← Chapters

အခန်း (၁၁၄)

Vol. 10 Ch. 114

အခန်း (၁၁၄)

Vol. 10 Ch. 114

လုရှောင်ဟုန်က အလှကုန်ပစ္စည်းစင်ရှေ့မှာ စိတ်လှုပ်ရှားနေခဲ့ပြီး ရှက်သွေးဖြာနေတဲ့မျက်နှာနဲ့ မေးခဲ့သည်။ " ဘာဝယ်ချင်လို့လဲရှင့်? "

လင်းရိက ခေါင်းငုံ့ပြီး ကြည့်လိုက်သည်။ သူက နှစ်ပေါင်းများစွာကြာအောင် ပြန်မလာဖြစ်ခဲ့ပေ။ သူ့ညီမလေး သုံးလေ့ရှိတဲ့ အသားအရေထိန်းသိမ်းမှုထုတ်ကုန်တွေက ဘာတွေလဲဆိုတာ သူသိချင်ခဲ့သည်။ Pechoin အလှကုန်လား? ဒါမှမဟုတ် သဘာဝအလှဆီလား?

လင်းရိက မသေချာနေခဲ့ပေ။ ဒါကြောင့် သူက ရိုးရှင်းစွာနဲ့ တန်ဖိုးအကြီးဆုံး ယရှန် အလှဆီတစ်ဘူးကို ဝယ်ခဲ့ပြီး အရှေ့က ပုလဲခရင်မ်ဘူးပန်းရောင်လေးကို လက်ညှိုးထိုးပြခဲ့သည်။ " ဒါကို ဘယ်လိုရောင်းတာလဲ?"

" ပြည်သူ့လုံခြုံရေးရဲဘော် ရှင်က တစ်ကယ်ကို ကောင်းကောင်းသိတာပဲ။ ဒါက တစ်ဘူးကို ၈၅ ဆင့်ကျသင့်တဲ့ ကျောက်ပွင့်မှိုပုလဲခရင်မ် ပါ၊ ပြီးတော့... "

လုရှောင်ဟုန် စကားပြောလို့မပြီးခင်မှာ၊ ရက်ရောတဲ့ လင်းရိက ကျန်းဆွေ့လန်အတွက် တစ်ဘူးနဲ့ ကုချွင်မေအတွက် တစ်ဘူးဆိုပြီး နှစ်ဘူးဝယ်ခဲ့သည်။ ကုမိသားစုရဲ့ အမျိုးသမီးဆွေမျိုးတွေကို ‌အကုန်လုံး ဂရုစိုက်ပေးခဲ့သည်။

လုရှောင်ဟုန်က ဒီချောမောတဲ့ အရာရှိရဲဘော်က အရမ်းရက်ရောတာကို တွေ့ခဲ့ရသည်။ ပိုက်ဆံယူတဲ့အချိန်မှာ၊ သူမက လင်းရိနဲ့ နီးစပ်ဖို့ကြိုးစားရင်း ခဏခဏ ခိုးကြည့်နေခဲ့သည်။

လင်းရိက ယွမ်ယွမ်နဲ့ သို့သို့အတွက် ဘာလက်ဆောင် ဝယ်ပေးရမလဲဆိုတာ တစ်ခုတည်းကိုပဲ စဉ်းစားနေခဲ့ပါသည်။ ပိုက်ဆံပေးပြီးတဲ့နောက်မှာ၊ သူက သူမကို ကြည့်တောင်မကြည့်ခဲ့ပေ၊ ပြီးတော့ ထုတ်ပိုးပြီးသားအသားအရေ ထိန်းသိမ်းမှုထုတ်ကုန်တွေနဲ့ပဲ ပြန်ထွက်သွားခဲ့သည်။

လုရှောင်ဟုန်က မျက်တောင်ခတ်ရင်း ကျန်ခဲ့သည် - " ..."

