← Chapters

အခန်း (၁၁၅)

Vol. 10 Ch. 115

အခန်း (၁၁၅)

Vol. 10 Ch. 115

လင်းယောင်က သူမမျက်နှာဟာ ပုံမှန်ပဲဖြစ်ပြီး ကောင်စုတ်လေး အမြင်မှားနေတာပါလို့ ပြောခဲ့သည်။

ကုသို့သို့က ခိုင်မာစွာပြောခဲ့သည်။ " မဖြစ်နိုင်ပါဘူး၊ သားက မျက်လုံးကောင်းပါတယ်။ "

" ဟုတ်ပါပြီ၊ အမြင်အာရုံ ကောင်းတယ်ဆိုရင်တောင်၊ တစ်ခါတစ်ရံ အမှားတွေ လုပ်မိတတ်ကြတာပဲ။ လမုန့်တွေက အခန်းထဲမှာ။ မစားချင်ဘူးလား? "

" သားဗိုက်ဆာနေတာ၊ စားမယ် စားမယ်"

ကုသို့သို့က အမြန်လက်ဆေးလိုက်ပြီး လမုန့်စားဖို့ အိမ်ထဲကို ဝင်လာခဲ့သည်။

ဒီနှစ်ရဲ့ လမုန့်တွေကို အိမ်လုပ် ပင်လုံးကြိုင်ပျားရည်နဲ့ လုပ်ထားပြီး ပွင့်ဖက်ခြောက်လေးတွေ ဖြူးကာ အနီရောင်ဆီးသီးတွေ ထည့်ပေးထားသည်။ မပြောပြနိုင်လောက်အောင် လှပမြူးကြွနေကြသည်။

သူမက နှာခေါင်းလေးတစ်ရှုံ့ရှုံ့နဲ့ နမ်းနေခဲ့ပြီး ပြောခဲ့သည်။

" မာမားလုပ်ထားတဲ့ လမုန့်တွေက လှလိုက်တာ! "

သူက လင်းယောင်ကို စိတ်အားထက်သန်စွာ ကြည့်နေခဲ့သည်။ " မားမား သမီးလဲ အရသာရှိတဲ့ လမုန့်တွေကို စားချင်တယ်။ "

လင်းယောင်က ပြုံးခဲ့ပြီး သူမရဲ့မျက်နှာဝိုင်းဝိုင်းလေးကို အသာလေးဆွဲစိတ်လိုက်သည်။ " တစ်ရက်ကို ‌အတုံးသေးသေးလေး တစ်တုံးပဲနော်။ "

ယွမ်ယွမ်က ခေါင်းညိမ့်ခဲ့သည်။ " ဟုတ် "

ကောင်တီက ကျောင်းသားတွေ ပြဿနာရှာကြကတည်းက၊ ကောင်တီက အထက်တန်းကျောင်းတွေနဲ့ စက်ရုံတွေက တစ်ခုပြီးတစ်ခု အလုပ်တွေရပ်နားထားခဲ့ကြသည်။ ကုမိသားစုက တံခါးတွေပိတ်ပြီး သူတို့ဘဝနဲ့သူတို့ နေထိုင်ခဲ့ကြသည်။ ရက်၂၀ အကြာမှာတင်ပဲ၊ ယွမ်ယွမ်က သူမရဲ့အဖေ၊ အဖွား၊ အဒေါ်နဲ့ နေထိုင်‌ခဲ့သည်။

ဦးလေးတွေ၊ အစ်ကိုတွေရဲ့ ကျွေးမွေးမှုအောက်မှာ၊ လုံးလုံးလေးဖြစ်လာပြီး မေးနှစ်ထပ်ဖြစ်သည်အထိ ဝဖြိုးလာခဲ့သည်၊ ကြာပန်းခိုင်လေးလို ဝဖီးနေတဲ့ လက်လေးတွေ၊ ခြေထောက်လေးတွေကို မပြောနဲ့ဦး။ အဝတ်အစားတွေ အရမ်းသေးသွားသည်၊ ရှူးဖိနပ်တွေလဲ သေးသွားပြီး ခြေထောက်တွေက လှုပ်ရှားဖို့တောင် အလွန်တိုနေခဲ့သည်။

ငါးနှစ်အရွယ်တုန်းက အစ်ကို သို့သို့နဲ့ ယှဉ်လိုက်ရင်၊ သူမကတော့ လဝန်းဝိုင်းကြီးလိုပါပဲ။

