← Chapters

အခန်း (၉၅)

Vol. 9 Ch. 95

အခန်း (၉၅)

Vol. 9 Ch. 95

လင်းဟုန်ဝူကို ရုတ်တစ်ရက် ရိုက်ခဲ့ပြီး သူမတုန့်ပြန်နိုင်ခင်မှာ၊ ဝမ်ဟုန်ဟွားက သူ့ဗိုက်ပေါ်ကို တက်ခုန်ကာ သူ့ကို သရဲလိုအော်စေတဲ့ လက်သီးနဲ့ ထိုးခဲ့သည်။

" အမေနဲ့ အဖေ၊ သားကို ကယ်ပါဦး၊ ကျွန်တော့်မိန်းမက ရူးနေပြီ! "

ဒါကို ဝမ်ဟုန်ဟွားကြားတဲ့အခါ၊ ဘယ်လိုလှုပ်ရှားမလဲ သူမ မသိခဲ့တော့ပေ။ သူမက ပိုလို့တောင် ရူးသွပ်လာခဲ့ပါသည်။ သူမရဲ့လက်ချောင်းတွေကို မြှောက်လိုက်ပြီး စကားနည်းနည်းပြောခဲ့သည်။

" ကျွန်မ ရှင့်ကို ဘယ်တော့မှ မမေ့ဘူး။ အိမ်ထောင်ကျပြီးကတည်းက၊ ကျွန်မဘဝမှာ ခက်ခဲမှုတွေအားလုံးကို ခံစားခဲ့ရတယ်။ တစ်ကမ္ဘာလုံးက ယောင်္ကျားတွေက အားလုံး နှလုံးသားမရှိတဲ့လူတွေပဲ! "

တောင်ပေါ်ရွာရဲ့ ညပိုင်းက အတော်လေး တိတ်ဆိတ်လှသည်။ ရွာသားတွေက အိပ်ယာစောစောဝင်ခဲ့ကြသည်။ လယ်ကွင်းတွေထဲက ဖားတွေနဲ့ ပိုးကောင်လေးတွေရဲ့ အသံပဲ ကြားနေရသည်။ ဝမ်ဟုန်ဟွား သီချင်းဆိုနေတဲ့အသံက ညသန်းခေါင်ကြီးမှာ အတော်‌ခြောက်ခြားစရာကောင်းနေသည်။

လင်းမိသားစုရဲ့ ဧည့်ခန်းထဲမှာ၊ လင်းတာ့ကော်နဲ့ လီအိုက်ဖုန်းတို့က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့ကြပြီး ခြံထဲက အော်ပရာဆိုနေသံကြောင့် ရုတ်တစ်ရက် လန့်နိုးလာခဲ့ကြသည်။

လင်းတာ့ကော်က ဒေါသအလွန်ထွက်နေခဲ့သည်။

" အဲ့ဒီ ခွေးမသားက ညကြီးမိုးချုပ်အထိနေပြီး ငါ့ကို ညှင်းဆဲနေတာ"

" အပြင်မှာ သီချင်းဆိုနေတာ ဘယ်သူလဲ? "

" မသိဘူး၊ ညကြီးမှာ နာရေးများရှိနေသလား! "

" ဘာလို့ အိမ်မှာ စန်းမုန့်ရှန်းအသံကြီးကို ကြားနေရတာလဲ? "

" စမ်းမုန့်ရှန်း? ဟုန်ဟွား လား? "

လီအိုက်ဖုန်းက ပြတင်းပေါက်ကနေ ထွက်ကြည့်လိုက်ပြီး ခနလောက် နားထောင်နေခဲ့သည်။ သေချာနားထောင်ပြီးတဲ့နောက်မှာ၊ သူမက အံကြိတ်လိုက်ပြီး အော်ဟစ်ခဲ့သည်။ " အဲ့ဒီ ကောင်မစုတ်ပဲ! ညသန်းခေါင်အထိ သူ မအိပ်ရင်၊ ကမ္ဘာကြီးကို ပြောင်းပြန်လှန်ပစ်မယ်! "

လီအိုက်ဖုန်းက မကောင်းဆိုးဝါးယောက္ခမအသွင်ယူပြီး သူမရဲ့ အင်္ကျီလက်တွေကို ခေါက်တင်ကာ ခြံထဲကို ထွက်လာခဲ့သည်။ ဝမ်ဟုန်ဟွားကို လက်ညှိုးထိုးပြီး ဆူဆဲတော့မည့်ဆဲဆဲမှာ၊ အပြင်ဘက်က မြင်ကွင်းကို မြင်လိုက်ရတဲ့အခါ၊ သူမရဲ့လက်တွေ တုန်ရီလာခဲ့သည်။

