အခန်း (၁၂၀)
Vol. 11 Ch. 120
ခေါင်းဆောင်မာရဲ့ နာမည်အရင်းက မာယန်းရိဖြစ်ပြီး သူက အနောက်တောင်တိုင်း စစ်ဌာနချုပ်ရဲ့ ရှေ့တန်းတိုက်ခိုက်ရေးတပ်ရင်းက တပ်ခွဲမှူးတစ်ယောက်ဖြစ်ခဲ့သည်။ စစ်ဆင်ရေးတစ်ခုကို တပ်သားတွေ ဆောင်ရွက်တဲ့အခါ၊ သူတို့ကို ရန်သူတွေက တိုက်ခိုက်ခဲ့သည်။ မာယန်းရိရဲ့ တပ်ရင်းမှူးက သူ့အသက်ကို ကယ်ခဲ့သည်။
နောက်ပိုင်းမှာ၊ တပ်ရင်းမှူးက ကံမကောင်းစွာပဲ သေဆုံးသွားခဲ့ပြီး တပ်ရင်းမှူးရဲ့ ဇနီးကလဲ စောင့်ရှောက်ပေးမယ့်သူမရှိတဲ့ ကလေးနှစ်ယောက်ကို ချန်ထားခဲ့ပြီး ရေတွင်းထဲကို ခုန်ချကာ အချစ်အတွက် သေဆုံးခဲ့သည်။
အဲ့ဒီအချိန်မှာ၊ တပ်ရင်းမှူးရဲ့ညီလေးက တိုက်ပွဲထဲမှာ တာဝန်ကျနေခဲ့ပြီး လက်လှမ်းမမီခဲ့ပေ။
မာကျားရန်နဲ့ ယန်းရိက တင်ရင်းမှူးဟောင်းရဲ့ ကြင်နာတတ်မှုကို တွေးပြီး တပ်ရင်းမှူးရဲ့ကလေးတွေကို အိမ်ခေါ်ကာ စောင့်ရှောက်ချင်တယ်ဆိုတာကို ဝူဖန်းတိနဲ့ ဆွေးနွေးခဲ့သည်။
ဝူဖန်းတိက အကျိုးမရှိပဲ မလုပ်ချင်တဲ့ လူတစ်ယောက်ဖြစ်သည်။ မာယန်းရိက အလုပ်ပြောင်းလိုက်ပြီး သူ့ရဲ့မွေးရပ်မြေကို ပြန်လာခဲ့သည်။ သူက ပြည်သူ့ကာကွယ်ရေးဌာနလေးက ရဲသားတစ်ယောက်သာ ဖြစ်သည်။ တစ်လဝင်ငွေနဲ့၊ အပြင်လူ ကလေးနှစ်ယောက်ကို ထောက်ပံ့ဖို့ ခဲယဉ်းပါသည်။
အထူးသဖြင့် တပ်ရင်းမှူးမိသားစုက ကလေးနှစ်ယောက်ပေါ့။ အကြီးဆုံးက ဆယ်နှစ်ပဲရှိသေးသည်ဖြစ်ပြီး အငယ်လေးက သုံးနှစ်ကျော်ပဲ ရှိသေးသည်။ သူတို့က ဆီဘူးကြီးနှစ်ဘူးပါပဲ!
ဝူဖန်းတိက သဘောမတူခဲ့တာကြောင့်၊ မာယန်းရိက ကလေးနှစ်ယောက်ရဲ့အဖေက တပ်ရင်းမှူးဖြစ်ပြီး တော်လှန်ရေး အာဇာနည်တစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာကို ပြောပြရင်း ထောက်ပံ့ခဲ့သည်။ စည်းမျဉ်းစည်းကမ်းတွေအရ၊ အစိုးရက သူ့ကို ထောက်ပံ့ကြေးမေးလိမ့်မည်ဖြစ်သည်။
ထောက်ပံ့ကြေး?
အများကြီးလား?
