← Chapters

သခင်မလင်စု

Vol. 22 Ch. 323

သခင်မလင်စု

Vol. 22 Ch. 323

"ဆံပင်နီတစ္ဆေက မင်းတို့ကို လိုက်နေတာလား"

ချန်ရှီ မတ်တပ်ထရပ်ပြီး နောက်ပြန် လှည့်ကြည့်လိုက်သည်။

"သခင်ငယ်က ဘယ်သူလဲ သူဘာလို့ သုံးဘဝကျောက်တုံးကို ရှာနေတာလဲ... မိန်းကလေး မင်းအရင်က ငါ့ကို စောင့်ရှောက်ဖို့ တာဝန်ရှိခဲ့ဖူးတယ် အဲဒီသခင်ငယ်ကို သိလား"

လှေသမလေးက ခေါင်းခါလိုက်ပြီး :"ငါတို့ မရဏကျေးကျွန်တွေက မရဏတမန် အမိန့်ကို နာခံရတယ် မရဏတမန်က တရားသူကြီးရဲ့ အမိန့်ကို နာခံတယ်... တရားသူကြီးက ငရဲဘုရင်ရဲ့ အမိန့်ကို နာခံတယ် သခင်ငယ်ကို တခါမှ မကြားဖူးဘူး"

"မင်းကို ဘယ်သူက ငါ့ကို ဖိနှိပ်ဖို့ အမိန့်ပေးတာလဲ?"

"မရဏတမန်ရဲ့ အမိန့်"

"အဲ့တမန် ဘယ်မှာလဲ"

"သေပြီ... ချန်ယင်တူးက အမတမြို့ကို လာပြီးတော့ မင်းကို ပြန်ပေးဆွဲသွားတယ်... ချန်ယင်တူးကို ငါတို့ မနိုင်လို့ မရဏတမန်ကို သွားရှာပေမယ့် သူက သေသွားပြီ... တရားသူကြီးကို ငါတို့ ရှာချင်ပေမယ့် တရားသူကြီးကလည်း သေသွားပြီ။ တရားမျှတမှုသခင်ကို သွားရှာပေမယ့် သူကလည်း ပျောက်နေတာ ငါတို့လည်း မင်း ပျောက်သွားရင် သေမှာပဲဆိုတာ သိတယ် အဲဒါကြောင့် ငါတို့ရဲ့ ခန္ဓာကိုယ် အစစ်အမှန်ကို ချက်ချင်း စွန့်ပစ်ပြီး သက်ရှိလောကဆီ ထွက်ပြေးခဲ့ရတာ....”

ချန်ရှီ သူ့နှလုံးသားထဲ အနည်းငယ် ထိတ်လန့်သွားခဲ့ရသည်။ သူ့ရဲ့သေဆုံးမှုက လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်လောက်က ဖြစ်ခဲ့တာပါ။ သူသည် ဤနေရာတွင် ဖိနှိပ်ခံခဲ့ရပြီး လွန်ခဲ့သော သုံးနှစ်မှ ဆယ့်တစ်နှစ်ကြားတွင် ဖြစ်သင့်ကာ အပိတ်ခံထားရတာ ရှစ်နှစ်အောက်၊ ငါးနှစ်ခန့်သာ ဖြစ်ပေမည်။

ငါးနှစ်အတွင်းမှာ ဆိုးရွားတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်ပျက်ခဲ့သည်။ မရဏတမန်၊ တရားသူကြီးနှင့် ငရဲဘုရင် ကွယ်လွန်သွားသည် သို့မဟုတ် ပျောက်ကွယ်သွားခဲ့သည်။

အရက်ခွက်ကို ကိုင်ဆောင်ထားသော ထွားကျိုင်းသော အမျိုးသမီး နတ်ဆိုးတစ်ကောင်သည် အိပ်ငိုက်နေသော မျက်လုံးများဖြင့် ချန်ရှီထံ ရောက်ရှိလာပြီး ဆွဲဆောင်မှုရှိတဲ့ မျက်လုံးတွေနဲ့ ကြည့်လာ၏။

"စိတ်ဝင်စားရင် ဒီခွက်ကို သောက်လိုက်ပါလား"

ချန်ရှီ သူ့လက်ကို မြှောက်ကာ ညင်သာစွာ တွန်းလိုက်ရာ နတ်ဆိုးမတစ်ကောင်သည် နောက်သို့ ပျံသွားခဲ့သည်။ သူမသည် နံရံကို ဖြတ်သွားကာ ပေဒါဇင်များစွာ အကွာအထိ ပျံသန်းသွားခဲ့သည်။

ချန်ရှီ အံ့အားသင့်သွားသည်-

"အဖိုးက အဘွားရှား၊ ဦးလေးချင်းယန်နဲ့ တခြားသူတွေကို မရဏကမ္ဘာထဲ ခေါ်လာရင်း ငါ့ကို ကယ်တင်လိုက်တဲ့အချိန်တုန်းက မရဏကမ္ဘာမှာ ပြင်းထန်တဲ့ ရုန်းရင်းဆန်ခတ်​တွေ ဖြစ်နေတာကို တွေ့လိုက်ရတယ်တဲ့... မရဏကမ္ဘာထဲက သရဲတစ္ဆေတွေနဲ့ နတ်ဘုရားတွေက အချင်းချင်း တိုက်ခိုက်နေလို့ အသေအပျောက်လည်း များခဲ့တယ်.... အဲဒီကာလမှာ မြေအောက်ကမ္ဘာမှာ ကြီးကြီးမားမား ဖြစ်ပျက်သွားပုံရတယ်... မဟုတ်ဘူး အဲဒါက အဲဒီကာလမှာတင် မဟုတ်လောက်ဘူး"

