အခန်း (၁၀၁)
Vol. 9 Ch. 101
ဒုတိယကိုယ်ဝန်လွယ်ဖို့အတွက်၊ လင်းဟုန်နက အားထုတ်နေခဲ့ပြီး သူမဦးနှောက်ကို အလုပ်ပေးခဲ့သည်။
စွင်းထျန်းယိုက အားနည်းပြီး သူ့ရဲ့သားကြီးက သူနဲ့မထိုက်တန်ပေ။ သားတွေ ထပ်မမွေးနိုင်ရင်၊ စွင်းမိသားစုထဲမှာ ရပ်တည်နိုင်မှာ မဟုတ်ပေ။ ဘယ်အချိန်ပဲဖြစ်ဖြစ်၊ ကလေးများများမွေးဖို့က အမျိုးသမီးတစ်ယောက်အတွက် မှန်ကန်တဲ့အရာဖြစ်သည်။
ဒါပေမယ့်၊ သားတစ်ယောက်မွေးဖို့က အမျိုးသားရော၊ အမျိုးသမီးရော အားထုတ်ဖို့ လိုအပ်သည်။
လင်းဟုန်နက ငယ်ရွယ်လှပခဲ့ဖူးပါသည်။ စွင်းထျန်းယိုကို မွေးပြီးကတည်းက၊ ကလေးကို နို့တိုက်ရပြီး နေ့တိုင်း အိမ်မှာ အိမ်အလုပ်တွေ လုပ်ခဲ့ရသည်။ စွင်းထျန်းယိုက ညမှာ ခနခနနိုးလာတတ်သည်။ စွင်းရဲ့အမေနဲ့ စွင်းကျားလျန်တို့က တစ်နေကုန် သူတို့ရဲ့ချစ်စရာကလေးအကြောင်းကို ပြောကြသည်။ ညပိုင်း၊ ကလေးနို့တောင်းတဲ့အချိန်မှာတော့၊ ဝက်အသေကောင်တွေလိုပဲ အကုန်လုံး အိပ်နေခဲ့ကြပါသည်။
လင်းဟုန်နက ကလေးကို သူမကိုယ်တိုင် ဂရုတစိုက်စောင့်ရှောက်ခဲ့သည်။ နို့တိုက်ရသည်၊ ဒိုက်ပါလဲပေးရသည်၊ ကလေးကို ထိန်းရသည်။ စွင်းထျန်းယို အိပ်ပျော်သွားတဲ့အခါ၊ သူမက အနံ့ထွက်နေတဲ့ ဒိုက်ပါတွေကို လျှော်ဖို့ ခြံထဲကို သစ်သားဇလုံနဲ့ သယ်သွားခဲ့သည်။ သူမက နေ့တိုင်း အလုပ်တွေပိုလုပ်ခဲ့ရသည်။
တစ်နှစ်ခွဲအတွင်းမှာ၊ သူမက အဆီပြန်နေတဲ့ဆံပင်တွေ၊ ညစ်ပတ်နေတဲ့မျက်နှာနဲ့ ခန္ဓာကိုယ်က ပုံစံပျက်လာခဲ့သည်။ သူမက အသက် ၈/၉ နှစ်လောက် ပိုကြီးလာခဲ့သည်။ စွင်းကျားလျန်က သူမကို မထိချင်တာကို မပြောနဲ့ဦး။ တစ်ခါတစ်ရံ၊ ကလေးမွေးပြီးနောက် ကျန်ခဲ့တဲ့ သူမရဲ့ဗိုက်ပေါ်က အကြောပြတ်ရာတွေကိုတောင် မြင်နေရသည်။ ဒီရုပ်ဆိုးတဲ့ အကြောင်းကြီးတွေကို လက်ခံဖို့ ခက်ခဲနေခဲ့သည်။
လင်းဟုန်နက သူမအတွက်သူမ အစီအစဉ်တွေ ဆွဲခဲ့ရသည်။ စွင်းထျန်းယို တစ်နှစ်ပြည့်တဲ့အခါ၊ သူမယောက္ခမက ကန့်ကွက်ခဲ့ပေမယ့်၊ သူမသားကို နို့ဖြတ်ခဲ့သည်။ စွင်းအဖေက ဒါရိုက်တာအဖြစ် မီးလုံးစက်ရုံကို ပြန်သွားခဲ့သည်။ အမျိုးသမီးတွေကလဲ ကောင်းကင်တစ်ဝက်ကို သယ်ထားနိုင်တယ်ဆိုတာကို၊ သူမက ပြောပြခဲ့သည်။ အိမ်မှာ အသုံးမကျတာမျိုး မဖြစ်ချင်ပေ။ စက်ရုံမှာ ယာယီအမျိုးသမီး အလုပ်သမားအဖြစ် နောက်တစ်ခေါက် အလုပ်လုပ်ချင်ပြီး ကိုယ့်ရာထူးနဲ့ကိုယ် တောက်ပချင်သည်။