လင်းတာ့ကော်ကလဲ ဒေါသတကြီးနဲ့ လိုက်လာခဲ့သည်။ သူအပြင်ထွက်လိုက်တာနဲ့၊ ဝမ်ဟုန်ဟွား က ညအမှောင်ကြီးကို ခြံထဲမှာ အိမ်က သစ်ကိုင်းခြောက်တွေချိုးဖို့အသုံးပြုတဲ့ ဓါးကိုကိုင်ထားပြီး သီချင်းညည်းရင်း ဓာတ်မီးတစ်လက်ကို ကိုင်ထားခဲ့သည်။ သူမက ဓါးကို ဓါးသွေးကျောက်ပေါ်မှာ သွေးနေခဲ့ပြီး လင်းဟုန်ဝူက ကြောက်စိတ်နဲ့ တုန်ရီနေခဲ့ကာ သူ့ရဲ့ဘောင်းဘီတွေ စိုရွှဲနေခဲ့ပြီဖြစ်သည်။

ဝမ်ဟုန်ဟွားက တံခါးက ဆူညံသံတွေကို ကြားလိုက်ရပြီး သူမရဲ့‌ခေါင်းကို လီအိုက်ဖုန်းရဲ့ မာနကြီးတဲ့မျက်နှာဘက်ကို မော့ကြည့်ခဲ့သည်။

သူမက ချက်ချင်း ထင်းခုတ်ဓါးကိုကိုင်ပြီး ဒေါသ‌ထွက်နေတဲ့မျက်နှာနဲ့ ပြေးလာခဲ့သည်။ သူမက လီအိုက်ဖုန်း ကို မြေပေါ်ကို လဲကျသွားအောင် ခုန်ပြီးကန်ခဲ့သည်။ လင်းတာ့ကော်က သူ့မိန်းမက ရှေ့မှာ ရပ်နေခဲ့ပြီး အရှိန်ကြောင့် မြေပေါ်ကို လိမ့်ကျသွားခဲ့သည်။ မြေကြီးပေါ်မှာ ဘူးသီးလို လိမ့်သွားခဲ့သည်။

ဝမ်ဟုန်ဟွားက ထင်းခုတ်ဓါးကို ကိုင်ထားခဲ့ပြီး ရွာထဲက မကောင်းဆိုးဝါး မိန်းမကြီးလို ခုန်ပေါက်နေခဲ့သည်။

" နင်က ကြက်ဥမဥတဲ့ ကြက်မပဲ! ဘာလို့ ငါတို့ ဝမ်မိသားစုမှာ သား‌တစ်ယောက်တောင် မရှိရတာလဲ? "

" တံခါးပေါက်မှာ လာရပ်ပြီး လူကြီးရှေ့မှာ အင်္ကျီလက်ကို ခေါက်တင်ထားရဲသေးတယ်နော်။ ဘာလဲ၊ ငရဲကို သွားချင်နေပြီလား! နင်မွေးထားတဲ့ မိန်းကလေးအသေလေးကို မနက်ဖြန်ငါသွားရောင်းပစ်မယ်! "

ဝမ်ဟုန်ဟွားက ‌ထင်းခုတ်ဓါးကို ဝှေ့ယမ်းနေရင်း ခြံထဲမှာ ခုန်ပေါက်ပြီး ဆဲဆိုနေခဲ့သည်။

လီအိုက်ဖုန်းက ဓါးကို ကြောက်လန့်နေခဲ့တာကြောင့် အလောတကြီး နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်ခဲ့သည်။ လင်းတာ့ကော်ကလဲ ကြောက်ရွံ့နေခဲ့ပြီး သူမနောက်ကို လိုက်ခဲ့သည်။ လင်မယားနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ဖက်ထားခဲ့ကြပြီး တုန်ရီနေခဲ့ကြသည်။

" ဟုန်ဟွား ဘာဖြစ်နေတာလဲ? ငါတို့အိမ်မှာ တစ္ဆေခြောက်နေတာ မဟုတ်ဘူးလား? "

