← Chapters

ဘီလ်ဂိတ်၏ ဆုံးဖြတ်ချက်

Vol. 51 Ch. 753

ဘီလ်ဂိတ်၏ ဆုံးဖြတ်ချက်

Vol. 51 Ch. 753

မိုက္ခရိုဆော့ဖ် ရုံးချုပ်မှ ထွက်ခွာပြီးနောက် ဖုန်းယွီသည် လျိုချွမ်ကျစ်အား ဖုန်းခေါ်ကာ အင်တာနက် စာမျက်နာ၊ အမာခံဖရိမ်၊ ရုံးသုံးဆော့ဖ်ဝဲ စသည်တို့အတွက် ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ရန် ပြောလိုက်သည်။ ထိုဆော့ဖ်ဝဲလ်အားလုံးသည် Win95 အတွက် သင့်လျော်ရပေမည်။ ပို၍ အရေးကြီးသည်မှာ anti-virus (ကွန်ပျူတာ ရောဂါပိုး ရှင်းလင်းရေး) ဆော့ဖ်ဝဲလ်ကို အရှိန်မြှင့်တင်ရန် လိုအပ်ပေသည်။

လက်ရှိစနစ်၏ ပင်မဖရိမ်သည် အလွန်ပျက်စီးလွယ်ကာ ဟာကွက်များစွာ ရှိနေပေည်။ ဤနှစ်ပိုင်းတွင် ကွန်ပျူတာ ရောဂါပိုး နှိမ်နင်းရေး ဆော့ဖ်ဝဲများ ခေတ်စားလာသည့် နှစ်များ ဖြစ်သည်။ ဖုန်းယွီသည် တရုတ်နိုင်ငံ၏ ဈေးကွက်ဝေစု တစ်ဝက်ကို ရနိုင်လျှင်ပင် သူ၏ အမြတ်အစွန်း မြင့်မားလာမည် ဖြစ်သည်။

လျှိုချွမ်ကျစ်ျသည် ဆော့ဖ်ဝဲဘုရင်ကို သိမ်းပိုက်ရာ၌ မအောင်မြင်ကြောင်း ပြောလာသည့်အခါ ဖုန်းယွီ အံ့ဩသွားရသည်။ ဆော့ဖ်ဝဲဘုရင်မှ လူများသည် အလွန်မာနကြီးကာ ၎င်းတို့၏ ဆော့ဖ်ဝဲ ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာများကို ဈေးအလွန်တင်ထားသည်။ လျှိုချွမ်ကျစ်မှ ၎င်းတို့၏ တောင်းဆိုချက်များကို သဘောမတူနိုင်ချေ။

သို့ရာတွင် လျှိုချွမ်ကျစ်နှင့် သူ့လူများသည် ဆော့ဖ်ဝဲ ဘုရင်၏ အလားအလာကို မြင်ခဲ့ကြသည်။ ၎င်းတို့သည် ရုံးဆော့ဖ်ဝဲ၊ ကွန်ပျူတာ ရောဂါနှိမ်နင်းရေးနှင့် အင်တာနက် စာမျက်နှာများတွင် အားကောင်းခဲ့သည်။ လျှိုချွမ်ကျစ်သည် ဆော့ဖ်ဝဲဘုရင်ကို မသိမ်းပိုက်နိုင်သော်လည်း ရှယ်ယာအနည်းငယ် ရရှိရေးအတွက် ငွေအမြောက်အများ မြုပ်နှံခဲ့သည်။

ကွန်ပျူတာ ထိန်းချုပ်လည်ပတ်မှု စနစ်များတွင်မူ မိုက္ခရိုဆော့ဖ်ကို အမီလိုက်ရန် အလွန်ခက်ခဲပေသည်။ နောင်တွင် လက်ကိုင်ဖုန်း ထိန်းချုပ်လည်ပ်မှုစနစ်များ ရှိလာပေတော့မည်။ လက်ကိုင်ဖုန်း ထိန်းချုပ်လည်ပတ်မျုစနစ်များမှ အမြတ်ငွေများသည် ကွန်ပျူတာ ထိန်းချုပ်လည်ပတ်မှု စနစ်ထက် ပိုများပေလိမ့်မည်။

