← Chapters

နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် အနေအထား

Vol. 51 Ch. 752

နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် အနေအထား

Vol. 51 Ch. 752

ဘီလ်ဂိတ် ပြန်လည် တိတ်ဆိတ် သွားပြန်သည်။ မိုက္ခရိုဆော့ဖ်သည် လွန်ခဲ့သည့် ဇူလိုင်လကတည်းမှ ယုံကြည်မှု ဆန့်ကျင်ရေး တရားစွဲဆိုမှု အများအပြား ရင်ဆိုင်နေရပေသည်။ ၎င်းတို့အား ဌာနများစွာမှ တရားစွဲခဲ့ကာ လုပ်ငန်း အမူအကျင့်များ ပြောင်းလဲခဲ့ရသည်။

မိုက္ခရိုဆော့ဖ်သည် ၎င်းတို့၏ လည်ပတ်မှုစနစ်၏ ဦးဆောင်သူ အဆင့်အတန်းကို အသုံးချကာ ကွန်ပျူတာ များတွင် မိုက္ခရိုဆော့ဖ်၏ ထိန်းချုပ်လည်ပတ်မှုစနစ်ကို အသုံးကြသည့်တိုင် ဆက်စပ်ပစ္စည်း ထုတ်လုပ်သူများသည် ၎င်းတို့၏ ထိန်းချုပ်လည်ပတ်မှုစနစ်များ အသုံးပြုမှုအတွက် အခကြေးငွေ တောင်းခံခဲ့သည်။

ဤသည်မှ မိုက္ခရိုဆော့ဖ်အနေဖြင့် သည်းမခံနိုင်သည်ကို ပြသနေပေသည်။ ထိုတောင်းဆိုမှုကြောင့် အမေရိကန် အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုဖြင့် မိုက္ခရိုဆော့ဖ်၏ ရှယ်ယာဈေးများ ကျဆင်းခဲ့ရသည်။

Apple သည် ၎င်း၏ မူပိုင်ခွင့်များကို ချိုးဖေါက်မှုအတွက် မိုက္ခရိုဆော့ကိုလည်း တရားစွဲဆိုထားပေသည်။ လက်ရှိ Apple ၏သူဌေးမှာ စတိဂျော့ချ် မရှိသေးချေ။

(ဘာသာပြန်ဆိုသူ မှတ်ချက်။ Apple ကို စတိဂျော့ချ် တည်ထောင်သည်ဟုသာ ဖတ်မှတ်ဖူးထားပါသည်။)

မိုက္ခရိုဆော့ဖ်သည် အမေရိကန်၌ မြဲမြဲရပ်တည်ကာ နိုင်ငံရပ်ခြားတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ဈေးကွက်သစ် ဖွင့်ရန် အရေးတကြီး လိုအပ်နေပေသည်။ ၎င်းတို့သည် ဈေးကွက်ခေါင်းဆောင်အဖြစ် အဆင့်တစ်ခု တည်မြဲနိုင်ရန် Apple နှင့် အခြားကုမ္ပဏီများ ဈေးကွက်ဝေစု လုယူခြင်းမှ ကာကွယ်တားဆီးရန် လိုအပ်နေပေသည်။

ထိန်းချုပ်လည်ပတ်မှုစနစ် ထုတ်လုပ်သည့် အခြားကုမ္ပဏီများလည်း ရှိပေသည်။ Apple ၏ ထိန်းချုပ် လည်ပတ်မှု စနစ်သည်လည်း ပျံ့နှံ့နေချေပြီ။ ဥရောပနှင့် အာရှရှိ အခြားကုမ္ပဏီများစွာသည်လည်း မိုက္ခရိုဆော့ဖ်နှင့် ယှဉ်ပြိုင် နေကြပေသည်။ ဥပမာအားဖြင့် အိန္ဒိယတွင် ၎င်းတို့၏ ကိုယ်ပိုင် ထိန်းချုပ်လည်ပတ်မှုစနစ် ရှိပြီး မိုက္ခရိုဆော့ဖ် အနေဖြင့် အန္ဒိယဈေးကွက်သို့ ဝင်ရောက်ခြင်းမှ အတားအဆီးဖြစ်စေခဲ့သည်။

