← Chapters

အခန်း (၇၄)

Vol. 6 Ch. 74

အခန်း (၇၄)

Vol. 6 Ch. 74

ထွက်သွားပြီလား။

ဂါးရက် မျက်မှောင်ကြုတ်ရင်း စိတ်ပျက်အားငယ်မိသည်။ သူ့လက်ထဲက ပိုက်ဆံအိတ်က လေးလံနေပြီး တီးတိုးမြည်နေသော်လည်း သူ့စိတ်ဓာတ်ကို မည်မည်ရရ မြှင့်တင်မပေးနိုင်ခဲ့ပေ။ ရေပိုက်စနစ်မရှိဘဲ သန့်ရှင်းသောရေကို အနည်းငယ်သာ ရရှိနိုင်သည့် ဤမြို့ပြပတ်ဝန်းကျင်တွင် ရောဂါများ ဖြစ်ပေါ်လာရန် နီးစပ်နေပြီး လူများက မိမိတို့နှစ်သက်ရာ နေရာတွင် အညစ်အကြေး စွန့်ပစ်နေကြသည်။

ကာလဝမ်းရောဂါ။

ဗိုင်းရပ်စ် အသည်းရောင်အသားဝါ။

အူရောင်ငန်းဖျား။

ဝမ်းကိုက်ရောဂါ။

ကူးစက်ရောဂါ အများအပြားရှိပြီး တစ်ခုစီတိုင်းက ကျယ်ပြန့်သော ဖျက်ဆီးမှုများကို ဖြစ်စေနိုင်ပြီး ညစ်ညမ်းသော ရေအရင်းအမြစ်များမှတစ်ဆင့် အလွယ်တကူ ကူးစက်နိုင်သည်။

သောက်ကျိုးနည်း….

ဒေါသထွက်လာပြီ…..

ဘယ်နတ်ဘုရားမက လူတွေကို ကာကွယ်ခဲ့တာလဲ။ ဘယ်နတ်ဘုရားမက သန့်ရှင်းတဲ့ရေကို ပေးသနားခဲ့တာလဲ။ ဘုရားကျောင်းတံခါးဝက ရေပန်းလေးကတော့ လုံလောက်မှာ မဟုတ်ဘူး။

ကုသသူတစ်ဦးအနေဖြင့် တာဝန်ယူစိတ်က ဂါးရက်စိတ်ထဲ၌ လောင်ကျွမ်းလာသည်။ သူ ပထမဆုံး ရောက်ရှိလာချိန်တွင် အသက်ရှင်ရပ်တည်ရေးပင် စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပြီး ဤအရာများအတွက် ပူပန်ရန် မတတ်နိုင်ခဲ့ပေ။

သို့သော် ယခုအခါ အရင်းအမြစ်များနှင့် သြဇာအာဏာများ ရှိလာပြီး သြဇာရှိသူများနှင့် တိုက်ရိုက်ဆက်သွယ်နိုင်ပြီ ဖြစ်၍ လက်ပိုက်ကြည့်နေခြင်းက ဆရာဝန်တစ်ဦးအနေဖြင့် သူ၏ တာဝန်များနှင့် ဆန့်ကျင်ဘက်ဖြစ်လိမ့်မည်ပငါ။

"ဆရာ"

ဂါးရက် ခေါင်းမော့လိုက်ပြီး အကူအညီရှာလိုက်သည်။ အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်က လက်ဝှေ့ယမ်းကာ သူ့ကို စကားမဆုံးမီ ဖြတ်တောက်လိုက်သည်။

"လမ်းတွေပေါ်က ကိစ္စတွေ နောက်မှထားပါ။ အခု ဒီဒဏ်ရာရသူတွေကို ပြုစုပါ"

"မှန်တယ်"

လက်ရှိ ဒဏ်ရာရသူတွေကို အနာဂတ် လူနာတွေထက် ဦးစားပေးရမယ်။

ဂါးရက်က လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး နောက်တစ်ကြိမ် ရှေ့သို့ ပြေးသွားလိုက်သည်။