နတ်ဆိုးမိန်းမကို မောင်းထုတ်သည်ကို မြင်သောအခါ အလောင်းနတ်သုံးပါးတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

ဒီလိုအလှလေးက သခင့်ရဲ့ အရသာ မဟုတ်ဘူးလား။

ကျုံးခွေနဲ့ တျယ်ချစ်ကလည်း လွန်ခဲ့သော အနှစ် ၂၀ ကျော်က လူပြန်ဝင်စားခဲ့ကြကြောင်း ချန်ရှီ ရုတ်တရက် တွေးမိလာသည်။ တစ်နည်းဆိုရသော် လွန်ခဲ့သည့် အနှစ် ၂၀ ကျော်က မရဏကမ္ဘာတွင် ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပျက်​နေခဲ့ပြီ ဖြစ်သည်။

"ဒါပေမဲ့ လျှာဆွဲငရဲက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်က ကွဲသွားခဲ့တာ... ဒီစစ်ပွဲက ငါထင်ထားတာထက် ပိုကြာနိုင်တယ်... ဒါတွေကို ဘေးဖယ်ထားဦး... ဒီမှာ ငါ့ရဲ့ ပန်းတိုင်က ငါ့အမေကို ကယ်တင်ဖို့ပဲ"

ချန်ရှီ ငြိမ်သက်သွားပြီး :"မနက်ဖြန် ငါ့အမေကို ကယ်တင်ဖို့ အခွင့်အရေးရှာရမယ်... တခြားဘာမှ မတောင်းဆိုတော့ဘူး!"

သူသည် အေးအေးဆေးဆေး သီဆိုကာ ကပြနေသော ပြည့်တန်ဆာအိမ်ထဲက နတ်ဆိုးအမျိုးသမီးကို ကြည့်ကာ အလွန်ပျော်ရွှင်နေခဲ့သည်။ ထိုအခါ အလောင်းကောင်နတ် သုံးပါးကလည်း ၎င်းတို့ အောင်မြင်သည်ဟု ထင်မြင်ကြသဖြင့် အလွန်ပျော်ရွှင်​နေခဲ့ကြသည်။

မိုးလင်းခါနီးအချိန်တွင် အလောင်းနတ်သုံးပါးသည် ချက်ချင်းပင် အေးစက်သော လေပြင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ချန်ရှီကို ချန်ထားခဲ့သည်။ ချန်ရှီလည်း ငွေပေးချေပြီးနောက် ယွမ်ချန်နန်းတော်သို့ ပြန်သွားကာ အိမ်ရှေ့ခန်းကို ဖွင့်ကြည့်လိုက်ရာ ဖန်ကျွယ်က မရှိပေ။

သူသည် အခြားဘက်ခြမ်းရှိ ခန်းမနှစ်ခုကို ဖွင့်သော်လည်း အခြားအလောင်းနတ်နှစ်ပါးကို ရှာမတွေ့ခဲ့ပေ။ အလောင်းနတ် သုံးကောင်ဟာ ညအချိန်တွင်သာ ပေါ်ထွက်လာတာ ဖြစ်ပေမည်။

ချန်ရှီသည် ဘုံကျောင်းငယ်လေးမှ ကြိုတင်ပြင်ဆင်ထားသော အစားအစာများကို ထုတ်ယူကာ ဗိုက်ပြည့်စေရန် တစ်ခုခုစားပြီးနောက် ထွက်ခွာသွားခဲ့သည်။ ဟေးကော်နဲ့အတူ ကောင်းကင်လမ်း တစ်လျှောက် လှေသမလေးနောက်သို့ လိုက်သွားခဲ့သည်။

နေ့ခင်းဘက်တွင် အမတမြို့ထဲ၌ မနေ့ညကထက် ပို၍ တိတ်ဆိတ်နေပုံပေါ်သည်။ ကောင်းကင်လမ်းတွင် လူမရှိသလို တစ္ဆေများနှင့် ဘီလူးများလည်း မရှိတော့ပါ။ အောက်ပိုင်းတွင် ယင်ကောင်ငယ်များ၊ နွားခေါင်းတစ္ဆေများနှင့် မြင်းမျက်နှာသရဲတစ္ဆေများသာ ရှိသည်။ အချို့မှာ နေရာတိုင်းတွင် အလုပ်အတွက် တောင်းရမ်းစားသောက်ကြပြီး အချို့မှာ ညစ်ပတ်ပြီး ပင်ပန်းနွမ်းနယ်သည့် အလုပ်များကို လုပ်ကိုင်​နေကြသည်။

၎င်းတို့အပြင် ချန်ရှီလိုမျိုး ကျားကြီးများ၊ နွားခေါင်းရှိ ဘီလူးများနှင့် မြင်းမျက်နှာရှိ ငရဲနတ်ကြီးများလည်း ရှိပြီး သရဲနှင့် နတ်ဆိုးများသာ မဟုတ်ဘဲ တစ္ဆေနှင့် နတ်များဟုလည်း မှတ်ယူနိုင်ကြသည်။

