော်ကိုးခုနား ရောက်လာပြီ!”

သူ့အသံက ကြောက်စိတ်တွေ လွှမ်းမိုးနေကြောင်း သိသာလှသည်။

"သူက ငါတို့ကို ခြိမ်းခြောက်နေတာ... မိသားစု ဆယ့်သုံးစုကို ခြိမ်းခြောက်နေတာ သူက ငါတို့ကို ခြိမ်းခြောက်ဖို့ ဝတ်ရုံဖြူဝတ်ထားတဲ့ နတ်သမီးကို သုံး​နေတာ.... သူကငါတို့ကို ချန်ထန်ကို လွှတ်ပေးစေချင်နေတာ... ချန်ထန်ကို ဘေးကင်းကင်းနဲ့ အိမ်ပြန်​နေခိုင်းစေချင်နေတာ.... "

All Chapters