တိုနီ၏ အံ့ဩဖွယ်
Vol. 51 Ch. 755
အဓိကတောင်းဆိုချက်များ ပြေလည်သွားပြီးနောက် ဘီလ်ဂိတ်သည် အခြားတောင်းဆိုချက် အနည်းငယ် ထည့်သွင်းလိုက်သည်။ လီနိုဗိုသည် ၎င်းတို့ ထုတ်ကုန် အသစ်များကို ဈေးကွက်တင်သည့်အခါ မိုက္ခရိုဆော့ဖ်၏ ထုတ်ကုန်များအတွက် ကြော်ငြာများတွင် ထည့်သွင်းပေးရပေမည်။ ၎င်းတို့သည် မိုက္ခရိုဆော့ဖ် ထုတ်ကုန်များကို တွန်းအားပေး၍ မိုက္ခရိုဆော့ဖ် လိုဂို ပြပေးရန်လည်း ကူညီပေးရမည် ဖြစ်သည်။
ထိုတောင်းဆိုချက်ကို ဖုန်းယွီ သဘောတူလိုက်သော်လည်း ကွန်ပျူတာ အသစ်များ ဝယ်ယူသည့်အခါ လီနိုဗို ကွန်ပျူတာကို ဝယ်ယူရန် မိုက္ခရိုဆော့ဖ်အား တောင်းဆိုခဲ့သည်။ လီနိုဗို ကွန်ပျူတာသည် အခြားအမှတ်တံဆိပ်များ နှင့် နှိုင်းယှဉ်ပါက အချို့နေရာများတွင် ပိုမို အဆင့်မြင့်နေပေသည်။ လီနိုဗို၏ ဖတ်စက်များသည် IBM ထက် များစွာ သာပေသည်။
ထိုတောင်းဆိုမှုကို ဘီလ်ဂိတ်က လီနိုဗိုအား သူတို့၏ ဝယ်ယူရေး စာရင်းတွင် ထည့်သွင်းသွားမည်ဟု ပြောပေသည်။ ဤသည်ကို သိပ်ဂရုမစိုက်ချေ။ မည်သည့်အတွက်ဆိုသော် မိုက္ခရိုဆော့ဖ်သည် Apple နှင့် IBM မှလွဲ၍ မည်သည့် ကွန်ပျူတာမဆို သုံးမည်သာ ဖြစ်သည်။ လီနိုဗိုသည် ၎င်းတို့အတွက် မိုက္ခရိုဆော့-ကွန်ပျူုတာ အတွဲများ ထုတ်လုပ် လိုပါက သူ့ကုမ္ပဏီ၏ ကွန်ပျူတာအားလုံးကို လီနိုဗို အဖြစ် ပြောင်းလဲပစ်ရမည်ဆိုလျှင်ပင် စိတ်ထဲမထားကြောင်း ထုတ်ပြောလိုက်သည်။
သို့ရာတွင် လီနိုဗိုသည် မိုက္ခရိုဆော့ဖ်၏ အမှတ်တံဆိပ် မဖော်ပြဘဲ ဆက်လက်ထုတ်လုပ်ပါက ထိုသဘောတူချက်မှ ဝင်ငွေ မည်မျှ ရနိုင်မည်နည်း။ အလွန်ဆုံး ကွန်ပျူတာ အလုံး (၁၀၀၀၀)အတွက် ကန်ဒေါ်လာ (၁)သန်းဝန်းကျင် ရပေလိမ့်မည်။ ဖုန်းယွီသည် ဘီလ်ဂိတ်၏ ကျေးဇူးအကြွေး တင်နေသေးသည်။
