← Chapters

စည်းကမ်းချက် (၂)ခု

Vol. 51 Ch. 751

စည်းကမ်းချက် (၂)ခု

Vol. 51 Ch. 751

“ဟုတ်တယ်.. အမှန်ပဲ…”

မိုက္ခရိုဆော့ဖ်သည် Win895 အား စတင်ထုတ်လုပ်ခဲ့ပြီး အင်တာနက် စာမျက်နှာ ပါရှိပေသည်။ ဤသည်မှာ မိုက္ခရိုဆော့သည် ကွန်ပျူတာ ထိန်းချုပ်မှု စနစ်ကို လက်ဝါးကြီးအုပ်ရန် ပထမဆုံးသော ခြေလှမ်းဖြစ်သည်။ သို့ရာတွင် မိုက္ခရိုဆော့သည် ၎င်းတို့၏ Win95 ၏ အင်္ဂလိပ် ဘာသာ သာရှိသေးသည်။ ထို အင်္ဂလိပ် ဘာသာဖြင့် Win95 ကို တရုတ်ဈေးကွက်သို့ ထိုးဖောက်ရန် ခက်ခဲပေလိမ့်မည်။

(၁၉၉၂)ခုနှစ်တွင် မိုက္ခရိုဆော့ဖ်သည် ၎င်းတို့၏ ထိန်းချုပ်ရေးစနစ်နှင့် (Microsoft office) မိုက္ခရိုဆော့ဖ် ရုံးလုပ်ငန်းသုံးဆော့ဖ်ဝဲကို အဆင့်မြှင့်တင်ရန်အတွက် ပေကျင်တွင် ရုံးခွဲတစ်ခု တည်ထောင်ခဲ့သည်။ သို့ရာတွင် အကျိုးသက်ရောက်မှု အားနည်းခဲ့သည်။ ဤသည်က တရုတ်နိုင်ငံတွင် ကွန်ပျူတာ အသုံးပြုသူ အရေအတွက် ကြောင့် ဖြစ်နိုင်ပေသည်။

ယခုမူ မတူတော့ချေ။ DOS (ကွန်ပျူတာ ခေတ်ဦး ဗဟိုထိန်းချုပ်ရေးစနစ်) အသုံးပြုမှု မကြာမှီ ရပ်တန့်တော့မည် ဖြစ်သည်။ အသုံးပြုရလွယ်ကူသည့် Win95 သည် ဈေးကွက်တစ်ခုလုံးကို သိမ်းပိုက်သွားမည် ဖြစ်ပြီး နောင်တွင် ရုံးသုံးဆော့ဖ်ဝဲများ၊ ဂိမ်းများ စသည်တို့ကို ထိန်းချုပ်ရေးစနစ်အပေါ်တွင် အခြေခံကာ တီထွင်ထုတ်လုပ်ခဲ့သည်။ လီနိုဗိုနှင့် အခြားသော ကွန်ပျူတာ ထုတ်လုပ်သူများအကြား တရုတ်နိုင်ငံတွင် ဈေးနှုန်းစစ်ပွဲသည် မကြာမီ စတင်တော့မည် ဖြစ်ပြီး တရုတ်နိုင်ငံရှိ ကွန်ပျူတာ သုံးဆွဲသူ အရေအတွက် လျင်မြန်စွာ တိုးလာမည် ဖြစ်သည်။

အကယ်၍ လီနိုဗိုသည် ယခု Win95 ၏ တရုတ်ဘာသာကို ထည့်သွင်းနိုင်မည် ဆိုပါက မိုက္ခရိုဆော့ဖ်သည် တရုတ်ဈေးကွက်သို့ ဝင်ရောက်ရန် အထောက်အကူ ဖြစ်စေပေမည်။

သို့ရာတွင် ဖုန်းယွီသည် ဤသည်ကို အလကားလုပ်ပေးမည် မဟုတ်မှန်း ဘီလ်ဂိတ် သိပေသည်။ ဖုန်းယွီသည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကွန်ပျူတာ ထုတ်လုပ်သူ၏ ရှယ်ယာများ ပိုင်ဆိုင်ထားကြောင်း သူသိပေသည်။ ဖုန်းယွီသည် ကုမ္ပဏီ(၂)ခုအကြား ပူးပေါင်း ဆောင်ရွက်မှု အကြောင်း ဆွေးနွေးရန် ယခုတွေ့ဆုံကြခြင်း ဖြစ်သည်။

“လီနိုဗိုရဲ့ ကွန်ပျူတာ အားလုံးမှာ ထိန်းချုပ်ရေးစနစ်၊ ရုံးသုံးစနစ်နဲ့ အင်တာနက် စာမျက်နှာတွေ ထည့်ပေးမယ်.. အဲ့ အချက်တွေဆိုရင် အဆင်ပြေလောက်မလား..”

