ဝတ်ကြီးဝတ်ငယ်
Vol. 22 Ch. 320
ယန်ရှန့်ကျစ်သည် ဝမ်ယွမ်းနန်းတော် ဒုတိယထပ် ပြတင်းပေါက်တွင် ရပ်နေကာ လူနှစ်ယောက်နှင့် ခွေးလေး နီးကပ်လာနေတာကို ကြည့်ရင်း သူ့မျက်နှာမှာ ဖြူဖျော့လာခဲ့သည်။
ယခုအချိန်တွင် သူနှင့် သူ့နောက်ကွယ်မှ အကြီးတန်းအရာရှိ ၁၂ ဦးအပြင် တရားရုံးတစ်ခုလုံး၏ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများသည် ချန်ရှီ၏ဓားစာခံများ ဖြစ်လာကြောင်း သူသိလိုက်ပါပြီ။
ချန်ထန်နှင့် မဆက်ဆံဘဲ ချန်ရှီ၏လူများကို မထိသရွေ့ ၎င်းတို့သည် လုံခြုံပြီး အဆင့်မြင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအဖြစ် ထမ်းဆောင်နေဆဲဖြစ်မည်။ ရှီးကျင်း တရားရုံးကိုလည်း ဆက်လက် ကွပ်ကဲနေနိုင်ဆဲ ဖြစ်သည်။
သို့သော် အကယ်၍ မိသားစုကြီး ၁၃ စုသည် ချန်ထန်ကို ဆက်ဆံပြီး ချန်ရှီ၏လူများအပေါ် မကောင်းကြံပါက သူနှင့် သူ့နောက်ကွယ်ရှိ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအပြင် တရားရုံးတစ်ခုလုံး၏ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများသည် ဘေးအန္တရာယ်တွင် မြှုပ်နှံပြီး ပျောက်ကွယ်သွားလိမ့်မည်။
"ဘယ်လောက်တောင် ရဲတင်းနေတာလဲ!"
ယန်ရှန့်ကျစ်သည် ပြိုကျနေသော ဝူမန် တံခါးကို ဖြတ်သွားနေသည့် ချန်ရှီနှင့် အဖြူရောင်ဝတ်နတ်သမီးကို မြင်နေရ၏။ ထို့နောက် ခန်းမ၏ ပျက်စီးနေသော ကျောက်သားလှေကားထစ်များကို လှမ်းမြင်လိုက်ရသည်။ သူ့လက်သီးတွေကို မထိန်းနိုင်ဘဲ ဆုပ်ကိုင်ထားပေမယ့် ပြင်းထန်တဲ့ စွမ်းအားမဲ့ ခံစားချက်ကို ခံစားနေရလေ၏။
ချန်ရှီက အရမ်းရဲတင်းတယ် ဆိုရင်တောင် သူက ဘာလုပ်နိုင်မှာလဲ။ သူတို့သည် အသက်နှင့်သေခြင်းအတွက် ရန်သူ၏ ကရုဏာကို တောင်းခံရမယ့် အခြေအနေ မဟုတ်လော။ သူတို့ ရှင်သန်ဖို့ ချန်ရှီရဲ့ အငွေ့အသက်ကို အားကိုးရမှာလား။
ချန်ရှီသည် ပြုပြင်မွမ်းမံနေသော အမြင့်မြတ်ဆုံး ထိုက်ဟဲခန်းမမှတဆင့် ဝတ်ဖြူနတ်သမီးကို ဦးဆောင်ကာ စစ်မှန်သောဘုရင်၏ နန်းတော်ကိုးခု လွှမ်းခြုံမှု ရှိရာဆီသို့ ရောက်လာခဲ့သည်။
"ငါ ကျန်းဖူကျန့်ဆီက ၀န်ကြီးချုပ်ရာထူးကို ပြန်မယူခဲ့သင့်ဘူး!"
ယန်ရှန့်ကျစ် မိမိကိုယ်ကို တိတ်တဆိတ် စိတ်ဆိုးလာသည်။
"ငါ အခုနှုတ်ထွက်ပြီး အိမ်ပြန်ရင်..."
ရှချန်းဟိုင်က သူ့နောက်မှ ထွက်လာသည်။
"လူကြီးမင်း... သူ နန်းတော်ကိုးခုကြား ရောက်နေပြီ နန်းတော်ကိုးခုကို အသက်သွင်းပြီး အကုန်လုံးကို သတ်ပစ်လိုက်ဖို့ ဒီအခွင့်အရေးကို အသုံးချနိုင်မလား...."
ယန်ရှန့်ကျစ် ခဏ တုံ့ဆိုင်းနေပြီးနောက် ခေါင်းယမ်းလိုက်သည်။
"နန်းတော်ကိုးခုရဲ့ စွမ်းအားက ဒီဆိုးယုတ်မှုကို ဖယ်ရှားပစ်တဲ့အထိ ပေါက်ကွဲသွားလိမ့်မယ်... သူ့ရဲ့ စွမ်းအားက ရှီးကျင်းကို သေချာပေါက် ပြန့်သွားမှာ... ငါတို့တောင် ရှင်နိုင်မှာ မဟုတ်ဘူး!"
ရှချန်းဟိုင် အတော်လေး ဒေါသတကြီး ဖြစ်နေသည်။
"သူ အစွမ်းပြနေတာကို ငါတို့က ကြည့်နေရုံပဲ ရှိတော့တယ်!"
