← Chapters

အခန်း (၉၈)

Vol. 9 Ch. 98

အခန်း (၉၈)

Vol. 9 Ch. 98

အရင်တုန်းက မြို့တော်မှာရှိတဲ့ သန်မာတဲ့ရန်သူ့သူလျှိုတွေကြောင့် လင်းယောင်က လုံခြုံရေးအကြောင်းပြချက်တွေအတွက် သူမရဲ့မိသားစု‌နဲ့အပြင်ထွက်တဲ့အခါတိုင်း တံခါးအကွဲကြားလေးထဲမှာ တလည်းသီးအရွက်တစ်ရွက်ကို ညှပ်ထားလေ့ရှိသည်။

အပြင်ထွက်ပြီး ပြန်လာတဲ့အခါ၊ တလည်းသီးရွက်က တံခါးကြားမှာ အရာမပျက်ပဲ ရှိနေလိမ့်မည်ဖြစ်သည်။ လေထန်သည်ဖြစ်စေ၊ မိုးရွာသည်ဖြစ်စေ၊ အိမ်ထဲကိုပဲ လွင့်လာနိုင်သလို၊ လျှောက်လမ်းမှာပဲ ကျနေနိုင်သည်။

ဒါပေမယ့်၊ ဒီနေ့ပြန်ရောက်တော့၊ တံခါးကြားမှာ ညှပ်ထားခဲ့တဲ့ တလည်းသီးရွက်က ပျောက်နေရုံတင်မကပဲ၊ လင်းယောင်က အိမ်ကိုလဲ သေချာရှင်းလင်းထားခဲ့တာ ဖြစ်သည်။ အခု၊ အုတ်ကြမ်းခင်းပေါ်မှာ ရွှံ့ခြေရာတွေ ပေပွနေခဲ့ပြီး အိမ်မှာသုံးတဲ့ ကြွေအိုးကလဲ နေရာထားတာ လွဲနေခဲ့သည်။ စားပွဲပေါ်က သကြားကိတ်ပန်းကန်ထဲမှာလဲ နှစ်တုံးပျောက်နေခဲ့ပြီး ဝါးရေနွေးဓာတ်ဘူးက အပူချိန်ရှိနေခဲ့သည်။

သကြားကိတ်က လင်းယောင်ကိုယ်တိုင် လုပ်ထားခဲ့တာဖြစ်သည်။ အထဲမှာအစာသွပ်ထားတာက သကြားညိုနဲ့ နှမ်းစေ့တွေဖြစ်သည်။ သို့သော်လည်း၊ သကြားညိုက အရမ်းဈေးကြီးတာကြောင့် သကြားဖြူနဲ့ အစားထိုးခဲ့သည်။

ရွှေဝါရောင်သန်းပြီး နူးညံ့သည်၊ ကြွပ်ရွပြီး မွမွလေးဖြစ်နေသည်၊ ပူနွေးနွေးလေးဖြစ်ပြီး တစ်ကိုက်ကိုက်ပြီးရင် ချိုမြနေသည်၊ သုန်ဇီနဲ့ သို့သို့ တို့ နှစ်ယောက်က စားရတာ ကြိုက်ကြသည်။

သုန်ဇီက အချိုစားရတာ ကြိုက်သည်။ ကိတ်မုန့်တွေကို အခန်းထဲမှာ ထားခဲ့တာဖြစ်သည်။ ကောင်စုတ်လေးက ခိုးစားဖို့အတွက် သူ့လက်တွေကို ဆန့်ထုတ်လိုက်သည်။ ကျန်းဆွေ့လန်က သူ့ကို မြင်တဲ့အခါ၊ သူက သူ့လက်ကို ရိုက်လိုက်ပြီး နာကျင်မှုနဲ့ ရှုံ့မဲ့သွားခဲ့သည်။ အချိုတွေစားတာကို ဖုံးကွယ်ဖို့အတွက်၊ သုန်ဇီက သူ့လက်သူ ရိုက်ခဲ့သည်။ တစ်ခုရှိတာက၊ သူ ကလေးဘဝကတည်းက၊ သုန်ဇီကို သူ့အမေက လိုက်ရိုက်နေခဲ့ရတာဖြစ်သည်။

