← Chapters

အခန်း (၁၂၃)

Vol. 11 Ch. 123

အခန်း (၁၂၃)

Vol. 11 Ch. 123

ချောင်းမြောင်းတိုက်ခိုက်မှုရဲ့ အရိပ်မည်းက အနိုင်ရတော့မည်ဖြစ်ပြီး၊ သူ့လက်ထဲက ဓါးမြောင်နဲ့ ကုရှီအန်းကို ရက်ရက်စက်စက်ထိုးခဲ့သည်။

သူ အောင်မြင်ခါနီးဆဲဆဲမှာ၊ ကုရှီအန်းက ‌ရုတ်တစ်ရက် ခေါင်းကို လှည့်ပြီး အရိပ်ရဲ့လက်မောင်းကို လျင်မြန်စွာဆွဲကာ အရိပ်ကို သူ့ရဲ့ဒူးစွပ်နဲ့ နောက်ပြန်တိုက်ခဲ့သည်။ မြစ်ကမ်းပါးပေါ်က ကျောက်စရစ်ခဲလေးတွေပေါ်ကို ကျသွားခဲ့ပြီး မလှုပ်နိုင်တော့ပေ။

ကျောက်စရစ်ခဲတွေက အရမ်းမာသည်။ အရိပ်က ညည်းတွားခဲ့ပြီး ဓါးစာခံကို ဖမ်းထားရင်း ခုခံဖို့ကြိုးစားခဲ့သည်။ သူက ကုရှီအန်းရဲ့ ဗိုက်အောက်ပိုင်းကို တိုက်ခိုက်ခဲ့သည်။ ကုရှီအန်းက အရမ်းရက်စက်လိမ့်မယ်လို့ သူ မထင်ထားခဲ့ပေ။ ပြီးတော့ သူ့ကို ရုတ်တစ်ရက် လက်နှစ်ဖက်နဲ့ တစ်ချက်တည်းဆွဲကာ ဖယ်ထုတ်လိုက်သည်။

အရိပ်မည်းရဲ့မျက်နှာက နာကျင်မှုနဲ့ ပုံပျက်နေခဲ့ပြီး ချွေးပျံနေခဲ့သည်။ ရွှီရှန်းချန်က တောထဲက ပြန်လာခဲ့သည်၊ ဒီမြင်ကွင်းကို မြင်သွားခဲ့ပြီး ခြေလှမ်း သုံး၊လေး၊ငါး၊လှမ်းလောက်နဲ့ ပြေးလာခဲ့သည်။

" ‌လောင်ကု၊ ဒီလောက်မြန်မြန်ကြီး ခြုံခိုတိုက်ခိုက်တော့မှာလား? "

" ခြုံခိုတိုက်ခိုက်တာ မဟုတ်ဘူး! "

" အဲ့တာဆို ဘာလဲ? "

" ဒါက ရန်သူ့သူလျှိုပဲ။ "

" ရန်သူ့သူလျှို? "

ရွှီရှန်းချန်က အစတော့ တုန်လှုပ်သွားခဲ့ပြီး၊ နောက်တော့ သူ့မျက်နှာက တည်သွားခဲ့သည်။ ထရပ်ပြီး အရိပ်မည်းရဲ့မျက်နှာပေါ်က အနက်ရောင် အဝတ်စကို ဆွဲချွတ်ခဲ့ပြီး ပေါ်ထွက်လာတဲ့ မျက်နှာက သူ မျှော်လင့်ထားသလို မဟုတ်ခဲ့ပေ၊ ပြီးတော့ သူ့စိတ်ထဲမှာ ပိုလို့တောင် ထိတ်လန့်သွားခဲ့ပါသည်။

" မာယန်းရိ? ဘာလို့ မင်းဖြစ်နေရတာလဲ!”

အစ်ကိုကြီးထို့ထို့တင် လန့်သွားတာမဟုတ်ပဲ၊ အသစ်ပြောင်းလာတဲ့ လက်နက်ကိုင်စစ်တပ်ရဲ့ ခေါင်းဆောင်ဟာ ရန်သူ့ဘက်က သူလျှိုတစ်ယောက်ဖြစ်နေလိမ့်မယ်ဆိုတာကို ကောင်တီခေါင်းဆောင်အသင်းကလဲ မမျှော်လင့်ထားခဲ့ကြပေ။

မာယန်းရိကို ယာယီစစ်မေးခြင်းတဲထဲမှာ ပိတ်ထားခဲ့သည်၊ သူ့မျက်နှာမှာ ဒေါသတွေ၊ စိတိအားငယ်ခြင်းတွေနဲ့ ပြည့်နေခဲ့သည်။

သူသာ မရမ်းကားခဲ့ရင်၊ ဒီတစ်ကြိမ်မှာ လှုပ်ရှားဖို့ ရွေးချယ်ခဲ့မှာ မဟုတ်ပေ။ သူ့ကို ရွေးချယ်စရာနှစ်ခု‌ ပေးထားခဲ့သည်၊ တစ်ခုက တာဝန်ကို အောင်မြင်စွာပြီးမြောက်စေဖို့ ဖြစ်ပြီး နောက်တစ်ခုက သူတို့အတွက် အခက်အခဲဖြစ်စေတဲ့ ကုရှီအန်းကို ရှင်းပစ်ဖို့ ဖြစ်သည်။

စစ်‌ဆင်ရေးတစ်ခေါက် ကျရှုံးခဲ့ပြီး မာယန်းရိကို ဖမ်းဆီးခဲ့သည်၊ မာမိသားစုက လွတ်မြောက်နိုင်မှာ မဟုတ်ပေ။

ယာယီစစ်မေးခြင်းတဲရဲ့ အပြင်ဘက်မှာ၊ လှည့်ပတ်စောင့်‌ကြပ်နေကြတဲ့ စစ်သားတွေ ရှိခဲ့ကြသည်။ အစောင့်အကြပ်အပြည့်နဲ့ စစ်မေးခန်းကို ရင်ဆိုင်ရင်း၊ သူ့ကို ကယ်ဖို့ဆိုတာ အပြင်က သူလျှိုတွေအတွက် မဖြစ်နိုင်ခဲ့ပေ။

မာယန်းရိက အရှုံးပေးဖို့ စိတ်မပါခဲ့ပေ။ သူစိတ်ပျက်နေပေမယ့်လဲ၊ ထောက်ချောက်မိနေတဲ့ သတ္တဝါကြီးလို တိုက်ခိုက်ချင်နေတုန်းပါပဲ။ ကောင်တီက ရဲဘော်တွေ ဘယ်လိုပဲ စုံစမ်းစစ်ဆေးနေပါစေ၊ သူက ပါးစပ်ကို ပိတ်ထားခဲ့ပြီး ဘာမှမပြောခဲ့ပေ။

မာယန်းရိ အဖမ်းခံရတဲ့ အဲ့ဒီနေ့ညမှာပဲ၊ အိမ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့တဲ့ ဝူဖန်းတိကိုလဲ တိတ်တဆိတ် ဖမ်းခေါ်သွားခဲ့သည်။

ဝူဖန်းတိက အိမ်မှာ အိပ်နေတုန်းက ဝတ်ထားတဲ့အတိုင်း ဂွမ်းအနွေးထည်နဲ့ ဘောင်းဘီတို့ကို ဝတ်ထားဆဲ ဖြစ်နေခဲ့သည်၊ သူမကို လက်ထိပ်ခတ်ထားခဲ့သည်၊ သူမခေါင်းကို အနက်ရောင်အိတ်နဲ့ စွပ်ထားခဲ့ပြီး သူမပါးစပ်ကို အဝတ်နဲ့စို့ထားခဲ့သည်။ သူမရဲ့မျက်လုံးတွေက ကြောက်လန့်စွာနဲ့ ပြူးကျယ်လာခဲ့ပြီး စစ်မေးခန်းထဲမှာ အံ့ဩဖွယ်ကောင်းလောက်အာင် သူမကို အစောင့်အကြပ်နဲ့ ထားထားခဲ့သည်။

