← Chapters

ဒဏ္ဍာရီ တစ်ခု နိုးထလာခြင်း (၅)

Vol. 105 Ch. 1466

ဒဏ္ဍာရီ တစ်ခု နိုးထလာခြင်း (၅)

Vol. 105 Ch. 1466

အဆုံးမဲ့ ကောင်းကင် နယ်မြေ အတွင်း၌ ပုံရိပ် တစ်ခုမှာ ပလ္လင်ထက်၌ ထိုင်နေရင်း လောကတစ်ခုလုံးအား အကြည့်တစ်ချက်ဖြင့်ပင် စိုးမိုး ခြယ်လှည်နိုင်စွမ်း ရှိသော မျက်ဝန်းများနှင့် ခေါင်းကို မော့ကာ အဝေး တစ်နေရာကို လှမ်းကြည့်ရင်း လောကချည်နှောင်လှိုင်း ကြယ်ကွင်းပြင် အတွင်းရှိ အခြေအနေများကို လေ့လာ လိုက်လေသည်။

သူ၏ ကြယ်တာရာ မျက်ဝန်းများ အတွင်းတွင်တော့ မီးတောက် ကိုးခုမှာ အမျိုးမျိုးသော အရွယ်အစားများနှင့် လင်းလက် နေကြ၏။ အလယ်၌ တည်ရှိနေသော မီးတောက်မှု အခြား မီးတောက်များထက် အနည်းငယ် ပိုမို၍ ကြီးမားပေသည်။

“မင်း ဘာတွေ လုပ်နေတာလဲ... ထာဝရ နတ်ဘုရား...”

ထိုတည်ရှိမှုက ပလ္လင်ထက်မှ နေ၍ ဖြည်းညင်းစွာ ထရပ်လိုက်လေသည်။ သူက အသံက အနည်းငယ် စိတ်ထွေနေပုံ ရလေ၏။

...

ဒေါသဥဿုံ ကြယ်ကွင်းပြင် အတွင်းတွင်တော့ အစစ်အမှန် မွေးဖွားခြင်း၏ ခရမ်းရောင် ဝတ်စုံဝတ် ပုဂ္ဂိုလ်မှာ အရှေ့ရှိ ကြေးမုံထဲကို ငေးမော ကြည့်နေခဲ့သည်။

“ဒီခွေးမသားက အဲဒီ သတ္တဝါကို နိုးဖို့ ကြိုးပမ်းနေတာလား... ဘယ်လောက် ဦးနှောက်မရှိလိုက် သလဲ”

...

သက်တံ့လောက ကြယ်တာရာ နယ်မြေ အတွင်း၌ မပွင့်လန်းရသေးသော လူသားအရွယ် နှင်းဆီ တစ်ချို့ ရှိနေခဲ့ပေသည်။ ၎င်းတို့ တစ်ခုချင်းစီမှာ အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ မဲနယ်ရောင်နှင့် ခရမ်းရောင်... အရောင် ခုနစ်မျိုးထဲမှ တစ်မျိုးစီကို ပိုင်ဆိုင်ထားကြသည်။ နှစ်ဆီဖူး တစ်ခုချင်းစီမှာ ထူးခြားသည့် မွှေးရနံ့များကို ထုတ်လွှတ်နေကြကာ ကမ္ဘာလောကကို ဖော်ပြ၍မရနိုင်သော အလှတရားဖြင့် ပုံဖော်ထားခဲ့၏။

ထိုနှင်းဆီဖူးများ၏ မပွင့်လန်းနေသည့် အငုံ အတွင်းတွင်တော့ နေကြယ် တစ်ခုနှင့် ဆင်တူသည့် အလင်းတန်းများ ရှိနေခဲ့သည်။ သို့သော်လည်း... ၎င်းတို့မှာ မည်သည့် အပူ၊ ဆွဲငင်အား၊ အော်ရာတို့ကိုမှ ထုတ်ဖော်ြခင်း မပြုပါချေ။ ထို့အစား... မှိန်ဖျော့သည့် သက်ရှိ‌ အော်ရာ လက္ခဏာ တစ်ချို့ကိုသာ ထုတ်လွှတ်နေကာ ဝိညာဉ် ပါရှိသည့် သက်ရှိများ ဖြစ်ကြကြောင်း ဖော်ပြနေခဲ့၏။

