← Chapters

အခန်း (၁၂၅)

Vol. 11 Ch. 125

အခန်း (၁၂၅)

Vol. 11 Ch. 125

၁၉၆၀ ခုနှစ်များတွင် အမေရိကန်နှင့် ဆိုဗီယက်ယူနီယံတို့၏ စစ်ရေးခြိမ်းခြောက်မှုများကို ကာကွယ်ရန်အတွက် နိုင်ငံသည် ပြည်သူအားလုံး စစ်တပ်တွင်ပါဝင်သင့်သည်ဟု ထောက်ခံအားပေးခဲ့သည်။

နိုင်ငံတဝှမ်းတွင် မရေမတွက်နိုင်သော ပြည်သူ့စစ်များစွာ ရှိလာလေသည်။ လူများလွန်းလှသလို ပြည်သူ့စစ်များ၏ အရည်အသွေးများသည်လည်း အလွန်ကွာခြားပေသည်။

အဓိက စက်ရုံများမှ ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့စစ်များသည် နိုင်ငံတော်မှ ရိက္ခာနှင့် လုပ်ခများ ရရှိကြသည်။ စက်ရုံခေါင်းဆောင်များဆီမှ ဖိနှိပ်ခံရပြီး စည်းကမ်းများကို လိုက်နာနေရဆဲဖြစ်သည်။

ကောင်တီအတွင်းရှိ အခြားသော အားလပ်နေသော ပြည်သူ့စစ်အဖွဲ့များ အားလုံးက‌တော့ အလေလိုက်နေကြသည်။ ဤပြည်သူ့စစ် အများစုမှာ လက်ထဲတွင် သစ်သားတုတ်တစ်ချောင်း ပါရှိပြီး ခေါင်းဆောင်ဖြစ်သူကသာ သစ်သားသေနတ်ဟောင်းကို ကိုင်ဆောင်နိုင်သည်။

သစ်သားသေနတ်သည် ထင်ထင်ရှားရှား မရှိသော်လည်း မောင်းတင်ထားသော သေနတ်ဖြင့် လူများကို ထိမှန်စေကာ သာမန်လူများ၏ အမြင်ကိုလည်း လှည့်စားနိုင်သည်။

အဆိုပါ လှုပ်ရှားမှုမရှိသော ပြည်သူ့စစ်အနည်းငယ်သည် နှစ်သစ်ကူးပွဲကျင်းပရန် စုဝေးကြပြီး ဝိုင်သောက်ကာ မြေပဲများကို ခွာစားနေကြသည်မှာ ကြောင်တစ်ကောင်ပင် သူတို့ခေါင်းပင် အီးတက်ပါ၍ ရပေသည်။ အလေးချိန် မည်မျှရှိသည်ကို မသိသော တုတ်များ လက်ထဲတွင် ကိုင်ဆောင်ထားကြသည်။ ထို့ပြင် ကြွားလုံးထုတ်ရင်း ချန်အန်း လမ်းတဝိုက် လှည့်ပတ်ကြည့်နေကြလေ၏။

တရုတ်နှစ်သစ်ကူးကာလမှာ သာမန်လူများသည် ပြဿနာမဖြစ်ချင်သောကြောင့် အရက်နံ့များကို ရှောင်လေ့ရှိသည်။

ကံမကောင်းစွာဖြင့်ပင် လမ်းပေါ်တွင် လျှောက်လှမ်းလာသော လူငယ်စုံတွဲတစ်တွဲ ရှိလေသည်။ ပြည်သူ့စစ်များထဲမှ တစ်ဦးက လမ်းကို ရှင်းရှင်းလင်းလင်း မမြင်ရဘဲ ၎င်းတို့ကို ဝင်တိုက်ရာ လူငယ်ကို ယိုင်သွားစေခဲ့သည်။

ထိုသူမှာ သတ္တိရှိဟန်ဆောင်ပြီး ဆွေ့ဆွေ့ခုန်လျက် လူငယ်ကို ခြေထောက်နဲ့ ကန်လေသည်။ “မင်းက မျက်မမြင်လိပ်များလား။ မင်းဦးလေးတစ်ယောက်လုံး လျှောက်လာတာကို မမြင်ဘူးလား...ဟမ်.. မင်း မျက်စိကန်းနေတာပဲ။"

ထိုလူငယ်သည် ငယ်ရွယ် တက်ကြွပြီး ဇနီးသည်ရှေ့တွင် မိမိကိုယ်ကို အထင်သေးမခံလိုပေ။ သူက ပြည်သူ့စစ်အဖွဲ့ဝင်၏ လက်ကို အမြန်လှမ်းဆွဲလိုက်သည်။ "ကျုပ်က မကန်းပါဘူး။ ခင်ဗျားကပဲ လမ်းကို မကြည့်ဘဲ လျှောက်လာတာ။ ဒါ ကျုပ်ကိစ္စမဟုတ်ဘူး။"

ကောင်းပြီ....ငါဒီတစ်ခါတော့ ဒုက္ခရောက်ပြီ....

