သခင်ငယ်ရဲ့ ပြစ်မှုကို ဖော်ထုတ်ခဲ့ပြီ
Vol. 22 Ch. 325
ဟေးကော်လည်း တစ်ခုခု မှားနေတယ်လို့ အလိုလို ခံစားလာရတာကြောင့် ခဏလောက်တွေးပြီးတာနဲ့ အနောက်ကို ပြန်ချောင်းကြည့်လိုက်လေသည်။
"ငါ့မှာ အမြီးမရှိဘူး!"
ချန်ရှီ လှည့်ပတ်ကြည့်လိုက်သည်။
"လှေသမလေး ဘယ်မှာလဲ?"
သူ့ပုခုံးပေါ်မှာ အဝတ်အထည်ကို တင်ပြီး ရေပုံးတစ်ပုံးကို ထမ်းကာ နေရာတိုင်းမှာ လိုက်ရှာပေမယ့် လှေသမလေး အသွင်ပြောင်ထားသော ငရဲနတ်လေးကို ရှာမတွေ့ခဲ့ချေ။
သခင်ငယ်၏ ယွမ်ချန် နန်းတော်သည် မိုင်ပေါင်းများစွာ အဝန်းအဝိုင်းမျိုးဖြင့် တည်ရှိနေသည်။ ၎င်းသည် ထွင်းထုထားသော ထုပ်တန်းများနှင့် ဆေးခြယ်ထားသော ကြီးမားသော နေရာတစ်ခုဖြစ်သည်။ နေရာတိုင်းတွင် အလုပ်ရှုပ်နေသော ငရဲနတ်လေးများလည်း ရှိနေသည်။
အကိုင်းအခက်တွေကို ခုတ်ထွင်ဖို့ တချို့ငရဲလေးတွေက သစ်ပင်ပေါ် တက်နေကြ၏။ တချို့တွေက မြေဆီလွှာကို ဖြေလျော့ပြီး မြေသြဇာကျွေးနေကြသလို တချို့ကလည်း တွင်းတူးကာ မြေကြီးထဲတွင်မြှုပ်ရန် ၎င်းတို့၏ သူငယ်ချင်းကောင်းများကို ဆွဲထုတ်ကာ ပေါက်တူးနှစ်ချောင်းဖြင့် ခေါင်းကို ပုတ်ခဲ့ခဲ့သည်။
အနီးနားတွင် တစ်ယောက်မျှမရှိသည်ကို မြင်လိုက်ရသော ငရဲနတ်လေးအနည်းငယ်က နဂါးများကို အစာကျွေးရန် ၎င်းတို့ မကြိုက်သော သူငယ်ချင်းများကို ငါးကန်ထဲသို့ ပစ်ချလိုက်ကြသေးသည်။
ဧည့်သည်တစ်ယောက် အလည်လာတဲ့အခါ စီးတော်သားရဲကို ကောင်းကောင်း ဂရုစိုက်ဖို့ တောင်းဆိုပေမယ့် တချို့က တခြား ငရဲနတ်လေးတွေနဲ့ ပေါင်းပြီး ဧည့်သည်ရဲ့ စီးတော်သားရဲကို ကျွေးမွေးပစ်ကြ၏။
ယွမ်ချန် နန်းတော်သည် ပရမ်းပတာ ဖြစ်နေပြီး နေရာတိုင်းတွင် ဒုက္ခရောက်နေသော ငရဲနတ်လေးများ ရှိသည်။ ကံကောင်းထောက်မစွာနဲ့ ဤအရာလေးများရဲ့ သေဆုံးခြင်းအတွက် မည်သူမျှ စိတ်မကောင်းမဖြစ်ကြဘဲ လစ်လပ်နေရာများကို ဖြည့်ရန်အတွက် နောက်ထပ် ငရဲနတ်လေး အနည်းငယ်ကို စုဆောင်းရန်အတွက် နန်းတော်အပြင်ဘက်သို့ ထွက်လာမှာပင်။
ချန်ရှီ အချိန်အတော်ကြာအောင် ရှာဖွေခဲ့သော်လည်း လှေသမလေးကို ရှာမတွေ့သဖြင့် အနည်းငယ် စိတ်မသက်မသာ ခံစားလာခဲ့ရသည်။
"လင်ရှစ်မှော်ပညာကို အဘွားရှားက ဖန်တီးထားတာ... အဲဒါက အဘွားရှားရဲ့ တသမတ်တည်း ပုံစံအတိုင်းပဲ... သုံးနိုင်သရွေ့တော့ အဆင်ပြေပါတယ်... အဘွားရှားရဲ့ နိယာမက ကြီးကြီးမားမား မဟုတ်သေးသရွေ့ အမှားတွေ မလုပ်မိနိုင်ဘူး.... အဆင်ပြေပါတယ် ဒါအောင်မြင်တဲ့ စာလုံးပေါင်းတစ်ခုပဲ... ဒါပေမယ့် လင်ရှစ်မှာ လူနှစ်ယောက်ထက် ပိုရှိနေရင် ကွဲလွဲမှုတွေ ရှိလာလိမ့်မယ်"
ဒီတစ်ခါတော့ လူနှစ်ယောက်နဲ့ ခွေးတစ်ကောင်ဖြစ်သဖြင့် လူအရေအတွက်က နည်းနည်း များလွန်းသွားသည်။ သိသာတာကတော့ ဒီမှော်စွမ်းအင်မှာ ချို့ယွင်းချက်တစ်ခု ရှိသွားပြီ။
"ဘယ်ငရဲနတ်လေးတွေနဲ့ အတူတွဲလုပ်နေပါလိမ့်.... လောလောဆယ်တော့ လှေသမလေးကို စိတ်မပူနေတော့ဘူး သူက အရမ်း အစွမ်းထက်တယ်... တခြားငရဲလေးတွေဆီက အသတ်ခံရမှာ မဟုတ်ဘူး...."
