← Chapters

အခန်း (၁၁၃)

Vol. 10 Ch. 113

အခန်း (၁၁၃)

Vol. 10 Ch. 113

ကုမန်ဆန်နှင့် ဇနီးဖြစ်သူတို့မှာ ဆုံးဖြတ်ချက်မချနိုင်ကြသောကြောင့် မိသားစုအစည်းအဝေးထိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။

လူကြီး ၂ ‌‌ယောက်ပင်စင်ယူပြီးတည်းက သူတို့ဘဝမှာအလွန်သာယာသွားသည်။ နေ့ပိုင်းတွင်သူတို့က အပန်း‌ဖြေရန် လမ်းလျှောက်ကြပြီး ပြန်လာသောအခါ ကလေးများကို စောင့်ရှောက်ပေးကာ အရိုးနှင့်ကြွက်သားများသန်မာရန် အသီးအရွက်ခြံကို ကြည့်ပေးသည်။

သည်ရက်များတွင် အပြင်ဖက်၌ အခြေအနေမကောင်းပေ။ သူတို့လူကြီး ၂ ယောက် အပြင်ထွက်လျှင် လမ်းပေါ်တွင် စစ်ရေးပြရန် လူစုနေသောဗိုလ်ချုပ်များကို တွေ့ရသည်။ ကြည့်ရသည်မှာ စိတ်မချမ်းသာစရာကောင်းသောကြောင့် သူတို့လမ်းပေါ်သိပ်မသွားကြပေ။ နောက်ဆုံးနေပူဆာလှုံရန် လမ်းသွယ်လေးထိပ်တွင် ရပ်လိုက်ကြသည်။

ညပိုင်းတွင်မိသားစုကဧည့်ခန်းထဲမှဆိုဖာပေါ်တွင်ထိုင်လိုက်ကြပြီး ကုရှီတုန်းကိုခေါ်လာကြသည်။ သူ့မိဘများ၊အစ်ကိုကြီးနှင့်မရီးတို့က ကောင်းကျိုးဆိုးကျိုးများကို ပိုင်းခြားစိတ်ဖြာပြသည်။ ကုချွင်မေနှင့် ရွှီရှန်းချန်တို့လည်းဝန်းထဲသို့လာကြသည်။ လမ်းဒါရိုက်တာကလော်စပီကာနှင့် အနီရောင်အလံကြီးကိုအမြင့်တွင်လွှင့်ထူထားသည်ကိုမြင်ရသည်။ စစ်စည်းရုံးသည့်အစည်းအဝေးကလည်းအရှိန်အဟုန်နှင့် ပညာတတ်လူငယ်များကို ကျယ်ဝန်းသောကျေးလက်ဒေသဖက်သို့သွားကာ သူတို့အရည်အချင်းများကိုပြသပြီး မိခင်မြေကိုတည်ဆောက်ရန်ပြောနေလေသည်။

လွန်ခဲ့သည့် ၂ နှစ်အတွင်းတွင် ကောင်တီအစိုးရသည် ရင်ဘတ်တွင် ပန်းပွင့်နီကြီးများထိုးထားသည့် ပညာတတ်လူငယ် အုပ်စု အများအပြားကို အိုးစည်ဗုံမောင်းများနှင့် လွှတ်လိုက်လေသည်။

သည်နှစ်သုန်ဇီအရွယ်ရောက်လာတော့ လမ်းထဲမှဝန်ထမ်းက အိမ်ကိုပါလာရောက်ပြီး စစ်စည်းရုံးရေးလုပ်လေသည်။

တောင်တန်းနှင့် ကျေးလက်ဖက်တွင် လှုပ်ရှားမှု ၂ မျိုးရှိသည်။ တစ်ခုမှာ လူမနေထိုင်သော နယ်စပ်နှင့်ကျွန်းများပေါ်သို့သွားပြီး ဆောက်လုပ်ရေးအဖွဲ့တွင်လုပ်ရန်ဖြစ်ကာ နောက်တစ်ခုမှာ ဝေးလံခေါင်ဖျား ကျေးလက်ဒေသသို့သွားပြီး ဒေသခံများနှင့်အတူ စားသောက်အလုပ်လုပ်ကိုင်ရန်ပင်။