မိုက္ခရိုဆော့ဖ်၏ ဝယ်ယူရေး စာရင်းတွင် ထည့်သွင်းရန် တရုတ်နိုင်ငံ မိုက္ခရိုဆော့ဖ် ရုံးသည် လီနိုဗိုကွန်ပျူတာ ပြောင်း ပစ်မည် ဖြစ်သည်။ ထို့နောက် ကျန်ဒေသရှိ မိုက္ခရိုဆော့ဖ် ရုံးများကို လီနိုဗိုသို့ ပြောင်းလဲရေး စည်းရုံးနိုင်ရန် မှာမူ လျိုချွမ်ကျစ်၏ ပြဿနာသာ ဖြစ်သည်။ ဖုန်းယွီသည် လျိုချွမ်ကျစ်အား ထိုအခွင့်အရေးကို ရရှိရေး ကူညီပေးခဲ့ပြီး ဤသည်ကို အပြည့်အဝ အသုံးချနိုင်မည်လောဆိုသည်မှာ သူ့အပေါ်တွင်သာ မူတည်ပေသည်။
ထို့နောက် တခြားသော ကိစ္စများကို ဆွေံးနွေးခဲ့ကြပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် အသေးစိတ် ဖွဲ့စည်းပုံ စည်းမျဉ်းများ ဖြစ်သည်။ နှစ်ဖက်စလုံးလည်း အသင့်ဖြစ်နေပေပြီ။
ပေါ်လ်အယ်လန် မှာမူ ဖုန်းယွီအား မည်သည့် စကား တစ်ခွန်းမှ မပြောခဲ့ချေ။ သူ၏ NBA အသင်းအကြောင်းသာ တွေးနေပေသည်။ သူသည် Blazers တွင် ကြယ်ပွင့်ကစားသမားအချို့ ထပ်မံခေါ်ယူရန် စီစဉ်ခဲ့သည်။ ဖုန်းယွီအား ချန်ပီယံဆု ဆွတ်ခူးကာ ပြသရမည် ဖြစ်သည်။
***********
နောက်တစ်နေ့၌ ဖုန်းယွီသည် သူ၏ ရှေ့နေ ဝီလ်စင်နှင့် အခြားဝန်ထမ်း အနည်းငယ်ကို မိုက္ခရိုဆော့ဖ် ရုံးချုပ်သို့ ခေါ်သွားလိုက်သည်။ ၎င်းတို့သည် လီနိုဗို၏ ခွင့်ပြုချက် စာတစ်စောင် ယူလာကာ ဖုန်းယွီသည် အမေရိကန်တွင် လီနိုဗိုကို ကိုယ်စားပြုနိုင်ကြောင်း စာချုပ်စာတမ်း သက်သေများ ပါဝင်ပေသည်။ ပေါလ်အယ်လန်မှာမူ အနားတွင် ရှိမနေချေ။ သို့ရာတွင် အစုရှယ်ယာ ဖလှယ်မှုအတွက် ချုပ်ဆိုသည့် စာချုပ်များ စားပွဲပေါ်တွင် ရှိနေပေသည်။ ထိုစာချုပ်၌ ဖုန်းယွီ လက်မှတ်ထိုးရန်သာ လိုတော့သည်။
စားပွဲပေါ်တွင် စာချုပ်စာတမ်း အနည်းငယ်ရှိပြီး ဖုန်းယွီက ဝီလ်စင်ကို လက်ဟန်ပြလိုက်သည်။ ဝီလ်စင်သည် စာချုပ်များကို စစ်ဆေးရန် သူ့လူများနင့် ချက်ချင်း လုပ်ဆောင်တော့သည်။ ထိုစာချုပ်များတွင် ပါဝင်သည့် ပမာဏမှာ အလွန်ကြီးမားသဖြင့် သတိထားရပေလိမ့်မည်။ ဖုန်းယွီ လက်မှတ်မထိုးမီ စာချုပ် တစ်ခုစီတိုင်းကို (၃)ကြိမ်တိုင်တိုင် စစ်ဆေးမှု ပြုလုပ်ရပေမည်။