မရဏာကမ္ဘာ၌ အလုပ်ကိစ္စများကို ဆောင်ကြရာ မရဏတမန် ဖြစ်လာကြပြီး နံ့သာပေါင်းဖြင့် ပူဇော်ခံကြသူများကိုသာ သရဲတစ္ဆေနှင့် နတ်အစစ်များဟု မှတ်ယူနိုင်သည်။ အမွှေးနံ့သာ မရှိလျှင် ဘီလူးဟုသာ ခေါ်နိုင်သည်။

ချန်ရှီသည် ကောင်းကင်လမ်းပေါ် လျှောက်သွားပြီး ပတ်ပတ်လည်ကို လှမ်းကြည့်သည်။ အကန့်အသတ်မရှိသော ယွမ်ချန် နန်းတော်များက သူ့မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။ အဆုံးကို မမြင်နိုင်သဖြင့် အလွန်တုန်လှုပ်သွားခဲ့သည်။

အမတမြို့က ဘယ်လောက်တောင် ကြီးတာလဲ။

အမတမြို့ရဲ့ အဆုံးကို လျှောက်ဖူးသူ တစ်ယောက်ယောက်များ ရှိလား။

"ရှင်းကျိုး.... ရှင်းကျိုးက လူအားလုံးရဲ့ ယွမ်ချန် နန်းတော်တွေ... လူတွေက အချိန်တိုင်းသေပြီး တစ်ချိန်လုံး မွေးဖွားလာကြတယ် ယွမ်ချန် နန်းတော်တွေက အဆက်မပြတ် ပျက်စီးနေပေမယ့် အမြဲမပြတ် ဖန်တီးနေတတ်တယ်"

ချန်ရှီ မျှော်၍ အကန့်အသတ်မဲ့ ယွမ်ချန် နန်းတော်များကို ကြည့်လိုက်သည်။ အချို့သော ယွမ်ချန်နန်းတော်များတွင် ကြီးမားသော နတ်ဝိညာဥ်များသည် နတ်ဘုရားများကဲ့သို့ ကြီးကျယ်ခမ်းနားစွာ ရပ်နေ၏။ ဒါက ကျင့်ကြံသူတွေကြားက သန်မာသော နတ်ဝိညာဥ်တွေ ဖြစ်နိုင်သည်။

သို့သော် ထိုကဲ့သို့ နတ်ဝိညာဥ်ကလည်စ အများအပြားမရှိပါ၊ ယွမ်ချန်နန်းတော် ရာပေါင်းများစွာတွင် တစ်ခုတည်းသာ ရှိတတ်သည်။ သို့သော် တစ်ခုတည်းပေါ်လာလျှင်ပင် အလွန်တုန်လှုပ်ဖွယ်ကောင်းနေပြီ။

ဒီမြင်ကွင်းကို မြင်တော့ ငရဲနတ်လေး ပြောတာကို သူနားလည်သွားသည်။

"ငရဲနတ်လေးက ယွမ်ချန် နန်းတော်က လူ့ခန္ဓာကိုယ်နဲ့တူတယ်လို့ ပြောတယ်... မှန်တယ်! ယွမ်ချန် နန်းတော်က မရဏကမ္ဘာမှာ လူ့ခန္ဓာကိုယ်ရဲ့ ရောင်ပြန်ဟပ်မှုလိုပဲ ဒါပေမယ့် ပိုအံ့သြစရာကောင်းတယ်... မရဏကမ္ဘာကနေ ယွမ်ချန် နန်းတော်ထဲမှာ ဝှက်ထားနိုင်တယ်။ သက်ရှိကမ္ဘာမှာ နတ်ဝိညာဥ်က ခန္ဓာကိုယ်ထဲမှာ ပုန်းနေနိုင်သလိုပဲ... အလောင်းနတ်သုံးကောင်ကတော့ နတ်ဆိုးတွေရဲ့ အကြံအစည်နဲ့ သရဲတစ္ဆေအသွင် ပြောင်းသွားတဲ့ လူ့ခန္ဓာကိုယ်ပဲ...."

ချန်ရှီက နားလည်မှုတစ်ခု ရသွားခဲ့သည်။ နေ့ခင်းဘက်တွင် လူတို့သည် ဆင်ခြင်တုံတရားရှိ၍ ဝိညာဉ်သည် အုပ်စိုးသောကြောင့် အလောင်းနတ်သုံးပါးက ၎င်းတို့၏ လှုပ်ရှားမှုများကို ရပ်တန့်ထားခဲ့သည်။ ညဘက်တွင် ကျိုးကြောင်းဆီလျော်မှုက ဆုတ်ခွာသွားကာ လရောင်၏ လွှမ်းမိုးမှုအောက်တွင် အလောင်းနတ်သုံးပါးက ခေါင်းဆောင်များ ဖြစ်လာခဲ့သည်။

လူတွေက အိပ်မက်မက်ပြီး ကျိုးကြောင်းဆီလျော်မှု မရှိတော့ရင် အလောင်းနတ် (၃)ပါးဟာ သူတို့ရဲ့သခင်တွေရဲ့ ဝိညာဉ်တွေကို ညစ်ညမ်းတဲ့ဘဝနဲ့ နေထိုင်ဖို့ လှုံ့ဆော်ပေးပါလိမ့်မည်။