တစ်ကယ်ကို လုံးလုံးပြည့်ပြည့်ကြီးပါ။

ဒါကိုမြင်ရတော့၊ မိသားစုဝင်တွေက ယွမ်ယွမ်ကို ထပ်မစားခိုင်းရဲကြတော့ပေ။

တစ်နေ့လုံး၊ လင်းယောင်က ယွမ်ယွမ်ကို အသီးအရွက်စွပ်ပြုတ်နဲ့ ကြက်ဥနို့ပေါင်းကို ကျွေးခဲ့သည်။ ကလေးမလေးက တစ်ကယ်ကို လောဘကြီးပါသည်။ ဒါကြောင့် သူမက အသားနှစ်တုံး ကျွေးခဲ့သည်။

သူမတောင် တစ်ရက်ကို အသားနှစ်‌တုံးပဲ စားနိုင်ပါသည်။

ဒါပေမယ့် ယွမ်ယွမ်က အရမ်းလောဘကြီးသည်။

" မဟုတ်ဘူး၊ ယွမ်ယွမ် မှန်တယ်။ ဒီလမုန့်က အရမ်းလှတယ်။ "

ကုချွင်မေနဲ့ သူ့ယောင်္ကျားက ပွဲတော်အတွက် သစ်သီးတွေပို့ပေးဖို့ သူမတို့ မိဘအိမ်ကို ပြန်ခဲ့ကြသည်။ ဒါကို သူတို့ကြားတဲ့အခါ၊ သူတို့ရောက်လာခဲ့ပြီး နမ်းကြည့်ခဲ့ကြသည်။ သူတို့ အရမ်းအံ့ဩသွားခဲ့ပြီး ပြောခဲ့သည်။ " ယောင်ယောင်၊ ဘာလို့ အရမ်း တော်ရတာလဲ? "

သူမက အရင်ကတည်းက ရည်မွန်ခဲ့တဲ့ ကောင်မလေးတော့ မဟုတ်ခဲ့ပေ။ သူမက တက္ကသိုလ်ဌာနထဲမှာ ကြီးလာတာဖြစ်ပြီး တစ်နေ့လုံး လမ်းတွေထဲမှာ ကောင်စုတ်လေးတစ်စုနောက်ကို လိုက်နေခဲ့သည်။ သူမက စာသင်နှစ်အစောပိုင်းတွေမှာ သူမရဲ့ဆရာမဆီကနေ ရည်မွန်မှုကို သင်ယူခဲ့တာဖြစ်သည်။ ဒါပါပဲ။

"အခုပဲ စဉ်းစားနေတာ။ "

လင်းယောင်က ပြုံးခဲ့ပြီး လက်ယမ်းပြခဲ့သည်။

ကုချွင်မေက ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး လင်းယောင်ကို တိုးတိုးလေး ပြောခဲ့သည်။ " မျက်စိစုံမှိတ်ပြီးလဲ တွေးတတ်ရမယ်လေ။ မင်းတို့ အစ်ကိုကြီးထို့ထို့နဲ့ တစ်နေ့လုံးအတူရှိနေဖို့ ငါ့မှာ အတွေးမရှိဘူး။ "

ရွှီရှန်းချန်က အိမ်ထဲကို အသားတုံးတစ်တုံး သယ်လာခဲ့သည်။

အစ်ကိုကြီးကို ရိုးရိုးသားသား အပြစ်တင်ခံတာကို မြင်တော့၊ သူတို့နှစ်ယောက် အားရပါးရ ရယ်မောခဲ့ကြသည်။

ဒီအမျိုးသမီးတွေက အတော်လေး ပြုံးရွှင်နေကြသည်။

ရွှီရှန်းချန် ဘုမသိဘမသိနဲ့ ခေါင်းကုတ်နေခဲ့သည်။

ကုချွင်မေနဲ့ သူမရဲ့အမျိုးသားတို့က နှုတ်ဆက်ခဲ့ကြပြီး အိမ်ကိုပြန်သွားခဲ့ကြသည်။ လင်းယောင်နဲ့ ကုရှီအန်းတို့က စကားပြောနေခဲ့ကြသည်။ လင်းယောင်က ပြောဖို့ စကားစခဲ့သည်။ " ဒီနေ့ ကောင်တီကို ရောက်တယ်။ နေ့လည်ခင်းတောင် ရောက်နေပြီ။ ဘာလို့ တစ်ယောက်ကိုမှ မတွေ့ရသေးတာလဲ? "

ကုရှီအန်းက အိမ်ထဲက ထွက်လာပြီး လမ်းမှာ နှောင့်နှေးနေတာ ဖြစ်နိုင်ပြီး ခြင်တွေအတွက် အိပ်ခန်းကို မှိုင်းတိုက်နေတာလဲ ဖြစ်နိုင်ကြောင်း ပြောကာ သူ့ဇနီးကို များများအနားယူခိုင်းခဲ့သည်။ သူက စားပွဲပေါ်က wolfberry (တရုတ်ဆေးဖက်ဝင်အသီး) နဲ့ ပျားရည်ကို စိမ်ထားခဲ့ပြီး သောက်ဖို့မမေ့နဲ့လို ပြောခဲ့သည်။