ဝူဖန်းတိက သာမန်နိုင်ငံသားတစ်ယောက် မဟုတ်ပေ။ သူမအမေက အရင်ခေတ်ရဲ့ အော်ပရာအဆိုတော်တစ်ယောက် ဖြစ်ခဲ့သည်။ သူမက မြို့ထဲက သူဌေးသားတစ်ယောက်နဲ့ ချစ်မိသွားခဲ့သည်။ သူမ ကိုယ်ဝန်ရှိလာခဲ့သည်။ အဲ့ဒီခေတ်မှာ မင်းသမီးရဲ့ ပုံရိပ်ကျဆင်းသွားခဲ့ပြီး အဆင့်အတန်းသုံးခုရဲ့ အနိမ့်ဆုံးအဆင့်အတန်းစား ဖြစ်သွားခဲ့သည်။ လူသိများပြီး ချမ်းသာကြွယ်ဝတဲ့ မိသားစုက ဒီလို ချွေးမမျိုးကို လက်ခံကြမှာ မဟုတ်ပေ။

ထိုသူဌေးသားကလဲ လူရှုပ်လူပွေတစ်ယောက် ဖြစ်ခဲ့သည်။ မင်းသမီးတစ်ယောက်ရှိတယ်ဆိုတာကို သူကြားတာနဲ့၊ ချက်ချင်းပဲ ခြေရာဖျောက်သွားခဲ့သည်။

ဝူဖန်းတိရဲ့ အမေက ကိုယ်ဝန်လွယ်ထားခဲ့ရပြီး သီချင်းမဆိုနိုင်တော့ပေ။

လွယ်လပ်ရေးရပြီးနောက်မှာ အသက်ရှင်နေထိုင်ဖို့၊ ဝူဖန်းတိရဲ့ အမေက လှည်းဆွဲပြီး ကူလီထမ်းတဲ့ အမျိုးသားတစ်ယောက်နဲ့ လက်ထပ်ခဲ့သည်။ နောက်ပိုင်း၊ မိသားစုထဲမှာ မောင်ငယ်လေးတစ်ယောက် ရလာတဲ့အခါ၊ ဝူဖန်းတိက အိမ်မှာ တစ်ဦးတည်းသော မိန်းကလေးဖြစ်လာခဲ့သည်။

နောက်ပိုင်းမှာ၊ သူမက မာယန်းရိကို လက်ထပ်ခဲ့သည်။ မာယန်းရိက နန်ဖန်းနဲ့ အဆက်အသွယ်ရှိခဲ့သည်။ တစ်ချို့တာဝန်တွေကို မပြီးမြောက်နိုင်ခဲ့တာကြောင့်၊ ဝူဖန်းတိက လှုပ်ရှားခဲ့ရပြီး လှည့်စားဖို့ ‌လှပတဲ့လှည့်ကွက်လေးတွေကို သုံးခဲ့သည်။ နှစ်ပေါင်းများစွာကြာတဲ့အခါ လူတွေက သူမလက်ထဲကို ရောက်လာခဲ့ကြသည်. .

ဒီတစ်ကြိမ်မှာ ဝူဖန်းတိက ဖမ်းဆီးခံခဲ့ရပြီး သူမကို စောင့်ကြပ်နေတဲ့ ရဲဘော်တွေကို နည်းလမ်းဟောင်းတွေသုံးပြီး လှည့်စားချင်ခဲ့သည်။

သူမကို တစ်ချိန်လုံးအစောင့်အကြပ်တွေနဲ့ ထားကာ မျက်လုံးစည်းထားပြီး လက်ထိပ်ခတ်ထားလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ၊ ရဲဘော်တွေက နေ့ဘက်မှာ သူမကို စစ်မေးကြပြီး လုပ်ငန်းစဉ်က လည်ပတ်နေခဲ့သည်။ ပြီးတော့ သူမက ဘာလို့ ယွင်ရွှေကောင်တီကို လာခဲ့သလဲ၊ မာယန်းရိရဲ့ သူလျှိုအလုပ်ကို သူမ သိသည်ဖြစ်စေ၊မသိသည်ဖြစ်စေ သူ ညဘက်မှာ မှောင်မည်းနေတဲ့အခန်းကျဉ်းလေး‌ထဲမှာ ထည့်ထားပြီး စားတာသောက်တာ၊ အပေါ့အလေးစွန့်တာနဲ့ အိပ်တာကို အခန်းထဲမှာပဲ လုပ်ရသည်။

ရက်အနည်းငယ်အတွင်းမှာ၊ ဝူဖန်းတိက အကြံကောင်းတစ်ခု ရလာခဲ့သည်။

ဒီတစ်ကြိမ်မှာ၊ သူမက ထွက်မပြေးနိုင်မှာ ကြောက်နေခဲ့သည်။

ကုရှီအန်းကလဲ ကျေးလက်ဒေသကနေ ထွက်လာခဲ့ပြီး တစ်ရက်တည်းမှာပဲ အိမ်ကို ပြန်လာခဲ့သည်။

ကုမိသားစုကြီးက မပြောပြနိုင်လောက်အောင် ပျော်ရွှင်နေခဲ့ကြသည်။ လက်ထောက်ဒါရိုက်တာကုက ကောင်တီမှာကိစ္စရှိတယ်လို့ ပြောပြခဲ့သည်။ သူက အကုန်လုံးတော့ ပြောမပြခဲ့ပေ၊ ပြီးတော့ လင်းယောင်က မေးခွန်းတွေအများကြီးမမေးခဲ့ပေ။

မာယန်းရိတို့ဖက်မှ သူလျှိုတွေက တစ်ယောက်ကိုမှ ဆက်သွယ်လို့မရခဲ့ပေ။ အကောင်းဆုံးအခွင့်အရေးက ကျော်သွားဖို့ပဲ ရှိတယ်ဆိုတာကို တွေ့ပြီး၊ သူက ရိုးရှင်းစွာနဲ့ ဘာမှမလုပ်ပဲ ရပ်လိုက်ပြီး ကုရှီအန်းရဲ့မိသားစုကို အရင်ဆုံးဖမ်းဆီးဖို့ လှုပ်ရှားခဲ့သည်။

သူလျှိုတွေက ရက်အတော်များများ လှည့်ပတ်ကြည့်ရှုနေခဲ့ပေမယ့်၊ လှုပ်ရှားဖို့ အခွင့်အရေးမရခဲ့ကြပေ။

သုံးရက်မြောက်နေ့အထိ၊ ဒီလူတစ်စုက တာ့ဟေးအာ့ဟေးကို ပထုတ်ပြီး ယွမ်ယွမ်နဲ့ သို့သို့ကို ဖမ်းဖို့ တံတိုင်းပေါ်က ခုန်ဝင်တာ၊ သူတို့ပုံစံ ရုပ်ဖျက်တာ၊ ဝက်ဆီထဲနှစ်ထားတဲ့ ပြောင်းဖူးမုန့်ကို ယူပြီး လမ်းကြားထဲကို ပစ်လိုက်တာတွေ လုပ်ခဲ့ကြသည်. .

လောင်ကုတို့မိသားစုက အစားအသောက်တွေက ကောင်းတယ်ဆိုတာကို ဘယ်သူကသိမှာလဲ၊ ပြီးတော့ တာ့ဟေးနဲ့ အာ့ဟေးတို့က သူလျှိုတွေ ပစ်ထားတဲ့ ပြောင်းဖူးမုန့်ကို လှည့်တောင်မကြည့်ခဲ့ကြပေ။ အဲ့ဒီအစား၊ သူတို့က သွားကြီးဖြီးပြီး သူလျှိုတွေကို ဟောင်ခဲ့ကြသည်။

သူလျှိုတွေက ခဏလောက် မလှုပ်ရဲခဲ့ကြပေ။ အပြင်ကလှုပ်ရှားမှုတွေကို သူကြားတဲ့အခါ၊ ကုမန်ဆန်က ခြံထဲမှာ နှင်းတွေရှင်းနေခဲ့သည်။ သူက တံမြက်စည်းတစ်ချောင်းနဲ့ ထွက်လာခဲ့ပြီး ရုတ်တစ်ရက် သူလျှိုတွေနဲ့ မျက်လုံးချင်းဆုံသွားခဲ့သည်။

ကုမန်ဆန်က ရိုးသားတဲ့လူတစ်ယောက်ဖြစ်ပေမယ့်လည်း၊ သူက ထက်မြက်ပြီး ရိုးသားတဲ့လူလဲ ဖြစ်သည်။ သူက ဒီလူတွေကို တစ်ချက်ကြည့်ရုံနဲ့ တစ်ခုခုမှားနေပြီဆိုတာကို ပြောနိုင်ခဲ့သည်။

ကောင်တီက ဖွဲ့စည်းထားတဲ့ အထူးစစ်ဆင်ရေးအသင်းရဲ့ အသင်းသားတစ်ယောက်လာတော့ သူလျှိုတွေက အခြေအနေမကောင်းဘူးဆိုတာကို တွေ့ပြီး ထွက်ပြေးသွားခဲ့ကြသည်။