လတ်တလော ဖုန်းယွီသည် ထိပ်တန်း ဆော့ဖ်ဝဲ အင်ဂျင်နီယာများအဖွဲ့ကို ခေါ်ယူလိုပြီး သူလိုချင်သည်ကို ပြောပြကာ တီထွင် ထုတ်လုပ်သွားမည် ဖြစ်သည်။

ကွန်ပျူတာနှင့် လက်ကိုင်ဖုန်း လည်ပတ်မှုစနစ်အကြား အထင်ရှားဆုံး ကွာခြားချက်မှာ စနစ်၏ အရွယ်အစား ဖြစ်သည်။ လက်ကိုင်ဖုန်း လည်ပတ်မှုစနစ်သည် မှတ်ဉာဏ်ကြီးမားစရာ မလိုချေ။ နောင်တွင်မူ လည်ပတ်မှု စနစ်အရွယ်အစား ကြီးမားလာမည် ဖြစ်သည်။

ဤသည်က လက်ကိုင်ဖုန်း လည်ပတ်မှုစနစ်၌ မိုက္ခရိုဆော့ဖ် ကျရှုံးရသည့် အကြောင်းအရင်းဖြစ်ကာ ဂူဂဲ၏ Android နှင့် Apple တို့မှ ဈေးကွက်ကို သိမ်းပိုက်ခဲ့သည်။

ဖုန်းယွီ မှတ်မိမှု မလွဲပါက နောင်(၂)နှစ်တွင် Apple ၏ အဆိုးဆုံး နှစ်များ ဖြစ်လိမ့်မည်။ Apple သည် ကြီးမားသည့် ဆုံးရှုံးမှုကို ခံစားခဲ့ရပြီး ဂျော့ချ်သည် Apple ကို စွန့်လွှတ်ခဲ့သည်။ ဖုန်းယွီသည် Apple ၏ ထိပ်တန်း ဒီပလော်ပါများကို ခိုးယူနိုင်မည့် အခွင့်အရေး ရှိနိုင်မည်လော။

ဖုန်းယွီ၏ ယခင်ဘဝတွင် ထိပ်တန်းဆော့ဖ်ဝဲ တီထွင်သူများသည် ဂူဂဲလ်၊ မိုက္ခရိုဆော့ဖ်၊ Apple၊ ဖေ့ဘုတ် ကဲ့သို့သော ထိပ်တန်းကုမ္ပဏီများအတွက် အလုပ်လုပ်ခဲ့ကြသည်။ အခြားကုမ္ပဏီများမှ ဒီပလော်ပါများကို ဒုတိယအဆင့်အဖြစ် သတ်မှတ်ခဲ့ကြသည်။ ၎င်းတွင် ထိပ်တန်းနည်းပညာ ကမု္ပဏီ ရာဟူးပင် ပါဝင်ခဲ့သည်။ ရာဟူး ကျရှုံးရခြင်း၏ အကြောင်းအရင်းမှာ ၎င်းတို့တွင် အကောင်းဆုံး ဒီပလော်ပါများ မရှိသဖြင့် ဦးဆောင် မထိန်းသိမ်းနိုင်ကြောင်း လူအများ ပြောခဲ့ကြသည်။

ဖုန်းယွီသည် ခေတ်မီနည်းပညာများ ထားရှိခြင်း၏ အရေးပါမှုကို သိခဲ့ရသည်။ သူသည် ထိုလုပ်ငန်းတွင် မူပိုင်ခွင့် အနည်းငယ် လျှောက်ထားနိုင်ပါက အမြတ်အစွန်း များစွာ ရနိုင်ပြီး ၎င်း၏ ပြိုင်ဘက်များကို တားဆီးနိုင်ပေသည်။ သူ့ပြိုင်ဖက်များကို တာဆီးခြင်းသည် ဖုန်းယွီ၏ရည်ရွယ်ချက် မဟုတ်ချေ။ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၌ ကျန်လူများထက် သာလိုခြင်းသာဖြစ်သည်။

“ပေါလ်.. ဖုန်း ရဲ့ တောင်းဆိုချက်ကို မင်းဘယ်လိုထင်လဲ..”

