← Chapters

ဒဏ္ဍာရီတစ်ခု နိုးထလာခြင်း (၄)

Vol. 105 Ch. 1465

ဒဏ္ဍာရီတစ်ခု နိုးထလာခြင်း (၄)

Vol. 105 Ch. 1465

ဟူး... ဟူး...

နောက်ဆုံး၌ ထာဝရ နတ်ဘုရားမှာ ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည် ထိန်းနိုင်လာကာ ဝတ်ရုံကို အပြည့်အဝ ပြန်လည်၍ ထိန်းချုပ်လိုက်လေ၏။

သူ ဝတ်ဆင်ထားသည့် ဝတ်ရုံကို ကောင်းကင်ချိတ်ဆက် ဝတ်ရုံဟု ခေါ်သည်။ ၎င်းမှာ ကောင်းကင်ရှန့်ထို တစ်ဦး ပိုင်ဆိုင်ခဲ့သည့် အဆင့်မြင့် ရတနာ တစ်ခု ဖြစ်၏။ သူ ရရှိခဲ့သည့် အချိန်၌ ၎င်းမှာ အလွန်အမင်း ပျက်စီးနေခဲ့သည်။ သို့သော်လည်း ထာဝရ နတ်ဘုရားမှာ နှစ်ပေါင်း ထောင်ချီ ပြုပြင် မွမ်းမံကာ ၎င်း၏ လုပ်ဆောင်ချက် တစ်ချို့ကို ပြန်လည် အသက်သွင်းနိုင်ခဲ့ပေသည်။ ၎င်းမှာ မူလ စွမ်းအား၏ တစ်ရာခိုင်နှုန်းမျှသာ ဖြစ်လျှင်ပင်... မနှိုင်းယှဉ်သာသည့် မန်နာ လွှမ်းမိုးမှု စွမ်းအားကို ထုတ်လွှတ်ရန် အတွက်တော့ လုံလောက်ပေသည်။

ဟူး... ဟူး...

ကောင်းကင်ချိတ်ဆက် ဝတ်ရုံကို ပြန်လည် ထိန်းချုပ်လာနိုင်ပြီးနောက် ထာဝရ နတ်ဘုရားက ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်က မထွက်ခွာခင် မူလ ရပ်တည်ခဲ့သည့် နေရာတွင်သာ ရှိနေသေးကြောင်း သတိပြုမိလိုက်သည်။

ထာဝရ နတ်ဘုရား၏ မျက်လုံးများမှာ သာ၍ပင် ကျဉ်းမြောင်း သွားခဲ့၏။ သူ နှေးကွေးသွားခြင်းလော သို့မဟုတ် ဤနေရာသို့ ပြန်လည် ရွေ့လျား လာခဲ့သည်လော။

ထာဝရ နတ်ဘုရားမှာ သတ္တဝါကြီး၏ အရိပ်ကို ပြန်လည် ရှာဖွေဖို့ ကြိုးပမ်းလိုက်၏။ သို့သော်လည်း ၎င်းမှာ မြင်ကွင်းမှ လုံးဝ ပျောက်ကွယ် နေခဲ့သည့် အပြင် ခြေရာလက်ရာများမှာ ပျေက်ဆုံးနေသည်ကို တွေ့လိုက်ရသည်။ မရေရာသည့် ခံစားချက် တစ်ခုက ထာဝရ နတ်ဘုရား၏ နှလုံးသား တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။ မည်သည့် အရာများ ဖြစ်သွားသနည်း။

ထာဝရ နတ်ဘုရာ နောက်ထပ် လှုပ်ရှားရန် စဉ်းစားနေစဉ်မှာပင် ချိပ်ပိတ်နယ်မြေ အတွင်းရှိ သက်ရှိတစ်ချို့မှာ စိတ်ဝင်တစား စောင့်ကြည့် နေခဲ့ကြလေသည်။

...

အနန္တ တာအို နန်းတော်ထဲ၌ ဝမ်ယုထျန်းမှာ ထာဝရ နတ်ဘုရား တည်ရှိနေသည့် နေရာကို စွဲမြဲစွာ အာရုံစိုက်နေခဲ့၏။

"အဲဒါက နိုးလာတာ မဟုတ်ဘူးလား"

ထိုရှာဖွေတွေ့ရှိမှုကြောင့် သူ အံ့အားသင့် ပျော်ရွှင်သွားခဲ့၏။

…

စန်းယွန်းလီ၏ အသိစိတ် ပင်လယ်ထဲရှိ ရှေးဟောင်း ဝိညာဉ်ကတော့ ထူးဆန်းစွာပင် တိတ်ဆိတ်နေခဲ့သည်။ ၎င်းက ထာဝရ နတ်ဘုရားနှင့် ၎င်း၏ ပတ်ဝန်းကျင်ရှိ အဖြစ်အပျက်များကို မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေခြင်း ဖြစ်သည်။

...