ပြည်သူ့စစ်ကို လက်ကိုဖမ်းဆွဲကိုင်ထားပြီး ယခုကဲ့သို့ မည်သည့်အချိန်တွင် ကြိမ်းမောင်းဝံ့သနည်း။ သူသည် တြိဂံပုံမျက်ဝန်းများဖြင့် အပြင်းအထန် စိုက်ကြည့်ပြီးနောက် ထောင့်တစ်နေရာမှ လူငယ်လေးအား ဝိုင်းထားရန် သူငယ်ချင်းအချို့ကို ခေါ်ကာ လူငယ်လေးအား လက်သီးနှင့်ထိုး ကန်ကျောက်ခြင်းများ လုပ်လေတော့သည်။

လူငယ်သည် လူ ၄ ယောက်ကို လက်သီးနှစ်ခုဖြင့် အနိုင်မယူနိုင်ခဲ့ကာ မကြာမီမှာပင် ရှုံးနိမ့်သွားကာ လူအများအပြားက မြေပြင်ပေါ်သို့ဖိကာ ရိုက်နှက်ခံခဲ့ရသည်။

သူ့ဘေးနားက ဇနီးလေးသည် ခင်ပွန်းသည် အရိုက်ခံရသည်ကိုမြင်ပြီး သတိလစ်လုနီးပါး ငိုလေသည်။

သူမ ငိုလေလေ ပြည်သူ့စစ်များ ပိုစိတ်လှုပ်ရှားလေလေဖြစ်သည်။ သူတို့ခြေထောက်များကို ပိုပြင်းပြင်းထန်ထန် ကန်ကြသည်။ ထိုစဉ် ထိုလူငယ်မှာ သွေးထွက်နေပြီဖြစ်သည်ကို တွေ့ရလေသည်။ ထိုအခါ ဇနီးဖြစ်သူက သူ့ကို ကာကွယ်ဖို့ ပြေးလာလေသည်။ ပြဿနာကိုမီးထွန်းရှာနေသည့် ပြည်သူ့စစ်များက ထိုအမျိုးသမီးလေးကို စွေကြည့်ကာ ပြောလေသည်။

“ဟေး.... ဒီကောင်မလေးက လှတယ်။ အသားလေးတွေကလည်းနုနေတာပဲ။ ကောင်မလေး....ငါ့ညီအစ်ကိုတွေကို မင်းကို ထိခိုင်းလိုက်ရင်ရော…."

ချွေးမလေးက အဘယ်သို့ ဆန္ဒရှိမည်နည်း။ သူမ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာကာ ခေါင်းယမ်းကာ ငိုပြန်သည်။ သူမ ငိုလေလေ ပိုသနားစဖွယ်ကောင်းလေလေ ဖြစ်ပေသည်။

ပြည်သူ့စစ်သည် ကောင်မလေးကို ထိရန် လက်လှမ်းလိုက်သည်။ လူငယ်သည် ဒေါသတကြီး ဟစ်အော်ကာ သူ့ဆီသို့ ပြေးသွားသော်လည်း မြေပြင်ပေါ်သို့ လဲကျသွားသည်။

မာနကြီးသော ပြည်သူ့စစ်သမားသည် လူငယ်၏လက်ကို နင်းကာ တံတွေးထွေးချလိုက်သည်။ “မင်းက သူရဲဘောကြောင်ပီး ငါ့ကို တိုက်ခိုက်ချင်သေးတာ။ မင်းအဖြစ်ကိုမင်း ကြည့်စမ်းပါဦး။"

ပြည်သူ့စစ်က ထိုသို့ ပြောပြီးသည်နှင့် လူငယ်လေး၏ မိန်းမကို ထပ်ပြီး နှောင့်ယှက်တော့မည် ဖြစ်သည်။ သူ့ပုခုံးနှစ်ဖက်ကို အတင်းကျုံ့ကာ နောက်ပြန်ဆုတ်ပြေးနေသည့် ကောင်မလေးကိုကြည့်ပြီး ပြုံးလေသည်။ ထို့နောက် သူက သူ့အဖော်များနဲ့ လှည့်ပြီး ရယ်သည်။ “ဟေ့ မင်းက ပြေးချင်သေးတာပေါ့လေ။ သူ ဘယ်ပြေးနိုင်မလဲ ကြည့်ကြသေးတာပေါ့။”

လူ့မကောင်းဆိုးဝါးပေါင်းများစွာ ရယ်မောသံများ ထွက်ပေါ်လာလေသည်။

ယုန်ဖြူလေးကဲ့သို့ ဖြူစင်လှသည့် မိန်းကလေးကို အခွင့်ကောင်းယူတော့မည်ကို မြင်လိုက်ရသောအခါ လမ်းသွားလမ်းလာများ အားလုံး ခေါင်းငုံ့လျက် သူတို့ကို မတော်တဆ တွေ့သွားမည်ကို စိုးရိမ်ပြီး ပြေးသွားကြသည်။ "ပလိပ်ရောဂါလိုကောင်တွေ..."

ထိုစဉ် ရုတ်တရက် “ဝူး” ဆိုသည့် အသံထွက်လာပြီး ပြည်သူ့စစ်သမား ခြေထောက်မှာ သေနတ်ထိမှန်သွားလေသည်။ ပြည်သူ့စစ်အဖွဲ့ဝင်သည် ခြေထောက်ကို ကိုင်ကာ မြေကြီးပေါ်တွင် လဲလျောင်းကာ ငိုကြွေးနေလေသည်။

ပြည်သူ့စစ်အမြောက်အမြား၏ အမူအရာများ ပြောင်းလဲသွားကာ လှည့်ကြည့်လိုက်သောအခါတွင် အရပ်ရှည်ရှည် ချန်ကန်းကို ဒေါသတကြီး မျက်နှာထားဖြင့် မြင်လိုက်ပြီးနောက်တွင် ဓားသွားကဲ့သို့ ထက်မြက်သော စူးရှသော ကုရှီအန်း၏ အနက်ရောင် မျက်ဝန်းများကို သူတွေ့လိုက်ရသည်။ အေးစက်သည့်လေက နောက်ကျောကနေ ဖြတ်ပြေးသွားလေ၏။

“လက်ထောက်ဒါရိုက်တာ?”

