← Chapters

အခန်း (၉၆)

Vol. 9 Ch. 96

အခန်း (၉၆)

Vol. 9 Ch. 96

အဲ့ဒီညမှာ၊ လင်းတာ့ကော်တို့ မိသားစုသုံးယောက်က ဧည့်ခန်းထဲမှာ အတူရောထွေးနေခဲ့ကြပြီး တစ်ညလုံးနီးပါးကို အကြောက်တရားနဲ့ နေခဲ့ကြရသည်။ ဝမ်ဟုန်ဟွား နိုးလာပြီး နောက်တစ်ခေါက် အရူးထနေမှာကို ကြောက်လန့်နေပြီး မိသားစုက အကူအညီလိုအပ်မှာဖြစ်တာကြောင့်၊ အိပ်ငိုက်နေတဲ့ ဘယ်သူ့ကိုမဆို လီအိုက်ဖုန်းက ဆွဲဆိတ်ပါလိမ့်မည်။

အိုက်ဖုန်းက ဇလုံထဲကို ရေဖြည့်နေခဲ့သည်။ မိသားစုသုံးယောက်လုံး သူတို့မျက်နှာတွေကို ကမန်းကတန်း ဆေးကြောခဲ့ကြသည်၊ သူတို့အိမ်ရဲ့ အရှေ့တံခါးမကြီးကို သော့ခတ်ပြီး ရန်လိုတဲ့အပြုအမူ‌နဲ့ လောင်ဝမ်ကျွမ်း ကို အမြန်သွားခဲ့ကြသည်။

လင်းတာ့ကော်က ဉာဏ်ကောင်းနေခဲ့သေးသည်။ မေးခွန်းထုတ်ဖို့ ဝမ်ရှန်းပေါင်ရဲ့ အိမ်ကို တိုက်ရိုက်သွားမယ့်အစား၊ သူ့မိသားစုက လောင်ဝမ်ကျွမ်းက အဝေးရောက်ဆွေမျိုးတွေရဲ့အိမ်ကို သွားခဲ့ကြသည်။ ဆက်ဆံရေးအရ၊ လင်းတာ့ကော်က အဖိုးဝမ်းကွဲလို့ ခေါ်ခဲ့ရသည်။ စိတ်မပါစွာနဲ့၊ သူက အဖိုးအိုကို ဆေးရွက်ကြီးအကောင်းစားနဲ့ လုပ်ထားတဲ့ ဆေးလိပ်တစ်ဘူး ပေးခဲ့ပြီး အဖွားအိုကို ဆပ်ပြာတစ်ချို့ ပေးခဲ့သည်။ လင်းဟုန်ဝူက တစ်စွန်းတစ်စ မကျန်စေပဲ စကားအနည်းငယ်ပြောခဲ့ပြီး အလွယ်တကူ ရှောင်ထွက်နိုင်ခဲ့သည်။

ဝမ်ဟုန်ဟွားကို ပိုက်ဆံနဲ့ ဝယ်ခဲ့ပြီး အတည်တကျအိမ်ထောင်ကျထားတာ မဟုတ်တဲ့အတွက်ကြောင့်၊ သူမဘယ်ခေတ်မှာပဲ ရှိနေပါစေ၊ ဒီလိုထိမ်းမြားမှုမျိုးကလဲ ဂုဏ်သိက္ခာကျဆင်းစေပါသည်။

ဒါကြောင့်၊ လီအိုက်ဖုန်းက သူမတို့ရွာမှာပဲ ထုတ်ပြထားပြီး လောင်ဝမ်ကျွမ်း မှာ အီးတောင်မပေါက်ရဲခဲ့ပေ။

လောင်ဝမ်ကျွမ်းက ရွာသူရွာသားတွေက ဝမ်ရှန်းပေါင်မိသားစုရဲ့ သမီးကို ဝယ်ခဲ့တယ်ဆိုတာကိုသာ သိကြပေမယ့် ဒါကို လင်းမိသားစုက ဝယ်ပေးခဲ့တယ်ဆိုတာ လုံးဝမသိခဲ့ကြပေ။

" အိုး၊ ဝမ်ရှန်းပေါင်ရဲ့သမီးလေးက မင်္ဂလာမဆောင်နိုင်ဘူးလို့ ပြောတာလား! "

" ဦးလေး၊ ဘာလို့လဲ? "