ဤသည်က အနည်းငယ် ဒုက္ခများနိုင်သော်လည်း ဝီလ်စင်နှင့် သူ့ဝန်ထမ်းများမှာ ထိုအလုပ်အတွက် လုပ်ခလစာ ကောင်းကောင်း ရနေကြသည်။ ဝီလ်စင်၏ ဥပဒေကုမ္ပဏီသည် ဖုန်းယွီနှင့် စာချုပ် ချုပ်ဆိုထားပေသည်။ လစဉ် ငွေပမာဏနှင့် ကော်မရှင်ခ ပေးဆောင်ရမည် ဖြစ်သည်။ သူ့ကုမ္ပဏီသည် ဖုန်းယွီအတွက် အလုပ်များလေလေ သူသည်လည်း ဝင်ငွေ ပိုများလေ ဖြစ်ပေသည်။
ဝီလ်စင်သည် ဖုန်းယွီ၏ ကိုယ်ရေးကိုယ်တာ ရှေံနေ ဖြစ်နေသည် မဟုတ်ပေလော။ ကျန် ဖောက်သည်များကိုမူ သူ့ လက်အောက် ဝန်ထမ်းများနှင့် လွှဲပေးထား၍ ရပေသည်။
ဖုန်းယွီတွင် ပိုင်ဆိုင်မှု မည်မျှ ရှိသည်ကို မည်သူမှ မသိချေ။ ဖုန်းယွီ၏ မိဘများပင် မသိချေ။ သို့ရာတွင် ဝီလ်စင်သည် အခြားသူများထက် ပိုသိနေပေသည်။ သို့တိုင်အောင် ထိုအသိမှာ ဖုန်းယွီ၏ ပိုင်ဆိုင်မှု အားလုံး မဟုတ်ကြောင်းလည်း သိထားပေသည်။ သို့ရာတွင် ဖုန်းယွီနှင့် အတူလက်တွဲ လုပ်ကိုင်ရေးကိုမူ လုံလောက်အောင် ဆွဲဆောင်နိုင်ပေသည်။
“ဒီဆေးပြင်းလိပ် သောက်ကြည့်မလား..”
ဘီလ်ဂိတ် သူ့ဆေးပြင်းလိပ် ပုံးအား ဖုန်းယွီဘက် တွန်းပို့ပေးလိုက်သည်။
ဖုန်းယွီ ညာလက်ဟန်ပြင်လိုက်စဉ် လူတစ်ယောက်သည် ဆေးပြင်လိပ်တစ်လိပ် အမြန်ယူကာ ဖင်ဖြတ်လိုက်ပြီး ဖုန်းယွီ၏ လက်ကြားသို့ ထည့်ပေးလိုက်သည်။
ဘီလ်ဂိတ် အံ့ဩသွားမိသည်။ ဖုန်းယွီ၏ အပြုအမူများသည် ကမ္ဘာ့အချမ်းသာဆုံးသူ ဖြစ်သည့် သူ့ထက်ပင် ပိုသာယာနေပေသည်။ ထိုဖုန်းယွီသည် တရုတ်နိုင်ငံ၏ လျှို့ဝှက်ဆန်းကြယ်သော ရှေးခေတ် မိသားစုမှ ဖြစ်နိုင်သည် လော။
“ပေါလ် .. ဘယ်မှာလဲ… ကျုပ်သူနဲ့ ဘတ်စကက်ဘော ကိစ္စ ထပ်ဆွေးနွေးမလို့ စဉ်းစားနေတာ..”
ဖုန်းယွီ မေးလိုက်သည်။ ဘီလ်ဂိတ်မှ..
“သူ့ ကုမ္ပဏီမှာ တော်တော် အလုပ်များနေတယ်.. မင်းလဲ ဘတ်စကက်ဘော ကြိုက်တဲ့သူဆိုတော့ မင်းတို့ (၂)ယောက် ပေါင်းလို့ ရလောက်တယ်..”
“ဖြစ်နိုင်ပါတယ်.. ဒါပေမယ့် ကျုပ်က ဘတ်စကက်ဘောဆိုရင် အနိုင်ရတာပဲ ကြိုက်တာ.. အရှုံးဆို စိတ်မဝင်စားဘူး..”
ဘီလ်ဂိတ် အသံတိတ်နေလိုက်သည်။ ဖုန်းယွီနှင့် ပေါလ် တို့သည် မည်သည့်အခါတွင်မှာ သူငယ်ချင်း ဖြစ်မည့်ပုံ မပေါ်ချေ။
*********
“သူဌေး.. ဒီစာချုပ် အဆင်ပြေတယ်.. အခု လက်မှတ်ထိုးလို့ရပြီ..”