တရုတ်နိုင်ငံ၏ ဆန်းသစ် တီထွင်မှုများမှာလည်း ကမ္ဘာကျော်ခဲ့သည်။ တရုတ်များသည် ကုမ္ပဏီ တစ်ခု တည်ထောင်ကာ ၎င်းတို့၏ ကိုယ်ပိုင် ထိန်းချုပ်လည်ပတ်မျုစနစ်အား မည်သည့်အချိန်တွင် တီထွင်မည်ကို မည်သူ သိနိုင်မည်နည်း။ ၎င်းတို့သည် မိုက္ခရိုဆော့ဖ်၏ တရုတ်ဈေးကွက်သို့ ဝင်ရောက်မည့် အခွင့်အရေးကို နည်းသွား စေလိမ့်မည်။

အခြေခံအားဖြင့် အချိန်အလွန် ကြပ်တည်းနေသည့် အချက်ဖြစ်သည်။ ဖုန်းယွီသည် ဘီလ်ဂိတ်ကို အချိန်နှောင့်နှေး စေလေလေ မိုက္ခရိုဆော့ဖ်တွင် အားနည်းချက် ပိုများလာလေလေပင်။

ဖုန်းယွီသည် မိုက္ခရိုဆော့အား တရုတ်နိုင်ငံအတွင်း ဝင်ရောက်ခြင်းကို တားမြစ်နိုင်ကြောင်း အရိပ်အခြေ ပြောထား သည်။

ဖုန်းယွီ ကြွားဝါနေခြင်းမဟုတ်ချေ။ သူသည် ဗဟိုအစိုးရ ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံကာ တရုတ်၏ ကိုယ်ပိုင် ထိန်းချုပ်လည်ပတ်မှုစနစ် ဖွံ့ဖြိုးတိုးတက်စေရန် အကြံပြုနိုင်သေးသည်။ ထိုသို့ ပြုလုပ်ပါက မိုက္ခရိုဆော့ဖ် တရုတ်နိုင်ငံအတွင်း ဝင်ရောက်မှုကို ပိတ်ဆို့နိုင်မည့်အခြေအနေ ပို၍ မြင့်မားလာပေမည်။

ဖုန်းယွီ ယခင်ဘဝတွင် မိုက္ခရိုဆော့ဖ်၏ ထိန်းချုပ်လည်ပတ်မှုစနစ်ကို အသုံးများသော်လည်း တရုတ်အစိုးရနှင့် အစိုးရပိုင် စီးပွားရေး လုပ်ငန်းများသည် ၎င်းတို့၏ ကိုယ်ပိုင် ထူးခြားသည့် လည်ပတ်မှုစနစ် သုံးနေကြဆဲပင်။ ထိုလည်ပတ်မှု စနစ်များကို တရုတ်ကုမ္ပဏီများမှ တီထွင်ခဲ့ခြင်း ဖြစ်သည်။

အင်တာနက် လုံခြုံရေး ပြဿနာလည်း ရှိပေလိမ့်မည်။ ဖုန်းယွီ၏ ယခင်ဘဝတွင် လီနိုဗိုသည် IBM ကိုဝယ်ယူကာ အမေရိကန်အစိုးရမှ IBM ထုတ်ကုန်များ ဝယ်ယူခြင်းမပြုရန် တားမြစ်ခံရပေသည်။ IBM ထုတ်ကုန်များသည် ဈေးသက်သာသော်လည်း အမေရိကန်အစိုးရမှ အသုံးမပြုရဲချေ။ လုံခြုံရေး ထိခိုက်စေမည့် လျှို့ဝှက် ထိန်းချုပ်မှု များကို ကြောက်ရွံ့ရပေသည်။

ဤသည်က တရုတ်အစိုးရနှင့် အတူတူသာပင်။ အခြား ဈေးသက်သာသည့် ကွန်ပျူတာများအစား လီနိုဗို ကွန်ပျူတာ ကိုမည်သည့်အတွက် ရွေးချယ်ရသနည်း။ လုံခြုံရေး ပြဿနာ‌ျေကြာင့်ပင်။

ထိုအကြောင်းပြချက်များသည် မိုက္ခရိုဆော့ဖ် တရုတ်ဈေးကွက်သို့ မဝင်နိုင်ရန် တားဆီး၍ မရချေ။ ဖုန်းယွီ၏ ယခင်ဘဝတွင် မိုက္ခရိုဆော့ဖ်သည် တရုတ်ဈေးကွက်တွင် မည်မျှ ကျော်ကြားခဲ့သနည်း။ မိုက္ခရိုဆော့ဖ်၏ ထိန်းချုပ် လည်ပတ်မှုစနစ်၏ ကုဒ်များ(ဆော့ဖ်ဝဲ ရေးသားရာတွင် အသုံးပြုရေးသားသည်များကို ကုဒ်များဟု ခေါ်ဆိုကြသည်။) ဖောက်ထွင်း အသုံးချခြင်းကြောင့် ဆော့ဖ်ဝဲဘုရင်ကို တရားစွဲခဲ့ခြင်းပင်။

