← Chapters

အခန်း (၁၀၉)

Vol. 10 Ch. 109

အခန်း (၁၀၉)

Vol. 10 Ch. 109

စွင်းကျားလျန်ဆိုတဲ့ ခွေးက သူ့ရဲ့ အညစ်အကြေးစားတဲ့အကျင့်ကို မပြင်နိုင်ခဲ့ပေ။ ပြီးတော့ အမျိုးသမီးတွေကို ထပ်ခါထပ်ခါ ဒုက္ခရောက်စေခဲ့သည်။

စွင်းအဖေက သူ့ကို အလွန်အမင်း စိတ်ပျက်နေခဲ့ပြီး သူ့ရဲ့သားမဟုတ်တော့သလို ဆက်ဆံခဲ့သည်။ သူ့မြေးလေးကို စောင့်ရှောက်ရင်း သူ့ကိုယ်သူ မြှုပ်နှံထားခဲ့သည်။

လင်းဟုန်နက ကိုယ်ဝန်ရင့်မာကြီးနဲ့ဖြစ်တာကြောင့် သူမကိုယ်သူမ မစောင့်ရှောက်နိုင်ခဲ့ပေ။ ဒါ့အပြင်၊ သူမရဲ့နှလုံးသားထဲကနေလဲ သူ့ကို မုန်းနေခဲ့ပြီး စွင်းကျားလျန်သေသေ၊ ရှင်ရှင် သူမ ဂရုမစိုက်တော့ပေ။

စွင်းအမေကသာ စိုးရိမ်နေခဲ့ပြီး စွင်းကျားလျန်အတွက် ပြေးလွှားနေခဲ့တာဖြစ်သည်။

စွင်းကျားလျန်က ယောင်္ကျား၊ မိန်းမကြား ဆက်ဆံရေးမှာ များပြားတဲ့ ဆက်ဆံရေးမျိုး ရှိခဲ့သည်။ အခုက တင်းကြပ်တဲ့ စုံစမ်းမှုတွေလုပ်ရမယ့် အချိန်ဖြစ်သည်။ တစ်ယောက်ယောက်ကို ရှာပြီး အသနားခံဖို့က စွင်းအမေအတွက် အသုံးမဝင်ပေ။ ရဲဝန်ထမ်းနှစ်ယောက်က စွင်းကျားလျန်ကို လက်ထိပ်ခတ်ပြီး ခေါ်သွားတာကိုသာ သူမ ကြည့်နေခဲ့ရသည်။

စွင်းမိသားစုက ငိုကြွေးခဲ့ကြပြီး စွင်းကျားလျန်၏ မယားငယ်ကို အနောက်ဘက်မှ ခေါ်လာလေသည်။ စွင်းအမေက မြေကြီးပေါ်က ထပြီး ရက်စက်စွာ ဆဲဆိုခဲ့သည်။

" ခွေးမ နင်က မသင့်တော်တာတွေ လျှောက်လုပ်ပြီး ငါ့သားကို ရေထဲဆွဲချသွားတယ်! နင် သေရမယ်! "

စွင်းအမေက အဆက်အသွယ်တွေနဲ့ ကောင်တီအစိုးရမှာ ရာထူးအသေးတစ်ခုကို စွင်းကျားလျန်အတွက် ရှာပေးခဲ့သည်။ ဒါက မီးလုံးစက်ရုံက ယဉ်ကျေးမှုဆိုင်ရာ အရာရှိဖြစ်ရတာထက်တော့ အများကြီး ပိုကောင်းပါသည်။

သူမရဲ့သားမှာ ဒီလို တောက်ပတဲ့ အနာဂတ်ရှိနေတာကြောင့် အဖွားကြီးက အဲ့မယားငယ်ကို သေတဲ့အထိ မမုန်းဘူးဆိုရင်၊ အံ့ဩစရာကောင်းပါသည်။

စွင်းအမေက သူမကို အော်ဟစ်ခဲ့ပြီး စွင်းကျားလျန်ရဲ့ မယားငယ်ကလဲ သူမကို စိုက်ကြည့်နေခဲ့သည်။ စွင်းကျားလျန်က လက်ထပ်နိုင်ပြီး ကလေးတွေ ရှိနေလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ပေ။ သူမ ဘဝတော့သွားပေပြီ။

ထိုမယားငယ်ကလည်း အဘွားကြီးကို ပြန်ပြောခဲ့သည်။ " ဘာ၊ သေလိုက် ဟန်ဆောင်ကောင်းတဲ့ အဖွားကြီး! ရှင်တို့ သားအမိက စကားကို ချိုချိုပြောပြီး နောက်ကျောကို ဓါးနဲ့ထိုးတဲ့ အဆိပ်ရှိကင်းမြီးကောက်နှစ်ကောင်ပဲ။ ကျွန်မဘဝကြီးတော့ ပျက်စီးသွားပြီ။ ပြီးတော့ ရှင့်သားကလဲ ဘဝမှာ ကောင်းကောင်းနေနိုင်မှာ မဟုတ်တော့ပါဘူး! "