တစ်နည်းဆိုရသော် အမတမြို့ တစ်ခုလုံးသည် အမှန်တကယ်တွင် မရေမတွက်နိုင်သော လူများ၏ ခန္ဓာကိုယ်နှင့် အိပ်မက်များ၏ သရုပ်ပြကွက်များ ဖြစ်သည်။ မရေတွက်နိုင်သော သရဲများနှင့် နတ်ဘုရားများသည် ထိုကဲ့သို့သော အမတမြို့နှင့် တွဲစပ်နေပါသည်။

"ဒီထဲမှာ တခြားလျှို့ဝှက် ဆန်းကြယ်တဲ့အရာတွေ ရှိနိုင်တယ်"

ချန်ရှီ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ အမတမြို့ဟာ ကျယ်ပြောပြီး သပ်သပ်ရပ်ရပ် ဖြစ်နေကာ တကယ်ကို အံ့သြစရာ ကောင်းလေ၏။

မနေ့ညက ဆံပင်နီတစ္ဆေ ဝင်လာတဲ့ အိမ်ဝင်းထဲကို သူတို့ မသိစိတ်နဲ့ ရောက်လာခဲ့သည်။

ဝင်းအပြင်ဘက်တွင် လူရာနှင့်ချီ၍ သပ်သပ်ရပ်ရပ် တန်းစီထားသော ငရဲနတ်လေးများ ရှိနေသည်။

ဤငရဲနတ်လေးများသည် ပုခုံးပေါ်၌ တုတ်များ သို့မဟုတ် ခက်ရင်းများကို ကိုင်ဆောင်ကာ ပုပ်ပွနေသော အစာနှင့် စက္ကူငွေများဖြင့် ပြည့်နေသော အထည်အိတ်များဖြစ်သော ၎င်းတို့၏ ကိုယ်ပိုင်အိတ်များကို ချိတ်ဆွဲကာ အရှေ့သို့ ဖြည်းညှင်းစွာ ရွေ့လျားသွားနေကြသည်။

ချန်ရှီလည်း စုံစမ်းမေးမြန်းရန် ရှေ့တိုးလာခဲ့သည်။

"ဒီပိုင်ရှင်က ဧည့်သည်တွေကို ဖျော်ဖြေချင်ပြီး ထူးထူးခြားခြား အလုပ်တွေလုပ်ဖို့ လုံ့လဝီရိယရှိတဲ့ ငရဲနတ်လေးတွေကို ခေါ်ယူချင်နေတာ... လုပ်အားခက အရမ်းများတယ် ငါတို့က ကံစမ်းဖို့ ဒီကိုရောက်လာတာ... အလုပ်ရှာလို့ရလောက်မလားပေါ့... အိမ်ကြီးမှာ ငရဲနတ်ကြီးတွေ မလိုဘူး တန်းစီတာလည်း မင်းအတွက် အသုံးမဝင်ဘူး"

ချန်ရှီ ပြုံးပြီးပြောလိုက်သည်။

"မင်းနဲ့အလုပ် မလုပါဘူး ငါက ဖြတ်သွားတာ... ဒီမှာပိုင်ရှင်နာမည်က ဘာလဲ၊ သူ့ဇာစ်မြစ်ကဘာလဲ"

"မသိဘူး..."

ချန်ရှီက ငရဲနတ်လေးတွေ တော်တော်များများကို မေးပေမယ့် ခြံပိုင်ရှင်ရဲ့ နာမည်ကို ဘယ်သူမှ မသိကြပါဘူး။

ချန်ရှီသည် လှေသမလေးနှင့် ဟေးကော်နောက်ကို လိုက်ကာ ခြံဝင်းကို ဖြတ်သွားခဲ့သည်။ ဤခြံဝင်းသည် အခြား ယွမ်ချန်နန်းတော်များထက် များစွာကျယ်ဝန်းပြီး အချင်းမိုင်ပေါင်း များစွာရှိသည်။ ခြံနောက်ကွယ်မှာ အမှောင်ထုလည်း ရှိ၏။ ကောင်းကင်လမ်းက အမှောင်ထဲတွင် တွဲလောင်းကျနေတာ မြင်လိုက်ရသည်။ အမှောင်၏ နက်နဲသော အကွာအဝေးမှ ယွမ်ချန် နန်းတော်တစ်ခုကိုသာ မြင်နိုင်ပြီး အခြားနန်းတော်များကို မမြင်နိုင်ပါ။

ခြံရှေ့နှင့် နောက်ဘက်သည် မတူညီသော ကမ္ဘာနှစ်ခုနှင့် တူလေသည်။

"ငါတို့ဒီကိုနောက်ဆုံး ရောက်တုန်းက မင်းအမေကို ဒီယွမ်ချန်နန်းတော်က ကယ်ခဲ့တာ..." လှေသမလေးက ဆိုသည်။

ချန်ရှီ သတိပြုမိသည်မှာ လမ်း၏နှစ်ဘက်စလုံးသည် မှောင်နေပြီး အလင်းရောင်မရှိပေ။ သူ့စိတ်က အနည်းငယ် လှုပ်ရှားသွားပြီး သူ့သွေးချီသည် အမှောင်ထုထဲတွင် မိုးကြိုးငါးလုံး အဆောင်လက်ဖွဲ့ တစ်ခု ဖြစ်လာသည်။