စွင်းအဖေက နောက်တစ်နှစ်ခွဲလောက်အထိ အိမ်မှာ အလုပ်မရှိဖြစ်နေခဲ့သည်။ အတိတ်မှာတုန်းက၊ သူ့လက်ထဲမှာ အာဏာရှိခဲ့တာဖြစ်ပြီး ဘာမှမတတ်နိုင်ပေမယ့် ဒေါသထွက်နေခဲ့သည်။ သူ့ရဲ့သားသမီးသုံးယောက်က ဘာမှတိုးတက်မှုမရှိပဲ ဒီတိုင်းနေနေကြတာဖြစ်သည်။ ဘဝမှာ သူ့ရဲ့ချွေးမက အရမ်းလေ့လာလိုက်စားတယ်ဆိုတာကို တစ်ယောက်ယောက်ဆီက ကြားခဲ့ရတာကြောင့်၊ သူက ပျော်ရွှင်ခဲ့ပြီး စိတ်သက်သာရာရခဲ့သည်။
လင်းဟုန်နက တိုးတက်ဖို့အတွက် ခြေတစ်လှမ်းနောက်ဆုတ်ခဲ့ပြီး သူမရဲ့ ယောက္ခထီးအတွက် အားပေးဖို့လုပ်နိုင်ခဲ့သည်။ သူ့ရာထူးကိုပြန်ရခဲ့ပြီး၊ အလုပ်ရုံမှာ သူ့ချွေးမကို ယာယီအမျိုးသမီး အလုပ်သမားအဖြစ် အလုပ်လုပ်ဖို့ ခွင့်ပြုမပေးနိုင်ခဲ့ပေ။ မီးလုံးစက်ရုံမှာ အလုပ်ကောင်းနည်းနည်းသာရှိခဲ့ပြီး တစ်ခုချင်းစီက ခက်ခဲပါသည်။ အလုပ်က တစ်လထက်ပိုပြီး လုပ်ရသည်။ မီးလုံးစက်ရုံက အမျိုးသမီးထုတ်လွှင့်သူတစ်ယောက် အိမ်ထောင်ကျပြီး စက်ရုံကထွက်သွားတဲ့အခါ၊ မီးလုံးစက်ရုံရဲ့ ထုတ်လွှင့်တဲ့အလုပ်နေရာက လစ်လပ်သွားပြီဖြစ်သည်။
လင်းဟုန်နက မန်ဒရင်စကားကို ပိုင်ပိုင်နိုင်နိုင်ပြောတတ်တာကြောင့် မီးလုံးစက်ရုံမှာ ထုတ်လွှင့်သူအဖြစ် အလုပ်လုပ်ဖို့က သူမအတွက် သဘာဝကျပါသည်။
လင်းဟုန်နက သူမမျှော်မှန်းထားတဲ့ အလုပ်ကောင်းကို ရရှိခဲ့သည်။ နေ့တိုင်း အလုပ်ခန်းထဲမှာ ရေနွေးကြမ်းအိုးကို ကိုင်ပြီး၊ ရေနွေးကြမ်းသောက်ကာ ဆွယ်တာတွေ ထိုးပြီး အချိန်ကျလာတဲ့အခါ၊ ရေဒီယိုဖွင့်ကာ သီချင်းနားထောင်ခဲ့သည်။ သူမရဲ့အလုပ်က အလွန်လွယ်ကူခဲ့သည်။
မီးလုံးစက်ရုံရဲ့ ထုတ်လွှင့်သူက တစ်လကို ၂၅ ယွမ် ရရှိသည်။ လင်းဟုန်နက သူမရှာတဲ့ ပိုက်ဆံကို သူမဘာသာသုံးခဲ့သည်။ သူမ အဖွားကြီးကို လစာအပ်ဖို့ မလိုပေ။ သူမအတွက်ပဲ ပိုက်ဆံသုံးလို့ရသည်။
ဒီခေတ်မှာ၊ မြို့ကြီးက မိန်းကလေးတွေက သူတို့ရဲ့ဆံပင်ကို ပုခုံးတင်လေး ကောက်ဖို့ ဆံသဆိုင်တွေကို သွားကြသည်။ ချစ်စရာကောင်းကြပြီး ဖက်ရှင်ကျကြသည်။ မြို့ထဲက ဇနီးငယ်လေးတွေနဲ့ မိန်းမပျိုတွေကလဲ ဒီခေတ်ရေစီးကြောင်းနောက်ကို လိုက်ကြပါသည်။ မြို့ထဲမှာ သင့်တော်တဲ့ ဆံပင်ပုံစံမရှိကြပေ။ စတိုးဆိုင်မှာတော့၊ အိမ်မှာ ဆံပင်ကောက်ဖို့အတွက် ဘဲဥပုံစံသံချောင်းတွေကို သုံးခဲ့ကြသည်။ သူတို့ရဲ့အရည်အချင်းတွေက မပြည့်စုံခဲ့ကြပေ။ ပြီးတော့ ထွက်လာတဲ့ရလာဒ်တွေက အကုန်လုံးထူးဆန်းနေခဲ့ကြပါသည်။