လီအိုက်ဖုန်းက သူမရဲ့ချွေးမ တစ္ဆေသရဲဝင်ပူးနေတာလားလို့ စဉ်းစားရင်း အလွန်အမင်းကြောက်ရွံ့နေခဲ့သည်။ လင်းတာ့ကော်က အပြင်ခနခနထွက်လေ့ရှိပြီး ဗဟုသုတရှိသည်။ သူက တုန်ယင်ကာ ပြောခဲ့သည်၊ " မဟုတ်ဘူး၊ အဲ့လိုမဟုတ်ဘူး။ ဒီမိန်းကလေးက ညသန်းခေါင်ကြီးမှာ ရူးသွပ်နေတာ! "

သူမြို့ထဲမှာရှိနေတုန်းက၊ မြို့ထဲကအိမ်တစ်ခုမှာ ရူးနေတဲ့ ကောင်မလေးတစ်ယောက် ရှိခဲ့သည်။ သူမက ကျန်းမာရေး ကောင်းတဲ့အချိန်မှာတော့၊ သာမန်လူတစ်ယောက်လိုပါပဲ။ သူမ နေမကောင်းတဲ့အခါ၊ ညကြီးသန်းခေါင် အိမ်မှာနေပြီး ထင်းတွေခုတ်ကာ မီးတွေမွှေးနေခဲ့သည်။ တစ်ခါတုန်းက မိသားစုတစ်ခုလုံးကို မီးလောင်စေခဲ့မလို ဖြစ်သွားခဲ့သည်။

ရူးတာ? ! ! သေစမ်း၊ ဝမ်ဟုန်ဟွားက အရူးတစ်ယောက်ပဲ!

လီအိုက်ဖုန်းက အထိတ်တလန့်နဲ့ ထွက်လာခဲ့ပြီး သူမစိတ်ထဲကို ပထမဆုံး ဝင်လာခဲ့တာက ဝမ်မိသားစုနဲ့ လက်ထပ်ထိမ်းမြားဖို့ကို ဖောက်ဖျက်ဖို့ပဲဖြစ်သည်!

သူမက ဝမ်အိမ်တော်ကို စိတ်တိုနေတဲ့ နွားတစ်ကောင်လို အပြေးသွားဖို့ပြင်နေတဲ့အခါ၊ ဝမ်ဟုန်ဟွားက အသံကြားတာနဲ့ နောက်မှာသွေးထားတဲ့ ထင်းခုတ်ဓါးကို ဆွဲထုတ်လိုက်ပြီး လင်းအိမ်တော်ရဲ့တံခါးဘောင်ကို ပစ်ပေါက်လိုက်သည်။ သူမက အိမ်ထဲကိုသွားပြီး တံခါးဘောင်ကို ဖြုတ်ချကာ ထင်းအဖြစ် မီးရှို့ခဲ့သည်။ သူမကိုယ်တိုင် ဖျက်ဆီးရုံတင်မကပဲ လင်းတာ့ကော် တို့ မိသားစုသုံးယောက်ကိုပါ သူမနဲ့အတူ ဖျက်ဆီးခိုင်းခဲ့သည်။

မလိုက်နာရင်၊ ဝမ်ဟုန်ဟွားက သူမကို တွန်းအားပေးပြီးခိုင်းပါလိမ့်မည်။ လီအိုက်ဖုန်းက ပထမတော့ ချက်ချင်းတစ်ခုခုပြောချင်ခဲ့ပေမယ့် ဝမ်ဟုန်ဟွားက သူမကို ခွင့်မပြုပေးခဲ့ပေ။ သူမက ဖျက်ဆီးထားတဲ့ တံခါးဘောင်ကိုကောက်ယူပြီး ခက်ထန်တဲ့အကြည့်နဲ့ လီအိုက်ဖုန်း ရဲ့ ဆံပင်ကို ဆွဲကာ တံခါးဆီကို တွန်းပို့ခဲ့သည်။ တံခါးပေါက်မှာ သူမက ကြမ်းတမ်းစွာပြောခဲ့သည်။

" ကလေးတစ်ယောက်ကိုတောင် သေချာမမွေး‌နိုင်ပဲ ဘယ်လိုတောင် မာနကြီးရဲရတာလဲ? အလုပ်မလုပ်ရင်၊ မနက်ဖြန်ကျ နင့်ကို အညစ်အကြေးတွေ ကျုံးခိုင်းမယ်!"

