← Chapters

အင်ပါယာ တစ်ပါး၏ တာဝန်

Vol. 105 Ch. 1469

အင်ပါယာ တစ်ပါး၏ တာဝန်

Vol. 105 Ch. 1469

အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ ဖီဆန် အာရုဏ်ဦးနှင့် လောက အာရုဏ်ဦး နှစ်ခုစလုံးမှာ သတ္တဝါကြီး၏ ချဉ်းကပ်လာမှုကို စတင်ကာ မြင်တွေ့ လာနေခဲ့ကြရသည်။ ၎င်းမှာ အာကာသနှင့် အလွန် သဟဇာတ ဖြစ်သော သတ္တဝါကြီး ဖြစ်လေရာ... ရွေ့လျား သွားသည်နှင့် အမျှ ပုံရိပ်များမှာ နယ်မြေများ အပေါ်ကိုပင် သက်ရောက် လာခဲ့၏။

အဆိုပါ မြင်ကွင်းအား မြင်တွေ့လိုက်ရသည့် မည်သူ မဆို စိုးရိမ် ပူပန်စိတ်များ၊ အဆုံးမဲ့ မေးခွန်းများကို ခံစားလိုက်ကြရလေသည်။

ဝှစ်... ဝှစ်...

အာရုဏ်ဦး ကြယ်တာရာနယ်မြေမှ ကျင့်ကြံသူများမှာ ဟင်းလင်းပြင် နဂါးကြီး ချဉ်းကပ်လာသည်ကို သတိပြုမိကြသည်နှင့် သူတို့မှာ ကိုယ်ပိုင် နေအိမ်များ၊ နယ်မြေများမှ ထွက်ခွာလာကြကာ အမှောင် ဟင်းလင်းပြင် အတွင်း သတ်မှတ်နေရာများတွင် စတင် စုဝေး လာကြ၏။ ထိုအထဲ၌ ကြယ်တာရာ အမြုတေ အဆင့်ကိုး ကြယ်တာရာ သခင်များမှ အစ... လျှို့ဝှက် အာဏာရှင် အဆင့်လေး မြေကြီး ရှန့်ထို အဆင့် အထိ ကျင့်ကြံသူ ပေါင်းစုံ ပါဝင်နေပေသည်။

...

"မဟာ သူရဲကောင်းဝူ..."

ပုပ်ရဟန်း မင်းကြီး ဟုန်ယန်မှာ ဝူယု ရှိနေသည့် နေရာကို ပျံသန်းလာရင်း အော်ခေါ်လိုက်၏။ အာရုဏ်ဦး အဂ္ဂိရတ် သူရဲကောင်းမှာ အာရုဏ်ဦး ကြယ်တာရာနယ်မြေ၏ အစွန်အဖျား တစ်နေရာရှိ လထက်ပင် တည်ရှိနေခြင်း ဖြစ်သည်။ ဝူယုသည်လည်း လက်ရှိတွင် ချဉ်းကပ်လာသော နဂါးကြီးကို စောင့်ကြည့်နေခဲ့ကာ သူ၏ မျက်နှာ အမူအရာက တည်ငြိမ်နေခဲ့သည်။

ဝူယုထံသို့ ပျံသန်း ရောက်ရှိလာကြသူများမှာ ကြယ်တာရာ နယ်မြေ၏ ထိပ်သီး ကျင့်ကြံသူများ ဖြစ်ကြပြီး ထိုအထဲ၌ ပုပ်ရဟန်းမင်းကြီး ဟုန်ယန်ရှင်းရှီ၊ မဟာ ပင်လယ်ပြာ ဧကရီ ဟိုင်ရွှေလင်းနှင့် သွေးနတ်ဆိုး ဘုရင် ယဲ့မုဖန်တို့ ပါဝင်နေပေသည်။ အတိတ်တုန်းကနှင့် နှိုင်းယှဉ်ပါက ထိုပုဂ္ဂိုလ် တစ်ဦးစီ၏ ကိုယ်ရောင် ကိုယ်ဝါများမှာ တိုးတက်မှုများ ရှိလာကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ သူတို့မှာ ဝေ့ဝူယင်၏ လက်အောက်ခံ ဘဝသို့ စောစီးစွာ ဝင်ဖို့ ဆုံးဖြတ်ခဲ့ကြကာ ယခုတွင်တော့ သိသာထင်ရှားသည့် အကျိုးကျေးဇူးများကို ခံစားနေခဲ့ကြရပြီ ဖြစ်သည်။

