← Chapters

ဒဏ္ဍာရီတစ်ခု နိုးထလာခြင်း

Vol. 105 Ch. 1462

ဒဏ္ဍာရီတစ်ခု နိုးထလာခြင်း

Vol. 105 Ch. 1462

ဝေ့ဝူယင် မှောက်လျက် အိပ်ပျော်နေသည့် ထျန်းလင်းယုကို တစ်ချက် လှမ်းကြည့်လိုက်မိ၏။ တကယ်တမ်းအားဖြင့် သူမ၏ မူလယင်ကို စောစီးစွာ ရယူခဲ့ခြင်းအတွက် သူ အနည်းငယ်ပင် နောင်တရမိခဲ့သည်။

မိန်းကလေးနှင့် နှစ်ကိုယ်တူ ကျင့်ကြံခြင်းမှ တစ်ဆင့် ကြီးမားသည့် အကျိုးကျေးဇူးများ ရရှိခဲ့သော်လည်း သူမ ပိုင်ဆိုင်ထားသည့် လက်ရှိ ကျင့်ကြံခြင်း အခြေခံ အဆင့်အတန်းက များစွာ ကောင်းမွန်ခြင်း မရှိချေ။ မြေကြီးရှန့်ထို အဆင့်များ ကြားတွင် ထျန်းလင်းယုမှာ သာမန် အဆင့်၌သာ ရှိကာ သူမ နှစ်ထောင်ပေါင်းများစွာ သိမ်းဆည်းထားခဲ့သည့် မူလယင်မှာလည်း အကောင်းဆုံးများထဲ၌ အလယ်အလတ် အဆင့်တွင်သာ ရှိပေလိမ့်သည်။

မည်သို့ပင်ဖြစ်စေ... သူမ၏ အကူအညီကြောင့်ပင် သူ၏ ကျင့်ကြံခြင်း အခြေခံမှာ သိသာထင်ရှားစွာ တိုးတက်လာခဲ့ပေသည်။ အကယ်၍ သူ့ထံတွင် ဖြည့်တင်းပြီးသား ကျင့်ကြံခြင်း အခြေခံ ၂၅ ရာခိုင်နှုန်းမျှ ရှိသည် ဆိုပါက... ထျန်းလင်းယုနှင့် နှစ်ကိုယ်တူ ကျင့်ကြံခဲ့ပြီး နောက်တွင် သူ၏ ကြယ်အမြုတေ လေးခုလုံးမှာ ၃၅ ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့သည်။ ၎င်းမှာ ၄၀ ရာခိုင်နှုန်းသော တိုးတက်မှုပင် ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်ထံတွင် ကြယ်အမြုတေ တစ်ခုတည်းသာ ရှိသည် ဆိုပါက လက်ရှိ သူ၏ ကျင့်ကြံခြင်း အခြေခံမှာ ၆၅ ရာခိုင်နှုန်းလောက် အထိ တိုးတက်ပြီး ဖြစ်ပေလိမ့်မည်။

ကိန်းဂဏန်းအားဖြင့် အထင်ကြီးလောက်စရာ မရှိဟု ထင်ရသော်လည်း ဝေ့ဝူယင်၏ အံ့ဖွယ်သရဲ ကျင့်ကြံခြင်း အခြေခံကို ထည့်သွင်း စဉ်းစားကြည့်လိုက်လျှင်ပင်တော့ မယုံကြည်နိုင်လောက်စရာ တိုးတက်မှုမျိုး ဖြစ်သည်။