ပထမတုန်းက၊ လင်းယောင်က အိမ်ကို သူခိုးဝင်သွားတယ်လို့ သံသယရှိနေခဲ့ပေမယ့်၊ အသေအချာမပြောနိုင်ခဲ့ပေ။ အိမ်ကို ဂရုတစိုက်စစ်ဆေးကြည့်ခဲ့ပြီး အိမ်က ပိုက်ဆံတွေ၊ ပစ္စည်းတွေ ပျောက်နေတာ မရှိခဲ့ပေ၊ မီးဖိုချောင်ထဲက ဆန်တွေ၊ ခေါက်ဆွဲတွေနဲ့ အသားတွေလဲ ပျောက်မနေခဲ့ပေ။

ဘယ်လိုသူခိုးက ပစ္စည်းကောင်းတွေကို မခိုးသွားပဲ၊ အိမ်ကိုလာပြီး ကိတ်မုန့်နှစ်ခုစား၊ ရေနွေးဓာတ်ဘူးကိုထိပြီး ပြန်ထွက်သွားတာလဲ?

လင်းယောင်က ထိတ်လန့်သွားခဲ့သည်။ သူတို့အိမ်မှာ သောက်တဲ့ လက်ဖက်ရည်ကို တစ်ခုခုများလုပ်သွားတာလား?

အဆင်ပြေစေဖို့အတွက်၊ ရန်သူ့သူလျှိုဟောင်းက မြို့တော်က ရဲဘော်တွေရဲ့မိသားစုတွေကို ဆေးခပ်ခဲ့သည်။

လင်းယောင်က အိမ်ထဲမှာ ကျန်ခဲ့တဲ့ခြေရာတွေကို ခန့်မှန်းကြည့်ခဲ့သည်။ ဒီခြေရာတွေရဲ့ပိုင်ရှင်က ခြေထောက်ကြီးသည်။ သေချာပေါက် သွယ်လျတဲ့မိန်းမလှလေးတစ်ယောက်ဆီကတော့ မဟုတ်ပေ။

ဒီတစ်ခေါက် သူမရဲ့အိမ်ထဲကို ခိုးဝင်တဲ့ လူတစ်ယောက်က ထွားကြိုင်းသန်မာတဲ့ လူကြီးတစ်ယောက် ဖြစ်ဟန်တူသည်။

ခြံဝင်းတံတိုင်းကို အပြာရောင် ကျောက်တုန်းတွေနဲ့ တည်ဆောက်ထားပြီး သုံးမီတာထက်ပိုမြင့်သည်။ ခြံဝင်းရဲ့အနောက်ဘက်ခြံမှာ ကုမိသားစုရှိပါသည်။ လမ်းကြားက ရှည်လျားသည်။ အပြင်လူတွေဝင်ချင်ရင်၊ ခြံဝင်းရဲ့အရှေ့ခြံက အဓိကဝင်ပေါက်ကနေ ဝင်နိုင်ပြီး အနောက်ခြံကနေ တံတိုင်းကို ကျော်တက်ပြီးလဲ ဝင်နိုင်ပါသည်။

မိသားစုက ချက်ပြုတ်ရင်း အလုပ်ရှုပ်နေခဲ့ကြပြီး၊ သုန်ဇီက သို့သို့ကို ခြံထဲမှာ ရေဆော့ဖို့ခေါ်သွားခဲ့သည်။

လင်းယောင်က ကလေးနှစ်ယောက်ကို အာရုံစိုက်ဖို့ အချိန်မရှိခဲ့တာကြောင့်၊ "ဂရုစိုက်ကြနော်" လို့ ပြောခဲ့ပြီး ဘေးမှာ ဘယ်သူမှမရှိတဲ့အချက်ကို အသုံးချပြီး ခြံဝင်းတံတိုင်းကို ပတ်လျှောက်ကြည့်ခဲ့သည်။ မိုးတွေ၊ လေတွေရဲ့ ဒဏ်ကိုဖြတ်ကျော်လာရတဲ့ ခြံဝင်းတံတိုင်းက အချိန်အကြာကြီး မပြုမပြင်ပဲရှိနေခဲ့ပြီး တံတိုင်းက အစက်အပြောက်တွေထင်နေခဲ့သည်။ အရမ်းခြောက်သွေ့ပုံပေါ်တဲ့ တံတိုင်းရဲ့‌ ကျောက်တုန်းတွေကြားမှာ ပေါင်းပင်တွေ ပေါက်နေခဲ့ကြသည်။ တစ်ချိန်တုန်းက မိုးရွာထားခဲ့ပြီး မြေပေါ်မှာ ရေအိုင်တွေ၊ ရွှံ့ဗွက်တွေနဲ့ ပြည့်နေခဲ့သည်။