လဂြိုဟ်၏ တောင်တန်းများထက်၌ ဖုန်းချင်းချူလည်း ရှိနေခဲ့ကာ သူမက ဝူယုနှင့် ပခုံးချင်းယှဉ်ကာ ရပ်နေခဲ့၏။ ယခုအခါ၌ အာရုဏ်ဦး အဂ္ဂိရတ် သူရဲကောင်းနှင့် သန့်စင်သောလေ (ချင်းဖုန်း) တို့ အကြားမှ ဆက်ဆံရေးမှာ ပြန်လှည့်၍ မရနိုင်သည့် အခြေအနေ တစ်ခု အထိ ခိုင်မာလာခဲ့ကာ ပွင့်ပွင့်လင်းလင်း အခြေအနေ တစ်ရပ်ကို ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင်၏ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ အဆုံးသတ်တွင် များလှစွာသော လျှို့ဝှက် အာဏာရှင် အဆင့်များမှာ သူတို့၏ နေအိမ်များ၊ နယ်မြေများမှ ထွက်ခွာကာ အာရုဏ်ဦး ကြယ်တာရာနယ်မြေတွင် သူတို့၏ ဘဝများကို ပြန်လည် ထူထောင်ခဲ့ကြသည်။ ယနေ့ အချိန်အထိ သူတို့ထဲမှ အများစုမှာ ပိုင်ဆိုင်မှုများ၊ အဖွဲ့အစည်းများနှင့် မျိုးနွယ်များကို ခေါ်ဆောင်လာနေဆဲ ဖြစ်သည်။ ထို့ကြောင့်ပင် အာရုဏ်ဦး ကြယ်တာရာနယ်မြေ၏ ထိပ်တန်း ကျင့်ကြံသူများ ကြားတွင် ရင်းနှီးမှု မရှိသည့် မျက်နှာသစ် အနည်းငယ် ရှိနေခဲ့သည်။ ဝူယုထံသို့ ရောက်ရှိလာသည့် အုပ်စုထဲတွင် မြေကြီးရှန့်ထို ဆယ့်သုံးဦး အထိ ပါဝင်နေပေသည်။

များမကြာခင်မှာပင် လျှို့ဝှက် အာဏာရှင်များနှင့် ကြယ်တာရာ သခင် ထောင်ပေါင်းများစွာမှာ ဝူယု တည်ရှိနေသည့် လအနား သို့မဟုတ် လပေါ်သို့ စုစည်း လာနေခဲ့ကြပြီ ဖြစ်သည်။ သူတို့ထဲမှ အချို့မှာ အဝေးတွင် ပျံဝဲ၍ အခြေအနေကို စောင့်ကြည့်နေကြကာ အချို့မှာလည်း ထိပ်တန်း ကျင့်ကြံသူများ၏ နံဘေးတွင် လာရပ်၍ ဆွေးနွေးမည့် အကြောင်းအရာများကို နားစွင့် နေကြ၏။

"အဲ့ဒါက မြွေကြီးလား..."

ဟုန်ယန်ရှင်းရှီက တည်ငြိမ်စွာဖြင့် မေးမြန်းလိုက်၏။ ကြယ်တာရာ နယ်မြေ ဆယ့်ရှစ်ခုထဲတွင် စာအဖတ်ဆုံး ကျင့်ကြံသူများထဲမှ တစ်ဦး အနေဖြင့် သူ ထိုသတ္တဝါကြီး၏ တည်ရှိမှုကို သိရှိထားခဲ့ပြီး ဖြစ်သည်။ ၎င်းမှာ ဤခေတ်ကာလတွင် ယုံကြည်သူ အနည်းငယ်သာ ရှိတော့သည့် ဒဏ္ဍာရီလာ နတ်ဘုရား တစ်ပါး ဖြစ်ပေသည်။

"မြွေကြီးလား... ဟုတ်လား..."

ဟိုင်ရွှေလင်း တစ်ယောက် အံ့ဩသွားခဲ့၏။ သူမ နည်းတူပင် အမှောင် ကြယ်တာရာခေတ်၏ အာဏာရှင်ဆန်မှုနှင့် ရှုပ်ထွေးမှုတို့ကို မကြုံတွေ့ခဲ့ရသည့် လူငယ်မျိုးဆက်များစွာမှာလည်း အလားတူပင် အံ့ဩ ထိတ်လန့် သွားခဲ့ကြသည်။

"ဒဏ္ဍာရီတစ်ခု..."