လျှပ်စီးလက်သွားသည့် အခိုက်တွင် ယွမ်ချန်နန်းတော်အနီးက အမှောင်ထဲ၌ ခေါင်းမှအမြီးအထိ မိုင်ပေါင်းများစွာ ရှည်လျားပြီး အလွန်ကြီးမားသော ဘီလူးတစ်ကောင် တွားသွားနေတာ တွေ့လိုက်ရသည်။

လမ်းနှစ်ဘက်စလုံးတွင် မြင်းမျက်နှာ သရဲနတ်ဘုရား လှေငယ်တစ်စင်းစီရှိကြပြီး အချို့မှာ ရပ်လျက်၊ ထိုင်လျက် ရှိနေကြကာ အချို့မှာ ဦးထုပ်ဆောင်းကာ လှေပေါ်တွင် လဲလျောင်းနေလျက် ရှိသည်။ လှေငယ်သည် မြစ်ပေါ်တွင် မျောနေသကဲ့သို့ အမှောင်ထဲတွင် မျောပါသွားသည်။

မိုးခြိမ်းသံတောက်ပလာချိန်တွင် ထိုလှေငယ်များပေါ်ရှိ မြင်းမျက်နှာ သရဲနတ်ဘုရားများက မတ်တပ်ထရပ်ကာ မျက်လုံးများကို ဖွင့်၍ မိုးကြိုးဖြတ်ရာအရပ်ဆီသို့ လှည့်ပတ်သွားသည်။ သူတို့လက်ထဲတွင် ကလေးငယ် ကောင်းကင်ဝိညာဉ်မီးပုံးများစွာကို ကိုင်ဆောင်ထား၏။ ၎င်းတို့ကလည်း မီးတောက်များကဲ့သို့ တောက်ပစွာ ထွန်းလင်းနေပါသည်။

အလင်းတန်းများက ပေါင်းစည်းကာ မိုးကြိုးငါးစင်းကို ဖျက်ဆီးပစ်လိုက်သည်။

မြင်းမျက်နှာ သရဲတစ္ဆေများက ၎င်းသည် မိုးကြိုးငါးကောင်မျှသာဖြစ်ကြောင်း တွေ့ရှိပြီးနောက် ချန်ရှီ၏ ဦးတည်ရာဆီသို့ ချက်ချင်းကြည့်ခဲ့သော်လည်း ချန်ရှီက ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ အလင်းတန်းများက ပြန်ဆုတ်သွားစဥ် အမှောင်ထုထဲ မျက်လုံးများသာ ကျန်နေခဲ့သည်။

ရုတ်တရက် ဤမျက်လုံးများ၏ နောက်တွင် ပေဒါဇင်များစွာ အချင်းဝက်ရှိသော ကြီးမားသော မျက်ခွံကြီးသည် ဖျတ်ခနဲပွင့်သွားပြီး နတ်ဆိုးမီးများ တောက်လောင်သွားသည်။

အမှောင်ထဲတွင် တွားသွားနေသည့် သတ္တဝါကတော့ ဧရာမခွေးကြီး ဖြစ်ပြီး ချန်ရှီမိခင်၏ ယွမ်ချန် နန်းတော်သည် ဧရာမခွေးကြီး၏ ရင်ခွင်ထဲတွင် ရှိနေ၏။ ထိုအခိုက်တွင် ခွေးဘီလူးကြီးက နိုးလာရာ မြင်းမျက်နှာတစ္ဆေအုပ်စုက ထိတ်လန့်ကာ အော်ဟစ်ကုန်သည်။

"ဟော့သို့ နိုးလာပြီ ဟော့သို့ နိုးပြီ!"

ထိုအခိုက်အတန့်တွင် အရပ်ရှည်ရှည် အနီရောင် အသွင်အပြင်သည် အမှောင်ထုထဲသို့ ဆင်းလာကာ ယွမ်ချန်နန်းတော်သို့ ဦးတည်သွားလေ၏။ ၎င်းရဲ့ အနီရောင်ဆံပင်များက လေထဲတွင် ပျံဝဲလျက် ရှိသည်။

"ဘာတွေအော်နေတာလဲ?"

ခွေးကြီးနိုးလာတာကို တွေ့လိုက်ရတဲ့အခါ သူ့မျက်နှာ အမူအရာက ရုတ်တရက် ပြောင်းလဲသွားကာ ခွေးကြီး၏ နဖူးပေါ်တွင် ကပ်နေသော အဆောင်လက်ဖွဲ့ကို အလျင်အမြန် ထုတ်ယူလိုက်သည်။

ခွေးဘီလူးကြီးက ဟောက်ပြီး သရဲတစ္ဆေအုပ်စုကို ဟန်ချက်ပျက်စေရန် လှုပ်ယမ်းလိုက်ရာ ဆံပင်နီရောင်သရဲရဲ့ ခန္ဓာကိုယ်ကလည်း မထိန်းနိုင်စွာ လှုပ်ရမ်းသွားရာ သူ့ခန္ဓာကိုယ်ကို အလျင်အမြန် တည်ငြိမ်အောင် လုပ်လိုက်ရလေ၏။