" ဘာလို့လဲ၊ ဟုတ်လား? လောင်ဝမ်တို့ မိသားစုရဲ့ သမီးက အရူးတစ်ယောက်လေ! အမယ်လေး၊ ဒီကလေးကလဲ ဒုက္ခပါပဲ။ သူတို့မိသားစုရဲ့ ရူးတာက မျိုးရိုးလိုက်တာပဲ။ ဝမ်ရှန်းပေါင်ရဲ့အဖေက ဒီကိုထွက်ပြေးလာတာ။ ငါတို့ လောင်ဝမ်ကျွမ်းက သူတောင်းစားတစ်ယောက်အကြောင်းကို စဉ်းစားနေရတယ်။ အိမ်၊ ခြံ မရှိပဲနဲ့ ဇနီးတစ်ယောက်ရှာဖို့ မလွယ်ဘူး။ နယ်ခံတွေက အရူးမဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့သမီးတွေက မိသားစုကောင်းကောင်းကို ရှာကြမှာပဲ။ ဝမ်ရှန်းပေါင်ရဲ့‌ အဖေက အသက်သုံးဆယ်လောက်အထိ လူပျိုကြီးဖြစ်နေခဲ့တာ။ ဈေးမှာ အစားအသောက်ရောင်းဖို့ မြို့ကိုသွားတဲ့အခါ၊ သူတောင်းစားမလေးကို အနိုင်ကျင့်နေခဲ့ကြတဲ့ နယ်ခံလူမိုက်တွေနဲ့ ဆုံခဲ့တယ်။ ဝမ်ရှန်းပေါင်ရဲ့အဖေကလဲ ကြင်နာတတ်တယ်၊ ဒါကြောင့်၊ အဲ့ဒီမိန်းကလေးကို ကယ်ဖို့ သွားခဲ့တယ်။ သူတောင်းစားမလေးကို ကယ်တင်ပေးခဲ့တယ်။ ကလေးမလေးက ထွက်မသွားပဲ သူ့နောက်ကို လိုက်လာခဲ့တာ။ သူမ ပြန်လာတဲ့အခါ၊ သူမကို သန့်ရှင်းပေးခဲ့တယ်။ ဒုက္ခရောက်နေတဲ့ လူနှစ်ယောက် အတူတူနေထိုင်ခဲ့ကြပြီး နှစ်နှစ်ကြာတော့၊ ဝမ်ရှန်းပေါင်ကို မွေးခဲ့တာပဲ. . . "

ဝမ်ရှန်းပေါင်ရဲ့အမေက ကြာလေကြာလေ ရူးသွပ်လာလေ ဖြစ်ပေမယ့်၊ သူမရဲ့သက်တမ်းက အတော်လေးရှည်ခဲ့ပါသည်။ သူမက အသက် ၇၈ နှစ်ထိနေထိုင်ခဲ့သည်။ အဖွားအိုက မနှစ်ကမှ ဆုံးပါးသွားခဲ့တာဖြစ်သည်။

အဖွားအို ဆုံးသွားတာနဲ့၊ ဝမ်ဟုန်ဟွားရဲ့ ရူးသွပ်မှုက ပြန်ထလာခဲ့သည်။ ဒီမိန်းကလေးက အိမ်မှာ တိတ်ဆိတ်ပြီး ကောင်းကောင်း နေထိုင်လေ့ရှိခဲ့သည်။ သူမက အိမ်ထဲမှာနဲ့ ခြံထဲမှာပဲ ရှိနေခဲ့တာဖြစ်ပြီး သူမရဲ့အသွင်အပြင်က တက်ကြွခဲ့သည်။ သူမ မဖျားနာခင်မှာ၊ ရွာအပြင်က လူတွေအများကြီးက လက်ထပ်ကြောင်းလမ်းဖို့ လာခဲ့ကြသည်။

ဝမ်ရှန်းပေါင်က ပထမတုန်းက အလွန်ကျေနပ်နေခဲ့သည်။ သူ့သမီးကို အိမ်ထောင်ချပေးဖို့ လက်ဖွဲ့ဘယ်လောက်ပေးမလဲဆိုတာကို သူ့ရဲ့ယောက္ခမကြီးကို မေးနေခဲ့သည်။

ရလာဒ်အနေနဲ့၊ တစ်ညမှာ၊ တစ်ရွာလုံးအိပ်ကောင်းနေကြတဲ့အချိန်၊ ဝမ်ဟုန်ဟွားက ရုတ်တစ်ရက် ညသန်းခေါင်ကြီးမှာ ခြံထဲကိုပြေးဆင်းပြီး ဆိုကနေခဲ့ကာ ဝမ်ရှန်းပေါင်ကို လက်ညှိုးထိုးပြီး မသိတတ်တဲ့သားကို ဆူနေခဲ့သည်။ သူမက အိမ်က တံမြတ်စည်းကိုယူပြီး ဝမ်ရှန်းပေါင်ကို ရိုက်နှက်ခဲ့သည်။ ဟုတ်တယ်၊ ဝမ်ရှန်းပေါင်က အတိတ်မှာလဲ အနည်းငယ် အရိုက်ခံခဲ့ရပါသည်။ လင်မယားနှစ်ယောက် ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ပြီး သူတို့ရဲ့သမီးကလဲ ရူးနေတယ်ဆိုတာကို သဘောမပေါက်ခင်မှာ၊ ထွက်ပြေးခဲ့ကြသည်!