ယန်ရှန့်ကျစ်က သစ်သားတုံးကြီးလိုပဲ ပြန်ပြောသည်။
"ဒါဆိုလည်း ကြည့်တာပေါ့"
ချန်ရှီသည် ယခုအခိုက်အတန့်တွင် စိုးရိမ်သောက ရောက်နေပြီး မိသားစု ဆယ့်သုံးစုသည် ချန်ထန်အား လုံးဝ ဖြိုခွဲပစ်မှာကို စိုးရိမ်နေပါသည်။
"အခု ရှီးကျင်းမှာရှိတဲ့ မိသားစု ဆယ့်သုံးစုရဲ့ စွမ်းအားက ငါ့ကို ရှင်းရှင်းလင်းလင်း မြင်သင့်ပြီ ဟုတ်တယ်မလား.... ငါက နန်းတော်ကိုးခုရဲ့ လက်အောက်ခံပဲ သူတို့ အချိန်မရွေး ငါ့အသက်ကို သတ်နိုင်တာမို့ ချန်ထန်နဲ့ ငါ့အမေကို တိုက်ခိုက်မှာ မဟုတ်ဘူး...."
သူ့ကိုယ်သူ လှုပ်နှိုးလိုက်သည်။
"ငါက ဝတ်ကြီးဝတ်ငယ် ပြုနေတာ!"
သူသည် ၀တ်စုံဖြူဝတ်နတ်သမီးအား အမတနန်းတော် ကိုးခုအနားသို့ လည်ပတ်ရန် ခေါ်သွားသော်လည်း နန်းတော် ကိုးခုကို အစောင့်အကြပ် ထူထပ်စွာ ချထားခဲ့သည်။ ချဉ်းကပ်လာသည်ကို မြင်သောအခါ တိုက်ခိုက်လုဆဲဆဲ ဖြစ်လာသည်။
ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ မိန်းမစိုးတစ်ယောက် ရောက်လာပြီး ဒီစစ်သားတွေကို ချန်ရှီကို ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံဖို့ တောင်းဆိုလိုက်လေ၏။
"ကဗျာစာပေပညာရှင်ချန်?"
ချန်ရှီ အံ့ဩသွားသည်။ ကဗျာစာပေပညာရှင်သည် စာအုပ်များနှင့် မှတ်တမ်းစာများ ဖတ်ရန်၊ အဓိကအားဖြင့် စစ်မှန်သောဘုရင် သို့မဟုတ် မင်းသားနှင့်အတူ လိုက်ပါသွားသော ဆဋ္ဌမအဆင့်အရာရှိတစ်ဦး ဖြစ်သည်။
စစ်မှန်သော ဘုရင် သို့မဟုတ် အိမ်ရှေ့မင်း မရှိတော့ပေ။ မင်းသားကိုလည်း ချန်ရှီက လူမြင်ကွင်းတွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသောကြောင့် နာမည်သာ ရာထူးမှ ဖြုတ်ချခံခဲ့ရပြီး တစ်စုံတစ်ဦး၏ နားထဲတွင် တိုးတိုးပြောရန် အခွင့်အာဏာ သို့မဟုတ် အခွင့်မရှိပေ။
သို့သော် သူသည် မကြာသေးမီကပင် သမိုင်းပညာရှင်တစ်ဦး ဖြစ်လာခဲ့ရာ ရက်အနည်းငယ်အတွင်း ဘယ်လိုလုပ် ရာထူးတိုးနိုင်မှာလဲ။
မိန်းမစိုးက ပြုံးပြီးပြောလေ၏။
"လူကြီးမင်းချန်က စာကျက်ရတာ ဝါသနာပါပြီး အလုပ်တွေက များတယ် နာမည်က မြို့တော်မှာ နာမည်ကြီးနေပြီ... ဒီနေ့တော့ အစိုးရအဖွဲ့က လူကြီးမင်းချန်ကို ဒီရာထူးမှ ယာယီ ခန့်အပ်ထားပြီး မနက်ဖြန် မနက်တရားရုံးမှာ ခန့်အပ်မှာ ဖြစ်ပါတယ်"
ဒါကိုကြားတော့ ချန်ရှီ လုံးဝစိတ်သက်သာရာ ရသွားသည် :"အစိုးရအဖွဲ့က ငါ့ကို နှိမ့်ချဖို့ ရာထူးတိုးပေးတယ် သူတို့က ကျွန်တော့်ကို ဓားစာခံအဖြစ် လက်ခံတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောရမှာ ရှက်နေတာပဲ ဒါကြောင့် ငါ့ကို ရာထူးတိုးပေးတာ.... ချန်ထန်နဲ့ အမေက လုံခြုံနေပုံရတယ်"
သူ သက်ပြင်းတစ်ချက်ချကာ သူ၏မူလက လေးနက်သော မျက်နှာသည် ဖြူစင်သော နတ်သမီးနှင့် စကားပြောရယ်မောကာ တည်ငြိမ်သွားခဲ့သည်။ သူက ရယ်ရယ်မောမော ပြောနေပေမယ့် အဖြူရောင်ဝတ်နတ်သမီးက နားထောင်ရုံသာရှိပြီး သူမ နားမလည်ကြောင်း ဖော်ပြရန်အတွက် "အာဘာ" ဟု ရံဖန်ရံခါ ပြောခဲ့သည်။