စွင်းအမေနဲ့ မယားငယ်က ခွေးရူးတွေ တစ်ကောင်နဲ့တစ်ကောင်ဟောင်ကြသလိုပဲ အချင်းချင်း ကောင်းခဲ့ကြပါသည်။

စွင်းကျားလျန်ကို လက်ထိပ်ခတ်ခဲ့သည်၊ သူ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေခဲ့ပြီး ဖုတ်ကောင်လိုမျိုး စက်ရုပ်လို လမ်းလျှောက်သွားခဲ့သည်။ အခြေအနေတွေက ဒီလိုတောင်ဖြစ်နေပြီဆိုတော့၊ မရှင်းလင်းတာ ဘာမှမရှိတော့ပေ။ သူ့ရဲ့နဂိုတောက်ပနေတဲ့ အနာဂတ်က ပျောက်ဆုံးသွားခဲ့ပြီဖြစ်ပြီး အနာဂတ်က မှောင်မိုက်သွားခဲ့ပါသည်။

သေချာပေါက် မှန်းထားသည့်အတိုင်းပင်။ စွင်းကျားလျန်ကို လူရမ်းကားဖြစ်ပြီး ‌မိန်းမနဲ့ ယောင်္ကျားဆက်ဆံရေးမှာ ပွေရှုပ်ကာ တစ်ခြားသူတွေရဲ့ မိသားစုကို ဖျက်စီးတဲ့အတွက်ကြောင့် အလုပ်ကြမ်း ၅ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ သူ့မယားငယ်ကလည်း အလုပ်ကြမ်း ၃ နှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါသည်။

ဟုတ်သည်၊ ဒီကံမကောင်းတဲ့စုံတွဲက အတူတကွ ရှိနေကြပြီး သူတို့ရဲ့ " အချစ်နဲ့ နှစ်သက်ခြင်း " ကို ဆက်လက်လုပ်ဆောင်ဖို့ လယ်ထဲကို သွားခဲ့ကြသည်။

" ... "

*

အောက်တိုဘာလကုန်မှာ၊ ယွင်ရွှေကောင်တီက ကောင်းကင်က ပြာနေခဲ့ပြီး မနက်ခင်းနှင်းစက်တွေက အေးချမ်းခဲ့သည်။ ကောင်တီက အလုပ်သမားတွေက ၁၂ ကြိမ်မြောက် လပြည့်ရဲ့ ဆောင်းရာသီမရောက်ခင် ဒီနှစ်ရဲ့အလုပ်တွေကို အပြီးသတ်ဖို့ သူတို့ရဲ့အားအင်တွေကို မလျော့ပဲ အလုပ်ရုံမှာ အလုပ်ရှုပ်နေခဲ့ကြသည်။ နှစ်တစ်ဝက်စာ အမှာစာတွေက ရောက်ရှိလာကြပြီဖြစ်သည်။

ကုမိသားစုကို ချပေးခဲ့တဲ့ အိမ်ကို အလုပ်သမားတွေက ပုံစံအသစ် ပြင်ဆင်ခဲ့ကြသည်။ နဂိုက ပင့်ကူအိမ်တွေနဲ့ ပြည့်နေတဲ့ နံရံတွေကို အဖြူရောင်ဆေးသုတ်ခဲ့ပြီး အိပ်ခန်းသုံးခန်းကိုလဲ သစ်သားအကောင်းစားတွေနဲ့ လုပ်ထားတဲ့ ပရိဘောဂအသစ်တွေ တပ်ဆင်ခဲ့ကြသည်။ သန့်ရှင်းတဲ့ဆီနဲ့ သုတ်ခဲ့ကြပြီး တောက်ပပြီး လှပတဲ့ သစ်သားပစ္စည်းတွေ ဖြစ်လာခဲ့ကြသည်။

ကျန်းဆွေ့လန်နဲ့ သူ့ယောင်္ကျားက သူတို့ရဲ့ အိမ်အသစ်ကို ကြည့်ရှုခဲ့ကြပြီး အိပ်ခန်းအကြီးကို သူတို့အတွက် သူတို့သားနဲ့ ချွေးမလေးက ပြင်ဆင်ပေးထားတာကို တွေ့ခဲ့ရသည်။ အိပ်ခန်းဝင်ပစ္စည်းတွေ၊ နေ့စဉ်သုံးပစ္စည်းတွေနဲ့ အပြည့်အဝ ပြင်ဆင်ပေးထားခဲ့သည်။ ပြတင်းပေါက်ခုံပေါ်မှာ အစိမ်းရောင် ဖယောင်းပန်း‌နှစ်အိုးလဲ ရှိနေခဲ့သည်။ တစ်နေ့လုံး သူတို့ရဲ့ စိတ်အခြေအနေကို သိသာစွာ မြင်နေခဲ့ရသည်. .