မြေကြီး ရှန့်ထို နှစ်ဦး အပါအဝင် လျှို့ဝှက် အာဏာရှင် လေးယောက်နှင့် နှစ်လတာမျှ နှစ်ကိုယ်တူ ကျင့်ကြံခဲ့ပြီး နောက်တွင် ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အခြေခံမှာ ၁၀၀ ၏ ၃၉ ရာခိုင်နှုန်းလောက် အထိကို ရောက်ရှိခဲ့သည်။ ၎င်းက ကြယ်တာရာ ပဲ့တင်သံ ဆေးလုံးများထက် အများကြီး ပိုမို၍ ထိရောက်ပေသည်။ ထို့အပြင် နှစ်လိုဖွယ် ကောင်းကာ အချိန်ကုန်လည်း သက်သာသည်။

သို့သော် အံ့မခန်း အဖြစ်ဆုံး တိုးတက်မှုများကို ရရှိခဲ့သည်ကတော့ ထိုမိန်းကလေး လေးဦးပင် ဖြစ်သည်။ သတိမထားလိုက်မိခင်မှာပင် သူတို့၏ မွေးရာပါ စွမ်းအင်လေးမျိုးမှာ မကြုံစဖူး တိုးတက်မှုများကို ရရှိနေခဲ့ပြီ ဖြစ်သည်။ ဥပမာ... ထျန်းလင်းယု ဆိုပါစို့...။ သူမမှာ ယခင်က မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ထိပ်တန်း မြေကြီးရှန့်ထို ငါးဆယ် စာရင်းတွင် ပါဝင်သည် ဆိုလျှင် ယခုအခါ ထိုအဆင့်မှာ နှစ်ဆ ခုန်တက်သွားခဲ့ပြီ ဖြစ်သည်။

ရုတ်တရက်... တိတ်ဆိတ်စွာပင် လောကကြီး တစ်ခုလုံးမှာ တုန်ခါမြည်ဟီး သွားခဲ့၏။

“ဟမ်...”

ဝေ့ဝူယင်၏ အာရုံစူးစိုက်မှုများက ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများက အလိုအလျောက်ပင် အမှန်တရား မျက်လုံး အသွင် ပြောင်းလဲသွားကာ လောက၏ ရှုပ်ထွေးသော ပြောင်းလဲမှုများကို စောင့်ကြည့်လိုက်လေ၏။

“ဘာဖြစ်လို့လဲ...”

ယန်ချောင်ယွီက ဝေ့ဝူယင်၏ အမူအရာကို သတိထားမိလေရာ မေးလိုက်၏။ ဝေ့ဝူယင်က ဘာမှ ပြန်မဖြေပဲ လောက၏ အပြောင်းအလဲများကိုသာ ဆက်လက် အာရုံစိုက် နေခဲ့သည်။ ထိုအပြောင်းအလဲက ရုတ်ချည်းဆန်လွန်းလှကာ အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင် သူ့အား ကြယ်ကွင်းပြင်ဖျက် ကပ်ဘေး အကြောင်း သတိပေးခဲ့သည့် အချိန်ကိုပင် ပြန်လည် သတိရလိုက်မိသည်။

“ထာဝရ နတ်ဘုရား...”

အကယ်၍ ဝေ့ဝူယင်သာ လောကီ မျက်လုံး အဆင့် ကြယ်တာရာ ကပ်ဘေးကို ရင်မဆိုင်ရသေးပါက ဤဖြစ်ရပ် အပေါ် ခြားနားစွာ တုန့်ပြန်ခဲ့လိမ့်မည် ဖြစ်သည်။ သို့သော်လည်း ယခုတွင်တော့ သူ့ထံတွင် ပြောစရာ စကားလုံး တစ်လုံးသာ ရှိပေသည်။

“ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ လူမိုက်...”

“ဟမ်...”

ဝူကျင့်ယန်မှာ အနည်းငယ် အံ့ဩသွားကာ ဝေ့ဝူယင်ကို မော့ကြည့်လိုက်၏။

“ဘာဖြစ်လို့လဲ...”

