← Chapters

အခန်း (၁၀၇)

Vol. 10 Ch. 107

အခန်း (၁၀၇)

Vol. 10 Ch. 107

ဤအိမ်ဟောင်းသည် ယွင်ရွှေကောင်တီရှိ အလွန်အသုံးများသော ခြံဝင်းအိမ်ဖြစ်သည်။ တံခါးကိုဖွင့်လိုက်သောအခါ ချိတ်ဆွဲထားသော ပန်းတံခါးပေါ်တွင် အရုပ်များ ထွင်းထုထားသည်ကို တွေ့နိုင်သည်။ ခြံဝင်းသည် အကျယ်ကြီးမဟုတ်ပဲ အုတ်များဖြင့် ခင်းထားသည်။

အုတ်အိမ်သုံးလုံးပါသည့် အပြင်အဆင်သည် အလွန်ပင်စိတ်ကိုလန်းဆန်းစေသည်။ မြောက်ဘက်တွင် မီးဖိုချောင်ငယ်တစ်ခုရှိပြီး နောက်ဘက်တွင် အဆောင်ငယ်တစ်ခုရှိသည်။ ခြံအရှေ့ဘက်တွင် ရေပိုက်တစ်ခုရှိပြီး အောက်ဘက်တွင် ကျောက်ဆေးကန်တစ်ခုရှိသည်။ ထောင့်တွင် သစ်သားစည် နှစ်ခုရှိသည်။ ရေရရန်အတွက် အိမ်မှာလုပ်ထားပုံရသည်။

လင်းယောင်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "ဒီခြံထဲမှာ ရေရတယ်လား?"

ကုသို့သို့သည် သူ့အိမ်အသစ်သို့ ရောက်သောအခါတွင်

သူ့အဖေ၏ ရင်ခွင်ထဲမှ အမြန်ခုန်ထွက်ပြီး ခြေ‌ထောက်တိုတိုလေးဖြင့် ခြံဝန်းထဲသို့ လျှောက်သွားခဲ့သည်။ ကုရှီအန်းက သူ့ကို အနောက်ကနေ ထိန်းပေးပြီး ရှင်းပြသည်။

"ကိုယ်တို့ ကောင်တီက ရေသန့်စက်ရုံက အခုမှ ဆောက်ပြီး ဒီမြို့ဟောင်းနဲ့ အနီးဆုံးပဲ။ ခဏကြာရင် ကိုယ်တို့ ခြံဝင်းမှာလည်း ရေရမှာ"

လင်းယောင်က ဝမ်းသာအားရ ခေါင်းညိတ်ပြသည်။ ရေသာရရင် ဘဝက ပိုအဆင်ပြေပေလိမ့်မည်။

ခြံဝင်းငယ်၏ အနောက်ဘက်တွင် ဟင်းသီးဟင်းရွက် ဥယျာဉ်ငယ်တစ်ခု ရှိသေးသည်။ မူလက စိမ်းလန်းစိုပြေခဲ့သော်လည်း ယခုအခါ မည်သူမျှ ဂရုမစိုက်တော့ဘဲ ပေါင်းပင်များ ကြီးထွားလာကာ အနည်းငယ်ရှုပ်‌နေသည်။

လင်းယောင်သည် ပတ်ဝန်းကျင်ကို လှည့်ကြည့်ပြီးနောက် အိမ်ထဲသို့ ဝင်ကြည့်လိုက်သည်။ ပင်မအခန်းသည် တောက်ပပြီး နေရောင်က တောက်ပနေသဖြင့် လူများကို အလင်းရောင်ရသည်ဟု ခံစားရသည်။ ကျန်အခန်းနှစ်ခန်းမှာလည်း အလင်းရောင်ကောင်းကောင်းရပြီး မီးဖိုချောင်မှာတောင် တံခါးနှစ်ပေါက်ပါသည်။

ပြတင်းပေါက် သေးသေးလေး တစ်ခုရှိပေမယ့် လူမနေတာကြာပြီဖြစ်တာကြောင့် အိမ်ထဲမှာ ဖုန်တွေ ထူထပ်နေပြီး ပြတင်းပေါက်ကို ကပ်ထားတဲ့ စာရွက်တွေက ပြုတ်ကျနေသည်။