မြို့သခင်ကိုယ်တိုင် စစ်ဆေးနေပြီး အဓိက ဘုရားကျောင်းကြီး သုံးခု၏ ခေါင်းဆောင်များလည်း ရှိနေသဖြင့် ဘုန်းတော်ကြီးများက လျင်မြန်စွာ စုဝေးခဲ့ကြသည်။ ကောင်းကင်ယံတွင် ပတ်ဝဲပျံသန်းနေသော သိမ်းငှက်၏ လမ်းညွှန်မှုဖြင့် သဘာဝနတ်ဘုရား၏ အစေခံများပင် အလျင်အမြန် ရောက်ရှိလာကြသည်။ မကြာမီပင် ဘုရားကျောင်းကို စောင့်ကြပ်နေကြသော စစ်နတ်ဘုရားဘုရားကျောင်းမှ ဘုန်းတော်ကြီးများပင် အင်အားအပြည့် ရောက်ရှိလာကြသည်။

ခဏအကြာတွင် ထိုစစ်နတ်ဘုရား ဘုန်းတော်ကြီးများသည် ဆိုင်များထဲသို့ တဖြည်းဖြည်း ပြေးဝင်လာကြပြီး တစ်ဦးစီ မိမိတို့၏ သက်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်ကြသည်။

ဂါးရက်က သူ လုပ်စရာ သိပ်မရှိတော့ကြောင်း သဘောပေါက်လိုက်သည်။

ပြင်းထန်စွာ ဒဏ်ရာရရှိသူများကို အဆင့်မြင့် ဘုန်းတော်ကြီးများက ပြုစုနေကြသည်။

အသေးအဖွဲ ဒဏ်ရာရရှိသူတွေအတွက်ကတော့ ငါ့ရဲ့ အသေးအဖွဲ ကုသမှုတွေအတွက် အကူအညီ မလိုတောပေ။

ဆေးဝါးအရင်းအမြစ်များက ပြည့်လျှံနေပြီ...

သူ ဘေးနားတွင် ရပ်နေပြီး ဘုန်းတော်ကြီးများ၏ အလုပ်ကို ဝင်ရောက်မစွက်ဖက်ရန် ကြိုးစားနေသည်။ မသိစိတ်ကနေ နံရံနားသို့ တဖြည်းဖြည်း တိုးကပ်သွားစဉ် ရုတ်တရက် သူ့လက်မောင်းကို ဆွဲလိုက်သည်။

"ဆရာ... ကျေးဇူးပြုပြီး ကုသမှု မန္တန်လေး... တစ်ခုတည်းပဲ..."

ဂါးရက် သတိပြန်ဝင်လာသည်။

ဟုတ်သားပဲ ကုသခြင်း မန္တန်ရှိတာပဲ။ စစ်ဆေးမှုတွေ၊ ဆေးသွင်းတာတွေ၊ ခွဲစိတ်မှုတွေလို လက်တွေ့ဆေးပညာနည်းလမ်းတွေအပြင် ငါ့မှာ ကုသခြင်း မန္တန်ရှိနေသေးတယ်။

အဆင့်အနိမ့်ဆုံးဖြစ်ပြီး အာနိသင်မပြင်းထန်ပေမဲ့ ကုသခြင်း မန္တန်တစ်ခုပဲဟာ။

"ခဏလေးစောင့်နော် အခုပဲ လုပ်ပေးမယ်"

ဂါးရက် အာရုံစိုက်လိုက်သည်။ ကုသလိုစိတ်ကို စုစည်းကာ သူ့လက်ဖျားကနေ အဖြူရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။ အလင်းကျဆင်းလာသည်နှင့်အမျှ သူ့ရှေ့မှ ဒဏ်ရာက တစ်လက်မ၊ နှစ်လက်မ... တဖြည်းဖြည်း ပိတ်လာသည်။