ဝမ်ဟုန်ဟွား ရူးသွားတဲ့အခါ၊ ဝမ်မိသားစုမှ သူမရဲ့ပုံရိပ်က ကျဆင်းသွားခဲ့သည်။

ဝမ်ရှန်းပေါင်နဲ့ သူ့ဇနီးက သူတို့ရဲ့ရူးနေတဲ့သမီးကို အိမ်ထောင်ချပေးဖို့ ငွေအများကြီးပေးပြီး အရူးတစ်ယောက်ကိုရှာဖို့ သူတို့ရဲ့ဦးနှောက်တွေကို အလုပ်ပေးခဲ့ကြသည်။

မမျှော်လင့်ထားပဲ၊ စကားပါးလိုက်တာနဲ့၊ လင်းတာ့ကော်တို့ မိသားစုသုံးယောက်က မှင်သက်ကာ ရောက်လာခဲ့ကြသည်။ ဝမ်ဟုန်ဟွားကို ဝယ်ဖို့ ပိုက်ဆံအများကြီးသုံးခဲ့ရုံတင်မဟုတ်‌ပေ၊ ဒါပေမယ့် သူမကို ကွာရှင်းစာချုပ်ပါပေးဖို့ လီအိုက်ဖုန်းက ဉာဏ်ကောင်းနေခဲ့သည်။

လင်းတာ့ကော်က အံကြိတ်ပြီး လီအိုက်ဖုန်းကို မျက်လုံးနက်ကြီးနဲ့ စိုက်ကြည့်နေခဲ့သည်။ သူက ကိုယ့်သေတွင်းကိုယ်တူးတဲ့ တုံးအတဲ့ယောကျ်ားတစ်ယောက်ပဲ။ လီအိုက်ဖုန်းက မျက်လုံးတွေကိုလှန်လိုက်သည်။

သူမက အရမ်းအပြစ်ရှိသလို ခံစားနေခဲ့ရသည်။ အပြစ်တင်ချင်ရင်၊ လင်းမိသားစုကြီးဆီက အကျိုးအမြတ်တွေ ယူသွားစေတဲ့ ဉာဏ်များတဲ့မိသားစုက ဝမ်ရှန်းပေါင်ကိုပဲ အပြစ်တင်ရမည်ဖြစ်သည်!

ဒီကိစ္စကို အရမ်းကြီးအောင် ချဲ့လို့မဖြစ်ပေ။ ပုံကြီးချဲ့လိုက်ရင်၊ ဝမ်ရှန်းပေါင်ရဲ့မိသားစုက သူတို့သမီးကို ရောင်းစားတဲ့အတွက် နာမည်ထွက်သွားပေမယ့် လင်းမိသားစုကို ပြောဖို့ကျတော့ ခက်ခဲကြလိမ့်မည်။ ဝမ်ရှန်းပေါင်ရဲ့ မိသားစုက အာလူးပူပူကိုပစ်ပြီး ပိုက်ဆံယူကာ ကွာရှင်းစာချုပ်ကိုလဲ လက်မှတ်ထိုးပေးခဲ့ကြသည်။

ရွာက လင်းတာ့ကော်တို့ မိသားစုရဲ့ ဂုဏ်သတင်းက ပိုမဆိုးနိုင်တော့ပေ။ ပြီးတော့ ကျေးလက်ဒေသဘက်မှာ အကြီးအကဲတွေက အိမ်ထောင်ရေးကို ပိုက်ဆံနဲ့ရောင်းချခြင်းကို တားမြစ်ထားကြသည်။ ဒီကိစ္စက လေးနက်လာရင်၊ လင်းတာ့ကော်တို့ မိသားစုသုံးယောက်ကို အလုပ်သမားစခန်းကို နောက်တစ်ခေါက် ပို့ကြပါလိမ့်မည်။

အလုပ်သမားစခန်းအကြောင်း ပြောရရင်၊ လီအိုက်ဖုန်း က ချုံးပွဲချငိုကြွေးခဲ့ပါသည်။ အလုပ်သမားစခန်းမှာ တစ်နှစ်ခွဲကျော်လောက်နေခဲ့ရတာက တစ်ကယ်ကို လူမဆန်ခဲ့ပေ!