လင်းယောင်က လက်ထောက်ဒါရိုက်တာကု ဒါကိုပြောနေတဲ့အချိန်မှာ၊ သူ့မျက်နှာက အနည်းငယ် ပုံမှန်မဟုတ်တာကို သတိမထားမိပဲ သဘောတူခဲ့သည်။

ဒါက ပိတ်ရက်ကြီးဖြစ်ပြီး အစ်ကိုကြီးက အိမ်ကို ပြန်လာတော့မည်ဖြစ်သည်။ အိမ်မှာ လုပ်စရာတွေအများကြီးရှိတာကြောင့်၊ နားဖို့ အချိန်မရှိပေ။

လင်းယောင်က မီးဖိုချောင်ကို ပြန်သွားခဲ့သည်။ အသားတွေနဲ့ အရိုးကြီးတွေကို ရှင်းလင်း၊ သူတို့ကို ရေနွေးနဲ့ ပြုတ်ပြီး ခုတ်ထစ်ကာ ကြက်သွန်နီ၊ ချင်း၊ ကြက်သွန်ဖြူနဲ့ တစ်ခြားပါဝင်ပစ္စည်းတွေကို ထည့်ပြီး အိုးထဲမှာ ချက်ခဲ့သည်၊ ပြီးတော့ တစ်ချို့ကို အိမ်ချက်ဟင်းလျာတွေအဖြစ် ကြော်လှော်ခဲ့သည်။ တို့ဟူးနဲ့ ငါးအသားလုံးကို စွပ်ပြုတ်တစ်အိုးချက်ခဲ့သည်၊ ခါးစည်းကို ယူလိုက်ပြီး လက်သုတ်ကာ ဧည့်ခန်းထဲကို ပြန်သွားခဲ့ပြီး ရေသောက်ခဲ့သည်။

တုန်းဖန်းဟောင် ထုတ်လုပ်ရေးအသင်းမှာ ကောင်တီနဲ့ မြို့နယ်တွေမှာ ရွာထဲက အဖိုး၊ အဖွားတွေကို မှင်တက်သွား‌စေတဲ့ အဓိကရုဏ်းတွေက ရက်ဆက်ဖြစ်နေခဲ့သည်။ ရွာဝင်ပေါက်က ညောင်ပင်ကြီးအောက်မှာ ပွစိပွစိလုပ်နေကြသည်။

" အိုး၊ ဒီလောကကြီးမှာ ဘာတွေဖြစ်ကုန်ပြီလဲ မသိဘူး။ ၁၀ မိုင်အကွာ ရွာရှစ်ရွာက ကျောင်းသားတွေက ကျောင်းမတက်ကြတော့ဘူး။ တော်လှန်ရေးလုပ်ဖို့ အနီရောင်လက်ပတ်တွေ ပတ်ပြီး " ပုန်ကန်ထကြွခြင်းက အပြစ်မဟုတ်ဘူး၊ တော်လှန်ရေးကမှ အပြစ်။ နေရာတိုင်းက မြေပိုင်ရှင်တွေနဲ့ "တရားမျှတမှု" ဆိုတဲ့ ဆောင်ပုဒ်နဲ့ လူတွေရဲ့ဘိုးဘွားအုတ်ဂူတွေကို တူးဖော်နေကြတာကို ကန့်ကွက်ပါတယ်။ " လို့ အော်ဟစ်ကြဖို့ တစ်နေ့လုံး ကျေးလက်ဒေသကို လာနေကြတယ်၊ ဒီပြဿနာက ဘယ်အချိန်မှ ပြီးမှာလဲ? "

တစ်မနက်ခင်းမှာ၊ ရွာအတွင်းရေးမှူးရဲ့ ဇနီးက ရွာထဲမှာ လျှောက်ပတ်ကြည့်နေခဲ့သည်။ သူမက ရွာသားတွေရဲ့ ကောင်တီရေးရာ ဆွေးနွေးနေကြတာကို ကြားခဲ့ပြီး သူမက နားထောင်ဖို့ သွားခဲ့သည်။

ရွာထဲက ဝမ်အာ့မိသားစုရဲ့ သမီးလေးက ကောင်တီမှာ မင်္ဂလာဆောင်ခဲ့သည်။ ကမောက်ကမ ဖြစ်နေတဲ့ရက်ပိုင်းမှာ၊ ဝမ်မိသားစုကြီးက ကောင်တီမှာရှိတဲ့ သမီးရဲ့မိသားစုနဲ့ ဆက်သွယ်လို့မရခဲ့ပေ၊ ပြီးတော့ လင်မယားနှစ်ယောက်က အ‌လွန်အမင်း စိုးရိမ်သောကရောက်နေခဲ့ကြသည်။