ကုရှီတုန်းကတောင် ဒီကိစ္စနဲ့ပတ်သက်ပြီး လူတွေစိတ်ပူကြတာမျိုး မဖြစ်စေချင်ခဲ့ပေ။ သူက ကလေးအုပ်စုကို ပိုးမွှားလေးမျိုးဖမ်းဖို့ ကျေးလက်ဒေသဘက်ကို ခေါ်သွားခဲ့သည်။ သူက အပြင်ဘက် မိုးရေထဲမှာ ပြေးလွှားနေခဲ့ပြီး ချောင်းထဲမှာ ငါးဖမ်းပိုက် ချထားကာ ငါးကြင်းနှစ်ကောင်နဲ့ ပြန်လာခဲ့သည်။

ဒါပေမယ့် ကုမန်ဆန်က ဒီသားလေးက နောက်ထပ် ထပ်ပြီး ဆိုးဦးမယ်ဆိုတာ သိနေခဲ့ပါသည်။ ဒါကြောင့် သူက ဒေါသထွက်စွာနဲ့ ဒီကလေးကို ခဏလောက် ပညာပေးနေခဲ့သည်။ ခဏကြာပြီးတဲ့နောက်မှာ၊ ကုရှီတုန်းက သူ့ရဲ့နားကို ပွတ်လိုက်ပြီး ခါးသီးတဲ့မျက်နှာနဲ့ ပြန်လာခဲ့သည်။ ပြီးတော့ သူ့ အစ်ကိုကြီးကို ပြောခဲ့သည်၊ " အစ်ကိုကြီး ကျွန်တော်တို့အဖေက သိုးမွှေးထည်လို ပိုပိုပြီး စည်းကမ်းကြီးလာတာကို ခံစားမိတယ်။ "

ကုရှီအန်းက စာရွက်ကို လှန်လိုက်ပြီး သူ့ကို စိုက်ကြည့်ခဲ့သည်။ " ဒါတွေအားလုံးက ကောင်စုတ်လေး မင်းကြောင့်မလား? "

ကုရှီတုန်းက ရှက်ရွံ့မှုနဲ့ သူ့ခေါင်းကို ကုတ်ခဲ့သည်။

ကောင်စုတ်လေးက အမြဲ အမှားလုပ်တတ်သည်။ ရဲဘော်ဆွေ့လန်က သူပြန်လာတဲ့အခါ သေချာပေါက် ထပ်ပြီး ရူးသွပ်သွားပါလိမ့်မည်။ လင်းယောင်က သက်ပြင်းချခဲ့ပြီး သစ်သားဇလုံထဲကို ရေထည့်ကာ အမြီးကို ယက်ဖို့ ရုန်းကန်နေရတဲ့ ငါးကြင်းကို ပစ်ထည့်လိုက်သည်။ သစ်သားဇလုံထဲက ငါးကြင်းနှစ်ကောင်ဟာ နှစ်ကီလိုကျော် အလေးချိန်ရှိကြပါသည်။

ကုသို့သို့က နံရံကို ကိုင်ကာ သွားရည်ကျရင်း ဒယီးဒယိုင် လျှောက်ခဲ့သည်။

" မေမေ၊ ငါးကြီး။ "

" ကောင်းပြီ၊ ညကျ သို့သို့လေး သောက်ဖို့ ငါးစွပ်ပြုတ်လုပ်ရအောင်။ "

သူမ သားလေးရဲ့ခေါင်းကို ပွတ်ပေးရင်း၊ လင်းယောင်က ဘူးထဲက ကျက်သရေရှိတဲ့ ဟန်ကျိုးပိုးသားနဲ့ နက်ပြာရောင် သိုးမွှေးစကို ထုတ်ယူခဲ့သည်။ ပိတ်စနှစ်ခုလုံးက ပစ္စည်းကောင်းတွေနဲ့ ပြုလုပ်ထားတာဖြစ်ကြသည်။ သူမက အစတွေကို ဖြန့်ပြီး ကြည့်ခဲ့သည်။ ပြီးနောက် ပေတံ၊ ကတ်ကြေးတွေနဲ့ မြေဖြူကို ယူခဲ့သည်။ ခဏလောက် စဉ်းစားခဲ့ပြီးနောက်၊ ခေါင်းကိုငုံ့ပြီး အစနဲ့ပတ်ထားတဲ့ စက္ကူပေါ်မှာ အမျိုးသားနဲ့ အမျိုးသမီးအတွက် ပုံစံနှစ်မျိုး ရေးဆွဲခဲ့သည်။

