အခန်း (၁၀၂)
Vol. 9 Ch. 102
ကုရှီအန်းသည် မျက်ခုံးပင့်ကာ နက်မှောင်သော မျက်လုံးများက ပြုံးနေသည်။
"တကယ်လား?"
"တကယ်ပေါ့"
"ဒါဆို ဒီည..."
လက်ထောက် ဒါရိုက်တာကုက စကားအနည်းငယ် တိုးတိုးပြောလိုက်သည်။ လင်းယောင် ရှက်သွားသော်လည်း ထိုလူ၏မျက်လုံးကို နားမလည်ဟန်ဆောင်ကာ "အိုး သို့သို့က ငယ်သေးတယ်။ သူ ကျွန်မတို့နဲ့ အတူအိပ်မှာပေါ့။ ဒါမှမဟုတ် ရှင်ကြမ်းပြင်မှာအိပ်လိုက်လေ။"
"ဟုတ်ပြီ ရှင့်ကို မပြောတော့ဘူး။ ကျွန်မ လုပ်စရာရှိသေးတယ်။ ထမင်းဘူး ယူပြီးသွားတော့လေ"
လင်းယောင်သည် အဆုံးမရှိ နောင်တရခဲ့သည်။ သူမ အကြောင်းပြချက်ရှာပြီး ထွက်ပြေးသွားသည်။
ကုရှီအန်းက ပြုံးပြီး အဝေးကို ပြေးသွားတဲ့ ကလေးမလေးကို ခဏလောက်ကြည့်နေပြီး ထမင်းဘူးနဲ့ ရုံးကိုပြန်လာခဲ့သည်။
ရုံးထဲတွင် ရွှီရှန်းချန်သည် တစ်နေ့တာလုံး အမှုတွဲမှတ်တမ်းများကို လှန်ကြည့်လိုက်သည်။ ဇွန်းကိုယူ၍ မနက်တုန်းက ရဲဘော်ချွင်မေ လုပ်ပေးလိုက်သော ပန်ကိတ်နှင့် ကန်စွန်းဥဆန်ပြုတ်ကို စားလိုက်သည်။ ရှောင်ဖင်းအန်၏ မိဘများကို မတွေ့ရသေးသဖြင့် စိတ်ပျက်လက်ပျက်ဖြင့် မျက်နှာသစ်ရန် ပြတင်းပေါက်ရှေ့တွင် ရပ်လိုက်သည်။
ကုရှီအန်းသည် နေ့လယ်စာ ထမင်းဘူးနှင့်အတူ ဝင်လာခဲ့သည်။ အစ်ကိုကြီးထို့ထို့သည် ဝမ်းသာအားရဖြင့် ထိုင်ရန် ပြေးလာသည်။ သူ တိတ်တဆိတ် ပျော်ရွှင်နေခဲ့သည်။ သူ အရမ်းကံကောင်းသည်။ သူ့ဗိုက်က အသံမြည်လာတာနဲ့ လောင်ကုက စားစရာယူလာသည်။ သူက တကယ်ကို သူငယ်ချင်းကောင်းတစ်ယောက်ပဲ !
နေ့လည်စာထမင်းဘူးကို ဖွင့်လိုက်သည်နှင့် အစားအသောက်၏ ရနံ့သည် အခန်းတစ်ခုလုံးကို ပြည့်လျှံစေခဲ့သည်။ ဒါက ဆိုင်ချက်တဲ့ ဟင်းမဟုတ်ဘူးဆိုတာ အစ်ကိုကြီးထို့ထို့ သိသည်။ ကန်တင်းရှိ စားဖိုမှူးသည် ထိုကဲ့သို့ မွှေးကြိုင်သော ကြက်ဥထမင်းကြော်ကို မကြော်တတ်ပေ။ ထမင်းကြော်သည် ရွှေရောင်တောက်ကာ ထောပတ်၊ ဝက်ပေါင်ခြောက်နှင့် အနူးညံ့ဆုံးသော မုန်ညင်းစိမ်းများပါရှိသည်။ ထိုအရာအားလုံးကို မျိုချဖို့ မစောင့်နိုင်တော့ပေ။
လင်းယောင်၏ လက်ရာဖြစ်ရမည်။
အစ်ကိုကြီးထို့ထို့က ဝမ်းသာအားရ နှာခေါင်းကို ရှုံ့လိုက်ပြီး ကိုယ်ကိုကိုင်းလာသည်။
" လောင်ကု၊ မင်း ငါ့ကိုတွေ့ရင် မျှဝေရမယ်။ ငါတစ်ကိုက်ကိုက်ပါရစေ။ တစ်ကိုက်ပဲ!"