အခု ပြဿနာကို ဖြေရှင်းပြီးသွားပါပြီ၊ ဝမ်အာ့နျန်က သူမလက်ထဲမှာ လျှော်ကြိုးတစ်ချောင်းကို ကိုင်ထားခဲ့သည်။ သူမ စကားပြောတဲ့အခါ၊ သူမ ကြောက်ရွံ့နေတုန်းပါပဲ။ " မပြောပါနဲ့တော့။ ‌စဉ်းစားလိုက်ရင်တောင် အခုထိ တုန်လှုပ်နေတုန်းပဲ။ မင်းတို့ မသိဘူး။ ချန်ထို့ မြို့မှာ ပြဿနာတွေ များတယ်။ ဒီရက်ပိုင်းတွေမှာ၊ အမြှောက်နဲ့ သေနတ်ပစ်ခတ်တာတွေ ကောင်တီမှာ ရှိနေလိမ့်မယ်လို့ ငါ့ရဲ့ ကွေ့လန်က ပြောထားတယ်။ တစ်ယောက်မှ အပြင်မထွက်ရဲကြတာ ကြောက်ဖို့ကောင်းတယ်။ ကံမကောင်းတဲ့သူ တစ်ယောက်ယောက် အပြစ်ခံရမှာကိုပဲ ငါကြောက်တာပါ! "

ရွာထဲက လူတွေကလဲ သားဖြစ်သူရောက်လာရင် အတော်လေး ကြောက်ဖို့ကောင်းတယ်လို့ ထင်ကြသည်။ " ကောင်တီက ခေါင်းဆောင်ကြီးတွေအကုန်လုံး အဖမ်းခံလိုက်ရပြီလို့ ငါကြားတယ်။ ကံကောင်းထောက်မစွာနဲ့၊ စစ်တပ်က အမြန်ရောက်လာခဲ့လို့၊ မဟုတ်ရင် ကျေးလက်ဒေသက ငါတို့တွေကပဲ ရှုပ်ရှက်ခပ်ကြရဦးမယ်။ "

" ဟေး၊ ဒီကိစ္စကို ဘယ်လိုထင်လဲ? မကောင်းဆိုးဝါးလေး ဒီမှာ ရှိနေတဲ့အချိန်နဲ့ ဘာလို့ အတူတူပဲ ဖြစ်နေကြသေးတာလဲ? "

အဖွဲ့အတွင်းရေးမှူးရဲ့ဇနီးက ရုတ်တစ်ရက် ခေါင်းထွက်လာခဲ့ပြီး ပြောခဲ့သည်။ " မကောင်းဆိုးဝါးလေး၊ ဘယ်မှာလဲ မကောင်းဝါးလေးက? မြန်မြန်လုပ်၊ တပ်မတော် လမ်းကြောင်း ၈ ကို တင်ပြလိုက်၊ ဂျပန်တွေကို တိုက်ရအောင်! "

အဖွားအိုက လူအုပ်ထဲမှာ တိတ်တိတ်လေး ငုံ့လိုက်သည်။ ဒီရုတ်တစ်ရက် ပေါက်ကွဲမှုက အဖွားအိုတွေကို အထိတ်တလန့်ဖြစ်စေခဲ့သည်။

ဒုတိယအသက်အကြီးဆုံး အမေက သူမရင်ဘက်ကို ဖိလိုက်ပြီး ထပ်ခါတလဲလဲပြောခဲ့သည်။ " ဟေး၊ ဘယ်သူလို့ထင်လဲ? ငါ့ခယ်မဟောင်း နေမှာပေါ့။ ကောင်းကောင်းအနားယူဖို့ အိမ်မှာ ရှိမနေရင်၊ ဒီမှာ ဘာလို့ပြေးနေရမှာလဲ? "

တုန်းဖန်းဟောင် ထုတ်လုပ်ရေးအသင်းက လူတိုင်းက အတွင်းမှူးရေးဟောင်းရဲ့ အမေက အရမ်းဉာဏ်မကောင်းဘူးဆိုတာနဲ့၊ နားမကြားပဲ မေ့တတ်လေ့ရှိပြီး အမှားကို ဝန်မခံတတ်ဘူးဆိုတာကို သိကြသည်။