အထူးစစ်‌ဆင်ရေးအဖွဲ့မှာ အဖွဲ့ဝင်တစ်ယောက်သာ ရှိခဲ့ပြီး သူက လိုက်ဖမ်းဖို့ အလွန်အားနည်းနေခဲ့သည်။

ငါးရက်မြောက်နေ့၊ ကုမိသားစုရဲ့အိမ်မှာ ယွမ်ယွမ်က ရုတ်တစ်ရက် "အဖျားကြီး" ခဲ့သည်။ အဖျားက ၃၉ ဒီဂရီအထိ ရောက်သွားခဲ့သည်။ "ကုရှီအန်းနဲ့ သူ့ဇနီး"တို့ ငိုနေကြတဲ့ ကလေးလေးကို ချီပြီး ဂျစ်ကားပေါ်ကို အလောတကြီး တက်သွားတာကို အပြင်မှာ စောင့်ကြည့်နေကြတဲ့ သူလျှိုတွေက မြင်ခဲ့ကြသည်။

ကားပေါ်မှာ ကုရှီအန်းတို့ မိသားစု သုံးယောက်ပဲ ရှိခဲ့ကြသည်။

ဂျစ်ကားက အဝေးက လမ်းကြားထဲကို မောင်းသွားခဲ့ပြီး ရုတ်တစ်ရက် ဘီးပေါက်သွားခဲ့သည်။ ကုရှီအန်းက ကြည့်ဖို့ ကားပေါ်ကဆင်းလာခဲ့သည်။ တံခါးဖွင့်လိုက်တာနဲ့၊ သူလျှိုအများအပြားက သေနတ်တွေနဲ့ ပြေးလာခဲ့ကြသည်။

လင်းယောင်က ကားထဲမှာ တုန်လှုပ်နေခဲ့သည်။ သူလျှိုတွေ ငြိမ်သွားတဲ့အချိန်မှာပဲ၊ ကုရှီအန်းက နောက်ပြန်တိုက်ခိုက်ခဲ့ပြီး သူလျှိုနှစ်ယောက်ကို အမှောက်သိပ်ခဲ့သည်။ ကျန်တဲ့သူတွေက ကြောင်သွားခဲ့ကြသည်။ ကားတစ်ချို့က ရပ်ခဲ့ပြီး စစ်သား‌တစ်စုဆင်းလာခဲ့ကြသည်၊ ပြီးတော့ သူလျှိုတွေကို ဖမ်းဆီးသွားခဲ့ကြသည်။

သူလျှိုတွေကို စစ်မေးဖို့ ခေါ်သွားခဲ့ကြပြီး တစ်ညအတွင်းမှာပဲ၊ အရာအားလုံးက အဆင်ပြေသွားခဲ့သည်။

မာယန်းရိဦးဆောင်တဲ့ သူပုန်ငါးယောက်လုံးကို ဖမ်းဆီးခဲ့ကြသည်။

ဝူဖန်းတိက မြေကြီးကို ကုတ်ပြီး ကောင်းကင်အထိ ကြားရအောင် အော်ဟစ်နေခဲ့ပေမယ့်၊ မိုးခြိမ်းတာက ပြင်းထန်ပြီး မိုးသဲနေခဲ့သည်။

ထိန်းသိမ်းရေးစခန်းမှာ၊ စစ်ဆေးမေးမြန်းခံနေရတဲ့ မာယန်းရိမှာ အခြေအနေတစ်ခုသာရှိသည် - တပ်ရင်းမှူးဟောင်းရဲ့ ကလေးတွေနဲ့ ကုရှီအန်းကို သူတွေ့ချင်သည်။

အထူးစစ်ဆင်ရေးခေါင်းဆောင်က ကုရှီအန်းကို ပြောခဲ့ပြီး လက်ထောက်ဒါရိုက်တာကုက မစဉ်းစားပဲ ငြင်းဆိုခဲ့သည်။

အထူးစစ်ဆင်ရေးခေါင်းဆောင်က အကူညီမဲ့နေခဲ့သည်။ ဒါက ငရဲမင်းဖြစ်ပြီး သွားရှုပ်လို့မရပေ။

မာယန်းရိက ဒီလူတွေကို တစ်ရက်လောက် မတွေ့ရရင်၊ တစ်ရက်လောက် သူတို့ကို စုဆောင်းနိုင်မှာ မဟုတ်ပေ။

အထူးစစ်ဆင်ရေး ခေါင်းဆောင်က သူ ဘယ်သူ့ကိုရှာနေလဲဆိုတာကို မသိခဲ့ပေ။ ပြီးတော့ နောက်ဆုံးမှာ လင်းယောင်ကို တိုက်ရိုက် ရှာတွေ့ခဲ့သည်။

ကုရှီအန်းက ဒါကို သိသွားခဲ့ပြီး အထူးစစ်ဆင်ရေးခေါင်းဆောင်ကို ထိုးကြိတ်ပြီး သင်ခန်းစာပေးခဲ့သည်။

အထူးစစ်ဆင်ရေး ခေါင်းဆောင်က ကုအိမ်တော်မှာ ပေါ်လာတဲ့အခါ၊ သူ့မျက်နှာမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နေခဲ့သည်။

" ငါတို့ လုပ်နိုင်တာ ဘာမှမရှိဘူး၊ အစ်ကိုကြီးကု။ အထက်က စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ အဲ့ဒီလိုလူတွေကို ရုပ်ပိုင်းဆိုင်ပြစ်ဒဏ် ပေးလို့မရဘူး။ စိတ်ပိုင်းဆိုင်ရာပဲ တိုက်ခိုက်လို့ရတယ်။ ဒါပေမယ့်၊ ဒါကို မာယန်းရိက ဂရုမစိုက်ဘူး။ သူက စိတ်ထဲမှာ အတည်မယူဘူး။ သူက မြန်မြန်သေချင်နေတာ၊ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေက သူ့အပေါ် မသက်ရောက်ဘူး၊ သူက သူ့ခယ်မကိုပဲ ရှာနေတာ။ "

ခေါင်းဆောင်ရဲ့မျက်နှာပေါ်မှာ စိတ်ပျက်တဲ့အပြုံးတစ်ခု ရှိနေခဲ့သည်။

ကုရှီအန်းက သူ့မျက်လုံးကို မှေးခဲ့ပြီး ဆေးလိပ်ကို ပစ်ခဲ့သည်။ " သွားတွေ့လိုက်မယ်... "

" ဟုတ်ပြီ၊ ကျေးဇူးပါ၊ အစ်ကိုကြီးကု။ "

ခေါင်းဆောင်က ဆေးလိပ်တစ်ရှိုက်ရှိုက်ပြီး ပျော်ရွှင်မှုနဲ့ ကြည့်လိုက်တဲ့အချိန်မှာ သီးသွားခဲ့သည်။

ကုရှီအန်းက မာယန်းရိကို သွားတွေ့ခဲ့သည်။ မမျှော်လင့်စွာပဲ၊ တပ်ရင်းမှူးရဲ့ သားကြီးကလည်း မာယန်းရိကို တွေ့ဖို့ သဘောတူခဲ့သည်။

ဒါပေမယ့်၊ သူက တစ်ယောက်တည်းသွားခဲ့ပါသည်။

ခေါင်းဆောင်က ခဏစဉ်းစားခဲ့ပြီး ခေါင်းညိမ့်ခဲ့သည်။ အဆင်ပြေပါတယ်။ တပ်ရင်းမှူးမှာ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိပြီး၊ သားကြီးကို မောင်နှမနှစ်ယောက်ရဲ့ တာဝန်ရှိသူလို့ သတ်မှတ်လို့ရနိုင်ပါသည်။