အစတုန်းက သဘောမတူခဲ့တဲ့ ဝူဖန်းတိက ချက်ချင်း ခေါင်းညိမ့်ခဲ့ပြီး မာယန်းရိကို ကလေးတွေကိုခေါ်လာဖို့ ပြောခဲ့သည်။
အစတုန်းက၊ မာယန်းရိမှာလဲ သူ့ရဲ့တပ်ရင်းမှူးတစ်ဖြစ်လဲ သူ့ရဲ့ကျေးဇူးရှင်ရဲ့ ကလေးတွေကို တစ်ကယ်ကို စောင့်ရှောက်ပေးမယ့် လူတွေ ရှိခဲ့ပါသည်။
မာမိသားစုဆီမှာ နေပြီးတဲ့နောက်၊ ရက်အနည်းငယ်မှာတင်ပဲ၊ တပ်ရင်းမှူးမိသားစုရဲ့ ကလေးတွေက မာမိသားစုရဲ့ သားနှစ်ယောက်နဲ့ ခဏခဏ ရန်ဖြစ်ကြလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
တစ်ခြားအကြောင်းပြချက်မရှိပေ။ မာမိသားစုရဲ့ သားနှစ်ယောက်က အိမ်ကို ဆီဘူးတွေလာနေတာကို မြင်ခဲ့သည်။ သူတို့က စားသောက်ပြီး သူတို့အိမ်မှာတောင် နေချင်ခဲ့ကြသည်။
သဘာဝအလျောက်၊ မပျော်ရွှင်ကြတော့ပေ။
ဒါ့အပြင်၊ ဝူဖန်းတိက သူမရဲ့သားနှစ်ယောက်ကို စုံလုံးကန်းအောင် အလိုလိုက်ခဲ့ပြီး မလေးမစားဖြစ်လာခဲ့ကြသည်။
မာယန်းရိက ကလေးတွေကို အိမ်ခေါ်သွားတဲ့အကြောင်းကို တပ်ရင်းမှူးဟောင်းရဲ့ ရဲဘော်တွေက ကြားတဲ့အခါ၊ သူတို့က စိတ်သက်သာရာရခဲ့ကြပြီး မာယန်းရိရဲ့ မိသားစုကို ပိုပြီးစောင့်ရှောက်ပေးခဲ့ကြသည်။
ဒါကလဲ တပ်ရင်းမှူးရဲ့ကလေးတွေကို မာယန်းရိက အိမ်ခေါ်လာရတဲ့ အရေးကြီးတဲ့အချက်တွေထဲက တစ်ခုဖြစ်ခဲ့သည်။
တပ်ရင်းမှူး မဆုံးခင်က သူ့မှာ စစ်တပ်ထဲက သူငယ်ချင်းတွေအများကြီးရှိပြီး သူ့ညီအရင်းကလဲ အရာရှိတစ်ယောက်ဖြစ်တယ်ဆိုတာကို သိခဲ့ရသည်။ သူက တောင့်တင်းတဲ့ မိသားစုနောက်ခံနဲ့ ကိုယ်ပိုင်အရည်အချင်းတွေရှိတဲ့ အရာရှိတော်တော်များများနဲ့ သဘောထားတိုက်ဆိုင်ခဲ့သည်။ ဒီအပင်ကြီးတွေကို တက်ဖို့ သူ့အစ်ကိုတွေ၊ အစ်မတွေရဲ့ အကူအညီကို ယူနိုင်ခဲ့ရင်၊ သူ့မှာ ပိုကောင်းတဲ့အနာဂတ်တစ်ခု ရှိလာပါလိမ့်မည်။
ထို့အပြင်၊ တပ်ရင်းမှူးရဲ့ညီလေးက စစ်ဆင်ရေးပြီးသွားတဲ့နောက်မှာ စိတ်ထားတစ်မျိုး ရှိလာခဲ့သည်၊ သူက သေချာပေါက် ကလေးနှစ်ယောက်ကို ခေါ်သွားပါလိမ့်မည်။
သူက အချိန်တစ်ခုစာလောက်အတွက် ကလေးနှစ်ယောက်ကို ပျိုးထောင်ဖို့ ပိုက်ဆံသုံးဖို့ပဲ လိုအပ်သည်။ ပြီးတော့ ကြင်နာမှုကို ပြန်ပေးဆပ်တဲ့အနေနဲ့ ဂုဏ်သတင်းကောင်းတစ်ခုနဲ့ အဆက်အသွယ်တွေအများကြီးကို သူရနိုင်ပါသည်။ ဒါက အကျိုးအမြတ် များများရတာပဲမလား?
မာယန်းရိမှာ အစီအစဉ်ကောင်းတစ်ခုရှိပေမယ့် သူ့ဇနီးရဲ့သားက သူ့ရဲ့ရည်ရွယ်ချက်ကောင်းကို ဖျက်ဆီးလိမ့်မယ်လို့ သူမထင်ထားခဲ့ပေ။
မာအိမ်တော်က အဲ့ဒီနေ့တွေမှာ၊ တပ်ရင်းမှူးရဲ့ ရဲဘော်ဟောင်းတစ်ချို့က ကလေးနှစ်ယောက်ကို စောင့်ရှောက်ပေးဖို့ ပစ္စည်းကောင်းတွေ ယူလာလေ့ရှိကြသည်။
ရဲဘော်တွေရဲ့ လက်ထဲက မိဘမဲ့လေးတွေကို လာကြည့်တဲ့အခါ သူတို့က ရှားပါးပစ္စည်းတွေကို ယူလာကြပါလိမ့်မည်။
စစ်တပ်ထဲကလူတွေပဲ စားနိုင်ပြီး ပစ္စည်းကောင်းတွေဖြစ်တဲ့ သံဘူးဘီစကစ်၊ နို့ချိုချဉ်နဲ့ အသီးစည်သွပ်ဘူးတွေကို မာမိသားစုရဲ့သားနှစ်ယောက်က လောဘမကြီးပဲ ဘယ်နေနိုင်ကြပါ့မလဲ?