အစ်ကိုကြီးထို့ထို့သည် အရှက်ကင်းမဲ့ပြီး လက်ထောက်ဒါရိုက်တာကုကို အစာအတွက် နားပူနားဆာလုပ်နေခဲ့သည်။ ကုရှီအန်းက သူ့ကို လျစ်လျူရှုပြီး လက်ကို ဆန့်ထုတ်လိုက်သည်။ လက်ထောက်ဒါရိုက်တာကုက သူ့လက်ကိုရိုက်ပြီး တူတစ်စုံကိုချပေးလိုက်သည်။
"ဒါမင်းရဲ့ဝေစု"
အစ်ကိုကြီးထို့ထို့က ဝမ်းသာအားရ ပြုံးလာသည်။
"ယောင်ယောင်က တကယ်တွေးခေါ်မြော်မြင်တတ်တာပဲ"
ညီအကိုနှစ်ယောက် အစားအစာအားလုံးကို စားပြီး ဖင်းအန်ကိစ္စအကြောင်းကို စတင်ဆွေးနွေးခဲ့သည်။
ကျန်းဆွေ့လန်သည် ရှောင်ဖင်းအန်ကို မတော်တဆ ကယ်တင်ခဲ့ပြီး ဤကြင်နာမှုကြောင့် မထင်မှတ်ထားသောရလာဒ်များကို ရရှိခဲ့သည်။
ရှောင်ဖင်းအန်၏ ဖော်ပြချက်မှတစ်ဆင့် ကောင်တီပြည်သူ့လုံခြုံရေးဌာနသည် အရွယ်မရောက်သေးသောကလေးများကို သူတောင်းစားဖြစ်အောင် အတင်းအကြပ်ခိုင်းစေသော ရာဇ၀တ်ဂိုဏ်းတစ်ခုကို ဖမ်းမိရုံသာမက ရှောင်ဖင်းအန်ကို ဖမ်းဆီးခေါ်ဆောင်သွားသော လူကုန်ကူးသူများကိုလည်း မတော်တဆ ဖော်ထုတ်တွေ့ရှိခဲ့သည်။
အဲဒီလူကုန်ကူးသူတွေကလည်း ရဲရင့်သည်။ မကြာသေးမီနှစ်များအတွင်း ၎င်းတို့သည် ရာဇ၀တ်မှုများကျူးလွန်ရန် နိုင်ငံတဝှမ်းတွင် လှည့်ပတ်နေပြီး ငွေရှာရန်ပစ္စည်းအဖြစ် ကလေးပြန်ပေးဆွဲမှု၊ အထူးသဖြင့် တစ်ယောက်တည်းဖြစ်နေသော အသက်တစ်နှစ်မှ ငါးနှစ်အထိ ကလေးများကို ပစ်မှတ်ထားလျက်ရှိသည်။
ယွင်ရွှေကောင်တီတွင် လူကုန်ကူးသူ အုပ်စုနှစ်စုရှိသည်။တစ်ဖွဲ့က တတိယအဒေါ်တို့ အုပ်စုဖြစ်သည်။ သူတို့သည် အလွန်ကျွမ်းကျင်ရဲရင့်ပြီး အဖိုးတန်သော မိန်းကလေးများကို လူကုန်ကူးကြသည်။ တခြားအုပ်စုက ကလေးတွေကို အထူးပြုရောင်းစားကြသည်။ လူကုန်ကူးသူ အုပ်စုနှစ်စုက တစ်ဖက်ကိုတစ်ဖက် အထင်အမြင်မသေးကြသော်လည်း ၎င်းတို့၏ "စီးပွားရေး" သည် ကွဲပြားပြီး ၎င်းတို့သည် နှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြပါသည်။
ပထမအနေနှင့် တတိယအဒေါ်နှင့် သူ့အဖွဲ့ကို ဖမ်းဆီးခဲ့ပြီး ကျန်အုပ်စုမှာ သူတို့လည်း ဘေးတွေ့ပြီဆိုတာကို မသိကြပေ။ အဖမ်းခံရချိန်မှာတော့ သူတို့က အိမ်မှာ အရက်သောက်ပြီး လက်သီးနဲ့ထိုးနေခဲ့ကြသည်။ ထိုနေ့သည် သူတို့ရဲ့အဆုံးသတ်ဆိုတာကို သူတို့မသိခဲ့ကြပေ။