တစ်ချိန်တည်းမှာပဲ၊ ကုရှီအန်းက အလုပ်ဆင်းလာခဲ့ပြီး ဆောင်းဦးလယ်ပွဲတော်အတွက် ပစ္စည်းတွေဝယ်ဖို့ သမဝါယမဌာနကို သွားခဲ့သည်။

တစ်ကယ်တော့၊ လမုန့်ပဲဖြစ်ဖြစ်၊ တစ်ခြားပစ္စည်းတွေပဲဖြစ်ဖြစ်၊ လင်းယောင်ရဲ့ နေရာလွတ်ထဲမှာ လိုအပ်သမျှပစ္စည်းတိုင်း ရှိပါသည်။ ဒါကြောင့် အပြင်မှာ ပိုက်ဆံပေးဝယ်စရာ မလိုပေ။

အခု အပြင်က အစောင့်တွေက သူတို့ကို အနီးကပ်စောင့်ကြည့်နေကြပြီး ကုရှီအန်းနဲ့ သူ့ဇနီးတို့က ပြဿနာမဖြစ်ချင်ကြပေ။ အပြင်‌ဘက်လောကကြီးနဲ့ သူတို့ဘဝတွေကို ဘယ်လိုရှင်သန်ရမှာလဲ? ဒါကြောင့် ပြဿနာဖြစ်မှာကို ရှောင်နေခဲ့ကြပါသည်။

ကုရှီအန်းက သမဝါယမဌာနကို ဖြတ်သွားတဲ့အခါ၊ သူက လင်းယောင် မှိုဖြူစွပ်ပြုတ်လုပ်တဲ့အခါ လိုအပ်တဲ့ မှိုဖြူနှစ်ထုပ်၊ သကြားခဲတစ်ပေါင်နဲ့ စွံပလွန်သီးအနီရောင် တစ်ပေါင်ဝယ်ဖို့ အဓိက စားကုန်အတွက် မဟုတ်တဲ့ တံဆိပ်ခေါင်းတွေကို အသုံးပြုခဲ့သည်။

ဈေးဝယ်လို့ပြီးတဲ့နောက်မှာ၊ ကုရှီအန်းက လက်ထဲမှာ အိတ်ကြီး၊ အိတ်ငယ်နဲ့ တိုက်ရိုက် မထွက်သွားခဲ့ပေ။ အဲ့ဒီအစား၊ သူက ယွမ်ယွမ်နဲ့ သို့သို့တို့အတွက် သားရေဖိနပ်ဝယ်ဖို့ ချန်နန် သမဝါယမဌာနကိုသွားခဲ့သည်။

ဒီအချိန်မှာ၊ လင်းရိကလဲ ချန်နန်သမဝါယဌာနကို ရောက်နေခဲ့သည်။ သူက စိတ်ဝင်တစားနဲ့ နာရီကောင်တာရှေ့ကို တိုးကြည့်ခဲ့ပြီး မနီးမဝေးမှာ လူငယ်အမျိုးသားနဲ့ အမျိုးသမီးတို့က အဆင်မပြေဖြစ်နေကြတာကို မြင်ခဲ့သည်။

အခုလေးတင် ဒီလူငယ်စုံတွဲဆီက ကြားလိုက်ရတာက ကောင်မလေးက မင်္ဂလာလက်ဖွဲ့အဖြစ် လက်ပတ်နာရီတစ်လုံး ဝယ်ချင်နေခဲ့တာဖြစ်သည်။

အပြာရောင်ဝတ်စုံနဲ့ ကောင်လေးက သူ့ဘဝကို ဘယ်လိုရှင်သန်ရမလဲဆိုတာကို အလုံးစုံသိနေသည်။ သူက လက်ပတ်နာရီတစ်လုံးဟာ သာမန်ကာလျှံကာ ယွမ် ၁၀၀ ထက်ပိုပြီး ကျသင့်တယ်ဆိုပြီး တွေးနေသည်။ အရမ်းတန်ဖိုးကြီးပြီး မတန်ပေ။ ပိုက်ဆံကို စုထားလိုက်ပြီး အနာဂတ်မှာ ကလေးတွေအတွက် သုံးစွဲတာက ပိုကောင်းပါသည်။

" အမေက ပြောတယ်၊ ပိုက်ဆံမစုရင်၊ ပိုက်ဆံရှိလာမှာ မဟုတ်ဘူးတဲ့။ မတွက်ချက်ရင်၊ ဆင်းရဲသွားလိမ့်မယ်။ ဒီနာရီက လှပေမယ့်အသုံးမဝင်ဘူး၊ ဘာလို့လိုချင်နေရတာလဲ? "

ကောင်မလေးက ဒေါသတကြီး အော်ဟစ်ခဲ့သည် -

" ရှင် ဘာသိလို့လဲ? လူတွေပြောနေကြတာက မင်းရဲ့လက်တွဲဖော်က ဝယ်ပေးတဲ့ နာရီကို ဝတ်ထားရင်၊ တစ်ချိန်လုံး မင်းရဲ့လက်တွဲဖော်အကြောင်းကို တွေးနေနိုင်လိမ့်မယ်တဲ့။ ရှင်က ကျွန်မကို နာရီဝယ်မပေးချင်လို့ သက်သက် ကပ်စီးနှဲနေတာပဲ! "