တံတိုင်းအစွန်းနားမှာ ခြေရာကြီးတွေကိုလဲ လင်းယောင်က ရှာတွေ့ခဲ့ပါသည်။

ထင်တဲ့အတိုင်းပဲ၊ အဲ့ဒီလူက တံတိုင်းကို ကျော်ဝင်လာခဲ့တာဖြစ်သည်။ လင်းယောင်က‌ စိတ်ထဲကနေ အကြိမ်အနည်းငယ်လောက် ဆဲမိလိုက်သည်။ ဘယ်လိုကောင်စုတ်မျိုးက သူမရဲ့သကြားကိတ်မုန့်တွေကို စားသွားတာလဲ၊ အဲ့လောက်တုံးအနေတာ ရန်သူ့သူလျှိုတော့ မဖြစ်နိုင်တော့ဘူး? !

နောက်တစ်ခါ၊ သကြားဖြူကိတ်မုန့်ထဲကို ခရိုတွန် အမှုန့်တွေထည့်ထားမယ်၊ သေတော့မသေစေနိုင်ပေ!

လင်းယောင်က ပြန်လာခဲ့ပြီး ကုသို့သို့ ရဲ့ ဒိုက်ပါတွေလျှော်ဖို့အကြောင်းပြချက်နဲ့ အိမ်က ရေစည်ထဲက ရေတွေကို လဲထားခဲ့သည်။ ကုမန်ဆန်က ရေသယ်ဖို့ ပျော်ရွှင်စွာနဲ့ လှည်းကိုဆွဲလာခဲ့သည်။

ရေတွင်း‌ရေအသစ်ကို ယူလာပြီးတဲ့နောက်မှာ၊ လင်းယောင်က သူမရဲ့အင်္ကျီလက်တွေကို ခေါက်တင်ထားခဲ့ပြီး အိမ်က အိုးတွေ၊ ဒယ်ပြားတွေ၊ ပန်းကန်အသေးလေးတွေနဲ့ ပန်းကန်လုံးအသေးလေးတွေကို ဆေးကြောခဲ့သည်။ အိမ်က ကြွေခွက်နဲ့ ဝါးရေနွေးဓာတ်ဘူးကို ထပ်ပြီးမသုံးတော့ပေ။ ပြီးတော့ သူတို့အားလုံးကို လွှတ်ပစ်လိုက်ပြီဖြစ်သည်။

နေရာလွတ်‌ထဲက တစ်ပုံစံတည်းတူတဲ့ပစ္စည်းတွေကို ယူလာပြီး နေရာချထားခဲ့သည်။ အလုပ်တွေအားလုံးပြီးတဲ့နောက်မှာ၊ စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချခဲ့သည်။

အခု ရန်သူတွေက လက်သည်းကို ထုတ်ပြလာခဲ့ပြီဖြစ်သည်။ လင်းယောင်က ဒါကိုရင်ဆိုင်ဖို့ နည်းလမ်းရှာရပါတော့သည်။ သူတို့ရဲ့အမြီးကို ဖမ်းမဆွဲနိုင်ရင်တောင်မှ၊ သူမက ချွင်မေနဲ့ တစ်ခြားလူတွေကို သတိတော့ပေးရပါလိမ့်မည်။

ကျန်းဆွေ့လန်က မီးဖိုချောင်ထဲမှာ အသားစင်းကောနဲ့ ခရမ်းသီးချက် နေခဲ့သည်။ အဓိကဟင်းလျာက သူမရဲ့ကိုယ်ပိုင် ခေါက်ဆွဲပေါင်းဖြစ်ခဲ့သည်။ သူမက ကန်စွန်းဥနဲ့ ကောက်ပဲသီးနှံဆန်ပြုတ်တစ်အိုးချက်ခဲ့ပြီး လင်းယောင်ကို ညစာစားဖို့ ခေါ်ခဲ့သည်။

" ယောင်ယောင် ရေ၊ စားရအောင်။ "

" ဟုတ်၊ လာပါပြီ။ "

လင်းယောင်က နေရာလွတ်ထဲကနေ သူမ ယူလာခဲ့တဲ့ ဝံပုလွေကာကွယ်ရေး လျှပ်စစ်ရှော့တိုက်ကြိုးနဲ့ ဆေးဖြန်းဘူးကို စမ်းသုံးကြည့်ခဲ့ပြီး ပြန်ဖြေရင်းနဲ့ အိမ်ထဲကနေ လမ်းလျှောက်ကာ ထွက်လာခဲ့သည်။

သူ့အမေအပြင်ကို ထွက်လာတာနဲ့၊ ကုသို့သို့ က ခြေတိုလေးတွေနဲ့ပြေးပြီး သူမရဲ့ဘောင်းဘီကိုဆွဲကာ နားပူနားဆာ လုပ်တော့သည်။