ချန်ရှီသည် ဟေးကော်နှင့်အတူ ရှေ့သို့ ဆက်လျှောက်သွားသည်။ ပန်းကြမ်းပြင်ကို ဖြတ်ရင်း လက်ကို ဖြတ်ထားတဲ့ ငရဲနတ်ငယ်လေးအနားက ဖြတ်သွားတဲ့အခါ ငရဲနတ်လေးသည် ရေပုံးကို ချလိုက်ပြီး ဒဏ်ရာကို ပတ်တီးနဲ့ စည်းနေ၏။
ချန်ရှီ ကတ်ကြေးကို ကောက်ယူပြီး ပန်းအကိုင်းအခက်များကို ဖြတ်တောက်လိုက်သည်။ အနည်းငယ် ဖြတ်တောက်ပြီးနောက် ကတ်ကြေးကို အပေါ်မှ ပြုတ်ကျသော သစ်ကိုင်းများနှင့် သစ်ကိုင်းများပေါ် စီးနင်းနေသည့် ငရဲနတ်လေးကို ရှောင်ရှားကာ ကတ်ကြေးကို လွှင့်ပစ်ခဲ့သည်။
ထို့နောက် ရှေ့သို့ လှမ်း၍ လှံဆူးတစ်ချောင်းကို ကောက်ကိုင်ကာ ငါးကန်ထဲသို့ ထည့်၍ ငါးအစာကျွေးရန် သူ့အဖော်များက ငါးကန်ထဲသို့ ပစ်ချလိုက်သော ငရဲနတ်လေးကို ပြန်ဆွဲတင်ပေးလိုက်သည်။
လှံဆူးကို လွှင့်ပစ်လိုက်ပြီး နောက်မီးဖိုချောင်ကို ရောက်သွားသည်။ အနောက်ဖေး မီးဖိုချောင်မှာ ချက်ပြုတ်နေတဲ့ ငရဲနတ်လေးတွေကလည်း ရန်ဖြစ်နေကြပြီး ချွန်ထက်တဲ့ ဓားတွေ အမျိုးမျိုးက ကောင်းကင်မှာ ပျံသန်းနေကြ၏။
ချန်ရှီနဲ့ ဟေးကော်တို့သည် ပရမ်းပတာ ဓားများဖြင့် လျှောက်လာခဲ့ကြပြီး အိုးအောက်ခြေတွင် ကပ်နေသော ငရဲနတ်လေးကို ဆွဲထုတ်ကာ အသားကင်နှင့် အချိတ်ခံထားရသော ငရဲနတ်လေးများကို ကြိုးဖြင့် ချည်ကာ ငါးအသားဖြစ်သွားတော့မည့် လှီးဖြတ်ထားသည့် ငရဲနတ်လေးကိုလည်း ပြန်ဆွဲချလိုက်သည်။
သူတို့သည် မီးဖိုချောင်၏ တစ်ဖက်မှ တစ်ဖက်သို့ လျှောက်သွားကာ ပန်းကန်များကို သယ်လျက် ငရဲနတ်လေးနောက်သို့ လိုက်သွားကြသည်။
သခင်ငယ်သည် ယွိလန်ခန်းမ၌ ဧည့်သည်များကို ဖျော်ဖြေနေခဲ့သည်။ အဆိုပါပွဲကို မူလက နှစ်ရက်အကြာတွင် ကျင်းပရန် စီစဉ်ထားသော်လည်း အမတမြို့က ရှုပ်ထွေးသော ပထဝီဝင်နယ်မြေတစ်ခုထဲတွင် တည်ရှိသောကြောင့် ဧည့်သည်များစွာက စောရောက်လာခဲ့သည်။
ဒီဧည့်သည်တွေအတွက် တစ်နေ့ကို ထမင်းသုံးနပ် စီစဉ်ပေးရမှာ ဖြစ်ပြီး သူလည်း သူတို့နဲ့အတူ လိုက်နေဖို့ လိုပါ၏။
ချန်ရှီနဲ့ ဟေးကော်သည် ယွိလန်ခန်းမ၏ အပြင်ဘက်သို့ ဟင်းပွဲများနှင့်အတူ ရောက်လာသည်။ သူတို့ဒီကိုရောက်တဲ့ အခါမှာတော့ ငရဲနတ်လေးတွေက ပိုနာခံလာပြီး အချင်းချင်း ဒုက္ခမပေးရဲတော့ပါဘူး။
ချန်ရှီသည် ရိုးသားပြီး သခင်ငယ် မည်သူများအား ဖျော်ဖြေနေသည်ကို ကြည့်ရန် ဤအခွင့်အရေးကို ရယူရန် တွေးနေသည်။ သို့သော် ဤနေရာသို့ရောက်သောအခါ လှပသော အမျိုးသမီးများသည် ၎င်းတို့ထံမှ ပန်းကန်များကို ယူသွားခဲ့ကာ နိမ့်ပါးသော သရဲတစ္ဆေများ ခန်းမထဲသို့ ဝင်ခွင့်မပြုတော့ပေ။
ချန်ရှီ သေသေချာချာ ကြည့်လိုက်တော့ ဒီလှပတဲ့ အမျိုးသမီးတွေဟာ စက္ကူရုပ်တွေမဟုတ်ဘဲ ကျင့်ကြံသူတွေရဲ့ ဝိညာဉ်တွေဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
"မရဏကမ္ဘာမှာ သခင်ငယ်ရဲ့ လွှမ်းမိုးမှုက တကယ်မနည်းဘူးပဲ!"