စကားပြောပြီးတဲ့နောက်မှာ၊ ကောင်မလေးက ခြေဆောင့်ကာ ထွက်သွားခဲ့ပြီး အလုပ်ဝတ်စုံနဲ့ကောင်လေးက ချက်ချင်း သူမနောက်ကို လိုက်သွားခဲ့သည်။

သူ့ပတ်ဝန်းကျင်က လူတွေက ဟိုဟိုဒီဒီပြောနေခဲ့ကြသည်။ လင်းရိရဲ့မျက်လုံးတွေ လက်သွားခဲ့ပြီး တွေးတွေးဆဆနဲ့ နာရီကောင်တာကို ကြည့်နေခဲ့သည်။ သူ့က ခြေတံရှည်တွေနဲ့ လမ်းမလျှောက်သွားပဲ မနေနိုင်ခဲ့တာကြောင့်၊ နာရီကောင်တာဆီကို တည့်တည့်ပဲ လျှောက်သွားခဲ့သည်။

နာရီကောင်တာက အမျိုးသမီးအရောင်းဝန်ထမ်းက ကောင်တာကို ပျင်းရိစွာနဲ့ မှီနေခဲ့ပြီး သမ်းနေခဲ့သည်။ အရာရှိရဲဘော် ချဉ်းကပ်လာတာကို သူမမြင်တဲ့အခါ၊ သူမက ချက်ချင်းပဲ မျက်နှာမှာ အပြုံးလေးတစ်ပွင့်နဲ့ မတ်မတ်ရပ်လိုက်သည်။

" ရဲဘော်၊ လက်ပတ်နာရီ ဝယ်ချင်လို့လားရှင့်။ ဒီမှာက နာရီအမျိုးအစား အစုံရှိပါတယ်။ ကိုယ့်ကိုယ်ကိုအတွက်လား၊ မိသားစုအတွက် ဝယ်ချင်တာလား ရှင့်? "

အမျိုးသမီးအရောင်းဝန်ထမ်းက လင်းရိကို ခိုးကြည့်နေရင်း နွေးထွေးစွာ ရှင်းပြပေးခဲ့သည်။

ပြည်သူ့လွတ်လပ်ရေးစစ်တပ်က ဒီရဲဘော်က တစ်ကယ်ချောတာပဲ။

သူ့ရဲ့ကိုယ်ဟန်အနေအထားက တောင့်ဖြောင့်နေသည်။ အရပ်ရှည်ပြီး ခြေတံလဲ ရှည်ပါသည်။ သူ့မှာ လက်တွဲဖော်မရှိရင်...

အမျိုးသမီးအရောင်းဝန်ထမ်းက စိတ်ကူးရိုင်းတွေ ဝင်လာခဲ့ပေမယ့် လင်းရိရဲ့အသံက သူမရဲ့လှပ‌တဲ့စိတ်ကူးကို ဖြတ်တောက်လိုက်သည်။

" ရဲဘော်၊ ကျွန်တော် ဒီအမျိုးသမီးဝတ် နာရီကို လိုချင်တယ်။ "

ရေခဲရေနဲ့ အလောင်းခံလိုက်ရတဲ့ အရောင်းဝန်ထမ်း - ...

လင်းရိက အီတလီ ဆီးပွင့်ထုတ်ကုန်က လက်ပတ်နာရီတစ်လုံးကို ရွေးချယ်ခဲ့သည်။ သေးငယ်ပြီး အထူးကောင်းမွန်တဲ့ နာရီဒိုင်ခွက်နဲ့ ငွေရောင်လက်ပတ်ပါရှိသည်။ အနုစိတ်ပြီး ကြည့်ကောင်းပါသည်။ ပထမဆုံးအမြင်မှာ သူ့တူမလေးနဲ့ အရမ်းလိုက်ဖက်နေသည်။

ကျသင့်ငွေက ယွမ် ၂၀၀ ပေးရပြီး တန်ဖိုးကြီးနေရုံလေးပါပဲ။

လင်းရိ အတွက်ကတော့၊ ယွမ်ယွမ်အတွက် ပိုက်ဆံသုံးရတာက သူ့အတွက် မကောင်းတဲ့ခံစားချက်မျိုး လုံးဝ မဟုတ်ခဲ့ပေ။