အနောက်တောင်ထောင့်တွင် အုတ်အိမ်သာရှိသည်။ လင်းယောင်က အိမ်ထဲဝင်ပြီး အိမ်သာပြင်ဖို့ ပန်းရန်သမားကို အမြန်ရှာရမည်ဟု တွေးလိုက်သည်။ သူမသည် အရင်ဝင်းထဲမှာတုန်းကလို ဓာတ်မီးဖြင့် အလျင်စလိုမသွားရန် ဆုံးဖြတ်ခဲ့သည်။

သူမသည် ကုရှီအန်းအား ထိုအကြံအစည်ကိုပြောပြသော် ကုရှီအန်းက ရယ်ကာ ဘာမှမပြောပေ။ လင်းယောင်သည် အိမ်သာအသစ်စက်စက် သစ်သားတံခါးကို မြင်သောအခါတွင် အိမ်သာရှိ အထိုင်ကျင်းများနှင့် ရေတိုင်ကီများ စသည့်ပစ္စည်းပစ္စယများကို တပ်ဆင်ထားကြောင်း သူမ သိလိုက်ရသည်။

လင်းယောင်က ဝမ်းသာအားရ အော်ဟစ်ကာ လက်ထောက် ဒါရိုက်တာကုကို ဆုအဖြစ် အနမ်းတစ်ပွင့်ပေးရန် ပြေးသွားခဲ့သည်။

လင်းယောင်က အမြန်ဆုံး ဆုတ်ခွာသွားချင်ပေမယ့် လက်ထောက် ဒါရိုက်တာကုကတော့ ထိုသို့မလုပ်ချင်ပေ။ ထိုလူ၏လက်များသည် သန်မာကြံ့ခိုင်ပြီး မင်းသမီးလေး၏ အနမ်းကို ပိုမိုနက်ရှိုင်းစေလိုက်သည်။

လင်းယောင်က "အင်း" ဟုပြောပြီး အလွန်ထိတ်လန့်သွားသဖြင့် နူးညံ့ဖြူ‌ဖွေးသောလက်နှစ်ဖက်ကို သူ့ပုခုံးပေါ်သို့ တင်ထားသည်။

ဤအနမ်းသည် လင်းယောင်အား အသက်ရှူမှားစေသည်။ သူမရဲ့ အနီရောင်နှုတ်ခမ်းတွေက အရမ်းနီသွားတာကြောင့် ကုသို့သို့ဟာ အံ့သြတကြီးနဲ့ ပြေးလာခဲ့သည်။ အိမ်အပြန်လမ်းမှာ သူ့အမေကို ဘာအရသာရှိတာတွေ စားခဲ့တာလဲဆိုပြီး မေးနေသည်။

ဘာလို့ သူ့ကိုရော မကျွေးတာလဲ။

"..."

ထိုအိမ်မှာ ကောင်တီယဉ်ကျေးမှုဌာနက ပိုင်ဆိုင်ခဲ့သည့်အိမ်ဖြစ်သည်။ ကောင်တီယဉ်ကျေးမှုဌာနက နေရာပြောင်းသွားပြီး မိသားစုနေအိမ်ကိုလည်း မြို့သစ်ကို ပြောင်းရွှေ့ခဲ့ပါသည်။ ဤအိမ်သည် နှစ်အတော်ကြာအောင် လူမနေခဲ့ပါ။

ကောင်တီပြည်သူ့ လုံခြုံရေးဌာနမှ ရဲဘော်များ အိမ်ယာရှားပါးလာသောကြောင့် ဒါရိုက်တာကြီးသည် ကောင်တီခေါင်းဆောင်များထံ အကြိမ်ကြိမ်လျှောက်ထားခဲ့ပြီး ကောင်တီခေါင်းဆောင်များက ရဲဘော်များအတွက် အခြေချနေထိုင်ရန် အိမ်တစ်လုံးကို ခွဲဝေပေးခဲ့သည်။