ညနေခင်းမှာ၊ အစာစားချင်စိတ်ဖြစ်လာတဲ့ ကုချွင်မေက သူမရဲ့အိမ်လုပ် ကောက်ညှင်းလုံးလေးတွေကို သူမရဲ့မိဘအိမ်ကို ယူလာပေးခဲ့သည်။ လင်းယောင်က ကြိမ်ကုလားထိုင်နှစ်လုံးကို ရွှေ့ခဲ့ပြီး မုန့်တွေနဲ့ ချိုချဉ်တွေကို ယူကာ ကုချွင်မေအတွက် ရေနွေးကြမ်းပူပူလေး လုပ်ပေးခဲ့သည်။ ကလေးလေးက ပင်ပန်းနေခဲ့ပြီး ရေဆာ‌နေခဲ့ကာ လာပြီး စားသောက်ခဲ့သည်။

ကလေးတွေက ခြံဝင်းထဲမှာ ဆော့က‌စားနေခဲ့ကြပြီး လင်းယောင်က အခန်းထဲမှာ အထည်စတွေဖြတ်ပြီး အဝတ်ချုပ်နေတာကို ကုချွင်မေက ကြည့်နေခဲ့သည်။

အဝတ်ချုပ်နေတာက ဘာမှမဖြစ်ပေမယ့် သူမ ပင်ပန်းနေခဲ့ပြီဖြစ်သည်။ လင်းယောင်က တစ်နာရီခွဲလောက် အလုပ်ရှုပ်နေခဲ့သည်။ သူမရဲ့ ‌လက်တွေ၊ ခြေထောက်တွေက နာကျင်နေခဲ့ပြီး သူမမျက်လုံးညောင်းနေခဲ့သည်။ သူမက ကွာစေ့တွေစားပြီး ရေနွေးကြမ်းသောက်နေတဲ့ ကုချွင်မေကို ကြည့်ခဲ့ပြီး ခေါင်းညိမ့်ပြခဲ့သည်။ နာနေတဲ့ လက်တွေကြောင့်၊ ဒီနေ့ ဒီမှာတင်ရပ်လိုက်ဖို့ သူမဆုံးဖြတ်ခဲ့သည်။

ရောမကို တစ်ရက်တည်းဆောက်ခဲ့တာ မဟုတ်ပေ။ အဝတ်အစားတွေကိုလဲ တစ်ရက်တည်း မချုပ်နိုင်ပေ။

သူမအတွက်သူမ အကြောင်းပြချက်တစ်ခု ရှာပြီးနောက်၊ လင်းယောင်က လွယ်ကူတယ်လို့ ခံစားခဲ့ရပြီး ရှောင်နေခဲ့သည်။

ဆောင်းဦးအကုန်မှာ၊ တောင်ပေါ်က မှိုတွေရောင်းဖို့ ကောင်တီက လမ်းတွေပေါ်မှာ လှည်းတွေနဲ့ လာကြတဲ့ အဖိုးအိုးတွေ ရှိခဲ့ကြသည်။ တစ်ခါတစ်လေ အရောင်းအဝယ်က မကောင်းခဲ့တာကြောင့်၊ လှည်းနဲ့ နေရာစုံမှာ ရောင်းချခဲ့ကြသည်။

အဖိုးအိုက ခြံဝင်းအပြင်ကို ထွက်လာခဲ့သည်။ လင်းယောင်က ကုသို့သို့ကို တောင်ပေါ်က လတ်ဆတ်တဲ့ မှိုတွေခူးဖို့ ခေါ်သွားခဲ့ပြီး မှို‌တွေကိုဝါးခြင်းတောင်းထဲမှာ ထည့်ထားခဲ့သည်။ ကုသို့သို့က ဝတ်စုံပြည့်ဝတ်ထားခဲ့ပြီး ဖင်လေးကိုပစ်ကာ သူ့ရဲ့လက်ကလေးတွေနဲ့ နှာခေါင်းနှိုက်နေခဲ့ပြီး မြေကြီးပေါ်က ဟင်းသီးဟင်းရွက်တွေကို လက်ညှိုးထိုးပြခဲ့သည်။ " မေမေ၊ အစားအစာတွေက အရသာမကောင်းဘူး။ "

ကလေးလေးက လက်ထောက်ဒါရိုက်တာကုလိုပါပဲ။ အဖေရော၊ သားရော နှစ်ယောက်လုံးက အရသာမရှိတဲ့ တောင်ပေါ်က မှိုတွေကို ရွံရှာခဲ့ကြသည်။

လင်းယောင်က ခေါင်းမော့ပြီး ပြုံးပြခဲ့သည်။ " ဒါက ဟင်းသီးဟင်းရွက် အရိုင်းတွေမဟုတ်ဘူး၊ ဒါက မှို။ ရေဆေးပြီး နှမ်းဆီလေး ဆမ်းလိုက်။ ပြီးတော့ မွှေလိုက်ရင် အနံ့လေးကို မွှေးနေမှာပဲ။ "