ကျောက်ကျင်းက ထောင်အလုပ်သမား အဖွဲ့အစည်းနဲ့ ပြည့်‌နေခဲ့ပြီး သူတို့ထဲမှာ အလွန်ကြောက်စရာကောင်းတဲ့လူတွေလဲ များစွာရှိကြသည်။ လူမိုက်တစ်ယောက်ဖြစ်တဲ့ လီအိုက်ဖုန်းက အရိုက်ခံရတဲ့ဆုကိုသာ ရခဲ့သည်။

ပထမတုန်းက၊ လီအိုက်ဖုန်းက ကြီးကြပ်ရေးမှူးကို စိတ်ကြီးဝင်စွာနဲ့ လက်ညှိုးထိုးခဲ့ပြီး ပြောဆိုခဲ့ပေမယ့် သူမက အဆူခံခဲ့ရသည်။

သူမက နေ့တိုင်း နေမထွက်ခင်ကနေ ကျောက်တုံးတွေသယ်ခဲ့ရပြီး တစ်ရက်ကို တိုင်တွေပါ တိုင်နှစ်ဆယ်လောက် သယ်ခဲ့ရသည်! အလုပ်မပြီးရင် ထမင်းမကျွေးပေ။

လီအိုက်ဖုန်းက အစတုန်းက နှစ်ကြိမ်လောက် အော်ဟစ်နေခဲ့ရပေမယ့် နောက်ပိုင်း သူမ အရမ်းပင်ပန်းလာခဲ့ပြီး ငိုတောင်မငို‌နိုင်ခဲ့တော့ပေ!

အလုပ်သမားစခန်းမှာ အလုပ်လုပ်ဖို့ ကျောက်ကျင်းကိုမသွားရဖို့အတွက်၊ လင်းတာ့ကော်တို့ မိသားစုမှာ ရွေးချယ်စရာမရှိပဲ ပါးစပ်ပိတ်နေရပြီး ဆုံးရှူံးမှုကို မြိုချရင်း သူတို့ရဲ့သွားတွေကို ချိုးပြီး သွေးတွေကို မြိုချခဲ့ကြရသည်။

*

တနင်္လာနေ့က သာယာပြီးနေသာတဲ့ နေ့လေး‌တစ်နေ့ဖြစ်ခဲ့သည်။ ပြီးတော့ ယွင်ရွှေကောင်တီက တက်ကြွတဲ့လူငယ်တစ်စုက ကျောပေါ်မှာအိတ်တွေလွယ်ပြီး စစ်ကားတွေပေါ်ကို ခုန်တက်ခဲ့ကြသည်။

ကျေးလက်ဒေသက ဒီလေ့ကျင့်ရေးစခန်းက နှစ်စဉ်လေ့ကျင့်ရေး အတွက်သာမဟုတ်ပဲ အဖျက်သမားတစ်ချို့ကို သတိပေးဖို့လဲ ဒီထူးကဲတဲ့ လေ့ကျင့်ရေးစခန်းကို သုံးကြသည်။

ဒီကာလအတွင်းမှာ၊ မြို့တော်မှာ စစ်ဆင်ရေးလုပ်နေကြတဲ့ ရန်သူ့ဘက်ကသူလျှိုတွေ များပြားလာခဲ့သည်။ မြို့တော် ပြည်သူ့ ကာကွယ်ရေးဌာနက အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုပေါင်းချုပ်ကို ဖြိုခွဲခဲ့ကြသည်။ သူတို့ထဲမှာ၊ ရန်သူ့သူလျှိုတစ်ယောက်က သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ပေါက်ကွဲစေတဲ့ပစ္စည်းတွေပါတဲ့အိတ်ကို ချည်ထားခဲ့ပြီး ရုပ်ဖျက်ကာ ဝင်လာခဲ့သည်။ မြို့တော်မှာရှိတဲ့ စစ်တပ်စက်ရုံကို ဖောက်ခွဲကြလိမ့်မည်။

မြို့တော် ပြည်သူ့လုံခြုံရေးဌာနက ရဲဘော်တွေရဲ့ အလျင်အမြန် လုပ်ဆောင်မှုကြောင့်သာ မဟုတ်ရင်၊ မြို့တော်ရဲ့စစ်တပ်စက်ရုံက အခုဆိုပျက်စီးနေခဲ့လောက်ပြီဖြစ်သည်။