လင်းဟုန်နကလဲ သူမရဲ့ဆံပင်ကို လှိုင်းတွန့်ပုံစံလုပ်ခဲ့ပြီး မိတ်ကပ်လိမ်းကာ ဝတ်စားထားခဲ့သည်။
တစ်ကယ်တော့ သူမက စွင်းကျားလျန်ရဲ့ အာရုံစိုက်မှုကိုရဖို့အတွက် ဒါကိုသုံးချင်ခဲ့တာပါ၊ ဒါမှ သူမတို့ နောက်ထပ်သားတစ်ယောက်မွေးနိုင်မည်ဖြစ်သည်။
စွင်းကျားလျန်က နှလုံးသားမရှိတဲ့ ကောင်စုတ်တစ်ယောက်ဖြစ်ပြီး၊ သူဆုံခဲ့တဲ့လူတိုင်းနဲ့ ချစ်မိသွားတတ်တယ်ဆိုတာကို ဘယ်သူသိမှာလဲ။ ကောင်တီယဉ်ကျေးမှုသဘင်အဖွဲ့က ဖျော်ဖြေဖို့ လာခဲ့ကြပြီး ၁၇/၁၈ အရွယ် မိန်းကလေးအုပ်စုက အပြင်ဘက်မှာထိုင်နေကာ နေမထွက်ခင်အထိ နေ့တိုင်း သီချင်းသီဆိုကြသည်။ ဒီမိန်းကလေးတွေအားလုံး လှပကြသည်။ သူတို့က အဆို၊အကမှာ တော်ပြီး မြို့ထဲက လူငယ်တွေကို ရင်ခုန်အောင်လုပ်နိုင်ပြီး ကောင်မလေးတွေကို တွေ့ဖို့ ပြေးသွားအောင် လုပ်နိုင်တဲ့အထိ အသံကောင်းသည်။
စွင်းကျားလျန်က ဘယ်လိုမှ မတတ်နိုင်ပဲ၊ နှလုံးသားထဲမှာ ရွစိရွစိဖြစ်လာခဲ့တာကြောင့်၊ သူ့ရဲ့အထုတ်အပိုးတွေနဲ့ အလုပ်ဆင်းပြီးတဲ့နောက်မှာ လမ်းအကြာကြီး လျှောက်ခဲ့ပြီး အနုပညာသဘင်အဖွဲ့တွေ အပြင်ထွက်ကြတဲ့ ရင်ပြင်ကို ပတ်လျှောက်နေခဲ့သည်။ ခေါက်တုန့်ခေါက်ပြန် လျှောက်ပြီးတဲ့နောက်မှာ၊ အနုပညာသဘင်အဖွဲ့ထဲက မိန်းကလေးတစ်ယောက်နဲ့ မျက်လုံးချင်းဆုံမိခဲ့သည်။
စွင်းကျားလျန်က မိသားစုကောင်းက လာခဲ့တာဖြစ်ပြီး တည်ကြည်နူးညံ့တဲ့ ပုံစံရှိသည်၊ ပြီးတော့ သူက အိမ်ထောင်ကျပြီး၊ ကလေးနှစ်ယောက်အဖေဖြစ်တယ်ဆိုတဲ့ အချက်ကိုတော့ တမင်တကာ ဖုံးကွယ်ထားခဲ့ပြီး စကားပြောကောင်းကာ ဟာသဉာဏ်ရွှင်ရွှင်နဲ့ ပြောဆိုဆက်ဆံခဲ့သည်။
မိန်းကလေးက ငယ်ရွယ်လှပခဲ့ပြီး သူနဲ့အတူနေထိုင်ခဲ့သည်၊ တစ်ခြားသူတွေရဲ့အမြင်မှာတော့၊ သူတို့က အရည်အချင်းရှိပြီး လှပတဲ့ စုံတွဲနဲ့ ဆင်တူကြသည်။
စွင်းကျားလျန်ရဲ့ အပြုအမူတွေကို လက်မခံနိုင်တဲ့ မီးလုံးစက်ရုံက အမျိုးသမီးအလုပ်သမားတွေက ရင်ထဲရှိတဲ့အတိုင်းပြောကြတော့သည်။ ဒါကြောင့် စကားတွေက အိမ်မှာ ကလေးထိန်းနေခဲ့ရတဲ့ လင်းဟုန်နဆီကို ပျံ့နှံ့လာခဲ့ကြသည်။