ချန်ရှီ လှည့်ပြီး ပြန်သွားခဲ့သည်။ ထောင့်သို့ရောက်သောအခါ ငရဲနတ်လေးထံမှ ပန်းကန်များကိုယူကာ ဟင်းလျာများကို ဆက်ပို့ပေး၏။ ထိုစဥ် ယွိလန်ခန်းမမှ အသံကို သူ ကြားလိုက်ရသည်။
"သခင်ငယ်... သခင်ကြီးဝေ့က ဘယ်အချိန်မှာ အုပ်စိုးပြီး ငရဲဘုရင်ရဲ့ မျိုးဆက်သစ် ဖြစ်လာမှာလဲ..."
ချန်ရှီ၏ နားထဲသို့ ထိုတစ္ဆေအသံက ဆက်ပြောနေသည်။
"ငရဲဘုရင်ရဲ့ ရာဇပလ္လင်က ငါးနှစ်လောက် လစ်လပ်နေခဲ့တာ... တရားမျှတမှုသခင်ကလည်း ငါးနှစ်ကြာအောင် ပျောက်ဆုံးနေပြီး ဘယ်နေရာမှာမှ မတွေ့ရတော့ဘူး... မင်းအဖေ သခင်ဝေ့လင်က အရမ်း လေးစားရတဲ့သူ ငရဲဘုရင်ရဲ့ ရာဇပလ္လင်ကို အမွေဆက်ခံဖို့ သင့်လျော်ပါတယ်"
နောက်တစ္ဆေက :"မရဏတမန်တန် ပြောတာမှန်တယ်... ငရဲဘုရင်မရှိရင် သရဲတစ္ဆေတွေ ပရမ်းပတာ ဖြစ်ကုန်မယ် တာဝန်ကျတဲ့ ငါတို့က ဘယ်သူ့ကို သတင်းပို့ရမှန်းတောင် မသိတော့ဘူး... သခင်ဝေ့လင်က ငါးနှစ်ကြာအောင် မြေအောက်ကမ္ဘာမှာ မငြိမ်မသက်မှုတွေနဲ့ အလုပ်ရှုပ်နေခဲ့တာ... တခြားတစ္ဆေတွေရော ငါတို့ရော ယမမင်းနန်းတော်ရဲ့ အရှင်သခင်နေရာက သခင်ဝေ့နဲ့ ထိုက်တန်တယ်ဆိုတာ သိပါတယ်... တစ္ဆေတွေ အားလုံးက မကျေနပ်တာ မရှိပါဘူး!"
ထိုအချိန်တွင် အသံတစ်သံက ကြားဝင်ဖြတ်လာ၏။
"လူတိုင်း နားထောင်ကြပါဦး... ကျနော့်အဖေက ငရဲဘုရင်အသစ် ဖြစ်လာဖို့ ဘယ်လိုလုပ် ဝံ့ရဲပါ့မလဲ... အရှင်ချင်ထျန်း (တရားမျှတမှုသခင်) က ဟွာရှရှန်ကျိုးရဲ့ ကြီးမားသော ကုသိုလ်တရားနဲ့ လူတွေရဲ့ ပံ့ပိုးကူညီမှုကနေ ဆင်းသက်လာတာ... အဲဒါကြောင့် သူ့ခန္ဓာကိုယ်က အနောက်နွားရှင်းကျိုးကို ရောက်လာပြီး သူ့မှော်အစွမ်းကို သုံးပြီး မရဏတရားတွေကို ဆုံးဖြတ်ခဲ့တယ်... ယင်နဲ့ယန် ကမ္ဘာတွေ ကမောက်ကမ ဖြစ်မနေတော့အောင် အရှင်ချင်ထျန်းက သူ့ရာထူးကို ပြန်ရလာအောင် သူ့ကိုရှာဖို့ အစွမ်းကုန် ကြိုးစားသင့်တယ်..."
ဒါကိုကြားတော့ ချန်ရှီ ရေရွတ်လိုက်သည်။
"ဒါက သခင်ငယ်လေး ဝေ့ယွဲ့လား? သူပြောတဲ့ စကားထဲမှာ တစ်ခုခုတော့ ပါနေတယ်"
ယွိလန်ခန်းမအပြင်ဘက်ရှိ အိမ်အကူက သူ့ထံမှ ပန်းကန်များကို ယူသွားခဲ့သည်။
ချန်ရှီသည် ထောင့်သို့ပြန်သွားသော် ဟေးကော်သည် တခြားငရဲနတ်လေးကို လည်ပင်းမှ ဖမ်းကိုင်ကာ နံရံနှင့် ဖိထားကာ အစားအစာကို ချထားခဲ့ရန် အချက်ပြနေသည်။ ချန်ရှီက ဟင်းပန်းကန်ကိုယူပြီး လှည့်သွား၏။
"သခင်ငယ် မင်းမှားနေပြီ!"
နောက်ထပ် တစ္ဆေအသံက ထပ်ပြောလာသည်။
"အရှင်ချင်ထျန်းက မရဏတရားရဲ့ အခြေခံမူတွေကို ချမှတ်ထားခဲ့ပြီး သူရဲ့ ပံ့ပိုးကူညီမှုကလည်း တကယ်ကို ကြီးမားလှပါတယ် ဒါပေမဲ့ သူက အနောက်နွားရှင်းကျိုးရဲ့ ဇာတိတစ္ဆေ မဟုတ်ဘူးလေ... အမှန်ဆို သူက အပြင်လူလည်း ဟုတ်တာပဲ!"