ဝမ်ဟုန်ဟွား စကားပြောပြီးတဲ့နောက်မှာ၊ သူမက သစ်သားတုတ်ကို ကိုင်ထားခဲ့ပြီး ဘေးကနေ သူမကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေခဲ့သည်။

သူမရဲ့ချွေးမက ရိုက်နှက်ပြီးတဲ့နောက်၊ လီအိုက်ဖုန်း က အော်ဟစ်ခဲ့သည်။ တောခုတ်ဓါးရဲ့ အင်အားကြောင့်၊ သူမခြေထောက်တွေသာ တုန်နေခဲ့ပြီး အိမ်ရဲ့တံခါးဘောင်ကို လင်းတာ့ကော်နဲ့အတူ ဖျက်ဆီးခဲ့သည်။ လင်းဟုန်ဝူကတော့၊ ရိုက်နှက်မခံရဖို့အတွက် အစကတည်းက လိုက်နာခဲ့သည်။

လင်းဟုန်ဝူက ပြတင်းပေါက်ကို ဖျက်ဆီးဖို့ ပြေးသွားခဲ့သည်။

လီအိုက်ဖုန်းက စိတ်ထဲကနေ သက်ရှည်ကျန်းမာပါစေ ဆုတောင်းရင်း စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်သည်။ ဒီလို အသုံးမကျတဲ့ကောင်စုတ်ကို ဘာလို့ မွေးမိခဲ့ရတာလဲ!

*

ဒီနှစ် နွေဦးမှာ မိုးများခဲ့ပြီး မိုးသံတွေက မနေ့ညက သူ့ရဲ့အိပ်မက်တွေကို နှောင့်ယှက်ခဲ့သည်။

နောက်ဆုံး အားလပ်ချိန် အနည်းငယ်ရပြီးနောက်၊ လက်ထောက်ဒါရိုက်တာကုက သူ့ဇနီးကို ထပ်ပြီးတွယ်ကပ်နေခဲ့ပြန်ပါသည်။

အတိတ်မှာ၊ သူမရဲ့သားလေးက တစ်ယောက်ယောက်မရှိပဲ မနေတတ်ဘူးဆိုတဲ့ ဆင်ခြေကို လင်းယောင်က သုံးနိုင်ခဲ့ပြီး ကုရှီအန်းကို ကြမ်းပြင်ပေါ်မှာ တွန်းလှဲခဲ့သည်။

ကုသို့သို့ ဆယ်လပြည့်သွားကတည်းက၊ မအိပ်ခင်တိုင်းမှာ နို့တစ်ခါ သောက်သည်။ သူ့ရဲ့အစာအိမ်က အစားအသောက်တွေနဲ့ ပြည့်နေခဲ့ပြီး နေထွက်တဲ့အထိတောင် ဆီးသွားလို့ရလောက်သည်။

ကုချွင်မေက အတော်လေး အားကျနေခဲ့သည်။ ဖက်တီးလေးက ပြုစုစောင့်ရှောက်ဖို့ တစ်ကယ်လွယ်တယ်လို့ သူမက ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။ သူမရဲ့ကောက်ညှင်းဖက်ထုပ်လေးက တစ်နှစ်ပြည့်ခါနီးပြီဖြစ်ပြီး သူမနဲ့ အစ်ကိုကြီးထို့ထို့က သူအိပ်ဖို့ တစ်နေ့လုံး စကားများနေရဆဲဖြစ်သည်။

ရွှီထန်းယွမ်က တစ်နှစ်သာရှိသေးပေမယ့်လဲ၊ ဒီကလေးက ထွားသည်။ သူ့ရဲ့နူးညံ့ချိုသာတဲ့ မိခင်အတွက် ယှဉ်ပြိုင်ဖို့၊ ညဘက်မှာ နံစော်နေတဲ့ကလေးကို အစ်ကိုကြီးထို့ထို့က စိတ်အားထက်သန်စွာနဲ့ ပုခက်ဆီကို ချီခေါ်သွားခဲ့သည်။

ရွှီထန်းယွမ်က ရွှီအဖေနဲ့အမေကို ငယ်သံပါအောင် အော်ခေါ်ခဲ့ပြီး အဖေတစ်ယောက်ဖြစ်ပြီး သူတို့ရဲ့အဖိုးတန်မြေးလေးကို ငိုအောင်လုပ်တဲ့အတွက် ရွှီရှန်းချန်ကို ဆူခိုင်းခဲ့သည်။