လင်းဟုန်နက ခေါင်းတွေချာချာလည်အောင် ဒေါသထွက်နေခဲ့ပြီး မီးလုံးစက်ရုံဆီကို သွားတဲ့တစ်လမ်းလုံးမှာ စွင်းကျားလျန်နောက်ကို လိုက်နေခဲ့သည်၊ အလုပ်လုပ်ပြီးတဲ့နောက်မှာ စွင်းကျားလျန်နဲ့ အဲ့ဒီကောင်မစုတ်က ရယ်မောကာ စကားပြောနေခဲ့ကြသည်။
ကောင်မစုတ်က အသံကိုဖွင့်ပြီး သီချင်းစာသားအနည်းငယ်ကို သီဆိုပြခဲ့သည်။ စွင်းကျားလျန်က သူမရဲ့ဘေးမှာ ရှိနေခဲ့သည်။ သူက လက်ခုပ်တီးအားပေးခဲ့ပြီး သုံးရက်လောက် ကုန်ဆုံးသွားသလိုထင်ရပြီး သဘာဝရဲ့တေးသံလေးလိုပဲဟု သီချင်းကို အရမ်းချီးကျူးခဲ့သည်။
စွင်းကျားလျန်ရဲ့ စကားလုံး ချိုချိုလေးတွေက လူတွေရဲ့နားကို ကလိကလိဖြစ်စေခဲ့ပြီး ကောင်မစုတ်ရဲ့ပါးပေါ်မှာ လှပတဲ့တိမ်စိုင်နှစ်ခုကို ဖြတ်ပြေးသွားစေခဲ့သည်။
လင်းဟုန်နက သူမရဲ့သွားတွေကို ချိုးမိတော့မလို့ပါပဲ။ စွင်းကျားလျန်က သူမကို ဖောက်ပြန်ခဲ့သည်။ သူမ လက်စားချေမှာကို အပြစ်မတင်နဲ့!
နောက်တစ်နေ့ညနေ ၆နာရီလောက်မှာ၊ မြို့ထဲက စက်ရုံအလုပ်သမားတွေ အလုပ်ကနေ အိမ်ကိုပြန်လာကြတဲ့အချိန်၊ လင်းဟုန်နက ရေဒီယိုအခန်းထဲမှာ နားဝင်ချိုတဲ့သီချင်းတစ်ပုဒ်ကို ဖွင့်ထားခဲ့ပြီး သူမကို အချိန်အကြားကြီး ပိုးပန်းခဲ့တဲ့ ဘွိုင်လာသမားနဲ့ ကာမဆက်ဆံနေခဲ့သည်။
တစ်လကြာပြီးနောက်မှာ၊ စွင်းမိသားစုက ညစာစားပွဲမှာ စားသောက်နေခဲ့ကြသည်။ သူမ အစာအိမ်ကလိုလိုလားလားနဲ့ တောင့်တနေတဲ့အချိန်မှာ လင်းဟုန်နက အဆီအနှစ်နဲ့ ပြည့်နေတဲ့ဝက်သားတုံးကို ယူလိုက်ပြီး သူမပါးစပ်ထဲကို ထည့်မလို့လုပ်ခဲ့သည်။ ပြီးတော့ သူမပါးစပ်ကိုအုပ်လိုက်ပြီး ပျို့အန်ချင်နေခဲ့သည်။
စွင်းအမေက သူမကို ဟန်ဆောင်ကောင်းမှုကြောင့် ဆူမလို့ လုပ်ခဲ့သည်။ ရုတ်တစ်ရက် သူမက တစ်ခုခုကို စဉ်းစားမိသွားတဲ့အခါ၊ သူမလက်ခုပ်တီးလိုက်ပြီး ပျော်ရွှင်စွာနဲ့ ပြောခဲ့သည်။ " ငါတို့မိသားစုရဲ့ ချွေးမကောင်းလေးက နောက်ထပ်ကလေးတစ်ယောက်ရတော့မှာ မဟုတ်ဘူးလား? "
စွင်းအဖေ - " ဘာဖြစ်နေကြတာလဲ? "
" တုံးအလိုက်တဲ့ အဖိုးကြီး၊ နောက်ထပ် မြေးတစ်ယောက် ရပြီလို့! "
" ... "
အဖိုး၊အဖွားတွေကတော့ ဧည့်ခန်းထဲမှာ ပျော်ရွှင်စွာနဲ့ ပြုံးပျော်နေခဲ့ကြပေမယ့် ရေချိုးခန်းထဲမှာ၊ လင်းဟုန်နက ထိတ်လန့်နေတဲ့မျက်နှာနဲ့ သူမရဲ့ဗိုက်ကို ကိုင်နေခဲ့တာကိုတော့ ဘယ်သူမှ သတိမထားမိခဲ့ကြပေ။ သူမရဲ့ဗိုက်ထဲက အရာက ဘယ်သူ့ကလေးလဲဆိုတာကို သူမ တစ်ကယ်ကို သေချာမသိခဲ့ပေ!