ဘီလ်ဂိတ် စိတ်လှုပ်ရှားနေပေသည်။ ဤအခြေအနေကို ကျေနပ်ပေသည်။ အကယ်၍ သဘောတူညီချက် တစ်ခု ရခဲ့ပါက မိုက္ခရိုဆော့၏ အမြတ်ငွေသည် နောက်တစ်ဆင့်သို့ တက်လာမည် ဖြစ်သည်။ ထို့အပြင် ဤပူးပေါင်း ဆောင်ရွက်မှုကို ကြေညာပြီးနောက် ရှယ်ယာဈေးနှုန်းများ မြင့်တက်လာမည် ဖြစ်သည်။

တရုတ်နိုင်ငံတွင် ဈေးကွက်သစ်တစ်ခု ဖွင့်လှစ်ခြင်းသည် ရင်းနှီးမြုပ်နှံသူများကို ပို၍ ဆွဲဆောင်နိုင်ကာ မိုက္ခရိုဆော့၏ အစုရှယ်ယာများနှင့် ပတ်သက်၍ တိုက်ပွဲဝင်မည် ဖြစ်သည်။

“ငါ ဘာလုပ်ပေးရမလဲ..”

ဘီလ်ဂိတ် ပြန်မေးလိုက်သည်။

ဤသည်က ဆွဲဆောင်မှု ရှိပေသည်။ သို့ရာတွင် ဖုန်းယွီ၏ တောင်းဆိုချက်များ အလွန်ပြင်းထန်ပါက ဘီလ်ဂိတ် သဘောတူမည် မဟုတ်ချေ။ တရုတ်နိုင်ငံတွင် ကွန်ပျူတာ အမှတ်တံဆိပ် များစွာရှိကာ အချို့ဆိုလျှင် မိုက္ခရိုဆော့ဖ် နှင့် ပူးပေါင်း လုပ်ဆောင်နေပေပြီ။

ဖုန်းယွီ လက်နှစ်ချောင်း ထောင်ပြကာ..

“တောင်းဆိုစရာ အချက်(၂)ချက်ပဲ ရှိတယ်.. ပထမ အချက်အနေနဲ့ တစ်ကမ္ဘာလုံးမှာ ဈေးအနိမ့်ဆုံးနဲ့ လိုချင်တယ်..”

“ဖုန်း.. အဲ့ဒါတော့ မဖြစ်နိုင်ဘူး.. ငါတို့ ထုတ်ကုန်တွေမှာ စံနှုန်းတွေရှိတယ်.. တစ်ကမ္ဘာလုံးအတွက် အတူတူပဲ.. မင်းတို့ အတွက် သီးသန့်ဈေးလျော့ပေးလို့မရဘူး..”

ဘီလ်ဂိတ် ပယ်ချလိုက်သည်။

ဖုန်းယွီ သူ့ကို စိုက်ကြည့်နေပေသည်။ တစ်ကမ္ဘာလုံး အတူတူလော။ ကမ္ဘာပေါ်ရှိ ကုန်ပစ္စည်းများသည် ဈေးနှုန်း တူညီလိမ့်မည် မဟုတ်ချေ။ ဒေသ ကွာခြားမှုအပေါ် မူတည်ကာ ဒေသအလိုက် နှုန်းထားများမှာ ကျိန်းသေပေါက် ကွာခြားမှု ရှိလိမ့်မည်။

“ဘီလ်.. မင်း တရုတ်ဈေးကွက်ကို မဝင်ချင်ဘူးလား.. ငါ့လူတွေက တရုတ်ဘာသာ ပြောင်းဖို့ တာဝန်ယူမယ်လို့ ပြောထားတယ်.. ဈေးတော့ လျှော့ပေးရမယ်.. မဟုတ်ရင် ကုန်ကျစရိတ် ဘယ်လိုလုပ် ကာမိမှာလဲ..”

“ငါတို့လဲ တရုတ်ဘာသာစကားနဲ့ ထိန်းချုပ်ရေးစနစ် ထုတ်လုပ်နိုင်ပါတယ်..”

ဘီလ်ဂိတ် ပြန်လည် ချေပခဲ့သည်။ ဖုန်းယွီ ပုခုံးတွန့်ပြကာ..