သုန်ဇီ၏အမြင်ကတော့ ‌ကျေးလက်ဒေသကိုသွားရမှာထက် စစ်သားလုပ်ရမည်က ကျိန်းသေပေါက်ပိုကောင်းသည်ပင်။

စစ်သားဖြစ်ရတာ ဘယ်လောက်တောင် မိုက်လိုက်သလဲ။ သေနတ်ကိုကိုင်ပြီး မိခင်မြေကိုကာကွယ်ရတာ အလွန်ပင်ဂုဏ်သရေရှိလှသည်။

ကျန်းဆွေ့လန်က သူ့သားကိုဆုံးမလေတော့သည်။

"စွန့်ပစ်နယ်မြေက စစ်သားအဖွဲ့ကိုသွားရင်လည်းအတူတူပဲလေ။ မိဘတွေနဲ့ဝေးနေတဲ့ ဘယ်နေရာကမှကောင်းကင်ဘုံ မဟုတ်ဘူး။ ကျွန်းပေါ်ကိုသွားသွား နယ်စပ်ကိုသွားသွား မနက်မှာလေ့ကျင့်ရေးဆင်းဖို့ထပြီး ညမှာအလုပ်လုပ်ရမှာပဲ။ ငါတို့လမ်းက ချန်မိသားစုရဲ့သားလည်းအဲ့လိုပဲမလား။ အနောက်မြောက်ဖက်ကစစ်သားတစ်‌ယောက်အိမ်ကို စာရေးတယ်။ သူတို့စစ်အဖွဲ့ထောက်ပို့ပစ္စည်းတွေမရလို့တဲ့။ ရေနံဆီမီးအိမ်လည်း မဝယ်နိုင်ဘူး။ ညဖက်မှာဓါတ်မီးနဲ့ ရေတွင်းတူးရတယ်တဲ့။ အဲ့လိုအခက်အခဲတွေ မကြုံရရင်တောင် စားဖို့လုံလုံလောက်လောက်မရှိဘူး။ တစ်ချို့ရေရှားတဲ့နေရာတွေမှာဆို ရေချိုးရတာကတောင် ဇိမ်ခံပစ္စည်းတစ်ခုလိုပဲ။မင်းဒီအခက်အခဲတွေ အကုန်လုံးကို တွေးပြီးပြီလား?"

ကုရှီတုန်းက မတ်မတ်ထိုင်ကာ သေချာပြောလေသည်။

"အဖေ အမေ ကျွန်တော်ကလေးဘဝတည်းက ကျွန်တော့်အိမ်နဲ့နိုင်ငံကို ကာကွယ်ပေးတဲ့ အစ်ကိုကြီးလိုစစ်သားတွေကိုအားကျခဲ့တာ။ ကျွန်တော့်အိပ်မက်ကလည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ဂုဏ်သရေရှိတဲ့ စစ်သားတစ်‌ယောက်ဖြစ်လာဖို့ပါ။ အစ်ကိုကြီးတောင် အဲ့အခက်အခဲတွေကို ခံနိုင်ရည်ရှိရင် ကျွန်တော်လည်း ခံနိုင်ရည်ရှိပါတယ်။ အစ်ကိုကြီးလုပ်နိုင်သလို ကျွန်တော်လည်းလုပ်နိုင်ပါတယ်"

သားဖြစ်သူက ထိုသို့ပြောလာတော့ မိဘများကသူ့ကိုဆန့်ကျင်ပြီး ဘာမှမပြောကြတော့။

လင်း‌ယောင်နှင့် ကုချွင်မေတို့တစ်‌ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ညီအစ်မ ၂ ယောက် ကုရှီတုန်းကို လက်မထောင်ပြကြသည်။

ကုရှီတုန်းခေါင်းကုတ်ပြီး ရှက်သွားလေသည်။

"မင်းက ရည်မှန်းချက်ကြီးတဲ့ကောင်လေးပဲ။‌ ယောက်ဖလည်း မင်းကိုအားပေးတယ်"

အစ်ကိုကြီးထို့ထို့လည်း ကုရှီတုန်းကို ပုခုံးပုတ်ကာ ရယ်ပြလာသည်။

ကုရှီအန်းကတော့ သူ့ညီပြောတာကိုကြားသောအခါ မအံ့သြပေ။ မျက်လုံးထဲတွင် အပြုံးရိပ်နှင့် သေချာအောင်အတည်ပြုလေသည်။ "မင်းသေချာစဥ်းစားပြီးပြီလား"

