← Chapters

အခန်း (၁၂၄)

Vol. 11 Ch. 124

အခန်း (၁၂၄)

Vol. 11 Ch. 124

သည်နှစ်တွင် လောင်ကုတို့ မိသားစုမှာ နှစ်သစ်ကူးကို နန်အန်းကောင်တီတွင် ကျင်းပကြလေသည်။ မစ္စတာချန်ကန်းနှင့် သူ့ဇနီးတို့၏ ရည်ရွယ်ချက်မှာ နှစ်သစ်ကူးအချိန်အခါလေးကို အတူဖြတ်သန်းကြရန်ပင်။

ဝက်များကိုပေါ်ကြသည်မှာ အစဥ်အလာပင်။

အိမ်တွင်ဝက်မွေးမထားသော်လည်း နန်အန်းကောင်တီသည် စစ်တပ်မွေးမြူရေးခြံနှင့် နီးလေသည်။ ထိုခြံတွင် ဝက်ကောင်ရေ ရာပေါင်းများစွာ မွေးထားလေသည်။ဝက်ဝဝများမှာ တောင်ကုန်းအသေးလေးများလိုပင်ဖြစ်နေကာ ၂၀၀ မှ ၃၀၀ ကီလိုခန့်အလေးချိန်ရှိလေသည်။ကောင်တီရှိ စစ်သားများ၏ ဇနီးသည်များလည်း ထိုခြံတွင်ရှိကြသည်။ လူတိုင်းမှာရက်ရောကာ မွေးမြူရေးခြံမှဝက်သားဝယ်ရန် ပိုက်ဆံယူသွားလေသည်။ သူတို့က ၂ ကီလို ၃ ကီလိုခန့်သာဝယ်ကာ ဖက်ထုပ်များလုပ်ရန် အိမ်သို့ပြန်သွားလေသည်။

ချန်ကန်းက သူ့ရဲဘော်‌ဟောင်းများကို မွေးမြူရေးခြံသို့သွားခိုင်းကာ ဝက်ခုတ်သားများနှင့် ဝက်ခေါင်းကြီး ၂ ခုမှာလိုက်လေသည်။ ဝက်ခုတ်သားများမှာ နံရိုးများဖြစ်ကာ စတူးစွပ်ပြုတ်နှင့် ဖက်ထုပ်များ လုပ်စားရန်ကောင်းပေသည်။

၁၂ လမြောက်၏ ၂၅ ရက်နေ့တွင် နန်အန်းကောင်တီ၌ နှင်းများ ခပ်ဖွဲဖွဲကျဆင်းနေလေသည်။ ထိုသည်မှာ ဤနှစ်၏ ဒုတိယအကြိမ်မြောက် နှင်းကျခြင်းဖြစ်သည်။အရမ်းမများသော်လည်း နေ့ရော ညပါနှင်းများက ကျဆင်းနေလေသည်။

နောက်တစ်နေ့တွင် ကောင်းကင်နှင့်မြေကြီးမှာ အားလုံးဖြူဖွေးနေကာ မြေကြီးပေါ်မှနှင်းများမှာလည်း ၁ လက်မလောက် ထူနေလေသည်။

ယွမ်ယွမ်က ဘောလုံး‌လေးလို လူးလွန့်ပြီးနောက်ပြေးသွားလိုက်တော့ ခြေရာသေးသေးလေးများအတန်းလိုက်ကျန်ခဲ့လေသည်။ ကုသို့သို့က မြေကြီးပေါ်လူးလိမ့်နေတော့ သူ့နားမှကောင်လေးများမှာ မနာလိုဖြစ်သွားပြီး သူတို့ပါပြေးလာကြလေသည်။ လင်းယောင်နှင့် လီရှိုကျွမ်းတို့တွေ့သွားတော့ ပြုံးပြီးကြည့်နေကြလေသည်။တရုတ်နှစ်သစ်ကူး ရောက်တော့မည်ဖြစ်သောကြောင့် ကလေးများကိုဆော့ခိုင်းတာ ဘာမှကိစ္စမရှိပေ။