သူတို့ရဲ့ ရဲဘော်တွေရှိနေတော့၊ မာမိသားစုက ဟန်လုပ်ပြနေခဲ့သည်။
ရဲဘော်တွေ ပြန်သွားကြတာနဲ့၊ ဝူဖန်းတိက မျက်နှာထားပြောင်းသွားပြီး ရဲဘော်တွေ ယူလာပေးတဲ့ ပစ္စည်းကောင်းတွေအားလုံးကို သူမရဲ့သားနှစ်ယောက်နဲ့အတူ ယူသွားခဲ့သည်။
တပ်ရင်းမှူးရဲ့သမီးလေးက ငယ်သည်။ သူမ ကြိုက်တဲ့အရာတစ်ခုခုကို ယူသွားတာ တွေ့တဲ့အခါ၊ သူမက ခြေလှမ်းလေးတွေနဲ့ နောက်ကလိုက်သွားခဲ့သည်။
မာမိသားစုရဲ့ သားကြီးက သူမကို မြေကြီးပေါ်တွန်းချလိုက်သည်။ ကလေးမလေးက မြေကြီးပေါ်ကိုလဲကျသွားခဲ့ပြီး လိမ့်သွားခဲ့သည်။ သူမရဲ့ ခန္ဓာကိုယ်ပဲ ညစ်ပတ်သွားတာတင်မဟုတ်ပဲ၊ သူမရဲ့လက်လေးတွေကိုလဲ ခြစ်မိသွားခဲ့ပါသည်။
ကလေးမလေးက မကျေနပ်ချက်တွေနဲ့ ငိုကြွေးခဲ့ပြီး တပ်ရင်းမှူးရဲ့သားကြီးက မာမိသားစုရဲ့ သားနှစ်ယောက်ကို လက်သီးနဲ့ထိုးချခဲ့သည်။ ပြီးနောက် သူက တစ်ယောက်ပေါ်တစ်ယောက် တက်ထိုင်ပြီး ပြင်းပြင်းထန်ထန် ထိုးကြိတ်ခဲ့သည်။
ဝူဖန်းတိက ကလေးတွေကို ကာကွယ်ပေးခဲ့ပြီး သူတို့ထလာတဲ့အချိန်မှာ ကလေးနှစ်ယောက်ကို ရိုက်နှက်ခဲ့သည်။ မောင်နှမနှစ်ယောက်က လမ်းကြားထဲကို ပြေးဝင်သွားခဲ့သည်။
ပြဿနာတက်နေကြတဲ့ အိမ်နီးချင်းတွေအကုန်လုံး ဘာဖြစ်တာလဲဆိုတာကို ကြည့်ဖို့ ထွက်လာခဲ့ကြပြီး ဆွေမျိုးတွေဆီ အလည်သွားဖို့ အိမ်ကိုပြန်လာတဲ့ ကုရှီအန်းနဲ့ ဆုံတွေ့ခဲ့ကြသည်။သူနဲ့ တပ်ရင်းမှူးရဲ့ကလေးနှစ်ယောက်အကြောင်း မာမိသားစုရဲ့ အိမ်နီးချင်းတွေက တီးတိုးပြောနေတာကို ကြားခဲ့သည်။ မာယန်းရိရဲ့ မိသားစုနဲ့ မဆုံဖူးပေမယ့်၊ သူတို့က စစ်သားတွေဖြစ်ကြသည်။
တာဝန်ရှိစွာနဲ့၊ အာဇာနည်တစ်ယောက်ရဲ့ ကလေးတွေက ရက်ပေါင်းများစွာ မစားမသောက်ရသေးသလို ဆာလောင်နေခဲ့ကြပြီး ကြောင်ပေါက်လေးတွေလို ညစ်ပတ်နေခဲ့ကြသည်၊ ပြီးတော့ သူတို့ကို မာမိသားစုက အနိုင်ကျင့်ခဲ့ပြီး သူက ချက်ချင်း လက်သီးဆုပ်ခဲ့သည်။
သူက တုန်ယင်နေတဲ့ မာယန်းရိကို ဆွဲခေါ်လာခဲ့ပြီး ရိုက်နှက်လိုက်တော့ ဝူဖန်းတိက ဝက်သတ်ခံရသလို အော်ဟစ်နေခဲ့သည်။
ကုရှီအန်းက တပ်ရင်းမှူးရဲ့ညီဆီကို စာတစ်စောင်ရေးဖို့ သူ့ရဲ့ရဲဘော်တွေကို သတင်းပို့ခဲ့သည်။
တပ်ရင်းမှူးရဲ့ညီဖြစ်သူ ပြန်လာတဲ့အခါ၊ သူက ချက်ချင်း သူ့ရဲ့ရဲဘော်တွေဆီကနေ ကလေးနှစ်ယောက်ကို ခေါ်လာခဲ့သည်။ မောင်နှမနှစ်ယောက်က ဦးလေးဖြစ်သူကို မြင်တဲ့အခါ၊ သူတို့နှစ်ယောက်လုံး အရမ်းဝမ်းနည်းနေခဲ့ကြသည်။