*
နဂါးလှေပွဲတော်ပြီးတဲ့နောက်မှာ၊ နွေရာသီအစောပိုင်းရဲ့ အလွန်ပူပြင်းတဲ့အပူချိန်က ယွင်ရွှေကောင်တီကို လွှမ်းခြုံထားခဲ့သည်။
ကျန်းဆွေ့လန်က ကယ်ဆယ်ခဲ့သော ကောင်လေးက ကောင်တီပြည်သူ့လုံခြုံရေးဌာနရဲ့ တာဝန်ကျအခန်းထဲမှာ နေထိုင် စားသောက်နေခဲ့သည်။ ကောင်တီပြည်သူ့လုံခြုံရေးဌာနရဲ့ တာဝန်ကျအခန်းက သေးငယ်တဲ့ရုံးခန်းလေးတစ်ခုဖြစ်သည်။ သူက နွေရာသီဆို ဒီထဲမှာ အိပ်စက်ခဲ့သည်။ ကျဉ်းမြောင်း၊ ပူလောင်ပြီး လေဝင်လေထွက်မရှိခဲ့ပေ။ တစ်ခါတစ်လေ ခြင်ကိုက်တာတွေက ပြည်သူ့လုံခြုံရေးဌာနက လူငယ်တွေအတွက်တောင်မှ သည်းမခံနိုင်စရာဖြစ်ခဲ့သည်။
ကလေးက တာဝန်ကျအခန်းထဲမှာပဲ သူ့အခန္ဓာကိုယ်မှာ အဖုအပိန့်တွေ၊ ကုတ်ခြစ်တာကြောင့် သွေးထွက်ထားတဲ့အနာတွေနဲ့ ရက်အနည်းငယ်လောက် နေထိုင်ခဲ့ပေမယ့် တစ်ခုခုပြောဖို့ကို သူအရမ်းစဉ်းစားနေခဲ့ပါသည်။
ရှာတွေ့ခဲ့တဲ့ ပြည်သူ့လုံခြုံရေးဌာနက ကလေးမလေးကြောင့်သာ မဟုတ်ရင်၊ ဒီကလေးက အများကြီး ခံစားခဲ့ရလောက်ပါသည်။
ထို့အပြင်၊ ဒီကလေးက လုံ့လဝီရိယလဲရှိပြီး နာခံတတ်သည်။ နေ့ဘက်မှာ၊ သူက ပြည်သူ့လုံခြုံရေးဌာနက ရဲဘော်တွေကို သန့်ရှင်းရေးနဲ့ ပစ္စည်းတွေပြန်လည်နေရာချထားရာမှာ ကူညီပေးခဲ့သည်။ သူအလုပ်မရှိတဲ့အချိန်၊ ငြိမ်ငြိမ်လေး ထိုင်နေခဲ့ပါသည်။
ကုရှီအန်းက ကုသို့သို့ကို ရုံးကို ခေါ်လာခဲ့သည်။ တစ်ခါတစ်လေ သူက အလုပ်ရှုပ်နေခဲ့ပြီး ဖက်တီးလေးကို ဂရုမစိုက်နိုင်ခဲ့ပေ။ ဒါကြောင့် ကလေးက လာပြီး ကုသို့သို့ကို စောင့်ရှောက်ပေးခဲ့သည်။ ကုသို့သို့က သူ့အစ်ကိုကြီးနဲ့ စကားပြောကာ ဘဲလေးတွေ၊ ငါးလေးတွေနဲ့ ဆော့နေခဲ့ပြီး အချိန်ကောင်းလေးကို ကုန်ဆုံးခဲ့သည်။
ဒီရက်ပိုင်း ကောင်တီပြည်သူ့လုံခြုံရေးဌာနမှာ အမှုကိစ္စတွေ များနေခဲ့ပြီး ဒီနွေက အလွန်အမင်း ပူပြင်းလှပါသည်။ ပြည်သူ့လုံခြုံရေးဌာနက ရဲဘော်တွေက ဆာလောင်နေခဲ့ကြတာကြောင့် အိမ်က အမျိုးသမီးက အပူဒဏ်ကနေ သက်သာရာရဖို့ ဖရဲသီးတစ်ချို့နဲ့ ဆေးဖက်ဝင်လက်ဖက်ရည်ကို အိမ်ကနေ ယူလာတတ်သည်။