“မင်း တရုတ်ဘာသာစကား နားလည်လို့လား.. မိုက္ခရိုဆော့ဖ်မှာရှိတဲ့ ဝန်ထမ်းတွေထဲ တရုတ်စကားသိတာ ဘယ်နှစ်ယောက် ရှိလို့လဲ.. တရုတ်ဘာသာစကားဆိုတာ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး ဘာသာစကား တစ်ခုပါ.. ရှုတ်ထွေးလွန်းတယ်.. ငါတို့ တရုတ်တွေတောင် ဒီဘာသာစကားနဲ့ ပတ်သက်တာအားလုံး သိတယ်လို့ မပြောရဲဘူး.. မင်းကုမ္ပဏီမှာရော ဘယ်သူ ပြောရဲလဲ..”

“ငါတို့မှာ တရုတ်နိုင်ငံက အင်ဂျင်နီယာတွေ အများကြီးပါ… အရမ်းရှုတ်ထွေးတဲ့ စကားလုံးတွေ မလိုဘူး.. ရိုးရှင်းအောင် လုပ်ဖို့ပဲ လိုတယ်.. ငါတို့ Win95 လည်ပတ်မှုစနစ်ရဲ့ သဘောတရားက ရိုးရှင်းပြီး သုံးရလွယ်ကူတယ်..”

ဘီလ်ဂိတ် ပြန်ဖြေလိုက်သည်။

မိုက္ခရိုဆော့ဖ်တွင် တရုတ်ဝန်ထမ်းများ မရှိဟု မည်သူ ပြောသနည်း။ နိုင်ငံခြားမှ ဘွဲ့ရသည့် တရုတ်အများအပြား ငှားထားပေသည်။ ဤသည်မှာ တရုတ်ဈေးကွက်သို့ ဝင်ရောက်ရနတ် ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ခြင်းပင်။ ဤသည်ကို ထောက်ရှု၍ မိမိ မည်မျှ အမြော်အမြင်ရှိကြောင်းပင်။

ဖုန်းယွီ မျက်ခုံးပင့်လိုက်သည်။ မိုက္ခရိုဆော့ဖ်သည် ယခင်က ထိုနည်းကို စဉ်းစားခဲ့လောက်ပေသည်။ သို့ရာတွင် ထိုတရုတ်ပြည်ပ ဘွဲ့ရများသည် အမှန်တကယ် ထူးချွန်သူများလော။ နောင်တွင် ထူးခြားသော တရုတ် အင်ဂျင်နီယာများ ရှိကောင်းရှိနိုင်ပေသည်။ သို့ရာတွင် ယနေ့ခေတ် အကောင်းဆုံး တရုတ်ဘာသာစကား ပရိုဂရမ်မာ များအားလုံး တရုတ်ပြည်တွင်း၌သာ ရှိနေပေသည်။

“ဒီ(၂)နှစ်အတွင်း မင်းခေါ်ထားတဲ့ ဘွဲ့ရတွေကို ပြောနေတာလား.. သူတို့ကရော တကယ် ထူးချွန်တယ်လို့ မင်းထင်လား.. ပြီးတော့ သူတို့တွေ မမေရိကန်မှာ ပညာသင်ထားတယ်.. တရုတ်တွေ ဘာကိုလိုချင်တယ်ဆိုတာ သိနိုင်ပါ့မလား.. တရုတ်ကပဲ တရုတ်တွေ အကြောင်း ကောင်းကောင်း သိတာ..”

“ပြည်ပရောက် တရုတ်ကျောင်းသားတွေကလဲ တရုတ်ပဲ မဟုတ်ဘူးလား.. စကားလုံး ရှုတ်ရှုတ်ထွေးထွေးတွေ မလိုပါဘူး.. ကလေး လူကြီးနားလည်တယ်ဆို လုံလောက်ပြီလေ..”

ဖုန်းယွီသည် ဘီလ်ဂိတ်အား ကြည့်ပြီးနောက် နောက်ပြန်ဆုတ်ကာ သူ့ခြေထောက်များ ချိတ်ထိုင်လိုက်ကာ..

“ဘီလ်.. မင်းငါ့အကြောင်း ကောင်းကောင်း မသိသေးဘူးပဲ.. ငါ့မှာ ရင်းနှီးမြုပ်နှံမှုတွေ အများကြီးရှိတယ်.. ဘယ်ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံထားပါစေ.. ငါ့အတွက် စက်မှုလုပ်ငန်းက အကောင်းဆုံးပဲ.. မင်းတကယ်ကို အဲ့ဒီ စက်မှု လုပ်ငန်းတွေမှာတောင် ငါ့ကုမ္ပဏီတွေထက် ပိုကောင်းတဲ့ ကုမ္ပဏီ မရှိဘူးလို့ထင်လား..”