ထိုအချိန်၌ အစိုးရအပါအဝင် တရုတ်ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များသည် မိုက္ခရိုဆော့ဖ်ကို ခိုး၍ သုံးနေကြသည်။ မိုက္ခရိုဆော့ဖ်သည် ၎င်းတို့အား လျစ်လျူရှုထားရန်သာ ဆုံးဖြတ်ခဲ့ပြီး တရုတ်လူမျိုးများ ခိုးကူး ဆော့ဖ်ဝဲကို အသုံးချကာ အခြားဆော့ဖ်ဝဲ ကုမ္ပဏီများကို ဒုက္ခပေးသည့် အခါတွင်မှ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ ထို့နောက် မိုက္ခရိုဆော့ဖ်သည် တရုတ်ဈေးကွက်တစ်ခုလုံးကို သိမ်းပိုက်ခဲ့ပြီး တရုတ်တွင် ပြိုင်ဖက် မရှိတော့ချေ။

ထိုနည်းဗျူဟာသည် မိုက္ခရိုဆော့ဖ်၏ အမြတ်အစွန်းကို ဆုံးရှုံးမှု ကြီးကြီးမားမား ခံစားစေသော်လည်း နောက်ဆုံး နည်းလမ်း တစ်ခုသာဖြစ်သည်။ ယခုမူ ဘီလ်ဂိတ်သည် ဖုန်းယွီ၏ တောင်းဆိုချက်များကို သဘောတူပါ မိုက္ခရိုဆော့ဖ်သည် ၎င်းတို့၏ မူရင်းဆော့ဖ်ဝဲကို တရုတ်နိုင်ငံတွင် မိတ်ဆက်ပေးနိုင်မည့်အပြင် အကျိုးအမြတ်များ ဆက်လက်ရရှိပေလိမ့်မည်။ ဤသည်မှာ မိုက္ခရိုဆော့ဖ်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးပေသည်။

“ဖုန်း.. ငါ ဒီကိစ္စ ကျန်တဲ့လူတွေနဲ့ ဆေးနွေးဖို့ လိုမယ်.. တရုတ်မှာရှိတဲ့ ငါတို့ရဲ့ ထိန်းချုပ် လည်ပတ်မှုစနစ်တွေ အထူးနှုန်းထားကိစ္စ ပြောကြည့်ကြမယ်.. မင်းဘယ်နှုန်းထားလောက် လိုချင်လဲ..”

ဘီလ်ဂိတ် မေးလိုက်သည်။

“Win95 နဲ့ ရုံးလုပ်ငန်းသုံး ဆော့ဖ်ဝဲ အပါ ထိန်းချုပ်လည်ပတ်စနစ် အပြည့်အစုံပေါ့.. ကျုပ်တို့ ကွန်ပျူတာ အားလုံးမှာလဲ အင်တာနက် စာမျက်နှာ ထည့်ပေးထားမယ်.. တရုတ်နိုင်ငံက မိုက္ခရိုဆော့ဖ် မြှင့်တင်ဖို့အတွက် အထောက်အကူ ဖြစ်စေရမယ်.. အဲ့လို တစ်စုတစ်လုံးတည်းကို ယွမ်(၁၀၀)နဲ့ အဆင့်မြှင့်တင်ခြင်း အခမဲ့ ဝန်ဆောင်မှုတွေ ပါရမယ်..”

“ယွမ် (၁၀၀)လား.. ကန်ဒေါ်လာနဲ့ဆို ဘယ်လောက်လဲ..”

ဘီလ်ဂိတ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ ယွမ်နှင့် ကန်ဒေါ်လာ နှိုင်းယှဉ်ပါက အလွန်နည်းကြောင်း သူသတိရလိုက်သည်။

“(၁၂)ကန်ဒေါ်လာလောက်ပေါ့..”