ရွှီအမေက သူမရဲ့မြေးလေးကို သူမရဲ့အသက်ထက် ပိုတန်ဖိုးထားခဲ့ပါသည်။ သူမ စိတ်တိုလာတဲ့အခါ၊ ရွှီအဖေက သူ့ရဲ့မုတ်ဆိတ်မွှေးကို သပ်လိုက်ပြီး သူ့ကိုစိုတ်ကြည့်ကာ အစ်ကိုကြီးထို့ထို့ကို ပညာပေးဖို့ အပြင်ကို ခေါ်ထုတ်သွားခဲ့သည်။

" . . . "

အတိုချုပ်ပြောရရင်၊ အဖေနဲ့သားက နေ့တိုင်း စကားများကြတဲ့ အခြေအနေဖြစ်သည်။

တစ်ဖက်မှာတော့၊ လက်ထောက်ဒါရိုက်တာကုနဲ့ ကုသို့သို့ တို့က ပိုပြီးတော့ သဟဇာတဖြစ်လာကြသည်။

သူ့ရဲ့သားလေးက သူ့အမေမရှိပဲ မနေတတ်ဘူးဆိုတာကို ကုရှီအန်းက သိနေခဲ့တာကြောင့် ၁.၈ မီတာရှိတဲ့ နှစ်ယောက်အိပ်ကုတင်ကို ၂.၂ မီတာရှိတဲ့ နှစ်ယောက်အိပ်ကုတင်ကြီးအဖြစ် ပြောင်းလဲဖို့ ကောင်တီက လက်သမားတစ်ယောက်ကို အလုပ်အပ်ခဲ့သည်။

အိပ်ယာထဲမှာ ကုသို့သို့ အတွက် နေရာလေးလုပ်ပြီး ခေါင်းအုံး၊ စောင်အသေးလေးတွေနဲ့ ငါးရုပ်လေးကို ထည့်ထားကာ ဖက်တီးလေးကို အိပ်ယာထဲမှာ အိပ်စေခဲ့သည်။ ဒါကို လိုက်ဖက်ညီပြီး လှပတဲ့မိသားစုသုံးယောက်လို့ ခေါ်သည်။

ဘယ်သူကမှ နေရာလွတ်မနေခဲ့ပေ။

တစ်ကယ်တော့၊ ‌မနေ့ညတုန်းက ဒီရက်စက်တဲ့အဖေကြီးက ကလေးလေး အိပ်ပျော်သွားတာကို စောင့်ပြီး ဘေးကိုရွှေ့ထားကာ သူ့ဇနီးပြန်အလာကို စောင့်နေခဲ့ပါသည်။

တစ်စုံတစ်ယောက်က သူ့စိတ်ထဲမှာ တစ်ခုခုကိုစီစဉ်နေခဲ့တယ်ဆိုတာ လင်းယောင်က မသိသေးပေ။ ဒါကြောင့် သက်တောင့်သက်သာရှိစွာနဲ့ ရေချိုးဇလုံထဲမှာ ရေနွေးနဲ့ရေချိုးနေခဲ့သည်။ သူမရဲ့မျက်နှာပေါ်မှာ ရေစက်လေးတွေကျနေတာကြောင့် လင်းယောင်ရဲ့မျက်နှာလေးက နှစ်လိုဖွယ်ကောင်းလှသည်။ သူမအတွက် သူမကိုယ်တိုင် ချည်အတွင်းဝတ်လေးတွေ ချုပ်ထားခဲ့သည်။

ကုသို့သို့ ကို မွေးပြီးကတည်းက၊ လင်းယောင်ရဲ့ရင်သားတွေက အတော်လေး ဖွံ့ဖြိုးလာခဲ့သည်။ အရင်က သူမဝတ်ခဲ့တဲ့ ညအိပ်ဝတ်စုံနဲ့ အတွင်းဝတ်တွေက ဆက်ဝတ်လို့ မတော်တော့ပေ၊ ဒါကြောင့် အသစ်ချုပ်ဝတ်ခဲ့ရသည်။ အသစ်တွေလဲ ရှိပါသည်။ သူမက ညအိပ်ဝတ်စုံအဟောင်းတွေထဲက တစ်ချို့ကိုယူပြီး လဲဝတ်ဖို့ စဉ်းစားနေခဲ့သည်။ အိပ်ခန်းတံခါးကို တွန်းဖွင့်ခဲ့ပြီး အရမ်းလှတဲ့ အသစ်ချုပ် အတွင်းဝတ်လေးတွေကို ဝတ်ချင်ခဲ့သည်။