၁၂ လမြောက်၏ ၂၃ ရက်နေ့တွင် အိမ်ကိုတံမြက်စည်းလှည်း၊ဖုန်သုတ်၊သန့်ရှင်းရေးလုပ်ပြီးနောက် ပြတင်းပေါက်များမှာ သန့်ရှင်းတောက်ပြောင်နေတော့သည်။

၂၇ ရက်နေ့တွင် ချန်အန်းတို့နေထိုင်သည့်ကောင်တီတွင် နှစ်သစ်ကူးအငွေ့အသက်မှာ ပိုမိုပြင်းထန်လာတော့သည်။ အိမ်တိုင်းက သူတို့သားသမီးများအတွက် အဝတ်အစားသစ်များ ချုပ်ပေးရန် ပိတ်စအသစ်များကိုဖြတ်ကြလေသည်။ သား မွေးထားသော မိဘများမှာလည်း ဗြောက်အိုးများ၊အသီးချိုချဥ်များနှင့် လိမ္မော်သီးများဝယ်ကြလေသည်။ သကြားနှင့် ကောက်ညှင်းများကို ကလေးများ၏ အိတ်ကပ်များထဲ ထိုးထည့်ထားကြသည်။ဗြောက်အိုးများဖောက်ပြီး ချိုချဥ်စားရသည်မှာ အလွန်ပင်ချိုမြိန်လှပေသည်။

စစ်တပ်ဧရိယာနားရှိ ထုတ်လုပ်ရေးအသင်းတွင် ကုလားမခြေထောက်တပ်ပြီး လမ်းလျှောက်သူများနှင့် အော်ပရာဆိုသူများ ရှိကြလေသည်။ ၎င်းက အော်ပရာကြည့်ရတာကြိုက်သော အသက်ကြီးကြီး လူကြီးများနှင့်မိန်းမကြီးများကို အလွန်ပင် ပျော်ရွှင်စေလေသည်။မနက်ပိုင်းတွင် သူတို့က ထိုလူများကိုကြည့်ရန် ခုံတန်းငယ်လေးများကို ရွှေ့ကြသည်။

နန်အန်းကောင်တီရုပ်ရှင်ရုံတွင် “တော်လှန်ရေးသူရဲကောင်းလေး” နှင့် “ရထားပျောက် ကျားတပ်သား” စသည့်ဇာတ်ကားများကို ပြသလေသည်။ ညနေမမှောင်ခင် ရုပ်ရှင်ရုံသို့ ကလေးများက အုပ်စုလိုက်လက်မှတ်ဝယ်ရန်သွားကြသည်။

၂၉ ရက်မြောက်နေ့တွင် မိသားစုတိုင်းက တို့ဖူးများ၊မြေပဲချိုချဥ်များ၊ ဆန်ညိုချိုချဥ်များနှင့် အစားအစာအငံအချဥ်စိမ်များကို လုပ်ကြသည်။ ၎င်းတို့ထဲတွင် ကလေးများအတွက် ဆွဲဆောင်မှု အရှိဆုံးအရာမှာ အိမ်လုပ်မြေပဲချိုချဥ်၊ အိမ်တွင်စိုက်ထားသော မြေပဲများနှင့်နှမ်းများပင်။ ထိုဟာများကို အိုးထဲတွင် ကျိုပြီးကြိတ်ကာအနီရောင် စွံပလွံသီးများ၊ သကြားညိုများနှင့် လက်ဖဝါးအရွယ် သကြားခဲများရအောင် ကျိုလေသည်။ ခြံထဲတွင် တစ်နေ့လုံး နေလှန်းထားလိုက်သည်။နောက်တစ်နေ့မနက် နိုးလာသောအခါ ခဲပြီးမာသွားသော်လည်း စားလိုက်သောအခါ ချိုနေပေသည်။အရသာရှိလွန်းလို့ ယုန်တံဆိပ်တော်ဖီ လာပေးလျှင်တောင် လဲမည်မဟုတ်ပေ။

လင်းယောင်လည်း ပေါက်စီများ ပေါင်းလိုက်သည်။အသားကို မီးဖိုချောင်ထဲမှာ နှပ်လိုက်တော့ ခြံဝန်းတစ်ခုလုံး ပေါက်စီများနှင့် အသားများ၏ မွှေးရနံ့တို့ဖြင့်ပြည့်သွားတော့သည်။