ကုရှီတုန်းက တွေးတောင်မတွေးတော့ပဲ ခေါင်းငြိမ့်ပြလေသည်။

"သေချာစဥ်းစား။‌ ယောကျ်ားဆိုတာ ကတိတည်ရတယ်"

သည်တစ်ခေါက်တော့ ကုရှီအန်း၏ အပြုံးက မျက်လုံးများတွင်ပင် ထင်ဟပ်နေလေသည်။

"ကောင်းပါပြီ"

ကုရှီတုန်း စစ်ထဲဝင်မည့်ကိစ္စအပြီးသတ်သွားပြီဖြစ်သည်။

နောက်တစ်နေ့ ကုရှီတုန်းလမ်းထဲကိုသွားပြီးဖောင်ဖြည့်ကာစာရင်းသွင်းလေသည်။ ထို့နောက် ရှင်းကျန်းတပ်ဖွဲ့ထဲဝင်ရန်ဆုံးဖြတ်လိုက်သည်။

ကျန်းဆွေ့လန်နှင့် ခင်ပွန်းဖြစ်သူတို့မှာ သူတို့သားစစ်ထဲဝင်မှာကို သဘောတူလိုက်သော်လည်း စိတ်မသက်မသာတော့ဖြစ်နေဆဲပင်။

ကုရှီအန်း စစ်ထဲဝင်တုန်းက လူကြီး ၂ ‌ယောက်မှာတွန့်ဆုတ်ခဲ့သော်လည်း ခုလောက်တော့မအိပ်နိုင်မစားနိုင်မဖြစ်ခဲ့ကြပေ။

အကြီးဆုံးသားမှာ ငယ်ငယ်တည်းက တည်တည်ငြိမ်ငြိမ်ရှိကာ စစ်ထဲဝင်ပြီးနောက်လည်း အလွန်ပင်နှိမ့်ချကာ ဖြည်းဖြည်းချင်း အမြင့်သို့တက်လှမ်းခဲ့လေသည်။

လင်း‌ယောင် လက်ထောက်ဒါရိုက်တာကုနှင့် တိုင်ပင်ကာ သူလည်းစစ်သားတစ်‌ယောက်ဖြစ်တာကြောင့် သုန်ဇီကိုရှင်းကျန်းစစ်တပ်ထဲ ဝင်ခိုင်းတာပိုကောင်းလိမ့်မည်။

သူမအစ်ကိုကြီးလင်းရိလည်းဘအဲ့မှာရှိတာကြောင့် သုန်ဇီအဝေးကို ရောက်သွားရင်တောင် သူ့ကိုစောင့်ရှောက်ပေးနိုင်သည်။

ထို့ပြင် ၁၀ နှစ်ကျော်မြေဖော်ပြီးနောက် ရှင်းကျန်းတပ်ဖွဲ့မှာ မြင်း၊ကျွဲ၊နွားမွေးမြူရေးများ၊မြေယာများရှိနေပြီဖြစ်သည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ခက်ခဲချိန်များတုန်းက လင်း‌ယောင်က ကုရှီအန်းအား ရှင်းကျန်းတပ်ဖွဲ့ကို အထောက်အပံ့များပို့ခိုင်းလေသည်။ တစ်ထောင်ကီလိုရှိသော အစားအသောက်များကိုနေရာလွတ်မှထုတ်ကာ ရှင်းကျန်းတပ်ဖွဲ့သို့ ရထားတစ်စီးစာ အစားအသောက်များကို ပို့ပေးလေသည်။ ဟုတ်သည်။ နောက်ဆုံးမှာတော့ လင်း‌ယောင်မှာ နေရာလွတ်ရှိတာကို ကုရှီအန်းသိသွားပြီဖြစ်သည်။

ထိုသည်မှာ ၃ နှစ်အငတ်ဘေး၏ နောက်ဆုံးနှစ်ဖြစ်သော ၁၉၆၂ ခုနှစ်ဖြစ်သည်။ ထိုနှစ်တွင် ယွင်ရွှေကောင်တီမှာ နှစ်ဝက်လောက် ပြင်းထန်သော မိုးခေါင်ခြင်းကို ခံစားခဲ့ရသည်။ ရိတ်သိမ်းစရာ ဘာမှမရှိသလောက်ပင်။ လူများမှာစားစရာမရှိကာ အသီးအရွက်အရိုင်းပင်များ၊သစ်ရွက်များနှင့် မြက်အမြစ်များကိုစားခဲ့ရသည်။