"လောင်ကု၊ ရှောင်ဖင်းရဲ့မိဘတွေက တကယ်ရှာရခက်တာပဲ"
ရှောင်ဖင်းရဲ့ မှတ်ဉာဏ်အရဆိုလျှင် သူ့မိဘတွေက စစ်သားတွေဖြစ်ပြီး သူ့အမေနာမည်က ရှိုကျွမ်းဖြစ်သည်။ လူကုန်ကူးသူတွေက ဒုစရိုက်မှုများစွာပြုခဲ့ကာ ရှောင်ဖင်းအန်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရောင်းစားခဲ့ပြီး သူတို့ဆီကနေ အသုံးဝင်တဲ့ အချက်အလက်တွေမရပေ။ သဲလွန်စအနည်းငယ်က ကောက်ရိုးပုံထဲမှာ အပ်ပျောက်တစ်ချောင်းကို ရှာရတာနဲ့တူနေသည်။
ကုရှီအန်းက စားပွဲကို တစ်ချက်ကြည့်လိုက်ပြီး ခဏလောက်စဉ်းစားကာ ရုတ်တရက် ပြောလိုက်သည်။
"ဖင်းအန်မှာ သူ့ခန္ဓာကိုယ်မှာ မွေးရာပါ အမှတ်အသားတွေ ရှိလား"
"ရှိသလိုပဲ။ စဉ်းစားလိုက်ဦးမယ်။ စကားမစပ်၊ ဖင်းအန်ရဲ့နားနောက်မှာ မတ်ပဲလောက်ကြီးတဲ့ အနီရောင် မွေးရာပါ အမှတ်အသား ရှိတယ်။"
"..."
ထွက်ပြေးပြီးနောက် လင်းယောင်သည် ဝန်းထဲသို့ ပြန်လာပြီး အိမ်နောက်ဖေးထောင့်တွင် သခွားသီးခူးနေသည့် ယောက္ခမကို တွေ့လိုက်ရသည်။ သူမရဲ့ ဝဝကစ်ကစ်သားလေးက ရှောင်ဖင်းအန်ရဲ့ လက်ထဲကို ပစ်ဝင်နေကာ ယုန်လေးကိုတွေ့ဖို့ ခြံထဲကိုသွားချင်နေခဲ့သည်။
ရှောင်ဖင်းအန်သည် သူ၏ ပါးလျသော လက်နှင့် ခြေထောက်များဖြင့် ကုသို့သို့ ကို လုံးဝ မချီနိုင်ပေ။ သုန်ဇီက သူ့တူလေးကို ချော့ဖို့ ပလုတ်တုတ်အရုပ်ကို လှုပ်လိုက်သည်။ အစ်ကိုကြီးနှစ်ယောက် ချွေးတွေအများကြီးစီးကျနေပြီး ဖက်တီးလေးကုသို့သို့ ကို မထိန်းနိုင်ကြပေ။
လင်းယောင်သည် သူ့သားလေး ထိန်းမနိုင်သိမ်းမရဖြစ်နေသည်ကို မြင်သောအခါ မျက်မှောင်ကျုံ့လိုက်သည်။ "ကုသို့သို့ မင်းဘာလုပ်နေတာလဲ"
ကုသို့သို့သည် သူ့အမေလာသည်ကို မြင်သောအခါ ချက်ချင်းပင် ငြိမ်သက်သွားပြီး မျက်လုံးကြီးများကို ပုတ်ခတ်ပုတ်ခတ်ဖြင့် နာခံမှုရှိစွာပြောလိုက်သည်။
"မာမား သို့သို့အပြင်ထွက်ကစားဖို့"
လိမ္မာပါးနပ်တဲ့ ဖက်တီးကလေးက အပြစ်တင်ခံရမှာကို ရှောင်ဖယ်ဖို့ ကြိုးစားပေမယ့် အစ်ကိုကြီး ၂ ယောက်က သူတို့ညီလေးကို အလွန်ပင်ချစ်မြတ်နိုးကာ ညီလေးရဲ့ အမှားမဟုတ်ဘူးပါလို့ တညီတညွတ်တည်း ပြောကြသည်။