" မေမေ၊ သွားမယ်၊ စားမယ်၊ စားမယ်! "

စားတဲ့နေရာမှာတော့၊ ကလေးလေးက အရမ်းဆန္ဒစောနေပြီး အကြည့်တစ်ချက်မှာတင် လုံးဝအစားပုတ်လေးတစ်ယောက် ဖြစ်သည်။

" ဟုတ်ပြီ၊ စားကြမယ်။ "

လင်းယောင်က ဖက်တီးလေးကို အရင်ဆုံးလက်ဆေးဖို့ ခေါ်သွားခဲ့ပြီး သွားရည်ခံလေးကို ချည်ပေးကာ ကလေးလေးအတွက် အထူးအသုံးပြုတဲ့ ပန်းကန်လုံးလေး‌ထဲကို ကန်စွန်းဥနဲ့ကောက်ပဲသီးနှံဆန်ပြုတ်ကို ခပ်ထည့်ပေးခဲ့ပြီး ကုသို့သို့ ရှေ့ကို ချပေးခဲ့သည်။

ဖက်တီးလေးက အခုဆို သူ့ဘာသူ စားနိုင်နေပြီဖြစ်သည်။ သူ့လက်လေးတွေနဲ့ ဇွန်းအသေးလေးကို ကိုးယိုးကားယားနဲ့ အမိအရလှမ်းကိုင်လိုက်ပြီး ပါးစပ်အပြည့်စားနေခဲ့သည်။ လင်းယောင်က သူ့ကို လျစ်လျူရှုထားခဲ့ပြီး သူ့ပါးစပ်ကို လက်သုတ်ပုဝါနဲ့ပဲ တစ်ခါတစ်ရံသာ သုတ်ပေးနေခဲ့သည်။

မိသားစုက ညစာစားနေခဲ့ကြပြီး ကျန်းဆွေ့လန်နဲ့ သူမရဲ့အမျိုးသားက သူတို့ရဲ့သင်ယပ်တောင်တွေနဲ့ လေအေးကို ခံစားဖို့ လမ်းကြားတစ်လျှောက် ထွက်သွားခဲ့ကြသည်။ သုန်ဇီက သူ လက်မခံနိုင်ရင်၊ ခြေရာဖျောက်ပြီး ထွက်ပြေးသွားတတ်တဲ့ ကောင်စုတ်လေးပဲဖြစ်သည်။

ကုသို့သို့ က ဖြေးဖြေးချင်းစားနေခဲ့ပြီး ကန်စွန်းဥနဲ့ကောက်ပဲသီးနှံဆန်ပြုတ်တစ်ပန်းကန်ကို ရုန်းကန်နေရဆဲဖြစ်သည်။

လင်းယောင်က ဖက်တီးလေးရဲ့ခေါင်းကို ကိုင်ခဲ့သည်။

" မနက်ဖြန် သားသားအတွက် အသားဆန်ပြုတ်ချက်ပေးရမလား? "

" ရတာပေါ့! "

အသားစားရတော့မယ်ဆိုတာကို ကုသို့သို့ ကြားတဲ့အခါ၊ သူက ချက်ချင်း သွားတန်းဖြူဖြူလေးတွေပေါ်အောင် ပြုံးခဲ့ပြီး သူ့ရဲ့မျက်လုံးကြီးတွေက လခြမ်းကွေးသဏ္ဍာန်လို ကွေးသွားကာ ချက်ချင်းခေါင်းညိမ့်ပြခဲ့သည်။

" သို့သို့ က အရမ်းပျော်နေတာပဲ။ "

" အသားက အရသာရှိတယ်! "

လင်းယောင်က ဒါကိုကြားပြီး မရယ်ပဲ မနေနိုင်ခဲ့ပေ။ အဖေတူသားလေး။ လက်ထောက်ဒါရိုက်တာကုကို ဘာစားချင်လဲ မေးတဲ့အခါ၊ ခနလောက်တော့ စဉ်းစားနေသေးပြီး ပြောခဲ့သည်။ " အသားဖြစ်နေရင် ရပါပြီ။ "

အလို၊ အခု တိုင်းပြည်အတွက် ဘယ်လိုအလုပ်လုပ်ပေးနေလဲ မသိရသေးဘူး။

*

ညချမ်းအချိန်ခါကျရောက်လာတဲ့အခါ၊ မိုင်ရာချီအဝေးက တောင်တန်းတွေနဲ့ သစ်တောတွေဆီက၊ သေနတ်ပစ်သံကြားလိုက်ရပြီး ငှက်တွေလဲ ထပျံသွားခဲ့ကြသည်။