ပြောင်းလဲမှုမရှိပေ။

ငါ့ရဲ့ လက်ရှိ ကုသနိုင်စွမ်းက အပေါ်ယံဒဏ်ရာ ဆယ်စင်တီမီတာအောက်ပဲ ကုသနိုင်တာကိုး။

အင်း... ပုံမှန် အဆင့်မြှင့်တင်နည်းအတိုင်းဆိုရင် ဘယ်ဖြစ်မလဲ။ တခြားကမ္ဘာကလာတဲ့လူတစ်ယောက်အနေနဲ့ လှည့်စားနည်းသုံးမှ ဖြစ်မယ်။ လှည့်စားနည်းမသုံးရင် တစ်နေ့ကို အသေးစား ကုသခြင်း မန္တန် ငါးခုတည်းနဲ့ ဘာကိုမှ ကုသနိုင်မှာ မဟုတ်ဘူး။

ဂါးရက်က သူ့လက်ကို ချလိုက်သည်။

ဒဏ်ရာရသူနှင့် အနီးနားက ကူညီသူက အာရုံစိုက် ကြည့်နေခဲ့ကြရာ ထိုအချိန်မှာ တစ်ပြိုင်နက်တည်း သက်ပြင်းချလိုက်ကြသည်။ ကူညီသူက တိုးတိုးလေး မေးသည်။

"ဆရာ ကျွန်တော်တို့ ဘာလုပ်ရမလဲ"

ဘာလုပ်ရမလဲတဲ့…

သူတို့ ဘာလုပ်နိုင်လဲဆိုတာ ငါမှလမသိတာ... ရေနွေးတည်ရမလား။ ဒဏ်ရာရသူတွေကို သကြားနဲ့ ဆားရည်တိုက်ရမလား။ ဒဏ်ရာဆေးကြောဖို့ ဇလားယူလာပေးရမလား။

ဒီအလုပ်တွေက လုပ်ပြီးသားပုံပဲ...

ဂါးရက် ကိုယ်တိုင်လည်း အဖြေမသိပေ။ အားလုံးက သူ့ကို မျှော်လင့်တကြီး ကြည့်နေသည်ကို မြင်သောအခါ သူ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဆုတောင်းကြ..."

သူ ထိုစကားကို ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်း ဖြစ်သော်လည်း လူတိုင်းက အလေးအနက်ထားလိုက်ကြသည်။ ကူညီသူက ချက်ချင်း ခေါင်းငုံ့ပြီး လက်နှစ်ဖက်ကို ပူးကာ တီးတိုးရွတ်ဆိုနေသည်။ ဒဏ်ရာရသူတွေလည်း ကြိုးစားပြီး လက်များကို ပင့်ကာ ဆုတောင်းသည့် အမူအရာ ပြုကြသည်။

"ကြီးမြတ်သော သဘာဝနတ်ဘုရား ကိုယ်တော်၏ ကရုဏာကို အသနားခံပါ၏..."

"ကြီးမြတ်သော နွေဦးနတ်ဘုရားမ ကိုယ်တော်၏ ကျေးဇူးတော်အတွက် ဆုတောင်းပါ၏၊ ကိုယ်တော်၏ လူများကို ကောင်းချီးပေးပါ..."

ဘေးအန္တရာယ်နှင့် ဖျားနာမှုများ ကြုံလာသောအခါ လူတို့သည် ဘုရားသခင်ကို အားကိုးလိုစိတ် အများဆုံး ဖြစ်ပေါ်တတ်သည်။ တစ်ယောက်က တစ်ယောက်ကို ပြောပြလိုက်ရာ မကြာမီပင် ခဏအတွင်းမှာပင် ဆိုင်ငယ်လေး၏ အတွင်းရော အပြင်ပါ ဆုတောင်းသံများ ရောထွေးညံစီနေပြီး တစ်ညီတစ်ညွတ်တည်း တီးတိုးမြည်ဟီးနေသည်။

တစ်ဦးစီက မိမိတို့၏ သက်ဆိုင်ရာ နတ်ဘုရားများကို ရှာဖွေကြရာ ဘုရားဖူးအပေါင်းအသင်းများ ရောယှက်နေသော်လည်း သူတို့၏ ဆုတောင်းသံများက အံ့သြစရာကောင်းလောက်အောင် လျင်မြန်စွာ လေးနက်ခန့်ညားလာသည်။

"ဂျွန် အပြင်ကိုသွား… ယုံကြည်သူတွေကို စုပြီး ဆုတောင်းပွဲကို ဦးဆောင်"