သက်တံ့လောက မဟာမိတ် အဖွဲ့၏ ခေါင်းဆောင် ရှကျားမှာ တောက်ပသည့် အပြုံးတစ်ခုနှင့် နှင်းဆီပန်းများ အကြား ရွေ့လျားနေကာ ရင့်မာနေသည့် ဆူများကို ဖြတ်တောက် နေခဲ့သည်။ သို့သော်လည်း... သူမက ကြီးထွားဆဲ ဖြစ်သည့် ဆူးများကိုတော့ ချန်ထားခဲ့၏။

ရုတ်တရက်... ရှကျား၏ မျက်ဝန်းများက နူးညံ့သည့် သက်တံ့ရောင် အလင်းတစ်ခုဖြင့် တောက်ပလာခဲ့သည်။ သူမက ခေါင်းကို အနည်းငယ် မော့ကာ ကျယ်ပြန့်လှသည့် အမှောင် ဟင်းလင်းပြင်ကို လှမ်းကြည့်လိုက်၏။ သို့သော်လည်း... သူမ၏ မျက်ဝန်းများက ထာဝရ နတ်ဘုရား ရှိနေသည့် တည်နေရာအတိုင်း အတိအကျကိုပင် ဖြစ်လေသည်။ မိန်းကလေးက သူမ၏ မက်မွန်ရောင် နှုတ်ခမ်းများကို အနည်းငယ် စူလိုက်၏။

“ဘယ်လောက်တောင် မိုက်ရူးရဲ ဆန်လိုက်သလဲ...”

ချိပ်ပိတ်နယ်မြေ၏ အသက် အကြီးဆုံး ကောင်းချီးခံမှာ ညင်သာစွာ သက်ပြင်းတစ်ချက် ချလိုက်မိတော့သည်။ ထို့နောက် သူမက အဆုံးမဲ့ ကောင်းကင် နေကြယ်ရှိသည့် နေရာကို လှမ်းကာ ကြည့်လိုက်သည်။

“ကျွန်မတို့ ဒုက္ခရောက်တော့မှာလား... ရှင် သူ့ကို သတိမပေးဘူးလား...”

သူမက ခပ်တိုးတိုး ရေရွတ်ရင်း မေးလိုက်၏။ အဝေးမှ နေ၍ အသံလှိုင်း တစ်ခု ရိုက်ခတ်လာသည်။ ၎င်းမှာ လွှမ်းမိုးနိုင်စွမ်း ရှိသော်လည်း အလွန်အမင်း ထိတ်လန့် ချောက်ချားစရာတော့ မဟုတ်ပါချေ။ လျှို့ဝှက် ဆန်းကြယ်သော်လည်း လွယ်ကူစွာ နားလည်နိုင်ပေသည်။ သက်တောင့်သက်သာ ရှိသည့်တိုင် ကြောက်မက်ဖွယ် ကောင်းအောင် အေးစက်နေသည်။

“သူက အရည်အချင်း မမှီဘူး...”

ထိုတုန့်ပြန်မှုကြောင့် ရှကျား တစ်ယောက် မျက်လုံးများကို လှန်လိုက်သည်။ ၎င်းက အံ့ဩစရာ ကောင်းလောက်အောင်ပင် ချစ်စရာ ကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်လေ၏။ သူမက ထိုကိစ္စကို စိတ်ထဲ မထားတော့ချေ။

...