ချန်ကန်းနှင့်ကုရှီအန်းတို့ အနီရောင်မီးအိမ် ၂ ခုကို အိမ်တံခါးတွင် ချိတ်ဆွဲထားပြီး ပြတင်းပေါက်များတွင်သံပန်းများလည်း တပ်ထားလေသည်။

ကုသို့သို့က ဖင်းအန်နှင့် ယွမ်ယွမ်ကို စကားတတ်တတ်နှင့် ဟာသများ ပြောပြနေသည်။

ထိုဟာကိုကြားပြီးနောက် ကလေး ၂ ယောက်က ရယ်လေသည်။

ချန်ကန်းမှာ ခုလေးတင် နှင်းများကို လှည်းပြီးရုံဖြစ်ကာ လက်ဆေးနေလေသည်။ အခန်းထဲမှ ရယ်သံများကိုကြားလိုက်ရတော့ ကုရှီအန်းကို ပြောလိုက်သည်။ “လူများတာ တကယ်ကောင်းတာပဲ။ ငါတို့အိမ် ဘယ်လောက်အသက်ဝင်နေလဲကြည့်ပါဦး”

လက်ထောက်ဒါရိုက်တာကုက မျက်ခုံးများပင့်လိုက်သည်။ “ငါတို့က ဘယ်တုန်းက မိသားစုဖြစ်သွားတာလဲ?”

မိသားစု ၂ ခုက ညနေပိုင်းတွင် နေရာထိုင်ခင်းများကို ပြင်ဆင်ကြသည်။

လောင်ကုတို့မိသားစု ၄ ယောက်မှာ တစ်ခန်းနေကြသည်။ လီရှိုကျွမ်းမှာ ဗိုက်ကြောင့် ချန်ကန်းက သူမကိုကပ်နေတာကို မကြိုက်၍ သူမက အခန်းခွဲလိုက်လေသည်။

နှစ်သစ်ကူးပွဲတော်တွင် လင်းယောင်မှာ ချန်ကန်း၏ တွန့်ဆုတ်နေသောပုံစံကိုကြည့်ပြီး အလွန်ပျော်နေလေသည်။

မမျှော်လင့်ထားစွာပင် သူမ လှည့်လိုက်တော့ လက်ထောက်ဒါရိုက်တာကု၏ အချစ်များပြည့်နေသောမျက်ဝန်းများကိုမြင်လိုက်ရသည်။

ကုရှီအန်း သူ့ဇနီးလေးမျက်နှာတွင် အပြုံးတစ်ခုနှင့် သူ့ကိုပြန်ကြည့်သည်ကို တွေ့လိုက်ရလေသည်။ သူ့တစ်ကိုယ်လုံးမှာ ချဥ်စူးနေသော အငွေ့အသက်များနှင့်ပြည့်နေသည်။ လင်းယောင် သူ့ခါးကို ဆိတ်ဆွဲလိုက်သော်လည်း သူမ၏အားမှာ သူ့အတွက်အယားပြေရုံလောက်သာပင်။

လက်ထောက်ဒါရိုက်တာကုက သူ့ဇနီးလေးက စောစောအိပ်ယာဝင်ချင်သည်ဟု ထင်သွားကာ သူမကို ခပ်တိုးတိုးနှစ်သိမ့်လေသည်။ “မပူပါနဲ့ ဇနီးလေးရယ်။ ကိုယ်တို့လည်း အိပ်ကြတော့မှာပါ...”

လင်းယောင် မျက်နှာကြီး နီသွားလေသည် - “…”

ဘယ်သူက အလျင်လိုနေလို့လဲ? ငြိမ်ငြိမ်လေး နေလို့မရဘူးလား။

ရှင် မရှက်ဘူးလား?