ဝေ့ဝူယင်ကတော့ ပက်လှန် လှန်ကာ လျဲလျောင်းလျှက် ရှိနေခဲ့၏။ သူ၏ အထက်တွင်တော့ လှပ ပြည့်ဖြိုးသော ခန္ဓာကိုယ်လေး တစ်ခုမှာ အပေါ်အောက် ရွေ့လျားနေခဲ့ကာ အလွန် ဆွဲဆောင်မှုရှိသည့် မြင်ကွင်းတစ်ခုကို ဖန်တီး နေခဲ့သည်။ သို့သော်လည်း ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများကတော့ လောက၏ စီးကြောင်းများကိုသာ စောင့်ကြည့်နေခဲ့သည်။

"မပြီးသေးဘူး..."

သူ ခပ်တိုးတိုး ရေရွတ်လိုက်၏။

"ဟုတ်တယ်... မပြီးသေးဘူး... အား..."

ယန်ချောင်ယွီ၏ မျက်ဝန်းများက ရီဝေစွာ စိုဆွတ်နေခဲ့၏။ သူမက အရှိန်ကို တိုး၍ မြှင့်တင်လိုက်ကာ ခန္ဓာကိုယ် အောက်ပိုင်း တစ်ခုလုံးကို ထူးခြားစွာပင် ထိန်းချုပ် နေခဲ့လေ၏။

...

လောကချည်နှောင်လှိုင်း ကြယ်ကွင်းပြင် အတွင်းတွင်တော့...

ထာဝရ နတ်ဘုရား၏ မျက်နှာ အမူအရာက မည်းမှောင်နေကာ ဝိညာဉ် အာရုံကို ဖြန့်ကျက်၍ အမှောင် ဟင်းလင်းပြင် တစ်ခုလုံးကို ကြည့်ရှု နေခဲ့သည်။ သူက အာကာသလှိုင်း ရွေ့လျားမှုများကို စစ်ဆေးရန် အတွက် မျက်လုံး ကျင့်စဉ်ကိုပင် အသုံးပြုနေခဲ့သည်။ သို့သော်လည်း... သူ၏ ကြိုးပမ်း အားထုတ်မှုများက အရာမထင်လုနီးပါး ဖြစ်ပေသည်။

တစ်ခဏမျှ ရပ်တန့်ပြီးနောက် ထာဝရ နတ်ဘုရားက နောက်တစ်ကြိမ် ထပ်မံ ပျံသန်းလိုက်ပြန်၏။ ခပ်ဝေးဝေးသို့ မရောက်သေးခင်မှာပင် အာကာသ ဖိအားတစ်ခုက သူ့ကို ထပ်မံ ထိမှန်ခဲ့ကာ မူလနေရာသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

သုံးကြိမ်တိတိ ကြိုးစားခဲ့ပြီးနောက် အာကာသ ဖိအား ပေါ်ပေါက်လာသည့် နေရာကို သူ တိုင်းတာလိုက်၏။ မည်သည့် အရပ်သို့ ဦးတည်စေကာမူ ၎င်းမှာ သူ၏ လက်ရှိ တည်နေရာနှင့် မိုင်ပေါင်း ၇၂,၀၀၀ ခန့် အကွာအဝေး၌ ဖြစ်သည်ကို တွေ့ရှိခဲ့သည်။

"ဝင်္ကပါ တစ်ခုလား..."

ထာဝရ နတ်ဘုရား နတ်ဘုရား၏ စိတ်များက မသေချာ၊ မရေရာ ဖြစ်လာခဲ့၏။ သို့သော်လည်း... မည်သည့် ဝင်္ကပါ၏ ခြေရာလက်ရာကိုမှ မတွေ့ရှိခဲ့ရချေ။

"ပုံရိပ်ယောင် တစ်ခုလား..."