"မင်းအဲ့လို ပြောလို့မရဘူးလေ..."
"အရှင်ချင်ထျန်းဆိုတာ လူအများက ခန့်အပ်ထားတဲ့ ငရဲဘုရင်... ပြည်သူတို့ရဲ့ ဆန္ဒ၊ ဧကရာဇ်မင်းရဲ့ အလိုတော်နဲ့ ကောင်းကင်ဘုံရဲ့ အလိုတော်ထက် သာလွန်တယ်... မရဏတပ်မှူးတွေ အနေနဲ့ ပြည်သူတွေရဲ့ အလို ဆန္ဒကို ဘယ်လိုလုပ် လွန်ဆန်နိုင်ပါ့မလဲ? ဒါ့အပြင် အရှင်ချင်ထျန်း ပျောက်ဆုံးသွားတာက လှည့်ကွက်များစွာ ရှိနေတယ်....သူနဲ့ ပတ်သက်တဲ့ ကြံစည်မှု ပျောက်ကွယ်သွားတာကလည်း ကြာပြီမလား!"
ယွိလန်ခန်းမထဲတွင် ရုတ်တရက် အသံမထွက်ဘဲ တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။ သခင်ငယ် ဝေ့ယွဲ့က ရယ်မောပြီး တိတ်ဆိတ်မှုကို ပြန်ဖြိုခွင်းလိုက်ပါ၏။
"မရဏတမန်မုန့်... မင်းစားလို့ရတယ် ဒါပေမယ့် မင်း ဘာမှအပို ပြောလို့ရဘူး... မင်းမှာသက်သေ အထောက်အထား တစ်ခုခုရှိလား"
မရဏတမန်မုန့် :"နှစ်တွေကြာလာတာနဲ့အမျှ ယမနန်းတော်ရဲ့ တရားသူကြီးတွေ သေဆုံး၊ ဒဏ်ရာရပြီး ထွက်ပြေးသွားသလို မရဏတမန်တချို့လည်း သုတ်သင်ခံလိုက်ရတယ်... အရှင်ချင်ထျန်း ရာထူးကို တိုးနိုင်တဲ့ မရဏတမန် ဘယ်လောက်များ ကျန်ခဲ့သေးလို့လဲ ရာထူးတိုးတဲ့ တရားသူကြီး ဘယ်နှစ်ယောက်ကျန်သေးလဲ...မရဏတမန်ဝေ့က အခု အသက်ရှင်နေတဲ့ တရားသူကြီး... ပြီးတော့ မင်းအဖေပဲ"
"မုန့်ပန့်ရှန်း မင်းက ဘာကိုဆိုလိုတာလဲ"
မရဏတမန် တစ်ယောက်က စားပွဲကို ဆောင့်ရိုက်လိုက်ပြီး။
"သခင်ဝေ့ကြောင့် မရဏကမ္ဘာမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေတယ်လို့ ပြောချင်တာလား... သခင်ဝေ့မှာ ဒီလောက်ကြီးကျယ်တဲ့ တန်ခိုးမရှိဘူးကွ!"
ချန်ရှီရဲ့ လက်ထဲက ပန်းကန်ကို အိမ်ဖော်က သိမ်းသွားလိုက်ပြီမို့ သူ လှည့်ပြီး ပြန်သွားခဲ့ရသည်။ ထောင့်တွင် ဟေးကော်သည် ပန်းကန်ကို လွှဲပြောင်းမပေးလိုသော ငရဲနတ်လေးကို ရိုက်နှက်နေတာကြောင့် တစ်ဖက်က ညိုမဲနေတဲ့အထိ အရိုက်ခံနေရသည်။
ချန်ရှီသည် ပန်းကန်ပြားကို ကိုင်ကာ ပြန်သွားတာနဲ့ ယွိလန်ခန်းမထဲက အသံကို ကြားလိုက်ရတော့သည်။
သခင်ငယ် ဝေယွဲ့သည် ယမနန်းတော်ထဲမှ မရဏတမန်အား ပွဲသို့ ဖိတ်ကြားခဲ့တာ ဖြစ်နိုင်သည်။ ထိုအချိန်တွင် အခြား မရဏတမန်သည် မုန့်ပန့်ရှန်းဟုခေါ်သော မရဏတမန်ကို ဝေဖန်ခဲ့ပြီး တရားသူကြီး ဝေ့လင်အား သက်သေအစစ်အမှန်မရှိဘဲ ဆဲဆိုခဲ့ကြောင်း စွပ်စွဲကာ ၎င်း၏စရိုက်လက္ခဏာကို ဝေဖန်ခဲ့သည်။ သူသည် မုန့်ပန့်ရှန်းရဲ့ ကိုယ်ရေးကိုယ်တာ ဘဝအကြောင်းကိုလည်း ပြောဆိုခဲ့၏။ မုန့်ပန့်ရှန်းသည် အပြစ်ရှိကြောင်းဝန်ခံပြီး မရဏတမန် တံဆိပ်ပြားကို လွှဲပြောင်းပေးအပ်ရန် စတင်လုပ်ဆောင်သင့်သည်ဟု ပြောကြားခဲ့သည်။
ချန်ရှီ အဲဒါကိုကြားပြီး တစ်ခုခုကိုတော့ နားလည်လိုက်သည်။
"ဒီလုပ်ရိုးလုပ်စဉ်က ချင်းလျိုရဲ့ လုပ်ရိုးလုပ်စဉ်နဲ့ တော်တော်ဆင်တူတာပဲ... ယမနန်းတော်က ဒီမကောင်းဆိုးဝါး တပ်မှူးတွေမှာ ပြဿနာ ရှိတယ်!"