သူတို့ကို ကုမိသားစု၏ အိမ်ဟောင်းအား ပေးလိုက်သည်။ ခြုံပြီးပြောရရင် အိမ်တော်တော်များများရဲ့ ခေါင်မိုးတွေ ပြုတ်ထွက်တာကလွဲရင် အရမ်းကောင်းပါသည်။ ကြွေပြားများကို ပြုပြင်ရန်၊ ခြစ်ထုတ်ရန်၊ ပရိဘောဂအသစ်များထည့်ကာ လေဝင်လေထွက်ကောင်းအောင်လုပ်ပေးမည့် သူတစ်ယောက်ကို ရှာရပါမည်။ ထိုအိမ်တွင် မနေထိုင်မီ အချိန်အနည်းငယ်ယူရပါဦးမည်။

ဆောင်းဦးမိုး အနည်းငယ်ရွာပြီး အအေးမိပြီးနောက် ကျန်းဆွေ့လန်သည် သူမသား၏ ဆောင်းဦးအဝတ်အစားများကို ထုတ်ကာ ကုရှီတုန်းအား ဝတ်စေခဲ့သည်။ သူ့အဝတ်အစားတွေက ကျပ်သွားရုံသာမကပဲ သူ့ဘောင်းဘီကလည်း လက်မဝက်လောက် တိုနေမှန်း သိလိုက်ရသည်။

သူမ မနက်ခင်း အပြင်ထွက်တဲ့အခါ ရဲဘော်ဆွေ့လန်က သူ့ဘောင်းဘီကို ထပ်ချုပ်ပေးရဦးမယ်လို့ ရေရွတ်နေတုန်းပင်။

လင်းယောင်က သူ့ယောက္ခမကို ပစ္စည်းတင်သွင်းခြင်းနှင့် စျေးကွက်ဖြန့်ချိရေး သမဝါယမသို့ သူမ အချိန်ရသောအခါသွားပြီး ချည်ထည်နှစ်စဝယ်လာခဲ့မည်ဟုပြောသည်။

အိမ်ကိုကြည့်ပြီးနောက် မိသားစုသုံးဦးသည် မြို့မြောက်ဘက်ရှိ ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေးသမဝါယမသို့ သွားကြသည်။ ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေး သမဝါယမတွင် ပျော့ပျောင်းပြီး သက်တောင့်သက်သာရှိသော ချည်ထည်နှစ်စကို ဝယ်ယူခဲ့ပြီး တစ်ခုမှာ နက်ပြာရောင်ဖြစ်ပြီး နောက်တစ်မျိုးမှာ မဲနယ်ရောင်ဖြစ်သည်။ သူတို့နှစ်မျိုးစလုံးက ကောင်တီက ကလေးတွေကြားမှာ ရေပန်းအစားဆုံး ဖက်ရှင်စတိုင်ပင်။

"ညီမက တကယ်ကို ရွေးတတ်တာပဲ။ ဒါတွေက ဟိုက်ရှီကနေရောက်လာတဲ့ ပုံစံကောင်းတွေပဲ။ ညီမကဖောက်သည်ဟောင်းလည်းဖြစ်တယ် ချွင်မေရဲ့ယောင်းမလည်းဖြစ်တယ်ဆိုတော့ အတွင်းဈေးနဲ့ပေးပေးမယ်နော်"

ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေးသမဝါယမမှ အရောင်းဝန်ထမ်းသည် ဖြတ်လိုက်သောအထည်ကို စက္ကူဖြင့်ထုပ်နေစဉ် လင်းယောင်နှင့် စကားပြောနေပါသည်။

ယနေ့ခေတ်တွင်၊ သမဝါယမ အရောင်းသမားတစ်ဦးဖြစ်ခြင်းသည် ပြင်ပကလူများ မနာလိုခံရသည်။ သူတို့အလုပ်ကဝင်ငွေမြဲသည်။ ဒီမှာရပ်ပြီး ပစ္စည်းရောင်းရုံနဲ့ တစ်လကို ယွမ် ၂၀ လောက် လစာရနိုင်သည်။

အလုပ်သွားတဲ့အခါ ကောင်တာနောက်မှာ ချည်ထိုးနေတဲ့ အရွယ်စုံ အရောင်းသမားတွေရှိသည်။ ဖောက်သည်များလာသောအခါတွင် သူတို့က လျစ်လျူရှုလေ့ရှိသည်။