ဝေ့ဝူယင်မှာ ထိုစကားလုံးများကို တီးတိုးပြောဆိုခဲ့ခြင်း ဖြစ်သော်လည်း လျှို့ဝှက် အာဏာရှင် အဆင့်များ အနေဖြင့် သူတို့ ရှင်းလင်းစွာ ကြားခဲ့ရသည်။ အန္တရာယ်ကြားတွင် ကျင်လည်ခဲ့ရသည့် တိုက်ခိုက်ရေးသမားများ အနေဖြင့် သူတို့၏ မျက်လုံးများက ချက်ချင်း ထက်ရှလာကာ ခန္ဓာကိုယ်များမှာ တောင့်တင်း သွားခဲ့ကြ၏။

“ဘာမှ မဟုတ်ပါဘူး”

ဝေ့ဝူယင်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ရယ်မောလိုက်သည်။

“နောက်မှ ရှင်းလို့ရတဲ့ ရှုပ်ထွေးမှုလေးတစ်ခုပါပဲ... ဒါပေမယ့် အခုတော့ မရှင်းအားသေးဘူး... မင်းတို့နဲ့ အတူ အချိန်ကုန်ရဦးမယ်လေ”

ထို့နောက်တွင်တော့ သူက အားမကုန်သေးသည့် မိန်းကလေး နှစ်ယောက်ကို အပြင်းထန်ဆုံး ထိုးနှက်ချက်များ ပစ်သွင်းဖို့ စတင်လိုက်လေတော့၏။

...

ဟူး... ဟူး...

ထာဝရ နတ်ဘုရားမှာ လောကချည်နှောင်လှိုင်း ကြယ်ကွင်းပြင် အတွင်း အရှိန်အဟုန် ပြင်းစွာဖြင့် ဆက်လက် ပျံသန်းနေဆဲ ဖြစ်၏။ အချိန်နှင့် အမျှ သူ၏ မျက်လုံးများက ရူးသွပ်သော အလင်းရောင်များနှင့် ပိုမို တောက်ပ လာနေခဲ့သည်။ အာရုဏ်ဦး ဖီဆန် နေကြယ်ကို လှမ်း၍ တွေ့မြင်ရခြင်းမှာ သူ၏ သတ်ဖြတ်လိုစိတ်များကို ဆထက်ထမ်းပိုး လှုံ့ဆော်နေခဲ့သည်။

“ဟမ်...”

ရုတ်တရက် အန္တရာယ် အငွေ့အသက် တစ်ခုကို ခံစားလိုက်ရလေရာ ထာဝရ နတ်ဘုရား၏ အမူအရာက ပြောင်းလဲ သွားခဲ့၏။ ဒေါသတရားက အဆုံးစွန်ထိ ရောက်ရှိနေသည့်တိုင် ထိုလူအိုကြီးမှာ သတိလွတ်နေခြင်း မရှိပါချေ။

ဘုန်း...

သူက ခြေထောက်အောက်၌ မန်နာထု တစ်ခုကို စုစည်းကာ ဖနှောင့်ဖြင့် ပေါက်လိုက်၏။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်က ပေါက်ကွဲအား အဟုန်ဖြင့် အထက် မိုင်ပေါင်း နှစ်သောင်းခန့် အထိ ထိုးတက်သွားခဲ့သည်။ ၎င်းက မူလအဆင့် မန်နာ ထိန်းချုပ်နိုင်စွမ်းပင် ဖြစ်သည်။ ကံဆိုးစွာပင် ထိုအံ့ဩဖွယ် မြင်ကွင်းကို မည်သူမှ တွေ့မြင်နိုင်ခြင်း မရှိပါချေ။

“ဘယ်သူလဲ...”