သို့သို့နှင့်ဖင်းအန်တို့မှာ သူတို့ညီမ‌လေးကို လက်ဆွဲကာ ဧည့်ခန်းထဲမှ ထွက်လာကြလေသည်။ သူတို့မျက်ခုံးများမှာတွန့်ချိုးနေကာ စိတ်ရှုပ်ရှုပ်နှင့်ခေါင်းကို တစ်ပြိုင်တည်း ကုတ်မိကြသည်။ လက်ထောက်ဒါရိုက်တာကုမှာ ဘာလို့‌‌ဘေးအိမ်က အာဝုနှင့် တူနေမှန်းမသိပေ။ တုံးအပြီး ဘာမှမသိပေ။

သည်တစ်ကြိမ်ကတော့ လီရှိုကျွမ်းတစ်ယောက် ပါးစပ်ကိုအုပ်ပြီးပြုံးရသည့်အလှည့်ပင် ဖြစ်သည်။ နောက်ဆုံးတွင်တော့ လက်ထောက်ဒါရိုက်တာကုမှာလည်း မိန်းမဖြစ်သူကို လိုက်ကပ်နေသည့် လူတစ်ယောက်ဖြစ်ကြောင်း သူမ တွေ့ရှိလိုက်ရသည်။ သူ့မိန်းမကို မတွေ့ရလျှင်မနေနိုင် နောက်ကတစ်ကောက်ကောက်လိုက်နေတတ်သည်။

ဉာဏ်ကောင်းသောသို့သို့က မျက်စိမှိတ်ပြလေသည်။ “ဟေး”

မာမားနှင့်ပါပါးတွင် ထိုကဲ့သို့ကောင်းမွန်သောဆက်ဆံရေးရှိသည်။

နှစ်သစ်ကူး၏ ပထမဆုံးနေ့ မိုးမလင်းခင်တွင် နန်အန်းကောင်တီ၏ လမ်းများပေါ်၌ ဗြောက်အိုးဖောက်သံများကြားနေရလေသည်။

အပြင်ဖက်အခန်းတွင် ကုသို့သို့နှင့် ဖင်းအန်တို့ညီအစ်ကိုမှာ အိမ်ယာထဲမှကုန်းရုန်းထကာ ယွမ်ယွမ်ကိုခြံထဲတွင် ဗြောက်အိုးသွားဖောက်ရန်ခေါ်လေသည်။

ကောင်မလေးက ထိုဟာကိုကြားသောအခါ မျောက်ကလေးတစ်ကောင်လိုခုန်ပြီး သူမ၏ ဂွမ်းအနွေးထည်လေးကိုဝတ်ကာ အမြန်ပြေးထွက်သွားလေသည်။

မနက် ၇ နာရီတွင် မိသားစု ၂ စုသည် ဝတ်စားပြီးအပြင်ထွက်ကြသည်။ အပြင်ဖက်မှ ဗြောက်အိုးဖောက်သံများမှာ မိုးထိပင်ညံနေပြီး မြေကြီးပေါ်တွင်လည်း ယမ်းမှုန့်အနံ့များရှိနေသည်။

၁၉၆၆ ခုနှစ် တရုတ်နှစ်သစ်ကူး ကာလအတွင်း ထူးခြားသော အခြေအနေတစ်ရပ်ကြောင့် ကောင်တီတစ်ဝှမ်းတွင် ဗြောက်အိုးများမဖောက်ရပေ။သို့သော်လည်း လွန်ခဲ့သည့် ၂ နှစ်အတွင်း အခြေအနေများမှာပြောင်းလဲသွားလေပြီ။

လီရှိုကျွမ်းမှာ ဗိုက်အကြီးကြီးရှိနေကာ လှုပ်ရှားရန်ခက်နေလေသည်။ တရုတ်နှစ်သစ်ကူးကာလအတွင်း မိသားစု ၂ ခုတွင် လူ ၇ ယောက် ၈ ယောက်ရှိလေသည်။လူကြီးများမှာ နှစ်သစ်ကူးတွင် စားကြ‌သောက်ကြမည်ဖြစ်သောကြောင့် လုပ်စရာအလုပ်များ အများအပြားရှိနေပေသည်။

လင်းယောင် ကူညီတာကြောင့်သာ မဟုတ်လျှင် လီရှိုကျွမ်းမှာ အလျင်လိုနေမည်ဖြစ်ကာ နှစ်သစ်ကူးမှာကောင်းကောင်းနေနိုင်မည်မဟုတ်ပေ။