ပြည်သူ့စစ်သမားတစ်ယောက်က ချန်ကန်းကို မျက်မှန်းတန်းမိကာ တုန်တုန်ယင်ယင် ပြောလိုက်လေသည်။

နန်အန်းပြည့်သူ့စစ်ကောင်တီ တစ်ခုလုံးမှာ ချန်ကန်းကို မသိသူ မည်သူရှိမည်နည်း။ ထို့ပြင် ဘေးနားက လူမှာလည်း တစ်ချက်ကြည့်ရုံဖြင့်ပင် ခပ်ပေါ့ပေါ့လူမဟုတ်ကြောင်း သိနိုင်လေသည်။

ချန်ကန်း ဒေါသအလွန်ထွက်ပြီး မျက်လုံးများနီရဲလာသည်။ သူသည် တပ်မတော်တွင် အသက်တစ်ဝက်မျှ စစ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နှစ်အနည်းငယ်ကြာမှ ပြန်လာခဲ့သည်။ ဤစရိုက်များက အဘယ်သို့ ဖြစ်လာရသနည်း။

ပြည်သူ့စစ်များက လမ်းပေါ်ထွက်ကာ လူများကို သေနတ်နဲ့ အနိုင်ကျင့်နေသည့်အတွက် တစ်ချိန်မှာ ပြန်ပေးဆပ်ကြရပေမည်။

ချန်ကန်းသည် သူ၏ လက်သီးကို တင်းတင်းဆုပ်ပြီး ပြည်သူ့စစ်များစွာကို အဖေအမေတ၍ နာကျင်အော်ဟစ်ရသည်အထိ ရိုက်နှက်ခဲ့သည်။ သူတစ်နှစ်ပတ်လုံး လေ့ကျင့်ခဲ့သည့် ကြွက်သားများမှာ ပြက်ရယ်ပြုဖွယ်မဟုတ်ချေ။

ထိုပြည်သူ့စစ် နှစ်ဦးသည် ရဲဘော်များ၏ သားသမီးများ ဖြစ်ကြသည်။ များသောအားဖြင့် ကောင်တီအတွင်း ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးချုပ်ကိုင်ရန် မိသားစု အဆက်အသွယ်ကိုသာ အားကိုးကြသည်။ ထိုသို့ အလားတူ ဖြစ်ရပ်များ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ထက်မက ဖြစ်ပျက်နေပေသည်။

ရပ်ကွက်ထဲက လူများက ညည်းညူကြသော်လည်း မည်သူမျှ အထွန့်မတက်ရဲကြပေ။

ယခုကဲ့သို့ အကျင့်ပျက်လူ အနည်းငယ်ကို ဆွဲထုတ်ပြီး ရိုက်နေခြင်းကို ဘေးကနေ လက်ခုပ်တီးမိကြလေသည်။ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဟု ဆိုရပေမည်။

ဒဏ်ရာရနေသော လူငယ်ဇနီးမောင်နှံကိုလည်း စိတ်ကောင်းစေတနာကောင်းရှိသည့် အဒေါ်တစ်ဦးက ကူညီခဲ့သည်။ ခြေသလုံးထိမှန်ခဲ့သော ပြည်သူ့စစ်သည် မြေပြင်ပေါ်တွင် အော်ဟစ်ဆဲဖြစ်သည်။

ကုသို့သို့၏ မျက်နှာသည် အထင်အမြင်သေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။“အဖေ ကျည်အလွတ်နဲ့ပစ်လိုက်တဲ့တစ်ယောက်….နာမည်ဘယ်လိုခေါ်လဲ။"

ကျည်အလွတ်ကြီးလား.....

ပြည်သူ့စစ်သမားသည် လျင်မြန်စွာထကာ ဘောင်းဘီကို မြှောက်ကာ စစ်ဆေးကြည့်ရာ အပစ်ခံရသော ခြေသလုံးမှာ ထိခိုက်ဒဏ်ရာမရှိဘဲ အနီရောင်သာ ထင်းနေကြောင်း တွေ့ရလေသည်။

သို့သည်တိုင် ကုရှီအန်း၏ နက်မှောင်သည့် မျက်ဝန်းများကို မြင်လိုက်ရသောအခါ ပြည်သူ့စစ် တော်တော်များများ ထိတ်လန့်သွားပြီး မဲ့ရွဲ့သွားကြသည်။ ထိုသူ၏ သေနတ်ကိုင် ကျွမ်းကျင်မှုမှတဆင့် စစ်တပ်မှ လာသူဖြစ်ကြောင်း ခန့်မှန်းနိုင်လေသည်.