သဘောကောင်းမကောင်းက လူပေါ်မူတည်သည်။ ကုချွင်မေသည် ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေး သမဝါယမတွင် အလုပ်လုပ်သည်။ ရဲဘော်ဆွေ့လန်သည် လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး ကောင်တီအတွင်းရှိ သမဝါယမ၏ အရောင်းသမားများနှင့် ဆက်ဆံရေးကောင်းမွန်သည်။

ရွှီရှန်းချန်သည် အမှုများကို ကိုင်တွယ်ရန် ပြည်နယ်မြို့တော်သို့ အကြိမ်ကြိမ် သွားရသည်။ ဒီအမျိုးသမီး အရောင်းဝန်ထမ်းကလည်း အစ်ကိုကြီးထို့ထို့ကို ပြည်နယ်မြို့တော်မှာ ကျောင်းတက်နေတဲ့ သူမ မောင်လေးဆီကို အကြိမ်ပေါင်းများစွာ အထုပ်တွေ ပို့ပေးဖို့ တောင်းဆိုခဲ့ပါသည်။ အလကားဖြစ်သောကြောင့် ပါဆယ်ပို့တာထက် ဒါက စျေးသက်သာတာမဟုတ်လား။

သူမ ကျေးဇူးဆပ်ရပေမည်။ လင်းယောင်က သူ့ယောက္ခမနှင့်ဒီကို ခဏခဏ လိုက်လာတတ်သည်။ မြို့မြောက်ဘက်ရှိ ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေးသမဝါယမမှ အရောင်းစာရေးများသည် သူမတို့ မိသားစုကို သိကြသည်။

ဖက်တီးလေး ကုသို့သို့ကို တွေ့ရသောအခါ အရောင်းစာရေးမ၏ မျက်နှာမှာ ပြုံးနေတာမရပ်တော့ပေ။ ဖက်ဆီးလေးသည် စကားတတ်ကာ “ဒေါ်ဒေါ်လှလှ” ဟု အမြဲပြောတတ်သည်။ထို့ပြင် လင်းယောင်ကတစ်ခုခုကိုကြိုက်သောအခါ လက်ထောက်ဒါရိုက်တာကုက ဝယ်ပေးလေသည်။

သူတို့အားလုံးဟာလည်း အိမ်ထောင်သည်များ ဖြစ်ပေမယ့် ကွာခြားချက်က ကြီးမားသည်ပင်။

လင်းယောင်က အထည်ကို ကောက်ကိုင်လိုက်ပြီး အိမ်မှာ မီးထွန်းဆီမရှိဘူးဟုဆိုကာ ဆီသုံးကီလိုဂရမ်ကို ဝယ်လိုက်သည်။ ကောင်တာမှာ ဖယောင်းတိုင်တွေ ရှိနေတာကို ကုရှီအန်းက မြင်တော့ နှစ်အိတ်စာဝယ်လိုက်သည်။ ဘေးနားက အရောင်းဝန်ထမ်းက မနာလိုဖြစ်နေမိသည်။

ဘယ်လိုလူကောင်းနဲ့များ လက်ထပ်ခဲ့တာလဲ။ ဒီလူကဘာလို့များ ဒီလောက်တွေးပေးတတ်ရတာလဲ။

လင်းယောင်သည် အရောင်းစာရေးမလေး ဘာတွေးနေမှန်းကိုမသိပေ။ အိမ်မှာ ဆန်ခေါက်ဆွဲတွေ ကုန်သွားတာကိုတွေးမိတော့ ရှန်ဟိုင်းဖန်းဟွာ အမှတ်တံဆိပ် ဆန်ခေါက်ဆွဲ ၃ ထုပ်ကိုဝယ်လိုက်သည်။ မျက်နှာသုတ်ပဝါအသစ်၊ သကြားဖြူနှစ်ပေါင်နဲ့ သကြားညိုတစ်ပေါင်ကိုပါဝယ်လိုက်သည်။

အရောင်းစာရေးမ၏ နှုတ်ဆက်သံကြားတွင် မိသားစု ၃ ယောက်သည် ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေးသမဝါယမမှ ထွက်ခွာသွားကြသည်။

ဖက်တီးလေးက လမ်းပေါ်မှာ မုန့်များကိုလက်ဖြင့်ဆွဲယူကာစားနေသည်။သွားရည်များကျနေပြီး အလွန်ပင်ချစ်စရာကောင်းလှသည်။