လီရှိုကျွမ်းမှာ တရုတ်နှစ်သစ်ကူးအတွက်အစောကြီးကတည်းကပင် ဖက်ထုပ်များလုပ်ထားကာ ဂေါ်ဖီ၊ကြက်သွန်မြိတ်၊ဆီလက်ကျန်များနှင့် အစာသွပ်ထားသည်များလည်းပါကာ ထိုဟာများအားလုံးကို ခြံထဲမှရေကန်ထဲတွင် အအေးခံထားလေသည်။ ဆောင်းတွင်းတွင်အေးခဲကာ နှင်းကျသောကြောင့် ၎င်းမှာရေခဲသေတ္တာအလားပင်။

အိမ်မှကလေး ၃ ယောက်မှာ အပြင်ဖက်တွင်ပြေးလွှားနေကာ လင်းယောင်နှင့် လီရှိုကျွမ်းတို့မှာ အိမ်ထဲတွင်စကားပြောနေပြီး ကုရှီအန်းနှင့် ချန်ကန်းတို့မှာ မီးဖိုထဲတွင်ဖက်ထုပ်များ လုပ်နေကြလေသည်။

ချန်ကန်းမှာ အိမ်အလုပ် သိပ်မလုပ်ရကာ သူ့လက်မည်းမည်းကြီးကြီးများမှာ သေနတ်ကိုင်ဖို့သာ လေ့ကျင့်ထားပြီး ဖက်ထုပ်လုပ်ရသည်မှာ သူ့အတွက်ခက်ခဲနေလေသည်။

ချန်ကန်းမှာ နမော်နမဲ့ဖြစ်နေကာ အချိန်အတော်ကြာအောင် ပျားလပို့မီးဖိုကို မီးမမွှေးနိုင်ပေ။ မီးဖိုချောင်မှာ မီးခိုးများထွက်နေကာ သူ့မှာရွေးချယ်စရာမရှိတော့ပဲ ကုရှီအန်းကို အကူအညီတောင်းလိုက်ရသည်။

“လောင်ကု ဒီမီးဖိုက ဘာလို့အရမ်းဟောင်းနေရတာလဲ?”

ကုရှီအန်းလာပြီးတစ်ချက်ကြည့်လိုက်သည်။

တော်လိုက်သည့်လူ ပျားလပို့မီးဖို၏ အောက်ခြေမှာ သစ်ကိုင်းခြောက်များနှင့်ပြည့်နေကာ မီးတောက်လုံးဝမရှိပေ။ ချန်ကန်းက ထိုအထဲကိုထင်းထပ်ထည့်ချင်သေးသည်။

“ထင်းများလွန်းတယ်”

လက်ထောက်ဒါရိုက်တာကုက ထိုဟာကိုယူပြီး စက္ကန့်အနည်းငယ်အတွင်း မီးမွှေးလိုက်သည်။

အိုးထဲမှ ရေနွေးများဆူလာသောအခါ ချန်ကန်းက ရူးမိုက်စွာပင် ဖက်ထုပ်အကြီးကြီးတစ်ခုကိုယူပြီး ပြုတ်ရန်အိုးထဲထည့်လိုက်လေသည်။

လီရှိုကျွမ်းက ထိုဟာကို ဧည့်ခန်းပြတင်းပေါက်မှမြင်ပြီး ဒေါသထွက်လွန်းလို့ သူမ စိတ်ကြည်နေတာလေးပါပျောက်သွားတော့သည်။

"ချန်ကန်း ရှင်ဘာလုပ်နေတာလဲ။ ရှင်က ဖက်ထုပ်လုပ်တာ အရမ်းတော်နေတာလား?"