မူးနေသည့် လူတစ်စုမှာလည်း အမူးပြေသွားပြီး လက်ထောက်ဒါရိုက်တာကုနှင့် ချန်ကန်းတို့ထံ အသနားခံ တောင်းပန်ခဲ့သည်။

သနားညှာတာပေးရန် တောင်းဆိုသော်လည်းအသုံးမဝင်ပေ။ ဖခင်နှစ်ဦးသည် ကလေးငယ်များကို ဦးဆောင်ကာ နန်အန်းကောင်တီ ပြည်သူ့လုံခြုံရေးဌာနသို့ အမှိုက်အနည်းငယ်ကို ခေါ်ဆောင်သွားခဲ့လေသည်။

ထိုကိစ္စမှာ ကြီးထွားသွားပြီး ကောင်တီဦးစီးအဖွဲ့ပင် သိသွားလေသည်။ အရိုက်ခံရသော ဇနီးမောင်နှံနှစ်ဦးသည် မိသားစုအခြေအနေကောင်းများရှိပြီး တစ်စုံတစ်ဦးမှ တမင်ကာကွယ်ထားလျှင်ပင် ၎င်းတို့နောက်ကွယ်တွင် အဆက်အသွယ်ရှိနေသည်ဟု မည်သူထင်မိမည်နည်း။

အမှိုက်သရိုက်များမှာ မိုးနတ်မင်းကြီးကိုပင် တလျက် ငိုယိုအသနားခံနေသော်လည်း ရဲဘက်စခန်းကို ပို့လိုက်ကြလေသည်။

သို့သို့၊ ယွမ်ယွမ်၊ ဖင်းအန်တို့ ကလေးများသည် ချန်အန်းလမ်းကို မရောက်ဖူးသော်လည်း ဖခင်တို့က လူဆိုးများကို သတ္တိရှိရှိ အပြစ်ပေးနေသည်ကို တွေ့ရသောအခါ အလွန်စိတ်လှုပ်ရှားနေခဲ့မိလေသည်။

အထူးသဖြင့် ကလေးမလေး ယွမ်ယွမ်သည် အိမ်ပြန်ရောက်သည်နှင့် သူမသည် သူမ၏ ဖခင်နှင့် ဦးလေးချန်တို့၏ သူရဲကောင်းဆန်သော လုပ်ရပ်များကို လင်းယောင်နှင့် လီရှိုကျွမ်းတို့အား အားပါးတရ ပြောပြလေတော့သည်။

လက်ထောက်ဒါရိုက်တာကုနှင့် ချန်ကန်းတို့ကတော့ သူတို့နှုတ်ခမ်းဖျားပေါ်ရှိ အပြုံးများသည် တစ်နေ့တာလုံး မှေးမှိန်မသွားကြပေ။

လီရှိုကျွမ်းက သူမပါးစပ်ကိုဖုံးကာ ဘယ်ညာကြည့်လျက် လင်းယောင်ကို တိုးတိုးလေးပြောသည်။ “အဲ့လူနှစ်ယောက်ကို ကြည့်လိုက်....သူတို့က အတောင်ဖြန့်ထားတဲ့ ဒေါင်းတွေကျနေတာပဲ။ ဒါမျိုးမြင်ရခဲတယ်"

အယ်.....

လင်းယောင် သေသေချာချာ ကြည့်လိုက်သော်လည်း သူမ မျက်နှာမှာ ဖော်မပြနိုင်သည့် အကြည့်များ ရှိနေပေ၏။ ထို့နောက် လင်းယောင် ဆန့်ကျင်ပြီး လီရှိုကျွမ်းပုခုံးကို ပုတ်ပြီး ပြောလိုက်သည်။ "နောက်ကျ နေသားကျသွားပါလိမ့်မယ်။"

လီရှိုကျွမ်း - "……"

ကောင်းပြီလေ......

နှစ်သစ်ကူး ဒုတိယနေ့တွင် နန်အန်းကောင်တီရှိ ရိုးရာဓလေ့မှာ ဖက်ထုပ်စားခြင်း ဖြစ်သည်။

ကုသို့သို့သည် ဖက်ထုပ်မစားချင်ဘဲ အခြားတစ်ခုခုစားချင်သည်။

ဖင်းအန်နှင့် ယွမ်ယွမ်တို့သည် လိမ္မာသောကလေးများဖြစ်ကြသော်လည်း ကောင်ဆိုးကလေးများကဲ့သို ပြုမူနေကြသည်ကိုမြင်သောအခါ လင်းယောင်သည်လည်း စိတ်မဆိုးပေ။ ကုသို့သို့ကလည်း ပြောပေးလေသည်။

“ဖက်ထုပ် မစားချင်ဘူးလား"

“ဟုတ်….."

“ကောင်းပြီလေ....ဒါဆို ရှေးဆိုရိုးစကားအတိုင်း အစားအစာနဲ့ အဝတ်အစားကို လုံလုံလောက်လောက် ကိုယ်တိုင်လုပ်ယူလို့ရတယ်။ ယောက်ျားတစ်ယောက်ဆိုတာ သူ့ဘာသာသူ ချက်ပြုတ်နိုင်တယ်။ ကြက်ဥ၊ ဂျုံမှုန့်နဲ့ ဂေါ်ဖီထုပ်တွေရှိတယ်။ မင်းကြိုက်သလို လုပ်လို့ရတယ်။”

ဘာများခက်လို့လဲ?