ဒီအထူးအခြေအနေမှာ၊ တစ်ချိန်လုံး သတိဝီရိယရှိနေကြရမည်။

ယွင်ရွှေကောင်တီက စက်ရုံကြီးတွေတစ်ခုချင်းစီမှာ ကိုယ်ပိုင်စစ်တပ်ဌာနကို ဖွဲ့စည်းထားကြသည်။ နေ့တိုင်း၊ အလုပ်ရုံစတင်တဲ့အခါ၊ စစ်တပ်ဌာနက စစ်သားတွေက စက်ရုံရဲ့လုံခြုံရေးကို စောင့်ကြည့်နေပြီး ရန်သူတွေရဲ့အဖျက်အမှောင့်ကို တိုက်ထုတ်ဖို့ စောင့်ကြပ်နေကြတာကို ရပ်တန့်မှာမဟုတ်ပေ။ သူတို့က တစ်ချိန်လုံး ဂရုစိုက်နေကြရသည်။

ကောင်တီပြည်သူ့လုံခြုံရေးဌာနမှာ၊ ကုရှီအန်းက အမိန့်ပေးခဲ့ပြီး ပြည်သူ့လုံခြုံရေးဌာနက လူငယ်တွေက လမ်းကြားထဲကို သူတို့ရဲ့အိတ်တွေသယ်ရင်း တစ်ယောက်ပြီးတစ်ယောက် မြင်းရိုင်းတွေလို ပြေးသွားခဲ့ကြပြီး စက္ကန့်အနည်းငယ်အတွင်းမှာပဲ စစ်အစိမ်းရောင်ကားကြီးပေါ်ကို ခုန်တက်ခဲ့ကြသည်။

ကုရှီတုန်းက သူ့အစ်ကိုကြီးပေးတဲ့ အနီရောင်ချယ်ရီသစ်သားဓါးကို ကိုင်ပြီး အားကျမှုနဲ့ အော်ဟစ်နေခဲ့သည်။

ကောင်စုတ်လေးက သူအရွယ်ရောက်လာတဲ့အခါ စစ်သားတစ်ယောက်ဖြစ်လာဖို့ နားပူနားဆာတိုက်ရင်း ခုန်ပေါက်နေခဲ့သည်။

ဒီကလေးက အချိန်နဲ့အမျှ ရူးသွပ်လာခဲ့ပြီး ကုမိသားစုကြီးတစ်ခုလုံးက သူ့ကိုအာရုံစိုက်ဖို့ အလွန် ပျင်းရိလာခဲ့ကြသည်။

မနက်ခင်း အပြင်မထွက်ခင်မှာ၊ လင်းယောင်က လက်ထောက် ဒါရိုက်တာကုရဲ့ ခရီးဆောင်အိတ်ကို တစ်ခုခုပျောက်နေမှာ စိုးတာကြောင့် နောက်တစ်ခေါက် ထပ်စစ်ဆေးခဲ့သည်။ သူမက ထိခိုက်ဒဏ်ရာတွေအတွက် ဆေးနဲ့ အစားအသောက်တွေလဲ ယူလာပေးခဲ့သည်။

လင်းယောင်က သူမရဲ့သားလေးကိုချီပြီး လက်ထောက်ဒါရိုက်တာကုကို သူမနဲ့အပြင်ထွက်ဖို့ ခေါ်လာခဲ့သည်။

ဒီနေ့ ကုရှီအန်းက သူ့ကို ပိုပြီးတော့ ပုခုံးကျယ်၊ ခါးကျဉ်းပြီး ခြေတံရှည်စေတဲ့ ရုပ်ဖျက်ဝတ်စုံကို ဝတ်ထားခဲ့သည်။

လူကြီးက အဲ့ဒီမှာ ရုပ်တည်ကြီးနဲ့ ရပ်နေခဲ့ပေမယ့် သူစိမ်းတွေကို ရှိန်စေတဲ့ အရှိန်အဝါတစ်ခုကို ပေးစွမ်းနေခဲ့သည်။

ကုသို့သို့က တံတွေးနဲ့ ပူဖောင်းတွေမှုတ်နေခဲ့ပြီး သူ့အဖေရဲ့ရင်ခွင်ထဲကို ဝင်ဖို့ ကြိုးစားနေခဲ့သည်။

" ဖေဖေ၊ မြင်းကြီးစီး၊ မြင်းကြီးစီးမယ်! "