ထိပ်ပြောင်ဘုန်းတော်ကြီးက လှည့်လိုက်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။ နောက်ထပ် စစ်နတ်ဘုရား ဘုန်းတော်ကြီးတစ်ပါးက လှမ်းကြည့်လိုက်ရာ မနာလိုဖြစ်သွားသည်။

ယုံကြည်သူများအတွက် ဆုတောင်းပွဲ ဦးဆောင်ခြင်းက ဘုန်းတော်ကြီးတစ်ပါးအတွက် သူတို့၏ ယုံကြည်မှုနှင့် ချိတ်ဆက်ကာ တိုးတက်ရန် အမြန်ဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် ဘုန်းတော်ကြီးအသစ်များကို ပေးလေ့မရှိပေ။

သို့သော် ထိပ်ပြောင်ဘုန်းတော်ကြီးက ဂျွန်ကို တိုက်ရိုက်နာမည်ခေါ်လိုက်သည်... အစွမ်းထက်သော မိတ်ဆွေတစ်ဦးရှိခြင်းက တကယ်ကောင်းလှသည်။

ဂျွန်က ခေါင်းညိတ်ပြီး ထွက်သွားသည်။ အခြားတစ်ဖက်တွင်မူ အကြီးအကဲ အယ်လ်ဝင်းက သူခေါ်လာသော ဘုန်းတော်ကြီးများကို မှာကြားနေသည်။

"မင်း အပြင်ကိုသွား… ယုံကြည်သူတွေကို စုစည်းပြီး ဆုတောင်းပွဲကို ဦးဆောင်..."

ဆိုင်အပြင်ဘက်နေရာက လျင်မြန်စွာ ရှုပ်ထွေးလာသည်။ မကြာမီပင် ဘယ်ညာနှစ်ဖက်စလုံးမှ ဆုတောင်းသံများ စတင်လာသည်။

"ကြီးမြတ်သော သဘာဝနတ်ဘုရား..."

"ကြီးမြတ်သော စစ်နတ်ဘုရား..."

ဆုတောင်းသံများ အဝိုင်းလိုက် ချဲ့ထွင်လာသည်။

ဒါဇင်များစွာမှ ရာပေါင်းများစွာ၊ ရာပေါင်းများစွာမှ ထောင်ပေါင်းများစွာအထိ ရောက်ရှိလာကြသည်။ ပိုအရေးကြီးသည်မှာ ယုံကြည်သူများသည် စနစ်တကျ တန်းစီကာ သဘာဝနတ်ဘုရားကို ဆုတောင်းခြင်း၊ စစ်နတ်ဘုရားကို ဆုတောင်းခြင်းတို့အားလုံးကို တစ်ညီတစ်ညွတ်တည်း၊ ဘယ်ညာနှစ်ဖက်စလုံးမှ အသံထွက်လာခြင်းပင်။

တစ်ဖက်က အသံကျယ်လာသည်နှင့်အမျှ ကျန်တစ်ဖက်ကလည်း အလျင်အမြန် လိုက်ပါလာရာ စစ်ရေးလေ့ကျင့်ရေးကွင်းတွင် ရွတ်ဆိုသံများနှင့် ဆင်တူနေသည်။

ဒီလူတွေ...

ဂါးရက် ပခုံးတွန့်လိုက်သည်။ "အသိဉာဏ်မဲ့" ဟူသော စကားလုံးကို တိတ်တိတ်ဆိတ်ဆိတ် ဖယ်ရှားပစ်လိုက်ပြီး ကုသခြင်းမန္တန်ကို ထပ်မံရွတ်ဆိုလိုက်သည်။ မကြာမီပင် သူ အံ့သြစွာဖြင့် မျက်လုံးပြူးသွားသည်။

ကုသမှုမန္တန် အာနိသင် နှစ်ဆကျော် တိုးလာခြင်းပင်။

ထိုတစ်ကြိမ်၌ ကုသခြင်းမန္တန်၏ အာနိသင်က အရင်ကထက် နှစ်ဆကျော် ပိုမိုအားကောင်းလာပြီး ၁၅ စင်တီမီတာကျော် ရှည်လျားသည့် ဒဏ်ရာများကိုပါ ကုသနိုင်ခဲ့သည်။

မယုံနိုင်စရာပဲ...