ထာဝရ နတ်ဘုရားမှာ ထိုသီအိုရီကို အတည်ပြုရန် အတွက် အမျိုးမျိုးသော ကိရိယာများကို အသုံးပြု၍ စမ်းသပ်လိုက်သော်လည်း ဘာမှ မထူးခြားခဲ့ပါချေ။

"လောကအခွံ တစ်ခုလား..."

သူ လောကပုလဲ အခွံနှင့် အလားတူ အရာများ၏ နံရံများကို ဖျက်ဆီးပစ်ရန် လုံလောက်သည့် ကြောက်မက်ဖွယ် တိုက်ခိုက်မှုများကို ဦးတည်ရာ နေရာတိုင်းသို့ ထုတ်လွှတ် လိုက်ပြန်သည်။ သို့သော်လည်း... ရလဒ်ကတော့ နတ္ထိပင်။

ဆယ့်ခုနစ်ကြိမ်မြောက် ကြိုးစားပြီးသည် အထိ ထာဝရ နတ်ဘုရားမှာ ဘာကိုမှ အတည်မပြနိုင်အောင် ရှိနေသေးဆဲ ဖြစ်သည်။ ရွေးချယ်စရာမရှိတော့သည့် အဆုံး၌ ထိုကပ်ဘေးမှ လွတ်မြောက်ရန် အတွက် ရေရာ သေချာမည့် စွမ်းအား တစ်ခုကို ထုတ်ဖော်ရတော့မည် ဖြစ်ကြောင်း သူ နားလည်လိုက်၏။ ထိုအတွေးက ဒေါသထွက်စေသော်လည်း အခြေအနေက ကူရာကယ်ရာမဲ့ ဖြစ်နေကြောင်း သူ သဘောပေါက်လိုက်သည်။

"ထွက်လာခဲ့တော့..."

ထာဝရ နတ်ဘုရား အချက်ပြလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် သူ၏ အတွင်းပိုင်း လောကထဲမှ အော်ရာများ ဖြာကာထွက်ပေါ်လာခဲ့၏။

ဝှစ်... ဝှစ်... ဝှစ်...

အော်ရာများက ရှစ်ခု တိတိ ရှိကာ အရပ် ရှစ်မျက်နှာတွင် နေရာယူလိုက်ကြရင်း ဖြစ်လာနိုင်သမျှ ဦးတည်ရာတိုင်းမှ နေ၍ ထာဝရ နတ်ဘုရားကို ကာကွယ် လိုက်ကြသည်။ ၎င်းတို့မှာ ပြင်ပရှိ အဖြစ်အပျက်များကို မသိသလို၊ ဂရုလည်း စိုက်ပုံ မရပဲ အရှင်သခင်အား ကာကွယ်ရန် တစ်ခုတည်းကိုသာ အာရုံစိုက်ထားကြပုံ ရသည်။

ထာဝရ နတ်ဘုရားမှာ မြေကြီးရှန့်ထိုအဆင့်ရှိ အော်ရာ ရှစ်ခုကို ကြည့်ရင်း ခေါင်းတစ်ချက် ညိတ်လိုက်၏။ သူတို့ တစ်ယောက်ချင်းစီမှာ သာမန် ထာဝရ သူရဲကောင်းများထက် များစွာ သာလွန်သည်။ သူတို့က သူ၏ အဂ္ဂိရတ် သူရဲကောင်းများဖြစ်ကာ၊ ကိုယ်ပိုင် ကြိုးပမ်း အားထုတ်မှု၊ လက်များဖြင့် ဖန်တီးထားသည့် ရလဒ်များဖြစ်သည်။ ထာဝရ နတ်ဘုရားမှာ သူတို့ကို ပါရမီ အမြင့်ဆုံး ကျင့်ကြံသူများမှ ဂရုတစိုက် ရွေးချယ်ထားကာ စည်းလုံး ညီညွတ်သည့် အဖွဲ့တစ်ခု အဖြစ် စနစ်တကျ လေ့ကျင့်ပေးထားသည်။

သူတို့ အားလုံးမှာ ဦးခေါင်းမှ ခြေဖျားအထိ ဖုံးအုပ်ထားသော ရွှေရောင် သံချပ်ကာ ဝတ်စုံများကို ဝတ်ဆင်ထားသည်။ တစ်ခုတည်းသော ခြားနားမှုက... ရွှေရောင် သံချပ်ကာများထက်ရှိ မတူညီသော အရောင် စင်းကြောင်းများ ဖြစ်သည်။ သူတို့ တစ်ဦးတစ်ယောက်ချင်းစီကို အပြင်ပန်းမှ ကြည့်ကာ ကျား၊ မ၊ မျိုးနွယ် ခွဲခြားရန် ခက်ခဲလှသည်။