ရုတ်တရက် မုန့်ပန့်ရှန်းက စားပွဲကိုရိုက်လိုက်ပြီး မတ်တပ် ထရပ်လိုက်လေသည်။
"ဟမ့်! ကောင်းကင်ဘုံသခင် အရှင်ချင်ထျန်းကို ထိခိုက်စေတဲ့ ဘယ်သူမဆို ကိုယ့်စိတ်ထဲ ရှင်းရှင်းလေး သိကြမှာပဲ... နှစ်တွေကြာလာတော့ ပထမ တရားသူကြီးတိုက် တိုက်ချောင်ကျွင်း ဝမ့်ရှန်းတောင်ကြားမှာ သေသွားတယ် နတ်ဆိုးက သတ်လိုက်တာလို့ မင်းတို့ပြောခဲ့တယ်၊ နောက်တော့ ဝူယွမ်ထုံ တရားသူကြီးဝူ တောက်ယွင်မှာ သေဆုံးခဲ့တယ်... နတ်ဆိုးနတ်ဘုရားကြောင့်လို့ မင်းတို့ ပြောပြန်တယ်... နောက်တော့ တရားသူကြီး အားလုံးနီးပါးကို နတ်ဆိုးနတ်ဘုရားက သတ်ခဲ့လို့ တိုက်ပွဲမှာ သေဆုံးသွားတယ်... နတ်ဆို့ရဲ့ ကျူးကျော်မှုကြောင့် သေဆုံးသွားတယ်လို့ မင်းတို့ပြောခဲ့တယ်၊ နောက်ပိုင်းမှာတော့ မင်းတို့က ကောင်းကင်ဘုံသခင် အရှင်ချင်ထျန်းကို စတင်တိုက်ခိုက်ခဲ့တယ်.... တော်တော် အတင့်ရဲကြတာပဲ..."
မုန့်ပန့်ရှန်းက ဒေါသတကြီး အော်ဟစ်နေသည်။
"မင်းတို့ရဲ့ အကြံအစည် ကောင်းပါတယ်! ဒါပေမယ့် မင်းမှာ သေခြင်းတရား စာအုပ် မရသေးပါဘူး သေခြင်းရှင်ခြင်း စာအုပ်မရှိရင် မင်းတို့ရဲ့ တန်ခိုးကို မင်းတို့ ဘယ်လိုမှ ထိန်းနိုင်မှာ မဟုတ်ဘူး... ငရဲဘုရင် ဘယ်လို ဖြစ်မလဲဆိုတာ ငါ စောင့်ကြည့်နေလိုက်မယ်!"
ချန်ရှီ၏ မျက်နှာသည် ပြောင်းလဲသွားပြီး ပန်းကန်ကို လွှတ်လိုက်ပြီး ထောင့်သို့ ချက်ချင်း ပြန်လှည့်သွားခဲ့သည်။
ဟေးကော်က အစားအသောက် သယ်လာနေတဲ့ ငရဲနတ်လေးကို လက်ထဲမှာ ကိုင်ထားပြီး မျက်နှာကို ပြင်းပြင်းထန်ထန် အကြည့်နဲ့ နင်းထားလိုက်သည်။ ချန်ရှီ ရှေ့သို့ လှမ်းတက်ကာ ပန်းကန်ကို ယူရင်း ထိုကောင်လေးများကို ထပ်ပြီး လှောင်ပြောင်နေစရာ မလိုတော့ကြောင်း အချက်ပြခဲ့သည်။ သူက ပန်းကန်ပြားလေးကို ငရဲနတ်လေးထံ ပြန်ပေးကာ ဟေးကော်နှင့် ထွက်လာရင်း တိုးတိုးလေး ပြောလိုက်သည်။
"မရဏကမ္ဘာမှာ ကြီးကြီးမားမား တစ်ခုခု ဖြစ်သွားပြီ"
ဟေးကော်ကလည်း သူ့နောက်ကို အမြန်လိုက်လာပြီး။
"ဝုတ်... ဘာကိစ္စလဲ?"
"ယန်မိသားစုက မရဏကမ္ဘာကို ပုန်ကန်ပြီး မရဏကမ္ဘာမှာရှိတဲ့ နတ်တန်ခိုးအားလုံးကို သိမ်းပိုက်ဖို့ နှစ်ထောင်ချီပြီး အချိန်ကုန်ဆွဲထားတာ...."
ချန်ရှီက လမ်းလျှောက်လာရင်းနဲ့ ရှင်းပြသည်။
"နှစ်တွေကြာလာတာနဲ့အမျှ ယန်မိသားစုက ငရဲဘုရင်ရဲ့ လက်အောက်က အင်အားစုအားလုံးကို မရဏတမန်ကနေ တရားသူကြီးအထိ ဖယ်ရှားခဲ့တာ.... ငရဲကို ဖြိုခွဲပြီး မရဏတမန်နဲ့ တရားသူကြီးတို့ရဲ့ မှော်လက်နက်တွေကို ဖျက်ဆီးပစ်တာ... ဒီသရဲတစ္ဆေတွေနဲ့ နတ်ဘုရားတွေက မှော်လက်နက်တွေကို အသုံးမပြုနိုင်စေဖို့အတွက် မရဏကမ္ဘာရဲ့ စွမ်းအားတွေကို စုစည်းပြီး ငရဲဘုရင်အသစ်ကို အုပ်စိုးနိုင်အောင် ပူးပေါင်း ကြံစည်နေတာ..."