ဖုန်းယွီ ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။

“ဘယ်လို.. (၁၂)ဒေါ်လာလား.. မဖြစ်နိုင်ဘူး.. ငါတိ့ရဲ့ စနစ်ကို အသုံးပြုက (၁၂)ဒေါ်လာ မကဘူးလေ.. Win95 တင်ပဲ အနည်းဆုံး ဒေါ်လာ(၁၀၀)ကျတယ်.. မင်းက ငါတို့ကို (၁၀)ရာခိုင်နှုန်းတောင် မရှိတဲ့ဈေးနဲ့ ကျန်တဲ့ ဆော့ဖ်ဝဲတွေပါ လိုချင်နေတာလား.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..”

ဤသည်က ရယ်စရာကောင်းသည့် နှုန်းထား တစ်ခုပင်။ ဤသည်ကို ဘီလ်ဂိတ် ဘယ်တော့မှ သဘောတူမည် မဟုတ်ချေ။

“ဘီလ်.. တစ်ခုတော့ သတိပေးပါရစေ.. လီနိုဗိုနဲ့ ပူးပေါင်းပြီး ငွေရှာလို့ရသေးတယ်.. နောက်ဆုံးဗျာ.. မင်း စနစ် အပြီးသတ် တီထွင်ပြီးရင် အဲ့စနစ် တပ်ဆင်ထားတဲ့ ကွန်ပျူတာတိုင်းကနေ ဝင်ငွေရှာလို့ရမယ်.. မိုက္ခရိုဆော့ဖ်ရဲ့ လည်ပတ်မှုစနစ်ကို သုံးမယ့်သူမရှိရင် မင်းတပြားမှ ရမှာမဟုတ်ဘူး..”

“ဘယ်လို ဖြစ်နိုင်မှာလဲ.. ငါတို့ လည်ပတ်မှုစနစ်က အကောင်းဆုံးပဲကို..”

“လည်ပတ်မှုစနစ် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေမှ အများကြီးပဲ… တရုတ်နိုင်ငံမှာကို ဆော့ဖ်ဝဲလ်နဲ့ လည်ပတ်မှုစနစ် တီထွင်တဲ့ ကုမ္ပဏီတွေမှ အများကြီး.. အဲ့ကုမ္ပဏီတွေနဲ့ ပူးပေါင်းကြီး တရုတ်ဘာသာစကားနဲ့ လည်ပတ်မှုစနစ် တီထွင်လိုက်မယ်ဆိုရင် မိုက္ခရိုဆော့က တရုတ်ဈေးကွက်ကို လုံးဝ ဆုံးရှုံးသွားလိမ့်မယ်..”

“မင်းတို့မှာ ဒီလောက်ကောင်းတဲ့ ပရိုဂရမ်ရေးသူတွေ မရှိဘူးလေ..”

ဘီလ်ဂိတ် ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

မိုက္ခရိုဆော့ဖ်သည် ၎င်းတို့အတွက် အကောင်းဆုံး ပရိုဂရမ်မာများနှင့် အင်ဂျင်နီယာများ ပေါင်းစည်း လုပ်ဆောင်မှု ကြောင့် အောင်မြင်ခဲ့သည်။ ဤသည်မှာ ပြိုင်ဘက်များထက် သာလွန်သည့် အကြောင်းအရင်းပင်။

“ငါ့မှာ ငွေရှိတယ်လေ.. မိုက္ခရိုဆော့ဖ်က အင်ဂျင်နီယာတွေကို လစာ အမြင့်ဆုံး ပေးပြီး တခြားကုမ္ပဏီကနေ ခေါ်ထားကြတာမို့လား.. မင်းရဲ့ ပရိုဂရမ်မာတွေနဲ့ အင်ဂျင်နီယာတွေကို ငါခိုးဖို့တောင် မလိုဘူး.. တရုတ်ဘာသာ နားလည်တဲ့ ပရိုဂရမ်မာတွေကို ခိုင်းလိုက်ယုံပဲ.. မင်းဘယ်လိုထင်လဲ..”

ဖုန်းယွီ အပြုံးဖြင့် မေးလိုက်သည်။

ခြိမ်းခြောက်မှု။ ဖုန်းယွီ ခြိမ်းခြောက်နေခြင်းပင်။ ဘီလ်ဂိတ် ဒေါသထွက်နေသော်လည်း ပြန်လည်ချေပရန် စကားလုံး ရှာမရချေ။ ဖုန်းယွီမှာ သူ့ငွေဖြင့်သူ လုပ်နိုင်ပေသည်။ သူ၏ မိုက္ခရိုဆော့ဖ် ရှယ်ယာများသည်ပင် ငွေအများကြီး တန်နေပေသည်။

ထို့အပြင် ဖုန်းယွီသည် တရုတ်အစိုးရနှင့် ဆက်ဆံရေး ရှိရပေမည်။ မိုက္ခရိုဆော့ မည်မျှပင် အားကောင်းနေသည် ဖြစ်စေ အစိုးရနှင့် မယှဉ်နိုင်ပေ။

“ခက်တာက မင်းတောင်းဆိုထားတဲ့ နှုန်းထားတွေ အရမ်းနည်းလွန်းတယ်..”