လူတစ်စုက ထိန်းသိမ်းရေးစခန်းကို အလည်လာခဲ့ကြသည်။

ထိန်းသိမ်းရေးစခန်းမှာ၊ တစ်ယောက်နဲ့တစ်ယောက် ရက်အတော်ကြာ မတွေ့ရတဲ့နောက်၊ စိတ်ကောင်းရှိပြီး အမြဲပြုံးနေတတ်တဲ့ ခေါင်းဆောင်က သူ့ပုံစံကို ပြောင်းလဲသွားတယ်ဆိုတာကို လူတိုင်းက သိနေခဲ့ကြသည်။ သူက မှုတ်ဆိတ်မွှေးတွေရှည်နေခဲ့သည်၊ ခန္ဓာကိုယ်က ဖောင်းကားနေပြီး သူ့လက်တွေကို ဆွဲထားခဲ့သည်။ ထုတ်သုံးဖို့ အားအင်တွေ မရှိတော့ပဲ၊ သူ့ရဲ့လက်တစ်ဖက်ကို ကုရှီအန်းက အဆစ်ပြုတ်အောင်လုပ်ခဲ့ပြီး ဆရာဝန်က ပြန်ဆက်ပေးခဲ့သည်။ ပြန်ကောင်းဖို့ တစ်ပတ်၊ နှစ်ပတ်တော့ ကြာပါလိမ့်မည်။

" ကျွန်တော့်ကို ရှာနေတာလား? "တပ်ရင်းမှူးရဲ့ သားကြီးက ပြောခဲ့သည်။

မာယန်းရိက ခေါင်းထောင်ပြီး မဖော်ပြနိုင်လောက်အောင် ရှုပ်ထွေးတဲ့ စိတ်ခံစားချက်တွေကို ရှုပ်ပွနေတဲ့ဆံပင်တွေအောက်က မျက်လုံးတစ်စုံနဲ့ ဖော်ပြနေခဲ့သည်။ ဒေါသ၊ စိတ်မပါမှု၊ အမုန်းတရားနဲ့ တောင်းပန်ခြင်းတစ်စုံတစ်ရာလား?

" မင်းက မင်းအဖေနဲ့ အတော်တူတာပဲ။ "

အချိန်အကြာကြီးနေမှ၊ မာယန်းရိက ကွဲအက်နေတဲ့အသံနဲ့ စကားပြောခဲ့သည်။

နာရီဝက်လောက် ကြာသွားခဲ့ပြီး အထဲမှာ ဘာတွေ ဖြစ်နေလဲဆိုတာ ဘယ်သူမှ မသိခဲ့ကြပေ။

တပ်ရင်းမှူးရဲ့သားကြီးက အပြင်ထွက်လာပြီးတဲ့နောက်မှာ တိတ်ဆိတ်သွားခဲ့သည်။

ကုရှီအန်းက အိမ်ပြန်ရောက်တဲ့အခါ စကားမပြောခဲ့ပေ။

အိမ်မှာ လင်းယောင်က ကုရှီအန်းရဲ့လက်မောင်းကို ဆွဲပြီး မေးခဲ့သည်။ " ကုရှီအန်း၊ မာယန်းရိက ဘာတွေ ပြောလိုက်လဲ? "

" ဘာမှမဟုတ်ပါဘူး၊ အမှတ်တရအဟောင်းတွေပါပဲ။ "

လင်းယောင်က သိပ်မယုံချင်ခဲ့ပေ။ ဒီလူကြီးရဲ့မျက်နှာ အမူအရာက သိပ်အဆင်မပြေနေခဲ့ပေ။

သူမ ထင်ထားတဲ့အတိုင်းပဲ၊ သိပ်မကြာခင်မှာ၊ အထူးစစ်ဆင်ရေးခေါင်းဆောင်က စစ်မေးခြင်းအချက်အလက်တွေကို စာရင်းပြုစုခဲ့ပြီး တပ်ရင်းမှူးရဲ့အနစ်နာခံမှုက မတော်တဆ ဖြစ်တာမဟုတ်ပဲ သစ္စာဖောက်မှုကြောင့်ဆိုတာကို ရှာတွေ့ခဲ့သည်။

ဒီသစ္စာဖောက်က မာယန်းရိဖြစ်သည်။

တပ်ရင်းမှုးရဲ့ညီလေးက အဲ့ဒီအချိန်မှာ သူ့အစ်ကိုကြီးက အမြဲတမ်း သတိရှိပြီး ရဲရင့်ကာ ကြံရည်ဖန်ရည်ရှိတယ်ဆိုတာကိုသိတော့ သံသယဖြစ်နေခဲ့သည်။ သူ့ကို ရန်သူတွေအများကြီး ဝန်းရံထားရင်တောင်မှ၊ သူ့ရဲ့အရည်အချင်းတွေနဲ့ လူတွေအများကြီးကို ရင်ဆိုင်နိုင်ခဲ့ပါသည်။ လိုအပ်တာထက်တောင် ပိုနေပါသည်၊ ဘာလို့ သူက ကျည်ဆန်တွေ အများကြီးနဲ့ ပစ်တာကိုခံခဲ့ရတာလဲ?

ထို့အပြင်၊ တပ်ရင်းမှူးက စစ်ဆင်ရေးလုပ်တဲ့အခါ၊ သူက အထူးစစ်ဆင်ရေးအဖွဲ့တွေကို ဦးဆောင်ခဲ့သည်။ နောက်ဆုံးမှာ၊ မာယန်းရိကသာ ဒဏ်ရာအသေးစားတွေနဲ့ ရှင်သန်ခဲ့တာဖြစ်ပြီး တစ်ခြားသူတွေအားလုံး အာဇာနည်တွေအဖြစ် သေဆုံးသွားခဲ့ကြသည်။

မာယန်းရိပြောစကားအရ၊ တပ်ရင်းမှူးက သူ့ကို ကာကွယ်ပေးဖို့ ကြိုးစားရင်း သေဆုံးခဲ့တာဖြစ်သည်။

ဒါပေမယ့်၊ တပ်ရင်းမှူးရဲ့ညီလေးက သူ့အစ်ကိုကြီးရဲ့အလောင်းကို သေချာကြည့်ရှုခဲ့ပြီး ရင်ဘက်မှာ သေနတ်ဒဏ်ရာ နှစ်ချက်နဲ့ ဝမ်းဗိုက်အောက်ပိုင်းမှာ သေနတ်ဒဏ်ရာနှစ်ချက်ရှိနေခဲ့ပေမယ့် ဒါတွေက သေစေနိုင်တဲ့ဒဏ်ရာတွေ မဟုတ်ခဲ့ပေ။ သေစေနိုင်တဲ့ဒဏ်ရာအစစ်က နှလုံးမှာ ဖြစ်သည်၊ ဓါးမြောင်နဲ့ ထိုးခဲ့တာဖြစ်ပြီး တစ်ချက်တည်းနဲ့ သတ်ခဲ့တာ ဖြစ်သည်. .

တပ်ရင်းမှူးရဲ့ အရည်အချင်းအရ သူ့နဲ့ရင်းနှီးတဲ့လူမဟုတ်ရင် သူ့နှလုံးကို ထိခိုက်အောင် မလုပ်နိုင်ပေ။

တပ်ရင်းမှူးရဲ့ညီလေးက သူ့စိတ်ထဲမှာ ဒီသံသယတွေကို သိမ်းထားခဲ့ပြီး မာယန်းရိကို စစ်ဆေးမေးမြန်းခဲ့သည်။

ကံမကောင်းစွာပဲ၊ ကိစ္စတွေက အရင်နေ့တွေမှာ ပြည့်စုံစွာ ပြီးဆုံးသွားခဲ့ပြီး မာယန်းရိရဲ့ ဒဏ်ရာတွေ သက်သာလာပြီးတဲ့နောက်မှာ၊ သူက အမြန်နှုတ်ထွက်ပြီး သူ့မွေးရပ်မြေကို ပြန်သွားခဲ့သည်။

နဂိုတုန်းက သူ့ရဲ့မွေးရပ်မြေကို ပြန်ရောက်ရင်၊ ရွှေဇလုံနဲ့ လက်ဆေးရလိမ့်မယ်လို့ တွေးထားခဲ့တာဖြစ်သည်။ ကောင်းကင်ကြီးက မြင့်မားပြီး လမ်းတွေက ရှည်လျားခဲ့သည်၊ တပ်ရင်းမှူးရဲ့ညီလေးက သူ့ကို ဘာမှမလုပ်နိုင်ခဲ့ပေ။

သို့သော်လည်း၊ မပြည့်စုံတဲ့နှလုံးသားနဲ့ လူတွေက ဆင်ကို မြွေတစ်ကောင်လို ဝါးမြိုနိုင်ကြသည်။

ဒီဖြစ်ရပ်က အချိန်တစ်ခုအထိ တည်ငြိမ်လာပြီးတဲ့နောက်မှာ၊ မာယန်းရိက ဒီဖြစ်ရပ်ကို ပြီးဆုံးသွားပြီလို့ ခံစားခဲ့ရပြီး ထိပ်ဆုံးကိုတက်ဖို့ တပ်ရင်းမှူးရဲ့ သားနဲ့သမီးကို အသုံးချမယ်လို့ မျှော်လင့်ရင်း သူ့အတွက်သူ ထပ်ပြီး အစီအစဉ်တွေ ဆွဲခဲ့သည်၊ ဒါပေမယ့် သူ မမျှော်လင့်ထားတာက...