တစ်ယောက်ယောက်က အတွင်းရေးမှူးကို အိမ်ပြန်ပို့ချင်တယ်လို့ ပြောခဲ့သည်။ အဖွားအိုက ခေါင်းညိမ့်ကာ ပြောခဲ့သည်၊ " ငါ အိမ်မှာ မဟုတ်ဘူး။ ငါက အိမ်မှာ လန့်နေရတာ! " ပြီးနောက် သူမက သူမကိုယ်သူမ တတွတ်တွတ်ပြောနေခဲ့သည်။ " အခုလေးတင် ‌ငါတို့က ဂျပန်တွေကို တိုက်နေတာမဟုတ်ဘူးလို့ မင်းပြောခဲ့တယ်နော်၊ ခေါင်းဆောင်က ဘယ်မှာလဲ။ သူက ဘာလုပ်နေတာလဲ? "

" ယောင်းမ၊ ကျုပ်တို့ရွာခေါင်းဆောင်က ပြောင်းသွားပြီလေ။ "

" ဘယ်သူ့ကို ပြောင်းလိုက်တာလဲ? "

" လင်းတာ့ကောင်တီက လင်းဟုန်ဝူ "

" ဘာ? လင်းဟုန်ဝူ? ‌ဒါက အဓိပ္ပာယ်မရှိလိုက်တာ။ ဘုရင်လုပ်နိုင်တဲ့ ကျားတွေတို့၊ မျောက်တွေတို့က တောင်ပေါ်မှာ မရှိတော့ဘူးလား! ဂရုမထားတတ်တဲ့ ကောင်စုတ်လေးက ခေါင်းဆောင်ဖြစ်လာရတယ်လို့? "

အမျိုးမျိုးပြောကြတဲ့ အဖိုး၊ အဖွားတွေ အကုန်လုံး နှုတ်ဆိတ်ကုန်ကြသည်။

လင်းမိသားစုက တုန်းဖန်းဟောင် ထုတ်လုပ်ရေးအသင်းရဲ့ အကြီးဆုံးမျိုးရိုးဖြစ်သည်။ အရင်ခေါင်းဆောင်ကလဲ လင်းမျိုးရိုးပဲ ဖြစ်ခဲ့သည်။ နောက်ဆုံးမှာ၊ သူက လင်းတာ့ကော်ရဲ့ ဦးလေးဖြစ်နေသေးသည်။

အာဏာပိုကြီးစေဖို့၊ မကောင်းဆိုးဝါး အရင်ဆုံး လင်းဟုန်ဝူက ခေါင်းဆောင်ရဲ့မိသားစုကို မြေပိုင်ရှင်ဆိုစွပ်စွဲရင်း လွတ်လပ်ရေးမရခင်အထိ သာမန်ပြည်သူတွေကို ဖိနှိပ်ခဲ့သည်ဆိုပြီး မဟုတ်မမှန် ပြောဆိုခဲ့သည်။ ခေါင်းဆောင်က သူ့ကို ဆွဲထုတ်ခဲ့ပြီး သူ့ခေါင်းကို ကတုံးရိတ်ခဲ့သည်။

သို့သော်လည်း၊ လင်းဟုန်နရဲ့ စစ်ဆင်ရေးအောက်မှာ၊ လင်းဟုန်ဝူက မိန့်ခွန်းရေးဖို့ တစ်စုံတစ်ယောက်ကို ရှာတွေ့ခဲ့သည်။ သူက ကောင်တီတစ်ခုလုံးမှာ အရင်လူမှုပတ်ဝန်းကျင်က မြေပိုင်ရှင်တွေ ခေါင်းပုံဖြတ်ခဲ့ကြတဲ့ ဝမ်းနည်းဖွယ် အတွေ့အကြုံကို မိန့်ခွန်းပြောကြားခဲ့သည်။ သူက ခေါင်းဆောင်ကို ရေထဲဆွဲချခဲ့ပြီး သူ့ကိုယ်သူ ခေါင်းဆောင်ကြီးအဖြစ် တင်မြှောက်လိုက်သည်။

လင်းဟုန်ဝူက ထုတ်လုပ်ရေးအသင်းရဲ့ခေါင်းဆောင်ဖြစ်လာကတည်းက၊ သူက အသင်းကိုရှုပ်ထွေးအောင်လုပ်ဖို့ အရှုံးသမားအချို့ကို ခေါ်လာခဲ့သည်။ သူ့ကို သဘောမကျတဲ့သူတွေဆီက အလုပ်ရမှတ်တွေကို နှုတ်ယူသည်၊ ပြီးတော့ အသင်းက မုဆိုးမငယ်လေးနဲ့လဲ ကိစ္စရှိခဲ့သည်။ လူတိုင်းမသိကြပေမယ့်၊ လင်းတာ့ကော်နဲ့ လီအိုက်ဖုန်းတို့ကလဲ ရွာထဲမှာ အာဏာပြနေခဲ့ကြသည်။

ရွာသားတွေက ဒေါသထွက်ရုံပဲ တတ်နိုင်ခဲ့ကြပြီး ထုတ်မပြောရဲခဲ့ကြပေ။ သူတို့မိသားစု ကံဆိုးပြီး ထောင်ထဲမှာနေဖို့ လယ်ထဲကို သွားကြရပါစေလို့ သူတို့ကွယ်ရာမှာ အကုန်လုံးက ကျိန်ဆဲခဲ့ကြသည်!