ဖက်တီးလေးက မစားဖူးပေ။ ဒါပေမယ့် သူ့အမေက အရသာရှိတယ်လို့ပြောတာကို ကြားပြီးတဲ့နောက်မှာ၊ ကလေးလေးက မြိုချခဲ့ပြီး ပြောခဲ့သည်။ " အရသာရှိတယ်။ "

လင်းယောင်က ခေါင်းညိမ့်ပြတော့မယ့်အချိန်မှာ၊ သိပ်မဝေးတဲ့ လမ်းကြားဝင်ပေါက်မှာ ကလေးမ‌လေးတစ်ယောက် ရုတ်တစ်ရက် လဲကျသွားခဲ့သည်။

" မေမေ၊ မမက အိပ်ပျော်နေတာ။ "

တစ်နှစ်သာရှိသေးတဲ့ ကုသို့သို့က သတိလစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို နားမလည်သေးပေ။ ကလေးမလေး လဲကျသွားပြီး လက်ညှိုးလေးထိုးပြနေတာကို သူမြင်တဲ့အခါ၊ သူမ အိပ်ချင်တယ်လို့ သူက ထင်ခဲ့သည်။

မမက အိပ်နေတာလား?

လင်းယောင်က ဘာလို့မှန်းမသိခဲ့ပေ။ သူမ မော့ကြည့်ပြီး သူမရင်တစ်ထိတ်ထိတ်နဲ့ မတ်တပ်ရပ်ခဲ့သည်။ သူမက ဖက်တီးလေးကို ချီပြီး လမ်းကြားဝင်ပေါက်မှာ နေပူဆာလှုံနေတဲ့ ယောင်းမဆီကို ပြေးသွားခဲ့သည်။

" အာ၊ ဒီကလေးမလေးက ခြံဝင်းဘေးအိမ်က လောင်ကျုံးတို့ မိသားစုက မလား? ဒီလို လိမ္မာတဲ့ကလေးက ဘာလို့ သတိလစ်သွားတာလဲ? "

အဒေါ်တာ့ဖုက လတ်လတ်ဆတ်ဆတ်ဝယ်ထားတဲ့ မုန်လာထုပ်တစ်ခြင်းကို သယ်ပြီး ရောက်လာခဲ့သည်။ သတိလစ်နေတဲ့ကလေးမလေးကို သူမမြင်တဲ့အခါ၊ သူမ ထိတ်လန့်သွားခဲ့သည်။

" သူမက တကယ်ကို ကျုံးမိသားစုက သမီးငယ်လေးပဲ။"

" ဘာဖြစ်ရတာလဲ၊ ကလေးမလေး? "

ယောက်မက သတိလစ်နေတဲ့ ကောင်မလေးကို ထူပေးခဲ့သည်။ သူမရဲ့ မဲနေပြီး ပိန်နေတဲ့မျက်နှာက တုံးအပုံပေါပြီး အဝါရောင်သန်းနေကာ သူမရဲ့နှုတ်ခမ်းတွေက ခြောက်ကာ အရေခွံကွာနေခဲ့သည်။ လင်းယောင်က မျက်မှောင်ကျုံ့ခဲ့ပြီး မရေမရာ ပြောခဲ့သည်။ " သွေးအားနည်းနေပုံပဲ။ "

" ဘာ? သွေးအားနည်းရောဂါ? ဘာလို့ ဒီလိုကလေးကိုမှ သွေးအားနည်းရတာလဲ? "

" စကားပြောတာကို ရပ်ပြီး သူ့ကို ဆေးရုံအမြန်ပို့ကြရအောင်။ "

" မလိုက်! " ယောင်းမ ၂ ယောက် ရှောင်ယာ့ကို သယ်ပြီး ဆေးခန်းပို့ဖို့ လုပ်ခဲ့သည်။ ခြံဝင်းကနေ သူ့ဇနီးကို လာကြိုတဲ့ ရွှီရှန်းချန်က ဒီကို ရောက်လာခဲ့သည်။ တစ်ခုခုဖြစ်နေတာကို သူမြင်တဲ့အခါ၊ သူက အမြန်ပြေးလာခဲ့သည်။

" ဘာဖြစ်တာလဲ? " ရှီရှန်းချန်က မေးခဲ့သည်။

ယောင်းမဖြစ်သူက ပြတ်ပြတ်ပြောခဲ့သည်။ " ကျုံး မိသားစုရဲ့ ကလေးလေးက သတိလစ်သွားလို့။ "