ယဲ့မုဖန်က အလွန်တရာ ခြောက်ကပ်ကာ မသက်မသာဖြစ်နေသည့် လေသံမျိုးဖြင့် ပြောဆိုလိုက်၏။ သို့သော် သူ၏ စကားလုံး တစ်ခုချင်းစီတိုင်းက ထိုနေရာ၌ ရှိနေသူ အများစု၏ အာရုံများကို ဖမ်းစားသွားခဲ့သည်။ အထူးသဖြင့် မြေကြီးရှန့်ထိုများ၏ စကားဝိုင်းကို နားထောင်ရန် အနားသို့ ရောက်ရှိနေခဲ့သည့် သေမျိုးတစ်ပိုင်း အရှင်များပင်။

"အဲဒါက အန္တရာယ်ရှိလား"

ဟိုင်ရွှေလင်းက မေးလိုက်၏။

"အန္တရာယ် ရှိ၊ မရှိ မပြောတတ်ပေမဲ့ အဲဒီ ကောင်ကြီးက ထာဝရ နတ်ဘုရားကို မျိုချလိုက်ပြီ..."

ဖုန်းချင်းချူက ညင်သာစွာ ပြောလိုက်၏။

"ဘယ်လို..."

“ဘာကြီး...”

သူမ၏ အဖြေစကားက လူအုပ်စု တစ်ခုလုံးကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။

ဖုန်းချင်းချူမှာ ဤနေရာတွင် အစကတည်းက ရှိနေခဲ့ခြင်း ဖြစ်ကာ ထာဝရ နတ်ဘုရား ချဉ်းကပ်လာသည့် အချိန်ကတည်းက ဝူယုနှင့် အတူ စောင့်ကြည့် နေခဲ့ခြင်း ဖြစ်သည်။

သူတို့ တွေ့ခဲ့ရသလောက် ထိုငမိုက်သားမှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေကို ဦးတည်၍ ချီတက်လာခြင်း ဖြစ်သော်လည်း လောကချည်နှောင်လှိုင်း ကြယ်ကွင်းပြင် အတွင်း ဖြတ်သန်းစဉ် ထိုနေရာ၌ ရှိနေသည့် ဟင်းလင်းပြင် နဂါးကြီးကို အနှောက်အယှက် ပေခဲ့မိဟန် ရသည်။ သူက စစ်ကူများစွာကို ဆင့်ခေါ်ခဲ့သော်လည်း မကြာမီ အားလုံး မြိုချခံခဲ့ရသည်။ ထိုအရာ အားလုံးမှာ မျက်တောင် တစ်ခပ်စာမျှ ကာလ အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်လေရာ သူမ၏ နှလုံးသားက ပြင်းထန်စွာ တုန်ယင်နေဆဲဖြစ်သည်။

ဝူယု၏ တည်ငြိမ်မှုနှင့် သူ ယူဆောင်ပေးလာသည့် လုံခြုံသော ခံစားချက်တို့ မရှိခဲ့ပါက သူမ ရိုးသားစွာပင် အမှောင် ဟင်းလင်းပြင် အတွင်း ထွက်ပြေးမိပေလိမ့်မည်။ ထိုသတ္တဝါကြီးက အလွန်အမင်း အန္တရာယ်ရှိကြောင်း သူမ၏ စိတ်ထဲ၌ ပြင်းထန်စွာပင် ခံစားနေရသည်။

"မြို... မြိုချတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ..."

မြင့်မြတ်သောနေ ကြယ်တာရာ နယ်မြေမှ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ဦးက အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးမြန်းလိုက်၏။ အခြားလူအားလုံးမှာလည်း ထိုအဖြေကို မျှော်လင့်တကြီး စောင့်စား နေကြသည်။ ကြောက်ရွံ့ခြင်း မျိုးစေ့တစ်ခုမှာ သူတို့တို့၏ နှလုံးသားများထဲတွင် စတင်ကာ သန္ဓေတည် လာကြ၏။

ဖုန်းချင်းချူက ပြန်မဖြေဘဲ လက်သီးများကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။ သူမမှာ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိသည့် မြေကြီးရှန့်ထို တစ်ဦး ဖြစ်သော်လည်း ထာဝရ နတ်ဘုရား ထုတ်ဖော်ခဲ့သည့် စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းအောင် မြင့်မားလှပေသည်။ သို့တိုင်အောင် သူသည်လည်း မတွန်းလှန်၊ မတုန့်ပြန်နိုင်ခဲ့ပဲ သတ္တဝါကြီး၏ မြိုချမှုကို ခံခဲ့ရသည်။