လင်းယောင်သည် လက်ကိုင်ပုဝါလေးကို ထုတ်ကာ ဖက်တီး‌လေးကို သုတ်ပေးလိုက်သည်။

ကုသို့သို့ - "မာမား အရသာရှိတယ် "

လင်းယောင်က ရယ်ချင်စိတ်ကိုဖိနှိပ်လိုက်ပြီး တမင်ပြောလိုက်သည်။ "မာမားက ပိုက်ဆံတွေ အကုန်ကုန်သွားပြီ။ ပိုက်ဆံမကျန်တော့ဘူး"

ဖက်တီးလေးသည် အရှုံးမပေးဘဲ သူ့အဖေ၏ လက်ထဲသို့ သူ့ကိုယ်သူ ပစ်ချလိုက်သည်။ သူက သူ့အမေကို တုပပြီး လက်ထောက်ဒါရိုက်တာကုရဲ့ မျက်နှာကို အနမ်းပေးလိုက်သည်။ "ပါပါး အရသာရှိတယ်"

ကုရှီအန်းသည် ယောက်ျားရင့်မာကြီးတစ်ယောက်ဖြစ်သော်လည်း ချွဲနေသော ဖက်တီးလေးအား ခုခံနိုင်စွမ်းမရှိပေ။ ကုသို့သို့သည် သူ့အဖေ၏ ပခုံးကို ခွစီးကာ ခြေထောက်ကို မြှောက်လိုက်ချလိုက် လုပ်နေသည်။

သူကုန်စုံဆိုင်ကို သွားပြီး ကောက်ညှင်းချောင်းပေါင်ဝက်၊ ပျားရည်တစ်ပေါင်နဲ့ အိမ်က ကုရှီတုန်းရဲ့ အကြိုက်ဆုံးနို့သကြားလုံးနဲ့ လိမ္မော်သကြားလုံးတွေကို ဝယ်လိုက်သည်။ ကောက်ညှင်းချောင်းများသည် ကလေးများ၏ အကြိုက်ဖြစ်ပြီး ရွှေရောင်ဖြစ်သည်။ သကြားနဲ့အုပ်ထားပြီး ကိုက်တဲ့အခါ ကြွပ်ရွပြီး မွှေးကြိုင်ပါသည်။

မိသားစု ၃ ယောက်သည် အိတ်ကြီးအိတ်ငယ်များဖြင့် ကွေ့ဟွားဟူးထုန်သို့သွားကြသည်။ လမ်းတွင် သူတို့သည် ကောင်တီတွင် နောက်ထပ်ကိစ္စတစ်ခုရှိနေသည်ဟုဆိုသော ပြည်သူ့လုံခြုံရေးဌာနမှ ရှောင်ကျားနှင့်တွေ့သည်။ လက်ထောက် ဒါရိုက်တာကုသည် ဆူနေသော ကုသို့သို့ကို ပြည်သူ့လုံခြုံရေးဌာနသို့ ခေါ်သွားခဲ့သည်။

လင်းယောင်တစ်ယောက်တည်း ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ ဆောင်းဦးပေါက်အစောပိုင်းတွင် ကွေ့ဟွားဟူးထုန်သည် နွေရာသီထက် ပို၍အေးပြီး ခြင်များနည်းပါးသည်။ ထိုအချိန်တွင် လမ်းကြားရှိ အိမ်နီးနားချင်းများသည် အမြဲပြတင်းပေါက်ဖွင့်ကာ အိပ်ကြသည်။

ကုချွင်မေ နေထိုင်သည့် အိပ်ခန်းပြတင်းပေါက်များကို အနီရောင် ကန့်လန့်ကာ ထူထူများဖြင့် ဖုံးအုပ်ထားပြီး တံခါးကိုလည်း ချည်ကန့်လန့်ကာများ တပ်ထားသည်။ အခန်းထဲမှာ လေတိုက်တာ မရှိပေ။ ကုချွင်မေသည် စောင်ခြုံထားပြီး သူမ၏ မျက်နှာသည် သာမန်မျက်စိဖြင့်ကြည့်တာတောင် သိသိသာသာ ဖြူဖျော့နေသည်။