"ကွမ်း?" ဖြတ်သွားသော ငရဲနတ်လေးသည် ချန်ရှီနဲ့ ဟေးကော်တို့နောက်ကို အံ့သြတကြီးဖြင့် လိုက်လာခဲ့သည်။
"မိန်းကလေး?" ချန်ရှီက အစမ်းသဘောဖြင့် မေးလိုက်သည်။
"ကွမ်....ကွာ"
ဟေးကော် ထိုငရဲနတ်လေးကို ကန်ထုတ်လိုက်တော့သည်။
ချန်ရှီ: "ဒီပုန်ကန်မှုက နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီ... သူတို့က မရဏတမန်နဲ့ တရားသူကြီးတွေကို တစ်ယောက်ပြီး တစ်ယောက် သုတ်သင်ပစ်လိုက်တယ်။ ငါ့အဖိုးနဲ့ သူ့လူတွေက ငါ့ကိုလိုက်ရှာတဲ့အခါတုန်းက မရဏတမန်ရဲ့ ကြေကွဲဖွယ်သေဆုံးမှုကို ရင်ဆိုင်ခဲ့ရလို့ တစ်ယောက်က ဦးလေးကျိုးကို ရာထူး လွှဲပေးခဲ့လို့ ဦးလေးကျိုးက မရဏတမန် ဖြစ်လာခဲ့တာ..."
သူ့မျက်လုံးတွေ တောက်ပလာပြီး :"အိုး တျယ်ချစ်နဲ့ ကျုံးခွေတို့လည်း ရှိသေးတယ် လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က သူတို့လည်း ခြုံခိုတိုက်ခိုက်ခံရလို့ သက်ရှိလောကထဲကို လူဝင်စားခဲ့ရတာပဲ"
"ကွမ်း!"
သက်ဝင်လှုပ်ရှားနေသော ငရဲနတ်လေးတစ်ဖွဲ့သည် သူ့နောက်သို့ ပြေးလာပြီး ထိုအသံကို ကြားသောအခါတွင် သူတို့၏ မျက်လုံးများ တောက်ပလာသည်။ ဟေးကော်က သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ကန်ထုတ်လိုက်၏။
ချန်ရှီ: "သူတို့က ကောင်းကင်ဘုံသခင် အရှင်ချင်ထျန်းကို ဖယ်ထားပြီး ထောင်ချချင်တဲ့အထိ လုပ်ချင်တာ... သူတို့ရဲ့ အကြံအစည်အရဆို ကောင်းကင်ဘုံသခင် ကွယ်လွန်ပြီးရင် တရားသူကြီး ဝေ့လင်က ငရဲဘုရင်ရဲ့ ရာဇပလ္လင်ကို အမွေဆက်ခံပြီး ငရဲဘုရင်အသစ်ဖြစ်လာမှာ... ဝေ့လင်က ယန်မိသားစုဝင်မဟုတ်ပေမယ့် ကံကောင်းထောက်မစွာပဲ သူ့ရဲ့သား ဝေ့ယွဲ့က ယန်မိသားစုဝင်ဖြစ်နေတယ်..."
သူ့မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် သူ့ကိုယ်သူပြောနေသကဲ့သို့ ဟေးကော်အားလည်း တီးတိုးတီးတိုး ပြောနေသကဲ့သို့ ပြောနေ၏။
"ဝေ့လင် ငရဲဘုရင်အသစ် ဖြစ်လာမယ် ဝေ့လင် ရုတ်တရက် သေဆုံးသွားရင် ငရဲဘုရင်ရာထူးင ဝေယွဲ့လက်ထဲ ကျရောက်လာလိမ့်မယ်... ပြီးရင်တော့ ယမနန်းတော်က ယန်မိသားစုလက်ထဲ ရောက်သွားလိမ့်မယ်..."
"ကွမ်း၊ ကုပ်၊ ကုပ်!"