အခု လင်းဟုန်ဝူက အာဏာရသွားပြီ၊ သူ့ရဲ့ခေါင်းမာမှုကို ဖုံးကွယ်မထားနိုင်တော့ပေ။ သူက အရူးမ ဝမ်ဟုန်ဟွားကို လက်ထပ်ခဲ့ပြီး သူမ မကျန်းမာတဲ့အခါ၊ သူတို့မိသားစုကို ရိုက်နှက်တာက ပုံမှန်ဖြစ်နေပါပြီ။

အရင်တုန်းက၊ ငါ့မှာ အာဏာမရှိခဲ့ဘူး၊ ဒါကြောင့် ဝမ်ဟုန်ဟွားကိုတောင် မကွာရှင်းနိုင်ခဲ့ဘူး။

အခု ငါက ခေါင်းဆောင်ဖြစ်နေပြီ၊ ငါ လက်ထပ်ချင်တဲ့လူကို လက်ထပ်လို့ရတယ်!

ဝမ်ဟုန်ဟွားကို မိဘအိမ်ပြန်ပို့ပြီး သားတစ်ယောက်မွေးပေးဖို့ ငယ်ရွယ်လှပတဲ့ မိန်းမပျိုလေးတစ်ယောက်ကို ရှာပြီး ခေါ်လာဖို့ လင်းဟုန်ဝူက သူ့မိဘတွေနဲ့ ပူးပေါင်းကြံစည်ခဲ့သည်။

လင်းတာ့ကော်က ခေါင်းယမ်းခဲ့သည်။

" မဖြစ်ဘူး၊ ဝမ်ရှန်းပေါင်က လူယုတ်မာ။ သူက သူ့သမီးကို ပေးစားပြီး ရေတွေနဲ့ ပတ်တာ။ ဝမ်မိသားစုက ဒီကိစ္စကြီးကို လုံးဝလက်ခံမှာ မဟုတ်ဘူး။ "

လီအိုက်ဖုန်းက ကြောက်စရာကောင်းတဲ့ အကြံအစည်ရခဲ့သည်။ " မဟုတ်ဘူး၊ ကြွက်သတ်ဆေးတစ်ထုတ်ဝယ်ပြီး အဲ့ဒီကောင်မစုတ်ကို အဆိပ်ခတ်ကြရအောင်! "

" အဆိပ်ခတ်မယ်။ ရဲတွေ ရောက်လာရင် ဘယ်လိုလုပ်မလဲ? "

" အရူး၊ အဆိပ်ခတ်ပြီး ‌ဝံပုလွေစာကြွေးဖို့ တောင်ကြားကို သွားပို့လိုက်လေ။ ရဲတွေက ဘယ်လို စစ်ဆေးမှာလဲ?"

လင်းဟုန်ဝူ ရဲ့ မျက်လုံးတွေက အေးစက်ခက်ထန်လာခဲ့သည်။

" ဟုတ်ပြီ၊ အဲ့လိုပဲ လုပ်ကြတာပေါ့! "

အဲ့ဒီညမှာ၊ မိသားစုသုံးယောက်က ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့ကြသည်။ "ဘန်း" ကနဲ၊ အိမ်ရဲ့သစ်သားတံခါးနှစ်ခုက အရမ်းမခိုင်ပဲ မြေပေါ်ကို လဲကျလာခဲ့သည်။

လင်းဟုန်ဝူက စောင်အောက်ကနေ ခေါင်းထွက်ကြည့်ခဲ့ပေမယ့် ခြေတွေ၊ လက်တွေကို လျှော်ကြိုးနဲ့ တင်းတင်းကြပ်ကြပ်ချည်နှောင်ထားတာကို တွေ့ရတော့ ထိတ်လန့်သွားခဲ့သည်။ သူ့ဘေးက လင်းတာ့ကော်နဲ့ လီအိုက်ဖုန်းတို့ကိုလဲ မလှုပ်နိုင်အောင် ကြိုးတုပ်ထားခဲ့သည်။