အစိုးရအဖွဲ့မှ ဝန်ကြီး ဆယ့်သုံးဦးသည် သူ့မျက်နှာတွင် အနည်းငယ်ပို၍ ပြုံးနေသည်ကို တွေ့လိုက်ရသောအခါ သက်ပြင်းတစ်ချက်စီ ချလိုက်ကြလေ၏။
ချန်ရှီသည် နန်းတော်ကိုးခုကို သွားရောက်လည်ပတ်ရန် အဖြူရောင်ဝတ်နတ်သမီးကို ခေါ်သွားခဲ့သည်။ နန်းတော် ကိုးခုတွင် ခန်းမနှစ်ခုရှိပြီး တစ်ခုမှာ အရှေ့ခန်းမဖြစ်ပြီး နောက်တစ်ခုမှာ ဝမ်ယွမ်းခန်းမ ဖြစ်သည်။
ချန်ရှီသည် ဝမ်ယွမ်းခန်းမကို ဖြတ်သွားရင်း အမှတ်မထင် မျှော်ကြည့်ရာ ပြတင်းပေါက်၏ ရှေ့တွင် ယန်ရှန့်ကျစ်ကို တွေ့လိုက်ရသောကြောင့် ကြင်နာစွာ ပြုံးပြလိုက်သည်။ ယန်ရှန့်ကျစ်ခမျာ ဤအပြုံးကို မြင်သောအခါ သူ့နှလုံးခုန်သံသည် ခဏရပ်သွားကာ သူလည်း အတင်းပြုံးပြလိုက်သည်။
ချန်ရှီသည် အဖြူရောင်ဝတ်နတ်သမီးနှင့်အတူ ထွက်ခွာသွားခဲ့သည်။
"အာဘာ အာဘာ!"
အဖြူရောင်ဝတ်နတ်သမီးက ချန်ရှီအား လေးနက်သော မျက်နှာဖြင့် ပြောလိုက်သည်။ ဟေးကော်သည် အဆိုပါ နန်းတော်ကိုးခုကို သူမ အနည်းငယ်ရင်းနှီးနေသလို ခံစားခဲ့ရပြီး အဆိုပါ နန်းတော်များကို သူမ မြင်လိုက်ရသောအခါ အနည်းငယ် စိတ်မသက်မသာ ဖြစ်မိကြောင်း ပြန်ပြောပြခဲ့သည်။
ချန်ရှီ ဘုံကျောင်းငယ်အား ယဇ်ပူဇော်ပြီးနောက် အဖြူရောင်ဝတ်နတ်သမီးသည် ဘုံကျောင်းထဲသို့ အမြန်ဝင်ကာ နတ်ကွန်းပေါ်တွင် ထိုင်နေလိုက်သည်။ သူမ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေတုန်းမို့ ဘုံကျောင်းပေါ်မှာ ပိုသက်တောင့်သက်သာ ဖြစ်သွားအောင် လဲလျောင်းနေ၏။
"ဒီမိန်းကလေးရဲ့ ဦးနှောက်က ငါ့ကြောင့် ပျက်စီးသွားတာ ဖြစ်မယ်..."
ချန်ရှီ စိုးရိမ်တဲ့ အကြည့်တွေနဲ့ တွေးနေခဲ့သည်။
"သူမရဲ့ မှတ်ဉာဏ်ကို ဘယ်တော့မှ ပြန်မရနိုင်ဘူးဆိုရင် သူမကို တစ်သက်လုံး ထောက်ပံ့ရမယ်.... ငါ..... ဘယ်လောက်တောင် ကုန်ကျဦးမှာလဲ"
ချန်အိမ်သို့ ပြန်လာခဲ့သည်။ လက်သမားဆရာများသည် အိမ်ကိုပြုပြင်ဆဲဖြစ်ပြီး အိမ်အကူများသည်လည်း ချန်ထန်အခန်းကို သန့်ရှင်းရေးလုပ်နေကြသည်။ ယခု ချန်ထန် ထွက်သွားပြီးနောက် သခင်၏အခန်းမှာ ချန်ရှီ၏အိပ်ခန်း ဖြစ်လာသည်။
ချန်ရှီသည် ချန်ထန်အခန်းကို မရောက်ဖူးပေ။ အိပ်ခန်းကို နှစ်ခန်းခွဲထားပြီး အတွင်းခန်းကတော့ သခင်အိပ်တဲ့ အခန်းဖြစ်ပြီး အပြင်ခန်းကတော့ အိမ်ဖော်တွေအိပ်ကာ သခင်ကို ခစားနိုင်သော အခန်းဖြစ်ပါ၏။
ညဘက်တွင် ချန်ရှီသည် အတွင်းခန်းတွင် အိပ်ခဲ့ပြီး အိမ်အကူနှစ်ယောက်သည် အပြင်ခန်းတွင် အိပ်ကြသည်။ အပြင်ခန်းရှိ အိမ်အကူနှစ်ယောက်သည် သူ့အတွင်းခန်းထဲသို့ အမြဲဝင်ချင်ပြီး ထွက်သွားရန် ငြင်းဆန်သောကြောင့် သူ့ကို ဒေါသထွက်စေခဲ့သည်။
"မင်းတို့ အိပ်ချင်သေးလား? မအိပ်ချင်ရင် ဟေးကော်ကို အပြင်ဘက်ကုတင်ပေါ်မှာ အိပ်ခိုင်းလိုက်မယ်!"