ကလေးလေးက မြင်းစီးရတာကို ကြိုက်နှစ်သက်လေ့ရှိသည်။ ကုရှီအန်းက နှုတ်ခမ်းတွေကို တွန့်လိုက်ပြီး ကောင်ဆိုးလေးကို ဆွဲချီခဲ့ပြီး ကလေးလေးကို သူ့ပုခုံးပေါ်မှာ တင်ထားခဲ့သည်။ သူက မြင်းကို နှစ်ခါပတ်စီးပေးခဲ့သည်။ ကုသို့သို့က ပါးစပ်ဟရလောက်အောင် အလွန်ပျော်ရွှင်နေခဲ့ပြီး မြောပါသွားခဲ့သည်။ ရှေ့သွားလေးနှစ်ချောင်းနဲ့ ပါးစပ်သေးသေးလေးရဲ့ အပြုံးလေးက ယုန်လေးလိုပဲ ဖြစ်သည်။

ကုရှီအန်းက သူ့သားလေးကို ထိန်းကျောင်းပြီးတဲ့နောက်မှာ၊ သူက ကလေးလေးကို အောက်ချပေးခဲ့ပြီး သူ့ဇနီးကို စကားအနည်းငယ်ပြောခဲ့သည်။

မမျှော်လင့်စွာပဲ၊ ကုသို့သို့က မကျေနပ်သေးတာကြောင့်၊ သူ့ရဲ့လက်ဖောင်းဖောင်းလေးတွေနဲ့ ကုရှီအန်းရဲ့နားတွေကို ဆွဲပြီး အော်ဟစ်ကာ တံတွေးတွေစင်စေခဲ့သည်။

" အိုး၊ သွားပြီ! "

လက်ထောက်ဒါရိုက်တာကုရဲ့ ချောမောတဲ့မျက်နှာတစ်ခုလုံးကို သူ့သားလေးက သွားရည်တွေ ပေးအောင်လုပ်လိုက်သည်။

" . . . "

ခေါင်းမာတဲ့ဖက်တီးလေးကို လွှတ်ထားဖို့ မိသားစုအတွက် အများကြီး အားထုတ်ထားကြရသည်။

ကျန်းဆွေ့လန်နဲ့ ကုမန်ဆန်က ဖက်တီးလေးကို လမ်းလျှောက်ကျင့်ပေးဖို့ ခေါ်သွားခဲ့ကြသည်။ ကုသို့သို့က တစ်ဆောင်းလုံး ဂွမ်းအနွေးထည်အထူကြီးကို ဝတ်ထားခဲ့ပြီး အခု သူက ဘောင်းဘီအပျော့လေးတွေကို အလွယ်တကူ ဝတ်ထားခဲ့သည်။

ကလေးလေးက ခြေထောက်ဖောင်းဖောင်းလေးတွေနဲ့ နှစ်လှမ်းလောက်လှမ်းခဲ့ပြီး မြေကြီးပေါ်ကို လဲကျသွားခဲ့သည်။

ကုမန်ဆန်က စိတ်ပူပြီး သူ့ကိုချီဖို့ လာခဲ့ပေမယ့် ကျန်းဆွေ့လန်က သူ့ကို ဆွဲထားခဲ့သည်။

" ဘာလုပ်တာလဲ၊ အဖိုးကြီး? "

" သို့သို့ လဲကျသွားတယ်လေ၊ ငါသူ့ကို သွားပြီး ထူပေးမလို့။ "

" ဘာလို့ သူ့ကို ထိန်းဖို့ကြိုးစားနေတာလဲ? ရှင် ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ကျွန်မတို့ကလေးတွေ ဘယ်လိုကြီးပြင်းလာလဲ ရှင်မေ့နေပြီလား? "

ကုမန်ဆန်က သူ့အတွေးတွေနဲ့ ရုန်းကန်နေရဆဲဖြစ်ခဲ့သည်။ မြေပေါ်မှာလဲကျပြီး ခြေထောက်လေးတွေနဲ့ ကန်နေခဲ့တဲ့ ကုသို့သို့က သူ့ကိုချီဖို့ ဘယ်သူမှ မလာတာကို တွေ့ခဲ့တာကြောင့် ပြန်ထပြီး ရှေ့ကို ဆက်လျှောက်လာကာ ကျန်းဆွေ့လန်ရဲ့ရင်ခွင်ထဲကို အပြုံးလေးနဲ့ ပစ်ဝင်လာခဲ့သည်။

" ဖွားဖွား! "