အစားအသောက် ပြတ်လပ်မှုကြောင့် အထက်လူကြီးများက ကောင်တီကို ပဲကိတ်များ၊ ဂျုံဖွဲနုများ၊ဆီလက်ကျန်များပို့ပေးလေသည်။ ကောင်တီခေါင်းဆောင်များနှင့်လူများမှာ အခက်အခဲများကို မျှဝေရန်ကြိုးစားကြကာ အိမ်ပြန်ပြီး အသီးအရွက်အရိုင်းပင်များ၊ပေါက်စီများကိုစားကြသည်။

ထိုအချိန်တွင်လင်း‌ယောင်မှာ ယွမ်ယွမ်ကိုမွေးပြီးကာစပင်ဖြစ်သည်။ မိသားစုက စားစရာမဝယ်နိုင်သောကြောင့် လင်းယောင်မှာ နို့မထွက်ပေ။ ယွမ်ယွမ်မှာဗိုက်ဆာလို့ငိုနေကာ သို့သို့နှင့်သုန်ဇီတို့မှာလည်း ပိန်ပြီးဖြူဖျော့နေပြီဖြစ်သည်။

ထိုဟာက အ‌ဖြေမဟုတ်တာကိုတွေ့တော့ လင်းယောင်အခွင့်အရေးရှာကာ အိမ်တွင်ဘယ်သူမှမရှိချိန်တွင် ကျန်းဆွေ့လန်နှင့် ကလေးများအတွက် မီးဖိုလေးမွှေးနေလေသည်။

ရလာဒ်အနေနှင့် ကုရှီအန်းမှာ စောစောအိမ်ပြန်လာကာ တွေ့သွားလေတော့သည်။

လင်းယောင်မှာ လက်ထဲတွင်ဝက်သားနှပ်အိုးကြီးကိုကိုင်ထားကာ သူမထိုကိစ္စကို ဆက်ဖုံးကွယ်ထားလို့မရမှန်း သိသွားသည်။

လင်းယောင်အသက်ပြင်းပြင်းရှူကာ ကုရှီအန်းကိုနေရာလွတ်အကြောင်း ပြောပြလိုက်သည်။

ထိုအချိန်တွင် သူမမှာအလွန်ပင်စိတ်လှုပ်ရှားနေကာ လျှပ်စစ်ကျင်စက်ငယ်ကို အင်္ကျီလက်ထဲတွင် ဖွက်ထားလေသည်။ လက်ထောက်ဒါရိုက်တာကုသာ မမှန်တာတစ်ခုခုလုပ်လျှင် သူ့ကိုကျင်စက်ငယ်နှင့်တို့ပြီး ကလေးများကို အခြားနေရာခေါ်သွားရန်ပင်။

မမျှော်လင့်ထားစွာပင် လက်ထောက်ဒါရိုက်တာကုက သူမအား စိတ်လှုပ်ရှားစွာပွေ့ဖက်လာကာ အတိတ်ဖြစ်ဖြစ် အနာဂတ်ဖြစ်ဖြစ် သူဂရုမစိုက်ကြောင်းပြောလေသည်။ သူမ ဘယ်နေရာကပဲလာလာ သူဂရုမစိုက်ပေ။ ဒီကိစ္စကြောင့် သူမ သူ့ကိုထားသွားကာ ကလေးများကိုအဝေးခေါ်သွားလို့မရပေ။

"ကိုယ်ချစ်တာ မင်းနဲ့ကလေးတွေကိုပဲ။ ကျန်တာတွေကဘာမှအရေးမကြီးဘူး"

လင်းယောင် သူမနှလုံးသားထဲတွင် နွေးထွေးသွားသည်ကို ခံစားလိုက်ရသည်။ ထိုအချိန်မှစပြီး လင်မယား ၂ ယောက် နေရာလွတ်မှ အစားအသောက်နှင့်ပစ္စည်းများကိုအသုံးချကာ ဆက်ဆံရေးကောင်းများစွာကို တည်ဆောက်နိုင်ခဲ့သည်။