ချောမောလှပသော အစေခံနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရွှင်မြူးစွာဖြင့် အပြင်ခန်းဆီသို့ ပြန်သွားကြသည်။
ချန်ရှီ မျက်လုံးကို မှိတ်ထားလိုက်ပြီး။
"မနက်ဖြန် အိမ်ဖော်နှစ်ယောက်ကို နှင်ထုတ်ပြီး ဟေးကော်ကိုပဲ အခန်းထဲမှာ အိပ်ခိုင်းလိုက်မယ်... အခန်းထဲမှာ မိန်းမနှစ်ယောက်ရှိတာ အဆင်မပြေဘူး"
မှိန်းခနဲ အိပ်ပျော်သွားသည်။
နောက်နေ့မနက် စောစောမှာ သူ့အဝတ်အစားတွေ ပြင်ဝတ်ပြီး အခန်းထဲကနေ ထွက်လာခဲ့သည်။ အပြင်ဘက် ကုတင်ပေါ်မှာတော့ အိမ်အကူသုံးယောက် အိပ်နေတာ သူ မြင်လိုက်ရ၏။ ၀တ်စုံဖြူဝတ်နတ်သမီးသည် ဘုံကျောင်းထဲက ပြေးထွက်လာပြီး အိမ်ဖော်နှစ်ယောက်နှင့်အတူ အိပ်ရာပေါ်သို့ လှဲချလိုက်သည်။
အိမ်အကူနှစ်ယောက်က မျက်နှာချင်းဆိုင် အိပ်နေကြရာ သူမက အိမ်အကူနှစ်ယောက်ကြားတွင် ပွေ့ဖက်ကာ ဝင်အိပ်နေလိုက်သည်။ ချန်ရှီ ခေါင်းခါပြီး မနက်စာဖို့နဲ့ လေ့ကျင့်ဖို့ တံခါးကိုဖွင့်လိုက်သည်။
တံခါးဖွင့်သံကြောင့် မိန်းကလေးသုံးယောက် နိုးလာသည်။ အိမ်အကူနှစ်ယောက်သည် ကုတင်ပေါ်တွင် အမျိုးသမီးတစ်ဦး ရှိနေတာ သတိပြုမိချင်း အော်ဟစ်လိုက်ကြသည်။
နှစ်ယောက်သားသည် ထိုအမျိုးသမီးသည် နုပျိုသော အသားအရေ၊ ပျော့ပျောင်းသောအသွင်အပြင်ရှိပြီး သူမတို့ထက်များစွာ ပိုလှသည်ကို သတိပြုမိသည်။ သူမ အသံသည်လည်း အနည်းငယ် ချစ်စရာကောင်းပေသည်။
"သခင်ကြီးချန်... ငါတို့ကို လျစ်လျူရှုခဲ့တာ အံ့သြစရာတော့ မရှိပါဘူး... သူမမှာ လျှို့ဝှက်ထားတဲ့ ဆွဲဆောင်မှုတစ်ခု ရှိနေတာကိုး..."
အဖြူရောင်ဝတ်နတ်သမီးလည်း လျင်မြန်စွာ ပျံသန်းလာပြီး ချန်ရှီ၏ သေးငယ်သော ဘုံကျောင်းထဲသို့ ဝင်သွားခဲ့သည်။ ချန်ရှီ နံနက်ခင်း လေ့ကျင့်ပြီးသောအခါ ဟေးကော်က မနက်စာကို ချက်ပြီးပြီ။ အဖြူရောင်ဝတ်နတ်သမီးကိုလည်း ထမင်းစားဖို့ ဘုံကျောင်းထဲက ထွက်လာခိုင်းလိုက်သည်။
ကောင်မလေးက မစားချင်ကြောင်း ညွှန်ပြရင်း ခေါင်းယမ်းပြလေ၏။
"အစာမစားဘဲ ဘယ်လိုလုပ်နေနိုင်မှာလဲ"
ချန်ရှီ အံ့သြသွားသည်။ ဟေးကော်က နှစ်ကြိမ်ဟောင်ပြီး မွှေးကြိုင်သော လေညင်းများ မှုတ်ထုတ်သည်။ အဝတ်ဖြူဝတ်နတ်သမီးက စားပွဲမှာထိုင်ပြီး တူချောင်းတွေ ကိုင်ကာ လူ့အစားအစာတွေကို သပ်သပ်ရပ်ရပ် စားသောက်တော့၏။
"ဟေးကော်စကားကမှ အသုံးဝင်သေးတယ်... ဒီနေ့ ဟန့်လင်ကျောင်းတော်ကို သွားရမယ် အစိုးရအဖွဲ့က ငါ့ကို ရာထူးတိုးပေးချင်နေတယ်... ဒါကြောင့် သူတို့ လုပ်ငန်းစဉ်တစ်ခုတော့ ဆက်လုပ်ရမှာပဲ"
မနက်စာစားပြီးတာနဲ့ ရာထူးတိုးဖို့စောင့်နေရင်း တာဝန်အတွက် သတင်းပို့ဖို့ ဟန့်လင်ကျောင်းတော်ကို ထွက်လာခဲ့သည်။ ကောင်မလေးကလည်း ပြေးထွက်လာပြီး ဟန့်လင်ကျောင်းတော် ဌာန အသီးသီးရှိ စာအုပ်များကို အလွန်စိတ်ဝင်စားခဲ့သည်။ သူမ ၎င်းတို့ကို ကောက်ယူဖတ်ကြည့်သည်။
မယ်မယ်ရှစ်ကျီလည်း တဖြည်းဖြည်း ပိုတင်းလာသည်။ သူမသည် ချန်ရှီ၏ သေးငယ်သော ဘုံကျောင်းထဲမှ ထွက်လာပြီး သူမ၏ ခေါင်းပေါ်တွင် ခေါင်းကြီးကြီး ကိုင်ကာ စာအုပ်စင်များကြား အနှံ့ လျှောက်သွားနေခဲ့သည်။
သူမ၏ ဦးခေါင်းသည် ဆယ်ပေ ရှည်လျားပြီး သူမ၏ ခန္ဓာကိုယ်သည်လည်း ဆယ်ပေ ရှည်လာကာ အံ့သြဖွယ် ပုံစံတစ်ခုလိုပင်။
"ချန်ကျွမ့်ယွမ် ဘေးမှာ ထိပ်တန်းနတ်ဆိုးနတ်ဘုရား တစ်ဆူရှိတယ်!"