လင်းယောင်သည် အရူးမဟုတ်ပဲ ကုသို့သို့၏ ဖင်ဝဝလေးကို ပုတ်လိုက်သည်။
"သားလေး၊ အပြင်မှာ နေပူတယ်။ အိမ်ထဲမှာနေ"
ကုသို့သို့က သူ့အမေနဲ့ ရန်မဖြစ်ဖို့ သိတာကြောင့် ဝုန်းဒိုင်းကြဲတာကို ရပ်လိုက်ပြီး လင်းယောင် ကျေနပ်ဖို့ ပြေးလာပြီး အကြိမ်အနည်းငယ် နမ်းလိုက်သည်။
"ဟုတ် သို့သို့ မာမားကိုနားထောင်"
ထိုသို့ပြောပြီးနောက်၊ ဖက်တီးလေးက သူ့လက်နှစ်ဖက်ကို အစ်ကိုကြီး ၂ ယောက်ဆီဝှေ့ယမ်းကာ ပြောလေသည်။ "အစ်ကိုကြီး သွားမယ်"
လင်းယောင်သည် အစ်ကိုကြီးနှစ်ယောက်က ပြေးလာပြီး ကုသို့သို့ ၏ လက်ကို တွဲကိုင်ထားသည်ကို မြင်သောအခါ နားမလည်နိုင်ဖြစ်သွားသည်။ ညီအကိုသုံးယောက်က စာအုပ်လေးတွေဖတ်ပြီး ဘဲရုပ်လေးတွေ ငါးရုပ်တွေနဲ့ ကစားဖို့ အခန်းကို ပြန်သွားကြသည်။
ဖက်တီးလေးမှာ အရုပ်တွေ အများကြီးရှိသည်။ သူသည် တစ်နှစ်သာရှိသေးသော်လည်း အရုပ်တစ်ဘူး ရှိနေပြီဖြစ်သည်။ သူ့အဖိုးအဖွားတွေ ဝယ်ပေးတဲ့ သစ်သားဘဲရုပ်တွေ၊ သစ်သားဓားရှည်တွေနဲ့ သူ့အမေ အဝတ်စုတ်တွေကနေလုပ်ပေးတဲ့ အရုပ်တွေလည်းရှိသည်။ အဒေါ်နှင့် ဦးလေးပေးသော စာအုပ်များ၊ ပလုတ်တုတ်အရုပ်များ၊ ခေါင်းလောင်းလက်ကောက်စသည်ဖြင့် အမြောက်အမြားရှိပြီး သွန်ချလိုက်တော့ ဖျာတစ်ဝက်ကျော်ခန့် စုပုံနေသည်။
ကောင်လေးသုံးယောက်သည် ဖျာပေါ်တွင် ခြေဗလာဖြင့် ကစားနေကြသည်။ ပထမတော့ ရှောင်ဖင်းအန်က အနည်းငယ် သတိထားနေသည်။ ခဏအကြာတွင် သုန်ဇီနှင့် သို့သို့သည် စိတ်လှုပ်ရှားသွားပြီး ကောင်လေးသုံးယောက်က အတူတူကစားကြသည်။
ကုရှီတုန်းသည် အနီရောင်ပန်းဖွားများပါသော သစ်သားဓားကို ကိုင်ဆောင်ကာ မျက်နှာပေါ်က ရေကို ပုတ်လိုက်တော့ ငါးရုပ်ကို ရင်ခွင်ထဲတွင်ပိုက်ထားသည့် ကုသို့သို့ မှာ အလွန်သဘောကျသွားပြီး ပါးစပ်လေးကို ဖွင့်ကာ တခစ်ခစ်ရယ်နေလေသည်။
ကောင်စုတ်လေးနှစ်ကောင်သည် တစ်ဖက်မှာ ရူးသွပ်စွာဆော့နေချိန်တွင် ရှောင်ဖင်းအန် သည် "မီးအိမ်နီလေး" နှင့် "သူရဲကောင်းလေး ဝမ်အာ့ရှောင်" အမည်ရသည့်စာအုပ်များကို တိတ်တဆိတ်ဖတ်နေခဲ့သည်။ ဤအရာများသည် လူကြိုက်များသော ရုပ်ပုံများနှင့် ဖင်းယင်ပါသည့် စာအုပ်များဖြစ်သည်။ နားလည်လွယ်ကာ စာဖတ်ဝါသနာပါသော ကလေးများသည် စာဖတ်ရန်မလိုဘဲ ပုံများကို ကြည့်ခြင်းဖြင့် နားလည်နိုင်သည်။