ထာဝရ နတ်ဘုရားက အမှောင် ဟင်းလင်းပြင်ကို စိုက်ကြည့်ရင်း လွှမ်းမိုးနိုင်စွမ်း ရှိသည့် အသွင်အပြင်ဖြင့် တည်ငြိမ်စွာ အော်ဟစ်လိုက်၏။ မည်သည့် အရိပ်အယောင်ကိုမှ မတွေ့ခဲ့ရသော်လည်း သူ ရရှိခဲ့သည့် အန္တရာယ် အငွေ့အသက်က မမှားနိုင်ကြောင်း ထာဝရ နတ်ဘုရား သိသည်။ အကယ်၍ အချိန်မှီ တုံ့ပြန်ခဲ့ခြင်းသာ မရှိပါက ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်ရမည်မှာ သေချာပေသည်။

“ဝေ့ဝူယင်ရဲ့ မြေကြီးရှန့်ထို တစ်ယောက်များလား...”

ထာဝရ နတ်ဘုရားက ထိုအတွေးဖြင့် ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင် အားလုံးကို နှိုးဆွ ထားလိုက်သည်။ အကယ်၍ တိုက်ခိုက်ရမည် ဆိုပါက သူ့ဘက်က အသာစီးယူဖို့ ကြိုးပမ်းရပေမည်။

သို့သော်လည်း... သူ မြင်တွေ့လိုက်ရသည်ကတော့ လုံးဝ မျှော်လင့် မထားခဲ့သော အရာတစ်ခုပင်။ ၎င်းက မိုင်ထောင်ပေါင်းများစွာတိုင် ဖြန့်ကျက်နေသည့် အပျက်အစီး အာကာသ လှိုင်းများပင် ဖြစ်လေသည်။ ချက်ချင်းပင် ထာဝရ နတ်ဘုရား၏ မျက်လုံးများမှာ အကန့်အသတ်ကို ရောက်သည်အထိ ကျဉ်းမြောင်းသွားခဲ့၏။

ထာဝရ နတ်ဘုရား၏ နှလုံးသားမှာ မီးတောင်ပေါင်း တစ်ထောင် ပေါက်ကွဲသကဲ့သို့ အရှိန်အဟုန်မျိုးဖြင့် ခုန်နေခဲ့၏။ သူ လျှို့ဝှက် စွမ်းအားကို အသုံးပြုကာ အမှောင် ဟင်းလင်းပြင် အတွင်း ကြောက်မက်ဖွယ် ဖိအား သက်ရောက်မှု တစ်ခုကို ထုတ်ဖော်လိုက်သည်။ သို့သော်လည်း... သူ ဖော်ထုတ်ခဲ့သည့် ဖိအားမှာ အပျက်အစီး အာကာသ အတွင်းရှိ တည်ရှိမှုကို အနည်းငယ်မျှပင် ခြိမ်းခြောက်နိုင်ပုံ မပေါ်ခဲ့ချေ။

“မင်း ဘာလို့ ဒီကို ရောက်တာတာလဲ...”

ထာဝရ နတ်ဘုရားက မေးခွန်းထုတ်လိုက်၏။ သို့သော်လည်း... အမှောင် ဟင်းလင်းပြင် အတွင်း ကျင်လည် ကျက်စားသည့် ဉာဏ်ရည်နိမ့် ရွံရှာဖွယ် သတ္တဝါတစ်ကောင်ထံမှ အဖြေ ရရှိလိမ့်မည်ဟုတော့ မျှော်လင့် မထားခဲ့ပါချေ။

သူ့အရှေ့၌ တိုက်ရိုက် ပေါ်လွင်နေသည့် အာကာသလှိုင်းများကို သုံးသပ်ကြည့်ရပါက ထိပ်တန်း အသားစား ဟင်းလင်းပြင် သားရဲကောင် တစ်ကောင်၏ လက္ခဏာများပင် ဖြစ်သည်။ နှစ်ပေါင်း သောင်းနှင့်ချီ အသက်ရှင်ခဲ့သည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ထိုသတ္တဝါကြီးကို ထာဝရ နတ်ဘုရား မည်ကဲ့သို့ မရိပ်မိပဲ နေပါမည်နည်း။