မမျှော်လင့်စွာပဲ၊ သူမ အိပ်ခန်းထဲကို ရောက်ရောက်ချင်း၊ တစ်ယောက်ယောက်ရဲ့ ရင်ခွင်ထဲကို ဆွဲသွင်းခံရခဲ့ရပြီး ရုတ်တစ်ရက် တိုက်ခိုက်ခံခဲ့ရသည်။ လင်းယောင်က ထပ်ခါထပ်ခါ တောင်းပန်နေခဲ့သည်၊ ကလေးလေးနိုးသွားမှာစိုးတာကြောင့် သူမနှုတ်ခမ်းကို ကိုက်ပြီး အသံမထွက်ရဲခဲ့ပေ။

အဲ့ဒီညက၊ အရှေ့ဆောင်က သစ်သားကုတင်ကြီးက တစ်ညလုံးနီးပါး တကျွီကျွီမြည်နေခဲ့သည်။

နောက်တစ်နေ့မနက်မှာ သူမနိုးလာတဲ့အခါ၊ လင်းယောင်ရဲ့ ခြေထောက်တွေ အားနည်းနေခဲ့ပြီး သူမရဲ့ခါးတွေ ယောင်နေသေးသည်။

မနှစ်ကလိုပဲ၊ လေ့ကျင့်ရေးစခန်းအတွက် ကျေးလက်ဒေသကို ကောင်တီက နောက်တစ်ခေါက် ထပ်ပြီးသွားကြလိမ့်မည်။

မနက်စောစောမှာ အစ်ကိုကြီးထို့ထို့က ကုရှီအန်းကို ဆွဲခေါ်သွားခဲ့ပြီး လင်းယောင်က လက်ထောက်ဒါရိုက်တာကု သန့်ရှင်းရေးလုပ်တာကို ကူညီဖို့ အိမ်ကိုပြန်လာခဲ့သည်။ မနက်ဖြန်ယူသွားဖို့ ခရီးဆောင်အိတ်တစ်ခုလိုအပ်လိမ့်မည်။

အိမ်ကိုပြန်လာတဲ့အခါ၊ သူ့ရဲ့ခရီးဆောင်အိတ်ကို ထုတ်ပိုးပြီးပြီဆိုတာကို တွေ့ခဲ့ရပြီး သူမ မပါပဲ အိပ်ယာကို စနစ်တကျခေါက်ထားကာ သေချာစည်းနှောင်ထားခဲ့သည်။

တစ်ကယ်တော့၊ ကုရှီအန်းမှာ အထုတ်အပိုးတွေ သိပ်မရှိခဲ့ပေ၊ အလူမီနီယမ်ထမင်းဘူး၊ စစ်ရေနွေးကရားအိုး၊ ရဲဝတ်စုံနှစ်ထည်၊ ဖိနပ်နှစ်ရံသာ ရှိပြီး အတွင်းဝတ်တွေနဲ့ တစ်ခြားအရာတွေကို သူမ စိတ်ပူစရာမလိုခဲ့ပေ..

ဘာမှလုပ်စရာမရှိတဲ့ လင်းယောင်က သူမအဝတ်တွေကိုသိမ်းထားတဲ့ ဗီဒိုကို ဖွင့်လိုက်ပြီး သူမရဲ့အဝတ်အစားတွေကို ရွေးထုတ်ခဲ့သည်။ လွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်တုန်းက၊ တရုတ်လူမျိုးတွေရဲ့ အဝတ်အစားတွေက ရောင်ပြန်ပါပြီး မှန်တစ်ချပ်လိုဖြစ်ခဲ့ကြပြီး ပြည်သူတွေ လွတ်လပ်ရေးရခဲ့ကြတဲ့ အချိန်တွေကို ပြန်သတိရမိစေသည်။ အဲ့ဒီအချိန်တုန်းက ပန်းတွေရာချီ ဖူးပွင့်နေခဲ့ကြသည်။

ဂျက်ကတ်တွေ၊ သားရေဝတ်ရုံရှည်တွေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အမျိုးသမီးကိုယ်ကျပ်ဝတ်စုံက အလွန်နာမည်ကြီးခဲ့ကြသည်။ နောက်ပိုင်းမှာ၊ လက်ရှိဝတ်စုံတွေ၊ အစိမ်းရောင်စစ်ဝတ်စုံတွေ၊ Bragi စကတ်တွေ စတာတွေက နာမည်ကြီးလာခဲ့ကြသည်။ မူလပိုင်ရှင်ရဲ့ စကတ်တွေက စတိုင်တွေ၊ ပစ္စည်းအမျိုးအစားတွေ များစွာ ရှိခဲ့သည်။

သူတို့အားလုံးက ပထမတန်းစားတွေဖြစ်ကြပေမယ့် အခုဝတ်ဆင်ဖို့တော့ မသင့်လျော်ကြပေ။

*

တုန်းဖန်းဟောင် ထုတ်လုပ်ရေးအသင်း...