ဆယ့်နှစ်ပေ ပတ်လည် ခုတင်ကြီး ထက်တွင်တော့... ဝေ့ဝူယင်၏ လက်များ၊ ပါးစပ်၊ အမြင်အာရုံနှင့် ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးမှာ မအားလပ် နိုင်အောင်ပင် အပြည့်အ၀ အလုပ်ရှုပ်နေခဲ့သည်။ ထိုအခိုက်၌ သူက ထာဝရ နတ်ဘုရားကိုပင် အာရုံ မစိုက်နိုင်တော့ပဲ ယန်ချောင်ယွီ၊ ဝူကျင်းယန်တို့ နှစ်ယောက်နှင့် ပူးပေါင်း တိုက်ပွဲတစ်ခုကိုသာ အပြည့်အဝ ဆင်နွှဲ နေခဲ့သည်။

မိန်းကလေး နှစ်ယောက်မှာ တိုက်ပွဲတွင် တစ်ဖက်သတ် နီးပါး ရှုံးနိမ့် နေခဲ့သည့်တိုင်အောင် အရှုံးမပေးပဲ ကြမ်းတမ်း ခက်ထန်စွာဖြင့် အော်ဟစ်ရင်း ပြန်လည် တိုက်ခိုက်ဖို့ ကြိုးစား နေခဲ့ကြလေသည်။

...

လောကချည်နှောင်လှိုင်း ကြယ်ကွင်းပြင် အတွင်းတွင်တော့...

ဟူး... ဟူး...

သိန်းပေါင်းများစွာသော လျှို့ဝှက် သင်္ကေတများမှာ တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကြကာ မြေကြီးရှန့်ထို အဆင့်၏ ကန့်သတ်ချက်ကိုပင် ကျော်လွန်နေသည့် ထူးခြားသော အော်ရာ တစ်ခု အဖြစ် ပေါင်းစည်း သွားခဲ့ကြသည်။

စံနှုန်းများအရ... ကျင့်ကြံခြင်း အဆင့် တစ်ခုချင်းစီတွင် အမြင့်ဆုံးသော စွမ်းအား အမျိုးအစား ရှိသည် ဆိုပါက ဤရောင်ဝါမှာ မြေကြီးရှန့်ထို၏ ထိုကဲ့သို့သော အမျိုးအစားကိုပင် ကျော်လွန်နေခဲ့ပေသည်။ ၎င်းတို့ ပေါင်းစပ်ထားသော အင်အားမှာ လောကကြီးကိုပင် စတင်ကာ သက်ရောက်လာခဲ့လေ၏။

လောကကြီး တစ်ခုလုံးမှာ တိတ်ဆိတ်စွာပင် တုန်ဟီး နေခဲ့သည်။ သို့သော်လည်း... ၎င်းအား လူအနည်းငယ်မှ လွဲ၍ မည်သူမှ မသိမထားမိကြပါချေ။ အဘယ်ကြောင့်နည်း။ လောကကြီး တစ်ခုလုံးအား ကာကွယ်ကာ စနစ်တကျ ချိပ်ပိတ်ထားသောကြောင့် ဖြစ်သည်။ အဆင့်အတန်း အမြင့်ဆုံးသော လူများ ပင်လျှင် သမာရိုးကျ နည်းလမ်းများနှင့် ဆိုပါက ၎င်းကို သတိထားမိလိမ့်မည် မဟုတ်ပါချေ။

“ဖျက်ဆီးစမ်း...”

ထာဝရ နတ်ဘုရားက အမိန့်ပေးလိုက်၏။ သူ၏ စကားလုံးများက အကြွင်းမဲ့ အာဏာကို သယ်ဆောင်ထားသည်။ သူက ထိုမြေကြီးရှန့်ထိုများ၏ ပူးပေါင်း စွမ်းအားကို အသုံးပြုကာ သတ္တဝါကြီးကို ဖော်ထုတ်၍ သူ လက်ရှိ ရောက်ရှိနေသည့် အာကာသ ထောင်ချောက်ကို ဖျက်ဆီးဖို့ ရည်ရွယ်လိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း... ကံဆိုးစွာပင်၊ အလွန်အမင်း ကံဆိုးစွာပင်...