" ဟေး၊ အဖွားရဲ့ သို့သို့လေးက အရမ်းတော်တာပဲ. " ကျန်းဆွေ့လန်က ပြုံးပြီး သူ့ကိုယ်ပေါ်က ဖုန်တွေကို ခါပေးခဲ့သည်။ မတ်တပ်ရပ်ပြီး သူ့ရဲ့လက်လေးတွေကို ကိုင်ကာ ကုမန်ဆန်က ‌လိုက်ထိန်းပေးခဲ့သည်။

လင်းယောင်က ကလေးလေးနဲ့ တစ်စုံတစ်ယောက် ရုန်းကန်နေရတယ်ဆိုတာကို ‌မြင်ခဲ့တာကြောင့် အပြုံးလေးကိုဖော်ပြရင်း ကုရှီအန်းရဲ့မျက်နှာကို သုတ်ပေးခဲ့သည်။

" သားလေး ဆံပင်တွေက မညစ်ပတ်နေဘူးပဲ။ "

" ဆရာကု၊ နောက်ကျနေပြီ။ သွားကြရအောင်။ ဒါရိုက်တာကြီးက ပြောတယ်၊ ဝမ်းသွားချင်နေရင်တောင်၊ လေ့ကျင့်ရေးကို နောက်မကျရဘူးတဲ့! "

အစ်ကိုကြီးထို့ထို့ရဲ့ ရှက်စရာစကားသံတွေက သူ့နောက်ကနေ ထွက်လာခဲ့သည်။

သူ့မိန်းမကို နမ်းခွင့်တောင်းမလို့လုပ်နေတဲ့ လက်ထောက် ဒါရိုက်တာကု - " . . . "

*

ကုရှီအန်းထွက်သွားတာနဲ့၊ ကုမိသားစုကြီးရဲ့ဘဝက ပြန်လည်အေးချမ်းလာခဲ့သည်။ ဒီရက်ပိုင်း ခြံထဲမှာ မိုးများခဲ့သည်။ မနက်ပိုင်း အိပ်ယာထတဲ့အခါ၊ အပြင်ဘက်ခြံတစ်ခုလုံးမှာ သစ်ရွက်ကြွေတွေနဲ့ ဖုံးလွှမ်းနေခဲ့သည်။

ကုမန်ဆန်က အိမ်မှာ တစ်ရက်ကို တံမြက်စည်းနှစ်ကြိမ်လှည်းဖို့ အမြန်မလုပ်ခဲ့ပေ။ အခု နေမွန်းတည့်ပြီဖြစ်သည်။ သုန်‌ဇီက ကျောင်းမဆင်းသေးပေ၊ လင်းယောင်က သို့သို့ကို ချီပြီး အထုတ်တွေပို့ဖို့ စာတိုက်ရုံးကို သွားခဲ့ပြီး မနက်ကမှ လှည်းထားခဲ့တဲ့ခြံဝင်းက နေရောင်ခြည်တွေ၊ သစ်ရွက်ကြွေတွေနဲ့ ပြည့်နေခဲ့ပြန်သည်။ ကျန်းဆွေ့လန်က အရမ်းစိတ်တိုခဲ့ပြီး ခြံထဲမှာ တံမြက်စည်းလှည်းကာ တတွတ်တွတ် ပြောနေခဲ့သည်။

" ဒီမကောင်းတဲ့ အသီးပင်‌တွေက မပွင့်ရင်တောင် နှစ်တိုင်းကျ အသီးမသီးဘူး။ နောက်နှစ်ကျရင်၊ သူတို့ကို ခုတ်ပစ်ဖို့ လူရှာရတော့မယ်! "

နေ့လည်ခင်းဖြစ်ပြီး ရွာထဲက အိမ်ခြေတိုင်းက ချက်ပြုတ်နေခဲ့ကြကာ အိမ်ခြေအနည်းငယ်က ပြင်းပြတဲ့ဝက်ဆီရနံ့ကို ရနေဆဲဖြစ်သည်။ ဒီနေ့ခေတ်ရဲ့ ဘဝလေးကတော့ တိုးတက်လာပုံပါပင်။

ကုရှီတုန်းက တစ်ကယ်ကို ဗိုက်ဆာနေခဲ့သည်။ သူက လမ်းကြားတစ်လျှောက်လုံး နှာခေါင်းလေးနဲ့ အနံ့ခံလာခဲ့သည်။

သူက ကျောပေါ်မှာ ကျောပိုးအိတ်နဲ့ အိမ်ကိုပြေးလာခဲ့သည်။ တံခါးမဖွင့်ရသေးခင်မှာ၊ သူက အော်ပြောခဲ့သည်။ " အမေ၊ မရီး၊ ကျွန်တော် ဗိုက်ဆာတယ်! "