ချန်ကန်းသည် ဇနီးဖြစ်သူ၏ အော်ငေါက်မှုကြောင့် မလှုပ်ဝံ့ပေ။ လင်းယောင်က လီရှိုကျွမ်းကို ပြန်သွားအောင်လုပ်ပြီးမှသာ သူ လှုပ်ရှားဝံ့တော့သည်။

ခဏအကြာတွင် ကုရှီအန်းသည် ယွမ်ယွမ်ကို နောက်ထပ် သကြားလုံးတစ်လုံး စားခွင့်ပြုသည့်အတွက် လင်းယောင်ကို ဆူခဲ့သည်။

အရွယ်ရောက်ပြီးသူ နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ သနား‌နေကြသည်။

ဖက်ထုပ်တွေ အိုးထဲက ထုတ်ပြီးနောက် မိသားစုနှစ်စု စုပြီး ဖက်ထုပ်ကို စားကြပါသည်။

တရုတ်နှစ်သစ်ကူးကာလတွင် ချန်ကန်းက သူ့ရဲ့ ဝိုင်ကောင်းကောင်းတွေစုထားတာကိုထုတ်လာပြီး သူ့ရဲ့ "သူငယ်ချင်းကောင်း" နဲ့ အတူ သောက်ချင်လေသည်။

ကုရှီအန်းသည် အများအားဖြင့် မသောက်တတ်သော်လည်း ယနေ့တွင် ညီအစ်ကိုနှစ်ဦး စကားစမြည်ပြောပြီး ရှားရှားပါးပါး သောက်လေသည်။

သို့သို့၊ ယွမ်ယွမ်နှင့် ဖင်းအန်တို့သည် စားပွဲပေါ်ရှိ အဝါရောင် မက်မွန်သီးစည်သွတ်ဘူးကို နှစ်သက်ကြသည်။

ကလေးတွေက အချိုဗူးကို စားရတာ ကြိုက်သည်။

မိခင်နှစ်ဦးက ကလေးသုံးယောက်ကို ပန်းကန်တစ်လုံးစီ ပေးသည်။ အဝါရောင် အသီးအနှံများ၏ အသားများကိုသကြားရေထဲမှာ ဝှက်ထားခဲ့သည်။ တုတ်နဲ့ထိုးပြီးပါးစပ်ထဲထည့်လိုက်တော့ ချိုချိုချဉ်ချဉ် အရသာက လျှာဖျားမှတစ်ဆင့်ပျံ့နှံ့သွားသည်။

သုံးယောက်သား စားပြီးနောက် ပြုံးရွှင်နေကြသည် ။

ချန်ကန်းသည် ဝိုင်အနည်းငယ်သောက်ပြီး စိတ်ကြွလာကာ ကုရှီအန်းနှင့် လက်ဝှေ့လေ့ကျင့်ရန် ပြောခဲ့သည်။

ကုရှီအန်းက အဆင်သင့်ပဲ သဘောတူလိုက်သည်။

ချန်ကန်းက စိတ်လှုပ်ရှားစွာ လက်ယမ်းကာ " ကောင်တီလေ့ကျင့်ရေးကွင်းကို သွားကြရအောင်။ ဒီနေ့က တရုတ်နှစ်သစ်ကူးဆိုတော့ ဘယ်သူမှ မရှိဘူး!"

စည်းကမ်းတင်းကြပ်သော ခင်ပွန်းနှစ်ယောက်သည် ဇနီးဖြစ်သူတို့အား သတင်းပို့ပြီး ထွက်သွားသည်။

မသွားခင်မှာ ချန်ကန်းက ပြောသွားသေးသည်။ "အပြင်မှာ ပျော်ရွှင်စရာကောင်းတဲ့ နေ့တစ်နေ့ပဲ။ ဒါပေမယ့် ဘာမှ မဖြစ်စေနဲ့နော်"

အဖေနှစ်ယောက် ထွက်သွားကြသည်။

လင်းယောင်နှင့် လီရှိုကျွမ်းတို့ ရေနွေးနှစ်ခွက်သောက်သည်။ မိသားစုမှ ကလေးသုံးဦးသည် နှစ်သစ်ကူးအတွက် အဝတ်အစားအသစ်များ ၀တ်ဆင်ကြပြီး အသီးသီး ရှူးဖိနပ်အသစ်များ စီးကာ တက်ကြွနေကြသည်။