သူ၏ လုပ်ဆောင်ချက်များမှာ ဝိညာဉ်ဟု ခေါ်ခေါ်၊ မြွေကြီးဟု ခေါ်ခေါ်၊ အမျိုးမျိုး အဖုံဖုံ နာမည် တပ်ကြသည့် တည်ရှိမှုကြီး၏ နိုးထမှု အစကို ဖြစ်ပေါ် လာစေခဲ့လေသည်။ အဆုံးအစမဲ့ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ အပျက်အစီး အာကာသ အလွှာများကြား၌ ဖြည်းညင်းစွာပင် ပေါ်လာခဲ့ကာ ချိပ်ပိတ်နယ်မြေ၏ အမှန်တကယ် ဒိုင်မန်းရှင်း အလွှာများ အတွင်း ဝင်ရောက်လာခဲ့တော့သည်။

၎င်းကား... အာကာသ အလွှာ လှိုင်းများ အကြား ဖြည်းညင်းစွာ မြင့်တက်လာသည့် ငါးမန်းကြီး တစ်ကောင်လိုပင် ဖြစ်သည်။ ၎င်း၏ ပတ်သက်၍ ပထမဆုံး သတိထားမိမည့် အရာက အကြေးခွံများ ဖြစ်သည်။

မှန်၏။

အကြေးခွံများ...

အလွန် ထက်ရှကာ တောင်တန်းတမျှ ကြီးမားလှသည့် အကြေးခွံများ...

ထိုအကြေးခွံကြီးများမှာ မြွေရေခွံကဲ့သို့ တစ်ခုနှင့် တစ်ခု လှပစွာ ထပ်နေခဲ့ကာ သဘာဝ အတိုင်း ပေါင်းစည်းမှု ပြယုဂ် တစ်ခုကို ဖော်ညွှန်းနေသည်။

အကြေးခွံများ၏ နောက် ဒုတိယမြောက် အဖြစ် သတိထားမိလိုက်သည်ကတော့ ၎င်း၏ မီးခိုးဖျော့ရောင် မျက်လုံးများ ဖြစ်သည်။ ၎င်းက နဂါးတစ်ကောင်၏ မျက်ဝန်းများ ကဲ့သို့ ဒေါင်လိုက် ပုံစံအတိုင်း ရှိကာ မျက်စောင်းတစ်ချက် ထိုးရုံဖြင့်ပင် လောကအတွင်းရှိ မည်သည့် အရာကို မဆို ပြာချပစ်နိုင်ဟန် ရသည်။

"..."

ထာဝရ နတ်ဘုရား၏ မျက်လုံးများမှာ ပြူးကျယ်လာခဲ့၏။ ထာရ သူရဲကောင်းများ၏ အော်ရာများမှာလည်း မှေးမှိန် လျော့ကျသွားသယောင် ထင်ရသည်။ အမှောင် ဟင်းလင်းပြင် အတွင်းရှိ လျှို့ဝှက် သင်္ကေတများမှာလည်း အဆမတန် တိုးလာသည့် အာကာသ သိပ်သည်းဆများကြောင့် ဖိနှိပ်ခံနေရ၏။ ၎င်းတို့ တစ်ခုချင်းစီမှာ တန်ချိန်ပေါင်းများစွာ ရှိသည့် အလေးချိန်မျိုးကို ထမ်းပိုးနေသယောင် ရှိနေခဲ့သည်။ ထိုမြင်ကွင်းမှာ မည်သည့် လျှို့ဝှက် အာဏာရှင်၏ နှလုံးခုန်သံများကို မဆို ရပ်တန့်သွားအောင် လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။

ထာဝရ သူရဲကောင်း ရှစ်ဦးသည်လည်း ချွင်းချက် မဟုတ်ပါချေ။

"အဲဒါက တီကောင်ကြီးလား..."