ခွေးဘီလူးကြီးလည်း ပြန်အိပ်ပျော်ပြန်သည်။

ဆံပင်နီတစ္ဆေကြီးက သက်ပြင်းတစ်ချက်ချကာ လှည့်ကြည့်ကာ မေးခွန်းထုတ်လေ၏။

"ခုနက ဘာဖြစ်တာလဲ"

တစ္ဆေတမန်များထဲမှ တစ်ယောက်က သူ့ကို မိုးကြိုး အဆောင်လက်ဖွဲ့ အကြောင်း ပြောပြသည်။ ဆံပင်နီရဲတစ္ဆေ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့်။

"မိုးကြိုးငါးလုံး ဟုတ်လား? အရင်ကိစ္စက မပြီးသေးဘူးထင်တယ်... တစ်ယောက်ယောက်က နောက်တစ်ကြိမ် အကွက်ရွှေ့ဖို့ အဆင်သင့်ဖြစ်နေပြီ... ဒီနေရာကို စောင့်ရှောက်ထား! ငါ သခင်ငယ်ကို သွားပြောလိုက်မယ်"

"ဟုတ်ကဲ့ပါ!"

ဆံပင်နီရောင်တစ္ဆေက ခြံဝင်းထဲကို ပြန်သွားလေသည်။ ခြံဝင်းကြီးက လှပကာ မြေအောက်ကမ္ဘာမှာတောင် အမတနယ်မြေနဲ့ တူလေ၏။

မြို့ဝန်ခန်းမသို့ရောက်သောအခါ သခင်ငယ်သည် ဧည့်သည်များနှင့် တွေ့ဆုံနေပါသည်။ ခဏအကြာတွင် နန်းတော်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးသည် ခန်းမထဲမှ ထွက်လာပြီး ဆံပင်နီသရဲကို အနည်းငယ် ခေါင်းညိတ်ပြလာသည်။

"မင်္ဂလာပါ သခင်မလင်စု!"

ဆံပင်နီတစ္ဆေသည် လျစ်လျူမရှုဝံ့ဘဲ နှုတ်ခွန်းဆက်စကား ပြန်ပြောလိုက်သည်။ သခင်မလင်စု ထွက်သွားပြီးနောက် ခန်းမထဲသို့ ကမန်းကတမ်း ဝင်ကာ သခင်ငယ်အား ထိုကိစ္စကို ပြောပြရသည်။

သခင်ငယ်ကလည်း အံ့အားသင့်သွား၏။

"မိုးကြိုးငါးလုံးလား? လာသူက တစ္ဆေနတ်မဟုတ်တဲ့ အသက်ရှင်တဲ့လူပဲ... တစ္ဆေနတ်ဘုရားတွေက မိုးကြိုးငါးလုံးလို အဆောင်လက်ဖွဲ့တွေကို မသိဘူး"

သူသည် ရုပ်ရည်ချောမောသည့် သခင်ငယ် ဖြစ်သည်။ ရှန့်ထျန်းယွီသာ ဒီမှာရှိနေရင် သူအရမ်းအံ့သြသွားလိမ့်မည့်။ ဤလူသည် လွန်ခဲ့သော အနှစ်သုံးဆယ်က သူ့ကို လုပ်ကြံခဲ့စဥ်က ပုံနှင့် လုံးဝကို တူကာ အသက်မပြည့်သေးသည့် ပုံစံအတိုင်းပင်။

သခင်ငယ်က မတ်တပ်ရပ်လိုက်သည်။

"ဒါဆို ချန်ရှီ ရောက်လာပြီပေါ့"

ဆံပင်နီတစ္ဆေက ပြင်းထန်သော လေသံဖြင့် ပြန်ထောက်ခံ၏။

“ဒီလောက် ကြီးမားတဲ့ဒုက္ခကြီးကို မွှေထားတာတောင် မရဏပြည်ကို ပြန်လာရဲသေးတယ်...”

သခင်ငယ်က ပြုံးလေ၏။

"သူဒီလိုလုပ်ရဲတာပေါ့... မင်းက မရဏတမန်တွေကို အခု ချက်ချင်းပဲ ချန်ရှီရဲ့ ယွမ်ချန်နန်းတော်ကို တံဆိပ်ခတ်ခိုင်းထား... သူ အမတမြို့မှာ သွားစရာနေရာမရှိရင် ယွမ်ချန် နန်းတော်ကို ပြန်သွားရမှာပဲ.... ပြီးတော့ သူ့အလောင်းနတ် ၃ ပါးကိုလည်း စောင့်ကြည့်ထားဦး။ သူက အရမ်းလိမ္မာပါးနပ်တယ် ဒါပေမယ့် အလောင်းနတ်သုံးပါးကတော့ သူ့နေရာကို ဖော်ထုတ်နိုင်လိမ့်မယ်"

ဆံပင်နီတစ္ဆေကလည်း အမြန်ထွက်သွားလေသည်။

ချန်ရှီ၊ လှေသမလေးနဲ့ ဟေးကော်တို့သည် လျင်မြန်စွာ ပြေးထွက်သွားကြပြီး မိုင်ပေါင်းများစွာ ဝေးကွာသော နေရာအထိ ထွက်ခွာပြီးမှသာ ရပ်တန့်သွားကြသည်။ ချန်ရှီ မျက်မှောင်ကြုတ်နေ၏။

"ဒီလို တင်းကြပ်တဲ့ အစောင့်တွေနဲ့ဆို ငါတို့ အမေ့ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး... အထူးသဖြင့် အမှောင်ထဲက ဘီလူးကြီးပဲ သူ့ရဲ့ ခွန်အားက နားမလည်နိုင်လောက်အောင် သန်မာတယ်... ငါတို့က သူ့ရဲ့ ပြိုင်ဘက် မဟုတ်တာတော့ သေချာတယ်!"