သို့သို့အတွက် တွေ့ဆုံခြင်းလက်ဆောင်ကို အချိန်အကြာကြီး ပြင်ဆင်ထားခဲ့ပြီးပြီဖြစ်သည်။ အဲ့ဒါက ပတ္တမြားစီခြယ်ထားတဲ့ ဓားမြှောင်လေးဖြစ်သည်။ ၁၉၅၈ ခုနှစ်တုန်းက အိုအေစစ်မှာ တောပုန်းဓားပြတွေကို တိုက်ခိုက်ဖို့ တပ်သားတွေကို သူဦးဆောင်ခဲ့တဲ့အချိန်မှာ၊ လင်းရိ ရရှိခဲ့တာဖြစ်သည်။

လင်းရိက တွန့်ဆုတ်မှုမရှိပဲ ပိုက်ဆံပေးခဲ့တယ်ဆိုတာကို အမျိုးသမီးအရောင်းဝန်ထမ်းက မြင်ခဲ့ပြီး စိတ်ထဲမှာ အားကျတဲ့ဆန္ဒကို ခံစားခဲ့ရသည်။ သူရဲ့တူမလေးအတွက်ဝယ်ခဲ့တာဆိုတာကို လင်းရိက ပြောတဲ့အခါ၊ သူမက ရုတ်တစ်ရက် သဘောပေါက်သွားခဲ့သည်၊း။ အံ့ဩစရာမရှိပေ၊ တူမလေးအတွက် တွေ့ဆုံခြင်းလက်ဆောင်တစ်ခုကို ပြင်ဆင်ပေးတဲ့ ဦးလေးတစ်ယောက်သာဖြစ်သည်။

ကုရှီအန်းက လင်းယောင်အတွက် ဒုတိယထပ်မှာ သားရေဖိနပ်တစ်ရံ၊ လူကြီးနှစ်ယောက်အတွက် သက်တောင့်သက်သာရှိစေမယ့် ဖိနပ်နှစ်ရံနဲ့ သူတို့ရဲ့သမီးလေးအတွက် အနီရောင်သားရေဖိနပ်တစ်ရံ ပြီးတော့ ရှူးဖိနပ်တစ်ရံဝယ်ခဲ့ပြီး အထုတ်ကြီး၊ အထုတ်ငယ်နဲ့ အောက်ထပ်ကို ဆင်းလာခဲ့သည်။ အနောက်ကနေ အသံအကျယ်ကြီးကို ကြားလိုက်ရသည်။

" လောင်ကု? လောင်ကုမလား? မင်းယောက်ဖ၊ ငါ ဒီမှာလေကွာ "

ထူးဆန်းတဲ့အသံကို ကြားလိုက်ရတဲ့အခါ၊ ကုရှီအန်းက မျက်မှောင်ကြုတ်ခဲ့ပြီး သူ့ကို နောက်ပြောင်နေတာ ရွှီရှန်းချန်လားလို့ ထင်ခဲ့သည်။ သူက ခါးကိုလှည့်ပြီး ရင်ဆိုင်ဖို့ ပြင်ခဲ့သည်။ သူ နောက်ကိုလှည့်လိုက်တဲ့အခါ၊ လင်းရိက သမဝါယမဌာနရဲ့တံခါးကို မှီပြီး ပြုံးပြနေတာကို မြင်ခဲ့ရသည်။

" လင်းရိ? "

ကုရှီအန်း နှလုံးတွေတုန်လာခဲ့သည်။

" ငါပဲကွ! "

လင်းရိက တောက်ပစွာ ပြုံးခဲ့ပြီး အမြန်ပြေးသွားခဲ့သည်။ ညီအစ်ကိုနှစ်ယောက်က ရယ်မောပြီး တစ်ယောက်နဲ့တစ်ယောက် ဖက်ထားချင်ခဲ့ကြသည်။ သူတို့ တစ်ခုခုကို တွေးမိသွားတဲ့အခါ၊ သူတို့က ထိုးကြိတ်ကြပြန်သည်။

လင်းရိ စစ်ထဲမဝင်ခင်တုန်းက၊ သူက ကောင်တီရဲ့ အငယ်တန်း အလယ်တန်းကျောင်းမှာ တက်ခဲ့သည်။ သူက ကုရှီအန်းနဲ့ တစ်ခန်းတည်းဖြစ်ခဲ့ပြီး အစ်ကိုကြီးထို့ထို့နဲ့ အတူတူပဲဖြစ်သည်။ သူတို့ ငယ်ရွယ်စဉ်တုန်းက ညီအစ်ကိုတွေလိုပဲ ရင်းနှီးခဲ့ကြသည်။ နောက်ပိုင်း၊ ညီအစ်ကိုသုံးယောက် စစ်ထဲကို ဝင်ကြတဲ့အခါ၊ နှစ်ပေါင်းများစွာ ခွဲခွာခဲ့ကြရသည်၊ ပြီးတော့ သူတို့ရဲ့ဆက်ဆံရေးကတော့ မပျက်စီးသေးပေ။