တပ်ရင်းမှူးရဲ့ညီလေးက မာယန်းရိရဲ့နှာခေါင်းကို ညိုပုပ်တဲ့အထိ ရိုက်နှက်ခဲ့သည်။ သူ့မျက်နှာက ယောင်ကိုင်းနေခဲ့ပြီး သူ့ရဲ့ခြေကျင်းဝတ်တွေက အညိုအမဲစွဲနေခဲ့သည်။ သူက သူ့အပေါ်မှာ အချိန်တွေအများကြီး ဖြုန်းခဲ့သည်။ နောက်ဆုံးမှာ၊ ရာထူးတိုးမြှင့်ခြင်းနဲ့ ချမ်းသာကြွယ်ဝမှုရဲ့ မျှော်လင့်ချက်တွေနဲ့ သူ့ရတဲ့ ပင်စင်လစာတွေအားလုံးက ပလုံသွားခဲ့သည်။ ရုပ်ရှင်ရဲအရာရှိအဖြစ် အလုပ်နေရာလေးကို ချန်ထားပေးဖို့ အဖွားကို ပြောပေးပါလို့တောင် သူ့အဖိုးကို တောင်းပန်ခဲ့ရသည်။
အားပေးခံရတဲ့ မာယန်းရိရဲ့ မျှော်လင့်ချက်တွေကို ပျက်စီးသွားစေခဲ့သည်။ သူက အပြင်ဘက်က ဘာသာရေး အမျိုးအစားအားလုံးနဲ့ ဆက်ဆံရင်း၊ အရံရဲအရာရှိတစ်ယောက်ဖြစ်ပြီး ရုံးခန်းထဲမှာ ထိုင်နေခဲ့သည်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်မှာ၊ ထိုင်ဝမ်နယ်နဲ့ ဆက်သွားဖူးပြီး တစ်ယောက်ယောက်ကို အချိန်နဲ့အမျှ "ပိုလျှံတဲ့ငွေကြေး" တွေကို ရှာဖွေနိုင်ရင်၊ မင်းရဲ့ မိသားစုက လမ်းပေါ်မှာ နေစရာမလိုတော့ဘူး။
ကုရှီအန်းသာ ကြားမဝင်ခဲ့ရင်၊ သူဘယ်လိုလုပ်ပြီး ဒီလို အဆုံးသတ်နိုင်မှာလဲ!
ခဏလောက်ကြာပြီးနောက်၊ ကျွန်းပေါ်က လျို့ဝှက်သူလျှိုက မာယန်းရိဆီကိုလာပြီး ကုရှီအန်းရဲ့ လက်ရှိရာထူးနဲ့ ဘဝအကြောင်းကို ပြောပြခဲ့သည်။ သူ့ရဲ့ရန်သူက ကောင်းကောင်းရှင်သန်နေတာကို တွေးမိတဲ့အခါ၊ သူက ရုတ်တစ်ရက် နှလုံးခုန်မြန်လာခဲ့ပြီး "စစ်ဆင်ရေး" ကို လက်ခံခဲ့သည်။ လျို့ဝှက်သူလျှိုရဲ့စီစဉ်မှုအောက်မှာ၊ မိသားစုကိုပြောင်းလဲပြီး ယွင်ရွှေကောင်တီကို ပြောင်းရွှေ့လာခဲ့သည်။
*
ဆောင်းရာသီစတင်လာပြီးနောက်၊ အရာအားလုံးက ထိုင်းမှိုင်းနေခဲ့ကြသည်၊ အပြင်မှာ အေးခဲနေပြီး နှင်းတွေက ဆက်တိုက်ကျနေခဲ့သည်။ ဆောင်းဦးရာသီကနေ ဆောင်းရာသီကို ပြောင်းလာခဲ့ပြီဖြစ်ပြီး လမ်းကြားဝင်ပေါက်က သစ်ကိုင်းတွေကောက်ကွေးနေတဲ့ ပေါ့ပလာပင်ကြီးက နှင်းတွေနဲ့ဖုံးအုပ်နေခဲ့သည်။
ရာသီဥတုက အရမ်းအေးတာကြောင့်၊ မျက်နှာတွေပေါ်ကို တိုက်ခတ်လာတဲ့လေအေးက ဓါးသွားတွေလိုပဲဖြစ်သည်။ ဘေးအိမ်က မာယန်းရိတို့ လင်မယားက သူတို့အလုပ်နဲ့ပတ်သက်ပြီး စိတ်မလှုပ်ရှားနေခဲ့ကြပေ။ ပုံမှန်ဖော်ရွေခြင်းအစား၊ တံတိုင်းအပေါ်ကို ခုန်တက်နေတဲ့ခွေးတွေလိုပဲ လောင်ကုတို့အိမ်တံခါးဆီကို နေ့တိုင်း ပြေးသွားခဲ့ကြသည်။