လင်းယောင်ကလဲ အိမ်လုပ်အဆာပြေမုန့်တွေနဲ့ ပူဒီနာပျားရည်ရေနွေးကြမ်းကို နှစ်ခါတောင် လာပို့ပေးခဲ့ပါသည်။ ကလေးက ယဉ်ကျေးပြီး အသိပညာရှိတဲ့ကလေးဆိုတာကို မြင်ရပြီး၊ ညမှာ အစ်ကိုကြီးထို့ထို့ဆီက ဒီကလေးက ညဆို တစ်ယောက်တည်းနေရတယ်ဆိုတာကို ကြားသိခဲ့ရသည်။ သူက ဂျူတီစောင့်သည့်အခန်းထဲမှာ အိပ်စက်ခဲ့ရသည်။ မနေ့က ဖက်တီးလေးကို ခေါ်လာတဲ့အခါ၊ ကုသို့သို့က ကျယ်လောင်စွာ အော်ဟစ်ခဲ့ပြီး ကလေးနှစ်ယောက်က ခွဲခွာဖို့ တွန့်ဆုတ်နေခဲ့ကြသည်။
ညဘက်မှာ ကောင်လေးကို ပြည်သူ့လုံခြုံရေးဌာနမှာ အိပ်ခိုင်းမယ့်အစား၊ အိမ်ကိုခေါ်လာပြီး သုန်ဇီနဲ့ တစ်ခန်းထဲသိပ်လိုက်မလားလို့ လင်းယောင်က လက်ထောက်ဒါရိုက်တာကုနဲ့ ဆွေးနွေးနေခဲ့သည်။ ဒီနည်းက၊ ကလေးကို ပိုပြီးသက်တောင့်သက်သာနဲ့ အိပ်ပျော်စေနိုင်ပြီး ရဲဘော်ဆွေ့လန်ရဲ့ သံသယစိတ်ကိုလဲ ပျောက်စေနိုင်လိမ့်မည်ဖြစ်သည်။ မဟုတ်ရင် အမေက သူကယ်လာခဲ့တဲ့ ကလေးက ဘယ်လိုနေလဲဆိုတာကို အမြဲစိတ်ပူနေခဲ့ပြီး သူမရဲ့စိတ်အခြေအနေလဲ ဆိုးနေခဲ့ပါသည်။
လင်းယောင်က ကောင်လေးကို အိမ်ခေါ်လာခဲ့ပြီး သူ့အသက်က ၆ နှစ် ဆိုတာကိုလဲ သိခဲ့ရသည်။
သူ့နာမည်က အန်အန်း ဖြစ်ပြီး သူ့ရဲ့မိသားစုနာမည်က ချန်းဖြစ်သည်။ ဒါကြောင့် သူ့နာမည်က ချန်ဖင်းအန် ဖြစ်သည်။ သူ လေး၊ငါးနှစ်အရွယ်တုန်းက၊ ဆွေမျိုးတွေဆီ အလည်သွားဖို့ သူ့အမေက သူ့ကို ရထားနဲ့ ခေါ်သွားခဲ့တာဖြစ်သည်။ လမ်းမှာ၊ ဖင်းအန်က ဘေးကကားတစ်စီးဆီကို ပြေးသွားခဲ့သည်။ ဆော့ကစားနေရင်း၊ သူစိမ်းအမျိုးသမီးတစ်ယောက်ပေးတဲ့ ရေကို သောက်ခဲ့ပြီး ရောင်းစားခံခဲ့ရကာ မူးဝေပြီး နိုးထလာခဲ့ရသည်။
ရှောင်ဖင်းက လူကုန်ကူးသမားတွေနဲ့ ဆုံတဲ့အခါ၊ သူ့မိဘတွေရဲ့နာမည်တွေကို မှတ်မိနိုင်ဖို့ အရမ်းငယ်လွန်းနေခဲ့သည်။ သူ့အဖေက စစ်ဝတ်စုံနဲ့ စစ်သားတစ်ယောက်ဆိုတာရယ်၊ သူ့အမေရဲ့နာမည်က ရွှယ်မေ့ကျွမ်းဆိုတာကိုပဲ သူမှတ်မိခဲ့သည်။ တစ်ခြားဘာကိုမှ သူသတိမရခဲ့ပေ. .