ဘီလ်ဂိတ်၏ မျက်နှာသည် ပြောင်းလဲသွားသည်။ သူ၏ တရုတ်ဝန်ထမ်းများ ပြောစကားကို သတိရသွားမိသည်။ တရုတ်တွင် အစိုးရသည် ဈေးကွက်ထက် ပိုမို ဩဇာကြီးသည်ဟု ပြောကြပေသည်။ အာဏာရှိသူ အချို့သည် စီးပွားရေးဘက်ကို အချိန်မရွေး လွှမ်းမိုးနိုင်ကာ ၎င်းတို့ ကြိုက်နှစ်သက်သည့် ကုမ္ပဏီကို ပိတ်ပစ်ရန် အတင်းအကြပ် လုပ်ဆောင် တတ်ကြသည်။

ဖုန်း အနေဖြင့် မိုက္ခရိုဆော့ကို တရုတ်ဈေးကွက်အတွင်း မဝင်နိုင်သည်အထိ တားဆီးနိုင်ကြောင်း ပြောချင် နေသည်လော။

“ဖုန်း.. မင်း ဘာကို ပြောချင်တာလဲ..”

ဖုန်းယွီ ပြန်ပြုံးပြကာ..

“ဒါကတော့ ငါဘာကို ပြောချင်တယ်ဆိုတာ မင်းမြင်တဲ့အပေါ် မူတည်ပါတယ်.. ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အကြံ ပေးနေတာပါ.. နောက်ဆုံးအနေနဲ့ ငါ့မှာ မိုက္ခရိုဆော့ဖ် ရှယ်ယာတွေ ပိုင်ထားတော့ မိုက္ခရိုဆော့ဖ် တရုတ်ဈေးကွက် ကို ဆုံးရှုံးသွားတာ မမြင်ချင်ပါဘူး..”

ဖုန်းယွီ ရည်ရွယ်ချက်ရှိရှိ ပြောနေကာ ဘီလ်ဂိတ်ကို တွေးကြည့်ခွင့်ပင် မပေးချေ။

“မင်းက မိုက္ခရိုဆော့ဖ် ရှယ်ယာတွေ ပိုင်ထားပြီး မိုက္ခရိုဆော့ဖ်ကနေ ဘာလို့ ငွေရှာချင်နေတာလဲ..”

ဘီလ်ဂိတ် ဖုန်းယွီအား မေးလိုက်သည်။

“ငါ့ရဲ့ ဒုတိယ တောင်ဆိုမှုက မိုက္ခရိုဆော့ဖ် ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် ဖြစ်ချင်ပါတယ်..”

ဝါရန်ဘတ်ဖက်သည် ရင်းနှီးမြုပ်နှံမှုတိုင်းတွင် ကုမ္ပဏီရှယ်ယာများ ရယူပြီးနောက် ဒါရိုက်တာ ဘုတ်အဖွဲ့သို့ ဝင်ရောက်ရန် ငွေအမြောက်အများ သုံးစွဲမည် ဖြစ်သည်။ ကုမ္ပဏီ အချို့ကိုလည်း တိုက်ရိုက်ဝယ်ယူခဲ့သည်။

ဝါရန်ဘတ်ဖက်ပင်လျှင် လုပ်နိုင်ပါက ဖုန်းယွီ မည်သည့်အတွက် မလုပ်နိုင်ရမည်နည်း။

ဤကုမ္ပဏီကို မိုက္ခရိုဆော့ဖ်ဟု ခေါ်တွင်သော်လည်း ဘီလ်ဂိတ်သည် ယခု ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်နေသည့် တိုင် ဖုန်းယွီမှာမူ အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်နေပေသည်။ ဖုန်းယွီသည် မိုက္ခရိုဆော့ဖ်၏ တတိယ အကြီးဆုံး ရှယ်ယာရှင်ဖြစ်ကာ ဘုတ်အဖွဲ့ဝင်များထက်ပင် ရှယ်ယာပိုမို ပိုင်ဆိုင်ထားပေသည်။