ဒီနည်းလမ်းကလည်း အလုပ်ဖြစ်တာလား။

ဆုတောင်းခြင်းက ဒီလိုအာနိသင် ရှိတယ်။

ဂါးရက် ဆုတောင်းပြီး တိတ်တိတ်လေး ထွက်သွားသည်။ ဘယ်ညာကြည့်လိုက်တော့ နားမလည်နိုင်ဖြစ်နေသည်။ အဆင့်မြင့် ကုသခြင်းမန္တန်များ၏ အာနိသင်များကို သူ မရင်းနှီးပေ။ သူသည် ဆုတောင်းပြီးကာစ ဘုန်းတော်ကြီးတစ်ပါးကို ဆွဲခေါ်ပြီး သူ့နဖူးမှ ချွေးများကို သုတ်လိုက်သည်။

"အမ်... ဆုတောင်းတာ တကယ် အလုပ်ဖြစ်တာလား"

"ဖြစ်ပါတယ်"

နောက်တစ်ဦးက သူ့ကို မသိနားမလည်သူတစ်ဦးလို ကြည့်လိုက်သည်။ ခဏအကြာတွင် သူက ဂါးရက်ကို ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားသည်။

"ဘာလို့ ဘုရားကျောင်းတွေ ဆောက်ကြရမှာလဲ။ ဘာလို့ သူတို့ကို ဒီမှာ ကုသဖို့ ခေါ်လာရမှာလဲ။ ဘာလို့ ဘာသာရေးသီချင်းတွေ အတူတူဆိုရမှာလဲ။ ဘာလို့ ပွဲတော်ကြီးတွေမှာ အံ့ဖွယ်နိမိတ်တွေ မပြခင် ဆုတောင်းပွဲနဲ့ စတင်ရမှာလဲ။ တခြားသူတွေရဲ့ အကူအညီနဲ့ဆို ဘယ်လောက် အားထုတ်မှုတွေ သက်သာလဲ"

ဝိုး... တကယ် အလုပ်ဖြစ်ပုံရတယ်။ ဒါဆိုရင် နောင်အနာဂတ်မှာ သူ ကုသတဲ့အခါ လူအုပ်ကို စုပြီး ဆုတောင်းခိုင်းရင် အာနိသင်က ချက်ချင်း နှစ်ဆတိုးလာမှာပဲ။

မဟုတ်ဘူး... ဒါက မိုက်မဲရာကျတယ်

ဂါးရက် သူ့နဖူးကို ရိုက်လိုက်သည်။ ဘာလို့ လူတွေကို စုစည်းရမှာလဲ။ သူက လက်ထောက်တွေကို လေ့ကျင့်ပေးရမှာလေ။ အဲဒီဘုန်းတော်ကြီးအားလုံးက သူ့ဆီက ဆေးပညာကို သင်ယူရမှာလေ။ ဆေးရုံဖွင့်ရမယ်။ ပြီးရင် ဆရာဝန်တစ်သုတ် လေ့ကျင့်ပေးပြီး အဖွဲ့လိုက် ဆုတောင်းပွဲတွေ လုပ်ရမယ်။ အဖွဲ့လိုက် ခွဲစိတ်မှုတွေကိုပါ လုပ်ရမယ်။

လူနာတွေနဲ့ သူတို့မိသားစုတွေကိုပါ ပါဝင်ခိုင်းမယ်ဆိုရင်….

ဖျားနာသူတွေ ဒါမှမဟုတ် မိသားစုဝင်တွေ ဖျားနာသူတွေက ဆုတောင်းတဲ့အခါ သေချာပေါက် အသဒ္ဓါတရား အထက်ဆုံးဖြစ်မှာပဲ။

လူနာတွေက ကုသမှုအတွက် ပိုက်ဆံပေးပြီး သူတို့ရဲ့ ကုသနိုင်စွမ်းကို အလကား ပေးအပ်တာ...

ဒီအကြံဉာဏ်က အံ့မခန်းပဲ။ လုံးဝပြီးပြည့်စုံတယ်။

All Chapters