ကုသို့သို့သည် ကလေးဘဝကတည်းက ရိုက်နှက်ဆုံးမပြီး သူ့မိခင်က လေ့ကျင့်ပေးခဲ့သည်။ ဆယ်နှစ်အရွယ် ကောင်လေးသည် ဟင်းကောင်းကောင်းချက်တတ်ပေ၏။

ကုသို့သို့သည် ဖင်းအန်ကို မျက်ခုံးပင့်ပြလိုက်သည်။

“ကောင်းပြီလေ…..သွားချက်ကြရအောင်…"

အခန်းထဲမှာ လူဆိုးတစ်ယောက်အကြောင်း စာအုပ်ဖတ်နေသည့် ယွမ်ယွမ်ကလည်း နောက်ကို အမြန်လိုက်လာခဲ့လေသည်။

“သမီးလည်း လိုက်မယ်။ သမီးလည်း လိုက်မယ်။”

ဖင်းအန်က နွေးထွေးစွာ ပြုံးပြပြီး သူမ၏ လက်ဝဝကလေးကို ဆွဲကာ မီးဖိုခန်းသို့ အတူတူ ဝင်သွားကြလေသည်။

လီရှိုကျွမ်းသည် သူမ၏ဗိုက်ကို ပွတ်သပ်လျက် ပြောသည်။ “ဒီကလေးသုံးယောက် ချက်တဲ့ထမင်းကို တကယ်စားနိုင်ပါ့မလား။"

“စားနိုင်ရင် စားလိုက်မယ်လေ။ တကယ်လို့အစ်မ မစားနိုင်ရင်လည်း အမှန်အတိုင်းပြောဖို့ အဖေနှစ်ယောက်ရှိသေးတယ် မဟုတ်လား။"

လင်းယောင်က ပြုံးလိုက်သည်။

လီရှိုကျွမ်းလည်း ဝမ်းသာအားရ လက်ခုပ်တီးလိုက်သည်။ “မရဘူး….ငါ့အိမ်က လူက အကုန်စားတယ်။"

လက်ထောက်ဒါရိုက်တာကုနှင့် ချန်ကန်း - “………”

ကလေး သုံးယောက်မှာ အလုပ်တာဝန်များကို ခွဲဝေယူကြသည်။ ကုသို့သို့သည် ဟင်းသီးဟင်းရွက်များခုတ်ထစ်ခြင်းနှင့် ချက်ပြုတ်ခြင်း၊ ဟင်းသီးဟင်းရွက်များကို ဆေးကြောခြင်းနှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရန် တာဝန်ယူထားပြီး ယွမ်ယွမ်သည် ချစ်စဖွယ်ကောင်းနေမှုအတွက် တာဝန်ယူလေသည်။

ခဏအကြာ ရှုပ်ပွနေပြီး နောက်ဆုံးတွင် ကလေးသုံးဦးသည် နေ့လည်စာအတွက် ဟင်းနှစ်ပွဲ၊ ကြက်သွန်မြိတ်နှင့်ကြက်ဥကြော်တစ်ပန်းကန်နှင့် အိမ်တွင်အသုံးအများဆုံးဟင်းလျာများဖြစ်သည့် ဂေါ်ဖီထုပ်ကြော်တစ်ပန်းကန်တို့ကို ပြင်ဆင်ခဲ့လေသည်။ ကုရှီအန်းနှင့် ချန်ကန်းတို့လည်း နောက်ထပ် ဖက်ထုပ်နှစ်အိုးကို တည်ခင်းကြလေသည်။

ထို့နောက် နေပူပူမှာ မိသားစုနှစ်စု ထိုင်စားကြလေတော့သည်။ လီရှိုကျွမ်း မြည်းစမ်းကြည့်သောအခါ အရသာမှာ အင်မတန်ကောင်းပေ၏။

“အိုး.....ငါတို့ရဲ့ သို့သို့က စားဖိုမှူးဖြစ်သွားတာလား။”

“ဟီးဟီး......ဒီလောက်ပါပဲ။”

“ယောင်ယောင် နင်တို့ နှစ်ယောက် ဘယ်လိုသင်ပေးထားတာလဲ။"

"ဒါပေါ့။ ယောက်ျားလေးတွေကလည်း အိမ်မှုကိစ္စတွေ လုပ်ရမှာပေါ့။”

လင်းယောင်က ပြုံးလိုက်သည်။

ယွမ်ယွမ်သည် လီရှိုကျွမ်းနှင့် စကားစမြည်ပြောနေလေသည်။ ကလေးမလေးသည် ပါးစပ်ပေါက်သေးသေးလေးဖြစ်ပြီး သူ့အစ်ကိုမှာမူ လောဘကြီးသောကြောင်ကလေးဖြစ်သည်။ ကောင်းကောင်းစားချင်သော်လည်း သူ့အမေက ချက်မပေးပေ။ သူ့အဖေကလည်း သူ့အမေဘက်ကသာ ကာပြောပေးသည့်အတွက် သူ့ကိုယ်သူပဲ အားကိုးရလေသည်။ သူလုပ်ခဲ့သည်များကို ရှင်းရှင်းလင်းလင်း ရှင်းပြလေသည်။

လီရှိုကျွမ်းလည်း ရယ်မောလျက် လင်းယောင်ကို စနောက်လှောင်ပြောင်လိုက်သည်။

“အော်….အဲ့လိုလား။"