လင်းယောင်အခန်းထဲ ဝင်လာတာကို မြင်လိုက်ရတော့ အရမ်းပျော်သွားကာ အိပ်ယာထဲမှပင် ထလာချင်လေသည်။

လင်းယောင်က သူမကို ကုတင်ပေါ် လှဲခိုင်းလိုက်သည်။ မျက်နှာမကောင်းတာမြင်တော့ ဗိုက်ကိုကိုင်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။ "အစ်မ ဘယ်လိုဖြစ်တာလဲ၊ လမ်းလျှောက်ဖို့တောင် အားမရှိတာ ဘယ်လိုကလေးမွေးနိုင်မှာလဲ"

ကုချွင်မေက သက်ပြင်းချရင်း "မသိပါဘူးဟယ်။ ကောက်ညှင်းလုံးလေးကို ကိုယ်ဝန်ရှိတုန်းက ဒီလိုမဟုတ်ပါဘူး။ စားချင်သလိုစား သောက်ချင်သလိုသောက်လို့ရတယ်။ ဒုတိယကလေး ကိုယ်ဝန်ရှိတော့ကျ အကုန်လုံး အန်တာ။ အအေးမိလို့လည်းမရဘူး။ အချဉ်လေးစားချင်တာ။ အဲ့လိုဆိုစားချင် သောက်ချင်လာမလားလို့”

လင်းယောင်က ပြောသည်။ "ဦးလေးက ဟော်သွန်း အခြောက် တောင်းတစ်ဝက်လောက် ပို့ပေးထားတယ်။ ညီမ အိမ်ပြန်ပြီး အစ်မစားဖို့ ဟော်သွန်း ကိတ်မုန့် လုပ်ပေးမယ်"

"ဟုတ်ပြီ ငါအချဉ်တစ်ခုခုစားချင်နေတာ"

ကုချွင်မေ၏ ကိုယ်ဝန်သည် မတည်ငြိမ်သေးကာ မြို့ထဲမှ စွင်းမိသားစုတွင် ကိုယ်ဝန်ရှိနေသော လင်းဟုန်နသည်လည်း အသုံးမဝင်သလို ခံစားခဲ့ရသည်။

ထိုလူယုတ်မာ စွင်းကျားလျန်သည် တည်းခိုခန်းသို့သွားကာ သူနှင့်ပေါင်းသင်းခဲ့သည့် အနုပညာအဖွဲ့မှ မိန်းကလေးငယ်နှင့် အခန်းကို ကြိုတင်ဘိုကင်လုပ်ခဲ့သည်။ လင်းဟုန်န ကိုယ်ဝန်ရှိလာပြီးကတည်းက စွင်းကျားလျန်ဟာ ​​သူ့ပေါင်ကြားကအရာကို မထိန်းနိုင်တော့ပေ။ ချိုမြိန်သောစကားများဖြင့် ညဘက်တွင် ပျော်ရွှင်ဖွယ်ကောင်းသော မိန်းကလေးကို ဆွဲဆောင်ခဲ့သည်။ မထင်မှတ်ပဲ၊ အနုပညာအဖွဲ့ထဲက မိန်းကလေးကလည်း အကျင့်မကောင်းပေ။ သူမနှင့် စွင်းကျားလျန်တို့သည် အကျင့်စာရိတ္တ ညံ့ဖျင်းကြသည်။ သူမဟာ လူလွတ်လို့ ဆိုပေမယ့် တကယ်တမ်းမှာတော့ သူမမှာ စေ့စပ်ထားသူ ရှိပါသည်။

စွင်းကျားလျန်နဲ့ အနုပညာအဖွဲ့ထဲက ကောင်မလေးက အခန်းတစ်ခန်းကို လာတဲ့နေ့မှာ ကောင်မလေးရဲ့ စေ့စပ်ထားသူကို ဘယ်သူက သတင်းပေးလိုက်မှန်းမသိပေ။ ဦးထုပ်စိမ်းဆောင်းလိုက်ရတဲ့ စေ့စပ်ထားသူက ဒေါသအရမ်းထွက်ပြီး သူ့ကိုဖမ်းဖို့ မိသားစုတစ်စုလုံးကို တည်းခိုခန်းဆီ ချက်ချင်းခေါ်သွားပါသည်။