အခုလေးတင်၊ ကုရှီအန်း ဦးဆောင်တဲ့ မူးယစ်တိုက်ဖျက်ရေးအသင်းက လက်နက်ကိုင်မူးယစ်ဆေးကုန်သည်‌အုပ်စုတစ်ခုနဲ့ တိုက်ခိုက်ခဲ့ကြရသည်။ သေနတ်ပစ်သံတွေ တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာခဲ့သည်။ မူးယစ်ဆေး ကုန်သည်တွေ အများအပြားက လက်နက်ခဲယမ်းနဲ့ အစားအသောက် ကုန်သွားခဲ့ကြပြီဖြစ်သည်။ လက်ပစ်ဗုံးတွေ တစ်ကယ်ကိုင်ထားကြတဲ့ သူတို့ကို ကြောက်ရွံ့နေခဲ့ကြပြီး မူးယစ်တိုက်ဖျက်ရေးအသင်းနဲ့ တိုက်ခိုက်ဖို့ ပြေးလွှားနေခဲ့ကြသည်။

သူတို့ အတူတကွ သေကြေခဲ့ကြပြီး ကုရှီအန်းနဲ့ ရွှီရှန်းချန်ရဲ့ ပစ်ချက်အနည်းငယ်ကြောင့် သေဆုံးသွားခဲ့ကြသည်။

" လောင်ကု၊ ဒါကို မင်းဆီ လွှဲခဲ့မယ်။ အရှေ့မှာ ခွေးကောင်တွေ ရှိသေးတယ်၊ နောက်ကနေ ရုတ်တစ်ရက်ဝင်ဖမ်းဆီးဖို့ ညီအစ်ကိုတွေကို ခေါ်သွားဦးမယ်! "

ရွှီရှန်းချန်က သေနတ်ကိုယူသွားခဲ့ပြီး လက်ကိုင်ပေါ်က သွေးတွေကို သုတ်ကာ သူနဲ့ဆွေးနွေးဖို့ ရောက်လာခဲ့သည်။

ကုရှီအန်းက သူ့ကိုတစ်ချက်ကြည့်ပြီး ပြောခဲ့သည်။

" ဒဏ်ရာရထားတာလား? "

" ဟာ၊ ခုနက ခွေး‌ကောင်ကို ပစ်လိုက်တာ။ အဲ့တာ သူ့သွေးတွေက လက်ပေါ်ကို လာစင်တာ၊ သုတ်ဖို့ မေ့နေလို့။"

ကုရှီအန်းက လက်ကိုင်ပုဝါကို ပစ်ပေးလိုက်ပြီး သုတ်လိုက်ဖို့ ပြောခဲ့သည်။

အစ်ကိုကြီးထို့ထို့က အံ့ဩသွားခဲ့သည်။

" လောင်ကု မင်းမိန်းမပေးထားတဲ့ လက်ကိုင်ပုဝါကို ငါ့ကိုပေးမလို့လား။ အရမ်းရက်ရောတာပဲ။ "

လက်ထောက်ဒါရိုက်တာကုရဲ့အသံက အရမ်းလျစ်လျူရှုပုံပေါ်နေသည်။ " ဒါက သို့သို့ ခြေထောက်ကို သုတ်ဖို့ ယောင်ယောင်သုံးတဲ့ တစ်ခု။ ငါမှားယူလာခဲ့တာ။ "

" မသုံးရသေးဘူး၊ အသစ်ပဲရှိသေးတယ်။ "

အစ်ကိုကြီးထို့ထို့ - " ... "

အစ်ကိုကြီးထို့ထို့က သူ့လက်တွေကို သုတ်လိုက်သည်။ ညီအစ်ကိုတွေကို တောင်စောင်းရဲ့အနောက်ဘက်လမ်းကို ဦးဆောင်ခေါ်သွားခဲ့ပြီး သူတို့ကို ချုံခိုတိုက်ခိုက်တဲ့ ရန်သူအုပ်စုကို အချက်ပေါင်းများစွာ ပစ်သတ်ခဲ့ကြသည်။