ဘီလ်ဂိတ် ခေါင်းကိုက်နေပေသည်။ ဖုန်းယွီ၏ တောင်းဆိုချက်များမှာ လွန်လွန်းသော်လည်း လီလ်ဂိတ် မငြင်းနိုင်ချေ။

ပေါလ် အယ်လန် အော်လိုက်သည်။

“ငြင်းရမယ်…. ဘုတ်အဖွဲ့ထဲ ဝင်ဖို့တော့ ဆွေးနွေးလို့ရတယ်.. သူက တရုတ်ဈေးကွက်နဲ့တောင် ငါတို့ကို ခြိမ်းခြောက် ချင်နေတာလား.. ဒါ လုံးဝ ခွင့်မလွှတ်နိုင်စရာပဲ.. ဘယ်ကောင် ငါတို့ကို ခြိမ်းခြောက်နိုင်မှာလဲ.. မိုက္ခရိုဆော့ဖ်ကွ…”

“ပေါလ်… စိတ်းအေးအေးထားစမ်းပါ… သူ့တောင်းဆိုချက်ကို ငါလဲ ငြင်းချင်တာပဲ.. ဒါပေမယ့် သူပြောတာ မှန်နေတယ်.. ငါတို့တွေ တရုတ်ဈေးကွက်ထဲ ဝင်ဖို့လိုတယ်.. အဲ့ဒါ အမေရိကန်ထက် ဈေးကွက်ပိုကြီးတဲ့အပြင် အလားအလာ ကောင်းလွန်းတယ်.. မင်းရော အဲ့ဈေးကွက် မလိုချင်ဘူးလား..”

ဘီလ်ဂိတ်မှာ ဖုန်းယွီအား ငြင်းရန် စိတ်ကူးထားသော်လည်း ပြန်လည်ရရှိမည့် အကျိုးအမြတ်မှာ ဆွဲဆောင်မှု ရှိလွန်းပေသည်။

“ငါတို့က မိုက္ခရိုဆော့ဖ်လေ… ဆက်စပ်ပစ္စည်းထုတ်လုပ်သူတွေ အားလုံး ငါတို့ကို ဦးညွှတ်အောင် လုပ်နိုင်တယ်.. ဘာဖြစ်လို့ ဒီကောင်တွေကို လက်လွှတ်မခံရဲရမှာလဲ…”

ပေါအယ်လန် စိတ်မချမ်းမြေ့စွာ ပြန်ဖြေလာသည်။ မိုက္ခရိုဆော့ဖ်သည် ထိုဆက်စပ်ပစ္စည်း ထုတ်လုပ်သူများကို လေလံပွဲများ ပြုလုပ်၍ တွန်းအားပေးမိသဖြင့် ဒဏ်ခတ်ခြင်း ခံခဲ့ရသော်လည်း မည်မျှ အစွမ်းထက်ကြောင်း ပြသနိုင်ခဲ့သည်။

“အခုက တရုတ်လေ… အင်အားအကြီးဆုံးနိုင်ငံတစ်ခုလေ… အဲ့ဈေးကွက်က ငါတို့နဲ့ မတူဘူး.. ပြီးတော့ ဖုန်းကသာ ငါတို့ကို တရုတ်ဈေးကွက်ထဲ မဝင်စေချင်ဘူးဆိုရင် ဘယ်လိုမှ ခြေချလို့ရမှာမဟုတ်ဘူးဆိုတာ အရိပ်အမွက် ပြောထားတယ်… အိန္ဒိယကိုပဲကြည့် ငါတို့တွေ ပိတ်မိနေတယ်.. အိန္ဒိယတုန်းက ဘယ်လောက်တောင် ဆုံးရှုံးထားရလဲ သိလား.. အိန္ဒိယ ပြီးလို့ တရုတ် ဈေးကွက်ကိုပါ ဆုံးရှုံးရမယ်ဆိုရင်ရော… ကုမ္ပဏီ တစ်ခုခုသာ အစိုးရနဲ့ စထားတယ်ဆို ဘယ်လို လုပ်မလဲ.. ငါတို့ စိတ်ကူးထားတာထက် ပိုမြန်လိမ့်မယ်နော်…”