စိတ်ဝင်တစားနဲ့ နားထောင်ဖို့ ခေါင်းငိုက်စိုက်နဲ့ ငရဲနတ်လေးများက သူ့နောက်ကို အနီးကပ် လိုက်လာကြသည်။ ၎င်းတို့ကလည်း ဤပူးပေါင်းကြံစည်မှုများကို အလွန်စိတ်ဝင်စားနေခဲ့ကြသည်။
ဟေးကော်သည် ၎င်းတို့အားလုံးကို အဝေးသို့ ကန်ထုတ်ရန် ရည်ရွယ်ထားသော်လည်း ၎င်းတို့တွေက အလွန်များနေပြီး ဆက်လက်၍ လာနေကြဆဲ။
ချန်ရှီကတော့ သတိမထားမိပုံပါပဲ။
"လွန်ခဲ့တဲ့ငါးနှစ်က ငါ့အဖိုးက သူ့သူငယ်ချင်းတွေကို မရဏကမ္ဘာထဲ ခေါ်လာပြီး ငါ့ကို နေရာအနှံ့လိုက်ရှာရင်း အရှင်ချင်ထျန်း ဖိနှိပ်ခံထားရတဲ့နေရာကို ဖောက်ထွင်း ဝင်ရောက်သွားခဲ့တယ်။ ဒီသရဲတစ္ဆေတွေနဲ့ နတ်ဘုရားတွေက ငါ့ကို နှိမ်နှင်းနေတယ်ထင်လို့ အဘိုးတို့က ကယ်တင်ဖို့ ကြိုးစားခဲ့တယ်... အဲ့အချိန်မှာ အရှင်ချင်ထျန်းက လခြမ်းအဖြစ် ပြောင်းလဲဖို့ အခွင့်အရေးယူပြီး ထွက်ပြေးခဲ့တယ်"
အရှင်ချင်ထျန်းဟာ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့မှာပင်။ သူ့နောက်လိုက်နေတဲ့ သရဲတစ္ဆေတွေနဲ့ နတ်ဘုရားတွေကို ရှောင်ဖို့အတွက် သေနေတဲ့ ပြည့်တန်ဆာတစ်ယောက်ရဲ့ ဝမ်းထဲကို ဝင်ဖို့ကလွဲလို့ သူ့မှာ ရွေးချယ်စရာ မရှိတော့ချေ။
ပြည့်တန်ဆာ သေပြီးနောက် မိန်းကလေးတစ်ဦးကို မွေးဖွားခဲ့သည်။ ကလေးမလေးသည် သားအိမ်ထဲတွင် ရှုပ်ပွနေပြီး သူမ၏ ယခင်ဘဝအကြောင်းကို အမှတ်ရနေခဲ့သည်။ သခင်လေး လက်အောက်က အမျိုးသမီးဟာ မွေးစားခဲ့ပြီး သူမကို ခွေးကောင်ဟုပင် အမည်ပေးခဲ့သည်။
သူ လေးနှစ်သားအရွယ်တွင် ချန်ရှီသည် ယန်းကျစ်လမ်းကြားသို့ ရောက်လာပြီး အဘွားအိုကိုသတ်ကာ ခွေးကောင်လေးကို ကယ်တင်ကာ နန်းနန်း ဟူ၍ အမည်ပေးခဲ့သည်။
"သခင်ငယ်ရဲ့ အမိန့်အရ သရဲတစ္ဆေတွေနဲ့ နတ်ဘုရားတွေက အရှင်ချင်ထျန်းကို လိုက်ရှာနေကြတယ်... သခင်ငယ်က အမတမြို့က ယွမ်ချန်နန်းတော်တွေက သရဲတွေနဲ့ နတ်ဘုရားတွေကို ဖိတ်ခေါ်ပြီး ဧည့်သည်အားလုံးကို ဖျော်ဖြေခဲ့တယ်...သူ့ရည်ရွယ်ချက်က ယမနန်းတော်ရဲ့ တစ္ဆေနဲ့ နတ်ဘုရားတွေ အားလုံးကို အသိပေးပြီး တရားသူကြီး ဝေ့လင်ကို ဘုရင်အသစ်ရာထူးတက်ဖို့ အကြံပေးစေချင်တာပဲ..."
ဒါကိုပြောပြီးနောက် ချန်ရှီ မှုန်ကုပ်နေတဲ့ လေကို ရှူထုတ်လိုက်လေသည်။
"ဝေ့လင်က ငရဲဘုရင်ရာထူးကို တက်လာတဲ့အခါ သူသေလုမျောပါး ဖြစ်သွားမှာကိုပဲ ငါကြောက်တယ်.... မိသားစုကြီးဆယ့်သုံးခုထဲက ယန်မိသားစုရဲ့ ဇာတ်ကွက်က တကယ့်ကို ကြီးလွန်းတာပဲ..."
"ကွမ်း…"
သူ့နောက်ကနေ သက်ပြင်းရှည်ကြီးတစ်ခု ထွက်လာ၏။ ချန်ရှီ နောက်ပြန် လှည့်ကြည့်ပြီး လန့်သွားခဲ့သည်။ ရာနှင့်ချီသော ငရဲနတ်လေးများသည် သူတို့၏လက်ထဲတွင် ဦးထုပ်အဝိုင်းသေးသေးလေးများ ကိုင်ဆောင်ထားလျက် ညှိုးငယ်သော မျက်နှာများဖြင့် ရပ်နေကြသည်။
"ဟေးကော် မင်းသူတို့ရဲ့ မှတ်ဉာဏ်ကို ဖျောက်ပေးဖို့ မကြိုးစားဘူးလား?"
ဟေးကော် ဤငရဲနတ်လေးများ ကြည့်သော်လည်း တစ်ဖက်က မတုန်လှုပ်ပေ။ ဟေးကော်လည်း စိတ်ပျက်သွားသည်။ ချန်ရှီ ရုတ်တရက် သဘောပေါက်သွားပါ၏။
"ဟေးကော်ရဲ့ စွမ်းရည်က သွေးစွမ်းအားကနေ ဆင်းသက်လာတာ အခု သူ့ခန္ဓာကိုယ်ကို ပြောင်းလဲလိုက်တာနဲ့ သွေးစွမ်းအားက ထိန်းလို့မရတော့ဘူး ဒီမှာ အကြာကြီးနေဖို့ မသင့်တော်ဘူး!... မုန့်ပန့်ရှန်းလို့ ခေါ်တဲ့ မရဏတမန်တော့ ဒီတစ်ခါ သေခြင်းတရားကနေ လွတ်ဖို့ မဖြစ်နိုင်တော့ဘူး... ဒီယွမ်ချန်နန်းတော်က မြန်မြန် ထွက်သွားရအောင်!"
"ကွမ်း၊ ကုပ်!"