လင်းယောင်သည် ကြက်သားကိတ်မုန့်တစ်ပန်းကန်နှင့် ဘာလီဆေးဖက်ဝင် ရေနွေးတစ်အိုးကို ယူလာခဲ့သည်။ ကုရှီတုန်းက သူဗိုက်ဆာနေပြီဟု ညည်းညူလိုက်သည်။
ကုသို့သို့မှာ ခုနက ပန်းသီးပူရီတစ်ပန်းကန်ကို စားခဲ့ပြီးသောကြောင့် ယခုအချိန်တွင် ကြက်သားကိတ်မုန့်ကို စိတ်မဝင်စားပါ။
ကုရှီတုန်းသည် ကြက်သားကိတ်မုန့်တစ်ဖဲ့ကိုယူကာ ဖင်းအန်ကို ပေးလိုက်သည်။
" ဒီမှာ ကြက်သားကိတ်မုန့်စား"
တကယ်တော့ ကလေးက ဗိုက်မဆာပေ။ အဖွားကျန်းနဲ့ သူ့မိသားစုဟာ လူကောင်းတွေဖြစ်ပြီး ကလေးက သူတို့ကို ဒုက္ခမပေးချင်ပေဆိုတာ လင်းယောင်သိသည်။ သူမ ပြုံးပြီး ကောင်လေးရဲ့ ခေါင်းကိုပွတ်ပေးလိုက်သည်။
"အဒေါ်နဲ့တူတူစားကြမယ် ဟုတ်ပြီလား?"
ဖင်းအန်က ခဏလောက် စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ ကောင်လေးက ကြက်သားကိတ်မုန့်တစ်ဖဲ့ကို သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ယခုခေတ်တွင် ကြက်သားကိတ်မုန့်များကို ဈေးသက်သာသော ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး သကြားနှင့် ပျားရည်တို့ကို ထည့်ထားကာ အရသာရှိလှသည်။ မွှေးပျံ့ပြီးချိုမြိန်လှသည်။ ရှောင်ဖင်းအန်သည် ဤနှစ်များအတွင်း သူတောင်းစားအဖြစ် လှည့်လည်သွားလာနေချိန်၌ ထိုကဲ့သို့ အရသာရှိသော မုန့်များကို တစ်ခါမှမစားဖူးကာ သူစားရသော အလုတ်တိုင်းကို တန်ဖိုးထားလေသည်။
ကျန်းဆွေ့လန်သည် ရှောင်ဖင်းအန်၏ ပိန်ပါးသော ကိုယ်နှင့် သိတတ်မှုကို ကြည့်ပြီး သူမ စိတ်မကောင်းဖြစ်သွားသည်။ "အပြစ်ကြီးလိုက်တာ။ လူတိုင်းရဲ့ကလေးတွေက ရတနာလေးတွေကို။ လူကုန်ကူးသူတွေက ဘယ်လိုတောင် လုပ်ရက်ကြတာလဲ"
ဖင်းအန်သည် စိတ်ထားကောင်းသည့် ကလေးဖြစ်သည်။ ကြက်သားကိတ်မုန့်စားပြီး လက်ဆေးပြီးနောက် မိသားစုကို အလုပ်ကူလုပ်သည်။