လင်းယောင်မှာ အရေထူသူဖြစ်ပြီး လီရှိုကျွမ်း ကြိုက်သလောက် ရယ်မောနိုင်ပေသည်။

လက်ထောက်ဒါရိုက်တာကုသည် အနည်းငယ် ပူလာသလို ခံစားလာရပြီး ချောင်းဟန့်ကာ ဘာမှမပြောပေ။

ချန်ကန်းက ပြုံးလျက် သူ့ပါးစပ်ထဲကို ကြက်ဥတစ်လုံးထည့်လိုက်လေသည်။ “ကောင်းလိုက်တာ။ ယောင်ယောင်ရဲ့စကားတွေက အဓိပ္ပာယ်ရှိတယ်။ ငါတို့ အခု လုံခြုံသွားပြီ။ ငါတို့က ခေါင်းကို ဖုံးပြီး လေ့လာနေရတဲ့ စာကြမ်းပိုးတွေလိုပဲကွ။ မင်းရဲ့ရဲဘော်ဟောင်းတွေကို မြို့ကနေ ယူလာခိုင်းထားသေးတယ်နော်။ ဖင်းအန်နဲ့ သို့သို့အတွက် တစ်လက်စဣ၊ ယွမ်ယွမ်အတွက် တစ်လက် သစ်သားသေနတ်သုံးလက်..... ကလေးသုံးယောက် အိမ်မှာ လေ့ကျင့်ကြ။ ဖင်းအန် မင်းက အကြီးဆုံးအစ်ကိုကြီး။ မင်းရဲ့ ညီငယ် ညီမငယ်တွေကို ကာကွယ်ရမယ်။ ဒီကမ္ဘာမှာ လူတွေက အရမ်းဆိုးသွမ်းကြတယ်။ ငါတို့ရဲ့ ယွမ်ယွမ်က အရမ်းချစ်စရာကောင်းတယ်။ တစ်နေ့ သူ လူဆိုးတစ်ယောက်နဲ့တွေ့ပြီး လမ်းမှာ အနိုင်ကျင့်ခံရရင် ဘယ်လိုလုပ်မလဲ။"

ဖင်းအန်သည် အကြိမ်ကြိမ် ခေါင်းညိတ်လေသည်။

၎င်းကိုကြားပြီးနောက် သို့သို့က သူ့ပါးစပ်ထဲကို ဖက်ထုပ်တစ်ထုပ်ကို အမြန်ထည့်လိုက်လေသည်။ “ဦးလေးချန်…..စိတ်မပူပါနဲ့ ဖင်းအန်က ယွမ်ယွမ်ရဲ့လက်ကို နေ့တိုင်း ကိုင်ထားပေးပါတယ်။ ဒါကြောင့် ဆိုးတဲ့ကလေးတွေဆီ မရောက်ပါဘူး။"

၎င်းကို ကုရှီအန်း ကြားသောအခါ သို့သို့၊ နှင့်ဖင်းအန်တို့ ညီအကိုနှစ်ယောက် မီးဖိုချောင်သို့ ဝက်စားနယ်ခြောက်စားရန် သွားရာ သူတို့သမီးငယ်လေး ယွမ်ယွမ်က နောက်ကလိုက်သွားသည်ကို ရုတ်တရက် သတိရသွားသည်။

ငယ်စဉ်ကကဲ့သို့ပင် မောင်နှမ သုံးယောက်သည် ပျော်ပျော်ရွှင်ရွှင် ဆော့ကစားကြသည်။

သူတို့လက်ထပ်တုန်းက ဝက်ဆားနယ်ခြောက်က ထားသည့်နေရာမှာ မြင့်ပြီး ယွမ်ယွမ်မှာမူ သူ့အစ်ကိုများနှင့် ယှဉ်လျှင် သေးသေးလေး ဖြစ်နေဆဲဖြစ်သည်။ သူမ လက်လှမ်းမမီနိုင်သောကြောင့် သူ့အစ်ကို ဖင်းအန်ကို အကူအညီတောင်းခဲ့သည်။

ကုသို့သို့က ရယ်မောရင်း ပြေးလာကာပြောလေသည်။ “ညီမလေး ခြေထောက်လေးတွေက တိုနေတာကို ဝက်ဆားနယ်ခြောက်ကို ဘာလို့ယူတာလဲ။ ညီမလေး မယူနိုင်ရင် လဲကျလိမ့်မယ်။”

ယွမ်ယွမ်က ပြန်တုံ့ပြန်လေသည်။ “ညီမလေး မယူနိုင်ဘူးလို့ ဘယ်သူပြောလဲ။"

ကလေးမလေးက သူ့ကို သက်သေပြချင်သော်လည်း အကြိမ်ကြိမ်ခုန်ပြီးနောက် ပြန်မထနိုင်တော့ပေ။

ကုသို့သို့မှာ ဗိုက်ကိုပွတ်လျက် ရယ်မောလေတော့သည်။

ဖင်းအန်သည် အနားသို့ရောက်လာပြီး ကောင်စုတ်ကလေးအား မပြောမဆို ထုချလိုက်လေတော့သည်။ ထိုအခါ ကောင်စုတ်ကလေးမှာ နာကျင်လွန်း၍ ခေါင်းကို ယမ်းပြီး အော်ဟစ်လေတော့သည်။

ယွမ်ယွမ်သည် ဖင်းအန်၏ လက်မောင်းကို ကိုင်ထားပြီး ကျေနပ်စွာ ပြုံးလိုက်သည်။ “အစ်ကို ဖင်းအန်က သမီးအပေါ် ကြင်နာတုန်းပဲ။”

ထိုအခါ ကုသို့သို့က ဝင်ပြောလေ၏။ “ဖင်းအန်.... မင်း နည်းနည်း ဘက်လိုက်နေတယ်နော်!"