ညအမှောင်ထဲမှာ၊ ကြောက်စရာကောင်းလောက်အောင် ဝမ်ဟုန်ဟွားက ပုဆိန်ကို ကိုင်ပြီး တံခါးမှာ ရပ်နေခဲ့သည်။

လင်းတာ့ကော်တို့ မိသားစုသုံးယောက်သား နှလုံးခုန်တွေ မြန်လာခဲ့ကြသည်။ ပွဲသိမ်းပြီ။ ဝမ်ဟုန်ဟွားထပ်ပြီး နေမကောင်းဖြစ်ပြန်ပြီ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက၊ လင်းမိသားစုသုံးယောက်က တစ်ခန်းတည်းမှာ ပေါင်းအိပ်ခဲ့ကြသည်။ သူတို့ထဲက တစ်ယောက်သာ ကံဆိုးခဲ့ရင်၊ သူတို့အသက်က အန္တရာယ်ရှိလာမည်ကို ကြောက်ကြပြီး ဝမ်ဟုန်ဟွားနဲ့ နှစ်ယောက်တည်း ဘယ်သူမှ မနေရဲကြပေ။

ဝမ်ဟုန်ဟွားက နေ့ဘက်မှာတုန်းက သူမကို ကွာရှင်းပြီး အိမ်ပြန်ပို့မယ်ဆိုတဲ့ လင်းဟုန်ဝူရဲ့စကားတွေကို ကြားခဲ့သည်။ အဲ့ဒါက သူမကို လှုံ့ဆော်ပေးခဲ့သည်။ သူမက ပထမဆုံး လင်းတာ့ကော်တို့ မိသားစုကို ချုပ်နှောင်ထားခဲ့ပြီး ရိုက်နှက်ခဲ့သည်၊ ပြီးနောက် အိမ်ပတ်ဝန်းကျင်ကို ပုဆိန်နဲ့ လျှောက်ခုတ်ခဲ့သည်။

လင်းတာ့ကော်နဲ့ လီအိုက်ဖုန်းတို့က သေရမှာ ကြောက်နေခဲ့ကြသည်။ လင်းဟုန်ဝူက ပိုလို့တောင် ကံဆိုးခဲ့ပါသည်။ သူက အဝေးမှာ အိပ်နေခဲ့ပြီး အများဆုံး ရိုက်နှက်ခံခဲ့ရကာ သွေးရူးသွေးတန်း အော်ဟစ်နေခဲ့ရသည်။

" နင် ဘာလိုချင်လို့လဲ၊ ‌စောက်ရူးမရဲ့?! "

ဝမ်ဟုန်ဟွားက အရင်ဆုံး နှစ်ခေါက်လောက် ရယ်မောခဲ့ပြီး လင်းဟုန်ဝူရဲ့ မျက်နှာကို ကိုင်ဖို့ သူမလက်ကို ဆန့်ထုတ်လိုက်သည်။ ရုတ်တစ်ရက် တစ်ခုခုကို တွေးမိသွားခဲ့ပြီး အလွန်အမင်း ကသိကအောက် ဖြစ်လာခဲ့သည်။ သူမက ထခုန်လိုက်ပြီး လင်းဟုန်ဝူရဲ့ ခန္ဓာကိုယ်ကို ပုဆိန်နဲ့ လွှဲခုတ်ခဲ့သည်။

ကံကောင်းစွာနဲ့၊ လင်းဟုန်ဝူက အချိန်မီ ရှောင်ထွက်နိုင်ခဲ့သည်။

မဟုတ်ရင်၊ သူ တစ်ကယ် မိန်းမစိုး ဖြစ်လာပါလိမ့်မည်။

ဝမ်ဟုန်ဟွားက လင်းမိသားစုကို တစ်ညလုံး စိတ်ရှုပ်စေခဲ့သည်။ နောက်တစ်နေ့မနက်မှာ နေ့အလင်းရောင်ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ သူမက ပုဆိန်ကို လွှင့်ပစ်လိုက်ပြီး အိမ်ထဲကို ပြေးသွားခဲ့သည်။ ထို့နောက် ရွာအဝင်ဝက မြစ်ဆီကို ပြေးသွားခဲ့ပြီး ခုန်ချခဲ့သည်။

ရွာထဲမှာ စောစောထတဲ့ ပညာတတ် လူငယ်လေးတွေက ရေခပ်ဖို့ ထွက်လာခဲ့ပြီး မြစ်ထဲကို တစ်ယောက်ယောက် ခုန်ချသွားတာကို မြင်ခဲ့သည်။ သူတို့က အလျင်အမြန် လူကို ကယ်ခဲ့သည်။ ဝမ်ဟုန်ဟွားက သတိရလာခဲ့ပြီး ငိုကာ ပြေးသွားခဲ့သည်။ သူမက ရွာထဲက လမ်းတွေပေါ်ကို ပြေးသွားခဲ့ပြီး လူတွေကို တွေ့တဲ့အခါ သူမ ထွက်ပြေးခဲ့သည်။ သူမက ငိုနေခဲ့သည်။