အနောက်ကနေ ချောင်းမြောင်းတိုက်ခိုက်တာက ချောချောမွေ့မွေ့ဖြစ်ခဲ့ပြီး အရှေ့ကညှပ်တိုက်တာကလဲ အလုပ်ဖြစ်ခဲ့သည်။ "ဒိုင်းဒိုင်းဒိုင်း" အသံတွေနဲ့ ပြင်းထန်တဲ့တိုက်ပွဲပြီးတဲ့နောက်မှာ၊ ရန်သူ့ဘက်ကလူတွေ အများအပြား သွေးအိုင်တွေထဲမှာ လဲကျနေခဲ့ကြပြီး မြေပေါ်မှာ သတိမဲ့စွာ လဲနေခဲ့ကြသည်။ ကျန်ရှိနေတဲ့ တောပုန်းဓားပြတွေကလဲ လေအလျှင်နဲ့ ထွက်ပြေးခဲ့ကြသည်။

သူ့ရဲ့စိတ်လှုပ်ရှားမှုကို မထိန်းထားနိုင်တဲ့ လူငယ်လေးတစ်ယောက်ရှိခဲ့ပြီး သေနတ်တစ်လက်နဲ့ လိုက်ဖို့ ပြင်ခဲ့သည်။ မှောင်နေပြီဖြစ်ပြီး လဲကျနေတဲ့ရန်သူတွေကြားမှာ သေချင်ယောင်ဆောင်နေပြီး သူတို့ကိုပါ ငရဲခေါ်သွားဖို့ ကြံစည်နေတဲ့ လူတစ်ချို့ရှိတယ်ဆိုတာကို သတိမထားမိခဲ့ပေ။ သူတို့ထဲက တစ်ယောက်က ထခုန်ပြီး သူ့ကို ဓါးမြှောင်နဲ့ထိုးလိုက်တဲ့အခါ၊ ရွှီရှန်းချန်က ကျယ်လောင်စွာ အော်ဟစ်ခဲ့သည်။

" လောင်ကု၊ ချုံခိုတိုက်ခိုက်မှုရှိတယ်! "

များမကြာမီမှာ၊ ‌ပိတ်မိနေတဲ့ တောပုန်းဓါးပြနှစ်ယောက်က သေနတ်တွေနဲ့ မြက်တွေထဲကနေ ပြေးထွက်လာခဲ့ကြသည်။ မျက်စိလျင်ပြီး လက်မြန်တဲ့ ကုရှီအန်းက သူ့ဘေးက ရဲဘော်တစ်ယောက်ကို တွန်းချခဲ့သည်။ နှစ်ယောက်သား တစ်နေရာကို လှိမ့်ချခဲ့ပြီး ဘေးနှစ်ဖက်လုံးကနေ သေနတ်တွေနဲ့ ပစ်ခတ်နေခဲ့ကြသည်။ လူတစ်ယောက်ရဲ့ခေါင်းကို ဖောက်ထွက်သွားခဲ့ပြီး ရဲဘော်ငယ်လေးက ငရဲတံခါးဝမှာ လျှောက်နေခဲ့ရကာ ရုတ်တစ်ရက် ချွေးစေးတွေ ထွက်လာခဲ့သည်။

ကုရှီအန်းက ဖျက်လတ်ပြီး မြေပေါ်မှာကျနေတဲ့ သေနတ်ကို ကောက်ယူကာ တစ်ယောက်ပြီးတစ်ယောက်ပြေးလာနေကြတဲ့ တောပုန်းတွေရဲ့ခေါင်းတွေကို ပစ်ခတ်ခဲ့သည်။ ရွှီရှန်းချန်က ရဲဘော်တွေကို ကူညီဖို့ ခေါ်လာခဲ့ပြီး တိုက်စစ်ဆင်ကာ တရားခံတွေကို ရှင်းပစ်ခဲ့ကြသည်. .

*

နဂါးလှေပြိုင်ပွဲက နီးကပ်လာပြီဖြစ်သည်။ တုန်းဖန်းဟောင်ထုတ်လုပ်ရေးအသင်းအတွက် ရာသီဥတုပူလာကတည်းက၊ မြေ‌ပြင်ပေါ်က နှင်းတွေက အရည်ပျော်နေခဲ့ကြပြီဖြစ်သည်။ ရှေ့က အသင်းခေါင်းဆောင်က နွေဦးအတွက် လယ်ထွန်ယက်ပြီး ဂျုံမျိုးစေ့တွေ ကျဲကြဖို့ အသင်းဝင်တွေကို စုစည်းခဲ့သည်။ အခု စိုက်ခင်းတွေက စိမ်းစိုသန်စွမ်းတဲ့ ဂျုံစေ့တွေနဲ့ပြည့်နေခဲ့သည်။ ဒါကိုမြင်ပြီးနောက်မှာ၊ လွယ်ကူမှုကို ခံစားခဲ့ရသည်။