" အာ? " ရွှီရှန်းချန်က အံ့အားသင့်သွားခဲ့ပြီးနောက် သဘောပေါက်သွားကာ ချက်ချင်း ကူညီပေးခဲ့သည်။ " ခယ်မ ကျွန်တော်က အပြေးသန်တယ်။ ရှောင်ယာ့ကို ကျောပိုးပြီး ဆေးခန်းခေါ်သွားလိုက်မယ်။ "

" လာ၊ လာ "

ရှောင်ယာ့ကို သယ်ပေးနေခဲ့တဲ့ လီဆုယွင်က ဟယ်စီရင်စုက ဖြစ်ခဲ့ပြီး ဟယ်စီရင်စုက ဒေသိယစကားကို ပြောခဲ့သည်။

ရွှီရှန်းချန်က ရှောင်ယာ့ကို ကျောပိုးပြီး သူ့နောက်တွင် အုပ်စုလိုက်ကြီးလိုက်လာကြကာ တစ်မိုင်ကျော်အကွာက စတီးစက်ရုံက ဆေးပေးခန်းကို ပြေးသွားခဲ့ကြသည်။

စိုးရိမ်တာကြောင့် တစ်ခြားသူတွေက နောက်ကလိုက်သွားခဲ့ချိန်မှာ၊ တစ်ချို့လူတွေက ရှောင်ယာ့တို့ မိသားစုကို အသိပေးချင်ခဲ့သည်။

အဒေါ်တာ့ဖုတို့ မိသားစုမှာ တစ်ခုခုဖြစ်နေခဲ့ပြီး လင်းယောင်က အိမ်မှာရှိနေတဲ့ ကုချွင်မေကို စိတ်မပူခဲ့ပေ။ ထို့အပြင်၊ သူမနဲ့အတူ ကုသို့သို့ကို ခေါ်သွားဖို့ အဆင်မပြေခဲ့တာကြောင့် အဒေါ်တာ့ဖုရယ်၊ တစ်ခြားသူတွေရယ်နဲ့ပဲ လမ်းလျှောက်ပြန်လာခဲ့သည်။

လမ်းမှာ မိန်းမကြီးတွေက ကျုံးမိသားစုအကြောင်း အတင်းပြောနေခဲ့ကြပြီး လင်းယောင်ကလဲ နားထောင်နေခဲ့ပါသည်။

" ကျုံးမိသားစုက အဲ့ဒီအဒေါ်ကြီးကြောင့် ရှောင်ယာ့သတိလစ်သွားတာလို့ ထင်လား? "

" သက်သေမရှိပဲ အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့။ "

" ဘာသက်သေတွေ လိုသေးတာလဲ? မစ်စ်ကျုံးက မိန်းကလေးတွေကို သဘောမကျတာကြောင့် နာမည်ကြီးတယ်လေ။ ရှောင်ယာ့ရဲ့ အစ်ကိုနှစ်ယောက်၊ တစ်ယောက်က တာ့ပေါင်လို့ခေါ်ပြီး နောက်တစ်ယောက်က အာ့ပေါင်လို့ခေါ်တယ်။ ညီအစ်ကိုနှစ်ယောက်က ကောင်းကောင်းစားကြပြီး အိမ်မှာ ဘာအလုပ်မှမလုပ်ကြဘူးလေ။ ရှောင်ယာ့ကကျ အသားမည်းပြီး ပိန်တယ်။ သူမက တစ်နေ့လုံး ထင်းတွေကောက်ရတာ၊ အမြဲ ဒုက္ခရောက်နေတာပါပဲ။ "

" မစ်စ်ကျုံးက အရမ်းရက်စက်ပါတယ်။ သူမရဲ့ မြေးအရင်းလေ၊ ဒါကို ဘယ်လိုတောင် အလုပ်တွေအကုန် လုပ်ခိုင်းရက်တာလဲ? ရှောင်ယာ့ကို ကျောင်းမတက်ခိုင်းဘူးလို့လဲ ကြားတယ်။ " လီဆုယွင်က သည်းမခံနိုင်တော့ပေ။ သူမ မိသားစုမှာလဲ သမီးသုံးယောက်ရှိပါသည်၊ ဒါပေမယ့် တစ်ယောက်ကိုမှ ဘာမှမလုပ်ခိုင်းခဲ့ပေ။ ဒါက သူမကို စိတ်တိုစေခဲ့ပြီး ရှောင်ယာ့ဒီလို ခံစားနေရတာက သူမကို မသက်မသာဖြစ်စေပါသည်။