လင်းယောင်သည် သမီး၏ဆံပင်ကို ကျစ်ဆံမြီးနှစ်ဖက်ဖြင့် ဖြီးလိုက်ပြီး ဆံပင်၏အဆုံးတွင် အနီရောင်ခေါင်းစည်းကြိုးဖြင့် ချည်ထားသည်။ သူမသည် ၎င်းကို အနီရောင် ချည်သားဖြင့် ပြုလုပ်ထားသည့် ဂွမ်းကပ်အင်္ကျီလေးတစ်ထည်နှင့် အောက်ခံအရောင်တူ သိုးမွှေးဆွယ်တာအင်္ကျီနှင့် တွဲဖက်ထားသည်။ လက်ရာမြောက်ပြီး လှပကာ ကလေးမလေးက ပိုပိုပြီး ဆွဲဆောင်မှုရှိလာသည်။ သွားများမှာလည်း ဖြူဖွေးတောက်‌ပနေလေသည်။

"အိုး ငါတို့ ယွမ်ယွမ်လေးက အရမ်းလှတာပဲ"

လီရှိုကျွမ်းသည် ကျစ်ဆံမြီးလေးကို ထိလိုက်သည်။ သူမ၏ ချစ်ခင်မှုသည် ပြောမပြတတ်အောင်ပင်။

ကုသို့သို့က သူ့ရင်ဘတ်ကို ဂုဏ်ယူစွာ ကော့ထားလိုက်သည်။

ကလေးများစွာသည် ယခင်က ၎င်းတို့၏ ဖခင်အား နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြပြီး ယခုအခါ ၎င်းတို့သည် ၎င်းတို့၏ မိခင်များအား ကောင်းသောစကားများ ပြောကြားခဲ့ကြသည်။ မိခင်နှစ်ယောက်က ပြုံးပြီး စာအိတ်နီကို ထုတ်ယူလိုက်ကြသည်။ ကုသို့သို့က ချန်ဖင်းအန်ကို မျက်စိမှိတ်ပြပြီး သူက ဦးဆောင်ကာရှေ့ကသွား‌တော့ ယွမ်ယွမ်ကတံခါးဆီ ပြေးလိုက်သွားသည်။

သူတို့ဘာလုပ်ကြမလဲ။ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားရန် အနီးနားမိသားစုအိမ်များသို့ သွားကြမည်မှာ သေချာပါသည်။

လင်းယောင်က အေးအေးဆေးဆေး လိုက်ကြည့်သည်။ ချန်ဖင်းအန်သည် သူ့အစ်ကိုကြီးကဲ့သို့ ယွမ်ယွမ်၏ လက်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ယွမ်ယွမ်က သူ့ကို ပျော်ရွှင်စွာ စကားပြောနေခဲ့သည်။

ကုသို့သို့သည် နွေးထွေးသော အပြုံးရှိသည့် ချန်ဖင်းအန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ မိုက်မဲသော ညီမလေးကို ကြည့်ကာ ခေါင်းကုတ်ပြီး ဘာမှတော့မပြောပေ။

ချန်ကန်းတို့မိသားစုသည် နန်အန်းကောင်တီရှိ ရဲဘော်များမိသားစုလမ်းကြားတွင် နေထိုင်သည်။ လမ်းကြားရှိ ခေါင်းဆောင်ဟောင်းများသည် အိမ်တွင် အငြိမ်းစားယူကြပြီး အားလုံးက တက်ကြွမှုကို နှစ်သက်ကြသည်။ ချောမောလှပသော ကလေးများစွာသည် အိမ်သို့ ရုတ်တရက် ရောက်လာသောကြောင့် သူတို့သည် သဘာဝအတိုင်း ပျော်ရွှင်နေကြသည်။ ကလေး ၃ ယောက် တစ်မနက်လုံး လမ်းလျှောက်ပြီး ပတ်လိုက်တော့ သူတို့အိတ်ကပ်ထဲမှာ စာအိတ်နီတွေနဲ့ ပြည့်နေတော့သည်။

ကုသို့သို့က ယွမ်ယွမ်ကို တိတ်တဆိတ်မေးသည်။ "ညီမလေး စာအိတ်နီဘယ်နှစ်ခုရလဲ"

"ဟီးဟီး... အများကြီးပဲ" ယွမ်ယွမ်သည် သူမ၏ အိတ်ကပ်အတွင်းမှ ဖောင်းနေသောအနီရောင် စာအိတ်ကြီးများကို ကြည့်ပြီးနောက် မျက်လုံးများ ပြူးကျယ်သွားသည်။

"သို့သို့ နေ့လည်ခင်း ချန်အန်းရိပ်သာလမ်းကို သွားပြီး ဈေးဝယ်ထွက်ကြမလား။"

ချန်အန်းရိပ်သာ?