နောက်ဆုံးမှာ၊ ဝါးခြင်းတောင်းက ကျရှုံးခဲ့သည်။

တစ်ခြားသူတွေကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခဲ့ပြီး၊ မာယန်းရိနဲ့ ဝူဖန်းတိကို သေဒဏ်ချမှတ်ခဲ့ကာ ကြိုးပေးခဲ့သည်။

ဒါကို ကြားပြီးတဲ့နောက်မှာ လင်းယောင်က စိုးရိမ်နေခဲ့သည်။ သူမက စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ရတာ အန္တရာယ်များမှန်း သိပါသည်။ ဒါက ပြည်သူတွေနဲ့ တိုင်းပြည်အတွက်ဖြစ်ပြီး မိသားစုဝင်တစ်ယောက် ဖြစ်ရတာ ဂုဏ်ယူရပါသည်။

တပ်ရင်းမှူးလိုမျိုး စိတ်ဓာတ်ပြင်းပြပြီး မျိုးချစ်စိတ်ရှိတဲ့ စစ်သားတွေက သူတို့ရဲ့အိမ်နဲ့ တိုင်းပြည်အတွက် စစ်တိုက်ရင်း မာယန်းရိလို သစ္စာဖောက်မျိုးက သစ္စာဖောက်ခဲ့တာကြောင့် အနစ်နာခံခဲ့ကြရင်း လမ်းတွေပေါ်မှာ ဘယ်လောက်များ ကျဆုံးခဲ့ကြမလဲဆိုတာ ဘယ်သူက တွေးမိမှာလဲ?

လင်းယောင်က သူ့ကို နက်နက်ရှိုင်းရှိုင်း လေးစားမိပါသည်။

သူတို့ ကတိတစ်ခုပေးထားကြသလိုပဲ၊ တစ်မိသားစုလုံးက စိတ်တွေလေးလံနေခဲ့တဲ့ ကုရှီအန်းကို မနှောင့်ယှက်ခဲ့ကြပေ။

ဒါပေမယ့် အဲ့ဒီညမှာ၊ အိမ်က ဟင်းတွေအားလုံးက လက်ထောက်ဒါရိုက်တာကုရဲ့ အကြိုက်တွေ ဖြစ်သည်။

ဘဲသားစွပ်ပြုတ်နဲ့ ငါးဖယ်လုံးဟင်းရည်တွေက တရုတ်နှစ်သစ်ကူးထက်တောင် ပိုမိုများပြားနေကြပါသည်။

" ဝိုး၊ ဒီနေ့စားရတာတွေက ကျွန်တော့်အကြိုက်တွေချည်းပဲ? "

ကုသို့သို့က ဘာမှမသိတာကြောင့်၊ သူက ပျော်ရွှင်စွာနဲ့ သူ့ညီမလေးကို မျက်စိမှိတ်ပြခဲ့သည်။

ယွမ်ယွမ်ကလဲ ပျော်ရွှင်စွာ ရယ်မောနေခဲ့ပါသည်။

၁၂ ကြိမ်မြောက် လပြည့်ရဲ့ ၂၆ ရက်မြောက် နေ့မှာ၊ ကုချွင်မေက ဝိုင်ဖြူနဲ့ ဝက်ခြေထောက်နှစ်ချောင်းဟင်းတစ်ပန်းကန်ကို အဝတ်အိတ်နဲ့ထုတ်ကာ ပြင်ဆင်ခဲ့ပြီး သူမရဲ့မိဘအိမ်ကို နှစ်သစ်ကူးလက်ဆောင်အဖြစ် သယ်လာခဲ့သည်။

လင်းယောင်က စကားပြောဖို့အတွက် အိမ်ထဲကနေ ထွက်လာခဲ့ပြီး ကျန်းဆွေ့လန်နဲ့ ကလေးတွေက အိမ်ထဲမှာဆော့နေခဲ့ကြသည်။

ကုချွင်မေက ခြင်းထဲကနေ ပစ္စည်းတွေကို ထုတ်လိုက်ပြီး ကျန်းဆွေ့လန်က ပစ္စည်းတွေအများကြီး ဝယ်လာတာကို ကြည့်ပြီးတော့ သူမသမီးကိုသင်ခန်းစာ ပေးခဲ့သည်။

" အမေ၊ ဒါဘယ်လောက်မလို့လဲ။ ဝက်သားက ဒီနှစ် စျေးပေါတယ်။ တစ်ပိုင်းကို ၆၅ဆင့်ပဲ ပေးရတယ်။ ယောက္ခမကြီးကတော့ အတော်များများ ဝယ်လာခဲ့တယ်။ သူမက အိမ်ကို ဝက်သားတွေ ယူမလာခဲ့ဘူး။ ဒါကြောင့်၊ စွပ်ပြုတ်လုပ်ဖို့ ဝက်ခြေထောက် ၂ချောင်းသုံးမယ်နော်။ အကုန်လုံးသောက်လို့ ရအောင်လို့။ မိသားစုက တစ်နှစ်လုံး ပင်ပန်းခဲ့ကြပြီဆို‌တော့၊ လုပ်လိုက်ကြရအောင်။ "

ကုချွင်မေက ဒီကိစ္စတွေအတွက် မလုံလောက်သေးပေ။

ကျန်းဆွေ့လန်က သူမသမီးရဲ့ နဖူးကို တောက်လိုက်ပြီး ပျော်ရွှင်နေခဲ့သည်။

လင်းယောင်က ကုချွင်မေစားဖို့အတွက် သကြားကိတ်မုန့်တစ်ပန်းကန်နဲ့ လက်ဖက်ရည်တစ်အိုး ယူလာခဲ့သည်။

" အပြင်မှာအေးတယ်။ စောစောက ဒုတိယဦးလေးပို့ပေးထားတဲ့ အာလူးတွေ သွားဖုတ်ရအောင်၊ ပြီးတော့ နောက်ပိုင်းကျ စားလို့ရပြီလေ။ "

လင်းယောင်က သူမအိတ်ကပ်ထဲကနေ အာလူးတွေနဲ့ ကန်စွန်းဥတွေကို ထုတ်ပေးခဲ့သည်။ မီးဖိုထဲကိုထည့်ခဲ့ပြီး အာလူးတွေကိုလှည့်ဖို့ သစ်ကိုင်းခြောက်လေးတွေချိုးခဲ့သည်။ သူမအမေရဲ့ ပုံစံအတိုင်း တုပနေတဲ့ ယွမ်ယွမ်ကို အစွန်းနားမှာထားခဲ့ပြီး သူမရဲ့လက်ဖောင်းဖောင်းလှလှလေးတွေက တစ်ချိန်လုံး အလုပ်ရှုပ်နေခဲ့သည်။

ကုချွင်မေက လင်းယောင်နဲ့ စကားပြောရင်း အလုပ်ရှုပ်နေတုန်းမှာ၊ အိမ်ကယူလာခဲ့တဲ့ အပ်နဲ့အပ်ချည်ကို ထုတ်ခဲ့သည်။

" တစ်ကယ် ဒီနှစ် အိမ်မှာ နှစ်သစ်ကူးကို မဆင်နွှဲဘူးလား? "

လင်းယောင်က ပြုံးခဲ့သည်။ " မဆင်နွှဲဘူး၊ အစ်ကိုချန်းနဲ့ ယောင်းမ ရှိုကျွမ်းတို့က တရုတ်နှစ်သစ်ကူး ရောက်လာကတည်းက ခေါ်နေခဲ့တာ၊ ပြီးတော့ ညီမတို့မိသားစုကို တရုတ်နှစ်သစ်ကူးဆင်နွှဲဖို့ နန်အန်းကောင်တီကို ဖိတ်ထားတယ်။ သူတို့က ခဏခဏပြောနေတော့ ညီမတို့လည်း ဒီနှစ် မလုပ်နိုင်တော့ဘူးပေါ့။ "

ဒါက အကြောင်းပြချက်တစ်ခု ဖြစ်ပြီး ဒုတိယအကြောင်းပြချက်ကတော့ အစောပိုင်းက မာယန်းရိရဲ့ဖြစ်ရပ်ကြောင့်ဖြစ်သည်၊ ပြီးတော့ မိသားစုက အပန်းဖြေဖို့ အပြင်သွားချင်နေခဲ့ကြသည်။