ချက်ချင်းပင် သူလျှိုတစ်ဦးသည် ဝမ်ယွမ်းနန်းတော်သို့ လျင်မြန်စွာရောက်လာပြီး အစိုးရအတွင်းရုံး အဖွဲ့ဝင် ဆယ့်သုံးပါးထံ သတင်းပို့လိုက်တော့သည်။ ဝမ်ယွမ်းနန်းတော်၏ ဂန္တဝင်နှင့်သမိုင်းဌာန၏ "မှတ်တမ်းများ" အရ ဤနတ်ဆိုးကို ရှစ်ကျီ ဟုခေါ်တွင်ပြီး စစ်မှန်သောဘုရင်ခေတ်က ဘေးဥပဒ် ကျိုင်းအဆင့် နတ်ဆိုးနတ်ဘုရားဖြစ်ပြီး ဘုရင်လက်အောက်ရှိ ရဟန်းတော်များဆီက နှိမ်နင်းခြင်းခံခဲ့ရသည်။
အတွင်းရုံးထဲမှာတော့ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြန်ပါပြီ။ ယန်ရှန့်ကျစ် သူ့လက်ကို အားပျော့စွာ ဝှေ့ယမ်းလိုက်သည်။
"နောက်တစ်ခါ ထပ်စစ်စမ်းပါ"
သူလျှို ထွက်သွားသည်။
ရှချန်းဟိုင် သူ့ဒေါသကို မထိန်းနိုင်ဘဲ စားပွဲကို ဆောင့်ထိုးလိုက်ပြီး။
"ငါတို့ သူ့ကို ရာထူးတိုးပေးပြီးပြီ... သူဘာလိုချင်သေးတာလဲ အခု သူက ငါတို့ကို ဖိအားပေးဖို့ ဘေးဒုက္ခ ကျိုင်းအဆင့် နတ်ဆိုးနတ်ဘုရားကို ထုတ်ပြနေပြီ!"
ဖေ့ကျုံး: "ငါတို့ပေးခဲ့တဲ့ ရာထူးက နိမ့်လွန်းနေလို့လား?"
ကောင်းချွမ် : "အဆင့်၆ ကဗျာစာပေပညာရှင် အဆင့်က နိမ့်ကျလွန်းလို့လား ရှေးခေတ်ကတည်းက ထိပ်တန်း ပညာရှင်က ဒီလောက် ရာထူးကြီးတာ အများစုပဲရှိတယ်... ပိုမြင့်တဲ့ ရာထူးကို ပေးရင် ဘိုးဘွားတွေရဲ့ စံနှုန်းကို ချိုးဖောက်တာပဲ!"
ကုယန်ရှန်း : "ဘိုးဘွားတွေရဲ့ စံနှုန်းကို ချိုးဖောက်တာလား... ငါ့အမြင်အရတော့ ငါတို့က သူ့အစာစားချင်စိတ်ကို အရင်ကျေနပ်အောင် လုပ်ရမယ်.. မဟုတ်ရင် သူ့ခေါင်းထဲက နတ်ဆိုး တစ်ရာကျော်ကို မနက်ဖြန်မှာ လွှတ်ပေးလိုက်မလား မသိဘူး... မှန်ကန်တဲ့ ရာထူးကို ပေးလိုက်တာ ပိုကောင်းတယ် သူ့ကို အခွန်ဝန်ကြီးဌာနရဲ့ လက်ဝဲဒုဝန်ကြီး ရာထူးကို ချက်ချင်း မြှင့်တင်လိုက်ရင်ရော.... ဒါ သူ့အဖေရဲ့ ထိန်းချုပ်မှုကို ရှောင်ချင်နေသလိုပဲ..."
"သူ့အဖေက အခွန်ဝန်ကြီးဌာနရဲ့ လက်ဝဲဒုဝန်ကြီးဖြစ်ဖူးတယ်... လူကြီးမင်းချွေ့ကိုတောင် ငတုံးလို ကစားသွားတာ.... သူသာ အခွန်ဝန်ကြီးဌာနရဲ့ လက်ဝဲဒု၀န်ကြီး ဖြစ်လာရင် မင်မင်းဆက်ကို သုတ်သင်ပစ်လိုက်လိမ့်မယ်... ဒီကို ကြွရောက်လာသူအားလုံးကိုလည်း ကစားသွားလိမ့်မယ်..."