ထိုအရာက ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

"ငါတို့ တိုက်ပွဲအတွက် ပြင်ရတော့မှာလား"

ဟုန်ယန် ရှင်းရှီက တဖြည်းဖြည်း ချဉ်းကပ်လာနေသည့် ဟင်းလင်းပြင် နဂါး သဏ္ဍာန် သက်ရှိကြီးကို ကြည့်ရင်း မေးလိုက်၏။ ထိုသတ္တဝါကြီး၏ ရွေ့လျားမှုများက နှေးကွေးလှသော်လည်း ဤနေရာသို့ ဦးတည် လာနေသည်မှာ သံသယ ရှိစရာ မလိုပါချေ။ ထိုနေရာ၌ ရှိနေသမျှ လူအားလုံးထဲတွင် ဝူယု တစ်ယောက်တည်းသာ တည်ငြိမ်စွာ ရှိနေခဲ့ပေသည်။

“...”

ဟုန်ယန်ရှင်းရှီ၏ မေးခွန်းနှင့် အတူ လူတိုင်းမှာ အာရုဏ်ဦး အဂ္ဂိရတ် သူရဲကောင်း ဝူယုကို ကြည့်လိုက်ကြရင်း သူ့ထံမှ ခေါင်းဆောင်မှုနှင့် အမိန့်တို့ကို မျှော်လင့် လိုက်ကြ၏။ သူတို့ အားလုံး ထိုသတ္တဝါကြီးကို ကြောက်ကြသော်လည်း အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်း၌ မှီခိုအားထားစရာ အများအပြား ရှိနေသည်ဟု ထင်မြင် ယူဆ နေဆဲ ဖြစ်သည်။ သူတို့၏ ခေါင်းဆောင် အာဏာရှင် အင်ပါယာဝေ့၏ လက်အောက်တွင် မြေကြီး ရှန့်ထို ရှစ်ဆယ်ကျော် ရှိသည့် အပြင် ထိုသတ္တဝါကြီးအား ကာကွယ်ရန် နေကြယ် အခြေစိုက် စခန်း တစ်ခုလည်း ရှိပေသည်။

"စိတ်မပူပါနဲ့... ကျုပ်က ခင်ဗျားတို့တွေရဲ့ သစ္စာစောင့်သိမှုနဲ့ အိမ်သစ်အတွက် ပေးဆပ်လိုစိတ် ရှိ၊ မရှိကို အချည်းနှီး စမ်းသပ်မယ့်သူ မဟုတ်ပါဘူး"

ရုတ်တရက် အသံ တစ်ခုမှာ အမှောင် ဟင်းလင်းပြင် တစ်လျှောက် လှိုင်းထသွားကာ ပျံ့လွင့် လာခဲ့၏။ ကျင့်ကြံသူပေါင်းများစွာမှာ အံ့ဩသွားခဲ့ကြသော်လည်း ဝူယုကတော့ တည်ငြိမ်စွာပင် ပြုံးလိုက်သည်။

ဖောက်...

နူးညံ့သည့် အသံတစ်ခု ထွက်ပေါ်လာကာ ဝူယု၏ ရှေ့တွင် ဟင်းလင်းပြင် ပေါ်တယ်တစ်ခု ပေါ်ထွက်လာခဲ့၏။ ထိ့နောက် လူတိုင်း၏ အကြည့်များအောက်တွင်ပင် ဝေ့ဝူယင်မှာ လမ်းလျှောက်ကာ ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းပင် လူငယ်မှာ လူတိုင်း၏ အာရုံ စူးစိုက်မှု အလယ်ဗဟိုသို့ ကျရောက် သွားခဲ့၏။

လျှို့ဝှက်အာဏာရှင် အဆင့်ပေါင်းများစွာ၏ နှလုံးသားများက စတင်ကာ တဒိတ်ဒိတ် ခုန်လာခဲ့သည်။ ထိုလူငယ်မှာ အာရုဏ်ဦး အာဏာရှင် အင်ပါယာ ဖြစ်သည်။ လောက အဂ္ဂိရတ် ရှန့်ထို တစ်ပါး ဖြစ်သည်။ အသက်တစ်ရာ မပြည့်သေးသည့် ကြယ်တာရာ သခင် တစ်ဦးလည်း ဖြစ်ပေသည်။