ကုမိသားစုက တံခါးကို ပိတ်ထားခဲ့ပြီး သူ့ကို မမြင်ချင်ယောင်ဆောင်နေခဲ့ကြသည်။
နှစ်သစ်ကူးက နီးကပ်လာတာနဲ့အမျှ၊ အထည်စက်ရုံ၊ အလုပ်ရုံတွေက သိပ်ပြီးအလုပ်မရှုပ်ကြတော့ပေ၊ ပြီးတော့ အပြင်က ဆူညံနေတဲ့ ကျောင်းသားတွေကလဲ ရပ်တန့်သွားခဲ့ကြသည်။
Laba ပွဲတော်ကာလမှာ၊ လင်းယောင်က အိမ်မှာ Laba ဆန်ပြုတ်ကို ချက်ခဲ့ပြီး သောက်ပြီးကြတဲ့နောက်မှာ တစ်မိသားစုလုံး နွေးထွေးသွားခဲ့ကြသည်။
ကုရှီအန်းက ပြည်သူ့ကာကွယ်ရေးဌာနကိုသွားတဲ့အခါ၊ လင်းယောင်က သို့သို့နဲ့ ယွမ်ယွမ်တို့ အိမ်မှာ စာဖတ်ပြီး လက်ရေးလှကျင့်နေတာကို စောင့်ကြည့်ပေးနေခဲ့သည်။
ကျောင်းတွေ အချိန်နဲ့မဖွင့်တော့တာက ပြဿနာမဟုတ်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ဖတ်စာအုပ်တွေနဲ့ လိုအပ်တဲ့အရာအားလုံးက ရှိနေပြီးသားဖြစ်သည်။ လင်းယောင်က အချိန်ဇယားဆွဲပေးထားခဲ့သည်။ မောင်နှမနှစ်ယောက်က ဘယ်အချိန်ထရမယ်၊ ဘယ်အချိန်စားရမယ်၊ ဘယ်အချိန်စာဖတ်ပြီး ဖင်းယင်းလေ့ကျင့်ရမယ်၊ ပြီးတော့ ဘယ်အချိန် လက်ရေးလှလေ့ကျင့်ရမယ်ဆိုတာကို သေသေချာချာ စီစဉ်ထားခဲ့ကြသည်။
အမေဖြစ်သူက သူတို့ရဲ့ဘေးမှာ ဝါးခြမ်းပြားလေးကိုကိုင်ပြီး ကလေးတွေ ထိုင်တဲ့ပုံစံကို အချိန်နဲ့အမျှ ပြင်ပေးနေခဲ့သည်။ တစ်ခါတစ်လေ စားပွဲခုံကနိမ့်တာကြောင့်၊ သူတို့က ခေါင်းကိုငုံ့ထားတတ်သည်၊ ပြီးတော့ တစ်ခါတစ်လေမှာ သူတို့က ခါးကုန်းထားတတ်ကြသည်။
မောင်နှမနှစ်ယောက်က သူတို့ရဲ့ခါးတွေကို ဆန့်ပြီး အော်ခဲ့ကြသည်။
" မတ်တပ်ရပ်ရင် ကောင်းကောင်းရပ်ရမယ်၊ ထိုင်ရင်မတ်မတ်ထိုင်ရမယ်။ ကုသို့သို့ မင်းကိုပြောနေတာ!
" ဘာလို့ပြုံးနေတာလဲ? ခါးကို လိမ်ထားမယ်ဆိုရင်၊ မင်း အရိုက်ခံရမယ်နော်။ "
ယွမ်ယွမ်နဲ့ သို့သို့က သူ့အမေရဲ့စကားကို ကြားတဲ့အခါ၊ အလျင်အမြန် မတ်မတ်ထိုင်ခဲ့ပြီး သူမရဲ့အဖေ ပြန်လာပြီလားဆိုတာကို ကြည့်ဖို့ အပြင်ဘက်ကို လှမ်းကြည့်ခဲ့သည်။
လက်ထောက်ဒါရိုက်တာကု ပြန်မလာသေးတဲ့အခါ၊ မောင်နှမနှစ်ယောက်က စာကိုသာ ကြိုးစားရတော့သည်။
အစောပိုင်းမှာ၊ ကောင်တီက မစ္စတာချန်းကန်နဲ့ သူ့ဇနီးတို့က လောင်ကုတို့ မိသားစုအတွက် ဝက်ပေါင်ခြောက်တစ်ထုတ် ပို့လိုက်သည်။ ဝက်တွေကို ကျေးလက်ထုတ်လုပ်ရေးအသင်းက သတ်ခဲ့ပြီး၊ သူတို့လင်မယားက ကောင်းတဲ့အသားတွေကိုရွေး၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အသားနှပ်ပြီး အခြောက်လှန်းထားတာဖြစ်တယ်လို့ စာထဲမှာ ရေးထားသည်။ ဝက်အူချောင်း အရှည်ကြီးလည်းဝယ်ခဲ့ပြီး ဖင်းအန်ရဲ့ နောက်ဆုံးရဓာတ်ပုံနဲ့ ပို့ပေးခဲ့သည်။