“ငါ့မှာလဲ ရွေးစရာမှ မရှိတာ.. တရုတ်စီးပွားရေးက အခုမှ ဖွံ့ဖြိုးဆဲလေ.. တရုတ်တွေက ဈေးကြီးတဲ့ ပစ္စည်းဆို မသုံးချင်ကြဘူး.. တခြားနိုင်ငံတွေမှာရော မင်းနည်းပညာနဲ့ ဆော့ဖ်ဝဲတွေ ခိုးကူးပြီးသုံးနေတာ မတွေ့ဖူးဘူးလား.. တရုတ်မှာသာ အမေရိကန်နဲ့ တန်းတူနှုန်းထား သတ်မှတ်လိုက်ရင် မင်းရဲ့ လည်ပတ်မှုစနစ်နဲ့ ဆော့ဖ်ဝဲလဲ ခိုးကူး မိုက္ခရိုဆော့ဖ် တွေနဲ့ဆို တရုတ်နိုင်ငံမှာ ရောင်းရမှာ မဟုတ်ဘူးလို့ အာမခံတယ်..”

ဤသည်က ဖုန်းယွီ ယခင်ဘဝက အမှန်တကယ် အဖြစ်အပျက်ပင်။ မိုက္ခရိုဆော့သည် ကွန်ပျူတာ ထုတ်လုပ်သူ အများအပြားနှင့် စာချုပ်များ ချုပ်ဆိုထားသော်လည်း ပုံစံတူ တုပကွန်ပျူတာ အမျိုးအစား တစ်ခု ရှိသေးသည်။

ကိုယ်တိုင် တပ်ဆင်ထားသည့် ကွန်ပျူတာတွင် ဆော့ဖ်ဝဲလ်နှင့် လည်ပတ်မှုစနစ် မရှိချေ။ ဤသည်မှာ မူရင်း အမှတ်တံဆိပ်ပါ ကွန်ပျူတာများထက် ဈေးနှုန်း အလွန်သက်သာသောကြောင့် လူကြိုက်များပေသည်။ ပစ္စည်းချင်း တူပါက ကိုယ်တိုင်တပ်ဆင်ထားသည့် ကွန်ပျူတာသည် စင်မြင့်ထက်ရှိ ကွန်ပျူတာများထက် (၅၀)ရာခိုင်နှုန်း ဈေးသက်သာပေသည်။ ထို လည်ပတ်မှုစနစ်များကိုမူ ခိုးကူးမူများကိုသာ ကွန်ပျူတာတွင် ထည့်သွင်းမည်ဖြစ်ကာ (၁)ရာခိုင်နှုန်းမျှပင် ငွေကြေး သုံးစွဲရန် မလိုအပ်ချေ။ သို့အတွက် နောက်ဆုံးတွင် မိုက္ခရိုဆော့ဖ် စနစ်များသည် အမေရိကန်နှင့် နှိုင်းယှဉ်ပါက တရုတ်နိုင်ငံတွင် ဈေးနှုန်းအလွန်သက်သာစွာ ရောင်းချနိုင်ပေသည်။

“ဒီကိစ္စ ငါတော်တော် စဉ်းစားရအုံးမယ် ချက်ချင်း အဖြေမပေးနိုင်သေးဘူး.. ဒါရိုက်တာ ဘုတ်အဖွဲ့လဲ ဒီဈေးနှုန်း အတည်ပြုမှာမဟုတ်တာ သေချာတယ်..”

ဖုန်းယွီ ရယ်မောကာ..

“မင်းက ဘုတ်အဖွဲ့ ဥက္ကဋ္ဌ မဟုတ်ဘူးလား.. မင်းမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လေ.. အမြတ်ဆုံး အကြောင်းပြန် လိမ့်မယ်လို့ မျှော်လင့်ပါတယ်.. တရုတ်ပြည်မှာ မိုက္ခရိုဆော့ဖ် အောင်မြင်အောင် လုပ်ကြရအောင်..”

-------*****--------

All Chapters