သူတို့မှာ နှစ်ဖက်သွားဓား၊ တစ်ဖက်ချွန်ဓား၊ အမွှာဓား၊ ဒိုင်းနှင့် ဆူးတင်းပုပ်၊ ပိုက်ကွန်နှင့် ဓား၊ ဓားပုဆိန်၊ နှစ်ဖက်ချွန် လှံ၊ မြှားကျည်ထောက်နှင့် လေး စသည်ဖြင့် စစ်ပွဲများတွင်သာ အသုံးပြုလေ့ ရှိသော လက်နက် အသီးသီးကို ကိုင်ဆောင်ထားကြကာ ကြောက်မက်ဖွယ် အော်ရာများကို ထုတ်လွှတ် နေကြ၏။

ထာဝရ အစည်းအရုံး ပိုင်ဆိုင်ထားသည့် ထာဝရ သူရဲကောင်းများနှင့် ခြားနားစွာပင် ဤရှစ်ယောက်မှာ ထာဝရ နတ်ဘုရား ကိုယ်တိုင် ဖန်တီးထားသည့် အဂ္ဂိရတ် သူရဲကောင်းများ ဖြစ်ကြသည်။ သူတို့မှာ ထာဝရ နတ်ဘုရား သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်ကို ရောက်ရှိခဲ့စဉ်တည်းက စလို့ နောက်မှ လိုက်ခဲ့ကြသည့် လူယုံများ ဖြစ်ကြသည်။ ထို့အပြင် ထာဝရ နတ်ဘုရား၏ နှစ်ပေါင်းသောင်းချီ အကြီးမားဆုံးသော ကြိုးပမ်း အားထုတ်မှုများ ဖြစ်ပေသည်။

သံချပ်ကာတစ်ခုစီ၏ ခန္ဓာကိုယ်အလယ်တွင် အမျိုးမျိုးသော နက်နဲသော သင်္ကေတများ ကူးခတ်နေသော ဆေးလုံးတစ်ခု ရှိသည်။ ဆေးလုံးတစ်ခုစီသည် နက်နဲသော ကမ္ဘာ့အဆင့်ဖြစ်ပြီး ၎င်းတို့ကို ဖိနှိပ်ထားသော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်အလယ်တွင် ဆေးလုံးများကို အဓိကအာရုံစိုက်ထားသော အလွန်လှပသော ဖွဲ့စည်းမှုတစ်ခုရှိပြီး မှိန်ဖျော့နေကာ ခွဲခြားသိမြင်နိုင်စွမ်း မရှိသလောက်ဖြစ်သည်။

သံချပ်ကာများ၏ ရင်ဘတ် အလယ်တည့်တည့်တွင် လျှို့ဝှက် သင်္ကေတများ ကူးခပ်နေသည့် ဆေးလုံး တစ်လုံးချင်းစီ ရှိနေခဲ့သည်။ ထိုဆေးလုံးတစ်လုံးချင်းစီမှာ လျှို့ဝှက် မြေကြီး အဆင့်၌ ရှိကာ ဖိနှိပ် ခံထားရသည့်ဟန် ရသည်။ သို့သော်လည်း ဆေးလုံးများကို ဗဟိုပြုထားသည့် ဝင်္ကပါ တစ်ခု ရှိနေခဲ့ကာ ၎င်းကို ရှင်းရှင်းလင်းလင်း ပြောပြဖို့တော့ ခက်ခဲပေသည်။

“ရှင်း...”

ထာဝရ နတ်ဘုရားက ထူးဆန်းသည့် စကားလုံး တစ်ခုကို အော်ဟစ်ရင်း အမိန့်ပေးလိုက်၏။ ချက်ချင်းပင် သူရဲကောင်းများမှာ စတင်ကာ တုန့်ပြန် လာကြကာ လျှို့ဝှက် အော်ရာများကို ပေါင်းစည်း လိုက်ကြသည်။ လှပသော သင်္ကေတများမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကို အဆတစ်ထောင် တုန်လှုပ်စေနိုင်သည့် တည်ရှိမှုများ အဖြစ် စုစည်းသွားကြလေ၏။

၎င်းတို့၏ ပေါင်းစည်းမှုသည်ကား...။

***

All Chapters