ရှောင်ဖင်း ခြံဝင်းထဲကို ရောက်လာတာနဲ့၊ ကုသို့သို့က သူ့ဆီကို ခြေထောက်ဖောင်းဖောင်းလေးတွေနဲ့ ပျော်ရွှင်စွာ ခုန်ပေါက်ကာသွားခဲ့ပါသည်။ ကုရှီတုန်းကလဲ သူငယ်ချင်းလေးတစ်ယောက်ရတာကို အလွန်ပျော်ရွှင်နေခဲ့ပါသည်။ သူ့ရဲ့သူငယ်ချင်းက သူနဲ့တစ်ခန်းတည်းတူတူအိပ်ရမှာကို သိတော့၊ အမြန်အိမ်ကိုပြန်ကာ သူ့ရဲ့ခွေးအိမ်လေးကို ရှင်းလင်းပါတော့သည်. . .
ဒီည လက်ထောက်ဒါရိုက်တာကု အချိန်ပိုလုပ်ရင်း အိမ်ကိုပြန်မလာဘူးဆိုတာကို လင်းယောင်က မှတ်မိနေခဲ့တာကြောင့် သူမက ကျန်းဆွေ့လန်ကို နှုတ်ဆက်သွားခဲ့သည်။
" အမေ၊ အိမ်က ကလေးသုံးယောက်က အိမ်မှာကျန်ခဲ့မှာ။ ကုရှီအန်းကို အစားအသောက်တစ်ချို့ သွားပို့ပေးလိုက်ဦးမယ်။ "
သူမ မသွားရင်၊ ဒီလူကြီးက အစားစားဖို့တောင် မေ့လောက်တဲ့အထိ အရမ်းအလုပ်ရှုပ်နေမှာ ဖြစ်သည်။
" ဟုတ်ပြီ၊ ယောင်ယောင် မိုးရွာတော့မယ့်ပုံပဲ၊ ထီးယူသွားဦးနော်။ "
" ဟုတ်။ "
လင်းယောင်က ပြန်ဖြေခဲ့သည်၊ လတ်လတ်ဆတ်ဆတ်ပြင်ဆင်ထားတဲ့ ဝက်ပေါင်ခြောက်ကြော်၊ အစိမ်းကြော်နဲ့ ကြက်ဥထမင်းကြော် နှစ်ပန်းကန်ကို နေ့လည်စာထမင်းဘူးထဲမှာ တစ်ခုချင်းထည့်ပြီး ကောင်တီပြည်သူ့လုံခြုံရေးဌာနကို ယူသွားခဲ့ပါသည်။
ကုရှီတုန်းက အခန်းထဲကထွက်လာတဲ့ အမွှေးနံ့ကို ရခဲ့ပြီး မေးခဲ့သည်။
" မေမေ၊ မရီးက အရသာရှိတဲ့အစားအသောက်တွေ ချက်ပြန်ပြီလား? "
" ကောင်စုတ်လေး၊ စားဖို့ပဲ သိတာလား! "
"အမေကလည်း ဗိုက်မဆာရအောင် သံတွေစတီးတွေနဲ့လုပ်ထားတာမှမဟုတ်တာ "
" ဟုတ်ပါပြီ၊ နင့်ရဲ့ခွေးအိမ်ကို ရှင်းဦး၊ လုံခြုံအောင် ခွေးခြေရာတွေကိုပါ ဆေးထား၊ ပြီးရင် မြန်မြန်လာစားတော့။ မင်းမရီးက အိုးထဲမှာ ဟင်းနည်းနည်းချန်ပေးခဲ့တယ်။ "
" ဟုတ်ကဲ့။ "
ကုရှီတုန်းက ပျော်ရွှင်စွာ ခုန်ပေါက်နေခဲ့ပြီး ညီအစ်ကိုသုံးယောက် လက်ဆေးပြီး အတူတူစားနေတဲ့အချိန်၊ ကုသို့သို့ကို ချီထားပေးဖို့ ရှောင်ဖင်းကို တောင်းဆိုခဲ့သည်။
ရှောင်ဖင်းအန်က နဂိုတုန်းက ပြည်သူ့လုံခြုံရေးဌာနမှာ စားသောက်ခဲ့ရတာဖြစ်သည်။ အခု၊ အဒေါ်လင်း ချက်တဲ့ အရသာရှိတဲ့ အစားအသောက်တွေကို အနံ့ခံမိခဲ့ပြီး သူလဲ စားချင်နေခဲ့သည်။