ဖင်းအန်က သူ့ကို တစ်ချက်ကြည့်လိုက်လေသည်။ “ပြဿနာရှာမနေနဲ့။ အဒေါ်လင်းယောင်က နောက်ကျ ဒီကိုလာလိမ့်မယ်။"

ယင်းကို မောင်နှမများကြားသောအခါ ခြင်းတောင်းကို အလောတကြီးဆွဲကာ မိခင်စိတ်ဆိုးမည် စိုးသဖြင့် အလုပ်ရှုပ်ဟန်ဆောင်ကြလေတော့သည်။

ထိုအကြောင်းကို ကုရှီအန်း ပိုတွေးလေလေ တစ်ခုခုမှားလေလေ ဖြစ်လေသည်။ သူ့ပါးစပ်ထဲရှိ ဖက်ထုပ်များသည် ရုတ်တရက် အနည်းငယ်ချဉ်လာသည်။

ညဘက်တွင် လက်ထောက်ဒါရိုက်တာကုသည် အိပ်ယာထဲတွင် လူးလှိမ့်နေလေသည်။

လင်းယောင်လည်း အောင့်အီးမနေနိုင်တော့ဘဲ ဒေါသတကြီးနဲ့ ကန်ထုတ်လိုက်လေသည်။ “ရှင်ဘာလုပ်နေတာလဲ။ ညဘက်မအိပ်ရင်လည်း အရူးထမနေနဲ့။ မအိပ်ချင်ဘူးဆိုရင် ထွက်သွား။"

ကုရှီအန်းလည်း သက်ပြင်းချလိုက်ပြီး စောင်ကိုကိုင်ကာ ထိုင်ချလိုက်သည်။ “သို့သို့ အကြောင်း တွေးနေတာ။ကိုယ် အိပ်မပျော်ဘူး”

“ဘာလို့ အိပ်မပျော်နိုင်ရတာလဲ။ ယွမ်ယွမ်နဲ့ ဖင်းအန်က ဆက်ဆံရေးကောင်းနေလို့လား"

လင်းယောင်သည် စောင်ကို လှန်လိုက်ပြီး မျက်လုံးမှိတ်ကာ အိပ်တော့မည်။ ရုတ်တရက် သူမသည် မျက်လုံး ပြန်ဖွင့်ပြီး သေချာကြည့်လိုက်သည်။ “ကျွန်မပြောမယ်။ သမီးလေးကို ဖင်းအန်က မျက်စိကျသွားမှာ ရှင် စိတ်ပူနေတာမလား။"

လက်ထောက်ဒါရိုက်တာကုက သူ့မျက်နှာကို ပွတ်လိုက်သည်။ "မင်းလည်း အဲ့လိုမထင်ဘူးလား။"

လင်းယောင်သည် မျက်လုံးများကို မှိတ်လိုက်ပြီး ချန်ကန်းနှင့် သူ့ဇနီး၏ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူတို့သမီးငယ်လေး အပေါ်ထားသည့် ချစ်ခြင်းမေတ္တာကို တွေးလိုက်မိသည်။ သူမ သိပ်မသေချာပေ။

ယောက္ခမဖြစ်သူသာ ဖင်းအန်ကို လမ်းဘေးမှာ တောင်းစားနေသည့်ဘဝမှ မကယ်တင်ခဲ့လျှင် ကလေး၏ အနာဂတ်အခြေအနေကို မသိရသေးပေ။ သူတို့လင်မယားနှစ်ယောက်ဟာ သူတို့သားကိုကယ်တင်ခဲ့သည့် ယောက္ခမကို ကျေးဇူးကြွေးတင်နေမိကြသည်။ ထို့အပြင် သူ့သမီးက အသက် မည်မျှ ရှိပြီနည်း။ ဖင်းအန်က အသက်မည်မျှ ရှိပြီနည်း။

မိခင်ဖြစ်သူလည်း ၎င်းကို စဉ်းစားပြီး ကုရှီအန်းအား ပြောပြသည်။

ထိုအခါ ကုရှီအန်းက သူ့မိန်းမကို ပြောလေ၏။ “တာ့ထို့က ဆယ်နှစ်ကျော်တည်းက ချွင်မေကို သဘောကျခဲ့တာကို မေ့သွားပြီလား။"

လင်းယောင် - "……"

၎င်းသည် မှန်သော်လည်း ဆယ်ကျော်သက် အရွယ်တွင်မူ သမီးဖြစ်သူကို အပိုင်သိမ်းလိုသည့် သတ္တိကြောင်သည့် အစ်ကိုကြီးတာ့ထို့လို ကောင်စုတ်လေးများ မည်မျှရှိမည်နည်း။

ခပ်များများ ရှိမည်မဟုတ်ဟု တွေးမိသည်။

ထို့နောက် လင်းယောင်လည်း ထိုအကြောင်းတွေးရင်း သမ်းဝေလျက် အိပ်ပျော်သွားလေသည်။

ကုရှီအန်းသည် မျက်လုံးများကို မှေးရင်း ထိုနေရာတွင် ထိုင်နေသေးသည်။

*

နှစ်သစ်ကူး ဒုတိယနေ့ အပြီးတွင်မူ စားသောက်ရေးနှင့် ပက်သက်ပြီး ကုမိသားစုသည် နှစ်သစ်ကူး၏ ဆယ်ရက်မြောက်နေ့အထိ နန်အန်းကောင်တီတွင် နေထိုင်ခဲ့သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်တွင် ကလေးများသည် နန်အန်းကောင်တီသို့ အလည်အပတ်သွားရောက်ကာ စားသောက်ခြင်း၊ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ခဲ့ကြသည်။