လင်းရိက ကုရှီအန်းရဲ့ ရဲဝတ်စုံကို ကြည့်ခဲ့ပြီး ချီးမွမ်းနေခဲ့သည်။

" မျက်စိတစ်မှိတ်အတွင်းမှာပဲ မင်းက လက်ထောက်ဒါရိုက်တာဖြစ်လာခဲ့ပြီ။ "

ကုရှီအန်းရဲ့မျက်လုံးတွေက အပြုံးကိုဖော်ဆောင်နေခဲ့သည်။

" ဗိုလ်ကြီးလင်းလည်း အတူတူပါပဲ။ "

လင်းရိက ရယ်ခဲ့ပြီး စိတ်မရှည်စွာနဲ့ ထပ်ပြီးမေးခဲ့သည်။ " မိသားစုရဲ့ လူကြီးနှစ်ယောက် ဘယ်လိုနေကြလဲ၊ ယောင်ယောင်နဲ့ ကလေးတွေရော? "

လင်းရိက ဒီတစ်ခေါက် သူ့ရဲ့မွေးရပ်မြေကို ပြန်သွားခဲ့တဲ့အခါ၊ အပြန်တစ်လမ်းလုံး ရထားစီးခဲ့သည်။ သူဖြတ်သန်းသွားလာခဲ့တဲ့ မြို့တွေမှာ၊ စစ်ရေးချီတက်မှုအပြည့်နဲ့ လမ်းတွေ၊ နံရံအပြည့် စာလုံးကြီးပိုစတာတွေနဲ့ ပညာတတ်တွေကို ပို့ဆောင်ပေးနေတဲ့ ဗိုလ်ချုပ်တစ်ချို့ကို တွေ့ခဲ့ရသည်။ သာမန်လူတန်းစားတွေကတော့ လမ်းတွေထဲမှာ လျှောက်သွားနေခဲ့ကြသည်။ လမ်းတွေပေါ်က လူတွေက ဒီတစ်ခေါက်ရော ဘယ်လိုတွေ ပြောင်းလဲသွားဦးမလဲဆိုတာ စူးစမ်းကြရင်း စိတ်မသက်သာဖြစ်နေကြသည်။

သဘာဝအလျောက် လင်းရိက သူ့မိသားစုအတွက် စိတ်ပူနေပါသည်။

လက်ရှိအခြေအနေကို တွေးမိသွားတဲ့အခါ၊ ကုရှီအန်းရဲ့မျက်နှာက အေးစက်သွားခဲ့သည်။

" စိတ်မပူပါနဲ့၊ မိသားစုဝင်တွေ အကုန်လုံး အဆင်ပြေကြပါတယ်။ "

လင်းရိက ခေါင်းညိမ့်ခဲ့သည်။ ကုရှီအန်းရဲ့စကားကြောင့်၊ သူစိတ်ပူစရာမရှိတော့ပေ။

ကုရှီအန်းက သူ့ပုခုံးကို ပုတ်ခဲ့ပြီး ပြောခဲ့သည်။ " ယောင်ယောင်က အိမ်မှာ စောင့်နေတာအတော်ကြာပြီ။ ရပ်နေတာ တော်လောက်ပြီ၊ အိမ်ကို ပြန်လာခဲ့ပါ။ "

လင်းရိက ‌ဖြည်းဖြည်းချင်း မတ်တပ်ရပ်ခဲ့သည်။ သူ့အိတ်‌ကပ်ထဲက ဆေးလိပ်တစ်ဘူးကို ယူခဲ့ပြီး တစ်ခုကို မီးညှိကာ ပြောခဲ့သည်။ " စိတ်မပူပါနဲ့၊ ငါပြန်မလာခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ၊ တစ်ချို့မကျေနပ်ချက်တွေကို အခုထိ မဖြေရှင်းရသေးဘူး။ "

ကုရှီအန်းက သူ့စိတ်ထဲမှာ မှန်တစ်ချပ်လို ခံစားခဲ့ရပြီး လိုရင်းကို တန်းပြောခဲ့သည်။" လင်းတာ့ကော်တို့ မိသားစုနဲ့ မင်း ဘယ်လိုရင်ဆိုင်ချင်လဲ? "