ကျန်းဆွေ့လန်သည် သခွားသီးနှင့် ခရမ်းချဉ်သီးများကို ခူးဆွတ်ပြီး ထိုကောင်လေးသည် အနီးနားတွင် ခြင်းတောင်းကို ကိုင်ထားသည်။ ကုမန်ဆန်သည် သူ့မြေး၏ ဒိုက်ပါများကို လျှော်ကာ ထိုကောင်လေးက ရေကူသယ်ပေးခဲ့သည်။ ဒီကလေးက အရမ်းသိတတ်ပြီး ဘေးအိမ်က အဒေါ်တာ့ဖုက သူ့ကို မချစ်ပဲမနေနိုင်ကာ လိမ္မာလိုက်တဲ့ကလေးဟု ချီးကျူးသည်။
မြို့တွင်းရှိ စွင်းမိသားစုတွင် လင်းဟုန်နသည် ဒုတိယကလေးကို လွယ်ထားရပြီဟု သံသယရှိသဖြင့် စွင်းအမေသည် ကိုယ်ပိုင်ပိုက်ဆံကိုယူကာ သူ့ချွေးမဖြစ်သူအား မြို့ကျန်းမာရေးဌာနသို့ သွားရောက်စစ်ဆေးရန် တိုက်တွန်းခဲ့သည်။ လင်းဟုန်န စိတ်ပူသွားသည်။ မသွားချင်ပေမယ့် မသွားဘူးလို့ ပြောလို့မရတာကြောင့် နောက်ဆုံးမှာ ကျန်းမာရေးဌာနကို သွားခဲ့ရပါသည်။
သူမသည် ရိုးရိုးအစာမကြေတာသာဖြစ်နိုင်သည်ဟု စိတ်ထဲမှာ တိတ်တဆိတ် တွေးနေမိသည်။ သူမသည် ယခင်က အစာအိမ်မကောင်း၍ အသားငါးစားပြီးနောက် အန်ဖူးသည်။
မြို့ကျန်းမာရေးဌာနကို သွားကြည့်တော့ ဆရာဝန်က ကိုယ်ဝန်ရှိနေတာလို့ ပြောသည်။
စွင်းအမေသည် ရုတ်တရက်ဆိုသလိုပင် ပါးစပ်ကနားရွက်တတ်ချိတ်မတတ် ဝမ်းသာသွားသည်။ အိမ်ပြန်ရောက်တော့ စွင်းအဖေက သတင်းကြားတော့ အရမ်းပျော်သွားသည်။
သူမနှင့် စကားပြောတာပင်ရှားသော စွင်းကျားလျန် ပင်လျှင် သူမကိုတွေ့ရန် စောစောပြန်လာခဲ့သည်။
စွင်းမိသားစုသည် ကလေးနောက်တစ်ယောက်မွေးလာမည့် ပျော်ရွှင်မှုကိုသာ အာရုံရောက်နေခဲ့ကြသည်။ လင်းဟုန်န၏ ထိတ်လန့်နေသော အမူအရာကို မည်သူမျှ သတိမထားမိပေ။ သတိထားမိရင်တောင် တခြားတွေးနေမှာ မဟုတ်ပေ။ ကလေးမွေးရမည့်နာကျင်မှုမျိုး ကြုံရမှာကို သူမ ကြောက်သည်ဟုသာ သူတို့ ထင်ခဲ့ကြသည်။
ကိုယ်ဝန်ရဲ့အစွမ်းက ကြီးမားကာ အဖွားကြီးကပင် ကြင်နာတဲ့မျက်နှာနဲ့ ရှားရှားပါးပါး နှစ်သိမ့်စကားအနည်းငယ်ပြောလာခဲ့သည်။
"အမျိုးသမီးတိုင်း ရင်သွေးလေးမွေးတဲ့အခါ အတူတူပါပဲ။ သားဦးကို မွေးဖို့မလွယ်ပေမယ့် နောက်ကလေးကျ အဆင်ပြေသွားမှာပါ။ အိမ်မှာ ကောင်းကောင်းအနားယူပြီး ခန္ဓာကိုယ်ကို ဂရုစိုက်။ ဘုရားက မင်းကိုကောင်းချီးပေးမှာပါ။ အမေကလည်း မင်းကို ဂရုစိုက်မယ်။ အိမ်မှာ တို့ဟူးတစ်တုံး ရှိသေးတယ်။ မင်းရဲ့ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့ ကြက်သားဟင်းချိုက အဟာရအရှိဆုံးပဲ။ အာမခံတယ်။ ငါ့သားနဲ့မြေးတွေ ဝဖြိုးပြီး ကျန်းမာလိမ့်မယ်"