ထိုအသံဆုံးသော် ရှချန်းဟိုင်က ဒေါသတကြီးဖြင့် စားပွဲကိုရိုက်ကာ မတ်တပ်ထရပ်လိုက်သည်။
"ဒီနေ့ မြို့ငါးမြို့ ပေးလိုက်... မနက်ဖြန် တစ်ညအိပ်ပြီး ၁၀မြို့ကို လွှဲပေးလိုက်... နောက်နေ့လည်း ထပ်လာဦးမှာပဲ!"
ကုယန်ရှန်းလည်း သည်းမခံနိုင်တော့ဘဲ စားပွဲကိုဆောင့်ချလိုက်ပြီး မတ်တပ်ထရပ်ကာ သူ့ကိုကြည့်နေလိုက်သည်။
"ဒါဆို အစ်ကိုရှ မင်းရဲ့ထင်မြင်ချက်က ဘယ်လိုလဲ... ဘေးဥပဒ်ကို တွန်းလှန်ဖို့ အစ်ကိုရှကိုပဲ ဦးဆောင်ပြီး ရက်ရောစွာ သေခိုင်းလို့ရမလား"
လူနှစ်ယောက် ပိုပိုပြီး ဒေါသထွက်လာကြသည်။ ယန်ရှန့်ကျစ်က ချောင်းဟမ့်လိုက်တဲ့အခါ နှစ်ယောက်သား အတိုက်အခိုက်ကို ချက်ချင်းရပ်ကာ လှည့်ကြည့်လိုက်သည်။
"ချန်ရှီရဲ့ ကဗျာစာပေပညာရှင် ရာထူးကို တိုးပေးပြီးပြီလား?"
ချွေ့ပိုင်ဟဲ: "မိန်းမစိုးက အမိန့်ထုတ်ဖို့ ဟန့်လင်ကျောင်းတော်ကို သွားပါပြီ"
ယန်ရှန့်ကျစ် : "ဒါဆို သူ့ကို ပဉ္စမအဆင့်ဘွဲ့ကို ရာထူးတိုးဖို့ အမိန့်တစ်ခု ထပ်ထည့်လိုက်ပါ.... ဒါက အမည်ခံရာထူးတစ်ခုပဲ... သူဆက်ပြီး ရာထူးတိုးရင်တောင်မှ သူ့ကို စာပေပညာရှင် ပဉ္စမအဆင့် ဘွဲ့ရှင်အဖြစ် ခန့်အပ်လိုက်တာပဲ ကောင်းပါတယ်"
ရှနဲ့ ကုလည်း စကားတွေ ရပ်လိုက်ပြီး ထိုင်လိုက်ကြသည်။
ဟန့်လင်ကျောင်းတော်တွင် ချန်ရှီက အမိန့်ကိုလက်ခံရရှိပြီး ထွက်ခွာတော့မည် ဖြစ်သည်။ ရုတ်တရက် နောက်ထပ်အမတ်တစ်ယောက် ပြေးလာပြန်၏။
"လူကြီးမင်းချန်... လူကြီးမင်းချန်... နေပါဦး... အစိုးရအဖွဲ့က အမိန့်ထပ်ထုတ်ပြီး ရာထူးတိုးပေးပြန်ပါပြီ!"
ချန်ရှီသည် နယ်ချဲ့အမိန့်ကို ထပ်မံခံယူရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။ သူသည် ပဉ္စမအဆင့်သို့ တိုးမြှင့်ခံရကြောင်းကို ကြားသောအခါ ခေါင်းယမ်းကာ ဆွဲလိုက်သည်။
“သူတို့ ငါ့ကို နှစ်ခါ ရာထူးတိုးပေးနေတာလား... တစ်ခါတည်း လုပ်လိုက်လို့ မရဘူးလား”
သူသည် ဧကရာဇ်အမိန့်ကို လက်ခံရရှိပြီးနောက် မယ်မယ်ရှစ်ကျီနဲ့ အဖြူရောင်ဝတ် နတ်သမီးကို ပြန်ခေါ်ကာ ဟေးကော်နှင့်အတူ ထွက်ခွာသွားခဲ့္သည်။
ဧကရာဇ်အမိန့်ကို ပေးပို့သော မိန်းမစိုးသည် ဝမ်ယွမ်းနန်းတော်သို့ ပြန်လာပြီး ချန်ရှီ၏ စကားကို လူကြီးဆယ့်သုံးပါးအား ထပ်ခါတလဲလဲ ပြောခဲ့သည်။ ရှချန်းဟိုင်နဲ့ အခြားသူများခမျာ အချင်းချင်း အံ့သြတကြီး ကြည့်နေကြသည်။
"ဒါက ရာထူးက အရမ်းနိမ့်နေလို့လား ဒါမှမဟုတ် ငါတို့က အရမ်းနှေးနေလို့လား"
“နည်းနည်းနှေးပေမယ့် သူက တွန့်ဆုတ်နေပုံရတယ်နော်..."