ဘီလ်ဂိတ် စိတ်ပူကြောင်း ပြောနေခြင်းပင်။

ပေါ်လ်အယ်လန် မျက်မှောင်ကြုတ်လိုက်သည်။ တစ်ဖက် အဖွဲ့မှ ရှင်းရှင်းလင်းလင်း ပြောထားချေပြီ။ ပူးပေါင်း ဆောင်ရွက်ပါက မိုက္ခရိုဆော့ဖ်သည် အကျိုးခံစားခွင့် အနည်းငယ်ရရှိမည် ဖြစ်ကာ တစ်ဖက်တွင် ပို၍ အကျိုးရှိပေ လိမ့်မည်။ ပူးပေါင်းခြင်း မပြုပါက မိုက္ခရိုဆော့ဖ်သည် ဆုံးရှုံးမှုူ ကြီးကြီးမားမား ကြုံရမည် ဖြစ်ပြီး တစ်ဖက်မှ ဆုံးရှုံးမှု မှာမူ သူတို့လောက် ရှိမည်မဟုတ်ချေ။

“အင်း….. သူ့တောင်းဆိုချက်တွေထဲက တစ်ခု ငါတို့တွေ သဘောတူလိုက်မလား.. မိုက္ခရိုဆော့ဖ် တရုတ်ဈေးကွက်ထဲ ဝင်နိုင်အောင် ကူညီရမယ်ဆိုတဲ့ တောင်းဆိုချက်နဲ့ သူ့ကို ဒါရိုက်တာ ဘုတ်အဖွဲ့ထဲ ဝင်ခွင့် ပေးလိုက်ယုံပဲလေ.. မိုက္ခရိုဆော့ ငွေရှာနိုင်သရွေ့ သူလဲ ရနေမှာပဲလေ..”

ပေါလ်အယ်လန် ခန စဉ်းစားကာ ပြောလိုက်သည်။

“ငါလဲ သူ့ကို အဲ့လို အကြံပေးထားတယ်.. ဒါပေမယ့် သူသဘောမတူဘူး.. ဒါရိုက်တာ ဘုတ်အဖွဲ့ထဲလဲ ဝင်ချင်တယ်.. ငါတို့ရဲ့ စနစ်တွေ လီနိုဗိုကို (၁၂)ဒေါ်လာနဲ့ ရောင်းပေးစေချင်နေတာ..”

ဘီလ်ဂိတ် ခေါင်းခါလိုက်သည်။ တောင်ဆိုချက် တစ်ခုသာဆိုပါက သူ့အနေဖြင့် တွန့်ဆုတ်နေမည် မဟုတ်ချေ။

“ခက်တာက တခြားကုမ္ပဏီတွေသာ ဒီဈေးနှုန်း သိသွားရင် ငါတို့ နာမည် ထိခိုက်သွားလိမ့်မယ်..”

မည်သို့ပင်ဆိုစေ မိုက္ခရိုဆော့ဖ်သည် တခြားသော ကုမ္ပဏီများအား ၎င်းတို့၏ လည်ပတ်မှုစနစ် ထည့်သွင်းရေး အတွက် ဈေးနှုန်းမြင့်မားစွာ တောင်းခံထားပေသည်။ ထိုကုမ္ပဏီများသည်သာ လီနိုဗို၏ ဈေးနှုန်းကို သိသွားပါက ၎င်းတို့သည်လည်း ကြေနှိုင်းတိုက်ပေကြပေလိမ့်မည်။ ထိုအခါ မိုက္ခရိုဆော့ဖ်ကို ဆုံးရှုံးမှု ဖြစ်ပေါ်စေကာ ရှယ်ယာများသည်လည်း ကျဆင်းသွားပေလိမ့်မည်။

“ပေါလ်.. အဲ့ကိစ္စ ငါတို့ စိတ်ပူစရာ မလိုဘူး.. ဖုန်း.. အဲ့ကိစ္စ သိတယ်ရယ်.. သူသာ ဘုတ်အဖွဲ့ထဲ ရောက်လာရင် ဒီသတင်း ပေါက်ကြားခွင့် ပေးမှာ မဟုတ်ဘူး.. သူ့မှာလဲ လီနိုဗို ရှယ်ယာတော်တော်များများ ပိုင်ထားတယ်.. ဒါကို လျှို့ဝှက်ထားပြီး ပေါက်ကြားခံမှာ မဟုတ်ဘူး… အဲလိုမှမဟုတ်ရင် မိုက္ခရိုဆော့ဖ်က ဆုံးရှုံးမှု ကြုံရလိမ့်မယ်..”