လင်းတာ့ကော်တို့ မိသားစုသုံးယောက်က တံခါးဘောင်တွေကိုဖျက်ဆီးရင်း တစ်ညလုံး ကုန်ဆုံးခဲ့ကြသည်။ လင်းမိသားစုကြီးမှာ ပျက်စီးနေတဲ့အိမ်တွေသာ ရှိခဲ့ပြီး အနည်းငယ် ဖြိုဖျက်ပြီးနောက်မှာ၊ အိမ်သုံးလုံးကို ထပ်ဖြိုချခဲ့ကြသည်။

အိမ်ရဲ့တံခါးတွေနဲ့ ပြတင်းပေါက်တွေကို ခွာပစ်ခဲ့ကြပြီး ဝမ်ဟုန်ဟွားက သိသိသာသာ ကသိကအောက် ဖြစ်လာခဲ့သည်။ သူမက ထင်းခုတ်ဓါးကို ယူခဲ့ပြီး အိမ်ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ကို တဒုတ်ဒုတ်မြည်အောင် ခုတ်ထစ်နေခဲ့သည်။

လီအိုက်ဖုန်းက စိတ်ထဲကနေ ဆဲလိုက်ပြီး ခုန်ပေါက်ကာ ဝမ်ဟုန်ဟွားကို အပိုင်းပိုင်းဆွဲဖြဲဖို့ ဆုတောင်းနေခဲ့သည်။

ကံမကောင်းစွာပဲ၊ တွန်းအားက မလုံမလောက်ဖြစ်နေတာကြောင့် ဒေါသတွေကို မြိုချလိုက်ရပြီး ငြိမ်ငြိမ်လေးသာနေခဲ့ရသည်။

ဝမ်ဟုန်ဟွာက အကြာကြီး ရူးသွပ်နေခဲ့ပြီး သူမရဲ့အတွင်းကိုယ်အင်္ဂါတွေက စတင်အသံမြည်လာခဲ့သည်။ သူမက ခါးပေါ်ကို လက်တင်လိုက်ပြီး၊ လီအိုက်ဖုန်းကို မော့ကြည့်ကာ အမိန့်ပေးခဲ့သည်။

" ကြက်ဥမဥတဲ့ ကြက်မကြီး၊ အမြန်လုပ်၊ ငါ့အတွက် ခေါက်ဆွဲတစ်ပန်းကန် လုပ်ပေးစမ်း! ငါတို့ရဲ့ ဝမ်မိသားစုကြီးက နင့်ကို လက်ထပ်လိုက်ရတာ တစ်ကယ်ကို ကံမကောင်းတာပဲ။ ကလေးတောင် မမွေးပေးနိုင်ဘူး။ နင် ဘာလုပ်တတ်သေးလဲ! ကိုယ်ကျင့်တရားမကောင်းရင်၊ သတိထားနေ၊ နင်နဲ့ကွာရှင်းခိုင်းဖို့ ပြောလိုက်မှာ၊ အသုံးကိုမကျဘူး! ဒီအိမ်ကိုဝင်လာကတည်းက မိသားစုကြီးက လုံးဝကို ကံ‌မကောင်းတော့တာ"

လီအိုက်ဖုန်း - " . . . "

အတိတ်မှာတုန်းက၊ သူမကသာ အိမ်မှာ ဟိုဟိုဒီဒီဆူပြီး အာဏာပြခဲ့တဲ့ တစ်ယောက်ဖြစ်ခဲ့သည်။

တစ်နေ့မှာ သူမကို လက်ညှိုးတည့်တည့်ထိုးပြီး ကြက်ဥမဥနိုင်တဲ့ ကြက်မကြီးလို့ ပြောဆိုနိုင်တဲ့ ချွေးမတစ်ယောက်ရလိမ့်မယ်ဆိုတာ သူမ ဘယ်လိုစဉ်းစားမိမှာလဲ။