ယင်းကား ဟင်းလင်းပြင် ဓားပြများနှင့် မုဆိုးများပင် ပြင်းထန်စွာ ကြောက်ရွံ့ခြင်းခံရသော တည်ရှိမှု ဖြစ်သည်။ ခေတ်တိုင်း၊ ခေတ်တိုင်းတွင် မတူညီသော အမည်နာမများဖြင့် ရေးထိုးခံရသည့် ကြောက်စရာ သားရဲတစ်ကောင် ဖြစ်သည်။ ကလေးငယ်များ၏ အိပ်ရာဝင် ပုံပြင်များထဲမှ ဒဏ္ဍာရီလာ မိစ္ဆာကြီး ဖြစ်သည်။

ချိပ်ပိတ်နယ်မြေ ခေတ်ဦးတွင် ကျင့်ကြံသူများမှာ သေမျိုး အကန့်အသတ်များကို ချိုးဖျက်ကာ အမှောင် ဟင်းလင်းပြင်များ အတွင်း လွတ်လပ်စွာ ပျံသန်ကာ ထူးဆန်းနေသာ အရာများကို စူးစမ်းနိုင်ခဲ့ကြသည်။ သူတို့က ဤသတ္တဝါကြီးကို “ဟင်လင်းပြင် ဝိညာဉ်” အဖြစ် ရည်ညွှန်းခဲ့ကြသည်။ ထိုအချိန်က ထိပ်တန်း ကျင့်ကြံသူ အထက်တန်းလွှာများမှာ ၎င်းကို ရိုသေကိုးကွယ်ခဲ့ကြကာ မြင့်မြတ်သည့် ဟင်းလင်းပြင်မှ မွေးဖွားလာသည့် မထိမခိုက်သင့်သော နတ်ဘုရား တစ်ပါး အဖြစ် နက်ရှိုင်းစွာ လေးစားခဲ့ကြသည်။

အချို့သော ယုံကြည်မှု လွန်ကဲသူများမှာ ထိုသတ္တဝါကြီးကို ဖမ်းယူဖို့ ကြိုးစားခဲ့ကြသည့် ဖြစ်ရပ်များ ရှိခဲ့သော်လည်း ထိုမှတ်တမ်းများ၏ အဆုံးသတ်ကို တူညီသည့် စာကြောင်းတစ်ကြောင်းတည်းဖြင့်သာ မှတ်သားထားခဲ့ကြသည်။

၎င်းကား “မည်သူမျှ မပြန်လာခဲ့” ဟူ၍။

ထိုထူးဆန်းသည့် ရှေးဟောင်းသတ္တဝါကြီးနှင့် တွေ့ဆုံရခြင်းမှာ ကံကောင်းခြင်းလား ကံဆိုးခြင်းလား ထာဝရ နတ်ဘုရား မသိသော်လည်း တစ်စက္ကန့် ကုန်ဆုံးသွားတိုင်း ဝေ့ဝူယင်အတွက် လွတ်မြောက်ရန် သို့မဟုတ် ပြင်ဆင်ရန် အခွင့်အလမ်းက ပိုမို တိုးလာမည် ဖြစ်လေရာ သူ့ထံတွင် အချိန်ဆွဲနေရန် အချိန်မရှိချေ။

သို့သော်လည်း... ထာဝရ နတ်ဘုရား မသိလိုက်သည့် အရာကား သူ၏ ပစ်မှတ်မှာ မည်သည့် အန္တရာယ်ကိုမှ ဂရုမစိုက်ပဲ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း လူအနည်းငယ်သာလျှင် ခံစားနိုင်သည့် စည်းစိမ်မျိုးကို ခံစားနေခြင်း ဖြစ်လေသည်။

အဘယ်ကြောင့်နည်း။ ထာဝရ နတ်ဘုရား မကြာမီ သိရှိလာပေလိမ့်မည် ဖြစ်လေသည်။

***

All Chapters