၁၉၆၃ ဆောင်းရာသီတွင် ရှင်းကျန်းတပ်ဖွဲ့များ ဆယ်စုနှစ်ပေါင်းများစွာတိုင် မကြုံဖူးသည့် နှင်းမုန်တိုင်းအပြင်းစားနှင့် ကြုံတွေ့ခဲ့ရသည်။ ကောက်နှံရိတ်သိမ်းရရှိမှုအလွန်ပင် နည်းပါးခဲ့သည်။ နောက်နှစ်နွေဦးတွင် တပ်ဖွဲ့၌ ဘာမှစားစရာမရှိတော့ပေ။ အခက်အခဲများကြားမှ လင်းယောင်နှင့်ခင်ပွန်းဖြစ်သူတို့ ပို့ပေးသော ဆန်စပါးများစွာအပေါ်ကို သူတို့မှီခိုခဲ့ရသည်။ ရှင်းကျန်းတပ်ဖွဲ့၏ တပ်ဖွဲ့ခွဲမှူးက လင်းယောင်ကို ငွေတံဆိပ်ပြားပင်ပို့ပေးခဲ့သည်။

လင်းယောင် နောက်တစ်နေ့တွင် စာတိုက်သို့သွားပြီး လင်းရိကို ဖုန်းခေါ်လိုက်သည်။

ရှင်းကျန်းတပ်ဖွဲ့ရှိသော ဂိုဘီသဲကန္တာရမှာမျက်စိတဆုံးကျယ်ပြန့်ကာ ကျွဲအုပ်၊နွားအုပ်၊အသီးအရွက်ခင်းများလည်းရှိပြီး စစ်သားများမှာ စစ်ရေးကျင့်သူက ကျင့် လယ်ထွန်သူက ထွန်နေကြသည်။

စစ်ရေးလေ့ကျင့်သည့်ကွင်းပြင်တွင် ကျည်ဆံများကနေရာတကာပျံဝဲနေသည်။ စစ်သားများက အတန်းလိုက် ပစ်မှတ်များနှင့် သေနတ်ပစ်လေ့ကျင့်နေကြသည်။ကျောတွင်သေနတ်များနှင့် မတ်တပ်ရပ်ကာ ကင်းစောင့်နေသော တပ်သားများလည်းရှိသည်။ လေ့ကျင့်ကွင်းသည်အန္တရာယ်များသော နေရာဖြစ်သည်။ ကျည်အစစ်မဟုတ်ဘူး ဆိုရင်တောင် ထိုနားကပ်ရန်မှာအန္တရာယ်များသည်ပင်။ အစောင့်စစ်သားများရှိကိုရှိရသည်။

တပ်ရင်းရုံးခန်းထဲတွင် နံရံပေါ်၌ မြေပုံများချိတ်ထားလေသည်။ ရုံးခန်းထဲမှစားပွဲပေါ်တွင် လင်းရိနှင့်အကြီးအမှူးတို့မှာ တပ်သားများ တည်နေရာကို သဲပေါ်တွင်ပုံစံတူဆွဲကာ ဆွေးနွေးနေကြသည်။

အစောင့်က သူ့ညီမဆီမှဖုန်းလာကြောင်းသတင်းပို့လာလေသည်။

လင်းရိမှာ အလွန်ပင်ပျော်သွားကာ ဖုန်းသွားပြောလေတော့သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် လင်းရိပြန်ရောက်လာပြီး ဗိုလ်ကြီးလင်းမှာ တောက်ပစွာပြုံးနေကာ သူ့ရဲဘော်ရဲဘက်များကို ကြွားနေလေတော့သည်။

"လောင်ထန် လောင်မုံ့ မင်းတို့မသိဘူးမလား? ငါ့သို့သို့လေးက ငယ်ငယ်‌လေးနဲ့ သေနတ်ပစ်တာအရမ်းတော်တာပဲ။ ယွမ်ယွမ်ကလည်း သေနတ်တွေကို သဘောကျတယ်။ ကလေး ၂ ‌ယောက်က တကယ်ကိုငါနဲ့တူတာပဲ ဟားဟား"

အရာရှိမုံ့က သိပ်မယုံပေ။

"လောင်လင်း မင်းရဲ့တူလေးကအသက်ဘယ်လောက်လဲ? သေနတ်အစစ်ကိုင်လို့ရလို့လား?"