ဖင်းအန်က အိမ်ပြန်ရောက်ပြီး နှစ်အနည်းငယ်ကြာတော့ အခုပိုင်ရန်ပေါက်စလိုပုံစံမျိုး ငယ်ရွယ်ချောမောတဲ့ အမျိုးသားတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ပြီဖြစ်သည်။ ကျန်းဆွေ့လန်က ဖင်းအန်ရဲ့ ဓာတ်ပုံကိုကိုင်ပြီး ပျော်ရွှင်စွာ ပြောခဲ့သည်။
" ဖင်းအန်က အရင်တုန်းက အရမ်းပိန်တာ၊ ဒါပေမယ့် အခုတော့၊ ထွားလာပြီ၊ တစ်ကယ်ကို ချောမောတာပဲ။ "
ကုမန်ဆန်က "ထက်မြတ်တဲ့ မျက်ခုံးနဲ့ တောက်ပတဲ့ မျက်လုံး" ဆိုတဲ့ စကားကို တွေးမိသွားခဲ့သည်။
ညနေခင်းမှာ၊ ရွှီရှန်းချန်က ရေခဲရိုက်ပုစွန်တစ်ပန်းကန်ပို့ပေးခဲ့ပြီး ကျေးလက်ဒေသက သူ့ရဲ့မွေးရပ်မြေကို ပြန်တုန်းက ကန်ထဲကနေ မျှားလာခဲ့တာလို့ ပြောခဲ့သည်။ သူက ကုမိသားစုကြီးကိုလည်း မြည်းကြည့်ဖို့ တစ်ပန်းကန် ပေးချင်ခဲ့သည်။
ကုရှီအန်းက အိမ်ပြန်လာခဲ့သည်။ လက်ဆေးပြီး မီးဖိုချောင်ထဲကို ကူညီပေးဖို့ ဝင်လာခဲ့သည်။
ပုစွန်တွေကိုဆေးနေတဲ့ လင်းယောင်ကို ကြည့်ရင်း၊ သူက ပြောခဲ့သည်။ " ဒီည ပုစွန်စားကြမှာလား? "
" ဟုတ်တယ်၊ အစ်ကိုကြီးထို့ထို့ ပေးတာလေ။ အိမ်က ကလေးနှစ်ယောက်က ပုစွန်စားချင်နေကြတာ။ ပေါက်စီနည်းနည်းနဲ့ ပုစွန်ကြော် လုပ်မလို့လေ၊ ပြီးတော့ အာလူးတွေကို ရှာလကာရည်နဲ့ ကြော်မယ်။ ဒါပါပဲ ဒီနေ့ညအတွက် ဟင်းတွေက "
ပုစွန်ရဲ့ အကြောနဲ့ ခြေ၊လက်တွေကို ကတ်ကြေးအသေးလေးနဲ့ ညှပ်ရင်း လင်းယောင်က ပြောခဲ့သည်။
ကောင်းပါတယ်၊ ကုရှီအန်းက ခေါင်းညိမ့်ခဲ့သည်။
ဘာမှသိပ်မပြောပဲ ထိုင်ချလိုက်ပြီး မီးမွေးခဲ့သည်။
လင်မယားနှစ်ယောက်က သူတို့အလုပ် သူတို့လုပ်နေခဲ့ကြပြီး စကားတချို့ ပြောနေခဲ့ကြသည်။ သက်တောင့်သက်သာရှိတဲ့ ခံစားချက်တွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ အတူနေလာခဲ့တဲ့ လင်မယားတွေလိုပဲ လေထုက နွေးထွေးပြီး သဘာဝဆန်လှသည်။
ပုစွန်အကြောတွေနဲ့ နှုတ်ခမ်းမွှေးတွေ၊ ခြေတွေ၊ လက်တွေကိုဖယ်သည်၊ ဆေးကြောပြီး ရေစစ်သည်၊ ဆားကြမ်းထည့်ပြီး ကြက်သွန်နီ၊ ချင်း၊ ကြက်သွန်ဖြူတို့နဲ့ အရသာဝင်အောင် ဆယ်မိနစ်လောက် နှပ်ထားခဲ့သည်၊ ဟင်းခတ်အမွှေးအကြိုင်တွေကို ဖယ်သည်၊ မျက်နှာပြင်ပေါ်ကို ဂျုံမှုန့်ဖြူးပြီး တူနဲ့နှံ့အောင် နယ်လိုက်သည်၊ အိုးထဲကို ဝက်ဆီ လောင်းထည့်ခဲ့ပြီး အပူပေးကာ ပုစွန်တွေကို ဆီပူထဲမှာ နှစ်ခေါက်လှိမ့်ခဲ့သည်၊ ပြီးတော့ ကြွပ်ရွပြီး မွှေးပြန့်တဲ့ ပုစွန်ကြော်တွေ အဆင်သင့်ဖြစ်လာပြီဖြစ်သည်။