" ထုတ်လုပ်ရေးခေါင်းဆောင်က အသိတရားမရှိဘူး။ အရာရှိဖြစ်လာတဲ့အခါ၊ သူ့ရဲ့ သနားစရာကောင်းတဲ့ဇနီးကို စွန့်ပစ်ချင်နေတာ။ အိမ်မှာ ရိုက်နှက်၊ ဆူဆဲနေခဲ့ပြီး တောသူမကို ဖိနှိပ်နေတာ! "

လင်းဟုန်ဝူက နဂိုကတည်းက မြို့ထဲမှာ အဆုံးမဲ့အာဏာကို ရထားခဲ့ပေမယ့် ဝမ်ဟုန်ဟွား အော်နေတာကို သူကြားတဲ့အခါ၊ တုန်လှုပ်သွားခဲ့သည်။ အရင်တုန်းက လူမှုပတ်ဝန်းကျင်မှာ ယောက်ျားသားတွေက သူတို့ရိုက်ချင်ရင် သူတို့မိန်းမတွေကို ရိုက်နှက်ခဲ့ကြသည်။ ဝိုင်သောက်ပြီးနောက်မှာ သူတို့ရဲ့ဇနီးတွေကို ရိုက်နှက်ခဲ့ကြပြီး သူတို့ပိုက်ဆံကုန်ရင်လဲ သူတို့ရဲ့ဇနီးတွေကို ရိုက်နှက်ခဲ့ကြသည်။ အပြင်မှာ မျက်နှာပျက်လာရရင်၊ ယောက္ခမကြီးကိုတောင် ရိုက်နှက်ပါလိမ့်မည်။

လွတ်လပ်ရေးရခဲ့တာ နှစ်၂၀ ကြာခဲ့ပြီဖြစ်ပြီး အခု အမျိုးသားနဲ့ အမျိုးသမီးတွေကြား ညီမျှမှုကို ထောက်ခံပေးနေသည်။ ခေါင်းဆောင်ကြီးတွေက အမျိုးသမီးတွေသာ နေ့တစ်ဝက်လောက်ကို ထိန်းချုပ်ထားနိုင်ကြသည်လို့ ပြောခဲ့ကြသည်။

အရေးအကြီးဆုံးအရာက မြို့ထဲက စောင်စက်ရုံရဲ့ခေါင်းဆောင်က သူ့မိန်းမကို အထင်သေးပြီး စက်ရုံမှာ စကားပြောဖို့ ငြင်းဆန်ခဲ့သည်။ ငယ်ရွယ်လှပတဲ့ အမျိုးသမီး အလုပ်သမားနဲ့ ပေါင်းသင်းနေပြီး စာလုံးကြီး ပိုစတာကပ်တာကို ခံခဲ့ရသည်။ မိသားစုက သူ့အနားက ထွက်သွားခဲ့ကြပြီး ကွာရှင်းမှုကို ကြေညာခဲ့သည်။ သူ့ရဲ့ ခေါင်းဆောင်ခြင်းအလုပ်ကိုလဲ ဆုံးရှုံးခဲ့ပြီး သူ့ကို နေ့တိုင်း လမ်းပေါ်ကို ဆွဲခေါ်ကာ ချီတက်ခိုင်းခဲ့သည်. .

ဒါ့အပြင်၊ အိမ်မှာ အရူးလို ရိုက်နှက်နေတာက ဝမ်ဟုန်ဟွားဆိုတာ သေချာပါသည်။ ဒါကြောင့် သူက အမျိုးသမီးတွေကို အနိုင်ကျင့်တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ?

ရွာသားတွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး၊ လင်းတာ့ကော်တို့ မိသားစုက ဒေါသတကြီးနဲ့ အုပ်စုနှစ်ခုကွဲသွားခဲ့သည်။ တစ်ခုမှာ၊ သူတို့က လင်းဟုန်နကို အကူအညီတောင်းဖို့ မြို့ကို သွားရန်ဖြစ်ပြီး တစ်ခြားတစ်ခုမှာ ဝမ်ဟုန်ဟွားက တစ်ခုခုများ ပြောလိုက်မလားဆိုပြီး ကြောက်လန့်နေကြကာ အပြင်က ဝမ်ဟုန်ဟွားကို ရှာဖို့ လမ်းပေါ်ကို သွားရန်ပင်။ လင်းမိသားစုအတွက် နေ့ကောင်းတစ်နေ့ပါပဲ။

All Chapters