ကုရှီအန်းနှင့် သူ့ဇနီးလည်း နှစ်ပတ်လည် အားလပ်ရက် ကုန်ဆုံးတော့မည်ကို တွက်ပြီး အိမ်ပြန်ဖို့ ပြင်ဆင်နေကြလေသည်။

ချန်အန်းမိသားစုမှ ထွက်ခွာရန် အလွန်တွန့်ဆုတ်နေသော်လည်း ထာဝရတည်မြဲသော ပွဲတော်ဟူ၍ မရှိသည်ကို သူတို့သိသည်။

ကုရှီအန်းသည် နှစ်သစ်ကူး ဆယ်ရက်မြောက်နေ့ ကိုးနာရီ ရထားလက်မှတ်ကို ဝယ်ယူခဲ့သည်။ ယခုရက်ပိုင်း နေသာသော်လည်း ဆောင်းရာသီ၏ အအေးဓာတ်ငွေ့ငွေ့ရှိနေဆဲဖြစ်သည်။ လီရှိုကျွမ်း၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နေပြီး သို့သို့နှင့်ယွမ်ယွမ်တို့ အကြိုက်ဆုံးစာအုပ်ကို ကောက်ကိုင်ထားသည်။ အဆာပြေမုန့်များ၊ သကြားလုံးများအပြင် သူတို့ဝတ်လေ့ရှိသည့် အဝတ်အစားများ၊ ဖိနပ်များကိုပါ အိတ်သေးသေးလေးထဲ ထည့်ထားပြီး မနက်ရောက်လျှင် ကလေးများထံ ထည့်ပေးရန် ပြင်ထားလေသည်။

နောက်နေ့မနက်တွင်မူ နန်အန်းလမ်းမများပေါ်၌ ကြက်တွန်သံ ကြားရပေပြီ။ ကောင်းကင်နှင့်မြေကြီးမှာလည်း မင်ရောင်သန်းလျက်ရှိကာ ဆောင်းဦးနှင့် ဆောင်း၏ နံနက်ခင်းအလင်းရောင်သည် ချက်ခြင်းသွန်းလောင်းကျလာပေသည်။ ချန်ကန်းတို့ မိသားစုဝင် သုံးဦးသည် ကုမိသားစုကို နှုတ်ဆက်ခဲ့ပြီး ဖက်ထုပ်လေးများမှာ ထွက်ခွာရန် ဝန်လေးခဲ့ကြသည်။ အဆွေးဇာတ်ခင်းလျက် ငယ်သံပါလောင် အော်ဟစ်ငိုယိုနေသော ကုသို့သို့၏ အကျယ်လောင်ဆုံးအော်သံကြောင့် သူ့ပတ်ဝန်းကျင်ရှိ ယောင်းမများသည် ကလေးများကိုကြည့်ကာ မည်သူမည်ဝါဖြစ်သည်ကို သိလိုလာသည်။ ကောင်လေးက ဝက်တစ်ကောင်လို ငိုနေတော့သည်...

ကုမိသားစုသည် အပြန်ခရီးအတွက် အထုပ်များကို တင်းတင်းကြပ်ကြပ် ထုပ်ပိုးထားသည်။ ဤနေရာကိုရောက်စဉ်က အိတ်အကြီးအသေးလေးတို့နှင့် မတူတော့ချေ။ အိမ်ပြန်ခရီးက ပိုလွယ်ပေ၏။ တစ်မိသားစုလုံးအတွက် အဝတ်အစားလဲရန်သာ လိုလေသည်။

လီရှိုကျွမ်းသည် ဆောင်းရာသီတွင် မကြာခဏ အပြင်မထွက်တတ်သော်လည်း ဒီနေ့တွင်တော့ လိုက်ပို့ရန်ခေါင်းမာနေသည်။ ယနေ့တွင် သူမ အပြင်မထွက်မီတွင်ပင် အအေးဒဏ်ကြောင့် ခြေထောက်များ ထုံနေခဲ့ပေသည်။

ယွမ်ယွမ်က လီရှိုကျွမ်း၏ ခြေထောက်များကို ခဏမျှ နှိပ်နယ်ပေးလေသည်။ အံ့သြစရာကောင်းသည်မှာ သူ့ခြေထောက်များ ပိုသက်တောင့်သက်သာရှိလာပေ၏။

ထို့နောက် ကလေးမလေးက ဦးလေးနှင့် အဒေါ်ရှိုကျွမ်းတို့ကို နောက်တစ်ခါ လာလည်ဦးမည်ဖြစ်ပြီး ဂရုစိုက်ကြရန် ချိုသာစွာ မှာကြားလေသည်။

ချန်းကန်းလည်း အလွန်စိတ်လှုပ်ရှားသွားပြီး မျက်ရည်များ စီးကျလာကာ ထိုအမှာစကားကို သဘောတူလိုက်လေသည်။

ဤသို့ဖြင့်ပင် ကုမိသားစုသည် အေးချမ်းစွာဖြင့် အိမ်ပြန်ခရီးစတင်ခဲ့လေတော့သည်။

All Chapters