လင်းယောင်က ပြန်ဖြေခဲ့သည်။ " မီးဖိုချောင်ထဲမှာ ဟင်းသီးဟင်းရွက်ပေါက်စီတွေ ရှိတယ်။ "

" ဟင်းသီးဟင်းရွက်ပေါက်စီ! "

ကုရှီတုန်းရဲ့ မျက်လုံးတွေ လက်သွားခဲ့သည်။ သူ့ရဲ့ကျောင်းလွယ်အိတ်ကိုတောင် ချဖို့အချိန်မရှိပဲ မီးဖိုချောင်ထဲကို အော်ကာ ပြေးသွားခဲ့သည်။ ကျန်းဆွေ့လန်က သူ့ကို လက်ဆေးဖို့ မပြောခင် ကောင်စုတ်လေးက လှည့်ပြီးခြံထဲကို တိုက်ခိုက်ဖို့ ပြေးသွားခဲ့သည်။ သူ့မှာလဲ သူ့အတွေးနဲ့သူ ရှိမှာပေါ့လေ။ ရေနဲ့လဲ ဆေးခဲ့ပြီးပြီဖြစ်သည်။

ညစ်ပတ်နေတဲ့လက်တွေကို ဆပ်ပြာနဲ့ ဘယ်လိုဆေးရမလဲဆိုတာနဲ့ ရေစင်အောင် ဘယ်လိုဆေးရမလဲဆိုတာကိုလဲ သိခဲ့ကြသည်။

ဒါကိုမြင်တဲ့အခါ၊ ကျန်းဆွေ့လန်က ရယ်မောခဲ့သည်။ ဒီကောင်စုတ်လေးက ယောင်ယောင် ဆူမှာကိုတော့ ကြောက်ပါသည်။

ဒီနှစ်ရဲ့ စာသင်နှစ်တွေစကတည်းက၊ လင်းယောင်က ကောင်စုတ်လေးကို အရင်လို အလိုမလိုက်တော့။ထမင်းစားပွဲက အပြုအမူတွေနဲ့ တစ်ခြားအရာတွေအတွက် စည်းကမ်းတစ်ချို့ ရှိပါသည်။ မရီးက ကောင်စုတ်လေးအတွက်လဲ အစားစားရင် အစားမရွေးဖို့၊ မစားခင်မှာ လက်ဆေးဖို့ စတဲ့ စည်းကမ်းတွေ ချထားပေးခဲ့သည်။ စားပြီးရင် ပါးစပ်ဆေးဖို့၊ စားနိုင်သလောက်ပဲ စားဖို့၊ ပါးစပ်ပိတ်ပြီး ဝါးဖို့နဲ့ အစားအသောက်ကို တန်ဖိုးထားဖို့ သင်ပေးခဲ့သည်။ သုန်ဇီနဲ့ သို့သို့တို့‌ ကောင်စုတ်လေးနှစ်ယောက်ကလဲ သိမ်မွေ့တဲ့နည်းလမ်းနဲ့ အကျင့်ကောင်းတွေ တိုးတက်လာခဲ့ကြသည်။

ကုမိသားစုကြီးက နေ့လည်စာစားနေခဲ့ကြပြီး အိမ်အပြန်လမ်းမှာ ကုရှီတုန်းနောက်ကို တစ်ယောက်ယောက်လိုက်နေခဲ့တယ်ဆိုတာကို မသိခဲ့ကြပေ။

ခြံဝင်းကနေ လမ်းတစ်ခုခြားတဲ့ လမ်းကြားထဲမှာ၊ အရပ်ပုတဲ့မိန်းမကြီးတစ်ယောက်က ခြေထောက်ချိတ်ကာ ထိုင်နေခဲ့သည်။ သူမက ဆေးရွက်ကြီးလိပ်နေခဲ့ပြီး အမှောင်ထဲမှာ ပုန်းကွယ်နေခဲ့တာကြောင့် သူမရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရခဲ့ပါဘူး။

" အကုန်လုံးကို သေချာကြားလိုက်သလား? "

" ယွင်ရွှေကောင်တီ ပြည်သူ့လုံခြုံရေးဌာနကလူ ထွက်သွားပြီဆိုတာကို တွေ့ခဲ့တယ်။ ကုမိသားစုက လူအိုတွေ၊ အားနည်းတဲ့လူတွေ၊ ကျန်းမာရေးမကောင်းပဲ မသန်စွမ်းတဲ့လူတွေနဲ့ ပြည့်နေတာ။ "

All Chapters