‌ဒီ‌ကောင်ကတော့ ကင်းထောက်လုပ်သင့်တာ။ လင်းရိက သဘောပေါက်စွာ ပြုံးခဲ့သည်၊ မီးခိုးတစ်မှုတ် မှုတ်ထုတ်ခဲ့ပြီး မျက်လုံးတွေကို မှေးနေခဲ့သည်။

" စိတ်မပူပါနဲ့။ အဲ့ဒီမိသားစုအတွက် ကိုယ့်အနာဂတ်ကို လှောင်ပြောင်နေမှာမဟုတ်ဘူး။ ဒီလို ရေဆိုးမြောင်းထဲကကြွက်မျိုးနဲ့ မတန်ဘူး။ "

" ဟေး၊ လွန်ခဲ့တဲ့နှစ်တွေတုန်းက၊ မင်းတို့ လင်းတာ့ကော်ကို ရိုက်နှက်ခဲ့တယ်ဆို? "

အရင်ကအကြောင်းတွေ ထပ်ပြီးပြောနေတာကြောင့် ကုရှီအန်းက အသာလေး ချောင်းဟန့်လိုက်သည်။

" ဘယ်လိုလုပ်ပြီး သိတာလဲ? "

" စာထဲမှာ တာ့ထို့ပြောတာ။ နှစ်ချီအောင် ငါ့ညီမလေးနဲ့ မင်းတို့ရဲ့ ဉာဏ်ပညာနဲ့ သတ္တိတိုက်ပွဲတွေအကြောင်း ငါအကုန်သိထားတယ်။ ငါလင်းတာ့ကော်ကို ပညာပေးတဲ့ကိစ္စကို မင်းလျို့ဝှက်ပေးထားရမယ်။ "

" ... "

*

ဆောင်းဦးလယ်ပွဲတော်က ချဉ်းကပ်လာနေပြီဖြစ်ပြီး စက်တင်ဘာလမှာ ရာသီဥတုက ပူအိုက်နေဆဲပင်ဖြစ်သည်။ ညနေခင်းမှာ၊ လမ်းထဲက လူကြီးတွေက သင်ယပ်တောင်‌ကြီးတွေကို ခပ်ပြီး လက်ဖက်ရည်အိုးတွေ သယ်လာကြကာ အေးမြစေဖို့ စစ်တုရင်ကစားဖို့အတွက် လမ်းကြားထဲကို လာခဲ့ကြသည်။

ကုရှီအန်းက စက်ဘီးစီးပြီး အိမ်ကိုပြန်လာခဲ့သည်။ ပြီးတော့ ကုမန်ဆန်က လူကြီးအုပ်စုတစ်စုနဲ့ စစ်တုရင်ခုံပေါ်မှာ အပြင်းအထန် တိုက်ခိုက်နေခဲ့သည်။

အလုပ်ဆင်းပြီး လူကြီးတွေ အိမ်ပြန်ရောက်လာတဲ့အခါ၊ သို့သို့နဲ့ ယွမ်ယွမ်တို့ မောင်နှမနှစ်ယောက်က ဝက်ဗိုက်သားတုံးကြီး၊ နံရိုးတွေနဲ့ အိမ်ကိုပြန်လာတဲ့ သူတို့ရဲ့အဖေကို ‌မြင်ခဲ့ကြပြီး ပျော်ရွှင်စွာအော်ဟစ်နေခဲ့ကြသည်။

" အသားတွေရယ်၊ လမုန့်တွေရယ် စားရတော့မယ်။ "

မိသားစုက အသားမစားရတာ တစ်ပတ်လောက်ရှိနေခဲ့ပြီဖြစ်ပြီး မောင်နှမနှစ်ယောက်က အသားစားချင်နေခဲ့ကြသည်။

လင်းယောင်က အဝတ်လျှော်ဖို့ ခြံထဲမှာ ရေခပ်နေခဲ့သည်။ နေ့တိုင်း ကုသို့သို့မှာ ဝတ်ဖို့စောင့်နေရတဲ့ အဝတ်အပေတွေ အများကြီး ရှိသည်။ ဆပ်ပြာရေစိမ်ပြီးတဲ့နောက်မှာ၊ သူမက အဝတ်လျှော်ဖို့ ကောင်စုတ်လေးကို ခေါ်ခဲ့သည်။