ကျန်းဆွေ့လန်က ကလေးသုံးယောက် စားသောက်နေတာကို ကြည့်နေခဲ့သည်။ ကုမန်ဆန်က ပန်းကန်တွေနဲ့ တူတွေကို သိမ်းပေးခဲ့သည်။ သူမက ဆေးကြောပြီး ရေစစ်ခဲ့သည်။ သူမက ပေါက်ပြားကို ယူလိုက်ပြီး စိုက်ခင်းအသေးလေးထဲက မြေဆွေးအခဲတွေကို တစ်ခုပြီးတစ်ခု ခြေခဲ့သည်။ မုန်လာဥစိမ်းတစ်စည်းလောက်ကို တူးလိုက်ပြီး ဝါးခြင်းတောင်းထဲကို ပစ်ထည့်လိုက်သည်။ ရေနဲ့ သေချာဆေးကြောပြီး အတုံးလေးတွေ လှီးဖြတ်ခဲ့သည်၊ နေပူလှန်းပြီး မုန်လာဥ အချဉ်ဖောက်ကာ အခြောက်အတိုင်း စားခဲ့ကြသည်။
ကုရှီတုန်းက သူ့ရဲ့ပေါက်ပြားလေးနဲ့ ခုန်ပေါက်နေခဲ့သည်။ ဒီကောင်စုတ်လေးက ရှောင်ဖင်းအန်းလောက်တောင် မကောင်းဘူး။ သူက သူ့ဖင်လေးကို နောက်ပစ်ပြီး သီချင်းညည်းကာ မုန်လာဥတွေကို ဘယ်လိုဆွဲထုတ်ပြီး ကူညီရမလဲဆိုတာလဲ သိနေခဲ့သည်။
ကျန်းဆွေ့လန်က ရှင်းရှင်းပဲ သူမရဲ့သားကို ကြက်သွန်မြိတ်တွေ ရေလောင်းဖို့ ခိုင်းခဲ့သည်။
ကြက်သွန်မြိတ်တွေက အကြမ်းခံနိုင်ပြီး ဆောင်းတွင်းအစောပိုင်းက ရေခဲမှတ်အောက် အပူချိန်တွေမှာ ရှင်သန်နိုင်သည်။ သူတို့ကို မြေဩဇာထည့်ပြီး ဝီရိယရှိစွာ ရေလောင်းတာနဲ့၊ သူတို့က ဆက်လက်ကြီးထွားကြပြီး အကုန်လုံးကိုတောင် စားနိုင်မှာ မဟုတ်ပေ။
ကုရှီတုန်းက သူ့အမေပေးတဲ့ အလုပ်နဲ့ အလွန်ကျေနပ်နေခဲ့သည်။ သူ့မရီးက သူဟာ မိသားစုထဲက လူငယ်တစ်ယောက်ဖြစ်ပြီး ဒီလိုခွန်အားသုံးရတဲ့အလုပ်တွေကို လုပ်ရမယ်လို့ ပြောထားခဲ့သည်။
ကောင်တီပြည်သူ့လုံခြုံရေးဌာနမှာ၊ လင်းယောင်က အစားအသောက်ကို ပို့ပေးခဲ့သည်။ ကုရှီအန်းက သူ့ဇနီးလာနေပြီဆိုတာကို ကြားတဲ့အခါ၊ သူ့လက်ထဲက အလုပ်ကိစ္စတွေကို ချက်ချင်းပစ်ချထားခဲ့ပြီး သူမကို ကြိုဖို့ သူ့ရဲ့ခြေတံရှည်ကြီးတွေနဲ့ လမ်းလျှောက်ကာထွက်လာခဲ့သည်။
အပြင်မှာ ပူနေခဲ့ပြီး လင်းယောင်ရဲ့ နှင်းလိုဖြူတဲ့မျက်နှာလေးက နေကြောင့် ရဲနေခဲ့သည်။ ကုရှီအန်းက မျက်မှောင်ကြုတ်လိုက်ပြီး စစ်ရေနွေးအိုးကို ဖွင့်ကာ ပူဒီနာပျားရည် ရေနွေးကြမ်းကို တစ်ခွက်ငှဲ့ပေးခဲ့သည်။ ပူဒီနာရေနွေးကြမ်းက လန်းဆန်းစေပြီး ချိုတဲ့အရသာအတွက် ပျားရည်ထည့်ထားတာကြောင့် အပူဒဏ်ကို သက်သာစေသည်။
" ဒီလောက်ပူနေတာကို၊ ဘာလို့ အိမ်မှာ မနားတာလဲ? " လင်းယောင်က ရေနွေးကြမ်းကို တစ်ငုံသောက်လိုက်ပြီး ဘေးမှာ ဘယ်သူမှမရှိတာကို တွေ့မှ လက်ထောက်ဒါရိုက်တာကုကို စနောက်ခဲ့ပြီး အပြုံးလေးနဲ့ပြောခဲ့သည်။
" အဆင်ပြေပါတယ်။ ရှင့်ကိုလွမ်းလို့။ ပြီးတော့ ရှင်က အိမ်ပြန်မလာနိုင်ဘူးလေ။ "