ကျန်းဆွေ့လန်နဲ့ သူ့အမျိုးသားတို့က သွားဖို့ ငြင်းဆန်ခဲ့ကြသည်။ လူကြီးနှစ်ယောက်က အသက်ကြီးနေကြပြီဖြစ်ပြီး အခက်အခဲတွေကြားကို သွားဖို့ စိတ်မပါခဲ့ကြပေ။

အရင်နှစ်အနည်းငယ်တုန်းက၊ တရုတ်နှစ်သစ်ကူးရောက်တဲ့အခါ၊ လောင်ချန်းတို့မိသားစုက ယွင်ရွှေကောင်တီကို လာပြီးတော့ ကုမိသားစုကို နှစ်သစ်ကူးဆင်နွှဲဖို့ မြို့တော်ကို ဖိတ်ခေါ်ခဲ့ကြသည်။ ပြောရရင်တော့ ရှောင်ဖင်းအန်ကို ကယ်တင်ပေးတဲ့အတွက် ကုမိသားစုရဲ့ ကြင်နာမှုကို ကျေးဇူးတင်တဲ့အနေနဲ့ဖြစ်သည်။ ကလေးမလေး ယွမ်ယွမ်က လူချစ်လူခင်များသည်။ ဖင်းအန်က သို့သို့မလာနိုင်လဲ ကိစ္စမရှိပေ၊ ညီမလေး ယွမ်ယွမ် လာရမည်ဟုပြောလေသည်။

ဒါကို ကြားပြီးတဲ့နောက်မှာ၊ ကုရှီအန်းက မဲ့ရွဲ့ပြီး အချိန်တိုင်း ယဉ်ကျေးမှုမရှိပဲ ချန်ကန်းကို ဖုန်းချပစ်ခဲ့သည်။

အဖိုးကြီးက သူ့သမီးအကြောင်း စဉ်းစားနေသည်!

ဟုတ်သည်၊ ချန်ကန်းနဲ့ သူ့ဇနီးတို့က ကုမိသားစုက ကလေးတွေကို အရမ်းချစ်ကြသည်၊ အထူးသဖြင့် ချစ်စရာကောင်းတဲ့ ကလေးမလေးကိုပေါ့။ မနှစ်က၊ ချန်ကန်းနဲ့ သူ့ဇနီးတို့က ကုမိသားစုဆီကို အလည်လာခဲ့ကြသည်။ လီရှိုကျွမ်းက ကလေးမလေးကိုချီဖို့ တွန့်ဆုတ်နေခဲ့သည်။ ယွမ်ယွမ်က သူမကို အကြိမ်ပေါင်းများစွာ နမ်းရှိုက်ခဲ့ပြီး ပါးလေးတွေကတောင် အနမ်းနဲ့ ဖုံးနေခဲ့ပါသည်။ သူမက အိမ်ကို ပြန်လာခဲ့ပြီး ခေါင်းလေးကို ကုတ်ကာ သူမအဖေကို အန်တီ ရှိုကျွမ်းက ဘာလို့ အရမ်းစိတ်အားထက်သန်နေတာလဲလို့ မေးခဲ့သည်။

ရှိုကျွမ်းမှာ သမီးမရှိတာကြောင့် သူမရဲ့သမီးလေးကို အာရုံစိုက်မိနေတာလို့ လင်းယောင်က ပြောခဲ့သည်။

လက်ထောက်ဒါရိုက်တာကုကတော့ အဲ့ဒီလိုမထင်ခဲ့ပေ။

သို့သော်လည်း၊ ဒီနှစ်မှာ၊ လက်ထောက်ဒါရိုက်တာကုက နောက်ဆုံးတော့ သဘောတူခဲ့ပြီး မိသားစုက အပန်းဖြေဖို့ နန်အန်းကောင်တီကို သွားခဲ့ကြသည်။

၁၂ ကြိမ်မြောက် လပြည့်ရဲ့ ၂၉ ရက်မြောက်နေ့မှာ၊ ကုမိသားစုလေးယောက်က အထုတ်အပိုးတွေပြင်ပြီး နန်အန်း ကောင်တီကိုသွားတဲ့ ရထားကိုစီးဖို့ ဘူတာရုံကို သွားခဲ့ကြသည်။

လမ်းတစ်လျှောက်မှာ၊ ကျန်းဆွေ့လန်နဲ့ သူ့အမျိုးသားတို့က သူတို့ရဲ့မြေးလေးနှစ်ယောက်ကို ဖက်ထားခဲ့ကြပြီး မလွှတ်ပေးချင်ခဲ့ကြပေ။ "သို့သို့ တစ်ခြားသူတွေရဲ့ အိမ်ကို သွားတဲ့အခါ၊ ယဉ်ကျေးမှုရှိရမယ်နော်။ ဖတ်ချင်တဲ့စာအုပ်ရှိရင် အဖိုးကို ပြော။ မင်းပြန်လာတဲ့အချိန် အဖိုးက ဝယ်ထားပေးမယ်။ "

" ယွမ်ယွမ်၊ ဖင်းအန်တို့ အိမ်ရောက်ရင်၊ အချိုတွေအများကြီး မစားရဘူးနော်။ သွားတွေ ပျက်စီးလိမ့်မယ်။"

" ... "

လမ်းတစ်လျှောက်၊ အဖိုး၊ အဖွားတို့က စကားပြောနေခဲ့ကြသည်။

လင်းယောင်က နောက်ဆုံးတော့ မိသားစုထဲက စကားများတဲ့ကလေးလေးက ဘယ်သူနဲ့တူတယ်ဆိုတာကို သိသွားခဲ့ပါပြီ။

ရထားဆိုက်တော့မယ်ဆိုတာကို တွေ့ပြီး၊ ကုမန်ဆန်မှာ တွန့်ဆုတ်တဲ့အကြည့်တွေ ရှိနေသေးသည်။ ကျန်းဆွေ့လန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောခဲ့သည်။ " အဖိုးကြီး၊ ဘာလုပ်နေတာလဲ? ကလေးတွေက ပြန်မလာမယ့်သူတွေမှ မဟုတ်တာ။ တစ်လမ်းလုံးလဲ မဆုံးနိုင်အောင် ပြောလာပြီးပြီပဲကို။ "

" အဖေ၊ စိတ်မပူပါနဲ့၊ နိုဝင်ဘာလပြီးရင် ပြန်လာမှာပါ။ "

လင်းယောင်က ယွမ်ယွမ်ကို ချီထားရင်း ပြောခဲ့သည်။

" ဟုတ်ပါပြီ၊ အဖေ စောင့်နေပါ့မယ်။ "

အားလုံးက တွန့်ဆုတ်စွာနဲ့ နှုတ်ဆက်ခဲ့ကြသည်။

ရထားပေါ်တက်ခဲ့ကြပြီးနောက်၊ ယွမ်ယွမ်က သူမရဲ့အဖိုးအဖွားတွေကို လက်ပြဖို့ လက်ဖောင်းဖောင်းလေးတွေကို ဆန့်ထုတ်ခဲ့သည်။ ဥဩဆွဲသံနဲ့အတူ၊ မိသားစုက နန်အန်းကောင်တီကို ရထားနဲ့ ထွက်ခွာခဲ့ကြသည်။

နန်အန်းကောင်တီက ဆောင်းရာသီမှာ နှင်းတွေအရမ်းကျပြီး အရင်ရက်အနည်းငယ်မှာ နှင်းထူထဲအောင် ကျထားသည်။ မိသားစုက နောက်ဆုံးတော့ တစ်နေကုန် ရထားစီးပြီးနောက်မှာ နန်အန်းကောင်တီကို ရောက်လာခဲ့ကြသည်။

ကုရှီအန်းက ရထားရဲ့ ပြတင်းပေါက်ကနေ အပြင်ကို ကြည့်ခဲ့ပြီး ရထားအပြင်ကိုထွက်တဲ့အခါ အအေးမမိစေဖို့ ထူထူထဲထဲဝတ်ထားဖို့ မိသားစုကို ပြောခဲ့သည်။