" မင်းက မြို့ကလေ။ ဒီလိုကိစ္စတွေကို ကြုံဖူးမှာ မဟုတ်ဘူး။ ငါတို့ရဲ့တောရွာမှာတော့၊ ဒီလို အလားတူကိစ္စတွေ များတယ်။ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက၊ ငါတို့ရွာမှာ မကောင်းဆိုးဝါးမကြီး တစ်ယောက်ရှိတယ်။ သူမရဲ့ချွေးမက ကလေးနှစ်ယောက် မွေးထားတယ်။ မိန်းကလေးပဲ၊ ပထမကလေးကတော့ရှိပေမယ့် ဒုတိယကလေးကျတော့ မကောင်းဆိုးဝါးမကြီးက ရက်အနည်းငယ်ပဲရှိသေးတဲ့ ကလေးလေးကို ချီပြီး ဆီးအိုးထဲမှာ နှစ်သတ်တော့မလို့။ သူ့ချွေးမရဲ့ အမေကရောက်လာပြီး ကလေးကိုခေါ်သွားလို့သာ မသေတာ ... "

ဒါကိုကြားတဲ့အခါ၊ လင်းယောင်ရဲ့မျက်ခုံးတွေ မြင့်တက်သွားခဲ့ပြီး သူမရဲ့နှလုံး ပြုတ်ကျသွားသလို ခံစားခဲ့ရသည်။ သူမက မိသားစုထဲမှာ တစ်ဦးတည်းသော သမီးဖြစ်သည်။ သူမရဲ့ အဖိုးအဖွားတွေနဲ့၊ မိဘတွေက သူမကို အပြည့်အဝစောင့်ရှောက်ပေးခဲ့ကြပြီး သူမက မိန်းကလေးဖြစ်နေလို့၊ ယောင်္ကျားလေးဖြစ်နေလို့ ဆိုတာမျိုးမရှိအောင် မခွဲခြားပဲ ဆက်ဆံပေးခဲ့သည်။ သူမက တက္ကသိုလ်ဝင်ခွင့်ရခဲ့ပါသည်။ ကျောင်းရဲ့အနောက်ဘက်အိပ်ဆောင်မှာ ကျေးလက်ဒေသကက လာတဲ့ အတန်းဖော်တွေလဲ ရှိကြသည်။ သူတို့ရဲ့မိဘတွေက ဘက်လိုက်တယ်ဆိုပေမယ့်လည်း အလွန်အကျွံတော့မဟုတ်ကြပေ။

အခု လွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်လောက်က လူမှုပတ်ဝန်းကျင်နဲ့ ဒီနေ့ခေတ်ကို စဉ်းစားကြည့်လိုက်လျှင် လမ်းလွဲမှုနဲ့ ခေတ်နောက်ပြန်ဆွဲမှုတွေ အများကြီး ရှိနေကြ‌သေးသည်။

အများကြီး စဉ်း‌စားနေတဲ့အချိန်မှာ၊ ရှေ့က မိန်းမကြီးက ထပ်ပြီး စကားစလာပြန်သည်။

" အဖွားကြီးကျုံးက အတော်လွန်သွားပြီ။ ဘာလို့ ကျုံးရဲ့ ချွေးမက မဆန့်ကျင်ရတာလဲ? "

" ဟေး၊ ‌စကားပြောတာ တော်လောက်ပြီ။ ကျုံးမိသားစုရဲ့ ချွေးမက ပျော့ညံ့တယ်။ ရှောင်ယာ့လိုပဲ၊ သူတို့နှစ်ယောက်က အလုပ်လုပ်ဖို့ ကံပါလာတာ။ ကျုံးမိသားစုရဲ့သားကလဲ ကောင်စုတ်တစ်ကောင်ပဲ။ သူက သူ့အမေရဲ့စကားကိုပဲ နားထောင်တာ။ သူ့မိန်းမ ပြောတာကိုကြားရင်၊ သူ့မိန်းမကို ဖမ်းပြီး သူ့အမေနဲ့အတူ နှစ်ယောက်ပေါင်းပြီး ရိုက်နှက်ကြတာ၊ ဟေး၊ သူမကလဲ သနားစရာလူတစ်ယောက်ပါပဲ။ "

" ဒီ ကျုံးမိသားစုရဲ့သားက တစ်ကယ်ကို အလကားပါ! " လီဆုယွင်က အရမ်းဒေါသထွက်နေခဲ့သည်။

လင်းယောင်ကလဲ လက်သီးဆုပ်မိနေခဲ့ပြီး ဒီ ကျုံးမိသားစုရဲ့သားက ၁၉၆၀ ပြည့်နှစ်တွေက အိမ်တွင်းအကြမ်းဖက်သမားပဲလို့ ပြောရင်း စိတ်တိုလာခဲ့သည်!