တပ်ဖွဲ့ထဲတွင် ကလေးငယ်များကို သေနတ်ကိုင်ခွင့်မပြုပေ။

"သေနတ်အစစ်မဟုတ်ဘူးလေ"

"ဘယ်လိုမျိုးလဲ?"

"သစ်သားသေနတ်ပေါ့။ပြီးတော့ သစ်သားသေနတ်ကလည်း သေနတ်ပဲလေ"

"ဒီရက်ထဲမှာခရီးထွက်ရမှာ။ ပြန်လာရင်ယွမ်ယွမ်နဲ့သို့သို့အတွက် ပစ္စည်းကောင်းလေးတွေ ဝယ်ခဲ့ရမယ်"

"..."

သြဂုတ်လ ၅ ရက်တွင် ယွင်ရွှေကောင်တီမှစစ်ထဲဝင်သောလူငယ်အုပ်စုသစ်များမှာ စစ်စိမ်းရောင်ယူနီဖောင်းကိုဝတ်ထားကာ ရင်ဘတ်တွင် အနီရောင်ပန်းကြီးများကိုထိုးထားကြသည်။ လက်ထဲတွင် အထုပ်အကြီးအသေးများနှင့် ရထားစီးရန် တက်ကြွစွာစီတန်းစောင့်နေကြသည်။ ကုရှီတုန်းစစ်ထဲဝင်မည့် သတင်းကိုကြားတော့ ကုမိသားစုမှ ဆွေမျိုးများအားလုံး လာတွေ့ကြသည်။

လင်းယောင်နှင့် ယောက္ခမဖြစ်သူတို့မှာ အထုပ်ကြီးအများအပြားကိုအတူ ထုပ်ပိုးကြသည်။ ရှင်းကျန်းမှာ‌အေးတာကြောင့် စစ်သားများအတွက် အိပ်ယာခင်းများပြင်ပေးကြသည်။ သည်ရက်များတွင် အခြေအနေကခက်ခဲကြလေသည်။ အချို့နေရာများတွင် စစ်သားများမှာ သူတို့ဘာသာလုပ်ထားသော စောင်များကိုတောင် သုံးကြရသည်။ မိသားစုက ကုရှီတုန်းအတွက် ရှစ်ပေါင်ရှိသော စောင်အသစ်စက်စက်၊ ကြွေရည်သုတ်ဇလုံအသစ်စက်စက်၊ ဂွမ်းကပ်အနွေးထည် ၂ စုံ၊လမ်းမှာစားဖို့အစားအသောက်နှင့် အ‌ထောက်အပံ့ပစ္စည်းများထည့်ပေးလိုက်သည်။

ကုရှီတုန်းမှာ တစ်အိတ်ကို ရင်ဘတ်တွင်လွယ်ထားကာ တစ်အိတ်ကို ကျောမှာလွယ်ပြီး အိတ်ကြီး ၂ အိတ်ကို လက်ထဲတွင်ကိုင်ထားလေသည်။

သို့သို့နှင့်ယွမ်ယွမ်တို့ကလေး ၂ ယောက်မှာ သူတို့ဦးလေး သွားတော့မယ်ဆိုတာကိုသိ‌တော့ တစ်လမ်းလုံးငိုနေကြလေသည်။

မိသားစုဝင်များမှာ ကုရှီတုန်းကို မှာစရာရှိတာမှာကာ လူစုရန်ဝစီမှုတ်သံကိုကြားတော့ တစ်မိသားစုလုံးမျက်ရည်ဝဲကြတော့သည်။

ဖက်တီးကောင်လေးက လက်ထဲတွင် စည်သွပ်အသီးဘူးကိုကိုင်ထားကာ သူ့ဦးလေးကို မျက်ရည်များနှင့်ကမ်းပေးပြီးလမ်းမှာ စားဖို့ပေးလိုက်လေသည်။

အစိမ်းရောင်ရထားက ကျယ်လောင်စွာမြည်ဟီးကာ လူငယ်များကိုသူတို့ မွေးဖွားကြီးပြင်းခဲ့ရာ မွေးရပ်မြေမှ ဘဝခရီးနောက်တစ်‌နေရာသို့ ခေါ်ဆောင်သွားတော့သည်။