ကုသို့သို့က အဝတ်လျှော်ရတာကို မကြိုက်ခဲ့ပေ။

ဒီနေ့၊ အဝတ်လျှော်ပြီးရင် လမုန့်တွေစားလို့ရတယ်လို့ အမေက ပြောခဲ့သည်။

မောင်နှမနှစ်ယောက်က တစ်ခြားသူတွေထက် ပိုပြီးလိမ္မာနေကြပါသည်။

အိမ်မှာ မောင်နှမနှစ်ယောက်အတွက် သစ်သားဇလုံလေးတစ်လုံး ရှိသည်။ မောင်နှမနှစ်ယောက်က ခုံတန်းလေးပေါ်မှာ ထိုင်ပြီး ခြံထဲမှာ အဝတ်လျှော်ကြသည်။ သူတို့ရဲ့ လုံးဝန်းဖောင်းကားတဲ့လက်ကလေးတွေက သူတို့ရဲ့အဝတ်သေးသေးလေးတွေကို ကိုင်ထားကြသည်။

ကလေးကို သေချာမဆေးကြောပေးနိုင်မှာကို လင်းယောင်က ဂရုမစိုက်ခဲ့ပေ။ ကလေးကို နောက်တစ်ခေါက် ထပ်ပြီးဆေးကြောပေးမည် ဖြစ်သည်။ အဓိကရည်ရွယ်ချက်က အိမ်မှုကိစ္စလုပ်ရတာ မလွယ်ဘူးဆိုတာကို မောင်နှမနှစ်ယောက်ကို သိစေချင်တာ ဖြစ်ပြီး ကလေးနှစ်ယောက်ရဲ့ ‌နေထိုင်မှုအရည်အချင်းတွေကိုလဲ ပျိုးထောင်ပေးဖို့ဖြစ်ပါသည်။

ဇလုံထဲမှာ ရေသိပ်မကျန်တော့ပေ။ ကျန်းဆွေ့လန်က ခြံထဲမှာ ချည်ထိုးနေခဲ့ပြီး သူမရဲ့မြေးလေးတွေကို ကြည့်နေခဲ့ပေမယ့်၊ ရေဖြည့်‌တဲ့နေရာမှာ အန္တရာယ်မရှိခဲ့ပေ။

သန်ဘက်ခါက ဆောင်းဦးလယ်ပွဲတော်ဖြစ်သည်။ အိမ်မှာ လောဘကြီးတဲ့ ကြောင်လေးနှစ်ကောင်ရှိပါသည်။ သူတို့က မနက်ခင်းမှာ စောစော‌နိုးနေခဲ့ကြပြီး လမုန့်တွေကို ပူဆာနေခဲ့ကြသည်။

ဒီနေ့ခေတ်မှာ၊ လမုန့်အမျိုးအစားတစ်ချို့ ရှိခဲ့သည်၊ သူတို့က အလွန်အမင်း ဈေးကြီးကြပြီး လက်မှတ်တွေအပေါ်မှာ မူတည်ပြီး ခွဲတမ်းပေးခြင်းဖြစ်သည်။

ကုမိသားစုနဲ့ လင်းယောင် အိမ်ထောင်ကျခါစ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက၊ သူမက အခြေခံအားဖြင့် အားလုံးကို သူမကိုယ်တိုင် ပြုလုပ်ခဲ့သည်။ သူမမှာ လမုန့်တွေလုပ်ဖို့အတွက် အိမ်မှာ ပုံစံခွက်တွေ၊ ဂျုံနဲ့ ကောက်ညှင်းမှုန့်တွေ ရှိခဲ့သည်။ သူမလိုချင်တာ ဘာမဆို လုပ်နိုင်ခဲ့ပြီး မြေမီးဖိုထဲမှာ ဖုတ်ပြီး အအေးခံကာ စားရုံပါပဲ။

အရင်တုန်းက လမုန့်အမျိုးအစားတွေနဲ့ ယှဉ်ရင်၊ အခု အိမ်မှာလုပ်လို့ရတဲ့ လမုန့်တွေက အစေ့အဆန်ငါးမျိုး လမုန့်နဲ့ ပဲနီလေးလမုန့်တို့ ဖြစ်ကြသည်။

ဒါပေမယ့် ဒီနှစ်မျိုးက လမုန့်စားချင်နေကြတဲ့ ကလေးတွေအတွက် လုံလောက်ပါသည်။

အစေ့အဆန်ငါးမျိုး လမုန့်မှာ သခွားစေ့၊ မြေပဲ၊ နှမ်းစေ့တွေနဲ့ သကြားခဲတွေ ပါဝင်ပါသည်။ ချိုပြီး မွှေးတဲ့ အနံ့အရသာရှိသည်။