ရွာထဲက လူကြီးတွေကတော့ ဒီနှစ်ရိတ်သိမ်းမှုကောင်းလိမ့်မည်လို့ ပြောကြသည်။

စောစောက မိုးရွာခဲ့ပြီး လယ်ကွင်းတွေထဲမှာ ပေါင်းပင်တွေများစွာ ပေါက်လာခဲ့သည်။ ကျေးလက်ဒေသကလူတွေက ဒုတိယနှစ်ဝက်မှာ ဒီရာသီရဲ့ကောက်ပဲသီးနှံတွေပေါ်ကို မှီခိုအားထားကြရသည်။

ဒီရာသီအတောအတွင်းမှာ၊ နားဖို့အချိန်မရှိတတ်ပေ။ တုန်းဖန်းဟောင် ထုတ်လုပ်ရေးအသင်းရဲ့ အသင်းသားတွေက မြေဩဇာတွေ ကျဲချကြသည်။ ပေါင်းပင်တွေကို နှုတ်ခဲ့ကြပြီး လူတိုင်းက အချိန်ပြည့် အလုပ်ရှုပ်နေခဲ့ကြသည်။

လင်းတာ့ကော်ရဲ့ မိသားစုက အရင်နှစ်တွေမှာ အပျင်းကြီးနေခဲ့ကြသည်။ လယ်ထဲကို သူတို့သွားချင်တဲ့အချိန်မှသာ သွားကြသည်။ သူတို့ လယ်ထဲကို မသွားရင်၊ ရွာက သူတို့ကို အလုပ်ရမှတ်တွေ ပေးမှာမဟုတ်ပေ။ ဒါကြောင့် အဆင်ပြေပါသည်။

မိသားစုက ဝင်ငွေမရှိတာကြောင့် လင်းဟုန်နဆီက ပိုက်ဆံတောင်းဖို့ မြို့ကိုသွားခဲ့ကြသည်။ လင်းဟုန်နက ပေးဖို့ ငြင်းဆိုခဲ့တာကြောင့် လီအိုက်ဖုန်းက အကုန်ယူသွားခဲ့သည်။ စွင်းမိသားစုကလဲ မျက်နှာလိုချင်ခဲ့ပြီး လင်းဟုန်နက တစ်ကယ်ကို မတတ်နိုင်ခဲ့တာကြောင့် ငါးယွမ်နဲ့ ရှစ်ယွမ် ပေးခဲ့ရသည်။ လင်းတာ့ကော်တို့ မိသားစုသုံးယောက်က ဒါတွေနဲ့ ခဏလောက်တော့ ပျော်နိုင်ပါသေးသည်။

ရွာသားတွေက လင်းမိသားစုကြီးကို နောက်ပြောင်ဖို့ ဒီကိစ္စကို အသုံးချခဲ့ကြသည်။ လင်းတာ့ကော် တို့ မိသားစုသုံးယောက်က မြို့တံတိုင်းထက်တောင် ပိုပြီးအရေထူကြပါသေးသည်။ လီအိုက်ဖုန်းက စိုက်ကြည့်ပြီး အဆူဆဲခံရတာကို မရှက်ပဲ ဂုဏ်တောင်ယူနေခဲ့ပါသည်။

" ဟေး၊ ငါ့သမီးက လုပ်နိုင်စွမ်းရှိတယ်၊ ပြီးတော့ မိသားစုကောင်းနဲ့ အိမ်ထောင်တာ။ မင်းတို့မိသားစုဆီက ဘာမှမစားမသောက်ထားဘူး။ ငါတို့ကို မနာလိုဖြစ်နေလဲ အပိုပဲ! ခွေးတွေက ကြွက်တွေလို စပ်စုနေကြတာပဲ! အလုပ်မရှိကြဘူးလား! ဖင်ကိုသုတ်၊ အိမ်ပြန်ပြီး စကားမပြောခင်မှာ နင်တို့ပါးစပ်တွေကို အခြောက်ခံလိုက်ကြဦး! "

ရွာထဲမှာ အတင်းပြောနေကြတဲ့အဒေါ်ကြီးတွေက အရမ်းဒေါသထွက်ခဲ့ကြပြီး တစ်ယောက်ယောက်မလုပ်ရင်၊ လီအိုက်ဖုန်းကို ပြုပြင်ပေးကြတော့မည် ဖြစ်သည်။