သုန်ဇီသွားပြီးရက်အနည်းငယ်အတွင်းမှာပဲ ၁၉၆၆ ဆောင်းဦးလယ်ပွဲတော် ရောက်လာလေသည်။

ဆောင်းဦးလယ်ပွဲတော်နီးလာတော့ လင်းယောင် ယွမ်ယွမ်ကို အိမ်ပြင်ကိုခေါ်လာခဲ့သည်။

ယွမ်ယွမ်ကအမေဖြစ်သူကိုတိုင်လေသည် "မာမား ကိုကိုကသမီးဆီက သစ်တော်သီးကိတ်နဲ့ ချိုချဥ်တွေ ယူစားတယ်"

ကုသို့သို့ကရယ်သည်။ သူဗိုက်ဆာနေသည်ပင်။

လင်းယောင် လောဘအိုးလေးကိုကြည့်ပြီးပြောလိုက်သည်။ ဒါကဆောင်းဦးလယ်ပွဲတော်ဖြစ်သည်။ နောက်သကြားလုံးတစ်လုံးထပ်စားလို့ရသည်။ ဒါပေမယ့် ဒီလိုထပ်လုပ်လို့တော့ မဖြစ်ဘူးဟူ၍ပင်။

ဒီလိုဆက်ပြီး ညီမလေးချိုချဥ်တွေကို လောဘကြီးနေမယ်ဆိုရင် ကုရှီအန်းပြန်လာလို့ တုတ်နဲ့ရိုက်မှာကိုသတိထားဆိုပြီး ပြောလိုက်သည်။

ကုသို့သို့ဒါကိုကြားတော့မတ်တပ်ရပ်ပြီး စစ်တပ်ထဲကလိုအ‌လေးပြုလေသည် "ဟုတ်!"

"..."

ယွင်ရွှေကောင်တီတွင် အစိမ်းရောင်စစ်ကားလေးက လူများသွားလာနေကြသော ပစ္စည်းတင်သွင်းခြင်းနှင့်ဈေးကွက်ဖြန့်ချိရေးသမဝါယမရှေ့တွင် ရပ်လိုက်လေသည်။

ထိုနေရာမှာစစ်တပ်ဧရိယာနှင့် နီးသောကြောင့် ကောင်တီတွင်စစ်ကားနှင့် သွားလာနေကြသော အစောင့်များကို လူများကမြင်နေကျဖြစ်နေပြီဖြစ်သည်။

မမျှော်လင့်ထားစွာပင် စစ်ယူနီဖောင်းဝတ်ထားသောအရပ်ရှည်ရှည်အရာရှိငယ်တစ်ယောက်က ဒီနေ့လာလေသည်။ သူ့အငွေ့အသက်က သာမန်လူတစ်ယောက်မဟုတ်ကြောင်းပြသနေသည်။

သမဝါယမရှိ အရောင်းစာရေးမများက ပြုံးပန်းဝေကာ မတ်မတ်ရပ်ပြီး ဤအရာရှိချောချောလေးကို သူတို့ကောင်တာဆီသို့ ဆွဲဆောင်နေကြလေသည်။

မမျှော်လင့်ထားစွာပင် အရာရှိငယ်လေးက သူတို့ကိုမမြင်သလိုပင် အသားရောင်းသူ ဦးလေးဝမ်ဆီသို့သာ တည့်တည့်မတ်မတ်သွားကာ အသား၂ ကီလိုနှင့် အရိုးကြီးကြီးအနည်းငယ်ဝယ်သွားလေသည်။

ဦးလေးဝမ်က ခုတ်ထစ်ကာ အရိုးကြီးကြီး ၂ ခုပိုထည့်ပေးလိုက်ပြီး ကောက်ရိုးနှင့်ချည်ကာ ပေးလိုက်လေသည်။

အရာရှိငယ်လေးက ဦးလေးဝမ်ကို ကျေးဇူးတင်စကားပြောလိုက်ပြီး မိတ်ကပ်ကောင်တာသို့ကြည့်လိုက်သည်။

သည်ခေတ်တွင် အသားအရေထိမ်းသိမ်းသည့်ပစ္စည်းများ များများစားစားမရှိပေ။

လုရှောင်ဟုန်က မိတ်ကပ်ကောင်တာနောက်တွင် စိတ်လှုပ်ရှားသွားကာ ရှက်သွေးဖြာရင်း မေးလိုက်လေသည်။ "ဘာဝယ်ချင်လို့လဲမသိဘူးရှင့်"

All Chapters