လင်းယောင်က ရှာလကာရည်စိမ်ထားတဲ့ နုပ်နုပ်စင်းထားသည့် အာလူးတွေကို ကြော်ခဲ့သည်၊ ပြီးတော့ မလုပ်ရသေးတဲ့ စွပ်ပြုတ်ကို သတိရသွားခဲ့သည်။ ဟင်းနုနွယ်စွပ်ပြုတ်တစ်အိုးလုပ်ဖို့ သူမက အချိန်ယူခဲ့သည်၊ အိုးထဲမှာချက်ထားတဲ့ ပြောင်းဖူးတွေကို ဆယ်ခဲ့ပြီး လူတိုင်းကို စားဖို့ခေါ်ခဲ့သည်။
အိမ်ထဲက သို့သို့နဲ့ ယွမ်ယွမ်တို့က ငါးညှီနံ့ရတဲ့ ကြောင်ပေါက်လေးတွေလိုပဲ အမွှေးနံ့ကို တစ်ရှုံ့ရှုံ့လုပ်ရင်း ပြေးလာခဲ့ကြသည်။
" ဝါး၊ မာမား၊ အနံ့ကအရမ်းမွေးတာပဲ၊ အခုစားလို့ရပြီလားဟင်? "
" လက်သွားဆေးချည်အုံး၊ ပြီးရင်စားလို့ရပြီ။ "
၁၂ကြိမ်မြောက်လပြည့်ရဲ့ ၁၅ရက်မြောက်နေ့မှာ၊ ယွင်ရွှေကောင်တီရဲ့ နှစ်စဉ်စစ်ရေးပြအခမ်းအနားကို ထပ်မံ စတင်ခဲ့ပြီဖြစ်သည်။ ကောင်တီက ထောင်ချီတဲ့စစ်သားတွေဟာ ကျေးလက်ဒေသမှာ စုဝေးခဲ့ကြပြီးတော့ ဘူတာရုံရဲ့ ၄/၅ ကီလိုမီတာပတ်လည်မှာ စစ်ရေးပြခြင်း၊ ပစ်ခတ်ခြင်း၊ လက်ပစ်ဗုံးပစ်ခြင်း၊ ဖောက်ခွဲပြခြင်း၊ စတာတွေကို ပြသခဲ့သည်။
ကောင်တီမှာလိုအပ်တဲ့ ငါးရက်တာ စစ်ရေးလေ့ကျင့်ခြင်းကာလမှာ၊ ကျည်ဆန်ပမာဏ အများအပြားကို သုံးစွဲခဲ့သည်။ စစ်ရေးလေ့ကျင့်ခြင်းကို ကုမ္ပဏီတွေ၊ တပ်စုရဲ့ လေဟာပြင်ဧရိယာတွေမှာပဲ လေ့ကျင့်နိုင်သည်။
စစ်ရေးလေ့ကျင့်ခြင်းကိုလဲ ဆက်သွယ်ရေးသင်တန်း၊ ကျန်းမာရေးသင်တန်းနဲ့ ရန်သူ့ကင်းထောက်သင်တန်း၊ စတာတွေအပြင် အထွေထွေစစ်တပ်ထက်ပိုမဆိုးတဲ့ ယာယီဖွဲ့စည်းထားတဲ့ အချက်ပြုတ်သင်တန်း စတာတွေနဲ့ ဖွဲ့စည်းထားသည်။
ကုရှီအန်း စားပြီးသွားတဲ့နောက်မှာ၊ မနက်ဖြန်အတွက် အထုပ်အပိုးပြင်ဖို့ အိမ်ကိုပြန်လာခဲ့သည်။ လင်းယောင်ကလဲ ကူညီဖို့လိုက်သွားခဲ့သည်။ တစ်ကယ်တော့၊ ထုတ်ပိုးစရာ များများစားစား မရှိခဲ့ပေ။
လဲစရာအဝတ်အစား၊ ကျဲဖန့်ဖိနပ်တွေ၊ အောက်ခံအဝတ်အစားတွေနဲ့ ခြေအိတ်တွေ၊ စားသောက်ဖို့ နေ့လည်စာထမင်းဘူး၊ စတာတွေက အဓိကအရာတွေဖြစ်သည်။ လက်ထောက်ဒါရိုက်တာကုက သူ့ကိုယ်တိုင် သန့်ရှင်းခဲ့ပြီး သပ်သပ်ရပ်ရပ် ထုတ်ပိုးထားခဲ့သည်။
စစ်တပ်ထဲမှာ၊ စစ်သားတွေက သူတို့ဘာသာ အိမ်အလုပ်တွေကို သပ်သပ်ရပ်ရပ် လုပ်ကြရသည်။ အရင်တုန်းက၊ စစ်တပ်ထဲမှာ အစောင့်တွေရှိတယ်ဆိုရင်တောင်မှ၊ သူ့ကိုယ်တိုင် သူ့ရဲ့အတွင်းအဝတ်အစားတွေကို လျှော်ဖွတ်ရပါလိမ့်မည်။