ချန်ရှီ မြို့ထဲ ပြန်သွားကြောင်း သတင်းရလိုက်သောအခါ သူတို့အားလုံး တစ်ပြိုင်နက်တည်း မျက်မှောင်ကြုတ်လိုက်ကြလေသည်။
နောက်တစ်နေ့တွင် ချန်ရှီသည် လှေစီးသူတို့ ငှားထားသော အိမ်အနား တိတ်တဆိတ် ရောက်လာခဲ့၏။
"ဒီနေ့ ရှီးကျင်းကနေ ထွက်ပြီး အမတမြို့ကို သွားမယ်... မင်းအဆင်သင့် ဖြစ်လောက်ပါပြီ"
လှေသမလေးက ပြန်မေး၏။
"ရှီးကျင်းက မင်းကို လွှတ်ပေးပါ့မလား"
"ငါ့မှာ မိုင်ထောင်ချီဝေးတဲ့ ကမ္ဘာငယ်လေးကိုဖြတ်သွားနိုင်တဲ့ လျှို့ဝှက်နည်းလမ်း တစ်ခုရှိတယ်... ဒီနေ့ မင်းကို အဲ့မှော်ပညာ သင်ပေးမယ်"
ချန်ရှီ သူမအား ကောင်းကင်ဘုံတရားရုံး အမိန့်ပြညးကို ပေးပြီး စကြဝဠာငယ်ကို ဖွင့်ရမယ့် နည်းလမ်းကို သင်ကြားပေးခဲ့သည်။
"ငါထွက်သွားပြီး နာရီဝက်ကြာမှ မင်းကို ငါသင်ပေးတဲ့နည်းကို ချက်ချင်း အသက်သွင်းလိုက်... ကျောက်စိမ်းဆွဲသီးကို ပူဇော်ပြီး စကြဝဠာအသေးစားကို ဖွင့်လိုက်... မင်းကို စကြာဝဠာငယ်လေးမှာ ငါစောင့်နေမယ်... မင်းရောက်တာနဲ့ မိုင်ထောင်ချီဝေးတဲ့ ထွက်ပေါက်ကို ငါခေါ်သွားမယ်... မနှောင့်နှေးနဲ့ မှတ်ထား!"
လှေသမလေးက အရမ်းစိတ်လှုပ်ရှားသွားသည်။
“ငါတို့ မရဏကမ္ဘာကို ဖြတ်သွားလို့ မရဘူးလား”
ချန်ရှီ ခေါင်းခါလိုက်ပြီး။
"ရှီးကျင်းရဲ့ မရဏကမ္ဘာမှာ ဖြစ်ပျက်ခဲ့သမျှက မဟာယာနနယ်ပယ်တွေရဲ့ အနတ္တလေဟာပြင်ဘုံကနေ ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်းကို မြင်ရတယ်... ငါတို့ မရဏကမ္ဘာကို ဖြတ်သွားရင် သူတို့ သေချာပေါက် သတိထားမိမှာ သင်္ချိုင်းမြေမရှိပဲ သေသွားလိမ့်မယ်!"
လှေသမလေးလည်း ပိုလို့တောင် တုန်လှုပ်သွားပြီး မှန်ကန်ကြောင်း သေချာအောင် ကမ္ဘာငယ်လေးကို ဖွင့်ဖို့ အဆောတလျင် ကြိုးစားခဲ့သည်။
ချန်ရှီသည် ချန်အိမ်ကို ပုံမှန်အတိုင်း ဟန်ဆောင်ကာ ကြောက်ရွံ့မှု အရိပ်အယောင် မရှိဘဲ ပြန်လာခဲ့သည်။ ဟေးကော်ရဲ့ နောက်ခြေထောက်နှစ်ချောင်းသည် ထိတ်လန့်တုန်လှုပ်နေပြီး သူ့အမြီးကို ဘယ်မှာထားရမှန်း မသိ။ သူ့အမြီးသည် စောင်းခြင်း၊ ချိတ်ဆွဲခြင်း၊ ဆွဲငင်ခြင်းတို့သည် သဘာဝအတိုင်း မဟုတ်တော့သလိုတောင် ခံစားလာခဲ့ရသည်။
စိတ်လှုပ်ရှားလွန်းသဖြင့် ချန်ရှီရဲ့ တည်ငြိမ်သော အမူအရာကို မြင်လိုက်ရတဲ့အခါ သခင်ငယ်၏ ဥပေက္ခာပြုမှုကို ချီးမကျူးဘဲ မနေနိုင်လိုက်ချေ။
"မနေ့က ငါကောင်းကောင်း မအိပ်ရဘူး... ငါအနားယူပြီး အိပ်ဖို့ပြင်တော့မယ်... မင်းတို့ငါ့ကိုမနှောင့်ယှက်ရဘူး "
အစေခံတွေကလည်း အမိန့်ကို နာခံကာ အိပ်ခန်းထဲက ထွက်သွားကြသည်။
ချန်ရှီ တံခါးကိုပိတ်လိုက်ပြီး လက်ကို အနည်းငယ် ဆွဲဆိတ်လိုက်တော့သည်။ ဒါကိုမြင်တော့ ဟေးကော်သည် ချန်ရှီလည်း အရမ်းစိတ်လှုပ်ရှားနေမှန်း သဘောပေါက်လိုက်၏။
အိပ်ခန်းထဲမှာ လူတစ်ယောက်နဲ့ ခွေးတစ်ကောင် စောင့်နေသည်။ ချန်ရှီ ငြိမ်သက်သွားပြီး ဟောက်ဟန်ဆောင်ကာ ခဏစောင့်လိုက်သည်။ ဟောက်သံက တဖြည်းဖြည်း မြင့်တက်လာပြီး မကြာခင်မှာပဲ သူ ဟောက်တာကို လျှော့ချလိုက်ကာ တဖြည်းဖြည်းနဲ့ ပိုပေါ့ပါးလာသည်။