ဟေးကော်: "ဝုတ်!"

ချန်ရှီ ခေါင်းညိတ်လိုက်သည်။ ဧရာမခွေးကြီးသည် ဟေးကော်ရဲ့ မျိုးနွယ်တူ ဖြစ်နိုင်သည်။ သို့သော် ၎င်းသည် အရွယ်ရောက်ပြီးပြီဖြစ်လို့ အလွန်အစွမ်းထက်လှသည်။

လှေသမလေးကလည်း စိုးရိမ်တကြီးနဲ့ :"ငါ့အဖေနဲ့ငါ ပြီးခဲ့တဲ့အချိန်က လာတော့ စောင့်ကြပ်နေတဲ့ သရဲတစ္ဆေတွေနဲ့ နတ်တွေ သိပ်မရှိတော့ဘူး... အခု သူတို့ ခုခံကာကွယ်မှုက အားကောင်းသွားပြီလို့ ငါထင်တယ်... ငါတို့ ဘာလုပ်သင့်လဲ"

ချန်ရှီ ရပ်တန့်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း အမတမြို့က သရဲတစ္ဆေများ၊ ဘီလူးများနှင့် ပြည့်နေတာ တွေ့လိုက်ရသည်။ အမတမြို့ကနေ လူကယ်သွားရန်မှာ အလွန်ခက်ခဲနိုင်၏။ လူကယ်ပြီးမှသာလျှင် သူတို့သည် သက်ရှိလောကသို့ ထွက်ခွာရန် မျှော်လင့်ချက် ရှိလာနိုင်သည်။

ထိုအချိန်တွင် သူတို့အနားက ဖြတ်သွားသော ရထားလုံးတစ်စင်းက ရပ်တန့်သွားသည်။ ပြတင်းပေါက် ပွင့်လာတဲ့အခါ နန်းတော်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးသည် ဟေးကော်ကို ကြည့်နေသည်။

ဟေးကော်က ပြုံးပြီး "ခွေးဆိုးကြီး" ဟု ပြောသော အမျိုးသမီးကို ကြည့်လိုက်သည်။

ဟေးကော် သူမကို မထိခိုက်စေနိုင်တာကြောင့် အံ့သြသွားရသည်။ ချန်ရှီသည်လည်း လက်ဖျားခါသွားခဲ့သည်။ ဟေးကော်ဒဏ်မခံရသော ဤကမ္ဘာရှိလူများက အလွန်အစွမ်းထက်သူတွေပင်။

နန်းတော်ဝတ်စုံဝတ်ထားသော အမျိုးသမီးသည် အဝေးကို လှမ်းကြည့်ကာ ချန်ရှီနဲ့ လှေသမလေးတို့ အသွင်ပြောင်းထားသော ငရဲနတ်နှစ်ကောင်ပေါ် ပြန်ရောက်လာပြီး သူမက သူတို့ကို အပေါ်အောက် ငုံ့ကြည့်ကာ ဆို၏။

"ရှားချိုးထုန်ရဲ့ အသွင်ပြောင်း မှော်ဆန်မှုက အရမ်းကောင်းနေပါလား... မင်းတို့ရဲ့ ပုံစံအစစ်ကို ငါတောင် မျက်စိမှားတော့မလို့..."

နှစ်ယောက်သား ထိတ်လန့်သွားကြသည်။ လှေသမလေးဆို ထိတ်လန့်စွာ တုန်နေ၏။ သူမက ရုတ်တရတ် ခြေထောက်ကို မြှောက်ပြီး ပြင်းပြင်းထန်ထန် ဆောင့်ချလိုက်ရာ အေးစက်တဲ့ လေပြင်းများ တိုက်ပြီး သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့လေသည်။

သူမ အရမ်းကြောက်သွားသဖြင့် ချန်ရှီနဲ့ ဟေးကော်ကို ဒီမှာပဲ ထားခဲ့ပြီး သက်ရှိလောကထဲကို ပြန်ပြေးသွားခဲ့၏။ နန်းတွင်းဝတ်စုံနဲ့ အမျိုးသမီးက ဂရုမစိုက်ပါ။ ချန်ရှီကိုသာ မျက်လုံးပြူးကြည့်လိုက်သည်။

"ဘာလို့ထွက်မပြေးတာလဲ?"

ချန်ရှီ ရိုးရိုးသားသားပဲ ပြန်ဖြေသည်။

"ဘယ်လိုလုပ်ရမှန်း မသိဘူး!"