လင်းယောင်က ကလေးမလေးကို ဘောလုံးလေးလို ဝတ်ထားပေးခဲ့သည်၊ ကားပေါ်က ခုန်ဆင်းတော့မယ့် ကုသို့သို့ကို ဆွဲထားခဲ့ပြီး ကောင်စုတ်လေးကို စိုက်ကြည့်ခဲ့သည်။ သားရေဦးထုပ်၊ လည်စည်းနဲ့ သားရေဖိနပ်တွေကို ဝတ်ပေးခဲ့ပြီး လက်ထောက်ဒါရိုက်တာကုကို ကြည့်ခဲ့သည်။ ဟေး၊ သူမက ကိုယ့်ဘာကိုယ် ဝတ်ဆင်ထားခဲ့ပြီးပြီဖြစ်တာကြောင့်၊ သူမက အရမ်းသက်တောင့်သက်သာရှိနေခဲ့သည်။ လူတွေကို စိတ်ပူပန်မှုကင်းအောင် လုပ်ပေးခဲ့တာ လက်ထောက်ဒါရိုက်တာကုပဲ ဖြစ်သည်။

မိသားစုက ရထားပေါ်က ဆင်းခဲ့ကြပြီး လူတွေနဲ့လိုက်ကာ လမ်းလျှောက်ခဲ့ကြသည်။ ကုရှီအန်းက အိတ်ကြီးအိတ်ငယ်တွေကို သယ်ခဲ့ပြီး ယွမ်ယွမ်က လမ်းလျှောက်ရင်း သို့သို့နဲ့ စကားပြောကာ လင်းယောင်ရဲ့လက်ကို ဆွဲထားခဲ့သည်။

ချန်ကန်းတို့ မိသားစုသုံးယောက်က ဘူတာရုံဝင်ပေါက်မှာ အကြာကြီး စောင့်နေခဲ့ကြသည်။

လောင်ကုတို့ မိသားစုလေးယောက်က ဘူတာရုံက ထွက်လာလာချင်း၊ ချန်ကန်းက ရုတ်တစ်ရက် ကုရှီအန်းကို လူအုပ်ထဲမှာ သတိထားမိသွားခဲ့ပြီး နှုတ်ဆက်ဖို့ လက်ပြခဲ့သည်။ " လောင်ကု၊ လောင်ကု၊ ကျွန်တော်တို့ ဒီမှာ၊ ဒီဘက်ကို လာခဲ့၊ ဒီဘက်ကို လျှောက်ခဲ့! "

ကုရှီအန်းက ခေါင်းညိမ့်ပြခဲ့ပြီး သူ့မိသားစုကို ချန်ကန်းတို့မိသားစုသုံးယောက်ဆီ ဦးဆောင်ခေါ်သွားခဲ့သည်။ ချန်ကန်းနဲ့ သူ့ဇနီးတို့ကလဲ သူတို့နဲ့ တွေ့ဆုံဖို့ ရှေ့ကို တိုးလာခဲ့ကြသည်။

ချန်ကန်းက လွန်ခဲ့တဲ့သုံးနှစ်တုန်းက စစ်ထဲက ပြန်လာခဲ့တာဖြစ်ပြီး အခုတော့ နန်အန်းကောင်တီက နိုင်ငံရေးဌာနရဲ့ လက်ထောက်ဒါရိုက်တာ ဖြစ်နေပါပြီ။ သူ့ပုံစံက လွန်ခဲ့တဲ့နှစ်အနည်းငယ်က အတိုင်းပါပဲ၊ ဘာမှမပြောင်းလဲသွားပေ။ သူက အရပ်ရှည်ပြီး မျက်ခုံးထူထူရှိသည်။ သူက ၁၉၅၈ ခုနှစ်ပုံစံ စစ်ဝတ်စုံကို ဝတ်ထားသည်။ သူက အသက်သုံးဆယ်ဝန်းကျင်ပဲ ဖြစ်ပြီး ဖင်းအန်နဲ့ ရုပ်ဆင်သည်၊ ဒါပေမယ့် ဖင်းအန်က ပိုပြီးစာပေမြတ်နိုးသည်။

အစမှာ၊ ဖင်းအန်က လူကုန်ကူးသမားတွေရဲ့လက်ထဲကို ပါသွားခဲ့ပြီး အတော်လေးဒုက္ခခဲ့ရသည်။ ချန်ကန်းနဲ့ သူ့ဇနီးတို့က ဝမ်းနည်း‌ပြီး အပြစ်ရှိသလို ခံစားခဲ့ကြရသည်။ ကံကောင်းစွာနဲ့၊ သူတို့က ကုမိသားစုနဲ့ ဆုံတွေ့ခဲ့ပြီး သူတို့သားလေး အိမ်ကို ဘေးကင်းကင်းနဲ့ ပြန်ရောက်လာနိုင်ခဲ့သည်။

လွန်ခဲ့တဲ့နှစ်တွေတုန်းက၊ ချန်ကန်းက ယွင်ရွှေကောင်တီကို ခဏတိုင်းပင်ဖုန်းခေါ်ခဲ့သည်။ ယွမ်ယွမ်နဲ့ သို့သို့တို့ မောင်နှမနှစ်ယောက်က သူနဲ့အရမ်းရင်းနှီးကြတာကြောင့်၊ ကလေးနှစ်ယောက်က ချက်ချင်းခုန်ပေါက်နေခဲ့ကြသည်။ " ဦးလေးချန်"

" ယွမ်ယွမ်! "

" သို့သို့! "

ချန်ကန်းက ရယ်မောပြီး ရှေ့ကိုတိုးကာ ယွမ်ယွမ်ကို ချီပြီး သူ့လက်မောင်းထဲမှာ လှည့်ပတ်ပေးနေခဲ့သည်။ ကလေးမလေးက တခစ်ခစ်ရယ်မောနေသည်။ သူက ကုသို့သို့ကိုလည်း ပုခုံးကိုပုတ်ကာ အပေါ်ကြည့်လိုက်၊ အောက်ကြည့်လိုက် လုပ်နေခဲ့သည်။ " ဟုတ်ပြီ၊ ဟုတ်ပြီ၊ နှစ်အနည်းငယ်လောက် မိန်းမလှလေးကို မတွေ့ရဘူး ပြီးတော့ သို့သို့ကလဲ အရပ်ရှည်လာပြီပဲကွ။ "

ကုသို့သို့က တစ်ခစ်ခစ်ရယ်နေခဲ့သည်။

လက်ထောက်ဒါရိုက်တာကုက ‌မျက်မှောင်ကြုံ့ခဲ့သည် - " ... "

မင်းမိသားစုက ဘယ်သူလဲ?

အဲ့တာ ကုမိသားစုရဲ့ သမီးလေးလေ!

ဖင်းအန်က နောက်မှာ လမ်းလျှောက်နေခဲ့သည်။ ဆယ်ကျော်သက်အရွယ်ကောင်လေးက သူ့အသက်အရွယ်ကလေးတွေကြားမှာ မျက်ခုံးတွေအောက်က တည်ငြိမ်အေးဆေးတဲ့အကြည့်နဲ့ ချောမောပြီး ကျက်သရေရှိလှသည်။ သူက လင်းယောင်နဲ့ ကုရှီအန်းကို ခေါ်ခဲ့သည်။ " အဒေါ် ၊ ဦးလေး။ "

သို့သို့နဲ့ ယွမ်ယွမ်ကလဲ အဒေါ် လီရှိုကျွမ်းကို ခေါ်ခဲ့ကြသည်။

လီရှိုကျွမ်းရဲ့ မျက်လုံးတွေက အချစ်တွေ၊ ကျေနပ်မှုတွေကို ပြသနေခဲ့သည်။ " လူတော်လေး၊ ယွမ်ယွမ်ရဲ့မျက်နှာလေးက အရမ်းလှတာပဲ။ "

တစ်ယောက်နဲ့တစ်ယောက် နှစ်အတော်ကြာ မတွေ့ရတဲ့နောက်မှာ၊ ကုမိသားစုရဲ့ကလေးနှစ်ယောက်ဟာ ပိုပြီးအပူအပင်ကင်းလာမယ်၊ ထိန်းလို့မရဖြစ်လာလိမ့်မယ်လို့ သူမက ထင်ခဲ့သည်။ အခု ကလေးနှစ်ယောက်က ကြည့်ကောင်းကြပြီး ကောင်းကောင်းမွန်မွန် ဝတ်စားဆင်ယင်ထားကြတာကို သူမ တွေ့ခဲ့ရပြီး၊ သူမက ပိုလို့တောင် ပျော်ရွှင်နေခဲ့ပါသည်။

လင်းယောင်က သူမလက်ထဲမှာ သေတ္တာကြီးကြီးတစ်လုံးကို သယ်ထားခဲ့သည်။ ချန်ကန်းက နှုတ်ဆက်ခဲ့ပြီး သေတ္တာကို ကူသယ်ပေးဖို့ ပြောခဲ့သည်။

မမျှော်လင့်စွာပဲ၊ လင်းယောင်က လက်ယမ်းပြခဲ့ပြီး သယ်စရာမလိုပေ၊ ကုရှီအန်းကို သယ်ခိုင်းလိုက်မယ်လို့ ပြောခဲ့သည်။

ဒီစကားတွေကို ပြောရတာက၊ မိသားစုမဟုတ်ရင်၊ လူတွေရဲ့ မိမိကိုယ်ကို တန်ဖိုးထားခြင်း‌ကို မထိခိုက်စေဘူးလား?