တည်းခိုခန်းထဲမှာ စွင်းကျားလျန်က သူ့ဘောင်းဘီကို ချွတ်လိုက်ပြီးချိန်မှာ ဖောက်ထွင်းဝင်ရောက်လာတဲ့ လူတစ်စုက သူ့ကို မြေကြီးပေါ် ဆွဲချပြီး ရိုက်နှက်ခဲ့ပါသည်။ အနုပညာအဖွဲ့ထဲက ကောင်မလေးလည်း ကြောက်လန့်ပြီး လှည့်ပြေးဖို့လုပ်သည်။ သူမထွက်ပြေးခါနီးမှာ သူမနဲ့ စေ့စပ်ထားသူရဲ့ညီမက သူမကို ဖမ်းပြီး ပစ္စည်းနဲ့ ပစ်ပေါက်ခဲ့သည်။

အလုပ်သမား အမျိုးသမီး၏ ပါးစပ်ထောင့်တွင် သွေးများထွက်နေသည်။ ဒီ ၂ ယောက်ဟာ လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက တွဲခုတ်နေကြတယ်လို့ စေ့စပ်ထားသူရဲ့ မိသားစုက ခန့်မှန်းခဲ့ကြသည်။

ယခုအချိန်တွင် အာဏာပိုင်များက လူနေမှုပုံစံ ပြဿနာကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေပါသည်။ စွင်းကျားလျန် လူရမ်းကားလုပ်နေတာကိုသာမိပါက ပြင်းထန်စွာ အရေးယူခံရမည်မှာ သေချာသည်။

စေ့စပ်ထားသူသည် ဦးထုပ်စိမ်းဆောင်းလိုက်ရသောကြောင့် စွင်းကျားလျန်ကို အလွယ်တကူ လွှတ်ပေးမည်မဟုတ်ပေ။ သူတို့ကို ရိုက်နှက်ပြီး အမှုကို တိုင်ကြားဖို့ ပြည်သူ့လုံခြုံရေး ဌာနကို တိုက်ရိုက်သွားခဲ့သည်။

ကောင်တီပြည်သူ့လုံခြုံရေးဌာနမှ သတင်းရရှိသည်နှင့်တပြိုင်နက် ရဲဘော်များနှင့် စစ်ဆေးရေးအဖွဲ့အားလုံးကို စေလွှတ်ခဲ့သည်။ စစ်ဆေးရေးအဖွဲ့အဖွဲ့ဝင်များသည် အလုပ်များမနေကြပေ။ မှောင်ခိုဈေးကွက်မှာ လူတွေကို ဖမ်းမမိနိုင်လို့ သူတို့က လမ်းပေါ်ထွက်ချင်နေကြသည်။ သူတို့ရှာနေတဲ့ ကုန်သည်ငယ်လေးတွေရဲ့ ခြေရာတွေ မတွေ့ပေ။ ထိုလူတွေက ငါးညှီနံ့ရသော ကြောင်များကဲ့သို့ ပုန်းကွယ်နေကြသည်။ ဤလူအုပ်စုသည် ပျင်းရိလွန်းသဖြင့် ဆံပင်မွှေး မုတ်ဆုတ်မွှေးတွေပါရှည်လာသည်။

ကံမကောင်းတဲ့ လူနှစ်ယောက်ကို တည်းခိုခန်းမှာဖမ်းမိသွားတယ်လို့ စစ်ဆေးရေး အဖွဲ့ခေါင်းဆောင်က ကြားလိုက်တာနဲ့ ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်ထဲကို သွေးထိုးသွင်းလိုက်သလိုပင် သူသည် လက်မောင်းတွင် အနီရောင် လက်ပတ်ကြီးများကိုပတ်ကာ တက်ကြွစွာဖြင့် ရဲဘော်များကို ထွက်ခွာရန် ဦးဆောင်ခဲ့သည်။

ဘာလုပ်မလို့လဲဆိုရင်တော့ ဟုတ်ပါသည်၊ သူတို့က ကံဆိုးသူ နှစ်ယောက်ကို ခေါ်သွားပြီး ဖမ်းဆီးကာ နောက်နေ့မနက် အစောကြီးမှာ ဆွဲထုတ်သွားလိမ့်မည်။

All Chapters