ကျန်းဆွေ့လန်က မနက်ဖြန် မနက်စောစောမှာ သူမရဲ့သားက သွားတော့မယ်ဆိုတာကို သိနေတာကြောင့်၊ သူမသားလေးအတွက် လမ်းမှာစားရအောင် ယူသွားဖို့ မီးဖိုချောင်ထဲမှာ ဆီအိုးတည်၊ အသီးအရွက်တွေကို လှီးချွတ်ပြီး၊ အသားနှင့် အသီးအရွယ်တွေကို ကြော်လှော်ခဲ့သည်။
ယွမ်ယွမ်နဲ့ သို့သို့တို့ကလဲ ကြက်ဥတွေကောက်ဖို့ အဖိုးနောက်ကို လိုက်သွားခဲ့ကြပြီး အဖေဖြစ်သူအတွက် ကြက်ဥပြုတ်ပေးခဲ့ကြသည်။
နောက်တစ်နေ့မှာ နေမထွက်ခင် ကုရှီအန်းက အိပ်ယာထခဲ့ပြီး လင်းယောင်က သူမရင်ခွင်ထဲမှာ သမီးလေးကို ပိုက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။ သူမ အသံကြားတဲ့အခါ၊ အိပ်ချင်မူးတူးနဲ့မျက်လုံးတွေကို ဖွင့်ခဲ့သည်။ " အစောကြီး သွားတော့မှာလား? "
" အင်း "
ကုရှီအန်းက အချိုးကျပြီး ကွက်တိဖြစ်နေတဲ့ စစ်ဝတ်စုံကို ဝတ်ဆင်ခဲ့သည်။ လင်းယောင်က တစ်ခုခုကို တွေးတောနေခဲ့သည်၊ " ဘာစားပြီးပြီလဲ? မသွားခင် ပူပူနွေးနွေးလေးတစ်ခု ချက်ပေးမယ်လေ။ "
ကုရှီအန်းက သူ့ဇနီးရဲ့လက်လေးကို ဆွဲယူလိုက်ပြီး ပြောခဲ့သည်။ " မလုပ်ပါနဲ့၊ လမ်းမှာ စားလို့ရပါတယ်။ အရင်ရက်တွေတုန်းက၊ စစ်သားတွေ လေ့ကျင့်နေကြပြီ၊ ပြီးတော့ သူတို့ အိမ်မှာ စားသောက်သွားတဲ့ အရာအားလုံးကို နေရာလွတ်ထဲက ယူထားတာ။ မာယန်းရိလဲ လိုက်လာလိမ့်မယ်၊ ပြီးတော့ ဝူဖန်းတိက တစ်ယောက်တည်းပဲ၊ ကောင်တီမှာ အရပ်ဝတ်တွေ ကျန်နေခဲ့ပြီး သူလျှိုတွေ အမြန်မလှုပ်ရှားရဲပါဘူး။ အိမ်မှာ မကြောက်နဲ့နော်၊ အကုန်လုံး ဂရုစိုက်ပေးမယ်။ "
လင်းယောင်က သမ်းခဲ့သည်။ " စိတ်ချလက်ချ သွားလို့ရပါတယ်။ နေရာလွတ်ထဲမှာ လျှပ်စစ်လျှော့တိုက်တဲ့ဟာရှိသေးတာကို မမေ့နဲ့ဦးလေ။ ဒီသူလျှိုတွေ တစ်ယောက်ပြီးတစ်ယောက် သတိလစ်သွားမှာ။ "
ကုရှီအန်းက အပြုံးလေးနဲ့ တုံ့ပြန်ခဲ့ပြီး သူ့ဇနီးလေးရဲ့ နှုတ်ခမ်းရဲရဲကို ကမန်းကတန်း နမ်းရှိုက်ပြီး ယွမ်ယွမ်နဲ့ သို့သို့ကို တစ်လှည့်စီ နမ်းခဲ့သည်။ ပြီးတော့ နောက်ဆုံးမှာ ကလေးမလေးကို ဖက်ပြီး ထပ်ခါထပ်ခါ နမ်းရှိုက်ခဲ့သည်။ ကလေးမလေးက နိုးတောင်မနိုးပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။
လင်းယောင်က အဝတ်အစားလဲပြီး ကျန်းဆွေ့လန်တို့ လင်မယားနဲ့အတူ သူမအမျိုးသားကို အပြင်လိုက်ပို့ခဲ့သည်။ ဘေးအိမ်က ဝူဖန်းတိက တံခါးကိုလှပ်ပြီး အထဲကို တိတ်တဆိတ် ကြည့်ခဲ့သည်။