ချန်ကန်းက အရမ်းခေါင်းမာပြီး အရင်အချိန်တွေကို ပြန်ပြောပြနေခဲ့သည်။ ကုရှီအန်းက သူ့ကို အပြုံးလေးနဲ့ ကြည့်ခဲ့သည်။ " လက်ထောက်ဒါရိုက်တာချန်၊ တစ်ကယ်ပဲ သယ်ချင်ရဲ့လား? "

ချန်ကန်းက ပြောခဲ့သည်။ " ဒါပေါ့၊ ကျွန်တော်တို့ ညီအစ်ကိုတွေက ဘယ်တော့မှ မလိမ်ညာဘူး‌လေ။ "

ကောင်းပါပြီ။

လင်းယောင်က သေတ္တာကြီးကို ချန်ကန်းဆီကို လွှဲပေးခဲ့ပြီး သူက ယုံကြည်ချက်ရှိရှိနဲ့ လက်ထဲမှာ ကိုင်ထားခဲ့သည်။ သူက သူ့ရဲ့လက်တွေ မြုပ်သွားသလို ခံစားခဲ့ရပြီး နှင်းထဲကို ကျလုနီးနီးဖြစ်သွားခဲ့သည်။

ချန်ကန်းရဲ့ နှုတ်ခမ်းထောင့်တွေ မဲ့ကျသွားခဲ့သည်။ " ညီမ၊ အထဲမှာ ဘာတွေပါတာလဲ? "

ကုသို့သို့က ဖြေဖို့ ပြေးလာခဲ့သည်၊ " ဦးဦးချန်၊ အစားအသောက်တစ်ချို့ပဲ ယူလာတာပါ၊ အရမ်းလေးတာမပါဘူး။ "

ချန်ကန်း - " ... "

မမြုပ်နေရင်၊ ကိုင်ဖို့ ခက်တယ်လေ၊ ဟုတ်တယ်မလား?

သူတို့မိသားစု‌ နေတဲ့နေရာကလဲ ခြံဝင်းတစ်ခုဖြစ်သည်။ သူ့မိသားစုက သေးငယ်ပြီး ကုမိသားစု လေးယောက်အတွက် လုံလောက်တာထက်တောင် ပိုနေပါသေးသည်။

ညနေခင်းမှာ၊ မိသားစုက ရေမိုးချိုးပြီးတဲ့နောက်၊ ကုရှီအန်းက ကုတင်ကို မှီရင်း စာအုပ်တစ်အုပ် ဖတ်နေခဲ့သည်။ လင်းယောင်က ရေချိုးပြီး မခြောက်သေးတဲ့ဆံပင်နဲ့ တစ်ကိုယ်လုံးကို အမွှေးနံ့စွဲအောင်လုပ်ပြီး အိမ်ကိုပြန်လာခဲ့သည်။

တစ်စုံတစ်ယောက်က စာအုပ်ဖတ်နေတာကို မြင်ရင်း၊ သိချင်စိတ်ဖြစ်လာခဲ့ပြီး အနားကိုသွားကာ တစ်ချက်ကြည့်ခဲ့သည်၊ " ခေတ်မီတပ်မတော်၏ လက်နက်ကိုင်ဆောင်မှုနှင့် နိုင်ငံတော်ကာကွယ်ရေး စွမ်းအား "

ကောင်းပြီ၊ ဒါက လေးနက်တဲ့စာအုပ်မျိုးဆိုတော့ စိတ်မဝင်စားခဲ့ပေ။

လင်းယောင်က အခန်းထဲမှာ ခေါင်းသုတ်နေခဲ့သည်။ အဒေါ် ရှိုကျွမ်းမှာ ကလေးလေးရှိနေတယ်ဆိုတာကို ယွမ်ယွမ်က ကြားခဲ့တာကြောင့်၊ သူမက အစ်ကိုဖြစ်သူနဲ့ ဘေးအိမ်ကို ပြေးသွားခဲ့သည်။ ခဏကြာပြီးနောက်မှာ၊ ကလေးမလေးက အိမ်ကို လေးနက်တဲ့မျက်နှာနဲ့ ပြန်လာခဲ့ပြီး သူမအမေနဲ့ ဆွေးနွေးချင်ခဲ့သည်။ နောက်တစ်ခါ၊ သူမလဲ ညီမလေးတစ်ယောက် လိုချင်ပါသည်။

ခေါင်းသုတ်နေတဲ့ လင်းယောင်ရဲ့ လက်တွေ ရပ်တန့်သွားပြီး အပြုံးလေးနဲ့ ပြောခဲ့သည်။ " သမီး၊ ဒီအမေက ကတိမပေးနိုင်ဘူးနော်၊ ညီမလေးရမယ့်အကြောင်း စဉ်းတောင်မစဉ်းစားနဲ့။ "

ကလေးမလေးက စိုးရိမ်ပြီး ‌ဘာလို့လဲဆိုတာကို မေးခဲ့သည်။

လင်းယောင်က စာအုပ်ဖတ်နေတဲ့ လက်ထောက်ဒါရိုက်တာကုကို လက်ညှိုးထိုးပြခဲ့သည်။ ကလေးမလေးက ဘာစဉ်းစားနေလဲဆိုတာကို သူမ မသိခဲ့ပေ။ ပြီးတော့ ကလေးမလေးက ရုတ်တစ်ရက် သဘောပေါက်သွားခဲ့သည်။ " မေမေ၊ ညီမလေးတစ်ယောက်ရဖို့ ဖေဖေက အသက်ကြီးလွန်းနေတာလား? "

ထိုင်ခုံပေါ်က ပြုတ်ကျတော့မယ့် ကုရှီအန်း - " ... "

သူမ အိပ်ယာဝင်တော့မယ့်အချိန်မှာ၊ လင်းယောင်က သူမသမီးဆီက တစ်ခုခုကိုသိလိုက်ရသည်။ ရှိုကျွမ်းက လမ်းကြားထဲမှာ သူမရဲ့ယောင်းမတွေနဲ့ စကားပြောနေခဲ့ကြပြီး ယောင်းမတစ်ယောက်က လီရှိုကျွမ်းရဲ့ ကိုယ်ဝန်ဗိုက်က လုံးနေတာကို တွေ့ခဲ့သည်။ ကလေးက မိန်းကလေးပဲ ဖြစ်ရမည်။ သူမတို့မိသားစုထဲမှာ ကောင်စုတ်လေးတစ်ယောက်သာ ရှိပေမယ့်လည်း သမီးဖြစ်သူက စောင့်ရှောက်ပေးရမယ့် ညီမလေး လိုချင်နေခဲ့ပြီး အားကျနေခဲ့သည်။ နောက်ထပ် ယောင်းမတစ်ယောက်ကလဲ သူမကို ပြုံးပြခဲ့ပြီး မင်းရဲ့အမျိုးသားက ကလေးယူဖို့ အသက်ကြီးလွန်းနေတယ်လို့ ပြောခဲ့သည်။

ကလေးမလေးက ကြားရုံပဲ ကြားလိုက်တာပါ။

လင်းယောင်က ရယ်ချင်စိတ်ကို ထိန်းထားခဲ့ပြီး ကုရှီအန်းကို ဒီအကြောင်းပြောပြခဲ့သည်။ လက်ထောက်ဒါရိုက်တာကုရဲ့နှုတ်ခမ်းထောင့်တွေ မဲ့သွားပြီး ငယ်စဉ်ကတည်းက သူပျိုးထောင်ခဲ့တဲ့ ကလေးမလေးက အသက်ရှူကြပ်စရာ ဂွမ်းအနွေးထည်လေးဖြစ်လာတာကို ပထမဆုံးအနေနဲ့ ခံစားမိခဲ့သည်။

All Chapters