ထာဝရ သူရဲကောင်း တစ်ဦးက မှိန်းမောစွာဖြင့် ရေရွတ်လိုက်၏။ အသံအရ သူမက မိန်းကလေး တစ်ဦး ဖြစ်ကြောင်း ထင်ရှား ပေါ်လွင်လာခဲ့သည်။

"မြွေတစ်ကောင်ရော မဖြစ်နိုင်ဘူးလား..."

နောက်တစ်ဦးကလည်း သူ့ ထင်မြင်ချက်ကို မှတ်ချက်ချလိုက်၏။ သည်တစ်ယောက်ကတော့ ယောက်ျား တစ်ယောက် ဖြစ်ပေသည်။

"မဟုတ်ဘူး... အဲဒါ နတ်ဆိုး..."

တတိယမြောက် ထာဝရ သူရဲကောင်းက အသက်ရှူရန်ပင် ခက်ခဲနေသည့် လေသံမျိုးဖြင့် အော်ဟစ်လိုက်၏။ သူက လက်ထဲရှိ ဓားပုဆိန်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။

မကြုံစဖူး ကြောက်ရွံ့ ထိတ်လန့်သည့် ခံစားချက်မှာ ထာဝရ သူရဲကောင်းတိုင်း၏ နှလုံးသားများ၊ စိတ်များ နှင့် ဝိညာဉ်များအတွင်း၌ တဖွားဖွား ပေါ်ပေါက်လာနေခဲ့ကာ သံချပ်ကာ အောက်ရှိ သူတို့၏ ခန္ဓာကိုယ်များကလည်း ချွေးများဖြင့် တဒီးဒီး စိုရွှဲ နေခဲ့လေသည်။

ထာဝရ နတ်ဘုရားသည်ပင် ချွင်းချက် မဟုတ်ချေ။ သူ၏ နှလုံးသားမှာ စစ်ဗုံပေါင်း တစ်ထောင် ပြိုင်တူ တီးခတ် သကဲ့သို့ ပြင်းထန်မှုမျိုးဖြင့် ခုန်နေခဲ့၏။

သို့သော်လည်း... လူအိုကြီးမှာ လူကိုးဦးထဲတွင် သက်တမ်း အရင့်ဆုံး၊ အတွေ့အကြုံ အရှိဆုံး ဖြစ်လေရာ... သူ၏ ဦးနှောက်က အလျှင်မြန်ဆုံးသော နှုန်းထားဖြင့် အလုပ်လုပ်ကာ မှတ်သားဖူးသည့် ဗဟုသုတ အသိပညာများနှင့် ထိုသတ္တဝါကြီး၏ အသွင်အပြင်ကို ဆက်စပ်ပေးခဲ့လေ၏။

"ဟင်းလင်းပြင် နဂါးလား..."

၎င်းထံတွင် မြွေကဲ့သို့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ အတောင်ပံ မပါသလို ခြေထောက်လည်း မရှိချေ။ ဓားသွားကဲ့သို့ ချွန်ထက်သည့် အစွယ်များမှာ ပါးစပ် အပြင်ကိုပင် ထွက်ပေါ်နေခဲ့၏။ ၎င်း၏ ရှည်မြောမြော ခန္ဓာကိုယ်ကြီးမှာ ကီလိုမီတာပေါင်း ၁၈၀,၀၀၀ ကျော် ရှည်လျားကာ အမြင့်မှာလည်း အနည်းဆုံး ကီလိုမီတာ တစ်ထောင်လောက် အထိကို ရှိသည်။