ကုသို့သို့၏ မျက်လုံးများ အရောင်တောက်သွားသည်။ သူသွားရမည်၊ ချန်အန်းလမ်းသည် နန်အန်းကောင်တီတွင် အစည်ကားဆုံးလမ်းဖြစ်သည်။

ချန်ဖင်းအန်က "ကောင်းပြီ သို့သို့ ငါ့မိဘတွေကို မင်းပြောလိုက်ပါလား"

ကုသို့သို့ - "ဘာလို့ ဦးလေးနဲ့ အဒေါ်ကို ငါ့ကိုပြောခိုင်းတာလဲ။"

ချန်ဖင်းအန်က မြေခွေးတစ်ကောင်လို ပြုံးပြီး "ငါ့မိဘတွေက မင်းကို ချစ်တယ်၊ မင်းပြောရင် သူတို့ခွင့်ပြုမှာပဲ"

ကုသို့သို့ - "......"

ဒီကောင်စုတ်လေးက သူ့အတွက် တွင်းတူးပေးနေသည်။

သို့သော်လည်း ကုသို့သို့သည် ချန်အန်းလမ်းတွင် အမှန်တကယ် စျေးဝယ်ထွက်ချင်ခဲ့သည်။

ထို့ကြောင့် သူသည် မိသားစု၏ အချစ်ဆုံး ဖက်တီး‌လေးယွမ်ယွမ်ကို တောင်းဆိုရန် ပြေးသွားခဲ့သည်။ ဦးလေးချန်နဲ့ အန်တီချန်က သူ့ကို ချစ်ကြတာမှန်ပေမယ့် သူ့ညီမလေးကတော့ မိသားစုနှစ်ခုလုံးရဲ့ အချစ်ဆုံးကလေးပင်။

ကလေးမလေး ယွမ်ယွမ်သည် အလွန်စာနာတတ်ပြီး ဖင်းအန်သည် ပို၍ပင် စာနာတတ်သောကြောင့် သူ့ညီမက သူ့မိဘများကို သွားရှာတာမှာ လိုက်သွားပေးခဲ့သည်။

လီရှိုကျွမ်းက တစ်ခုခုဖြစ်နေတာလို့ထင်ခဲ့သည်။ လက်စသတ်တော့ ကလေးတွေက ချန်အန်းလမ်းမှာ ဈေးဝယ်ထွက်ချင်ခဲ့တာပင်။ ဘာများခက်လို့လဲ။

မူလက လောင်ကု၏ မိသားစုသည် နန်အန်း ကောင်တီသို့ရောက်သောအခါတွင် ဈေးဝယ်ထွက်တာမျိုး သိပ်မရှိကြပေ။

မဟုတ်ရင် ခရီးစဉ်က အချည်းနှီးဖြစ်သွားလိမ့်မယ်။

သူတို့အဒေါ် သဘောတူကြောင်း ကုသို့သို့ကြားသောအခါ ဝမ်းသာအားရ ပြုံးနေသည်။

နေ့လယ်စာစားပြီးတာနဲ့ လမ်းတွေက ချောနေသည်။ လီရှိုကျွမ်းက အပြင်ထွက်လို့မရကာ လင်းယောင်က အပြင်ထွက်ပြီး အအေးဒဏ်ကို မခံချင်ပေ။ ကုရှီအန်းနဲ့ချန်ကန်းတို့က သူတို့ရဲ့ ကလေးတွေကို ချန်အန်းလမ်းကို ခေါ်သွားသည်။

လူအုပ်စုသည် ချန်အန်းလမ်းထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် မောက်မာသော ပြည်သူ့စစ်အချို့သည် သေနတ်များကိုင်ဆောင်ကာ လမ်းလျှောက်သွားသည်ကို တွေ့လိုက်ရသည်။

All Chapters