“ဘီလ်.. မင်းဆုံးဖြတ်ချက် ချပြီးသွားပြီလား.. ဒီလို ရယ်စရာ တောင်းဆိုတာကြီးကို လက်ခံချင်နေတာလား.. ဒီလို မဖြစ်စလောက် ဈေးနှုန်းနဲ့ဆို ငါတို့ ဘာလောက်ရနိုင်မှာလဲ.. ဒေါ်လာ သန်းဂဏန်းလား.. အများဆုံး ဆယ်ဂဏန်းပေါ့..”

“ဒီတစ်ကြိမ်တော့ သဘောတူဖို့ပဲ ဆုံးဖြတ်လိုက်တယ်.. သူ့ကို နှုန်းထား နည်းနည်းနဲ့ ကမ်းလှမ်းမယ်.. ဒါပေမယ့်.. သူတို့ ကွန်ပျူတာမှာ ငါတို့ မိုက္ခရိုဆော့ဖ် လိုဂိုကပ်ပြီး တရုတ်မှာ ကြေ်ငြာပေးရမယ်.. သူတို့ ထုတ်ကုန် ကြော်ငြာဖို့ လုပ်တိုင်း ငါတို့ ပါနေမှ ရမယ်.. ငါတို့ အင်တာနက် စာမျက်နှာစနစ်ကိုလဲ ကမ္ဘာတစ်ဝှမ်းလုံး ကြော်ငြာနိုင်ဖို့ ဒါကို အသုံးချရမယ်.. ငါတို့ အင်တာနက်စာမျက်နှာစနစ်က ကမ္ဘာပေါ်မှာ သုံးစွဲသူ အများဆုံးလို့ ပြောလို့ရတယ်.. ဥရောပမှာ အင်တာနက် စာမျက်နှာစနစ် မြှင့်တင်နိုင်ဖို့ သူတို့အကူအညီပေးလိမ့်မယ်..”

“ဒါဆို ဘုတ်အဖွဲ့ထဲဝင်ဖို့ တောင်းဆိုချက်ကရော.. သူ့ပိုင်ထားတဲ့ ရှယ်ယာတွေဆိုတာ မဲပေးပိုင်ခွင့်မရှိတဲ့ ရှယ်ယာတွေ.. သူ့ရှယ်ယာတွေသာ ပုံစံပြောင်းလိုက်ရင် မဲပေးပိုင်ခွင့် (၁၅)ရာခိုင်နှုန်း ဖြစ်သွားလိမ့်မယ်နော်..”

“ပြောင်းရမှာပေါ့.. မင်းနဲ့ငါ သူ့ကို ပြောင်းဖို့အတွက် (၁)ရာခိုင်နှုန်း မဲပေးခွင့် ရှယ်ယာတွေ ယူလိုက်မယ်.. မင်းလဲ ကုမ္ပဏီအသစ်မှာ ရင်းနှီးမြုပ်နှံဖို့ ငွေလိုနေတယ်မို့လား.. ဒီအခွင့်အရေး အသုံးချပြီး မဲထည့်မရတဲ့ ရှယ်ယာတွေ ရောင်းစားလို့ ရတယ်လေ..”

ဘီလ်ဂိတ် ဆုံးဖြတ်ချက် ချနေပေပြီ။

“ကောင်းပြီလေ.. မင်းဆုံးဖြတ်ပြီးပြီဆိုမှတော့ ငါလဲ ထောက်ခံရတော့မှာပေါ့..”

ပေါ်လ်အယ်လန် ဆေးပြင်းလိပ် ထုတ်သောက်လိုက်သည်။

ထိုသို့ဖြင့် ဆုံးဖြတ်ချက် ချပြီးသွားချေပြီ။

-------*****--------

All Chapters