အဖွားကြီးက စကားတွေဆက်တိုက်ပြောနေကာ လင်းဟုန်န သူ့ရဲ့ကြမ်းတမ်းတဲ့ မျက်နှာကို မြင်ဖူးထားလို့သာဖြစ်သည်။ အပြင်လူတွေသာမြင်ရင် သူ့ယောက္ခမ အရမ်းတော်တာပဲလို့ ပြောကြပေမည်။
လင်းဟုန်နသည် ယခုအချိန်တွင် အလွန်စိတ်ညစ်နေကာ သူမနှင့်အတူလိုက်ပြီး သရုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိပေ။ သူမမှာ အဘွားကြီးရဲ့ ကြောင်သူတော်မျက်နှာနဲ့ လုံလောက်နေပြီမို့ သိပ်နေလို့မကောင်းဟုဆိုကာ သွားနားလိုက်သည်။
သူ့မြေးဖြစ်သူက ချွေးမဗိုက်ထဲမှာ ကောင်းကောင်းမနေနိုင်မှာကိုတော့ အဖွားကြီးက ကြောက်သည်။ သူမထကာ အပြင်ထွက်ခါနီးတွင် လင်းဟုန်န၏ လည်ပင်းက အနီကွက်များကို ရုတ်တရက် သတိပြုမိသွားသည်။ "မင်းလည်ပင်းက နီရဲနေတာပဲ။ တစ်ခုခုကြောင့်လား။ အကောင်တစ်ကောင်ကောင်များ ကိုက်သွားတာလား?"
လင်းဟုန်န တုန်လှုပ်သွားပြီး လည်ပင်းကိုဖုံးရန် စောင်ကို အမြန်ဆွဲလိုက်သည်။
"မဟုတ်ဘူး။ ဘာမှမဖြစ်ပါဘူး။ နွေရာသီမှာ ခြင်တွေများနေတာ။ အရင်ရက်တုန်းက ခြင်ကိုက်ခံရတော့ကုတ်ထားတာ"
"အဲဒါကို လျှောက်မကုတ်နဲ့။ ပို ယားလေလေ မင်းရဲ့ စိတ်အခြေအနေက ပိုမကောင်းလေဖြစ်လိမ့်မယ်။ အမေမင်းကို လိမ်းဆေးပေးမယ်။ လိမ်းထားလိုက်"
အဖွားကြီးက သူ့မြေးအတွက် စိတ်ပူပြီး လိမ်းဆေးယူရန် ဧည့်ခန်းဆီ သွားလေသည်။
အဖွားကြီး ထွက်သွားသည်နှင့် တပြိုင်နက် လင်းဟုန်န အံကြိတ်ကာ “စောက်အဘွားကြီး” ဟု ကျိန်ဆဲလိုက်သည်။ သူမ ကုတင်ဘေးရှိစားပွဲပေါ်မှ မှန်သေးသေးလေးကို ထုတ်ပြီး လည်ပင်းကို ကြည့်လိုက်တော့ သေချာပေါက်ပင် ညာဘက်လည်ပင်းမှာ အကိုက်ခံထားတဲ့ အနီကွက်တချို့ကို တွေ့လိုက်ရသည်။
သူမသည် စိတ်ပျက်အားငယ်စွာ နောက်သို့မှီလိုက်ကာ နေ့ခင်းဘက်တုန်းက ဘွိုင်လာသမားနှင့် ရှုပ်မိတာကို ဒေါသထွက်သွားသည်။ သူမ စွင်းကျားလျန်ကို လက်စားချေချင်ရုံသာဖြစ်သည်။ ဒီအသုံးမကျတဲ့ဘွိုင်လာသမားကို ဘယ်လိုပ,ထုတ်ရမလဲ။