လီအိုက်ဖုန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး ခေါက်ဆွဲတစ်ပန်းကန်ချက်ဖို့ မီးဖိုချောင်ထဲကို တွန့်ဆုတ်တွန့်ဆုတ်နဲ့ ဝင်သွားခဲ့သည်။

ညနက်နေပြီဖြစ်ပြီး ခေါက်ဆွဲတစ်ပန်းကန်ကို ချက်ပေးဖို့ အခက်အခဲရှိသည်။ မီးမွှေးရမည်၊ ဂျုံနယ်ရမည်၊ ပြီးတော့ အိုးဆေးပြီး ရေနွေးတည်ရမည်ဖြစ်သည်။

လီအိုက်ဖုန်းက ပင်ပန်းလာခဲ့ပြီး ကျောတွေနာလာခဲ့သည်။ ဒါကြောင့် ဝမ်ဟုန်ဟွားဆီကို အာ့ဟယ်ခေါက်ဆွဲတစ်ပန်းကန် ယူလာပေးခဲ့သည်။

ဝမ်ဟုန်ဟွားက ခေါက်ဆွဲကို တစ်ချက်သာကြည့်လိုက်ပြီး စက်ဆုပ်တဲ့အကြည့်တွေနဲ့ ခေါက်ဆွဲတွေကို မှောက်ချလိုက်သည်၊ ပြီးတော့ လီအိုက်ဖုန်းကို ရွံစရာကောင်းစွာနဲ့ ကြည့်နေခဲ့သည်။

" ဥမဥတဲ့ ကြက်မကြီး! ငါ့အတွက် ကြက်ဥတောင်မဥပေးနိုင်ပဲနဲ့။ အိမ်က ကြက်ဥတွေကို ခိုးပြီး နင့်မိဘတွေအိမ်ကို ယူသွားမလို့မလား! နင်က သူခိုးမပဲ! "

လီအိုက်ဖုန်း ကို ထပ်ခါထပ်ခါ ရိုက်နှက်ခဲ့ပြီး သူမစိတ်ထဲက ဒေါသကို ထပ်ပြီးထိန်းချုပ်ထားလို့ မရခဲ့တော့ပေ။ သူမက သွားတွေကြိတ်ထားခဲ့ပြီး သူမဆီကို တွားသွားပြီး ပြေးသွားခဲ့သည်။ " ကောင်မစုတ်၊ ကမ္ဘာကြီးကို ပြောင်းပြန်လှန်လိုက်တာပဲ. . . "

လီအိုက်ဖုန်း ဆဲဆိုနေတာ ပြီးတဲ့နောက်မှာ၊ ဝမ်ဟုန်ဟွား က အန္တရာယ်ဖြစ်စေလာပြီး ဓါးကိုဆွဲယူချင်ခဲ့သည်။

လင်းမိသားစုသုံးယောက်က အလျင်အမြန် ဒူးထောက်လိုက်ကြပြီး လီအိုက်ဖုန်းက ပြန်သွားပြီး ကြက်ဥပေါင်းနှစ်ခုနဲ့ ခေါက်ဆွဲတစ်ပွဲလုပ်ပေးဖို့သာတတ်နိုင်ခဲ့ပြီး အရမ်းဒုက္ခရောက်ခဲ့ရသည်။

ဝမ်ဟုန်ဟွားက ခေါက်ဆွဲတစ်ပွဲစားပြီး ဟောက်နေခဲ့သည်။ နောက်ဆုံးတော့ သူမက အရှုပ်တွေအားလုံးကနေ ပင်ပန်းနေခဲ့ပြီး သူမအခန်းထဲကို အိပ်ဖို့ ပြန်သွားချင်ခဲ့သည်။

လင်းမိသားစုက မိသားစုဝင်သုံးယောက်ရှိခဲ့သည်။ တစ်ယောက်က အိပ်ယာခင်းဖို့သွားခဲ့ပြီး တစ်ယောက်က ခေါင်းအုံးတွေ နေရာချထားခဲ့သည်။

ဝမ်ဟုန်ဟွားရဲ့ ခေါင်းကို ခေါင်းအုံးပေါ်တင်ပေးလိုက်ပြီး သူမ ဟောက်နေခဲ့တဲ့အခါ၊ တစ်မိသားစုလုံးက စိတ်သက်သာရာရသွားခဲ့ကြသည်။

All Chapters