ဖုန်းချင်းချူးမှာ ဝေ့ဝူယင်ကို ကြည့်ရင်း စိတ်များကို ထိန်းချုပ်ရန် ခက်ခဲလာခဲ့၏။ ဒူးထောက်လိုသည့် ဆန္ဒက သူမ၏ နှလုံးသားကို ပြင်းထန်စွာ စိုးမိုးနေသည်။ သူမ ဝေ့ဝူယင်ကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာက တစ်ခါ တွေ့ဆုံခဲ့ဖူးသည်။ ထိုစဉ်က လူငယ်မှာ သာမန် သေမျိုး တစ်ယောက်မျှသာ ဖြစ်သော်လည်း ဆယ်စုနှစ် အနည်းငယ် ကြာမြင့်ပြီး နောက်တွင်တော့ သူ၏ တည်ရှိမှု တစ်ခုလုံးက အဆပေါင်း တစ်ထောင် ပြောင်းလဲ သွားသလို သူမ ခံစားနေရသည်။

ဘုန်း...

ဖုန်းချင်းချူ၏ အကြံထက် ဦးသွားခဲ့သည်ကတော့ ယဲ့မုဖန် ဖြစ်သည်။ သူက ဒူးတစ်ဖက် ထောက်ကာ ဝေ့ဝူယင်ကို ဦးတစ်ချက် ညွှတ်လိုက်၏။

"အင်ပါယာဝေ့"

ဘုန်း... ဘုန်း...

မကြာခင်မှာပင် ဟိုင်ရွှေလင်းနှင့် ဟုန်ယန်ရှင်းရှီတို့မှာလည်း လိုက်လံ လုပ်ဆောင် လိုက်ကြသည်။

“အင်ပါယာဝေ့...”

ဘုန်း... ဘုန်း...

ဒိုမီနိုများ ပြိုလဲသွားသလို ဆက်တိုက်ပင် လဂြိုဟ်ထက်နှင့် အမှောင် ဟင်းလင်းပြင် အတွင်း ရှိရှိသမျှ ထောင်ပေါင်းများစွာသော လျှို့ဝှက် အာဏာရှင် အဆင့်များမှာ ဒူးထောက် ချလိုက်ကြကာ အာဏာရှင် အင်ပါယာ အတွက် သူတို့၏ လေးစားမှုများကို ပြသလိုက်ကြ၏။

ဝူယုနှင့် ဖုန်းချင်းချူတို့သည်လည်း အလားတူပင် ဒူးထောက်လိုက်ကြသည်။ ဝူယု၏ မျက်နှာထက်၌ ကျေနပ် အားရသည့် အပြုံးတစ်ခုမှာ စွန်းထင် နေခဲ့၏။ ဤသည်က သူ၏ အဂ္ဂိရတ် သခင် ဖြစ်သည်။ ဝေ့ဝူယင် နောက်သို့ လိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ သူ့ဘဝ တစ်လျှောက် အကောင်းဆုံးသော ဆုံးဖြတ်ချက် တစ်ခု ဖြစ်ခဲ့ပေသည်။

"..."

ဝေ့ဝူယင်မှာ ဒူးထောက်နေသည့် လူအုပ်ကြီးကို ကြည့်ရင်း ဖော်ပြ၍ မရနိုင်သည့် ခံစားချက်လှိုင်းများကို ခံစားလိုက်ရသည်။ သူ့နှလုံးသား အတွင်း၌ အင်ပါယာ ဥပဒေသက ပျော်ရွှင်စွာ အော်ဟစ် ဟိန်းဟောက် နေခဲ့၏။ ထိုအခိုက်၌ ဖီဆန် အာရုဏ်ဦးနှင့် လောက အာရုဏ်ဦး အလွှာ နှစ်ခုတွင် နေထိုင်ကြသည့် သက်ရှိပေါင်း များစွာတို့၏ စိုးရိမ် ပူပန်မှုများနှင့် မျှော်လင့် ဆုတောင်းသံများကို သူ ခံစားနိုင်ပေသည်။

အင်ပါယာ တစ်ပါး အနေဖြင့် ပြည်သူပြည်သားများအား ကာကွယ်ရန်က သူ့ပုခုံးထက်၌ ကျရောက် လာနေခဲ့ပြီ ဖြစ်လေသည်။

***

All Chapters