အမျိုးသမီးက ရယ်မောကာ: "သက်ရှိလောကကို ဘယ်လိုပြန်သွားရမလဲ မသိဘူး?? မင်းမသိဘဲ ခိုးဝင်လာတာ ဘယ်လိုသတ္တိနဲ့များလဲ... မင်း ဒုက္ခရောက်နေပြီ ယွမ်ချန်နန်းတော်ကို မပြန်နဲ့... တစ်စုံတစ်ယောက်က မင်းကို စောင့်နေတယ်"

ဒါကိုကြားတော့ ချန်ရှီ ပြန်မေးလိုက်သည်။

"မိန်းကလေးက ဘာလို့ဒီလိုပြောရတာလဲ"

"မိန်းကလေး?... မင်းအဘိုးလိုပဲ မင်းက စကားပြောချိုသာတယ်။ ငါ့ကို မိန်းကလေးလို့ မခေါ်နဲ့.... သခင်မလင်စုလို့ခေါ်... မဟုတ်ရင် ချန်ယင်တူးက ငယ်ရွယ်ချင်ယောင် ဟန်ဆောင်လို့ ငါ့ကို အပြစ်တင်လိမ့်မယ်"

ချန်ရှီ ဦးညွှတ်လိုက်သည်။

"သခင်မလင်စုကို ဂါဝရပြုပါတယ်.."

"မင်းအဘိုး အဆင်ပြေရဲ့လား"

ချန်ရှီ ဝမ်းနည်းစွာနဲ့။

"အဘိုး... ဆုံးသွားပြီ...."

သခင်မလင်စုက အနည်းငယ် လန့်ဖျပ်သွားပြီးမှ ဝမ်းသာအားရဖြင့်။

"နောက်ဆုံးတော့ သူသေသွားပြီလား.... ဘုရားသခင်က သိပ်သနားတော်မူတာပဲ အခု သူသေသွားပြီ... ငါ သူနဲ့အတူ ထာဝရနေနိုင်ပြီ!"

သူမ အရမ်းစိတ်လှုပ်ရှားသွားပြီး ချန်ယင်တူးရဲ့ ယွမ်ချန် နန်းတော်ဆီ ချက်ချင်းလှည့်လိုက်သည်။

"ချန်ယင်တူး... ရှင် အသက်ရှင်စဥ်အချိန်က ရှင့်ပတ်ဝန်းကျင်မှာ တာအိုဝါဒီ အမျိုးသမီးသူငယ်ချင်းတွေ အမြဲရှိနေတတ်တယ်... ​​အခု နောက်ဆုံး​တော့ ကျွန်မတို့ အတူတူ ဖြစ်သွားပြီ!"

ချန်ရှီ အံ့အားသင့်သွားလေသည်။

"သခင်မလင်စု... အဖိုးရဲ့ နန်းတော်ဆီ ခေါ်သွား​ပေးလို့ရမလား"

ပြောပြီး သူမနောက်ကို အမြန် ပြေးလိုက်လာခဲ့သည်။

"ဝင်ခဲ့!"

ချန်ရှီ ရထားလုံးပေါ် တက်သွားပြီး ဟေးကော်က နောက်ကလိုက်သွားသည်။

ဤရထားလုံး၏ အတွင်းပိုင်းသည် ကျယ်ဝန်းပြီး နန်းတော်ငယ်တစ်ခုကဲ့သို့ တိမ်များ ဖူတွန်များနှင့် စားပွဲကုလားထိုင်များ ပါရှိသည်။ အပြင်ဘက်မြင်ကွင်းကို မြင်နိုင်သော်လည်း အတွင်းမြင်ကွင်းကို အပြင်ဘက်မှ မမြင်ရချေ။

ချန်ရှီသည် ကူရှင်တစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီးတဲ့အခါ သူ့ရှေ့မှ မောင်းသူသည် အရိုးစုဖြစ်နေကြောင်းကို တွေ့လိုက်ရသည်။ မြင်းနေရာမှာက အရိုးနဂါးနှစ်ကောင်ဖြစ်ပြီး ရထားလုံးကို လေထဲသို့ မောင်းနှင်ကာ မရေမတွက်နိုင်သော လမ်းများကို ဖြတ်သွားကာ သူ့ပတ်ဝန်းကျင်ရှိ ယွမ်ချန် နန်းတော်များကို ဖျတ်ကနဲသာ တောက်ပလာ​စေသည်။

ရထားလုံး အနောက်ဘက်သို့ အလျင်အမြန် ကြည့်လိုက်သောအခါ ဟေးကော်သည် ပျံသန်းသွားသလိုမျိုး ခုန်ဆင်းကာ ရထားလုံးကို အမှန်တကယ် လိုက်နိုင်နေတာ မြင်လိုက်ရသောကြောင့် သူစိတ်သက်သာရာ ရသွားသည်။

သခင်မလင်စုကို ကြည့်လိုက်တော့ ဒီနန်းတော် ၀တ်စုံ ၀တ်ထားတဲ့ အမျိုးသမီးဟာ လှပပြီး ပိန်ပါးသည်။ စိတ်ဓာတ်အပြည့် နဲ့ စေတနာ အပြည့်ရှိတာကို တွေ့လိုက်ရသည်။ ချန်ရှီလည်း သူ့ရဲ့ သတ္တိကို စုစည်းပြီး မေးလိုက်၏။

"သခင်မလင်စု... ခင်ဗျားက ကျနော့်အဖွားလား..."

သခင်မလင်စု၏မျက်နှာမှာ ခံစားချက်ထဲ ခဏ နစ်မြုပ်သွားပြီးနောက် သူမက လှောင်ပြောင်လေ၏။

"ဟင့်အင်း... ငါလည်း ဘယ်အမျိုးသမီးကို ခေါ်လာလဲဆိုတာ သိချင်နေတာ!"

All Chapters