အချိန်အနည်းငယ် ကြာပြီးနောက် ဟေးကော် ရုတ်တရက် နားရွက်ထောင်သွားကာ ချန်ရှီကိုကြည့်၍ အချိန်ကျပြီဟု အချက်ပြလိုက်သည်။ ချန်ရှီသည် ကောင်းကင်ဘုံတရားရုံး အမိန့်ကို ချက်ချင်းထုတ်ကာ စကြာဝဠာငယ်လေးကို ဖွင့်ကာ ဝင်သွားခဲ့သည်။
သူ ခဏစောင့်ပြီးနောက် စကြဝဠာငယ်လေးထဲက တံခါးတစ်ချပ် ပွင့်လာတာနဲ့ လှေသမလေး ပေါ်လာသည်။ ချန်ရှီ ဘာမှထပ်မပြောတော့ဘဲ ဟေးကော်နဲ့ လှေသမလေးကို စကြာဝဠာအသေးစားထဲက ချက်ချင်းခေါ်ထုတ်ပြီး မြေခွေးစပျစ်သီးမှန်ထဲက ပြေးထွက်သွားခဲ့သည်။
လှေသမလေး ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ရှီးကျင်းနဲ့ ဝေးကွာနေတာကို တွေ့လိုက်ရလေ၏။ ပတ်ပတ်လည်တွင် စိမ်းလန်းစိုပြေသော တောင်တန်းများရှိပြီး မြစ်ကြီးတစ်စင်းသည် လှိုင်းလုံးကြီးများဖြင့် တောင်များကြား ဖြတ်သန်းစီးဆင်းနေသည်။ သူတို့ တကယ်ပဲ ဟွမ်ယန်တောင်တွေထဲကို ဝင်လာခဲ့ပါပြီ။
အဘွားရှားသည် ယဇ်ပလ္လင်တစ်ခုတည်ပြီး အသွင်ပြောင်းနည်းကို ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။ တစ္ဆေဘုရင်ငါးပါးသည် ပတ်လည်တွင်ရပ်နေပြီး ရှန့်ထျန်းယွီကလည်း ယဇ်ပလ္လင်ဘေးတွင် ရပ်နေ၏။
အဘွားရှားသည် လူနှစ်ယောက်နှင့် ခွေးတစ်ကောင်ကို မှန်ထဲမှ ပျံသန်းလာနေတာ မြင်လိုက်ရသောအခါ စိတ်သက်သာရာ ရသွားသည်။ သူမက အသွင်ကူးပြောင်း စာလုံးကို ချက်ချင်း အသက်သွင်းလိုက်ပြီး ချန်ရှီနဲ့ လှေသမလေးကို မျက်နှာစိမ်း၊ အစွယ်များဖြင့် သရဲတစ္ဆေနှစ်ကောင်အသွင် ပြောင်းလဲပေးလိုက်သည်။
"တစ်ဆယ်လေး... အချိန်မရှိဘူး မင်း မရဏကမ္ဘာကို သွားတော့!"
ချန်ရှီ ဦးညွှတ်ပြီး :"ကျေးဇူးပြုပြီး အဒေါ်ချိုထုံက အိမ်ပြန်ပြီး ကျနော့်သတင်းကို စောင့်နေပေးပါ.... ဟေးကော်!"
ဟေးကော်က တစ်ချက် ဟောက်လိုက်သည်နှင့် အေးစက်တဲ့ လေက ရုတ်တရက် ဝေ့ဝဲတိုက်ခတ်ကာ ချန်ရှီကို မရဏကမ္ဘာထဲကို ခေါ်ဆောင်သွားပါတော့သည်။
အဖွားရှားလည်း ချက်ချင်းပင် ယဇ်ပလ္လင်မှ ဆင်းလာပြီး နတ်ဘုရင်ငါးပါးအား ယဇ်ပလ္လင်ကို ရွှေ့ရန် အမိန့်ပေးကာ ရှန့်ထျန်းယွီနှင့်အတူ အမြန်ထွက်ခွာသွားခဲ့သည်။
ရှီးကျင်း!
အစိုးရအဖွဲ့မှ ဝန်ကြီးဆယ့်သုံးဦးသည် ဤမြင်ကွင်းကို အဝေးမှကြည့်ကာ ချက်ချင်းပင် ဝမ်ယွမ်းနန်းတော်ထဲ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
အားလုံးက ဝမ်းသာအားရ အချင်းချင်း ပွေ့ဖက်ကာ ဂုဏ်ပြုကြပြီး စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်တောင် ကျနေခဲ့ကြ၏။
"သွားပြီ နောက်ဆုံးတော့ သွားပြီ!"
ယန်ရှန့်ကျစ်ဆိုလျှင် သူ့အားရှိသမျှ အားကုန်သွားပုံရပြီး ကုလားထိုင်ပေါ် လဲကျသွားကာ သူ့မျက်နှာပေါ်တွင် ကြာရှည်စွာ ပျောက်ဆုံးနေခဲ့သော အပြုံးတစ်ခု ပြန်ပေါ်လာခဲ့သည်။
"ကောင်းတယ်... သွားတာ ကောင်းတယ် နောက်ဆုံးတော့ ဒီကပ်ဆိုးကြီးကို လွှတ်လိုက်နိုင်ပြီ... ငါတို့ ဘေးကင်းပြီ!"