ဖုန်းယွီသည် ဘုတ်အဖွဲ့ ဥက္ကဋ္ဌဖြစ်ရန် မည်သည့်အခါတွင်မှ မတွေးခဲ့ပေ။ ထိုသို့လည်း မဖြစ်နိုင်။ ဘီလ်ဂိတ်နှင့် ပေါအယ်လန်တို့သည် အနီးကပ် ရှိနေကြပြီး ၎င်းတို့၏ အခွင့်အာဏာကို မည်သည့်အခါတွင်မှ လက်လွှတ်မည် မဟုတ်ချေ။

ပေါအယ်လန်သည် မိုက္ခရိုဆော့ဖ်မှ ထွက်သွားသည်မှာ နှစ်အတန်ကြာသွားသော်လည်း လွန်ခဲ့သည့် နှစ်ပိုင်းက ဘုတ်အဖွဲ့သို့ ပြန်လည် ရောက်ရှိလာသည်။ သူသည် ဘီလ်ဂိတ်နှင့် ဆက်ဆံရေးကောင်း ရှိပေသည်။ ဖုန်းယွီနှင့် နှိုင်းယှဉ်ပါက ဘီလ်ဂိတ်နှင့် ပိုရင်းနှီးပေသည်။

ကျန်ဒါရိုက်တာများသည် ဘီလ်ဂိတ်အား ထောက်ခံကြပေလိမ့်မည်။ ဖုန်းယွီ မည်သို့မှ ဥက္ကဋ္ဌ မဖြစ်နိုင်ချေ။ သို့ရာတွင် ဒါရိုက်တာတစ်ယောက် ဖြစ်ရန်မူ ပြသနာ မရှိလောက်ပေ။

ဖုန်းယွီသာ ဒါရိုက်တာ ဖြစ်မလာပါက ကုမ္ပဏီ၏ လုပ်ငန်းကိစ္စများတွင် ပြောစရာ စကား မရှိတော့ချေ။ ဖုန်းယွီ သည်းမခံနိုင်သည်တော့ မဟုတ်ချေ။ မိုက္ခရိုဆော့ဖ်တွင် ဖုန်းယွီ၏ ရင်းနှီးမြုပ်နှံမှုသည် အမြတ်အစွန်း ရမည်မှာ သေချာသော်လည်း သူသည် ကုမ္ပဏီ၏ ဗျူဟာပိုင်းကို လွှမ်းမိုးနိုင်ပါက ပိုကောင်းပေလိမ့်မည်။

ဘီလ်ဂိတ် ဖုန်းယွီအား ခေတ္တစိုက်ကြည့်နေမိသည်။ ဆိုလိုသည်မှာ ဖုန်းယွီသည် ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်ရန် ရည်မှန်း ထားသည်လော။

ကုမ္ပဏီ၏ ရှယ်ယာ (၁၅)ရာခိုင်နှုန်းဖြင့် ဖုန်းယွီသည် ဒါရိုက်ဘုတ်အဖွဲ့သို့ ဝင်ရောက်ရန် အကျိုးအကြောင်း သင့်ပေသည်။ သို့ရာတွင် ဖုန်းယွီ ပိုင်ဆိုင်ထားသည့် အစုရှယ်ယာများ အားလုံးသည် မဲပေးပိုင်ခွင့်မရှိသော ရှယ်ယာ များသာပင်။ ဖုန်းယွီသည် ဒါရိုက်တာ ဘုတ်အဖွဲ့အတါင်း ဝင်ခွင့်ရမည် ဆိုပါက မဲပေးပိုင်ခွင့် ရှိလာမည် ဖြစ်သည်။ ဖုန်းယွီ၏ ရှယ်ယာ ရာနိုင်နှုန်းသည် ဘီလ်ဂိတ်၏ ရာထူးကို ခြိမ်းခြောက်နိုင်မည် မဟုတ်သော်လည်း ဖုန်းယွီအား ဖိနှိပ်၍ မရချေ။

ဘီလ်ဂိတ် ခေတ္တစဉ်းစားပြီးမှ ဖုန်းယွီအား ထပ်မံကြည့်ကာ..

“ဒါရိုက်တာ ဘုတ်အဖွဲ့မှာ မင်းကို ဝင်ခွင့်ပေးဖို့ ငါဆုံးဖြတ်လို့ မရဘူး..”

ဖုန်းယွီ လက်ပိုက်လိုက်ကာ ပြုံးပြရင်း..

“ငါကတော့ စောင့်နိုင်ပါတယ်.. ဒါပေမယ့် မိုက္ခရိုဆော့ဖ်ရဲ့ ထိန်းချုပ်ရေးစနစ် တရုတ်ဈေးကွက်ဝင်ဖို့ စောင့်နိုင်ရဲ့လား..”

-------*****--------

All Chapters