၎င်း စတင် ရွေ့လျား လိုက်သည်နှင့် လောကရှန့်ထိုများပင်လျှင် မတုန့်ပြန်နိုင်သည့် အမြန်နှုန်း တစ်ခုကို ရောက်ရှိသွားခဲ့၏။ မြေကြီး ရှန့်ထိုများ အားလုံး ၎င်း၏ ကြီးမား ကျယ်ပြန့်လှသော မေးရိုးများထဲတွင် နစ်မြုပ် သွားခဲ့သည်။ သတ္တဝါကြီး၏ ခန္ဓာကိုယ်ကို တဒင်္ဂမျှ မြင်လိုက်ရခြင်းကပင်လျှင် သူတို့ အတွက် အကြီးမားဆုံးသော ကံကောင်းမှု ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အကူအညီ ကင်းမဲ့စွာပင် သူတို့ အားလုံး၏ ကမ္ဘာများမှာ မှောင်မည်း သွားကြ၏ လျှို့ဝှက် သင်္ကေတများမှာလည်း ဖုန်မှုန့်များ အဖြစ် ပြောင်းလဲ ပျောက်ကွယ် သွားခဲ့သည်။ သူတို့ အတူတကွ ပေါင်းစပ်ထားသည့် အော်ရာမှာလည်း မုန်တိုင်း၏ လမ်းကြောင်းမှ ဆီမီးတောက်ငယ်လေး တစ်ခု ကဲ့သို့ ငြိမ်းသေ သွားခဲ့ရပြီ ဖြစ်သည်။

ဝါးမြိုခံလိုက်ရခြင်း...

လောကကြီးမှာ ချက်ချင်းပင် ပျော်ရွှင်သွားခဲ့ဟန် ရ၏။ ၎င်းမှာ အော်ဟစ်ခြင်း၊ တုန်ခါ မြည်ဟီးခြင်းတို့ မရှိတော့ချေ။

သို့သော်လည်း သတ္တဝါကြီးကတော့ ပျောက်ကွယ်မသွားခဲ့ပါ။ ၎င်း၏ မီးခိုးရောင် မျက်ဝန်းများနှင့် ဒေါင်လိုက် မဟူရာ သူငယ်အိမ်များမှာ ပတ်ပတ်လည်ကို လှည့်ပတ်ရင်း ဖီဆန် ပေါက်စပေါ်သို့ ကျရောက် သွားခဲ့၏။

ဘုန်း... ဘုန်း...

ချက်ချင်းပင် ၎င်း၏ ဧရာမ ကိုယ်ခန္ဓာကြီးမှာ အာကာသ အလွှာများ အကြား ရေထု တစ်ခုကို ခွဲဖျက် သကဲ့သို့ တွန့်လိမ် တိုးဝှေ့ ရွေ့လျားလာသည်။ အကျိုးဆက် အနေဖြင့် ပုံသေ အာကာသ၏ ဒိုင်မန်းရှင်းများကိုပင် အနှောင့်အယှက်ပေးနိုင်သည့် အဆုံးမဲ့ လှိုင်းများ ဖြစ်ပေါ်လာခဲ့၏။

ဤတစ်ကြိမ် အမြန်နှုန်းက အံ့မခန်း နှေးကွေးလှသော်လည်း ၎င်း၏ ချဉ်းကပ်လာမှုကို လူတိုင်းနီးပါး မြင်တွေ့နိုင်ခဲ့ပေသည်။ ရှေးခေတ်ကာလများတုန်းကလိုပင် ဂြိုဟ်များနှင့် ကုန်းမြေတိုက်ကြီးများမှ လူများမှာ ကောင်းကင်နှင့် ကြယ်များ အကြား ကူးခတ်နေသည့် ပုံရိပ် တစ်ခုကို တွေ့မြင် လိုက်ရလေသည်။

ဝိညာဉ်...

နတ်ဆိုး...

ဟင်းလင်းပြင် နဂါး...

မည်သို့ပင် ခေါ်ခေါ် ယနေ့၌ ဒဏ္ဍာရီတစ်ခု နိုးထလာခဲ့ပြီ ဖြစ်လေသည်။

***

All Chapters