" ဘာလို့ ဒီလူကို ကျုံးမိသားစုရဲ့ ချွေးမက မကွာရှင်းတာလဲ? "

" ကွာရှင်းဖို့၊ ဘာလို့ ကွာရှင်းမှာလဲ? ကွာရှင်းတာက လွယ်တယ်များ ထင်လို့လား? အဲ့ဒါအပြင် ဒီ‌ခေတ်မိသားစုတိုင်းက ယောက်ျားတွေက အဲ့လိုပဲလေ။ မိသားစုထဲမှာ တစ်ခြားသူတွေကို ဆဲဆိုကြိမ်းမောင်းတာမျိုးမလုပ်တဲ့သူ ဘယ်နှစ်ယောက်ရှိလို့လဲ? "

စကားပြောလို့ပြီးတဲ့နောက်မှာ မိန်းမကြီးအများစုက တိတ်ဆိတ်သွားခဲ့ကြသည်။ အိမ်က သူတို့ခင်ပွန်းတွေက တစ်ခြားသူတွေကို ရိုက်လေ့မရှိပေမယ့်လည်း၊ စကားများ ရန်ဖြစ်တဲ့အချိန်မှာတော့ ဆဲဆိုတတ်ပြီး ရိုက်နှက်တတ်ပါသည်။

သေစမ်း၊ ရန်ဖြစ်ရင် သူတို့ကလက်ပါကြတယ်လား?

လင်းယောင်က အရမ်းဒေါသထွက်နေခဲ့ပြီး ဒါရိုက်တာကောကို တုံ့ပြန်ချက်ပေးဖို့ အချိန်ကောင်းကို ရှာဖို့ လိုအပ်နေပြီလို့ ခံစားခဲ့ရသည်။ ဒါက မိန်းကလေးရော၊ ယောင်္ကျားလေးရော အတူတူပါပဲ။ ယောင်္ကျားလေးတွေကို မိန်းကလေးတွေထက် ပိုမျက်နှာသာပေးဖို့ ငြင်းဆန်ပြီး အကြမ်းဖက်တာကို ဆန့်ကျင်ရမည်။ သူမက စရမည်!

ခေါင်းဆောင်က ပြောခဲ့သည်။ " အမျိုးသမီးတွေက ကောင်းကင်တစ်ဝက်ကို ကိုင်ထားကြတာ။ "

လွတ်လပ်ရေးရပြီးတာ ဆယ်နှစ်ကျော်ကြာပြီးတဲ့နောက်မှာတောင်၊ ယောင်္ကျားလေးတွေကို မိန်းကလေးတွေထက် ပိုအလေးပေးပြီး အိမ်တွင်းအကြမ်းဖက်မှုကို လက်ခံထားတဲ့လူတွေ ရှိနေကြဆဲပဲ။ ဘာတွေဖြစ်နေကြတာလဲ!

ခြံဝင်းထဲမှာ၊ ကိုယ်ကျင့်တရားကောင်းတဲ့ လက်ထောက်ဒါရိုက်တာကုက အိမ်ကိုပြန်လာခဲ့သည်။ သူက ထင်းခုတ်၊ ကုသို့သို့ရဲ့ ဒိုက်ပါတွေလျှော်၊ လျှောက်လမ်းကို သန့်ရှင်းရေးလုပ်၊ သူ့ရဲ့ အင်္ကျီလက်တွေကို ခေါက်တင်ပြီး မီးဖိုချောင်ထဲမှာ ရေနွေးတည်ခဲ့သည်။ လင်းယောင်စိုးရိမ်နေပုံပေါ်တာကို သူမြင်ခဲ့သည်။ သူက လင်းယောင်ရဲ့လက်ကိုဆွဲဖို့ ရှေ့ကို တိုးသွားကာ မေးခဲ့သည်။ " စိတ်ပူနေတာလား? "

လင်းယောင်က နဂိုတုန်းက အရမ်းဒေါသထွက်နေခဲ့ပေမယ့် တစ်စုံတစ်ယောက်ရဲ့ ဖြူစင်ပြီး နူးညံ့တဲ့ပုံစံကို မြင်လိုက်ရတဲ့အခါ၊ ဘယ်လောက်ပဲ စိတ်တိုတို သူမ မဖော်ပြနိုင်ခဲ့ပေ။

ဟေး၊ အပြစ်မဲ့တဲ့သူတွေကို အရင်ဆုံး မငဲ့ကွက်နိုင်ဘူးလို့ ပြောလို့လား? နောက်ဆုံးမှာ၊ လက်ထောက်ဒါရိုက်တာကုက ဒီနယ်ပယ်မှာ အရမ်းကျွမ်းကျင်ပါသည်။

လင်းယောင်က ဒီနေ့ ဘာဖြစ်ခဲ့လဲဆိုတာ ပြောခဲ့ပြီး ကုရှီအန်းက မျက်မှောင်ကျုံ့ခဲ့သည်။

" ဘေးခြံက အဒေါ်ကြီးကျုံး။ သူ့သားက လွန်ခဲ့တဲ့ နှစ်ရက်က သူပျောက်နေတယ်လို့ အမှုလာဖွင့်ထားတာလေ။"

All Chapters