အိမ်မှာ ပစ္စည်းလုံလုံလောက်လောက် ရှိခဲ့ပေမယ့် လင်းယောင်က အများကြီး မလုပ်ခဲ့ပေ။ ကလေးတစ်ယောက်ကို နှစ်ခုစီပဲ လုပ်ပေးခဲ့သည်။

အခုမှ မြေမီးဖိုထဲက ထွက်လာတဲ့ လမုန့်တွေကို ‌အအေးခံဖို့ ပန်းကန်ပြားထဲကို ထည့်ခဲ့သည်။ နေ့လည်တုန်းက ကုရှီအန်း ပြန်မလာခဲ့တာကြောင့်၊ လင်းယောင်က နေ့လည်က ကျန်တဲ့ မုန်လာထုပ်ဖက်ထုပ်တွေကို နွှေးခဲ့သည်။ အသားခေါက်ဆွဲ ဖက်ထုပ်တစ်အိုးကို အိုးထဲကနေ ဆယ်ခဲ့ပြီး အပူပေးခဲ့သည်။ ရှာလကာရည်နဲ့ ကြက်သွန်ဖြူထဲမှာ နှစ်ပြီး၊ အနံ့အရသာက အရမ်းမွှေးပျံ့နေခဲ့သည်။

" ဖြည်းဖြည်းစားနော်။ "

" အင်း "

လက်ထောက်ဒါရိုက်တာကုက သူ့ဇနီးပေးတဲ့ ရေနွေးကြမ်းအိုးထဲက ရေကို သောက်ခဲ့ပြီး ထပ်စားခဲ့သည်။

ဒီရက်ပိုင်း၊ တရုတ်နှစ်သစ်ကူးမတိုင်ခင်မှာ ဖက်ထုပ်တွေ ပိုစားခဲ့ကြတာကြောင့် တရုတ်နှစ်သစ်ကူး ကာလမှာလောက် မစားနိုင်ခဲ့ကြပေ။

အထူးသဖြင့်၊ မိသားစုထဲမှာ အစားများတဲ့ ကုရှီအန်းရှိနေကတည်းက ဖြစ်သည်။ ဖက်ထုပ်တစ်ပန်းကန်ကို အမျိုးသမီးတစ်ယောက်စီက စားနိုင်ပြီး ပြောင်းဖူးမုန့်ပေါင်းတစ်ပန်းကန်က သူတို့ရဲ့ဗိုက်ကို ဖြည့်ဖို့ လုံလောက်ပါသည်။ သူတို့က တစ်ပြိုင်နက်တည်း ဖက်ထုပ်ပွဲကြီး နှစ်ပန်းကန် စားခဲ့ကြသည်။ ဗိုက်မပြည့်ခင်မှာ၊ ပေါက်စီ ၄/၅ ခုလောက် စားခဲ့တာကြောင့် ထပြီး စိုက်ခင်းကို ရှင်းလင်းဖို့ ခြံထဲကို သွားခဲ့သည်။

နေ့တိုင်း အများကြီး စားနေတာတောင် ဒီလူကြီးက ကိုယ်အလေးချိန် မတက်လာခဲ့လို့ လင်းယောင်က စဉ်းစားမရဖြစ်ခဲ့သည်။ သူမက သူ့ရဲ့ ထောင့်ကျကျမေးရိုးကို ကြည့်ခဲ့ပြီး သူ့ရဲ့ခါးသွယ်သွယ်ကို ပေါ်စေတဲ့ စစ်ဝတ်စုံက...

မရှင်းပြနိုင်တဲ့ မနေ့ညက ကလေးတွေအတွက် မသင့်တော်တဲ့ မြင်ကွင်းတစ်ချို့ကို ပြန်စဉ်းစားရင်း၊ သူမက မျက်နှာနည်းနည်းပူလာသလို ခံစားခဲ့ရပြီး စိတ်လျော့ဖို့ ရေတစ်ငုံလောက် အမြန်သောက်ခဲ့သည်။

သူမဘေးက ကုသို့သို့က ထိတ်လန့်နေခဲ့သည်။

"‌ မေမေ၊ ဘာလို့ မျက်နှာက နီရဲနေတာလဲ? လေစိမ်းမိသွားလို့လား၊ အအေးမိသွားတာလား? "

All Chapters