ဝီလ်စင် ဖုန်းယွီထံသို့ စာချုပ်ထိုးပေးလိုက်သည်။ ဖုန်းယွီလည်း ခပ်ပေါ့ပေါ့ဖြင့်ပင် စာရွက်များလှန်ကာ လက်မှတ်ထိုးပေးလိုက်သည်။
ဖုန်းယွီ ထိုသို့ လက်မှတ်ထိုးရန်အတွက် စာရွက်စာတမ်းများ စစ်ဆေးခြင်းကို တစ်မနက်လုံး အချိန်ယူခဲ့သည့် မဟုတ်ပေလော။ စောင့်ဆိုင်းနေစဉ်အချိန်တွင်း ဖုန်းယွီသည် ဘီလ်ဂိတ်နှင့် စကားသိပ်မပြောခဲ့ချေ။
“နေ့လည်စာ အတူစားကြမလား.. ကျန်တဲ့ ဒါရိုက်တာတွေနဲ့ မိတ်ဆက်ပေးရမလား..”
“မလိုတော့ပါဘူး.. ကျေးဇူးတင်ပါတယ်.. နောက်(၂)ရက်မှာလုပ်မယ့် ဒါရိုက်တာတွေ အစည်းအဝေး ကျုပ်တက်မယ် လေ.. ကျုပ် လုပ်စရာ ရှိသေးတယ်..”
ငြင်းပယ်ခြင်း။ တရုတ်နိုင်ငံမှ ဒါရိုက်တာအသစ်သည် ဘီလ်ဂိတ်၏ ဖိတ်ကြားချက်ကို ငြင်းပယ်ခဲ့ပေသည်။ ဘီလ်ဂိတ်၏ အတွင်းရေးမှူး တိုနီသည် ဖုန်းယွီအား ကြည့်ကာ အံ့အားသင့်သွားသည်။ သူ့သူဌေး၏ ဖိတ်ကြားချက်ကို ငြင်ပယ်ခဲ့သူ တစ်ယောက်မှ မတွေ့ဖူးသေးချေ။
အမေရိကန် သမ္မတပင်လျှင် ဘီလ်ဂိတ်နှင့် ယဉ်ယဉ်ကျေးကျေး စကားပြောရပေသည်။ ထိုဖုန်းယွီ မာနကြီးလွန်း ပေသည်။
သို့ရာတွင် တိုနီ ပို၍ အံ့ဩမိသည်မှာ ထိုကိစ္စအတွက် သူ့သူဌေး ဒေါသမထွက်ခဲ့ခြင်းပင်။ ရယ်၍သာ နေပေသည်။ အခြားသူများ ဘီလ်ဂိတ်အား ကောင်းကောင်း နားမလည်သော်လည်း တိုနီကမူ သူ့ဒေါသကို ကောင်းကောင်း သိနေပေသည်။ ရုတ်တရက် ငေါက်သံ ကြားလိုက်ရသည်။
တိုနီသည် ဘီလ်ဂိတ်၏ အတွင်းရေးမှူး ဖြစ်၍ တစ်ကြိမ်မက ကြိမ်းမောင်းခံရဖူးပေသည်။ ဘီလ်ဂိတ်သည် ကုဒ်ရေးနေချိန် နှောက်ယှက်ခံရခြင်း သို့တည်းမဟုတ် အတွေးနက်နေချိန် နှောက်ယှက်ခံရခြင်းများတွင် ဖြစ်သည်။
တိုနီသည် ဘီလ်ဂိတ်မှ အခြားလူများကို မောက်မာစွာ ဆက်ဆံသည်ကိုသာ မြင်ဖူးကာ မည်သူမှ သူ့ကို မငြင်းပယ် ဝံ့ကြချေ။
ဘီလ်ဂိတ် လုပ်ငန်း စတင်ချိန်က ငြင်းဆိုမှုများ ကြုံဖူးခဲ့သည်။ သို့ရာတွင် ထိုအချိန်က တိုနီသည် ဘီလ်ဂိတ်နှင့် အလုပ်စမလုပ်ရသေးချေ။ လွန်ခဲ့သည့် (၄)နှစ်ခန့်မှ စ၍ မိုက္ခရိုဆော့ဖ်သို့ ဝင်ရောက်ခဲ့ပြီး ထိုအချိန်တွင် မိုက္ခရို ဆော့ဖ်သည် ရုံးလုပ်ငန်းသုံး ဆော့ဖ်ဝဲ စနစ် စတင်အသုံးပြုနေပြီ ဖြစ်သည်။ ကုမ္ပဏီ၏ ရှယ်ယာများသည်လည်း တိုးလာကာ ဘီလ်ဂိတ်အတွက် ဂုဏ်ယူစရာများ ရှိနေပေသည်။