သူတို့နောက်က ငရဲနတ်လေးတွေလည်း ထိတ်လန့် တုန်လှုပ်သွားပြီး ကိရိယာမျိုးစုံကို ပစ်ချလိုက်ကာ ပြေးထွက်သွားကုန်တော့သည်။
အထူးသဖြင့် တခြားသူတွေရဲ့ စိတ်ခံစားမှုကနေ ကူးစက်ဖို့ လွယ်ပါ၏။
ထိုအချိန်တွင် မရဏတမန် မုန့်ပန့်ရှန်းသည်လည်း ယွိလန်ခန်းမထဲမှ အေးစက်စွာ အော်ပြောလိုက်သည်။
"ဒီပွဲက မစားတာပဲ ပိုကောင်းပါတယ်!"
ထို့နောက် ဒေါသတကြီး ထွက်လာခဲ့သည်။
ချန်ရှီနဲ့ ဟေးကော်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ သူတို့၏ မှော်အစွမ်းကို ချက်ချင်း ဖြန့်ကျက်လိုက်ပြီး သူတို့၏ ဝိညာဉ်များသည် ခန္ဓာကိုယ်ဆီသို့ ပြန်ဆွဲယူလိုက်ကြသည်။
သူတို့နှစ်ယောက် ထွက်သွားပြီးနောက် ငရဲနတ်လေး နှစ်ယောက်သည် ရှုပ်ထွေးနေသော မျက်နှာများဖြင့် နိုးလာသည်။ တခြား ငရဲနတ်လေးတွေ ပြေးသွားတာကို မြင်တော့ ဘာကြောင့်မှန်းမသိပေမယ့် အားလုံးက ပြေးနေကြတော့ သူတို့လည်း နန်းတော်ထဲကနေ ချက်ချင်း ပြေးထွက်လာကြတော့သည်။
သခင်ငယ်၏ ယွမ်ချန် နန်းတော် အပြင်ဘက်တွင် နန်းတော်ရှိ သရဲတစ္ဆေများစွာသည် ငရဲနတ်လေးကို စုဆောင်းနေဆဲ ဖြစ်သည်။ ရုတ်တရက် ရာနှင့်ချီသော ငရဲနတ်လေးများသည် ဒီရေကဲ့သို့ နန်းတော်ထဲမှ ကောင်းကင်လမ်းသို့ ပြေးသွားကာ အချင်းချင်း တိုးတိုးပြောကြရာ လမ်းမပေါ်တွင် ဆူညံသံများ ပြည့်နှက်ကုန်တော့သည်။
များမကြာမီ ယွမ်ချန်းနန်းတော် အပြင်ဘက်ရှိ ငရဲနတ်လေးများလည်း ပြန့်ကျဲသွားပြီး ပတ်ဝန်းကျင်တွင် ငရဲနတ် တစ်ကောင်တစ်လေမှပင် မရှိတော့ပေ။ သရဲတစ္ဆေတွေလည်း ဘာဖြစ်သွားမှန်း မသိဘဲ ကျန်ခဲ့ကြ၏။
သို့သော် မကြာမီတွင် သခင်ငယ် ဝေယွဲ့သည် ငရဲဘုရင်ကို ပုန်ကန်ရန် ကြံစည်ပြီး သတ်ဖြတ်ရန်လည်း ကြံစည်နေသည်ဟူသော သတင်းသည် ပျံ့နှံ့သွားတော့သည်။ ငရဲနတ်လေးများသည် နေရာတိုင်းတွင် ပျံ့နှံ့နေသဖြင့် သတင်းကို ခပ်မြန်မြန်ပဲ ဖြန့်လိုက်ကြသည်။
ဤအရာလေးများသည် အလွန်စကားပြောကောင်းပြီး သတင်းပြန့်နှံ့ခြင်း၏ အရှိန်သည်လည်း အံ့ဩစရာပင်။ များမကြာမီတွင် နွားခေါင်းပါသော နတ်ငယ်နှင့် မြင်းမျက်နှာပါသော မနတ်ငယ်တို့သည်လည်း ထိုအကြောင်းကို သိသွားပြီး သရဲတစ္ဆေများကြား တိုးတိုး ပြောလာကြသည်။
ချန်ရှီနဲ့ ဟေးကော်တို့ခမျာ ၎င်းတို့၏ မရည်ရွယ်ဘဲ ဆွေးနွေးမှုများတွင် ထိုကဲ့သို့ အကျိုးသက်ရောက်မှုကြီး ရှိသွားမှန်း မသိခဲ့ကြပေ။ ချန်ယင်တူး၏ ယွမ်ချန်နန်းတော်တွင် သူတို့နှစ်ယောက် နိုးလာပေမယ့် လှေသမလေးက မနိုးသေးချေ။
"သူမက ဘယ်နတ်ဆိုးလေးကိုယ်ထဲ ဝင်နေခဲ့တာလဲ"
ချန်ရှီ အံ့သြသွားခဲ့သည်။
သို့သော် သူ့တွင် အလွန်အမင်းစဉ်းစားရန် အချိန်မရှိသဖြင့် ချက်ချင်း ထရပ်လိုက်သည်။
"မုန့်ပန့်ရှန်းက သခင်ငယ် ဝေ့ယွဲ့ကို လူရှေ့သူရှေ့မှာ ဆန့်ကျင်ခဲ့တော့ ဝေ့ယွဲ့ သူ့ကို သည်းမခံနိုင်တော့မှာ သေချာတယ်... သူသာ အမတမြို့ထဲက ထွက်သွားရင် သေချာပေါက် သေပေတော့မှာ... ငါတို့ သူ့နောက်ကို ချက်ချင်း လိုက်ရမယ်... အခွင့်အရေးရရင် ငါတို့ သူ့အသက်ကို ကယ်မယ်"