ရှေးစကားအရ၊ လူဆိုးတွေကို လူဆိုးတွေက အပြစ်ပေးကြလိမ့်မည်ဖြစ်သည်။ လီအိုက်ဖုန်းက သူမရဲ့သက်တမ်းတစ်ဝက်လောက်ကို ရွာထဲမှာ မာနကြီးလာခဲ့တာဖြစ်ပေမယ့် သူမရဲ့ချွေးမလို ရူးသွပ်နေတဲ့မိန်းမတစ်ယောက်နဲ့ အိမ်ထောင်ချပေးရလိမ့်မယ်လို့တော့ သူမ မထင်ထားခဲ့ပေ။

ဝမ်ဟုန်ဟွား ကျန်းမာရေးမကောင်းဖြစ်ကတည်းက၊ လင်းတာ့ကော်တို့ မိသားစုက နေ့တိုင်း စိုးရိမ်ပူပန်နေကြရပြီး တစ်ညလုံး မအိပ်ကြရပေ။

မနေ့ညက၊ ဝမ်ဟုန်ဟွားမှာ လူမသိတဲ့ကိစ္စတစ်ခုဖြစ်ခဲ့သည်။ သူမက ညသန်းခေါင်ကြီးမှာ သရဲလို ဟန်ဆောင်ခဲ့သည်။ သူမက အဖြူရောင်ဂါဝန်ကိုဝတ်ပြီး ခြံထဲမှာ ငိုယိုနေခဲ့သည်။ သူမက အဖြူရောင်စာရွက်တွေကို ကိုင်ပြီး အဲ့ဒီနေရာမှာ မီးရှို့နေခဲ့သည်။ လင်းမိသားစုရဲ့ခြံဝင်းကောင်းထဲမှာ၊ ခြံစည်း‌ရိုးအောက်မှာ မီးလောင်နေတဲ့စာရွက်တွေ အပုံလိုက် ရှိကြသည်။ စက္ကူပိုက်ဆံတွေက ကျန်ခဲ့တဲ့ပြာတွေနဲ့၊ ဝမ်ဟုန်ဟွားကလဲ ရှေ့တံခါးနဲ့ နောက်တံခါးမှာ အဖြူ၊အမည်းနဲ့ ကာရန်ညီကဗျာတွေကို ရေးထားခဲ့သည်။ ညလေက ပြင်းပြင်းထန်ထန်တိုက်ခတ်လာပြီး ဝမ်ဟုန်းဟွာရဲ့ အရပ်အမြင့်နဲ့ ငိုသံ‌တိုးတိုးက ညဘက်မှာ ဝိညာဉ်တစ်ကောင် ငိုနေသည့်ဟန် ဖြစ်နေခဲ့သည်။

လင်းမိသားစုရဲ့ ဘေးအိမ်က အိမ်နီးချင်းတွေက အသံပေးလာကြပြီး အပျော်ကြည့်ဖို့ အဝတ်အစားတွေလဲကာ ရောက်လာခဲ့ကြသည်။

မစ်စ်ချီက သူမရဲ့ခေါင်းကိုပုတ်ပြီး ငိုထားလို့ နီရဲ‌နေတဲ့ ဝမ်ဟုန်ဟွားရဲ့မျက်လုံးတွေကို ကြည့်ကာ သူမရဲ့အသံတွေ အက်ကွဲလာခဲ့သည်။ ပြပွဲကြီးတစ်ခုကို ကြည့်နေရသလိုဖြစ်နေခဲ့သည်။

" အိုး၊ ဟုန်ဝူရဲ့ ဇနီးလေး၊ ညကြီးမိုးချုပ်မှ ဘာလို့ငိုနေရတာလဲ? "

ဝမ်ဟုန်းဟွာက သူမ အမေသေသွားသလို ငိုနေခဲ့ပြီး ခြံထဲမှာ ခုန်ပေါက်နေခဲ့သည်။

" ငါ့ယောက္ခမက သေပြီ။ သူလဲ ဘဝမှာ မကောင်းမှုတွေအများကြီး လုပ်ခဲ့တာပဲ။ နောက်ဘဝမှာ လူဖြစ်မှာ မဟုတ်ဘူး၊ ဒါပေမယ့် ခွေးတော့ဖြစ်လိမ့်မယ်! နင်တို့ကို စက္ကူပိုက်ဆံတွေ အများကြီးပေးမယ်၊ ဒါမှ ငါ့ယောက္ခမကြီး နောက်ဘဝမှာ ကောင်မစုတ်အဖြစ် လူဝင်စားမဖြစ်မှာ! "

အသက်ရှင်နေသေးတဲ့ လီအိုက်ဖုန်း - " ... "

All Chapters