ဘီလ်ဂိတ်တါင် ဂုဏ်ယူလောက်သည့် အရည်အချင်းများ ရှိပေသည်။ ထိုဖုန်းယွီမှာ ဘီလ်ဂိတ်အား မည်သည့်အတွက် ငြင်းပယ်ရသနည်း။ တိုနီ၏ သူဌေးသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ မိုက္ခရိုဆော့ဖ်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း ဆော့ဖ်ဝဲလ် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ တစ်ခု ဖြစ်သည်။ ထိုဖုန်းယွီမှာ မည်သူနည်း။
ဖုန်းယွီသည် မိုက္ခရိုဆော့၏ ရှယ်ယာ (၁၅)ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ထိပ်တန်း သူဌေးကြီး တစ်ယောက်အဖြစ် ယူဆနိုင်သော်လည်း မဲပေးပိုင်ခွင့် ရှယ်ယာ ပိုင်ဆိုင်ထားမှုမှာ (၂)ရာခိုင်နှုန်းသာ ရှိပေသည်။ အကယ်၍ ဘီလ်ဂိတ်၏ ကူညီမှုကြောင့်သာ မဟုတ်ပါက ဖုန်းယွီသည် ဘုတ်အဖွဲ့သို့ ဝင်ရောက်ရန် အရည်အချင်း ရှိမည် မဟုတ်ချေ။
အမှန်တကယ်တွင် ဘီလ်ဂိတ်သည် ဖုန်းယွီ သူ့ကို ငြင်းလိုက်ခြင်းအား စိတ်အတွင်း မထားချေ။ ဖုန်းယွီသည် လူများ အာရုံစိုက်မှု မခံလိုကြောင်း ပြောဖူးပေသည်။ ထို့အပြင် ဖုန်းယွီသည် မကြာမီပြုလုပ်မည့် အစည်းအဝေးတွင် တက်ရောက်မည်ဖြစ်ကြောင်း ရှင်းပြခဲ့ပြီး ဖြစ်သည်။
ပေါလ်အယ်လန်သည် ကုမ္ပဏီ အစည်းအဝေးတက်ရောက်လေ့ မရှိချေ။ သူ့တွင်လည်း ကိုယ်ပိုင် ဆော့ဖ်ဝဲကုမ္ပဏီ ရှိပြီး သူ့ကုမ္ပဏီသည် မိုက္ခရိုဆော့ဖ်၏ ပြိုင်ဖက်ဟုပင် ယူဆ၍ ရပေသည်။ သို့ရာတွင် ဘီလ်ဂိတ် တစ်ခွန်းမှ မပြောဖူး ခဲ့ချေ။ ဘီလ်ဂိတ်သည် ပေါလ်အယ်လန်အား သူ့ကုမ္ပဏီ ပိတ်ပစ်ရန်ပင် အတင်းအကြပ် မလုပ်နိုင်ချေ။
ထို့ကြောင်း တိုနီသည် အတွင်းရေးမှူး ဖြစ်နေစဉ်ကာလအတွင်း ဘီလ်ဂိတ်၏ ယခင် အတွင်းရေးမှူးသည် ကုမ္ပဏီ၏ ထိပ်တန်း စီမံခန့်ခွဲရေးအဆင့် ရောက်နေပေပြီ။
တိုနီသည် ဖုန်းယွီ ထွက်သွားချိန်၌ နောက်ကျောမှ ကြည့်လိုက်သည်။ နောက်(၂)ရက်အကြာ ဒါရိုက်တာများ အစည်းအဝေး၌ စိတ်ဝင်စားစရာ ကောင်းပေလိမ့်မည်။
-------*****--------